အခန်း ၂၀
သူ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ လျို့ဝှက်ချက်တစ်ခုကို ရှာတွေ့မိသွားတဲ့ပုံပဲ။
မထင်ထားဘူး … သူ တကယ်ကို မထင်ထားခဲ့ဘူး။
စုံစမ်းလို့ရတဲ့ အချက်အလက်တွေ ကြောင့် ပိုင်ယယ်ဖုန်း နှင့် ပတ်သတ်တဲ့ သံသယတွေကို ကျန်းလော့ လက်လွှတ် လိုက်ပြီဖြစ်ပေမယ့် တစ်ဖက်လူ၏ နိုင်ကွက်ကို အခုလိုမတော်တဆ ရှာတွေ့ မိလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
ထိုရှာတွေ့မှုက ကျန်းလော့ရဲ့ စိတ် အခြေအနေကို မြန်မြန်ဆန်ဆန်ပင် ကောင်းမွန်လာစေခဲ့သည်။
သူ့ရဲ့ တားဆီးလို့မရသော အပြုံးကို ထိန်းချုပ်လိုက်ပြီး သူ့ လက်ချောင်းတွေ ထက်က စက္ကူပြာတွေကို သုတ်လိုက် သည်။ သူ့လက်တွေကို သုတ်ပြီးသွား ချိန်မှာပဲ ရွှီယန်က အပြင်ကနေ ပြန်လာခဲ့သည်။
ရွှီယန်က တစ်နေရာရာကို သွားလာခဲ့တာ ဖြစ်သည်။ သူ့ရှူးဖိနပ်တွေပေါ်မှာ ရွှံ့တစ်ချို့ ပေနေခဲ့သည်။ ထို့ကြောင့် ကျန်းလော့ သူ့ကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်တော့ ရွှီယန်ကလည်း သူ့ကို သတိနှင့်ပြန်ကြည့်လာခဲ့သည်။
ကျန်းလော့ ပြုံးလိုက်ပြီး “ပြန်လာပြီ လား။ ခဏနေရင် မိုးရွာတော့မှာ”
ပြုံးနေတဲ့သူကို မရိုက်ဘူးဆိုတဲ့ အဆို လိုပဲ ကျန်းလော့ရဲ့ အပြုံးက လှလွန်း အားကြီးပြီး သူ့ရဲ့စကားတွေက နှစ်ယောက်ကြားမှာ ရှိနေခဲ့သော အနည်းငယ် ရန်လိုသည့်အနေအထားကို အလွယ်တကူပင် ကွယ်ပျောက်သွားစေ ခဲ့သည်။ သူ့ကို ဆက်ပြီး စိုက်ကြည့်နေ ရမှာကို ရွှီယန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရပြီး သူ “အမ်”ဟု တောင့်တောင့်ကြီး ပြန်ဖြေလိုက်သည်။
ကျန်းလော့ ဓာတ်ဘူးကို ကောက်ကိုင် လိုက်ပြီး ရေနှစ်ခွက်လောင်းထည့်ကာ သဘာဝကျကျပင် ပြောလာခဲ့သည်။
“ထိုင်လေ … မတ်တပ်ကြီးရပ်ပြီး ဘာလုပ်နေတာလဲ”
ရွှီယန် တခဏလောက် တုံ့ဆိုင်းနေပြီး နောက်မှည စားပွဲရှိရာဆီ လျှောက်သွား လိုက်ပြီး ထိုင်ချလိုက်သည်။
ကျန်းလော့လည်း ထိုင်လိုက်ပြီး ရွှီယန် ကို ပြုံး၍ ကြည့်လိုက်သည်။ သူ့ရဲ့ အနက်ရောင်ဆံနွယ်တွေက မီးခိုးရောင် ရေသုတ်တဘက်နှင့် ဖုံးလွှမ်းနေခဲ့ပြီး မျက်နှာလေးက ဖြူဖွေးနေခဲ့သည် … မျက်ခုံးမွှေးတွေက သေးသွယ်ကာ အရောင်တောက်နေခဲ့ပြီး မျက်လုံးတွေ ကတော့ မင်စက်တစက်ချထားသည့် အလား ကြည်လင်နေခဲ့သည် … သူ့ နှုတ်ခမ်းလေးတွေကတော့ အနီရောင် တောက်နေခဲ့သည် ။ သာမန်ကာလျှံကာ ကြည့်လိုက်လျှင် သူ့ပုံစံက ခေါင်းပေါင်း ပေါင်းရသော လူမျိုးစုက နီထွေးထွေး နှုတ်ခမ်းတွေနှင့် အလှလေးဖြင့် သွားတူ နေခဲ့သည်။
“အတန်းဖော် … မင်း အတန်းဖော်ပိုင် နဲ့သိတာ ဘယ်လောက်ကြာပြီလဲ”
ရွှီယန် အလိုလိုပြန်ဖြေလိုက်မိသည်။
