အခန်း ၁၆ မင်္ဂလာညချမ်းပါ။
ယခုကဲ့သို့သော အခြေအနေမျိုးမှာ ကျန်းလော့ ရုတ်တရက် ခေါင်းကိုက် လာတာကိုပဲ ခံစားမိသည်။
သူ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး သူ့ လက်ထဲက ဓားမြှောင်ဖြင့် ပင့်ကူမျှင် တွေကို အမှောင်ထဲမှာ ဖြတ်တောက် နေရင်း ပင့်ကူလူသား၏ လှုပ်ရှားမှုတွေ ကို မျက်တောင်မခတ်ဘဲ လိုက်ကြည့် နေလိုက်သည်။ သူ့ရဲ့ အာရုံကြောတွေ အားလုံး အန္တရာယ်နှင့် ကြုံတွေ့နေပြီ ဆိုသော အသိဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ဘယ်လိုလုပ်ပြီးတော့ သေရာကနေ ပြန်ရှင်လာတာလဲ။ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ အသက်ကတော့ တစ်ခုတည်းပင်။ သူ့ရဲ့ အလိုလိုသိစိတ် ကနေ ကျန်းလော့ကို ပြောနေခဲ့သည် ထိုပင့်ကူလူသားက အခု ချီယုံ၏ ကြိုးဆွဲရုပ် ဖြစ်သွားပြီဆိုပြီး။
ဒါမှမဟုတ် ချီယုံ ဝင်ပူးလိုက်ပြီဆိုပြီး တော့ပေါ့။
ဘယ်ဟာပဲဖြစ်ဖြစ် ထိုဟာက သောက်ရမ်း အဆိုးရွားဆုံးပင်။
ချီယုံက ပင့်ကူလူသားထက် မီလီယံနှင့် ချီပြီးတော့ကို အဆပေါင်းများစွာ အန္တရာယ်များသည်။ လွန်ခဲ့သည့် တစ်လတုန်းက ချီယုံကို ကျန်းလော့ နှိပ်စက်ခဲ့သည့် အခု နောက်တစ်လ အကြာမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ချီယုံရဲ့လက်ထဲမှာ သူ နောက်တစ်ကြိမ် ကျရောက်သွားခဲ့ ပြီပင်။
ကျန်းလော့ နောက်တစ်ကြိမ်ထပ်ပြီး စိတ်မထိန်းနိုင် ဖြစ်သွားခဲ့သည်။
“သေလိုက်ပါတော့”
သူ့လက်အရှိန်တွေ မြန်သထက်မြန်လာခဲ့ ပြီး ပင့်ကူလူသားက သူရှိတဲ့နေရာဆီ တရွေ့ရွေ့နှင့် တက်လာနေခဲ့သည်။ ပင့်ကူ၏ ခြေထောက်ရှစ်ချောင်းက အနက်နှင့် အဝါရောင်အမွှေးတွေ ဖုံးလွှမ်း ကာ ကြည့်ရတာ ကြောက်ဖို့ကောင်းနေခဲ့ ပေမယ့် ပင့်ကူကြီးကတော့ ကြော့ကြော့ မော့မော့ဖြင့် လှမ်းလာနေခဲ့သည်။
ပင့်ကူကြီးလျှောက်လာသည့် ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းက ကြိုးတန်းပေါ် မှာ လျှောက်နေသည့်အလား တခြားသူ တွေကို ထိတ်လန့်စေပြီး အချိန်မရွေး သေနိုင်သည့်ခံစားချက်ကို ပေးစွမ်းနေခဲ့ သည်။
