အခန်း ၁၈
ပိုင်ယယ်ဖုန်းက ဘားမှာတွေ့ခဲ့ရသော သာမန်လူတွေကို မဟုတ်ပေ။ ဝမ်ယမ်လန်၏ စကားအရဆိုလျှင် ပိုင်ယယ်ဖုန်းက သက်တူရွယ်တူလူငယ် တွေကြားမှာ အရည်အချင်းအရှိဆုံးထဲ က တစ်ယောက်ပင်။ ထိုကဲ့သို့သော သူမျိုးက ချီယုံ ဝင်ပူးတာကိုခံရပြီးတော့ ကြိုးကိုင်ခြယ်လှယ်တာကို ခံရတာ ဖြစ်နိုင်ပါ့မလား။
အပြန်လမ်းတစ်လျှောက်မှာ ဝမ်ယမ်လန် ကို ပိုင်ယယ်ဖုန်းအကြောင်းတွေ ကျန်လော့ တောက်လျှောက်မေးလာ ခဲ့သည်။
“အဲတစ်ယောက်က တကယ်ကို အစွမ်းထက်တာလား”
“တော်တော်လေး အစွမ်းထက်တယ် “
ဝမ်ယမ်လန် ပြောလိုက်သည်။
“သူ့ရဲ့ စွမ်းရည်ထက် ပိုနာမည်ကြီးတာက သူ့ရဲ့ လူမှုဆက်ဆံရေးပဲ”
ဝမ်ယမ်လန် ပြောရင်းနှင့် တန့်သွားခဲ့ သည် ကြည့်ရတာ ကျန်းလော့ ဝမ်းနည်း သွားအောင် လုပ်မိမှာစိုး၍နှင့်တူသည်။
“သူ့မှာ နောက်လိုက်တွေ အများကြီး ရှိတယ် … ပြီးတော့ သူ့ကို ဒုတိယချီယုံ လို့လည်း သတ်မှတ်ထားကြတာ”
ကျန်းလော့ ရယ်မိလုနီးပါး ဖြစ်သွားခဲ့ သည်။ “ဒုတိယချီယုံတဲ့လား”
“အမှန်ပဲ”ကျိုးကျုံးချိုး ပြောလိုက် သည်။ “ပိုင်ယယ်ဖုန်းက လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်ကနေစပြီး ချီယုံ ပုံစံ လိုက်အတုခိုးနေခဲ့တာ။ သူ့ရဲ့ အပြုအမူ တွေနဲ့ ဝတ်ပုံစားပုံတွေက ချီယုံနဲ့ ပိုပိုပြီး တော့ တူလာခဲ့တာ။ ချီယုံ သေတုန်းက သူ့ရဲ့ နာရေးကိုတောင် ပိုင်ယယ်ဖုန်း လာခဲ့ သေးတယ်”
ကျန်းလော့ သတိရသွားခဲ့သည်။
“အဲတာပဲ “
ပိုင်ယယ်ဖုန်း သူ့ကို ပစ်မှတ်ထားရသည့် အကြောင်းရင်းကို သူ ရှာတွေ့သွားခဲ့ ပြီပင်။
ပိုင်ယယ်ဖုန်းက သူလုပ်ကြံပြောခဲ့သည့် အလိမ်အညာတွေကို တစ်နေရာရာကနေ ကြားပြီးတော့ ချီယုံ၏ နောက်လိုက် တစ်ယောက်အနေနှင့် “ချီယုံက သူ့ကို ကြိုက်နေတယ်”ဆိုသည့်အချက်ကြောင့် ပိုင်ယယ်ဖုန်းက သူ့ကို ပစ်မှတ်ထား နေသည်မှာ မဖြစ်နိုင်စရာအကြောင်း မရှိပေ။
အဲလိုသာဆိုရင်တော့ ပိုင်ယယ်ဖုန်းက ချီယုံ ၏ ကြိုးဆွဲရုပ်မဟုတ်လောက်ပေ။
သို့သော် ကြိုတင်ပြင်ဆင်ထားသည့် အနေနှင့် ပိုင်ယယ်ဖုန်း၏ အကြောင်းတွေ ကို နည်းနည်းလောက်ပိုပြီးတော့ စုံစမ်းရန် ကျန်လော့ ဆုံးဖြတ်လိုက် သည်။
သူတို့အုပ်စု ဟိုတယ်ဆီကို ပြန်ခဲ့လိုက် ကြသည်။ ဆရာဝမ်က ပြုံးရွှင်စွာဖြင့် သူတို့ကို ဂုဏ်ပြုပေးဖို့ရာအတွက် စားသောက်ဆိုင်ကို ခေါ်သွားပေးခဲ့ သည်။ ဆရာဝမ်က စားသောက် နေကြရင်း ကျန်းလော့တို့သုံးယောက်၏ ကျောကိုပုတ်ကာ “တော်လိုက်တဲ့ ကလေးတွေ … တော်လိုက်တဲ့ကလေး တွေ… ဒီတစ်ခေါက်တော့ ဆရာတို့ ကျောင်း နာမည်ကြီးပြီ”