“ခြောက်နှစ်လောက်ရှိပြီ”
“အို”ကျန်းလော့ သဘောပေါက်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အတန်းဖော်ပိုင်က အရင်တုန်းက လည်း အခုလို နွေးထွေးပြီး ကြင်နာ တတ်တဲ့သူလား”
ပိုင်ယယ်ဖုန်းကို သူ ချီးကျုးနေတာ ရွှီယန် ကြားလိုက်ရပြီး သူ့အပေါ် ရန်လိုမှု တွေ အနည်းငယ် လျော့ပါးသွားခဲ့သည်။
“အစ်ကိုပိုင်က အမြဲတမ်း သဘော ကောင်းခဲ့တာ”
သူ တခဏလောက် စဉ်းစားလိုက်ချိန်မှာ အရင်တုန်းက ပိုင်ယယ်ဖုန်းက သူ့ ခေါင်းထဲမှာ မှတ်မှတ်ရရ ရှိမနေခဲ့တာကို သိလိုက်ရသည်။
“အရင်တုန်းက … ပိုင်ယယ်က တော်တော်ကလေးကို ခပ်လျိုလျို နေခဲ့တာ”
ကျန်းလော့ “သူ လွန်ခဲ့တဲ့ငါးနှစ်ကျော် လောက်ကစပြီး တစ်ဟုန်ထိုးတိုးတက် လာတယ်လို့ ငါ ကြားတယ်။ အဲဒီ့ အချိန်တုန်းကဆိုရင် သူ အထက်တန်း ပထမနှစ်ပဲ ရှိဦးမှာပေါ့။ တကယ်ကိုပဲ အရည်အချင်း ရှိတဲ့သူတွေအတွက်က တော့ အထက်တန်းပထမနှစ်လောက်မှ စပြီး ကြိုးစားတာတောင် နောက်ကောက် ကျမကျန် နေခဲ့ဖူးပဲ “
“ဟုတ်တယ်”ရွှီယန် မနေနိုင်ဘဲ ထပ် ပြောလိုက်မိသည် “အစ်ကိုပိုင် အထက်တန်းကျောင်းကို မရောက်ခင် တုန်းက … သူ့မှာ ဒီလိုအရည်အချင်း ရှိမှန်း ငါတို့ သိတောင်မသိခဲ့ကြဘူး”
ကျန်းလော့ ပြုံးလိုက်ပြီး “ပါရမီရှင်ပဲ”
လွန်ခဲ့တဲ့ငါးနှစ်။
ချီယုံ အဲဒီ့အချိန်တုန်းက အသက်ရှင်နေ သေးတယ်။
ဒါက လုံးဝကိုရှော့ရလောက်သည့် လျို့ဝှက်ချက်ကြီးပင်။ ကျန်းလော့ စိတ်တွေလှုပ်ရှားလွန်း၍ အခုချက်ချင်း တောင်ထပြီး ချီယုံကို အခွင့်အရေးတွေ ယူပစ်လိုက်ချင်မိသည်။ သို့သော် ထို အတွေးကို သူ အမြန်ဖျောက်ပစ်လိုက် သည် ဒီလိုလျို့ဝှက်ချက်ကြီးကို သိလိုက် ရမှတော့ သေချာပေါက်ကို ကောင်းကောင်းကြီး အသုံးချရမှာပေါ့။
ကျန်းလော့ ထိုမေးခွန်းနှစ်ခုကို မေးပြီး နောက်မှာ ရွှီယန်နှင့် တခြားအကြောင်း တွေ ရောက်တက်ရာရာပြောင်းပြော လိုက်သည်။ ပိုင်ယယ်ဖုန်းနှင့် ကျိုးကျုံးချိုးတို့ ရေချိုးခန်းကနေ ပြန်ရောက်လာချိန်မှာတော့ သူတို့ နှစ်ယောက် သဟဇာတဖြစ်နေသော လေထုဖြင့် စကားစမြည် ပြောနေကြတာ ကို တွေ့လိုက်ရသည်။
ပိုင်ယယ်ဖုန်း ပြုံးလိုက်ပြီး ရှေ့ကိုတိုး လိုက်သည်။
“မင်းတို့တွေ ဘာအကြောင်းပြောနေကြ တာလဲ”
“ရှန်ဟိုင်းတက္ကသိုလ်က ထူးဆန်းတဲ့ ပုံပြင်တွေအကြောင်း ပြောနေကြတာ လေ”ကျန်းလော့ ဆိုလိုက်သည် “မင်းတို့ရဲ့ ကျောင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ”
သူရဲ့ အမူအရာက နည်းနည်းလေး တောင် ပြောင်းလဲသွားခြင်းမရှိပေ … ပိုင်ယယ်ဖုန်းပေါ် သူ့ရဲ့ ဆက်ဆံပုံက ရွှီယန်ထက်ပိုပြီးတော့ ခပ်တန်းတန်းဖြစ် သည်။ ထိုကဲ့သို့ ဆက်ဆံပုံကလည်း ပုံမှန်ပင် ဘာလို့လဲဆို ကျန်းလော့က ပိုင်ယယ်ဖုန်းရဲ့ ချီုးမွမ်းသလိုလိုနဲ့ ရိုက်ချတာကို တစ်ကြိမ်ခံခဲ့ရတာကိုး။