ချီယယ် ဘေးနားကနေ တတွတ်တွတ် ပြောနေမိသည်။
“အဲတာကြီးက အသက်ရှိနေတယ် … ဘယ်လိုလုပ်ပြီး အသက်ရှိနေရတာလဲ။ သူ သေသွားပြီး မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြန်ရှင်လာရတာလဲ”
ကျန်းလော့ သူ့ဘာသာသူတွေးလိုက်မိ သည်။
“လူသားတွေရဲ့သဘာဝကိုက ထပ်ခါ ထပ်ခါ ပြောတတ်ကြတာပါလား”
ချီယယ်တွေးနေသည့် သောက်ရေးမပါ သော ပြဿနာကိုတွေးနေဖို့ သူ့မှာ အချန် မရှိချေ။ကျန်းလော့ သူ့ကိုယ်သူ ပင့်ကူမျှင်တွေကနေ လွတ်အောင်ရုန်းဖို့ ကြိုးပမ်းနေခဲ့ပြီး ချွေးတွေက သူ့ နဖူးထောင့်တွေကနေ စီးကျနေခဲ့သည်။
ပင့်ကူလူသား၏ ကိုယ်ပေါ်ရှိ သွေးတွေး က ပင့်ကူမျှင်ပေါ် ကျလာခဲ့ပြီး ပင့်ကူမျှင် တွေပေါ်ကနေ ဖြည်းဖြည်းချင်း စေးကပ်ကပ်အမျှင်တန်းကြီးတွေအဖြစ် စီးကျလာခဲ့သည်။ ပင့်ကူလူသား သူ့ အနားကို ရောက်မလာခင်လေးမှာ ကျန်းလော့ သူ့ရဲ့ ညာဘက်လက်မောင်း ကို လွတ်မြောက်သွားအောင် လုပ်လိုက် နိုင်ပေမယ့် သူ ထထိုင်တော့မည့် အချိန်မှာပဲ ပင့်ကူ မျှင်အသစ်တစ်မျှင်က ကောင်းကက်ပေါ်ကနေ ပြုတ်ကျလာပြီး သူ့ကို ပြန်ဖိချသွားခဲ့သည်။
ကျန်းလော့ “.......”သူ ပင့်ကူလူသားကို မီးဝင်းဝင်းတောက်နေသည့် မျက်လုံးတွေ ဖြင့် ကြည့်လိုက်သည်။
ထိုနှာဘူးကောင် ချီယုံ ဘာစဉ်းစားနေ သလဲဆိုတာကို ကျန်းလော့ တွေးကြည့် လို့ရသည်။ ကျန်းလော့ရဲ့ ထွက်ပြေးဖို့ ကြိုးပမ်းမှုကို သူ သေချာပေါက်ကို မြင်ခဲ့ရမည် သို့သော် ရွံစရာကောင်း အောင်ပင် ကျန်းလော့ကို မတားဆီး ခဲ့ချေ။ ကျန်းလော့ အောင်မြင်ဖို့အတွက် မျှော်လင့်ချက်တွေရှိလာသည့်အခါမှ ထို မျှော်လင့်ချက်ကို တစ်စစီ ရိုက်ချိုးပစ်ခဲ့ သည်။
ထိုဟာက ချီယုံ၏ ပုံစံပင်။
ကျန်းလော့၏ ဒေါသထွက်နေသည့် အကြည့်တွေအောက်မှာ ပင့်ကူလူသားက သူ့ရဲ့ သွေးချင်းချင်းနီနေသော လက်ဖြင့် ကျန်းလော့မျက်နှာကို ထိတွေ့လာခဲ့ သည်။ ချီယုံ ခန္ဓာပေါ်ရှိ သွေးနံ့က ညှီနံ့နံ ပြီး စေးကပ်သည်။ ကျန်းလော့ မျက်နှာ ကို တစ်ဖက်လှည့်ဖို့ ကြိုးပမ်းလိုက်ပြီး သူ့ရဲ့ မေးရိုးတွေက ဒေါသကြောင့် ထင်း ထွက်နေခဲ့သည်။
