အပိုင်း (၄၆)
‘ပြန်အကိုက်ခံရ’
ကျန်းလော်သည် ခိုးထားသော သေသေသပ်သပ်ခေါက်ထားသည့် နတ်တမန်တော်၏ ဝတ်ရုံနှင့် တုတ်ကောက် ကို ထုတ်လိုက်သည်။
သူသည် လေချွန်၍ ထိုဝတ်ရုံကိုဝတ်လိုက်ပြီး ဦးထုပ်ကိုမျက်ခုံးထိဖုံးအောင်ဆောင်းပြီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။
နာရီဝက်ကြာပြီးနောက်...
ဟွာပိသည် လေထဲတွင်အနံ့ခံနေသည်။ လူသားများတွင် တမူထူးခြားပြီး ရှင်သန်နေသော ကိုယ်ပိုင်ရနံ့တစ်မျိုးစီရှိကြပြီး လွန်ခဲ့သော နာရီဝက်က သူသည် သေချာပေါက် ထိုကဲ့သို့သောအနံ့မျိုးရလိုက်ပါသည်။ လူနှစ်ယောက်၏အနံ့မှာ တော်တော်လေး မှေးမှိန်သွားပြီဖြစ်သောကြောင့် သူတို့အနံ့ကို ဖုန်းကွယ်ထားလေသလား၊ သေများသွားပြီလား ဒါမှမဟုတ် ဂူထဲကများ ထွက်သွားသလား။
ဟွာပိသည် မြေပြင်ပေါ်ရှိ အပေါက်နားတွင် လမ်းဖြည်းဖြည်ပတ်လျှောက်၍ ပိုပိုပြီး ကသိကအောက်ဖြစ်လာသည်။ တခြားဖြစ်နိုင်ချေရှိသော်လည်း တွေးတောင်မတွေးကြည့်ဘဲ မဖြစ်နိုင်ဟူ၍ ပယ်ချလိုက်သည်။ အဆိပ်ပြင်းကင်းမြှီးကောက်အမ၏ သွေးသည် ယင်ဓာတ်ကြွယ်ဝသောကြောင့် လူသား၏အနံ့ကို အချန်တစ်ခဏ ဖုံးထားပေးနိုင်သည်။ သို့သော် ဂူထဲရှိ ထိုကင်းမြှီးကောက်သွေးများအားလုံးကို သခင့်ပျက်စီးသွားသောဝိဉာဉ်အား ပြန်လည်ထူထောင်လာရန်နှင့် ရုပ်ထုထဲဝင်နိုင်ရန် သုံးဖို့ထိန်းသိမ်းထားသည်။
လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး ထိုကဲ့သို့ ထိန်းသိမ်းထားသော သွေးကို ရနိုင်ပါမည်နည်း။
ဟွာပိ ထိုကဲ့သို့တွေးနေစဉ် သူ့နောက်သို့ တစ်စုံတစ်ခု ချဉ်းကပ်လာသောကြောင့် လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လမ်းလျှောက်တုတ်ကိုင်ထားသောသူကို တွေ့လိုက်ရသည်။
အဆိပ်ပြင်းကင်းမြှီးကောက်မကဲ့သို့ ပြုံးနေသော သခင်ကိုကြည့်၍ ဟွာပိသည် ချက်ချင်းရိုသေလေးစားစွာဖြင့် “သခင်”
“ကောင်းပြီလေ”
သခင်သည် အေးစက်၍ ဓားများဝှက်ထားသကဲ့သို့ သေစေနိုင်လောက်သော အသံဖြင့်
“ဟွာပိ အခုထိ ရုပ်ထုကိုမတွေ့သေးတာလား”
သခင်၏အသံ အနည်းငယ်တိုးသွားသည်ကို ဟွာပိသတိထားလိုက်မိသည်။ သို့သော် သူ၏သခင်ပြောလိုက်သော အကြောင်းအရာကြောင့် တောင့်ခနဲဖြစ်သွားကို လက်နှစ်ဖက်ကို ဆုပ်၍ဖြေလိုက်သည်။
“ဟုတ်ကဲ့”
သခင်သည် တိုးဖွဖွရယ်လိုက်ပြီး
“ဒါမှမဟုတ် မင်းရှာနေတဲ့ လူသားကိုဆက်ရှာနေလို့များလား”
ဟွာပိ - “အဲ့..အဲ့ဒါက”
အနက်ရောင်ဝတ်စုံ၏ ဖုန်းကွယ်ထားမှုအောက်တွင် ကျန်းလော်သည် ချီယုံ၏အသံကို တုပရင်း လက်တစ်ဖက်ဖြင့် လမ်းလျှောက်တုတ်ကို ညင်ညင်သာသာကိုင်ထားသည်။ ရှည်လျားသော ဝတ်ရုံစကို လက်ဖျားဖြင့်ပွတ်တိုက်သွားသော်လည်း သူ၏လှုပ်ရှားမှုကို ကြည့်ရဲသူမရှိပေ။ ထို့နောက် စိတ်တိုရှုပ်ထွေးသော အသံဖြင့်
“ပြီးရင် ငါကမင်းလုပ်ထားတဲ့ အရှုပ်တွေကို ရှင်းပေးရမယ်ပေါ့”
“တောင်းပန်ပါတယ် သခင်”
ဟွာပိသည် စိတ်လှုပ်ရှားပြီး "ကျွန်တော်က အဲ့ဒီလူသားဘယ်လိုများ ပုန်းနေသလဲသိချင်သွားလို့ပါ ပြီးတော့ သူ့အနံ့ကလည်း လုံးဝပျောက်သွား.."