ပိုင်ယယ်ဖုန်း သံသယမဝင်ဘဲ ပြုံးလိုက် ပြီး “ကျန်းလော့ … မင်းကို ငါတို့ ကျောင်းကို လာလည်ဖို့ ဖိတ်ခေါ်ပါ တယ်။ မင်း ငါတို့ကျောင်းကို ပြောင်းလာ ခဲ့ရင်တော့ အကောင်းဆုံးပေါ့”
ကျိုးကျုံးချိုး “ကျစ်”ခနဲ အသံပြုလိုက် ပြီး “ဘယ်လိုတောင် ပေါ်တင်ကြီး ကြောင်တောင်နှိုက်နေတာလဲ”
အပြင်ဘက်မှာ ရုတ်တရက်ဆိုသလို မိုးကြိုးတစ်ချက် ပစ်ချပြီး လျှပ်စီးတွေ လက်သွားခဲ့သည်။ သူတို့အုပ်စု အပြင်ဘက်ကို ကြည့်လိုက်ချိန်မှာတော့ မိုးက သည်းသည်းထန်ထန် ရွာချလာခဲ့ သည်။
မိုးကျလာသည်နှင့် ချက်ချင်း အရှိန်က ပြင်းလွန်း၍ ကောင်းကင်ကိုထိုးဖောက် ကာ မြေပြင်ထက် ကျဆင်းပြီး ပြတင်း ပေါက်နံရံတွေကို အသံကျယ်ကြီးဖြင့် ရိုက်ခတ်လာခဲ့သည်။
ပိုင်ယယ်ဖုန်း သည်းကြီးမည်းကြီး ရွာသွန်းနေသော မိုးကို အချိန်အတော် ကြာ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “နားကြရအောင်”
ကျောင်းဆောင်အဟောင်းဘက်ရှိ ဖုန်းလိုင်းက သိပ်မကောင်းပေ။ စာမေးပွဲဖြေဆိုကြမည့် သူတွေကို ဖုန်းတွေနှင့် ဆော့ကစားကြတာ တားဆီးဖို့ရန်အတွက် ကျောင်းက ဖုန်းလိုင်းကို ပြင်မပေးခဲ့ပေ။ သူတို့ရဲ့ ဖုန်းတွေနှင့် အင်တာနက်သုံးလို့မရပေ … အများဆုံးအနေနှင့် သူတို့ ဖုန်းခေါ်တာ မတ်ဆေ့ပို့တာလောက်ပဲ လုပ်လို့ရသည်။
ဘာမှမလုပ်ရဘဲ နေရသည့်အချိန်တွေက လူတွေကို အိပ်ချင်စိတ်ဖြစ်စေသည်။ ကျန်းလော့ မိုးသံကို နားဆင်ရင်းနှင့် အိပ်ပျော်သွားခဲ့သည်။
ညနက်ချိန် မရောက်လာခင် အထိပေါ့။
ညလယ်ခေါင်းကြီးမှာ သူ့ဖုန်းမြည်သံ ကြောင့် ကျန်းလော့ ရုတ်တရက် လန့်နိုး သွားခဲ့ရသည်။
သူ ဖုန်းကို အိပ်ချင်မူးတူးနှင့် ကောက်ကိုင်လိုက်သည်။ ခေါ်လာတဲ့ သူက နံပါတ်စိမ်းပင်။
အဆောင်ခန်းက တိတ်ဆိတ်နေခဲ့ပြီး အသက်ရှုသံတွေကလည်း တိုးညင်းကာ ဘယ်သူမှ စကားမပြောကြသောကြောင့် အရာအားလုံး တိတ်ဆိတ်မှု၏ လွှမ်းခြုံ ခြင်းကို ခံထားရသည်။
ကျန်းလော့ ဖြေတဲ့ခလုတ်ကိုနှိပ်လိုက်ပြီး မျက်လုံးတွေ မှိတ်လျက်သားနှင့် ဖြေလိုက်သည်။ “ဟယ်လို”
“……”
ကျန်းလော့ “ဘယ်သူလဲ”
“…… ဂျစ်…… ဂျစ် ……”
ဆူညံနေသော ဖုန်းလိုင်းသံက ပြတ်တောင်းပြတ်တောင်း ထွက်လာခဲ့ပြီး မိန်းမအသံတစ်သံက ကျိုးပြတ်နေသော အပိုင်းစတစ်စလို ထွက်ပေါ်လာခဲ့သည်။
“ငါ …… ဂျစ် …. ငါ …ဒီမှာ”
ကျန်းလော့ အိပ်ချင်ပြေသွားပြီး ထထိုင် လိုက်သည်။ အေးစက်စက်လေညှင်းက ပြတင်းပေါက်ကနေ ဖြတ်ဝင်လာခဲ့ပြီး သူ ဖုန်းကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ ဘာမှရှိမနေခဲ့ပေ။
“ဂျစ် …..”