စိမ်းပုပ်ရောင်သွေးတွေကို ကျန်းလော့ မျက်နှာနှင့် လည်ပင်းဆီ တမင်သုတ်လိမ်း လာခဲ့သည်။ အနက်ရောင်ဆံနွယ်နှင့် ကောင်လေး ရှောင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပေမယ့် သူထိုသို့လုပ်လေလေ ညှီနံ့ကြီးက ပိုပြင်းလာလေလေပင်။ ကျန်းလော့ နောက်ဆုံးမှာတော့ လက်လျော့လိုက်သည်။ သူ မျက်နှာထား မှုန်တေတေဖြင့် သူ့ကို လုပ်ချင်သလို လုပ်နေသော ပင့်ကူလူသားကို စိုက်ကြည့်လိုက်သည်။
မကောင်းဆိုးဝါးအကောင်က ပင့်ကူလူသားကို ဘာကိစ္စ ကြိုးကိုင်လိုက် သလဲဆိုတာ ကျန်းလော့ သိနှင့်ပြီးသား ပင်။
သူ့ကို အော်ကလီ ဆန်အောင်လုပ်ဖို့ တမင်သက်သက်လာခြင်းပင်။
ချီယယ် ဘေးဘက်ကနေ မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။
“ပင့်ကူလူသား … မင်း သတ္တိရှိရင် ငါ့ဆီ လာလိုက်စမ်းပါ”
ပင့်ကူမျှင်တစ်မျှင်က ကောင်းကင်ပေါ် ကနေ ပြုတ်ကျလာပြီး ချီယယ်ကို ပိုးတုံးလုံးနှင့် တူအောင် ရစ်ပတ်လိုက် သည်။
ကျန်းလော့ သူ့မျက်လုံးတွေကို ဖွင့်လိုက် သည်။
သူ ပင့်ကူလူသားကို စိုက်ကြည့်လိုက်ပေ မယ့် လွန်ခဲ့တဲ့တစ်လတုန်းက သူ့ကြောင့် ဒဏ်ရာရသွားခဲ့သော ချီယုံက အချိန်တို အတွင်းမှာ ပြန်ကောင်းလာခဲ့တာကိုပဲ တွေ့လိုက်ရသည်။ သေခြင်းတရားက ချီယုံကို အားနည်းမသွားစေဘဲ အချုပ် အနှောင်တွေကနေ ချီယုံကို လွှတ်ပေး လိုက်သလိုဖြစ်သွားပြီး သူ့ရဲ့ စွမ်းအား တွေကို ပိုပြီးတော့တောင် တိုးလာစေနေ တယ်လို့ ကျန်းလော့ ဘာလို့များ ခံစားနေရတာပါလိမ့်။
ကျန်းလော့ရဲ့ လှပပြီးသန့်ရှင်းသော မျက်နှာနှင့် လည်တိုင်လေးထက်မှာ စိမ်းပုပ်ရောင်အရည်တွေနှင့် ခြယ်မှုန်း ခြင်းခံထားရသော ကင်းဗက်တစ်စ အလား သွေးတွေ များသထက်များလာခဲ့ သည်။ သူ့ နှုတ်ခမ်းတွေကို တင်းကျပ်နေ အောင်စေ့ထားခဲ့သည်။ ပင့်ကူလူသား၏ အကြည့်တွေက တင်းတင်းစေ့ထားသော နှုတ်ခမ်းပေါ် ရောက်လာခဲ့ပြီး သဘော ကျသွားသော အရိပ်အယောင်တစ်မျိုးက သူ၏ အဆုံးမရှိအောင် မည်းနက်နေသော မျက်လုံးတွေထဲမှာ ဖြတ်ပြေးသွားခဲ့ သည်။