သူပြောလို့မပြီးခင်မှာပဲ ကျန်းလော်သည် ဦီးထုပ်ကို လက်ဖြင့်ပင့်လိုက်ပြီး နှုတ်ခမ်းပေါ်လက်ခေါင်းတင်ကာ
“ရှူးးး”
ဟွာပိသည် စကားပြောရပ်လိုက်ပြီး နဖူးမှ ပဲစေ့ခန့် ချွေးပေါက်ကြီးများကျလာသည်။
“လာ ၊ ငါမင်းကို ရုပ်ထုဆီခေါ်သွားပြမယ်”
ကျန်းလော်သည် ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်ပြီးနောက်
“ဟွာပိ ရုပ်ထုကို မြင်လိုက်ပြီးရင် ဒီနှစ်တွေအတွင်း မင်းငါ့အပေါ်ဘယ်လောက် သစ္စာရှိကြောင်း သက်သေပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဟွာပိသည် ခေါင်းမော့လိုက်ပြီး ကျန်းလော်အနားသို့ တိုးသွား၍ “ကျွန်တော် သက်သေပြပါ့မယ် သခင်”
ဟွာပိသည် ရုပ်ထုကို အောင်အောင်မြင်မြင်ယဇ်ပူဇော်လို့ ရသွားရင်ရ မဟုတ်ရင် သခင့်ကို ဘာမှမလုပ်လိုက်စေရဘဲ သူကပဲ ရုပ်ထုကို ထိန်းချုပ်ပေးလိုက်မည်ဟု တိုးတိတ်စွာ ဆုံးဖြတ်လိုက်သည်။ ကျန်းလော်သည် ဟွာပိအား ရုပ်ထုဆီသွားရာလမ်းတွင် ဦ်းဆောင်ခိုင်၍ သူကတော့ စိတ်မပါလက်မပါ အနောက်မှလိုက်လာသည်။ သူရုပ်ထုဆီမှ ထွက်ပြေးလာပြီးနောက် ရွှေရောင်အဆောင် တစ်ခုကိုသုံး၍ ယင်ယန်လက်ကောက်မှ ကြွက်တစ်ကောင်ဖန်ဆင်းလိုက်သည်။ သူဘယ်တုန်းကမှ ကြွက်ကိုမသုံးဖူးသော်လည်း ယခု သူတို့နှင့်အတူ ကြွက်ကို ရုပ်ထုဆီခေါ်သွားလိုက်သည်။ ကျန်းလော်သည် ဖြေးဖြေးသာသွားပြီး ခြေလှမ်းတိုင်းက နည်းနည်းလေးစိတ်မပါဖြစ်နေပုံပေါ်သည်။
ဘယ်သူကမှ သူ့လောက် ချီယုံကိုကောင်းကောင်း မသိနိုင်ဘူး၊ နောက်ချီယုံရဲ့ ပုံပန်းသွင်ပြင် အကျင့်စရိုက်တွေကို ဘယ်သူမှ သူ့လောက်သိမှာမဟုတ်ဘူး။ သူ့အသံကိုတိုးလိုက်မယ်၊ ကိုယ်ဟန်အနေအထားကို အေးစက်စက်နှင့် စကားကို ခဲသွားလောက်အောင်အေးစက်ရှုပ်ထွေးစွာ ပြောမယ်ဆိုရင် သူနှင့် ချီယုံကြားက ကွာခြားချက်ကို ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။ ဟွာပိက အကောင်းဆုံးသက်သေပဲလေ။
ဟွာပိ ချီယုံနောက်လိုက်တာ နှစ်တွေအများကြီးကြာနေတာတောင် သူ့ဘေးမှာကျန်းလော်ရောက်နေတာကို သူက ချွေးအေးများထွက်ပြီး လှုပ်တောင်မလှုပ်ရဲပေ။ သေချာပေါက်သူ့ဘေးတွင် လမ်းလျှောက်နေသော ဝတ်ရုံနက်နှင့်သူမှာ လူသားစစ်စစ်ကြီးဖြစ်နေမည်ဟု တွေးမိမည်မဟုတ်ပေ။ဟွာပိသည် စိတ်လှုပ်ရှားနေပြီး တိတ်ဆိတ်နေသည်ကို နှောက်ယှက်မိမည်ဆိုး၍ တိုးတိုးလေး
“သခင်၊ ဒီမြေအောက်ဂူထဲမှာရှိတဲ့ သရဲတွေက သခင့်ကို ခစားချင်နေကြပြတယ်”
ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး "အိုး..."