တောင့်တင်းနေသော မိန်းမအသံက ဆက်ပြောလာခဲ့သည်။ “နင်နဲ့ ငါ …… ကျောချင်းကပ်ရပ်”
ဖုန်းက ရုတ်တရက် ပြတ်ကျသွားခဲ့ သည်။
ကျန်းလော့ရဲ့နဖူးကြောတွေ နှစ်ခါ လောက် ဆတ်ခနဲ တွန့်သွားခဲ့ ပြီး တိုက်ခတ်နေသော လေအေးအေး ကြီးက သူ့ကို ကြက်သီးတွေ တဖြန်းဖြန်း ထလာစေခဲ့သည်။ သူထိုင်လိုက်ပြီး အဖြူရောင်နံရံကို မှီကာ ဖုန်းကိုဖွင့်၍ ခေါ်ဆိုလာသူကို ကြည့်ဖို့လုပ်လိုက်ပေ မယ့် သူ အခုလေးတင်မြင်ခဲ့သော ထူးဆန်းတဲ့ နံပါတ်စိမ်းက ပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။
ကျန်းလော့ သူ သဘာဝလွန်ဖြစ်ရပ် တစ်ခုနှင့် ကြုံတွေ့ခဲ့ရမှန်း ကျန်းလော့ ယုံကြည်သွားခဲ့သည်။ သူ ဖုန်းပြောထား သည့်စာရင်းကို ထပ်တလဲလဲ စစ်ကြည့် ခဲ့သော်ငြားလည်း သူ ခုနလေးတင်မှ ပြောခဲ့သော ခေါ်ဆိုမှုကို လုံးဝရှာမတွေ့ ခဲ့ချေ။
ငါနဲ့နင် … ကျောချင်းကပ်ရပ်တဲ့လား။
သူ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ပြီး သူ့အနောက်ကို လှည့်လိုက်သည်။ သူ့ အနောက်မှာ နံရံကလွဲပြီး ဘာမှမရှိပေ။ ကျန်းလော့ အကြည့်ပြန်ရုတ်သိမ်းဖို့ လုပ်လိုက်ပေမယ့် သူ့အကြည်တွေက ရုတ်တရက်ဆိုသလို နံရံဆီရောက်သွားခဲ့ သည်။
နံရံထဲမှာများ တစ်ခုခုရှိနေတာလား။
2012 ခုနှစ်က ပျောက်သွားတဲ့ မိန်းကလေးများလား။
ကျန်းလော့ ကျောရိုးတလျောက် အေးစိမ့်သွားခဲ့ပြီ သူ အဖြူရောင်နံရံ ကနေ အကြည့်လွှဲကာ သူ့ရဲ့မိုဘိုင်းဖုန်း မီးကို ဖွင့်လိုက်ပြီး နံရံကို အနီးကပ် စစ်ဆေးလိုက်သည်။
အဆောင်ခန်းထဲက နံရံက အပြင်က လောက် မစုတ်ပြတ်နေဘဲ နံရံတွေပေါ် မှာ အက်ကြောင်းဘာညာလည်း မရပေ။ ကျန်းလော့ နံရံကို ညင်ညင်သာသာ ခေါက်ကြည့်လိုက်ရာ ပြန်ထွက်လာသည့် အသံက ခပ်အုပ်အုပ်ဖြစ်ပြီး ထူးခြားနေ တာမျိုး မရှိချေ။
သူ တခဏလောက် တွေးလိုက်ပြီး နောက် ဖုန်းကိုကိုင်ကာ တခြားနံရံတွေကို လှည့်ပတ်ကြည့်လိုက်သည်။ ကျန်တဲ့ သူသုံးယောက်က သူတို့ရဲ့ အိပ်ရာတွေ ထက်မှာ မလှုပ်မယှက် လှဲနေကြပြီး ခုနလေးတင်ကမှ ကျယ်ကျယ် လောင်လောင် မြည်သွားခဲ့သော ဖုန်းသံ ကလည်း သူတို့ကို နိုးမလာစေခဲ့ပေ။
ကျန်းလော့ အချိန်ကို ငုံ့ကြည့်လိုက်တော့ အခုမှ မနက်နှစ်နာရီပဲ ရှိသေးသည်။
“မင်း ဘာလုပ်နေတာလဲ”
အသံတစ်သံက သူ့ နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ကျန်းလော့ရဲ့ ဦးရေတွေ ချက်ချင်း ဆိုသလို ပွင့်ထွက်သွားခဲ့သည်။ သူ အနောက်ကို ပြန်လှိမ့်ချကာ သူ့ ခေါင်းဦး အောက်က အဆောင်ကို ထုတ်ကာ သူ့ လက်ချောင်းတွေကြားမှာညှပ်ပြှီး သူ့ အရှေ့ကနေ ကာထားလိုက်သည်။ သို့သော် မှိန်ပျပျ ဖုန်းမီးရောင်အောက် မှာ ပိုင်ယယ်ဖုန်း၏ မျက်နှာကိုပဲ တွေ့လိုက်ရသည်။
ပိုင်ယယ်ဖုန်း သူ့မျက်မှန်ကို တပ်မထား ခဲ့ပေ။ ထို့ပြင် နေ့အချိန်တုန်းက ငွေရောင်အနားကွပ် မျက်မှန်ကြောင့် နူးညံ့ပုံပေါ်နေခဲ့သော မျက်နှာက မှိန်ပျပျ အလင်းရောင်အောက်မှာ အေးစက်ပြီး သူစိမ်းဆန်နေခဲ့သည်။ သို့သော် နောက်တခဏမှာတင်ပဲ သူပြုံးလာခဲ့ပြီး