စိုင်းလောင်အာကနေစပြီး ချီးမွမ်းစကား ပြောကာ ကျန်းလော့ဆီ လှမ်းလာခဲ့ သည်။ စိုင်းလောင်အာ နှင့် လုယုံရိတို့ နှစ်ယောက်သား ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားကြပြီး “ဒါတွေ အကုန်လုံး ကျန်းလော့ရဲ့ အရည်အချင်းတွေချည်း ပါပဲ ... သူကဦးဆောင်ပြီးတော့ ကျွန်တော်တို့ကို အစီအရင်ချိုးဖောက်ဖို့ ခေါ်သွားပေးခဲ့တာ”
ကျန်းလော့ကို ဆရာဝမ် နှစ်ချက်မျှ ရိုက်လိုက်ပြီး “တော်တယ် … တကယ် တော်တယ်။ အခု ချီယုံ မင်းကို စိတ်ချလက်ချနဲ့ထားပြီး သွားလို့ရပြီ။ ဆန်ကုန်မြေလေးအဖြစ်ကနေ ပြုပြင် ပြောင်းလဲလိုက်တာပဲ … ဆရာတော့ မင်းကို အရမ်းယုံကြည်တယ်”
ကျန်းလော့ တိုးတိုးလေးပြန်ပြောလိုက် သည်။
“……. ဆရာက ဘယ်လိုလုပ်ပြီးတော့ ချီယုံနဲ့ ကျွန်တော့် အကြောင်းကို သိနေရ တာလဲ”
စားပွဲမှာထိုင်ပြီး ကြည့်နေကြသော သူတွေ အကုန် ခေါင်းငုံ့လိုက်ကြသည်။
ကျန်းလော့ ငုံ့ထားကြသော ခေါင်းတွေ ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အတင်းအဖျင်းက တကယ့်ကို မလုံခြုံဆုံး လျို့ဝှက်ချက်ပဲ။ နောက်ထပ် လူဘယ်နှယောက်တောင်မှ ထပ်ပြီးတော့ “ချီယုံက ကျန်းလော့ကို ကြိုက်နေတယ်”ဆိုတဲ့အကြောင်းကို သိနေကြပြီလဲ။
ကျန်းလော့ သူတို့ကိုကျေးဇူးတင်လွန်း၍ သူတို့ တစ်ယောက်ချင်းစီကို ပြေးဖက် ပြီးတော့ “တော်လိုက်ကြတဲ့သူတွေ”ဆိုပြီး အော်ပြောချင်စိတ်တွေ တဖွားဖွား ပေါက်သွားခဲ့ရသည်။
ဂုဏ်ပြုပွဲကျင်းပပြီးနောက်မှာ သူတို့ အနားယူဖို့ ငါးရက်အချိန်ရခဲ့ကြသည်။ သို့သော် ထိုငါးရက်က တကယ်အနားယူ ရတာမဟုတ်ပေ။ နောက်တစ်ဆင့် အတွက် သဲလွန်စကို သူတို့တွေရထား ခဲ့သောကြောင့် သူတို့တွေ အကျိုး အမြတ်ကို ရအောင်ယူကြရမည်ပင်။ ဤငါးရက်အတွင်းမှာ သူတို့တွေ အနည်း ဆုံးတော့ နောက်တစ်ဆင့်ကျင်းပမည့် နေရာကို တွေ့အောင်ရှာပြီး ရှာလို့ရသမျှ အချက်အလက်မှန်သမျှကို တွေ့အောင် ရှာကြရမည်။
2012ခုနှစ်မှာ ကျောင်းဧရိယာကို တိုးချဲ့ ဆောက်လုပ်ခဲ့ကြသော ကျောင်း အရေအတွက်က မသေးပေ။ အထူး သဖြင့် သဲလွန်စတွေက ထိုကျောင်းက မူလတန်းကျောင်းလား ၊ အလယ်တန်း ကျောင်းလား ၊ အထက်တန်း ကျောင်းလား ၊ တက္ကသိုလ်လားဆိုတာကို သေချာ ဖော်ပြမထားခဲ့၍ဖြစ်သည်။ ကျောင်းတွေအများကြီးထဲကနေ နောက်တစ်ဆင့် ကျင်းပမည့်နေရာကို ရှာတွေ့ဖို့ ခက်လိမ့်မည်ဟု ကျန်းလော့ ထင်ခဲ့သည်။ သို့သော် ဝမ်ယမ်လန်နှင့် သူ့ရဲ့အပေါင်းအပါတွေ၏ လုပ်ရည် ကိုင်ရည်က အတော်လေးကို အားရဖို့ ကောင်းပြီး သူတို့တွေ၏ ကြိုးပမ်းမှု ကြောင့် အသုံးဝင်မည့် သဲလွန်စတွေကို ရလာခဲ့ကြသည်။