“သူတို့က အင်အားသိပ်မကောင်းပေမဲ့ အရေအတွက်ကတော့ တော်တော်များပါတယ်၊ တစ္ဆေသားရဲတွင်းလို့တောင် တင်စားလို့ရလောက်ပါတယ်”
ကျန်းလော်သည် တုတ်ချောင်းနှင့် လက်ကိုသာသာရိုက်လိုက်ပြီး “ဟမ်”
ဟွာပိသည် ပြောရင်းပြောရင်း သိချင်လာကာ
“သခင် သူတို့ကိုခေါ်မှာလား”
ဟွာပိသည် ထိုသရဲများအကြောင်း သူတို့တစ်ယောက်ချင်းစီ၏ မည်မျှအားကောင်းကြောင်း နားပူအောင်ပြောတော့သည်။ ကျန်းလော်သည် မြန်မြန်ပဲ ဖြတ်ပြောလိုက်သည်။
“အလျင်မလိုနဲ့”
တစ်ခဏအကြာ ရုပ်ထု၏ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ခြေသံကြီး သူတို့ရှေ့ရောက်လာသည်။ ဟွာပိသည် ငေးနေရင်း ကျန်းလော်ကိုလေးစားစွာပြောလိုက်သည်။
“သခင်နဲ့ဆို အကိုက်ပဲ”
သခင်နှင့်မတွေ့ရတာကြာနေသော ညာလက်ရုံးလေးသည် သူ့အင်အားကို သခင့်အားသေချာပြသလိုက်မည်ဟုတွေးလိုက်သည်။ ထို့ကြောင့် ဗုဒ္ဓရုပ်ပွားတော် သူတို့ရှေ့ရောက်မလာခင် ဟွာပိသည် ရုပ်ထုဆီသို့ အရင်ပျံသွားလိုက်သည်။ မကြာခင်မှာပဲ လုံးထွေးသတ်ပုတ်သံများကြားလာရသည်။ ကျန်းလော်သည် ရည်ရွယ်ချက်ရှိရှိပဲ မှောင်ရိပ်ထဲတွင် သွားရပ်နေလိုက်ပြီး ဟွာပိနှင့် ရုပ်ထုတိုက်ပွဲကို ဝင်ကူလိုစိတ်မရှိစွာ ရပ်ကြည့်နေလိုက်သည်။ ရုပ်ထုသည် မကောင်းဆိုးဝါးနတ်ဖြစ်ခါနီးဖြစ်ပြီး အပြည့်အဝအသက်မဝင်သေးသော ရုပ်ထုဖြစ်သော်လည် အင်အားကတော့လျော့တွက်၍ မရချေ။ အကယ်၍ ဟွာပိနှင့် ထန်ပိနှစ်ယောက်အတူတိုက်မည်ဆိုလျှင် ရုပ်ထုအားမြန်မြန်ပဲ အနိုင်ယူလိုက်နိုင်သည်။ သို့သော် ယခုကဲ့သို့ တစ်ယောက်ထဲရင်ဆိုင်ရလျှင်တော့ ကျင်းထဲကျပ်ထဲ သေချာပေါက်ရောက်မည်ဖြစ်သည်။
သို့သော်ယခုကဲ့သို့သော အခြေအနေတွင်ပင် ဟွာပိသည် နောက်ဆုတ်ဖို့ စိတ်မကူးပေ၊ သူ့အတွက် သခင်စိတ်ပျက်သွားမည်ကို ပိုကြောက်မိသောကြောင့်ပင်။ လူမဟုတ်သောအရာနှစ်ခုတိုက်ခိုက်နေသည်ကို ကျန်းလော်သည် အမှောင်ထဲမှ အပြုံးအကြီးကြီးနှင့် တိုးတိတ်စွာစောင့်ကြည့်နေသည်။ ကျန်းလော်သည် အမှောင်ထဲမှ တိုးတိတ်စွာ ထွက်ခွာ၍ ချီယုံ၏နောက်လိုက်ဖြစ်ချင်ကြသော တစ္ဆေများကို သွားကြည့်လိုက်သည်။ ချီယုံသည် ဂူထဲလာရောက်နေထိုင်သည်မှာ မကြာသေးပေ။ ကျန်းလော်သည် အနက်ရောင်ဝတ်စုံဝတ်ထားပြီး လမ်းလျှောက်တုတ်နှင့် ယင်ယန်လက်ကောက်မှ ကြောက်မက်ဖွယ်အရှိန်အဝါတို့ကြောင့် လမ်းတွင်တွေ့သော မကောင်းဆိုးဝါးများက သူ့ကိုမြင်သည်နှင့် ထွက်ပြေးသွားကြသည်။ သူသည် တစ်ခါကြုံဖူးထားသော ရင်းနှီးနေသည့် လမ်းလေးခွအတွင်းဝင်သွားလိုက်သည်။
