အခန်း ၁၂
မှိန်ပျပျအလင်းရောင်အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကို သေချာတွေ့ရဖို့ မဖြစ်နိုင်ချေ။ တစ်ဖက် လူရဲ့ ပုံပန်းသွင်ပြင်ကို သေချာတွေ့ရဖို့ အတွက် တော်တော်လေးကို နီးကပ်ရမှာ ပင်။
သီချင်းက စည်းချက်ပြောင်းသွားခဲ့ပြီး ဒရမ်သံတွေက ခြေထောက်အောက်မှာ တုန်လှုပ်နေခဲ့ကာ ယောက်ျားနှင့် မိန်းမတို့ ရင်းရင်းနှီးနှီး ပူးကပ်လိုက်ကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို တွန့်လိမ် လှုပ်ရှားလိုက်ကြပြီး တစ်ယောက်က ရှေ့ကိုခြေတစ်လှမ်း တိုးချိန်မှာ တစ်ယောက်က နောက်ကို တစ်လှမ်း ဆုတ်လိုက်သည်။ စကားဖြင့် ပြောလို့ မရသော ဖြားယောင်းသွေးဆောင်မှုက လေထုထဲမှာ ပျံ့နှံ့နေခဲ့ပြီး ဟိုလိုလို သည်လိုလိုနှင့် ရမ္မက်ပြင်းပြနေခဲ့ကြ သည်။
ကျန်းလော့ကတော့ ယောက်ျားနှင့် မိန်းမ စုံတွဲကနေကြသည့်ကြားမှာ ယောက်ျား တစ်ယောက်နှင့် ပူးကပ်နေခဲ့ရသည်။
ဆံပင်ကိုချထားသော ကျန်းလော့က အလွန်လှပပြီး ရဲရင့်ဟန်ပေါက်ပေမယ့် ဆံပင်စည်းထားသည့်ပုံစံက ပိုပြီးတော့ နှစ်လိုဖွယ်ကောင်းကာ ချောမောသည်။
သူ့ကို ဘယ်သူမှ မိန်းကလေးလို့ ထင်ကြမှာမဟုတ်ချေ။
ယောက်ျားကြီးနှစ်ယောက် အတူတူ ယှဉ်တွဲကကြတာက နည်းနည်းတော့ ရှက်ဖို့ကောင်းသည်။
သဘောတူလိုက်ပြီးနောက်မှာ ကျန်းလော့ သူ ကတိပေးလိုက်တာ အလောတကြီးနိုင်သွားသည်ဟု ခံစား လိုက်ရသည်။ချီယုံကို အရူးလုပ်ချင် တာနဲ့ပဲ သူကိုယ်တိုင်ပါ ချီယုံနဲ့ အတူတွဲပြီးတော့ အရူးဖြစ်ခံဖို့ မလိုချေ။
ချီယုံနှင့် သူ့ရဲ့ရုပ်သေးရုပ်အပေါ် ကျန်းလော့ မုန်းတီးမှုကိုသာ ခံစားရ သည်။ ထို့ကြောင့် သူ နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်ချေ။
သူစိမ်းယောက်ျားရဲ့ ဝမ်းနည်းပြီး နက်ရှိုင်းသော အကြည့်တွေက သူ စိုက်ကြည့်တာကို ခံနေရသော ကျန်းလော့ကို အပြစ်ရှိသလို ခံစားလာရ အောင်လုပ်နေခဲ့သည်။
ကျန်းလော့ စိတ်ပျော့သွားခြင်း မရှိချေ။
သီချင်းသံက ပိုပိုပြင်းပြလာခဲ့ပြီး ကျယ် လောင်လာခဲ့သည်။ သူစိမ်းယောက်ျားရဲ့ အကြည့်တွေက ကျန်းလော့မျက်နှာ ထက်ကနေ သူ့ရဲ့ ညာဘက်လက်ဆီ ရောက်လာခဲ့ပြီး စိတ်ရင်းနှင့် ချီးမွမ်း သလို ပြောလာခဲ့သည်။
“တော်တော်လေးလှတဲ့ လက်ကောက်ပဲ”
ကျန်းလော့ ယင်ယန်လက်ကောက်ကို ကြည့်လိုက်သည်။ လျို့ဝှက်ဆန်းကြယ် ကာ လှပသောလက်ကောက်က တုံ့ပြန်မှု မရှိချေ။ သူ မျက်လုံးတွေကို မှေးကာ ပြောလိုက်သည်။
“ဟုတ်တယ်… ကျွန်တော်လည်း အဲတာကို လှတယ်လို့ ထင်တယ်”
သီချင်းသံက မြင့်တက်သွားခဲ့ပြီး သံစဉ် ပြန်အကျမှာ ထိုနေရာကို ထိုးထားခဲ့သော ကာလာစုံမီးရောင်က တခြားနေရာကို ရောက်သွားခဲ့သည်။
တိုတောင်းသော အမှောင်ထုအောက်မှာ ဖြူဖျော့ဖျော့ သရဲလက်တစ်ဖက်က ကျန်းလော့ကို အနောက်ကနေတွန်းလွှတ် ပြီး ကျန်းလော့ကို ဟန်ချက်ပျက်ကာ အရှေ့မှာရှိနေသော ယောက်ျားရဲ့ ရင်ခွင် ထဲကို တိုးဝင်သွားစေမိသည်။
ထိုယောက်ျားက သူ့ကို ပွေ့ဖက်လာခဲ့ပြီး သဘာဝကျကျပင် သူ့ကို အကကြမ်းပြင် ဆီ ခေါ်သွားကာ ယောက်ျားလေးနေရာ ကနေ ဦးဆောင်၍ ကလာခဲ့သည်။