သုံးရက်ကြာပြီးနောက်မှာတော့ သူတို့ တွေ ပြိုင်ပွဲကျင်းပဖို့ ဖြစ်နိုင်ချေအရှိဆုံး ကျောင်းဆယ်ကျောင်းကို ရွေးထုတ်နိုင် ခဲ့ကြသည်။
ကျောင်းဆယ်ကျောင်း၏ အချက်အလက်တွေကို ကော်ပီရှစ်စုံ ကူးလိုက်ကြသည်။ ထို့နောက် ဝမ်ယမ်လန်က သူတို့ကို ထို အချက်အလက်တွေအား ဖတ်အောင် တစ်ရက်လောက် တွန်းအားပေးခံရပြီး နောက်မှာတော့ မှတ်ဉာဏ်မကောင်းဆုံး လုယုံရိတောင်မှပဲ အချက်အလက်တချို့ ကို မှတ်မိသွားခဲ့သည်။
ကျန်းလော့လည်း ပိုင်ယယ်ဖုန်း၏ အကြောင်းတွေကို တော်တော်သိလာရ သည်။
ပိုင်ယယ်ဖုန်းက အထက်တန်းကျောင်း မတက်ခင်အထိ သာမန်မျှသာဖြစ်သည်။ သို့သော် လွန်ခဲ့တဲ့ငါးနှစ်လောက်ကစပြီး သူ ရုတ်တရက်ဆိုသလို အရည်အချင်း တွေ ထိုးတက်သွားခဲ့ပြီး ချီယုံကို သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ထားခဲ့သည်။ သူ့ရဲ့ အရည်အချင်းနှင့် ကြင်နာတတ်မှု တို့ကြောင့် ပိုင်ယယ်ဖုန်း၏ ဂုဏ်သတင်း မွှေးပျံ့လာခဲ့ပြီး သူ့ရဲ့နောက်လိုက် တွေက ရှန့်ဟိုင်းတက္ကသိုလ်မှာ နေရာ အနှံ့ပင်။
ပိုင်ယယ်ဖုန်း၏ ပတ်ဝန်းကျင်ကလူတွေ ပြောသော သူ့အကြောင်းတွေကိုလည်း ကျန်းလော့ လူလွှတ်ကာ စုံစမ်းမေးမြန်း ခိုင်းခဲ့သည်။ သူတို့ပြောပုံအရဆိုရင် တော့ ပိုင်ယယ်ဖုန်းရဲ့ အကျင့်စရိုက်က ပြောင်းလဲသွားခြင်းလည်း မရှိသလို အရင်တုန်းကအတိုင်းပဲဖြစ်ပြီး ထူးဆန်း တာမျိူးလည်းမရှိပေ။
အချက်အလက်တွေကို ဖတ်ပြီးသွားချိန် မှာ ကျန်းလော့ သူ ချီယုံကြောင့် စိတ်က အရမ်းကို ဆတ်ဆတ်ထိမခံဖြစ်ပြီး အတွေးလွန်နေတာပဲဟု လက်ခံလိုက်ရ သည်။
အကယ်၍ ပိုင်ယယ်ဖုန်းက ချီယုံ၏ ကြိုးဆွဲရုပ်မဟုတ်ခဲ့လျှင် လက်တွေ့ကျ သော ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိသည်။ ထိုဟာကတော့ ပိုင်ယယ်ဖုန်းက အပြင်ပန်းမှာ ကြင်နာတတ်ပြီး စိတ် သဘောထားကတော့ မျက်စိနှင့် မြင်နိုင်သည့် အပ်ထက်ပင် ပိုပြီးတော့ သေးငယ်သည် ဆိုတာပင်။ ချီယုံရဲ့ နောက်လိုက်ပီသပါပေတယ်…ကျန်းလော့ စိတ်ထဲကနေ လှောင်လိုက်သည် …. တကယ် တူကြတယ် နှစ်ယောက်က။