ဟွာပိဘက်တွင် ပထမတွေ့သော ဂူမှလွဲ၍ အခြားဂူသုံးဂူထဲတွင် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးများနှင့် ပြည့်နေသည်။ ကျန်းလော်သည် ဝတ်ရုံကိုခါလိုက်ပြီးနောက် ထိုနေရာမှ ထွက်လာလိုက်သည်။
ချီယုံသည် ရေထဲတွင်စိမ်နေတုန်းဖြစ်သည်။ အချိန်များကုန်သွားပြီးနောက် ရေကန်ထဲတွင် ချီယုံသည် လျောင်ဇီ၏အတွေးများကို ဖတ်ကြည့်၍ ပါးစပ်နားရွက်ချိတ်လောက်သည့် အပြုံးကြီးပြုံးလိုက်သည်။ လျောင်ဇီသည်
“သခင်၊ ရှိနေလားဗျ”
ပုံမှန်ဆိုလျှင် ချီယုံသည် ထိုကဲ့သို့မေးခွန်းမျိုးကို ပြန်ဖြေလိမ့်မည်မဟုတ်သော်လည်း ယခုသူ့စိတ်အခြေအနေ အလွန်ကောင်းနေသောကြောင့် ရှားရှားပါးပါး ပြန်ဖြေလိုက်သည်။
“ဘာကိစ္စလဲ”
လျောင်ဇီကပြန်ဖြေလိုက်သည်။
“ကျွန်တော် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အသစ်အတွက် ပြိုင်ပွဲဝင်နှစ်ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးလိုက်ပါတယ်”
ချီယုံသည် ပျင်းရိစွာမေးလိုက်သည်
“ဘယ်သူ့ကို”
“ကျန်းလော်ကိုပါ”
လျောင်ဇီသည် စိတ်အားထက်သန်စွာဖြင့်
“သခင်၊ သူကတကယ်ကို ကျွန်တော့်ရဲ့ နောက်ခန္ဓာအသစ်ဖြစ်ဖို့ ပြီးပြည့်စုံပါတယ်”
ရှန်တုချွင်ကျေးရွာရှိ အခန်းလွတ်တစ်ခုထဲတွင် လျောင်ဇီသည် စားပွဲတွင်တောင် ဝင်မထိုင်နိုင်လောက်အောင်ပင် စိတ်လှုပ်ရှားနေသည်။ သူ၏စကားပြောကိရိယာကဲ့သို့ အရာထဲတွင် နှစ်ဆယ့်နှစ်ယောက်သောသူတို့၏ ဆံပင်များသည် အချင်းချင်းဆွဲဖြတ်နေကြပြီး နှစ်ဆယ်သောဆံပင်များမှာ ပျောက်ကွယ်သွား၍ နှစ်ပင်ကျန်နေကာ အချင်းချင်းတိုက်ခိုက်နေကြသည်။ တစ်ပင်မှာ ချီရဲ့ ထံမှဖြစ်ပြီး နောက်တစ်ပင်မှာ ကျန်းလော်၏ဆံပင်ဖြစ်သည်။
“ဟုတ်တယ် ကျွန်တော်သခင့် အတွက်လည်း ခန္ဓာတစ်ခုတွေ့ထားသေးတယ် သခင်မလိုချင်ရင် ရုပ်သေးလုပ်လိုက်လို့ရပါတယ်”
လျောင်ဇီသည် ချီရဲ့ဆံပင်ကိုကြည့်၍ ပြုံးလိုက်ပြီး
“ဒီတစ်ယောက်က တော်တော်လေးကောင်းတဲ့ ဝိဉာဉ်ခန္ဓာရှိတယ် သခင်သေချာပေါက် သဘောကျမှာပါ”
သို့သော် ချီယုံက ပြောလိုက်သည်။
“မရဘူး”
လျောင်ဇီသည် ကြောင်သွားပြီး ငိုချင်ယောင်ဆောင်၍
“သခင် ဘာလို့လဲလို့”
ချီယုံသည် နှေးကွေးစွာပြောလိုက်သည်။