ချီးပဲ။
ချီယုံရဲ့ နောက်လုပ်လာမည့်လှုပ်ရှားမှုကို ကျန်းလော့ ခန့်မှန်းလို့ရလုနီးပါးပင်။
သူ အရင်လက်ဦးမှု ရယူလိုက်သည်။ ပင့်ကူလူသား၏ လက်ချောင်းက သူ့ နှုတ်ခမ်းတွေကို မထိခင်လေးမှာပဲ သူ ပါးစပ်ကိုဟပြီး ပင့်ကူလူသား၏ လက်ချောင်းတွေထဲက တစ်ချောင်းကို အားပြင်းပြင်းဖြင့် ကိုက်ဖြတ်ပစ်လိုက် သည်။
သွေး၏ အရသာက အရမ်းကိုဆိုးရွား သည် ကျောင်းကန်တင်းက အစားအသောက် တွေထက်တောင် ပိုပြီးတော့ပေါ့။
ကျန်းလော့ သူ့ရဲ့ အန်ချင်စိတ်ကို ထိန်း လိုက်ပြီး ပင့်ကူလူသားကို ရန်စသလို ပြုံးပြလိုက်ပြီးမှ သူ့ရဲ့ လက်ချောင်းနှင့် အစိမ်းရောင် သွေးတွေကို ထွေးထုတ်ပစ် လိုက်သည်။
ပင့်ကူလူသားက သူ့ကိုစိုက်ကြည့်လာ ခဲ့သည်။
ထိုအကြည့် ကျန်းလော့ကို သိပ်မကြာ သေးခင် က စောင့်ကြည့်ခံနေရသည့် ခံစားချက်ကို ပြန်အမှတ်ရလာစေသည်။
“မင်းရဲ့ သွေးအနံ့က အရမ်း အရမ်းကို ဆိုးတာပဲ”
ဒေါသထွက်ရမည့်အစား ပင့်ကူလူသား က ကျန်းလော့၏ နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်သည်။ တကယ့် ပင့်ကူလူသားအလား နိမိတ်မကောင်း သော အပြုံးကို ပြုံးလာခဲ့ပြီး “မင်းက ငါ့ဥတွေကို ဖောက်ဖို့ရာအတွက် အသင့်တော်ဆုံးပဲ”
သူ့ရဲ့အသံက ကျီးကန်တစ်ကောင် လည်မြိုကိုညစ်ပြီး စကားပြောနေ သကဲ့သို့ နားထဲကြားရခက်သော အသံပြာပြာစူးစူးကြီး ဖြစ်နေခဲ့သည်။
အကျဉ်းတန်သော ပင့်ကူမကောင်းဆိုးဝါး နှင့် အလှလေးတို့၏ တစ်မူကွဲထွက်နေ သော မြင်ကွင်းက စိတ်ထဲမသိုးမသန့် ဖြစ်ပြီး အကြည့်လွှဲရလောက်အောင်ပင် မဆီအငေါ်မတည့်သော အလှတရားကို ပေးစွမ်းနေခဲ့သည်။
ကျန်းလော့ရဲ့ မျက်နှာ ပျက်သွားခဲ့သည်။
ပင့်ကူ၏လက်ကြီးက ကျန်းလော့၏ ဝမ်းဗိုက်ဆီ ဆင်းသက်လာခဲ့ပြီး သူ တိုးတိုးညင်းညင်းနှင့် ညည်းနေသော သီချင်းသံစဉ်က သူ့အသံ၏ ကြမ်းတမ်းမှု အောက်မှာ သဲသဲကွဲကွဲ မကြားရတော့ပဲ ပျက်ရယ်ပြုနေသကဲ့သို့ ဖြစ်လာခဲ့သည်။