လေးရက်ကြာ ကြိုးစားပမ်းစားလုပ်ပြီး နောက်တစ်နေ့ နေ့လည်ခင်းမှာတော့ အရင်နေ့တွေက ပင်ပန်းခဲ့ရ သော စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပြီး အနားယူဖို့ရာအတွက် ကျန်နေသေးသော အားလပ်ရက်ကို ပျော်ပါးဖို့အတွက် ကျန်းလော့ သူ့ရဲ့ အပေါင်းအသင်းတွေ ကိုခေါ်ပြီး ထွက်လာခဲ့လိုက်သည်။
လုယုံရိက ကျန်းလော့ ပြောခဲ့တာကို မှတ်မိနေသေး၍ ပြောလာခဲ့သည်။
“ဘုရားကျောင်းကို သွားကြရအောင်… ကျန်းလော့ အခုတလော အတော်လေး ကို ကံမကောင်းနေတာ … အိမ်မီးလောင် တယ်…လက်အဆစ်လွဲတယ်.. အခုလည်း ကြည့်လေ ပင့်ကူလူသားအထိပါ”
ပြိုင်ပွဲကိုစီစဉ်သည့်အသင်း ကျားခြေရာ ရွာကို စစ်ဆေးခဲ့သည့်အချိန်တုန်းက သူတို့တွေ ပင့်ကူလူသားကို မတွေ့ ခဲ့ကြဘဲ ကျန်းလော့နှင့် ချီယယ်ကျမှ တိုက်တိုက်ဆိုင်ဆိုင်ကို တွေ့ခဲ့ကြသည် ထိုဟာက ကံမကောင်းတာကိုမဟုတ်ဘဲ တော်တော်လေးကို ကံဆိုးသည့်အဆင့် ပင်။
စင်းကျနေသောမျက်လုံးတွေ နှင့် ကျန်းလော့တစ်ယောက် အိပ်ချင်စိတ်ကို မနည်းဖျောက်ကာ “ယွင်နန်ဘုရား ကျောင်းဟုတ်လား။ ဘယ်ဘုရား ကျောင်းလဲ”
ကောကျူ ပြောလိုက်သည် “ကျင်းယွီ ဘုရားကျောင်း”
ကျင်းယွီဘုရားကျောင်းက ယွင်နန်မှာ နာမည်ကျော်ကြားသော တိဘက် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဖြစ်သည်။ ကောကျူကို ကျန်းလော့ အလိုလို ကြည့်လိုက်မိသည်။ ဗုဒ္ဓဘာသာအယူကို ကိုးကွယ်သော မိသားစုက သားဖြစ်ပြီး ဗုဒ္ဓဘာသာအယူကနေ တာအိုဘာသာ ပြောင်းသွားခဲ့တာပင်။ အခု သူ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို သွားရ တော့မယ်ဆိုတော့ ကောကျူ ရင်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးမနေလောက် ဘူးလား။
သို့သော် သူ ကြည့်လိုက်ချိန်မှာ တာအို ဝတ်စုံကိုဝတ်ထားခဲ့သော ကောကျူက ဘုရားကျောင်းကကျွေးသော ထမင်း အကြောင်းကို ခွမ်းကျိန်းနှင့် အားတက်သရော ဆွေးနွေးနေတာကို တွေ့လိုက်ရသည်။
“သူတို့တွေ ရေငွေ့နဲ့ပေါင်းထားတဲ့ ထမင်းက အရမ်းကိုအနံ့မွှေးတယ်လို့ ငါ ကြားဖူးတယ်။ ငါ အရင်တုန်းက ကျင်းယွီဘုရားကျောင်းကို ရောက်ဖူး တယ်။ ငါ မင်းကိုပြောပြရဦးမယ် … ဘုရားကျောင်းကဟောတဲ့ ရှေ့ဖြစ်ဟော တွေနဲ့ လက္ခဏာဗေဒင်တွေကို မယုံနဲ့ သိလား။ ရောင်းတဲ့သူတွေက အဲဒီ့ ဟောထားတဲ့စာတွေကို သုံးပိုင်းပိုင်းပြီး တော့ တစ်ပိုင်းကို ဆယ်ယွမ်နဲ့ရောင်း လိမ့်မယ်။ တကယ်က သုံးယွမ်ဆိုရင် တောင် ဈေးကမိုးထိုးနေပြီ ….”