“ညသန်းခေါင်ကြီး အိပ်ရာထဲမှာ မနေဘဲ ဘာလုပ်နေတာလဲ”
ကျန်းလော့ အဆောင်ကို သိမ်းလိုက်ပြီး “ငါ ရုတ်တရက်ကြီး သန့်စင်ခန်း သွားချင်လာလို့လေ”
“လိုက်ခဲ့မယ်လေ”ပိုင်ယယ်ဖုန်း ပြောလိုက်သည်။ “ငါလည်း သန့်စင်ခန်း သွားချင်နေတာနဲ့ အတော်ပဲ”
အဆောင်ခန်းထဲမှာ ရေချိုးခန်းသာရှိပြီး သန့်စင်ခန်း မရှိချေ။ သို့သော် လူအရေခြုံထားသော မကောင်းဆိုးဝါး နှင့် သန့်စင်ခန်းကို အတူသွားရမယ်တဲ့ လား အထူးသဖြင့် သူ့အပေါ်ကို မကောင်းကြံတဲ့စိတ် ရှိနေတဲ့ မကောင်းဆိုးဝါးနဲ့လေ။ ကျန်းလော့ အဲလောက်ကြီးထိ မတုံးသေပေ။ သူတို့တွေ အတူတူသွားပြီးတော့ ဘယ်သူက သေးကို ဝေးဝေးပို ရောက်အောင် ပေါက်နိုင်လဲဆိုပြီး ပြိုင်ကြမလို့လား။
ကျန်းလော့ ခေါင်းငုံ့ကာ ဖုန်းကိုထိလိုက်ပြီး “ငါ မသွားခင်လေး ဖုန်းနဲ့ ခဏလောက် ဆော့လိုက်အုံးမယ် … မင်း အရင်သွားနှင့်လိုက်”
ပိုင်ယယ်ဖုန်း ပြုံးလိုက်ပြီး “ကောင်းပြီ”
ခြေသံတွေ ဝေးဝေးရောက်သွားခဲ့ပြီး မိနစ်အချို့ကြာသွားပြီးနောက်မှာ ပိုင်ယယ်ဖုန်း ပြန်ရောက်လာခဲ့သည်။
အိပ်ရာထဲကို မဝင်ခင်မှာ ချန်ပီယံဆုကို လက်ဝယ်ပိုင်ဆိုင်ထားသူက ကျန်းလော့ ကို ညင်ညင်သာသာဖြင့် ပြောလာခဲ့သည်။
“ကျန်းလော့ … ဆီးမသွားဘဲ အောင့်ထားတာက မင်းရဲ့ ကျန်းမာရေး အတွက် မကောင်းဘူးနော်”
ကျန်းလော့ “……”ဟ ဟ။
ကျန်းလော့ တစ်ညလုံး ပြန်ပြီး အိပ်မပျော်ခဲ့ပေ။ သူ မိုးလင်းလာတဲ့ အထိ စောင့်လိုက်ပြီး မိုးလည်းတိတ် သွားခဲ့သည်။
ကျိုးကျုံးချိုး အိပ်ရာကနေ ထလာချိန်မှာ ကုတင်ပေါ်မှာ ညိုမဲနေသော မျက်ကွင်း တွေနှင့် ငုတ်တုတ်ထိုင်နေသော ကျန်းလော့ကို တွေ့လိုက်ရ၍ အံ့ဩတကြီး မေးလိုက်မိသည်။
“နင် ဘာလို့ အစောကြီးထနေတာလဲ”
ကျန်းလော့ “ငါ အိပ်ကို မအိပ်ရသေးတာ”
သူ ခုတင်ပေါ်ကနေ ဆင်းလိုက်၍ ရေချိုးခန်းဆီ သွားကာ မျက်နှာသစ် လိုက်ပြီး ကျိုးကျုံးချိုးကို ပြောလိုက် သည်။
“ငါတို့တွေ တူတစ်ချောင်းနဲ့ ဂေါ်ပြား တစ်လက် သွားရှာကြရအောင်”
သူတို့နှစ်ယောက် ပထမထပ်မှာရှိသော ဝန်ထမ်းရုံးခန်းကို သွားလိုက်ပြီး ပစ္စည်း တွေကို ငှားကာ ခြောက်ထပ်မြောက်ကို ပြန်လာခဲ့ကြသည်။
ပိုင်ယယ်ဖုန်းနှင့် ရွှီယန် က စားပွဲမှာထိုင်ကာ စကားပြော နေခဲ့ကြပြီး သူတို့တွေ ပစ္စည်းတွေနှင့် ဝင်လာတာကိုတွေ့တော့ အံ့အားသင့် သွားခဲ့ကြသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ”
ကျန်းလော့ လိုရင်းတိုရှင်းပဲ ဖြေလိုက် သည်။ “နံရံကို ဖြိုမလို့”
ဒီအပြစ်သားက ရှင်သန်လို
ထိုအခါမှပဲ သူမ ဘာလုပ်ရမလဲဆိုတာ ကျိုးကျုံးချိုး သဘောပေါက်သွားခဲ့ပြီး မေးလိုက်သည်။
“ကျန်းလော့ … နင် တကယ်ပဲ နံရံကို ဖြိုချချင်တာလား”
ကျန်းလော့ ခေါင်းညိတ်ပြလိုက်သည်။
ကျိုးကျုံးချိုး လက်ကောက်ဝတ်တွေကို လှုပ်ရှားလိုက်ပြီး ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