“ကျန်းလော်ကလွဲပြီး ဘယ်သူမဆို ၊ ဘယ်သူမဆိုရတယ်”
လျောင်ဇီသည် ဝမ်းနည်းစွာဖြင့်
“အာ ကောင်းပါပြီ”
စကားပြောပြီးသွားနောက် ချီယုံသည် ကျောက်နံရံအား လက်ချောင်းများဖြင့် ပွတ်ဆွဲ၍
‘ဘာလို့ ကျန်းလော်က မရရတာလဲ’
သူတွေးလို့မမှီနိုင်လောက်အောင်ပဲ
‘ဆံပင်အနက်ရောင်နဲ့ လူငယ်ရဲ့ မျက်လုံးတွေ မီးတောက်နေသလိုမျက်လုံးမျိုး လုံးဝကိုတခြားလူတစ်ယောက်လိုပဲ’
ဒေါသထွက်နေသော၊ ခေါင်းမာသော၊ တမင်တကာကို ရန်စတတ်သော၊ ချီယုံကို မျက်စိဒေါက်ထောက်ကြည့်နေတတ်သော ထိုအကြည့်များက သူဆိုတဲ့ချီယုံကို စိတ်ဝင်စားလာစေသည်။ မကောင်းဆိုးဝါးဝိဉာဉ်သည် ဝါးလုံးကွဲရယ်ချလိုက်သည်။
‘အိုက်ယား အချိန်တောင်ပြည့်တော့မှာပဲ’
‘အချိန်မရှိတဲ့ကြားက သူ့ရဲ့ သားကောင်လေးကို သွားဖမ်းရဦးမှာပဲ’
ကျေနပ်နေသော ကျန်းလော်သည် ဟွာပိနှင့် ရုပ်ထုတို့ တိုက်ခိုက်နေသော နေရာသို့ ပြန်လာလိုက်သည်။ သူရောက်သွားသော အချိန်တွင် တိုက်ပွဲသည် ပြီးသွားခဲ့လေသည်။ ဟွာပိသည် ခနမျှတွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် သူသည် အရှုံး-အရှုံးတိုက်ပွဲအဖြစ် အဆုံးသတ်လိုက်နိုင်ပြီး ရုပ်ထုကို ထိန်းချုပ်ထားလိုက်နိုင်ခဲ့သည်။ သူသည် ဒီတိုက်ပွဲတွင် အကြီးကြီးပေးဆပ်လိုက်ရသည်။ အရိုးများအပိုင်းပိုင်းအချိုးခံရပြီး သွေးများမြေကြီးပေါ်အိုင်သွားကာ ယခုသူသည် မြေပြင်ပေါ်၌ လက်ချောင်းလေးပင်မလှုပ်နိုင်တော့ပေ။ သူ့အခြေအနေသည် ထန်ပိနှင့် ထူးမခြားနားပင်။
ဟွာပိသည် သူ့သခင်၏အနက်ရောင်ဝတ်ရုံကို မြင်ပြီးနောက် စိတ်သက်သာရာရစွာဖြင့်
“သခင်”
သူသည်ချောင်းဆိုးလိုက်ပြီးနောက် ခက်ခက်ခဲခဲပြောလိုက်သည်။
“ကျွန်တော် ရုပ်ထုကို အောင်အောင်မြင်မြင် ဖိနှိပ်လိုက်ပါပြီ”
သခင်သည် ရုပ်ထုကိုကြည့်လိုက်သည်။ ရုပ်ထုသည် သေးသေးလေးပင် လှုပ်ရှားမှုမရှိတော့ပဲ ကျောက်တုံးကိုယ်ထည်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ရာများပေါ်နေပြီး အဆိုးဆုံးမှာ ရုပ်ထုခေါင်းပင်ဖြစ်ကာ မကြာခင်ပင် ကြွေကျတော့မည့်ပုံပေါ်နေသည်။ ဟွာပိသည် ပါးစပ်အပြည့်သွေးများအန်ထုတ်၍
“သခင်”
“ငါမြင်ပါတယ်” သူ့သခင်က တိုးတိတ်ပြီး နှေးကွေးစွာ ဆက်ပြောလိုက်သည်။
“မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ”