ရင်းနှီးမှုမရှိသော လက်ဝါးတစ်ဖက်က ကျန်းလော့ကို ခါးထက်မှာ တင်နေခဲ့ပြီး တပ်မက်ဖွယ်ကောင်းသော ယောက်ျား ရေမွှေးရနံ့က ကျန်းလော့ရဲ့ နှာဖျား ထိပ်ဝတွေမှာ ရစ်သိုင်းနေခဲ့သည်။
အမှောင်ထုထဲမှာ ကျန်းလော့ ဘာကိုမျှ မမြင်ရချေ။ သူ ရုန်းကန်လိုက်ချိန်မှာ အသံတိုးတိုးတစ်သံက နူးညံ့စွာပြောလာ ခဲ့သည်။
“အာရုံစိုက်ထားလေ”
ကျန်းလော့ နှစ်ခါမျှ လှောင်ရယ်ရယ် လိုက်ပြီး သူ့ခါးပေါ်တင်ထားသော လက်ကို ဖြုတ်ချဖို့လုပ်လိုက်ချိန်မှာပဲ ကာလာစုံ မီးရောင်က ပြန်ရောက်လာခဲ့ သည်။ အရောင်စုံမီးရောင်တွေရဲ့ အောက်မှာ အသားမာတက်နေသော လက်တစ်စုံက သူဖြုတ်ချချင်ခဲ့သော လက်ကောက်ဝတ်ကို ချုပ်ကိုင်လာခဲ့ သည်။
နောက်ထပ်ယောက်ျားတစ်ယောက်ရဲ့ အသံက ရယ်သံနှင့်အတူ ပျံ့နှံ့လာခဲ့ သည်။
“ကကွက်မှားနေတယ်”
သူ့ရဲ့အရှေ့မှာ ကြိုးကိုင်ခြယ်လှယ်ထား ခံရသောသူ တစ်ယောက်ရှိနေခဲ့ပြီး နောက်ကျောဘက်မှာလည်း တစ်ယောက် ရှိနေပြန်သည်။
ကျန်းလော့ ပုန်းစရာနေရာမရှိတော့ချေ။
ကျန်းလော့ နောက်လှည့်ကြည့်လိုက်ချိန် မှာ အရောင်စုံမီးရောင်တွေက အဝေး ရောက်သွားခဲ့ပြီး အမှောင်ထုက ပြန်လည်ကြီးစိုးကာ နောက်ထပ် ရုပ်သေးရုပ်တစ်ရုပ် အမှောင်ထုထဲမှာ ပျောက်ကွယ်သွားတော့သည်။
ကျန်းလော့ အသက်ပြင်းပြင်းရှုလိုက်ပြီး နောက် ဒေါသထွက်ရမယ့်အစားပြုံးကာ သီချင်းရဲ့သံစဉ်နှင့်လိုက်ပြီး ရှေ့တစ်လှမ်း တိုး၍ ထိုယောက်ျား၏ နက်ကတိုင်ကို ပြင်းပြင်းဆွဲလိုက်သည်။
“လူကြီးမင်း … ခင်ဗျား သိပ်ပြီးတော့ မယဉ်ကျေးဘူးပဲ”
သူ့ရဲ့ နက်ကတိုင်ကို အားပြင်းပြင်းနှင့် ဆွဲခံထားရသောကြောင့် ခါးကိုင်းလိုက်ရ သော ယောက်ျားက စိတ်ဝင်စားစွာဖြင့် အသံပြုလာခဲ့သည်။ “အို”
ထိုလူရဲ့ ပုံပန်းသဏ္ဍာန်ကို အမှောင်ထုထဲ မှာ ကျန်းလော့ စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ အသက်ရှုငွေ့ နွေးနွေးတွေက ထို ယောက်ျားဖြစ်သူရဲ့ မျက်နှာပေါ်မှာ ပက်ဖြန်းနေခဲ့သည်။
“ဒီအကက လုံးဝပျော်ဖို့မကောင်းဘူး”
သူ့ရဲ့ ပါးစပ်ထောင့်စွန်းတွေ အရုပ်ဆိုးစွာ တွန့်ချိုးသွားခဲ့ပြီး အနက်ရောင်ဆံပင်နှင့် လူငယ်လေး စွဲမက်စရာကောင်းစွာဖြင့် ယုတ်ယုတ်မာမာ ပြုံးလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို အာသီသ ပျက်အောင် လုပ်လိုက်တာပဲ”
သီချင်းသံက ရုတ်ချည်း ပြင်းထန်လာခဲ့ သည်။
သူစိမ်းယောက်ျား ပြုံးလိုက်သည်။ သူ ကျန်းလော့ရဲ့ လက်ကို ဖမ်းကိုင်ထားခဲ့ ပေမယ့် ကျန်းလော့ သူ့ရဲ့ပွေ့ဖက်မှုထဲ ကနေ မြန်မြန်ဆန်ဆန် ရုန်းထွလိုက် သည်။ နောက်တခဏမှာပဲ လက်မှာ အသားမာတွေ တက်နေသော ယောက်ျား ရဲ့ ရင်ခွင်ထဲကို ကျန်းလော့ ရောက်သွား ခဲ့ရသည်။
ထိုယောက်ျားရဲ့အသံက ဩရှကာ လည်သာဂျက်ကတ်ကို ဝတ်ထားခဲ့ပြီး ခပ်မိုက်မိုက် ယောက်ျားတစ်ယောက် ပုံစံပင်။
“ကိုယ် သိချင်မိတယ်”
ကျန်းလော့ မေးလိုက်သည်။
“ဘာကို သိချင်တာလဲ”
ကျန်းလော့ အခွင့်အရေးအရယူကာ ထိုလည်သာဂျက်ကတ်နှင့် သူ၏လက် ကောက်ဝတ်သွေးကြောကို စမ်းလိုက် သည်။ သွေးကြောက တဒိတ်ဒိတ်ခုန်နေခဲ့ပြီး အသက်ရှိနေသောသူပင်။