ကျန်းလော့ “…..”
သူ မျက်နှာသေဖြင့် အကြည့်တွေကို ပြန်ရုပ်လိုက်ပြီး ယယ်ရွှင်ဘက်ကို ခေါင်း လှည့်ကာပြောလိုက်သည်။
“ရှောင်ဖန်း ငါမင်းကို ဖက်ပါရစေ”
ယယ်ရွှင် သူ့ဆီကို ယုန်ရုပ်ထိုးပေးလာခဲ့ ပြီး ကျန်းလော့ ယုန်လေး၏နားရွက်တွေ ကို နှစ်ကြိမ် ပွတ်သပ်လိုက်သည်။
“ပထမအဆင့်မှာတုန်းက ဘယ်လိုအထူး ကိရိယာကိုမှ ယူခွင့်မရှိလို့ မင်း ရှောင်ဖန်းကို ဟိုတယ်မှာ ထားခဲ့ရတာ မလား… ဒုတိယအဆင့်မှာတော့ မင်း သူ့ကို ခေါ်လာလို့ရပြီမလား”
ယယ်ရွှင် ခေါင်းညိတ်လိုက်သည်။
“ယူလို့ ရပြီ”
သူ့ရဲ့ အိတ်တစ်လုံးနှင့်အပြည့် အဆောင် တွေကို တွေမိပြီး ကျန်းလော့ ပြုံးလိုက် သည်။
“တော်သေးတာပေါ့”
ဘုရားကျောင်းကို တောင်ပေါ်မှာတည် ဆောက်ထားခဲ့ပြီး အကျယ်အဝန်းက ကြီးမားကာ တောင်တန်းအမြင့်နှင့် ရေကန်ကျယ်ကြီးထက်မှာ တည်ရှိနေခဲ့ သည်။ ဘုရားကျောင်းကို အဖြူရောင် နံရံတွေ ၊ ရွှေပြားတွေဖြင့် တည်ဆောက် ထားခဲ့ပြီး တိဘက်မှာရှိသော ပိုတာလာ နန်းတော်ကြီးနှင့်တောင် သွားတူနေခဲ့ သယောင်ယောင်။
သူတို့တွေ ဘုရားကျောင်း၏ ရှုခင်း လှည့်လည်ကြည့်ရှု့သည့် ကားဖြင့် ကျင်းယွီ ဘုရားကျောင်း၏ အောက်ခြေ ရောက်သည်အထိ စီးနင်းသွားလိုက် ကြသည်။ ဘုရားကျောင်းပေါ်သို့ တက်ရသော လှေကားအုံ၏အမြင့်က အထပ်200လောက်ထိကို မြင့်သည်။ သူတို့တွေ အနားမယူဘဲ အပေါ်ထိ ရောက်အောင် တစ်ခါတည်းတက်ပါက သူတို့တွေ အမြင့်ကြောင့် အန်ချင်သလို လိုတွေ ဖြစ်မှာစိုးရိမ်ရသည် ထို့ကြောင့် သူတို့အုပ်စု တစ်ခါတည်းမတက်ဘဲ နားလိုက် ၊ရယ်လိုက် ၊ ဟာသတွေ လုပ်လိုက်ကြနှင့် စကားတပြောပြောဖြင့် ဘုရားကျောင်းဆီ ရောက်လာခဲ့ကြ သည်။
ကျိုးကျုံးချိုးက ဘုရားကျောင်း၏ ဘုန်းတော်ကြီးနှင့် တော်တော်လေး ရင်းနှီးသည် ထို့ကြောင့် သူမနှင့် ကောကျူတို့ သွားရောက် နှုတ်ဆက် လိုက်ကြသည်။ ကျန်းလော့နှင့် ကျန်တဲ့ သူတွေကတော့ ဘုရားကျောင်းကို အေးအေးဆေးဆေး ပတ်ကြည့်လိုက် ကြသည်။ လုယုံရိက ကျန်းလော့ကို ပိုက်ဆံတွေ အများကြီး လှူခိုင်းပြီးတော့ “မင်းရဲ့ နှလုံးသားက မစစ်မှန်ရင်တောင် မှပဲ ပိုက်ဆံကတော့ စစ်မှန်တယ် … ဒါကြောင့်မို့ မင်းရဲ့ ရိုသေမှုကို လာပြီးတော့ ပြလိုက်”