ထိုဟာကြီးက ပျော်ပျော်ကြီးပြောလာခဲ့ သည်။
“ငါ့ရဲ့ ဥတွေက မင်းရဲ့ခန္ဓာကိုယ်ထဲကို တစ်လုံးပြီးတစ်လုံး ဝင်သွားလိမ့်မယ်”
“သူတို့ထဲက အနည်းငယ်ပဲ အသက်ရှင် ကြလိမ့်မယ်။ ကံကောင်းတဲ့အကောင် လေးတွေက ဟောဒီ့နေရာ ဟောဒီ့နေရာ တွေမှာ ကြီးထွားလာကြလိမ့်မယ်”
ပင့်ကူလူသား၏ ရှည်လျားသော လက်ခလည်က ကျန်းလော့၏ဝမ်းဗိုက် ကို စက်ဝိုင်းပုံစံပတ်လိုက်ပြီးမှ တဖြည်း ဖြည်းနှင့် အထက်ကို တက်လာခဲ့သည်။
“မင်းရဲ့ အထဲက အူကလီစာတွေ အကုန်လုံးကိုစားပြီးတော့ ဗိုက်ကို ဖောက်ပြီး ထွက်မလာကြခင်အထိပေါ့”
“အဲဒီ့ ပုံစံလေးက အရမ်းကိုလှလောက် မှာပဲ “ထိုဟာကြီးက ပြောလာခဲ့သည် “ဟုတ်တယ်မလား”
ကျန်းလော့ ရုတ်တရက် ထပြုံးလိုက် သည်။
“မင်းက ငါ့အထဲကို ဥတွေ ဘယ်လိုထည့် မှာလဲ”
ပင့်ကူလူသားက ဂရုမစိုက်ဟန်ဖြင့် ပြောလာခဲ့သည်။
“သေချာပေါက် မင်းရဲ့အသွေးအသားကို ခွဲပြီးတော့ ဥတွေ ထည့်ရမှာပေါ့”
“ဒါပေမယ့် အဲဒီ့နည်းလမ်းက အရမ်း ပျင်းစရာကောင်းသလားလို့” ကျန်းလော့ မချင့်မရဲဖြစ်စရာ လျို့ဝှက်ချက်တစ်ခုကို ပြောနေသကဲ့သို့ သူ့ အသံကိုတိုးလိုက် သည်။
“ မင်း သိချင်လား …ငါ့အထဲကို ဥတွေထည့်လို့ရတဲ့ တခြားနည်းလမ်းကို”
ပင့်ကူလူသားက သူ့ကို စိတ်ဝင်စားစွာ ဖြင့် ကြည့်လာခဲ့သည်။
“ငါ ဘာလုပ်လို့ရသေးလဲ”
ကျန်းလော့ ပြောလိုက်သည်။
“အရင်းဆုံး မင်းငါ့ကို ဒီသောက်ရေးမပါ တဲ့ ပင့်ကူအိမ်ကြီးကနေ လွှတ်ပေးဖို့ လိုတယ်”
ပင့်ကူလူသားက ကျန်းလော့ ဘာ ဆက်လုပ်ဖို့ ကြံရွယ်နေသလဲဟု တွေးတောနေသည့်အလား သူ့ကို ခဏလောက် စိုက်ကြည့်လာခဲ့သည်။ ထို့နောက် ပျော်စေပြက်စေသဘော ရယ်လိုက်ပေမယ့် ကျန်းလော့၏ နောက်ကျောမှာ ကပ်နေခဲ့သော ပင့်ကူမျှင်တွေကို ဖြတ်ပေးလာခဲ့သည်။
ကျန်းလော့ မရမကထထိုင်လိုက်သည်။ ပင့်ကူမျှင်တွေက သူ့ခန္ဓာကိုယ်အရှေ့ပိုင်း မှာ ကပ်ညှိနေဆဲဖြစ်ပြီး သူ့ရဲ့ လက်မောင်းတွေနှင့် ရင်ဘတ်ကို ခိုင်ခိုင် မြဲမြဲ တုပ်နှောင်ထားဆဲပင်။ ကျန်းလော့ ပြောလိုက်သည်။
“ငါ့ရဲ့ နည်းလမ်းက …..”