သူ့ရဲ့ ညာဘက်ရှိ အမှောင်ထုထဲကနေ နောက်ထပ်လက်တစ်ဖက် ထပ်ပေါ်လာ ပြီး သူ့လက်မောင်းကို ဆွဲလာချိန်မှာ ကျန်းလော့ရဲ့ မျက်ခုံးတွေ တဖျပ်ဖျပ် လှုပ်ရှားသွားခဲ့ရသည်။
ကျန်းလော့ မော့ကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် အလင်းရောင် အောက်မှာ သူ့ လက်ကို ကိုင်ထားသည့် သူက အရပ်ရှည်ပြီး ချောမောသော တက္ကသိုလ် ကျောင်းသားအရွယ် ကောင်လေး ငယ်ငယ်လေးတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရသည်။
ထိုသူကလည်း အသက်ရှင်နေသောသူပင်။
လွမ်းဆွေးနေတဲ့ပုံစံနှင့် ယောက်ျားက တစ်ယောက်၊ လည်သာဂျက်ကတ်နဲ့က တစ်ယောက်၊ အခုကလည်း နောက်ထပ် တစ်ယောက်။
သေပြီး ပထမဆုံး ခုနှစ်ရက်မြောက်တဲ့ ညမှာ မကောင်းဆိုးဝါးတွေက ဒီလောက် တောင် စွမ်းအားကောင်းကြတာပဲလား။
ကျောင်းမှာတော့ ချီယုံက ငှက်အရှင် တွေနှင့် အသေတွေကိုသာ ကြိုးကိုင် ခြယ်လှယ်နိုင်ခဲ့သည်။
ချီး … ဘာကိစ္စ ယင်ယန်လက်ကောက်က မတုံ့ပြန်ရတာလဲ။
ယင်ယန်လက်ကောက်တောင်မှပဲ အသက်ရှင်နေတဲ့သူနှင့် ကြိုးဆွဲရုပ် ကြားက ကွာခြားချက်ကို မခွဲခြားနိုင်တာ တော့ မဟုတ်လောက်ပါဘူးနော်။
တက္ကသိုလ်ကျောင်းသားလေးက အမှောင်ထုထဲကနေ ထွက်လာခဲ့ပြီး လည်သာဂျက်ကတ်ရဲ့ နေရာကိုယူကာ ကျန်းလော့ရဲ့ အကပါတနာ ဖြစ်သွားခဲ့ သည်။
ကျန်းလော့က အရပ် ငါးပေရှစ်လက်မ ရှိပေမယ့် ထိုယောက်ျားကတော့ သူ့ထက် ခေါင်းတစ်လုံး ပိုရှည်သည်။ ငယ်ရွယ် လတ်ဆတ်သော တက္ကသိုလ် ကျောင်းသားလေးက ခါးကိုကိုင်းချပြီး ကျန်းလော့ရဲ့ နားနားလေးကို တိုးလာခဲ့ သည်။ ထိုသူ့ရဲ့ နှုတ်ခမ်းက ပြုံးနေပေ မယ့်လည်း လေသံကတော့ အေးစက်နေ ခဲ့သည်။
“မင်းရဲ့ အာသီသကိုပျက်အောင် လုပ်လို့တော့ ဘယ်ဖြစ်မလဲ”
ကျန်းလော့ ဘာမှပြောလာတာကို စောင့် မနေဘဲ ထိုသူက အတုယောင်ဆန်သော လေသံနူးနူးညံ့ညံ့လေးဖြင့် ဆက်ပြော လာခဲ့သည်။
“ကိုယ်က မင်း ဆံပင်ချထားတဲ့ပုံစံလေး ကို ပိုကြိုက်တာ”
ဘယ်ကြိုးဆွဲရုပ်က ကျန်းလော့ရဲ့ဆံပင် ကို ချည်ထားသော လည်သာကြိုးကို ဖယ်ပစ်လိုက်လည်း မသိပေမယ့် အနက်ရောင်ဆံနွယ်တွေက ကျန်းလော့ရဲ့ ပုခုံးတွေပေါ် ပြေကျလာခဲ့သည်။
ကျီစယ်သော ဆံနွယ်လေးတစ်မျှင်က ကျန်းလော့ရဲ့ မျက်လုံးထောင့်ကို ကျဆင်း လာခဲ့ပြီး သူ့ရဲ့ မှုန်တေတေ မျက်လုံးတွေ ထဲမှာ ပုံရိပ်ထင်လာခဲ့သည်။
သီချင်းသံက ဖြည်းဖြည်းချင်း သာယာငြိမ့်ငြောင်းစွာ စတင်လာခဲ့သည် စုံတွဲတစ်တွဲက ပျင်းရှရှအချစ်ကို ခံစားပြီးနောက်မှာ နွေးထွေးမှုကို ခံစားနေ ခဲ့သည့်အလား။
ကျန်းလော့ နောက်တစ်ကြိမ် သူ့ပါတနာ ဆီကနေ အဝေးကို ကသွားလိုက်ပြီး သူ ပြန်ရောက်လာချိန်မှာတော့ သူ့ လက်ထဲ မှာ အဆောင်တစ်ခု ရှိနေပြီဖြစ်ပြီး သူ့ ပါတနာ၏ ရင်ခွင်ထဲကို ဝင်တိုးမိတော့ မည့်အချိန်မှာ သူ တုံ့ဆိုင်းမနေဘဲ သူ့ ပါတနာ၏ ရင်ဘတ်ကို အဆောင်ကိုင် ထားသောလက်ဖြင့် ရိုက်ချလိုက်သည်။