“အဲတာဆိုလည်း နံရံကို ဖြိုကြတာပေါ့”
ပိုင်ယယ်ဖုန်း အကြံပေးလာခဲ့သည်။
“ကျောင်းသားတွေက ငါတို့ထွက်သွား တာနဲ့ ပြန်လာကြမှာ … မင်းက နံရံကို ဖြိုချပစ်လိုက်ရင် သူတို့ ဘယ်လို လုပ်မလဲ”
ကြင်နာတတ်ပြီး သူတစ်ပါးအတွက် တွေးပေးတတ်သော ကြာပန်းဖြူလေး ပီသပါပေတယ် … ပိုင်ယယ်ဖုန်းကို ကျန်းလော့ အပြုံးလှလှလေး ပြုံးပြလိုက် ပြီး “သူတို့ပြန်မလာခင် ငါတို့ နံရံကို ပြင်ပြင်ပေးခဲ့မှာပေါ့”
ပိုင်ယယ်ဖုန်း သက်ပြင်းချလိုက်ပြီး ‘ဆက်လုပ်ကြ’ ဆိုတဲ့ လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။
ကျန်းလော့နှင့် ကျိုးကျုံးချိုးတို့ အဆောင်အိပ်စင်တွေကို အဝေး ဖယ်လိုက်ပြီး အဖြူရောင်နံရံကို စတင် ဖြိုချကြတော့သည်။ အဆောင်ခန်းနံရံ တွေ၏ အရည်အသွေးက သိပ်မကောင်း ပေ … သိပ်မကြာခင်မှာပဲ အခေါင်း ပေါက်သေးသေးလေး ဖြစ်လာခဲ့သည်။
နောက်ဆုံးမှာ အပေါက်က အမှိုက်ပုံး အရွယ်အစားလောက် ဖြစ်လာခဲ့သည် သို့သော် နံရံထဲမှာ ကျန်းလော့ မျှော်လင့်ထားသလို ဘယ်အလောင်းမှ ရှိမနေခဲ့ဘဲ တရွေ့ရွေ့သွားနေကြသော ခြ အချို့သာရှိသည်။
သူ မျက်ခုံးတွေကို တွန့်ချိုးလိုက်ပြီး သရဲမကပဲ သူ့ကို လှည့်စားခဲ့တာလား ဒါမှမဟုတ် သူကပဲ အဓိပ္ပာယ် မှားကောက်မိတာလားဟု သူ တစိမ့်စိမ့် တွေးတောလိုက်သည်။
“ငါ နင်နဲ့ ကျောချင်းကပ်ရပ်ရှိနေတယ်”
အဲဒီ့စကားရဲ့ ပုံမှန်အဓိပ္ပာယ်အတိုင်းသာ ဆိုရင် သူက နံရံထဲမှာ ရှိနေရမှာ မဟုတ် ဘူးလား။
ခုံပေါ်မှာထိုင်ပြီး ရေသောက်နေခဲ့သော ပိုင်ယယ်ဖုန်းက အေးအေးလူလူပင် မေးလာခဲ့သည်။
“မင်း တစ်ခုခုကို ရှာတွေ့လား”
သူထိုင်နေတဲ့ပုံစံက အတော်လေးကို ပျင်းရိနေသည့်ပုံပေါ်သည် … နံရံထဲမှာ ဘာမှမရှိမှန်း ကြိုသိနေခဲ့သလိုမျိုး။ ကျန်းလော့ မျက်လုံးတွေ လက်သွားခဲ့ ပြီး မနေ့တုန်းက ရွှီယန်၏ ခြေထောက် မှာပေလာခဲ့သော ရွှံ့တွေကို သွားသတိ ရလိုက်သည်။
မိုးသာမရွာခဲ့လျှင် နေရာအများစုက ခြောက်ကပ်ကပ်သာဖြစ်ပြီး ရွှီယန် ကလည်း ပိုင်ယယ်ဖုန်းက သွားခိုင်းတာ မဟုတ်ဘဲ ပိုင်ယယ်ဖုန်း အနားကနေ ခွာမှာ မဟုတ်ပေ။ အဲဒီလိုသာဆိုရင် ရွှီယန်က ပိုင်ယယ်ဖုန်း စကားကို နားထောင်ပြီးတော့ ရွှံ့တွေရှိတဲ့နေရာကို သွားခဲ့တာလား။
“မတွေ့ဘူး”ကျန်းလော့ စိတ်ပျက်သည့် ပုံစံဖြင့် သက်ပြင်းချလိုက်ပြီး အဖြေ မတောင်းသော မေးခွန်းတစ်ခု မေးလိုက်သည်။
“မင်းရော ဘာရှာတွေ့လဲ … ကျောင်းသား ပိုင်”
ပိုင်ယယ်ဖုန်း ရယ်လိုက်ပြီး “ကျန်းလော့ … မင်းက ငါ့ကို အရမ်းအထင်ကြီးနေ တာပဲ။ ငါ အဆောင်ခန်းထဲကနေတောင် ဝေးဝေး ထွက်မသွားရသေးတာကို ဘာရှာနိုင်မှာတဲ့လဲ”
ကျန်းလော့ ပြောလိုက်သည် “မင်းပုံစံ က အရမ်းစိုးရိမ်နေတဲ့ပုံလည်း မပေါက် ဘူးနော်”
“အာ”ပိုင်ယယ်ဖုန်းရဲ့ အကြည့်တွေက ကျန်းလော့၏ အနက်ရောင်ဆံပင် အဖျားဆီ ရောက်သွားခဲ့ပြီး ထို့နောက် ညက အိပ်ရေးပျက်ထား၍ ရဲနေသော ကျန်းလော့၏ မျက်ခမ်းစပ်လေးတွေဆီ ရောက်သွားခဲ့သည်။ သူ လျှာတွေ တုန်ခါသွားအောင် ခပ်တိုးတိုးရယ်လိုက် ပြီး “စိုးရိမ်နေလို့လည်း အပိုပဲဥစ္စာ”