နောက်ဆုံးသောစကားလုံးတွေက လေနှင့်အတူ ညင်သာစွာ မျောလွင့်သွား ခဲ့သည်။
ပင့်ကူလူသား “ဟမ်”
ထိုဟာကြီးက နီးကပ်အောင် တိုးလာခဲ့ သည်။
သို့သော် လက်တွေတုပ်နှောင်ခံထားရဆဲ ဖြစ်သော ကျန်းလော့က ရုတ်တရက်ကြီး ပင့်ကူလူသားဆီ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့ပြီး သူ ခုဏတုန်းက ထွက်ပြေးခဲ့သော ပင့်ကူအိမ် အပေါက်ကနေ နှစ်ဦးစလုံး အတူတူ ပြုတ်ကျသွား ခဲ့တော့သည်။
ပင့်ကူလူသားက မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျသွားခဲ့ပြီး ကျန်းလော့ကတော့ သူ့အပေါ်မှာပင်။ ကျန်းလော့ ပင့်ကူ လူသား၏ ရင်ဘတ်ပေါ်ခွထိုင်ရင်းနှင့် သရော်ပြုံးပြလိုက်ပြီး မတ်တပ်ထရပ် ကာ ပင့်ကူလူသားကို ခြေထောက်ဖြင့် အားပါပါ ဆောင့်နင်းပစ်လိုက်သည်။
“ငရဲသွားလိုက်တော့”
ကြမ်းကြမ်းတမ်းတမ်း ပြောပြီးနောက်မှာ သူ ဒရုန်းတွေရှိရာဆီ လှည့်ထွက်ပြီး ပြေးသွားလိုက်သည်။
ကျန်းလော့ သူ့ဘဝမှာ အမြန်ဆုံးသော အရှိန်ဖြင့် ပြေးနိုင်သမျှ မြန်မြန်ပြေးခဲ့ သည်။ သူ တစ်ခဏလေးတောင် မနားဘဲ သူ့ကိုယ်ပေါ်က ပင့်ကူမျှင်တွေကို ဓားမြှောင်ဖြင့် ဖြတ်လိုက်သည်။ သူ ခြေလှမ်းအနည်းငယ်တောင် ထပ်မပြေး ရသေးခင်မှာပဲ သူ့အနောက်ကနေ လေတိုးသံကို ကြားလိုက်ရသည်။
သူ ဘေးတိုက်ကြည့်လိုက်ချိန်မှာတော့ ပင့်ကုလူသားက သစ်ပင်တွေကို ဖြတ်ပြီး တော့ သူ့နောက်ကို အရှိန်ဖြင့် ပြေးလိုက် လာတာကို တွေ့လိုက်ရသည်။ တစ်ချက် ကြည့်ရုံမျှနှင့်ပင် ပင်ကူလူသားက ကျန်းလော့ထံ မီတာအနည်းငယ် ထပ် နီးစပ်လာခဲ့သည်။
ဒရုန်းတွေ … ဒရုန်းတွေ။
ကျန်းလော့၏ နားတွေထဲမှာ လေတိုးသံ က ထိုးဖောက်သွားခဲ့ပြီး ကျန်းလော့ မသိစိတ်ကနေ လှိမ့်ချပစ်လိုက်မိရာ ရွှံ့အိုင်ထဲသို့ တည့်တည့်ကျသွားတော့ သည်။ သူ ရွှံ့အိုင်ထဲကနေ ထွက်လာဖို့ ကြိုးပမ်းပြီးချိန်မှာတော့ သူ ပါ့ကွား အစီအရင်ထဲမှာ နောက်တစ်ကြိမ်ထပ်ပြီး လမ်းပျောက်သွားတော့သည်။
နေရာတိုင်းမှာ ပုံစံတူသစ်ပင်တွေနှင့် မြစ်ချောင်းတွေ ရှိနေခဲ့ပြီး ဒရုန်းတွေကို ဘယ်နေရာမှာမှ မတွေ့ရတော့ချေ။ ကျန်းလော့ ပင့်ကူမျှင်ကို ခပ်ကြမ်းကြမ်း ဆွဲဖြတ်ပစ်လိုက်သည်။ သူ နောက်လှည့် ကြည့်လိုက်ချိန်မှာတော့ သူ့ကို သစ်ကိုင်း တွေပေါ်ကနေ ပြုံးပြနေသော ပင့်ကူ လူသားကို တွေ့လိုက်ရသည်။