အဆောင်က အောက်ခြေကနေစပြီး လောင်ကျွမ်းကာ ပြာအဖြစ်ပြောင်းသွား ခဲ့ပြီး တက္ကသိုလ်ကျောင်းသားလေးက ထိုနေရာမှာ ဘတ်ထရီကုန်သွားသော စက်ရုပ်တစ်ရုပ် ကဲ့သို့ တောင့်တောင့်ကြီး ရပ်နေခဲ့သည်။ နောက်ထပ် အသားမာ တွေတက်နေသော လက်က လှမ်းလာချိန် မှာ ကျန်းလော့ သူ့ဆံပင်တွေ လေထဲ ဝဲပျံသွားသည် ချာကနဲနေအောင် လှည့် လိုက်ပြီး အဆောင်ကို ထိုလက်မှာ ကပ် လိုက်သည်။
နောက်ထပ်တစ်ယောက် ကျန်သေးသည်။ ကျန်းလော့ ကြည့်တောင် မကြည့်ဘဲ လွမ်းဆွေးနေသောမျက်နှာ ထားနှင့် ယောက်ျားရှိရာတည့်တည့်ကို အဆောင် ပစ်လွှတ်လိုက်သည်။
အဆောင်နှစ်ခုရဲ့ မီးထတောက်လာမှုနှင့် အတူ ဘား၏ မီးအလင်းရောင်ပြောင်း သွားခဲ့ပြီး သီချင်းက နောက်ထပ်သံစဉ် တစ်ပုဒ်ကို ပြောင်းသွားခဲ့သည်။
ကျန်းလော့ ကြိုးဆွဲရုပ်သုံးရုပ်ကို ကြည့်လိုက်သည်။
ရုပ်ရေချောမောကြသော ကြိုးဆွဲရုပ် သုံးရုပ်စလုံး ကြောင်အမ်းအမ်းဖြစ်နေ ကြသော အကြည့်တွေဖြင့် ခဏလောက် ငြိမ်နေခဲ့ကြပြီးမှာ သူတို့နှင့်ပတ်သတ်ပြီး မှားယွင်းနေသည်ကို သတိမထားမိကြဘဲ လူအုပ်ထဲကို တစ်ယောက်တစ်နေရာဆီ ခွဲကာ ဝင်သွားကြတော့သည်။
ရုပ်သေး ဝိညာဥ်ထိန်းချုပ် အတတ်ပညာက အင်မတန်ပင် ကြောက်ဖို့ကောင်းသည်။ ကြိုးကိုင် ခြယ်လှယ်ခံနေတဲ့သူက သူကိုယ်တိုင် ကြိုးကိုင်ခြယ်လှယ်ခံနေရမှန်း သတိ တောင်မထားမိသလို ကြိုးကိုင်ခြယ်လှယ် မှုကို ပြန်ရုတ်သိမ်းသွားချိန်မှာလည်း တစ်ခုခုတော့မှားနေမှန်း မသိကြချေ။
မကောင်းဆိုးဝါးဝိညာဉ်၏ ဝိညာဉ် ထိန်းချုပ်အတတ်ပညာက သက်ရှိရော သက်မဲ့ကိုပါ ကြိုးကိုင်နိုင်စွမ်းရှိ၍ ကျန်းလော့ကို ခုခံဖို့မဖြစ်နိုင်အောင် လုပ်နေခဲ့သည်။
ကျန်းလော့ လူအုပ်ကို မြန်မြန်ဖြတ်ပြီး ဘားဆီကို သွားလိုက်သည်။
သို့သော် သူ ဘားဆီရောက်သွားချိန်မှာတော့ မူးရူးနေကြသည့် လူတစ်သိုက်ကို သူ ဘားကောင်တာမှာ တွေ့လိုက်ရသည်။ ကောကျူက ဘီယာပုလင်းကိုပိုက်ပြီး တောက်ဓမ္မတွေကို ရွတ်ဆိုနေခဲ့သည်။ ကျန်းလော့ ရောက်လာတာကို မြင်ချိန်မှာ သူ လေချဉ်တက်ကာ ဗလုံးဗထွေးနှင့် မေးလာခဲ့သည်။
“ကျန်းလော့ မင်း ဘယ်ရောက်နေတာ လဲ … ငါတို့ မင်းကို ရှာမတွေ့ဘူး”
ကျန်းလော့ “….. မင်းတို့ကောင်တွေ ဘယ်လိုဖြစ်လို့ ဒီလောက်တောင်သောက် ထားကြတာလဲ”
ကောကျူက သူ့ပြောစကားတွေကို ကြားနိုင်စွမ်းမရှိတော့ဘဲ ပါးစပ်ကနေ သူ့ကိုယ်သူ ဗလုံးဗထွေးတွေပြောကာ ဘီယာပုလင်းကို ပိုက်ပြီး ဘားကောင်တာ ပေါ် ခေါင်းတင်ကာ အိပ်ပျော်သွားခဲ့ သည်။
ချွေးတလုံးလုံးနှင့် အပြင်ကနေ ပြန်ရောက်လာခဲ့သော ကျိုးကျုံးချိုး တစ်ယောက် ကျန်းလော့ကို တွေ့ချိန်မှာ စိတ်သက်သာရာ ရသွားခဲ့ရသည်။
“နင် မတ်တပ်ရပ်နိုင်သေးလို့ ဘုရား သခင်ကို တကယ် ကျေးဇူးတင်ပါတယ်။ ငါ လူသုံးယောက်ကို ဟိုတယ်ပို့ပေးဖို့ အတွက် ကားထဲထည့်ပေးပြီးပြီ … ကျန်းလော့ … နင် ငါ့ကို ကူတွဲပေးပါအုံး”
ကျန်းလော့ “ကောင်းပြီလေ”
သူ ကောကျူကိုမကာ သူ့ပုခုံးပေါ် မှီလိုက်ပြီး မတ်တပ်ထရပ်ရင်းနဲ့ အရက် ဖျော်စပ်ပေးသူကို ကြည့်လိုက်သည်။
အရပ်ဖျော်စပ်သူက သူ့ကို ပျုငှာစွာ ပြုံးပြလာပြီး မေးလာခဲ့သည်။
“အကူအညီလိုသေးလား … ဧည့်သည်”