ရယ်သံပေါက်နေပြီး ကျန်းလော်၏ မူလအသံက ပိုမိုထင်ရှားလာကာ ချီယုံကဲ့သို့ ဟန်ဆောင်ထားသည်ကို ဖယ်လိုက်လေသည်။
“မင်းက တကယ်ကို တော်တာပဲ”
ဟွာပိသည် မျက်လုံးချက်ချင်းပွင့်လာပြီး ဝတ်ရုံနက်ဝတ်ထား၍ လက်တစ်ဖက်၌ လမ်းလျှောက်တုတ်ကိုင်ကာ နောက်တစ်ဖက်တွင် သစ်ထွင်းကြာပွတ်ကိုင်ထားသောသူ သူ့ထံသို့ တစ်လှမ်းချင်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် ဟွာပိဘေးတွင် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ပြီး ကြာပွတ်ကို ဟွာပိ၏လည်ပင်းတွင် ရစ်ပတ်လိုက်သည်။ ထို့နောက် လူသားမျက်နှာတစ်ခု ဝတ်ရုံနက်အောက်မှ ပေါ်လာက မောက်မာဝံ့ကြွားစွာဖြင့် ပြုံးလိုက်ပြီး
“ငါ့ကိုသတ်ရတာ လွယ်ပါတယ်လို့ မင်းမပြောခဲ့ဘူးလား”
ဟွာပိသည် မခံမရပ်နိုင် စိတ်တိုပြီး မြေပြင်ကိုလက်ထောက်ကာ ထရပ်ရန်ကြိုးစားရင်း
“မင်း-”
ကျန်းလော်သည် ကြာပွတ်ကြိုးကို တင်းတင်းဆွဲ၍ လေသံနှင့်နားနားကပ်၍
“ငါမင်းကို တကယ်ကြီး ကျေးဇူးတင်ချင်နေတာကွာ ၊ ဟွာပိရေ မင်းသာမရှိလို့ကတော့ ဒီမကောင်းဆိုးဝါးရုပ်ထုကောင်ကို ဘယ်လိုလက်စားချေရမလဲ မသိဘူး”
ဟွာပိသည် မြေပြင်ပေါ်၌ ပြန်လှဲလိုက်ပြီး သူ့မျက်နှာသည် ပြာနှမ်းနေကာ ကျန်းလော်ကို မုန်းတီးစွာကြည့်လိုက်ပြီး ဖြစ်နိုင်လျှင် သူသည် ကျန်းလော်၏ အရိုးများကို အရှင်လတ်လတ် ဆွဲနုတ်လိုက်ချင်ပုံပေါ်သည်။ ကျန်းလော်သည် ရန်စသည်မှာ မလုံလောက်သေးဟုထင်၍ အသံတိုးတိုးရယ်လိုက်ပြီး
“တခြားတစ်နေရာက မင်းရဲ့သခင်ကိုတောင် ဆက်သွယ်ပြီး မပြောနိုင်တော့ပါလား၊ ကြည့်ရတာ မင်းက ချီယုံအပေါ် ဒီလောက်သစ္စာရှိပုံလည်း မပေါ်ပါဘူး။ ဘယ်လိုလဲ ငါ့လက်ထဲက သစ္စာရှိခွေးလေးပဲ လုပ်လိုက်မလား ဟမ်”
ဒီထေ့ငေါ့တဲ့စကားတွေက ဟွာပိသည် သူထန်ပိကို ထေ့ငေါ့ပြောခဲ့သည့် အချိန်ကို သတိရစေသည်။ ဟွာပိသည် စိတ်တိုလွန်းသောကြောင့် ရင်ဘက်သည် နှိမ့်လိုက်မြင့်လိုက်ဖြစ်ပြီး လက်သည်းများ လက်ဖဝါးတွင် စိုက်သည်အထိ လက်သီးကို ကျစ်နေအောင်ဆုပ်ထားကာ နောက်ထပ်သွေးတစ်လုပ်အန်ထွက်လာသည်။