ကျန်းလော့ သူ့ကို တစ်ချက်ကြည့်လိုက် ပြီး ကျိုးကျုံးချိုးနှင့်အတူ အဆောင်ခန်း ထဲကနေထွက်ကာ ငှားလာခဲ့သောပစ္စည်း တွေကို ပြန်ပေးလိုက်ကြပြီး သူတို့ အဖော်တွေကို ရှာဖို့ ထွက်လာခဲ့ကြ သည်။
ကျိုးကျုံးချိုးက လမ်းမှာ သူ့ကိုမေးလာ ခဲ့သည်။
“နံရံကို ဖြိုပစ်ဖို့အတွေးကို နင် ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ရသွားရတာလဲ”
သူ ညတုန်းကရခဲ့သော ဖုန်းအကြောင်း ကို ကျန်းလော့ ပြောပြလိုက်သည်။ ကျိုးကျုံးချိုး ထိုအကြောင်းကို နားထောင်လိုက်ပြီး ဖုန်းကောလ်ရဲ့ အကြောင်းအရာကို အရင်တွေးတောရ မည့်အစား ကျန်းလော့၏ အကြောင်းကို အရင် ညည်းညူလိုက်သည်။
“နင် တော်တော်ကို ကံမကောင်းတာပဲ”
ကျန်းလော့ သူ့ကိုသူအတွက် ရှင်းပြဖို့ လိုအပ်သည်ဟု ခံစားလိုက်ရပြီး “ငါက အမြဲတမ်း ဒီလို ကံမကောင်းနေတာ မဟုတ်ပါဘူး”
ချီယုံ နှင့် သူ မတွေ့ခင်အထိပေါ့ … အဲဒီ့အချိန်တုန်းကတော့ သူ …. အဲဒီ့ တုန်းကလည်း တော်တော်လေး ကံမကောင်းခဲ့တာပဲ။
သူ စကားလမ်းကြောင်း လွှဲလိုက်သည်။
“သူတို့တွေ ရောက်နှင့်နေပြီပဲ”
အုပ်စုက မနေ့တုန်းက တွေ့ခဲ့ကြသည့် နေရာမှာပဲ ပြန်ဆုံခဲ့ကြသည်။ သူ ရှာတွေ့ခဲ့တာကို ပြောပြလိုက်ပြီး “ငါ 2012 ခုနှစ်တုန်းက ကျောင်းသားတွေရဲ့ ဖိုင်တွေကို သွားရှာကြည့်မလို့ … ဘယ်သူ ငါနဲ့ လိုက်ခဲ့ချင်လဲ”
ကျိုးကျုံးချိုး နှင့် ယယ်ရွှင်တို့က ကျန်းလော့၏ အနောက်မှာ လာရပ်လိုက် ကြပြီး လုယုံရိနှင့် စိုင်းလောင်အာတို့ ကလည်း လက်ထောင်လာကြသည်။ သို့သော် ကျန်းလော့ ထိုငတုံးတွေကို သူနှင့်အတူ ခေါ်မသွားချင်ပေ။
“သွားကြတာပေါ့ … အစ်မကျိုး နဲ့ ယယ်ရွှင်။ ငါတို့သုံးယောက် အတူတူ”
ဝမ်ယမ်လန်က သူ့မေးစေ့ကို လက်ပေါ် တင်ပြီး စဉ်းစားလိုက်ကာ “အဲတာဆိုရင် ငါနဲ့ ခွမ်းကျိန်းက ရွှံ့ထူတဲ့နေရာကို ရှာကြည့်လိုက်မယ်”
သူ နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်ပြီး “ပိုင်ယယ်ဖုန်းက ငါတို့ကို အချက်အလက်တွေ ပေးလာမှတော့ … လက်ဆောင်ကို လက်မခံရင် ငါတို့ ရိုင်းရာ ကျသွားလိမ့်မယ်”
ကျန်းလော့ စိတ်တိုင်းကျစွာဖြင့် ခေါင်း ညိမ့်လိုက်ပြီး သဘောတူလိုက်သည်။
“ငါလည်း အဲလိုထင်တယ်”
လုယုံရိ မေးလိုက်သည် “ငါတို့က ကျတော့ရော”
ကျန်နေရစ်သော ယောက်ျားလေး သုံးယောက်က ကျန်းလော့ကို စိတ်အား ထက်သန်စွာဖြင့် ကြည့်လာခဲ့ကြသည်။
ကျန်းလော့ ပြုံးလိုက်ပြီး “မင်းတို့တွေက ငါ့ကို အရမ်းအရေးကြီးတဲ့ တစ်စုံတစ်ခု ကို ဝိုင်းပြီးတော့ ကူညီပေးကြရမှာ … ငါ့အစားကူညီပြီးတော့ ပြိုင်ပွဲဝင်တိုင်းနဲ့ ဆက်သွယ်ပေး”
“ပိုများလေ ပိုကောင်းလေပဲ”ကျန်းလော့ သူတို့ကို မျက်စိမှိတ်ပြလိုက် သည်။
အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြပြီး ကျန်းလော့တို့ သုံးယောက် ကျောင်းမော်ကွန်းတိုက်ကို အရင်ရှာလိုက်ကြသည်။ သူတို့ ရောက်သွားကြချိန်မှာ လူတွေအများကြီး မော်ကွန်းတိုက်ထဲ ရောက်နှင့်နေပြီ ဖြစ်ပြီး လူတိုင်းက ကြမ်းပြင်ထက်မှာ ဖိုင်တွေ အထပ်လိုက်နှင့် ထိုင်နေကြပြီး ချွေးတလုံးလုံးနှင့် အချက်အလက်တွေ ကို ကြည့်နေခဲ့ကြသည်။
သူတို့တွေ 2012 ခုနှစ်က ဖိုင်တွေသိမ်း ထားသောစင်ရှိရာသို့ လျှောက်သွားလိုက် ကြသည်။ ထိုအပေါ်မှာတင်ထားသော အချက်အလက်တွေ အများစုကို လူတွေ ယူသွားကြပြီပင်။
ပြိုင်ပွဲအကြောင်းကို ကြိုပြီးတော့ သိထား ကြသည့် သူတွေအနေနှင့် ကျန်းလော့တို့ အဖွဲ့က ထိုသူတွေထက်စာရင် နည်းနည်း လေး အခြေအနေ ပိုကောင်းသေး သည်။ ထိုနှစ်က ပျောက်ဆုံးသွားသော ကောင်မလေးရဲ့ နာမည်ကို သူတို့ မသိပေမယ့်လည်း ထိုကောင်မလေးက ဘယ်အခန်းကလဲဆိုတာတော့ သိသည်။
စီနီယာ တတိယနှစ် အခန်း (4)
သူတို့တွေ တတိယနှစ် အခန်း(4) ရဲ့ ဖိုင်ကို ရှာတွေ့လိုက်ပြီး အချက်အလက် တွေကို တစ်ရွက်ချင်းစီ သေချာကြည့် လိုက်ကြသည်။
ကောင်မလေး ပျောက်ဆုံးသွားတဲ့အချိန် မှာ သူ ကျောင်းမပြီးသေး၏ပေ။ ထို့ကြောင့် သူမ ပျောက်ဆုံးသွားသည့် တခဏမှာ သူမရဲ့ ကျောင်းတွင်း မှတ်တမ်းတွေက ဗလာ ဖြစ်နေမှာပင်။ ထိုကဲ့သို့သော အချက်အလက်မျိုးက ရှာရလွယ်ကူသည်။ ထို့ကြောင့် သူတို့ တွေ အချက်အလက်တွေနှင့် ကိုက်ညီ သောသူကို အမြန်ပင် ရှာတွေ့ခဲ့ကြသည်။ သို့သော် အချက်အလက်တွေနှင့် ကိုက်ညီသောသူက နှစ်ယောက်ဖြစ်နေ ခဲ့သည်။
ယယ်ရွှင် တိုးတိုးလေးပြောလိုက်သည်။
“ပထမဆုံးမိန်းကလေး အဲဒီ့နှစ်က ပျောက်သွားပြီးတဲ့နောက်မှာ … နောက်ထပ် မိန်းကလေးတချို့လည်း ဆက်တိုက်ဆိုသလို တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားခဲ့ကြတယ်”
အချက်အလက်တွေနှင့် ကိုက်ညီသော မိန်းကလေးတွေက ဝမ်ရှင်းဟွေ့ နှင့် ဖူယွမ်အာ တို့ဖြစ်သည်။
သူတို့နှစ်ဦး၏ ဓာတ်ပုံတွေက ဖိုင်ထဲမှာ ရှိနေခဲ့သည်။ သူတို့နှစ်ယောက်က ကင်မရာကို ရှက်ပြုံးလေးတွေနှင့် ပြုံးပြီး ကြည့်နေခဲ့ကြသော ဆယ့်ရှစ်နှစ်အရွယ် ပျိုရွယ်နုနယ်သော ပန်းပွင့်လေးတွေ ထက်မပိုပင်။
ကျန်းလော့ သူတို့တွေရဲ့ ပုံပန်းသဏ္ဍန် တွေကို သေချာမှတ်လိုက်ပြီး ဖိုင်နှစ်ခု ကို ယှဉ်ကြည့်လိုက်သည်။
မိန်းကလေးနှစ်ယောက်မှာ တစ်ယောက် က အရင်ပျောက်သွားပြီး တစ်ယောက် က နောက်မှပျောက်တာဖြစ်သည်။ ဖိုင် ထဲမှာ တစ်ယောက်ရဲ့ အချက်အလက် တွေက ကျန်တစ်ယောက်ထက်ပို၍ အချိန်စောကာ ဗလာဖြစ်နေခဲ့မှာပင်။
ကျန်းလော့ သိပ်မကြာလိုက်ခင်မှာပဲ ဖူယွမ်အာက ထိုနှစ်မှာ ပျောက်ဆုံးသွား သော ပထမဆုံးမိန်းကလေးဖြစ်ကြောင်း သိလိုက်ရသည်။
သူ့ရဲ့ ဖုန်းကိုထုတ်လိုက်ပြီး ဖူယွမ်အာ၏ ဓာတ်ပုံကို ရိုက်ယူလိုက်သည်။
ထိုဓာတ်ပုံထဲရှိ ဖူယွမ်အာ၏ပုံစံက နူးညံ့ပြီး တသီးတသန့် နေတတ်တဲ့ပုံ ဖြစ်ပြီး မျက်နှာမှာ တင်းတိပ်အချို့နှင့် ထိုအသက်အရွယ် ဆယ်ကျော်သက် ကောင်လေးတိုင်း၏ အချစ်ဦးဖြစ်နိုင် သော မျက်နှာလေးနှင့်ပင်။
****