ကျန်းလော့ ပြုံးကာ “လိုတယ် … ကျေးဇူးပါပဲ”
အရပ်ဖျော်စပ်သူက ဘားကောင်တာ နောက်နေ ထွက်လာခဲ့ပြီး ကောကျူကို ကူသယ်ပေးကာ ဘားအပြင်ဘက်မှာ အငှားကား ငှားပေးလာခဲ့သည်။
ကျန်းလော့ ထိုအခွင့်အရေးကိုယူပြီး အဆောင်တစ်ရွက်ကို ထုတ်ကာ အရပ် ဖျော်စပ်သူ၏ ကိုယ်ပေါ် ကပ်လိုက်သည်။ သို့သော် သူ မျှော်လင့်ထားခဲ့သလိုပဲ အဆောင်က အစွမ်းမပြခဲ့ချေ။
ကျန်းလော့ အဆောင်ကိုဖယ်လိုက်ပြီး သူ ကျီစယ်ခံလိုက်ရသလို ခံစားလိုက်ရ သည်။
အရက်ဖျော်စပ်သည့်သူကို ချီယုံ တမင် တကာပင် ကြိုးကိုင်ခြယ်လှယ်ခဲ့ ပြီးတော့ ကျန်းလော့ မလှုပ်ရှားနိုင်သေး ခင်မှာပဲ ကြိုးဆွဲရုပ်အဖြစ်ကနေ သဘော အလျောက် စွန့်ပယ်ခဲ့သည်။
ချီယုံက အရိပ်တွေထဲမှာ ပုန်းကွယ်နေပြီး တော့ ကျန်းလော့ကို ကျီစယ်နေခဲ့သလို ပင်။ နေရာတိုင်းမှာရှိသည့် လူတွေ တိရစ္ဆာန် တွေက ကျန်းလော့ကို စောင့်ကြည့် နေကြမည့် မျက်လုံးတွေ ဖြစ်လာနိုင်သည်။
ထိုအတွေးက ကျန်းလော့ကို တကယ် ဒေါသထွက်စေသည်။
ချီယုံရဲ့ ကြိုးဆွဲရုပ်တွေကို အတည်ပြုနိုင် သည့် တိကျသေချာသော နည်းလမ်းကို သူ နားမလည်သရွေ့ ရုပ်သေးဝိညာဉ် ထိန်းချုပ် အတတ်ပညာက ကျန်းလော့ ကို အကာ အကွယ်မဲ့နေစေဦးမှာပင်။
ကျန်းလော့ ပြန်လှည့်ပြီး တခြား အမူးသမားနှစ်ယောက်ကို ကျိုးကျုံးချိုး နှင့် ကူသယ်ပေးဖို့ရာအတွက် အထဲကို ဝင်သွားလိုက်သည်။ အငှားကားထဲမှာ လူလေးယောက်ပဲ လိုက်လို့ရသည့် အတွက် ကျိုးကျုံးချိုး ပြောလာခဲ့သည်။
“ငါ နင့်ကို ဟိုတယ်လိပ်စာပို့ပေးလိုက် မယ် … နင် သူတို့ကို ခေါ်ပြီး အရင် ပြန်နှင့်လိုက်”
ကျန်းလော့ ခေါင်းယမ်းလိုက်သည်။ ကျိုးကျုံးချိုးက ဘယ်လောက်ပဲချောမော နေပါစေ သူ မိန်းကလေးဖြစ်နေဆဲပင်။
“ငါ နောက်တစ်စီးငှားပြီးတော့ နင့် နောက်ကနေ လိုက်လာခဲ့မယ်”
“အဲလိုလည်း အဆင်ပြေတာပဲ”ကျိုးကျုံးချိုး ပြောလိုက်သည်။
“ငါ ကားဆရာကို ဖြည်းဖြည်းမောင်းခိုင်း လိုက်မယ်”
သူမ ကားထဲဝင်လိုက်ပြီး ခဏအကြာမှာ အငှားကားက မောင်းထွက်သွားခဲ့သည်။
ကျန်းလော့ လမ်းဘေးမှာရပ်ပြီး အငှား ကားစောင့်လိုက်သည်။ ညမှောင်သွား ချိန်မှာ ရာသီဥတုက အနည်းငယ်အေး လာခဲ့ပြီး ကောင်းကင်ပေါ်ကနေ မိုးရေ စက်တွေ ကျလာခဲ့ပြီး ကျန်းလော့ရဲ့ မျက်လုံးတွေထဲကို အရင်ဆုံး ကျလာခဲ့ သည်။
ကျန်းလော့ မျက်တောင်ခတ်လိုက်ရာ မိုးရေစက်တွေက ကြမ်းပြင်ပေါ် အနက် ရောင်အစက်တွေ အဖြစ် ကျဆင်းသွားခဲ့ ပြီး အလျင်အမြန်ပင် ပျောက်ကွယ်သွား ခဲ့သည်။
အနက်ရောင်ထီးတစ်ချောင်းက ရုတ်တရက် ကျန်းလော့ ခေါင်းပေါ်မှာ မိုးပေးလာခဲ့ပြီး သူ့ကို မိုးဖွဲလေးတွေက နေ ကာကွယ်ပေးလာခဲ့သည်။
ကျန်းလော့ ဘေးတစ်စောင်းကြည့်လိုက် ချိန်မှာ ဖြူဖျော့ဖျော့မျက်နှာတစ်ခုက သူ့ မျက်လုံးတွေထဲ ထင်ဟပ်လာခဲ့သည်။
ကိုယ်မှာကပ်ရပ်နေသော အနောက်တိုင်း ဝတ်စုံနှင့် သူ့ ပါးစပ်မှာ နူးညံ့သောအပြုံး တစ်ခုကို ချိတ်ဆွဲထားပြီး လက် ငါးချောင်းဖြင့် ထီးလက်ကိုင်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားခဲ့ သော ထိုယောက်ျား၏ မျက်နှာမှာ ချောက်ခြားဖို့ကောင်းသည့် အသက် ကင်းမဲ့သော အလှတရား ရှိနေခဲ့ပြီး ထိုသူ၏ ပါးစပ်ထောင့်စွန်းတွေက ကျယ်သထက်ကျယ်လာခဲ့ကာ သာယာ ပျော်ရွှင်ဖွယ်ကောင်းသည့် သံစဉ်တစ်ခု ကို ညည်းနေသကဲ့သို့ ပြောလာခဲ့သည်။