ကျန်းလော်သည် ဟွာပိနားရှိ မြွေကိုသိမ်း၍ ရုပ်ထုနားသို့ သွားလိုက်သည်။ သူသည် ရွှေရောင်အဆောင်ဖြင့် မွမ်းမံထားသော သူ၏ဓားမြှောင်ဖြင့် ရုပ်ထု၏ဘယ်ခြေထောက်ကို အပေါက်ကြီးဖြစ်သွားအောင် သွေးအေးအေးဖြင့် ထိုးလိုက်သည်။ အပေါက်ငါးပေါက်ဖြစ်အောင် ထိုးပြီးနောက် မကျေနပ်နိုင်သေးဘဲ အတန်းလိုက် နောက်ထပ်ငါးပေါက် ထပ်ဖောက်လိုက်သည်။ ရုပ်ထုသည် မလှုပ်နိုင်သော်လည်း နာကျင်မှုကိုခံစားနိုင်သေးပုံပေါ်သည်။ ကလေးများငိုသံကဲ့သို့ စူးစူးဝါးဝါးအော်သံက ဂူထဲတွင်ပဲ့တင်ထပ်နေသည်။ ရုပ်ထုသည် အော်နေချိန်တွင်ပင် ပြုံးနေပုံထုလုပ်ထားသော ပါးစပ်ကို လုံးဝမဖွင့်ပေ။ ကျန်းလော်သည် ထိုအရာကိုသတိပြုမိလိုက်ပြီး သူ့ဓားမြှောင်ကို ရုပ်ထုပါးစပ်နားသို့ တိုးသွားလိုက်သည်။
“ပါးစပ်ထဲမှာ တစ်ခုခု ဖွက်ထားလား”
ကျန်းလော်သည် ရုပ်ထု၏ပါးစပ်ကို ကလော်ပြီးဖွင့်လိုက်ပြီး ဖြေးဖြေးချင်းပွင့်လာသောအခါ အထဲတွင် ဘဲဥပုံနှလုံးနှင့်တူသော ကျောက်တုံးတစ်တုံးတွေ့လိုက်သည်။ ကျန်းလော်သည် ကျောက်တုံးကို ဂရုတစိုက်ထုတ်၍ အလင်းရောင်အောက်တွင် သေချာစစ်ဆေးကြည့်လိုက်သည်။ ကျောက်တုံးသည် ဝန်းဝိုင်းကျယ်ပြန့်သော သွေးကြောကဲ့သို့အမျှင်များဖြင့် နှလုံးတစ်ခုလုံးကို ဖုံးအုပ်ထားသည်ကို တွေ့ရသည်။
“ဒါက ရုပ်ထုရဲ့ နှလုံးသားဖြစ်ရမယ်”
သူသည် ဟွာပိကို လည်ပင်းမှချည်ထားသော ကြာပွတ်ကိုဆွဲ၍ ချီယုံဆီသို့ ဆွဲခေါ်သွားသည်။
ဟွာပိ၏ မျက်နှာဖုံးသည် ကျန်းလော်မှ တရွတ်တိုက်ဆွဲသွားသောကြောင့် ကျောက်တုံးများဖြင့်တိုက်မိကာ ပြုတ်ထွက်သွားက ဒဏ်ရာပေါ်ဒဏ်ရာဆင့်၍ ပြုတ်ထွက်သွားတော့သည်။ နာကျင်လွန်းသောကြောင့် အားအင်ချိနဲ့စွာ ကျိန်ဆဲလိုက်သည်။
“ယုတ်ညံ့တဲ့ ဒီလူသား..”
ကျန်းလော်သည် ပြုံးလိုက်ပြီး နောက်လှည့်ကြည့်၍ ပိုပြီးကြမ်းကြမ်းတမ်းတမ်းဆွဲသွားသည်။
သူတို့ရောက်သွားတော့ ချီယုံသည် ရေထဲမှတက်လာသည်။ ဖျော့တော့ပြီး ကျော့ရှင်းသော မကောင်းဆိုးဝါးဝိဉာဉ်ကို ကိုယ်တုံးလုံးမြင်လိုက်ရတော့သည်။ ကိုယ်တုံးလုံးဖြစ်နေသောကြောင့် သူ၏ကျောဘက်ရှိ တစ္ဆေတတ်တူးသည် ကြောက်မက်ဖွယ် ထင်ရှားနေသည်။ သူသည် အသံတချို့ကြားလိုက်သောကြောင့် အနောက်လှည့်ကြည့်လိုက်ရာ သူ့ညာလက်ရုံးကို ကျန်းလော်မှ လည်ပင်းကနေ ဆွဲလာသောကြောင့် ဒုက္ခရောက်နေပုံကို မြင်လိုက်ရသည်။
မကောင်းဆိုးဝါးဝိဉာဉ်သည် မျက်ခုံးပင့်လိုက်ပြီးနောက် ရယ်လိုက်ပြီး
“ဟွာပိ ငါမင်းကိုပြောပါတယ် သူ့ကိုမထိပါနဲ့လို့ အခုတော့ ပြန်အကိုက်ခံရပြီမလား ”
သူပြောလိုက်သည်နှင့် မြုနက်များသည် မကောင်းဆိုးဝါးသည် သူဝတ်နေကျပုံစံ ဝတ်ပြီးသားဖြစ်သွားသည်။ ဟွာပိသည် ကြောက်လန့်ပြီး