ကျန်းလော့ ဒီလိုအရာတွေကို အရင်တုန်း က ယုံကြည်မှုမရှိခဲ့ပေ သို့သော် ဝိညာဉ် တွေ နတ်ဘုရားတွေနှင့် ပြည့်နှက်နေ သည့် ဤကမ္ဘာထဲကို ကူးပြောင်းလာရ ပြီးနောက်မှာတော့ ဗုဒ္ဓနှင့် ထိုနတ်ဘုရား တွေအပေါ် ရိုသေလေးစားမှု အနည်းငယ်တော့ ရှိလာခဲ့သည်။
သူ့ရဲ့ အဖော်တွေလုပ်သလို လိုက်လုပ်ပြီး ဝတ်ပြုသောဖျာပေါ် ဒူးထောက်ကာ ဗုဒ္ဓဘုရားရှင်ကို ရှိခိုး ပူဇော်ရသောပုံစံဖြင့် ဦးညွတ်လိုက် သည်။ သူ စိတ်ထဲကနေ တွေးလိုက်မိ သည် … အများကြီးမတောင်းဆိုပါဘူး… ချီယုံ သေသွားရင်ကို ရပါပြီ။
သူတို့တွေ တောင်ပေါ်မှာ နှစ်နာရီလောက် အချိန်ဖြုန်းပြီးနောက် တောင်အောက်ကို ဆင်းကာ တိဘက်ဘုရားကျောင်း ခရီးသွားအေဂျင်စီကို ညစာစားရန် အတွက် ရှာလိုက်ကြပြီး ထို့နောက် မှာတော့ ဟိုတယ်ဆီ ပြန်လာခဲ့ လိုက်ကြသည်။
ညနေခင်းနှောင်းပိုင်းမှာတော့ ကျန်းလော့ ရေချိုးခန်းထဲမှာ ရေချိုးနေ သည့်အချိန် အခန်းတံခါးဆီကနေ ခေါက်သံ ကြားလိုက်ရပြီး တခဏအကြာမှာတော့ လုယုံရိက ရေချိုးခန်းတံခါးဆီ ပြေးလာ ခဲ့ပြီ “ကျန်းလော့ …. မင်းကို တွေ့ဖို့တဲ့ လူတစ်ယောက်ရောက်နေတယ်
“ဘယ်သူလဲ”
“ဖုန်းမိသားစုက လူပဲ”လုယုံရိ အသံ တိုးလိုက်ပြီး “လူကြီးမင်းဖုန်းက မင်းကို တွေ့ချင်လို့တဲ့”
လူကြီးမင်းဖုန်းက သေချာပေါက် ဖုန်းလီပင်။
ကျန်းလော့ သူ့မျက်နှာကို သုတ်လိုက်ပြီး မျက်လုံးတွေကို ဖွင့်ကာ ခဏလောက် စဉ်းစားလိုက်သည်။
“ငါ့ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲဆိုတာ ကိုရော ပြောသေးလား”
လုယုံရိ ဖြေလိုက်သည် “ဘာမှမပြော ဘူး… လူကြီးမင်းဖုန်းက မင်းကို တွေ့ချင်နေတယ်လို့ပဲ ပြောတာ”
ကျန်းလော့ သူ့လက်ပေါ်က ယင်ယန် လက်ကောက်ကိုထိလိုက်သည်။ ဖုန်းလီ က သူ့ကို ဘာအတွက်နဲ့ တွေ့ချင်ရတာ လဲ။
သူ ဒီပထမပွဲစဉ်တုန်းက ဘာမှထူးထူး ခြားခြား လုပ်ပြခဲ့တာမျိုးမရှိပေ … ပထမနေရာကို ရအောင်ယူခဲ့တာက လွဲလို့ပေါ့။
ကျန်းလော့ တခဏလောက် တွေးတော ပြီးနောက်မှာ ပြန်ပြောလိုက်သည်။