“မင်္ဂလာ ညနေခင်းပါ”
အစွဲကြောင့် မကျွတ်မလွတ်ဘဲ တဝဲလည်လည် လုပ်နေသော ဝိညာဉ် ပင်။
ကျန်းလော့ အဆောင်တစ်ခုကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထိုအရာဆီကို ပစ် ပေါက်လိုက်သည်။ သရဲ၏ အရိပ်တွေ တစစီဖြစ်သွားပြီး အနက်ရောင်ထီးလည်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းလော့ရှေ့ကို အငှားကားတစ်စီး ထိုးရပ်လာခဲ့သည်။
ကျန်းလော့ ကားထဲကို မျက်နှာသေဖြင့် ဝင်ထိုင်လိုက်ပြီး မျက်လွှာပင့်ကာ နောက်ကြည့်မှန်ကို ကြည့်ပြီးပြောလိုက် သည်။
“အရှေ့က အငှားကားနောက်ကို လိုက်ပေးပါ”
ကားဆရာက လီဗာတင်လိုက်သည်။
ကျန်းလော့ရဲ့ ညာဘက်မျက်ခွံတွေ အကြိမ်ရေတချို့ လှုပ်ခတ်သွားခဲ့သည်။ သူ သက်ပြင်းချလိုက်ပြီးနောက် လက် တစ်ဖက်ကို ပြတင်းပေါက်ဘောင်ပေါ် တင်ပြီး သူ့နဖူးကို စိတ်ပျက်လက်ပျက် ဖြင့် ကိုင်လိုက်သည်။
“ငါ ပြောပါအုံးမယ်”လက်ဖဝါးဖြင့် ကာခြင်းမခံထားရသော ညာဘက် မျက်လုံးက ပွင့်လာခဲ့ပြီး ကားမောင်းနေ သောဒရိုင်ဘာကို ဆွပေးပြီး လှောင်ရယ် သော ပုံစံဖြင့် တချက်ကြည့်လာခဲ့သည်။
“ချီယုံ … မင်း အရမ်းအားနေတာလား”
အနားယူဖို့ ဟိုတယ်ကို သူတို့ရောက်သွား ချိန်မှာ တစ်နာရီတောင် ကြာသွားခဲ့ပြီ ပင်။
သူ ဟိုတယ်ကို ရောက်လာဖို့အတွက် အဆောင်ခြောက်ခုကို ကျန်းလော့ သုံးခဲ့ ရသည်။ သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲနစ် နေခဲ့ပြီး သူ့ရဲ့ချွေးတွေက အဝတ်အစား တွေနှင့် ဆံပင်တွေမှာ ကပ်နေခဲ့ပြီး အမူးသမားတွေကို သူတို့ အခန်းဆီ ရောက်အောင် ပြန်သယ်ပေးခဲ့ရတဲ့ အတွက်ကြောင့် အရက်နံ့တွေ နံစော်နေ ခဲ့သည်။
ကျန်းလော့ တံခါးလော့ချပြီး အဆောင် ကို တံခါးရဲ့နောက်ကျောဘက်မှာကပ်၍ အခန်းထဲကို ရေချိုးဖို့ ဝင်သွားလိုက် သည်။
ကျန်းလော့ သူ့ဆံပင်တွေကို ရေသုတ် လိုက်ပြီး ခုတင် ဘေးနားက လေမှုတ်စက်ကို ပလပ်ထိုးလိုက်သည်။
အသံကျယ်ကျယ်လောင်လောင်ကြီး တစ်သံထွက်လာခဲ့ပြီး တံခါးကို ဝင်တိုက် လာခဲ့သည်။
တံခါးနောက်မှာ ကပ်ထားခဲ့သော အဆောင်က မီးတောက်လာခဲ့ပြီး အပြင်မှာ ရှိနေသောအရာက လူသား မဟုတ်ကြောင်း ကျန်းလော့ကို အသိပေး နေခဲ့သည်။
ကျန်းလော့ သန်းလိုက်ပြီး စိတ်မလှုပ်ရှား ဘဲ သူ့ဆံပင်ကို ဆက်ပြီး အခြောက်ခံနေ လိုက်သည်။
မိနစ်ဝက်လောက် ကြာပြီးချိန်မှာတော့ တံခါးကနေ ခေါက်သံတစ်သံ ထပ်ထွက် လာခဲ့သည်။
အဆောင်က ရုတ်တရက် မီးလောင် ကျွမ်းသွားပြီး ထို့နောက်မှာတော့ အပြင် ဘက်ကနေ အသံထပ်မကြားရတော့ချေ။
အဆောင်ခုနှစ်ရွက်စလုံးကို အခု အသုံးပြုပြီး သွားပြီပင်။
ကျန်းလော့ အချိန်ကိုကြည့်လိုက်တော့ … ဘုရားရေ … အခုမှ သန်းခေါင်ကျော်ပဲ ရှိသေးသည်။