ညကြီးမင်းကြီး အချိန်မတော်ကြမှာ ပင့်ကူလူသား၏ ပုံစံက သွေးပျက်စရာ ပင်ကောင်းနေခဲ့သည်။ ကျန်းလော့ သူ့ ရဲ့ ပါးစပ်ဖျားတွေကို ကိုက်ကာ ရုတ်တရက် မြစ်ချောင်းထဲကို ခုန်ချပစ်လိုက်တော့ သည်။
တောအုပ်က ပင့်ကူလူသား၏ အားသာသော စစ်တလင်းပင် ။ သူ့ရဲ့ ခြေထောက် ရှစ်ချောင်းနှင့် ပင့်ကူမျှင် တွေကို ကျန်းလော့ ဘယ်လိုမှ အနိုင်မယူ နိုင်ချေ။
ဟင့်အင်း … သူတို့ကို အနိုင်ယူနိုင်ရင် တောင်မှပဲ သေရာကနေ ပြန်ရှင်လာကြ ဦးမှာပင်။
ကျန်းလော့ ရေထဲကနေ အလျင်အမြန် ကူးခတ်သွားလိုက်သည်။ သူ့ရဲ့ ရှည်ရှည် သွယ်သွယ် ခန္ဓာကိုယ်လေးက ပုံမှန်ဆိုလျှင် နည်းနည်းပိန်သည်ဟု ထင်ရ ပေမယ့် ရေကူးဖို့ရာအတွက်တော့ အကောင်းဆုံး အနေအထားပင်။
ဆံနွယ်အနက်နှင့် ကောင်လေးက ရေထဲ မှာ ငါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင်စွာ ကူးခတ်သွားလိုက်သည်။ သူ ရေထဲကို ခုန်ချပြီး မကြာခင်မှာပဲ နောက်ထပ် ခုန်ချ လာသည့်အသံတစ်သံကို ကြားလိုက်ရ သည်။
ကျန်းလော့ ပြန်လှည့်ကြည့်လိုက်သည်။ ညအလင်းရောင်က မှိန်ပျပျသာရှိပြီး ရေထဲမှာ မြင်ရသည့်မြင်ကွင်းက အရမ်း သေးငယ်ပေမယ့်လည်း သူ့အနောက်ကို ထပ်ကြပ်မကွာ လိုက်လာနေသော အနက်ရောင်အရိပ်ကြီးကိုတော့ သူ မြင် နေရသေးသည်။
ကျန်းလော့ နှုတ်ခမ်းတွေကို ကွေးညွတ် လိုက်ပြီး ရေစီးအသန်ဆုံးဖြစ်ကာ ကျောက်တုံးအထူထပ်ဆုံး နေရာကို ကူးသွားလိုက်သည်။ သူ ဘယ်လောက် ကြာကြာကူးပြီးမှန်းမသိ ကူးပြီးချိန်မှာ တော့ သူ နေရာကောင်းတစ်ခုကို တွေ့ လိုက်သည်။ ကျန်းလော့ ကိုယ်ကိုစောင်း ကာ ကျောက်တုံးနှစ်တုံးကြားကနေ ဖြတ်ကူးသွားလိုက်သည်။ ပင့်ကူလူသား ကလည်း သူ့အနောက်ကနေ လိုက်ကူး လာခဲ့ကာ ခန္ဓာကိုယ်အပေါ်ပိုင်းက အတားအဆီးမရှိ ဝင်သွားခဲ့ပေမယ့် သူ့ရဲ့ ပင့်ကူခြေထောက်ကြီးတွေကတော့ ကြားထဲမှာ ညပ်နေခဲ့သည်။