“သူ့ကို ပြန်သွားခိုင်းလိုက်ပြီး ငါ့အတွက် တောင်းပန်စကား ပြောပေးလိုက်ပါ။ ပြီးတော့ သူ့ကို ပြောလိုက် … ငါအခု လူကြီးမင်းဖုန်းနဲ့ လာတွေ့ဖို့ အဆင် မပြေသေးဘူးလို့”
လုယုံရိ ထိုအတိုင်းပြန်ဖြေဖို့ ထွက်သွား လိုက်သည်။
…
ဖုန်းလီက “နတ်ဆိုး”စာအုပ်ထဲက အဓိက ဇာတ်လိုက်ဖြစ်ပြီး …ချီယုံနှင့် တွဲပေးလို့ရသော ထိုသူကို ကျန်းလော့ အထင်မသေးရဲပေ။
ဖုန်းလီက အလွန်ပင်အင်အားကြီးသည် နောက်ပြီး သူ ချီယုံနှင့်ပူးပေါင်းပြီး ချီယုံကို ပိုပြီးအင်အားကြီးလာအောင် လုပ်ပေးမှာကို ကျန်းလော့ ဒီတိုင်းရပ်ပြီး တော့ ကြည့်မနေနိုင်ပေ။ သို့သော် ဖုန်းလီ၏ ပင်ကိုစရိုက်ကို သေချာမသိရ မချင်းတော့ ကျန်းလော့ သူနှင့် မတွေ့ ချင်သေးပေ။
ပိုပြီးအရေးကြီးတာက ကျန်းလော့ သူ အပြင်ထွက်ပြီး လျှောက်လည်ခဲ့တာ ကြောင့် ပင်ပန်းနေပြီဖြစ်သည်။ သူက ကိုယ့်အတွက်ကိုယ် အရင်ကြည့်တဲ့သူ ဖြစ်သည်။ သူရေချိုးပြီးသည်နှင့် အိပ်ရာထဲ တန်းဝင်ချင်ပြီဖြစ်ကာ ဇာတ်ရှုပ်သောလူတွေနှင့် ထပ်ပြီးတော့ မဆက်ဆံချင်တော့ပေ။
ကျန်းလော့၏ ငြင်းဆိုခြင်းကို ခံလိုက်ရ သော ဖုန်းမိသားစု၏ တပည့်က ငါးထပ် မြောက်ကို တက်သွားလိုက်ပြီး ဖုန်းလီ၏ အခန်းတံခါးကို ခေါက်လိုက်သည်။ အထဲကနေ တည်ငြိမ်သောအသံတစ်သံ ထွက်လာခဲ့သည်။
“ဝင်ခဲ့ပါ”
ဖုန်းလီ သူ့ကို လှည့်တောင်မကြည့်ဘဲ သူ့ခေါင်းနောက်မှာ မျက်လုံးတွေ ရှိနေ သည့်အလား ဂရုမစိုက်ဟန်ဖြင့် ပြောလာ ခဲ့သည်။
“ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူးလား”
ဖုန်းမိသားစု၏ တပည့်ဖြစ်သူ ချုပ်ထိန်း ၍ ပြောလိုက်သည်။
“လူကြီးမင်းခင်ဗျာ … ကျန်းလော့က သူက လူကြီးမင်းနဲ့ အခုလာတွေ့ဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်”
ဖုန်းလီ လက်ချောင်းတွေ ကိုင်ထားတာ ကို လွှတ်လိုက်ပြီး သူ့တပည့်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။