ဆံပင်လေမှုတ်စက်ဖြင့် ငါးမိနစ် ခြောက် မိနစ်လောက် အခြောက်ခံပြီးနောက် ကျန်းလော့ သူ့ဆံပင်တွေ မခြောက် တခြောက် ဖြစ်လာချိန်မှာ ရပ်လိုက်တော့ သည်။ သူ အခု ခန္ဓာကိုယ်က ပင်ပန်းနေခဲ့ ပေမယ့် စိတ်ကတော့ အရမ်းတက်ကြွ နေခဲ့သည်။ ချီယုံက ဒီနေရာမှာတင် ရပ်မှာမဟုတ်ဘဲ အသေအကြေတိုက်ရ မည့် တိုက်ပွဲကြီးဖြစ်လာမည်မှန်း ကျန်းလော့ သိနေသည်။
ဤခဏတစ်ဖြုတ် တိတ်ဆိတ်နေမှုကို အခွင့်ကောင်းယူပြီး ကျန်းလော့ သူ့ ညာလက်ကိုမြှောက်ကာ ယင်ယန် လက်ကောက်ကို သေချာလေ့လာလိုက် သည်။
သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
“မင်းက အတုကြီးလား”
မင်းက လုံးဝကိုအထောက်အကူမဖြစ်ဘူး လို့ ဘာလို့များ ခံစားနေရတာပါလိမ့်။
အင်းပေါ့လေ … ကောင်းကင်ကနေ ပိုင်မုန့်ကြီး ဗြုန်းခနဲ ပြုတ်ကျလာတာမျိူး မှမရှိတာ။
ကျန်းလော့ တခဏလောက် သက်ပြင်း ချလိုက်ချိန်မှာ တံခါးဆီကနေ နောက်ထပ် ခေါက်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းလော့ရဲ့ မျက်ခုံးတွေ လှုပ်သွားခဲ့ပြီး သူကုတင်ပေါ်ကနေ ခုန်ဆင်းကာ ဖိနပ်ပါး စီးလိုက်ပြီး တံခါးဖွင့်ပေးလိုက်ပေမယ့် အပြင်ဘက်မှာ ဘယ်သူမှရှိမနေခဲ့ချေ။ ဟိုတယ်ကော်ရစ်တာ တစ်လျှောက်လုံး ရှင်းလင်းနေခဲ့ပြီး ခြင်တစ်ကောင်တောင် မရှိချေ။
သူ တံခါးပိတ်လိုက်ပြီးနောက် တည်ငြိမ် နေသော မျက်နှာထားဖြင့် ပြန်လှည့်လာ လိုက်သည်။
သို့သော် ချက်ချင်းဆိုသလို သူ ရင်ခွင် တစ်ခုထဲ ရောက်သွားခဲ့သည်။
ချီယုံက သူ၏ ခြေထောက်ဖြင့် ရှေ့တစ်လှမ်း တိုးလာခဲ့ပြီး သူ့ဆီကနေ ထွက်လာခဲ့သော အမှောင်ထုက ငရဲ၏ အနက်ရှိုင်းဆုံး နေရာကနေ ထွက်လာခဲ့ သလိုမျိုး ဖြစ်နေခဲ့ပြီး အလင်းရောင်ကို ဖုံးကွယ်ကာ နေရာလပ်ကို သီးခြား ဖြစ်သွားစေခဲ့သည်။
မြူတွေက စေးကပ်နေခဲ့ပြီး အနက်ရောင် မြူတွေက ကျန်းလော့ရဲ့ ပုံရိပ်ကို ခြေဖျားလေးတွေကနေစလို့ သူ့ခေါင်း ထက်က ဆံချည်မျှင်တွေအထိ တဖြည်းဖြည်း သိုင်းခြုံသွားခဲ့သည်။
ကျန်းလော့ အနက်ရောင်မြူထုကြီးထဲမှာ နှစ်မြုပ်ခံလိုက်ရပြီး ဖြူဖျော့ကာ အစိမ်း ရောင်သန်းနေသော လက်တစ်ဖက်က သူ့ဆံပင်ကို ဆော့ကစားနေခဲ့သည်။
“ငါ့ရဲ့ ပထမဆုံး ခုနှစ်ရက်မြောက်နေ့မှာ မင်း ငါ့ကို ဒီလိုအသည်းအသန်တွေ့ချင် နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး”
ထိုလက်က ကျန့်လော့ရဲ့ ဆံပင်ဆီကနေ ပါးစောင်ဆီ ဖြည်းဖြည်းချင်း လျှောကျ လာခဲ့ပြီး ကျန်းလော့ရဲ့ အောက်မေးရိုးကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လာခဲ့သည်။
ထိုအသံက အားရကျေနပ်စွာဖြင့် မေးလာခဲ့သည်။
“ပျော်ရဲ့လား”
ချီယုံက ပြုံးနေပေမယ့်လည်း သူ ဒေါသ တကယ်ထွက်နေတာကို ကျန်းလော့ ခံစားလို့ရနေသည်။
အဘယ်ကြောင့်ဆို ချီယုံ၏အနောက်က မြူပုံစံက ကြောက်မက်ဖွယ်ရာ အကျဉ်း တန်သောပုံစံတွေအဖြစ် ပြောင်းလဲနေခဲ့ ၍ပင်။
သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် တွေ့ကြတာ ရက်ပိုင်းပဲရှိသေးတာ ဖြစ်ပေမယ့် ဟိုတယ် 129 တုန်းက ချီယုံရဲ့ အားနည်းသော မြူအသွင်နှင့် ယှဉ်လိုက်လျှင် အခုသူက လူသားအသွင် တောင် ရေးတေးတေး ဖန်ဆင်းနေနိုင် ပြီဖြစ်သည်။