ကျန်းလော့ ရေထဲကနေငုပ်ပြီး ပြန်ကူး သွားလိုက်ကာ အောက်ဆီဂျင်အနည်း ငယ် ကျန်သေးတာကို အခွင့်ကောင်း ယူပြီး သူ့ရဲ့ ဓားမြှောင်ဖြင့် ပင့်ကူလူသား ကို ရက်ရက်စက်စက် ထိုးချလိုက်ပြီး မြစ်ရေကို အစိမ်းပုပ်ရောင်သွေးကွက် ကြီးဖြင့် စွန်းထင်းသွားစေခဲ့သည်။
အောက်ဆီဂျင်ကုန်လုနီးပါးဖြစ်ကာမှ ကျန်းလော့ ရေမျက်နှာပြင်ပေါ် ပြန်တက် လာခဲ့သည်။
သူ့ရဲ့ အနက်ရောင်ဆံပင်တွေက စိုရွှဲနေခဲ့ ပြီး ကျောပေါ်ကပ်နေခဲ့သည်။ ကျန်းလော့ အသက်ဝဝရှုလိုက်သည်။ သူ့ နှာခေါင်း ပေါက်တွေဆီကနေ ရေငွေ့တွေ ထွက်လာခဲ့သည်။ယွင်နန်၏မေလက ညဘက်တွေမှာ ဆောင်းရာသီနှောင်းပိုင်း ကဲ့သို့ အေးနေဆဲပင်။
သူ ကမ်းဘက်ကို ဖြည်းဖြည်ချင်းကူးသွား လိုက်ပြီး သူ့ရဲ့ခြေဖနောင့်တွေက မြစ် ကြမ်းပြင်ကို ထိချိန်မှာ သူ့ရဲ့ ရေစိုအဝတ် တွေကို လိမ်ပြီးရေညှစ်ကာ ကမ်းစပ်ဆီ သွားလိုက်သည်။
လရောင်က လင်းလက်စွာတောက်ပနေ ခဲ့ပြီး ကျန်းလော့ ကုန်းပေါ်သွားဖို့ ပြင်လိုက်ချိန်မှာပဲ အနက်ရောင်သားရေ ဖိနပ်တစ်စုံက သူ့ မျက်စိရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့သည်။
သူ ခဏလောက် တန့်သွားပြီးနောက်မှာ သူ့ရဲ့ ရေစိုနေသောမျက်နှာကို မော့ပြီး ကြည့်လိုက်သည်။
လရောင်အောက်မှာ ချီယုံ၏ ချောမော သောမျက်နှာက အနည်းငယ် မကောင်းဆိုးဝါးဆန်နေခဲ့ပြီး သူ့ရဲ့ မျက်ခုံးမွှေးရှည်ကြီးတွေက နားထင်စပ် ထိကို ရောက်နေခဲ့ပြီး လှပလွန်း၍ ညရဲ့ အမှောင်အောက်မှာပင် အလင်းရောင် တွေ တောက်ပနေခဲ့သလိုလို။ သူ ခုလေဏလေးတင်ကမှ ကြိုးကိုင်ထိန်းချုပ်ခဲ့သော ကြိုးဆွဲရုပ်နှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေ လို ကွာခြားနေခဲ့သည်။
မကောင်းဆိုးဝါးဝိညာဉ်က ဝတ်စုံပြည့် ဝတ်ထားခဲ့ပြီး သူ့ရဲ့ ဟန်ပန်အမူအရာက သေသပ်ပြီး အေးအေးဆေးဆေး ရှိလှသည်။
“ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”မကောင်းဆိုးဝါးက ဆိုလာခဲ့သည် “ညက နက်နေပေမယ့် အခုထိ အချိန်တွေ အများကြီး ကျန်သေးတယ်”
သူ စကားပြောတာရပ်သွားပြီး မျက်ခုံးတွေကို ပင့်လိုက်ကာ အသံတိုးတိုးဖြင့် ရယ်လာခဲ့သည်။
“ငါ မင်းကို … ပျော်စရာကောင်းတဲ့ ညချမ်းလေး ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
****