သူ့မျက်လုံးတွေက အရောင်ဖျော့ပြီး လောကကြီးရဲ့ မှုန်မှိူင်းမှုတွေ ပူလောင်မှု တွေက သူ့မျက်လုံးတွေထဲကို တစ်ကြိမ် တစ်ခါမျှ ဖြတ်သန်းသွားဖူးခြင်းမျိုး မရှိသည့်အလား သို့သော် ထိုမျက်လုံး တွေက ပေးစွမ်းလာသော ဖိနှိပ်သည့် စွမ်းအင်တွေက လူတွေကို ခေါင်း မထောင်ရဲအောင်ထိ လေးလံနေခဲ့သည်။ တပည့်ဖြစ်သူ ကြောက်၍ တုန်နေချိန်မှာ ဖုန်းလီ သူ့ရဲ့စစ်တုရင်နယ်ရုပ်လေးကို အောက်ချလိုက်ပြီး သူ့ကိုယ်သူ တီးတိုး ပြောလိုက်သည်။
“အဆင်မပြေသေးဘူးတဲ့လား”
ကျိုးကျန်းယွီ အော်ရယ်လိုက်ပြီး “ဖုန်းလီ … မင်းက အရမ်းကို ခေတ် နောက်ကျလွန်းနေပြီ။ အခုခေတ်လူငယ် တွေက မင်းခေါ်တာကို တစ်နေကုန် စောင့်ဖို့နေနေသာသာ သူတို့ဘာသာသူတို့ တောင် ပျော်ပါးနေရတာနဲ့ အချိန် မလောက်ဘူး။ မင်း တစ်ယောက် ယောက်ကို တွေ့ချင်တာများ … ငါ့ကို ကြိုပြီးတော့ ပြောထားတာ မဟုတ်ဘူး”
“ကိစ္စမရှိပါဘူး “ဖုန်းလီ အသံ အနေအထား ပြောင်းလဲသွားခြင်းမရှိဘဲ ကျားကွက်ကို ပြန်ကြည့်ကာ ပြောလိုက် သည်။
“အဆင်မပြေဘူးဆိုရင်လည်း … အဆင် မပြေဘူးပေါ့ … ထားလိုက်တော့”
ကျိုးကျန်းယွီက သူရှုံးတော့မယ်ဆိုတာ ကို ကြိုသိနေခဲ့၍ ညစ်ဖို့အခွင့်အရေး ရှာလိုက်ပြီး နယ်ရုပ်တွေကို အဝေးပို့ပစ် ကာ နောက်တစ်ဆင့်ကျင်းပမည့်နေရာ မြေပုံကို ထုတ်လိုက်သည်။
“ဒါဆိုလည်း အလုပ်ကိစ္စပဲ ပြောကြရ အောင်ပါ … ငါတို့တွေ ကျောင်းသားတွေ ကို ဘယ်နေရာပို့ရမလဲဆိုတာ မဆုံးဖြတ် ရသေးဘူးလေ”
ဖုန်းလီ မြေပုံကိုကြည့်လိုက်ပြီး ဘေးနား မှုရှိနေသော ကျောင်းသားတွေ၏ စာရင်းကို မွှေနှောက်ရှာကာ စာရွက် တစ်ရွက်ကို ထုတ်လိုက်ပြီး မြေပုံ၏ အန္တရာယ်အများဆုံးသောနေရာမှာ ထားလိုက်သည်။
ကျိုးကျန်းယွီ လှမ်းကြည့်လိုက်တော့ စာရွက်မှာ “ကျန်းလော့ “ဟု ရေးထား တာကို တွေ့လိုက်ရသည်။
သူ ဖုန်းလီကို ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။
“မင်းက တော်တော်လေးကို အငြိုးထား တတ်တာပဲ။ ကလေးက မင်းကို လာတွေ့ဖို့ ငြင်းတာနဲ့ပဲ … အန္တရာယ် အများဆုံးနေရာကို ကလေးကို ပို့ပစ် တယ်တဲ့လား”
သို့သော် အန္တရာယ်အများဆုံးနေရာ ဖြစ်လေလေ ဆုလာဘ်က မြင့်မားလေ လေပင်။ ကျိုးကျန်းယွီ တွေးတော လိုက်ပြီးနောက် သူ့သမီးဖြစ်သူ၏ နာမည်ကို စာရင်းထဲထည့်လိုက်သည်။
****