“သခင် ကျွန်တော်မှားသွားပါတယ်”
လည်သာဖိနပ်ကို ကြွပြီး မကောင်းဆိုးဝါးဝိဉာဉ်သည် ကျန်းလော်ထံသို့လျှောက်သွားပြီး ငါးလှမ်းအကွာတွင် ရပ်လိုက်သည်။ ထို့နောက် စိတ်ဝင်တစား မေးလိုက်သည်။
“မင်းက ဟွာပိအသက်နဲ့ မင်းအသက်ကို လဲချင်တာလား”
“မဟုတ်ပါဘူး”
ဆံပင်အနက်နဲ့လူငယ်သည် အေးစက်စွာပြောလိုက်သည်။
“ငါသူ့အသက်ကို ထန်ပိနဲ့လဲမှာ”
ထိုသို့ကြားလိုက်သောအခါ မကောင်းဆိုးဝါးဝိဉာဉ်သည် တစ်ခနမျှ အံ့အောသွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ မြူနက်တို့သည် ထန်ပိ၏လည်ပင်းတွင် ရစ်ပတ်သွားပြီး ကျန်းလော်ရှေ့သို့ ခေါ်လာလိုက်သည်။ ထန်ပိသည် ယောင်နေပြီး တစ်ဝက်ပွင့်နေသော မျက်လုံးဖြင့် ကျန်းလော်ကို ကြည့်လိုက်သည်။
“မိတ်ဆွေကြီး မြန်မြန်”
သူသည် အားယူလိုက်ပြီး သေးငယ်သောအသံဖြင့်
“ပြေးတော့”
မကောင်းဆိုးဝါးဝိဉာဉ်သည် သက်ပြင်းချလိုက်ပြီး
“သူ့ကို ဒီလိုမျိုးမြင်ရတော့ မစ်စတာကျန်း ဝမ်းနည်းသွားပြီလား”
ကျန်းလော်သည်
“ဘာမှဖြစ်မသွားဘူး ဒါပေမဲ့ ငါကသူ့ကို အသက်ရှင်စေချင်တာ တစ်ဝက်သေနေတာမျိုး မလိုချင်ဘူး”
မကောင်းဆိုးဝါးဝိဉာဉ်သည် တီးတိုးရေရွတ်လိုက်ပြီး
“မင်းက သူ့ကိုခေါ်ပြီး ထွက်သွားချင်တာလား”
“ဘာလို့ အဲ့လိုလုပ်ရမှာလဲ”
ကျန်းလော်သည် ရယ်လိုက်ပြီး
“သူက မင်းလူတွေထဲက တစ်ယောက်လေ ငါကဘာလို့ သူ့ကိုခေါ်သွားရမှာလဲ၊ ငါက ဒီတိုင်း ဒီဟွာပိရဲ့ အသက်ကို အသုံးချနေရုံပါပဲ”
ထို့နောက် သူ့လက်ထဲရှိကြိုးကို တင်းတင်းဆွဲလိုက်၍ လည်ပင်းညှစ်ခံရထားသော ဟွာပိသည် ဝက်အော်သံကဲ့သို့ အော်လိုက်သည်။ကျန်းလော်သည် ချီယုံကို ကြည့်လိုက်ပြီး လှောင်ပြောင်ကာ
“သူ့ကိုအသက်ပြန်ရှင်အောင် မင်းလုပ်ပေး၊ ပြီးမှသူဘယ်သွားသွား ငါဂရုမစိုက်ဘူး”
ချီယုံ၏လက်ဖဝါးသည် တင်းတင်းဆုပ်ပြီး ထန်ပိကိုမဖြည်ပေးဘဲ ပြောလိုက်သည်။
“ဒါဆိုလည်း ငါသူ့ကိုသတ်လိုက်တော့မယ်”
“အဲ့ဒါဆို သတ်လိုက်ကြရအောင်လေ”
ကျန်းလော်သည်တွေဝေခြင်းမရှိဘဲပြောလိုက်သည်။ မကောင်းဆိုးဝါးဝိဉာဉ်သည် ကြောင်အသွားပြီး
“အမ်”
ဆံပင်အနက်ရောင်လူငယ်လေးသည် ပြုံးလိုက်ပြီးနောက် ဟွာပိ၏ဆံပင်ကို ခွေးပေါက်လေးများ ပွတ်သပ်ပေးသလို ပွတ်လိုက်ပြီး ပြုံးရွှင်စွာပြောလိုက်သည်။
“မင်းရဲ့ သစ္စာရှိညာလက်ရုံးနှစ်ယောက်လုံးကို တစ်ချိန်ထဲ ဆုံးရှံးသွားချင်ရင်ပေါ့လေ”
#####