ကျန်းလော့ မေးကို မော့ထားခဲ့ရပြီး ထိုအနေအထားက သူ့ကို တော်တော် လေး မသက်မသာ ဖြစ်စေသည်။
သူ မကြိုက်လေလေ … ချီယုံက ပိုပြီးတော့ သဘောကျလေလေပင်။
“ငါ့ရဲ့ခန္ဓာကိုယ်ကို အဆောင်ခုနှစ်ရွက်နဲ့ အပစ်ခံရတဲ့ ခံစားချက်က … တော်တော် လေးကို မကောင်းဘူး”ကျန်းလော့ရဲ့ ရယ်သံက အေးစက်သထက် အေးစက် လာခဲ့ပြီး သူ ဖြည်းဖြည်းချင်း ပြောလာခဲ့ သည်။
“မင်း ငါ့ကို အံ့အားသင့်သွားစေတာပဲ … ကျန်းလော့။ မင်းမှာ ဒီလိုအရည်အချင်း ရှိမှန်း ဆရာ ဘယ်တုန်းကမှ မသိခဲ့ရ ပါလား”
ကျန်းလော့ရဲ့ ဆံပင်တွေက သူ့ပုခုံး တစ်ဝိုက်မှာ ဝဲကျနေခဲ့ပြီး သူ့ရဲ့ လည်စလုတ် အပေါ်မြင့်တက်သွားခဲ့ သည်။
“ဒါပေမယ့် မင်းရဲ့ အဆောင်တွေ မရှိတော့ဘူးလေ”ချီယုံ ဝမ်းပန်းတနည်း ပြောလိုက်ပြီး ကျန်းလော့ရဲ့ မေးစေ့ကို ကိုင်ထားခဲ့သော လက်က လေးသထက် လေးလံလာခဲ့သည်။ ကျောချမ်းဖွယ် ခံစားချက်ကြီးက ကျန်းလော့၏ ကျောရိုး တလျောက် ထိုးတက်လာခဲ့သည်။
“ဆရာ အခုကနေစပြီး မင်းကို သင်ပေးမယ်”
“ပထမဆုံးစည်းကမ်းချက်က မင်းရဲ့ ဆရာကို လေးစားရမယ်”
အနက်ရောင်မြူက ကျန်းလော့ရဲ့ ပုခုံးကို ရစ်သိုင်းလာခဲ့ပြီး အရိုးတွေဆီကနေ ဂလောက်ဆိုသော အသံနှင့်အတူ ကျန်းလော့ရဲ့ လက်မောင်းတစ်ဖက် ဘေးနားမှာ တွဲလောင်းလေး ကျသွားခဲ့ သည်။
အဆစ်လွဲသွားပြီပင်။
အနက်ရောင်မြူက လက်မောင်းတွေ ဆီကနေ အောက်ဆင်းပြီး ကျန်းလော့ရဲ့ သေးသေးသွယ်သွယ် လက်ကောက်ဝတ် လေး နှစ်ဖက်မှာ လွှမ်းခြုံလိုက်သည်။
သူ့လက်မောင်း အဆစ်လွဲသွားမှုက အရမ်းကို နာကျင်ရ၍ ကျန်းလော့ရဲ့ မျက်နှာ သွေးဆုတ်သွားပြီး ချွေးစေးတွေ ပြန်လာခဲ့သည်။
သို့သော် ထိုကဲ့သို့သော နာကျင်မှုမျိုးက ချီယုံဆီမှာ ဆယ့်ရှစ်ကြိမ်အသတ်ခံခဲ့ရ သော နာကျင်မှုနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ချေ။
ကျန်းလော့ ရုတ်တရက်ပြုံးလိုက်ပြီး သူ့မျက်လုံးတွေထဲက တောက်ပတဲ့ အလင်းရောင်တွေထဲမှာ မီးလျှံကဲ့သို့ သော ဝိညာဥ်ကို ဖုံးကွယ်ထားခဲ့သလို ပင်။
“ဆရာ … ပြောတာမှန်တယ်”
အနက်ရောင်မြူက ကျန်းလော့ရဲ့ လက်ကောက်ဝတ်ကို ချိုးပစ်တော့မည့် ဆဲဆဲမှာ လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပြီး ချီယုံ နည်းနည်းလောက် စိတ်ရှုပ်သွားကာ လေးတွဲ့တွဲ့ဖြင့် မေးလိုက်သည်။
“ဟမ်”
ကျန်းလော့ သူ့ရဲ့အကောင်းတိုင်းရှိနေ သေးသော လက်ကို ညင်ညင်သာသာ မြှောက်လိုက်ပြီး လူပုံစံမြူ၏ ပုခုံးပေါ် မှာ တင်လိုက်သည်။
“ကျောင်းသားတစ်ယောက်အနေနဲ့ … သူ့ရဲ့ ဆရာကို လေးစားရမှာပေါ့”
ချီယုံ၏ နောက်မှာ ရှိနေခဲ့သော ကျန်းလော့၏လက်က ရုတ်တရက် ဖြန့်လာပြီး အဝါရောင်အင်းစာရွက် အထူကြီးကို လှစ်ဟပြလာခဲ့သည်။
အဝါရောင်အင်းစာရွက်တွေကို ပိုကာ ဖြန့်သလိုဖြန့်လိုက်ပြီး တစ်ချက်ကြည့်ရုံ မျှနှင့်ပင် အများကြီး ရှိနေခဲ့သည်။ ကျန်းလော့ ပြုံး၍ စကားဆိုလိုက်သည်။
“ကျွန်တော် ဆရာ့ကို ဒီည တစ်ခါပဲ သတ်မယ်လေ … တစ်ညလုံး နှိပ်စက်ပြီး တော့ပေါ့။ ဒါဆိုရင် ဆရာကို လေးစားရာ ရောက်တယ်မလား”
****