အခန်း ၄
ကျန်းလော့ မှန်ကို ခက်ခက်ခဲခဲနှင့် ကြည့် လိုက်သည်။
ထိုအသံက နောက်တစ်ကြိမ်ထပ်ရယ် လာခဲ့ပြီး ရယ်မြူးရိပ်တွေနှင့် ပြောလာခဲ့ သည်။”အဲတာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်း လေးပဲ”
ဘယ်လိုလုပ်ပြီးတော့ ချီယုံက ဒီအချိန် ကြီး ကိုယ်ထင်ပြလာရတာလဲ။
ကျန်းလော့ရဲ့ ခြေထောက်တွေက ကြမ်းပြင်နဲ့တောင်မှ လွတ်နေပြီဖြစ် သည်။ သူ သူ့ခြေချောင်းလေးတွေနှင့် ကြမ်းပြင်ကိုထိအောင် မနည်းလုပ်နေ ခဲ့ရပြီး သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ပြန်ဆုပ်ကိုင်ကာ မြူခိုးနှင့် တိုက်ခိုက်ပြီး တော့ အသက်ရှုဖို့ အောက်ဆီဂျင်ရ အောင် အသည်းအသန်ကြိုးစားနေခဲ့ ပေမယ့် ထပ်တလဲလဲကျရှုံးပြီးနောက်မှာ တော့ သူ့ရဲ့ အသားအရောင်တွေ လုံးဝ ကြည့်ရဆိုးလာခဲ့သည်။မြူခိုးက လူပုံစံ ဖန်တီးနိုင်စွမ်းမရှိဘဲ ကျန်းလော့ကို အနောက်ကနေပြီး ဆက်တိုက် ညှစ်သတ်နေခဲ့သည်။ သူ့ရဲ့ စိတ်ပျက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသောအသံကြီးက ကျန်းလော့ ခုနလေးတင်ကမှ ညည်းခဲ့သောသီချင်း ကို ဆက်ညည်းနေခဲ့သည်။ တက်ကြွဖို့ ကောင်းသော သံစဉ်က ခြောက်ခြားဖွယ် ဖြစ်လာပြီး ချစ်စဖွယ်မယ်လိုဒီက အကြင်နာတရား ကင်းမဲ့သွားပြီး နဂိုအသံအတိုင်း မဟုတ်တော့ချေ။
အမှန်ဆိုရင် ချီယုံမှာ အခုလက်ရှိ ကိုယ်ထင်ပြနိုင်ဖို့အတွက် စွမ်းပကား မရှိရမှာဖြစ်သလို သူ သေသွားပြီးနောက် ပထမဆုံး ခုနှစ်ရက်မြောက်နေ့မှာလည်း ပြန်လာနိုင်စွမ်း မရှိရမှာဖြစ်သည်။
ကျန်းလော့ရဲ့ နှလုံးနှင့် အဆုတ်တွေထဲ မှာ အောက်ဆီဂျင် နည်းသထက်နည်း လာခဲ့ပြီး သု့ရဲ့ချွေးတွေက ဆံပင်တွေ မှာကပ်နေခဲ့ပြီး သူမျက်နှာက အပြာ ရောင်တောင် အနည်းငယ် သန်းနေပြီ ဖြစ်သည်။ လှပသောလူငယ်လေးက တော့ အခုလို သနားစဖွယ်အခြေအနေ နဲ့ ကြုံနေရတာတောင်မှပဲ အလွန့်အလွန် လှပနေမြဲပင်။ သူ မမြင်ရသောမြူခိုး ကို ရုန်းကန်ရင်း တင်းခံနေခဲ့သည် အားနည်းပြီး ဂရုဏာသက်ဖွယ် ကောင်းသော ပန်းဖူးလေး တစ်ဖူးကဲ့သို့။
ထိုကဲ့သို့သော ပန်းဖူးလေး သူတို့ရဲ့ လက်ထဲမှာ ဘဝဆုံးရှုံးသွားရတာကို မြင်ရခြင်းက လူအများစုအတွက်တော့ ခံစားနိုင်ဖွယ်ရာ မရှိချေ။ သို့သော် အရမ်းကိုမှ နည်းပါးသော လူနည်းစု အတွက်ကတော့ ထိုဟာက သူတို့အတွက် အလှတရားကို အသိအမှတ်ပြုခြင်းပင်။
လှပသောအရာ ဘယ်အရာမဆို သေခြင်းတရား နှင့် ရင်ဆိုင်ရသည့် တခဏမှာ အလှပဆုံးဖြစ်သည်။
ချီယုံက ထိုလူနည်းစုထဲမှာ ပါဝင်သူပင်။
သူရဲ့ အဆုံးမသတ်နိုင်သော သီချင်း ညည်းမှုက ပိုပြီးတော့ သာယာနာပျော် ဖွယ်ဖြစ်လာခဲ့သည်။ သူ့လက်ဖဝါးတွေ ထဲမှာရှိသော မီးခိုးရောင်မြူတွေကို တင်းကျပ်လိုက်သည် ကျန်းလော့က သေအံ့ဆဲဆဲ ဖြစ်နေပြီပင်။
ချီယုံ သူ့ကို တကယ်သတ်ပစ်မှာဖြစ် သည်။
သူက တကယ်ကို သွပ်သွပ်ခါအောင် ရူးနေသော အရူးတစ်ယောက်ပင်။ ကျန်းလော့က အမှန်တကယ်ကို စိတ်ဝင် စားဖို့ကောင်းသည် သို့သော် သူ ကျန်းလော့ကို မူလဝတ္ထုထဲကအချိန် ထက်ပင်စောပြီးတော့ သတ်ပစ်ချင် သည်။
ကျန်းလော့ မှန်ကို ကြိုးစားကြည့်လိုက် သည်။ သူ့ရဲ့ ဦးနှောက်က ယခုတခဏမှာ အင်မတန်ကို ကြင်လင်နေခဲ့ပြီး သွေးတောင်ပူမနေခဲ့ချေ။ ယယ်ရွှင် ပြောတာကို သူ သတိရသွားမိသည်။ မှန်တွေမှာ ရောင်ပြန်နိုင်စွမ်းအား ရှိပြီးတော့ ယင်ဓာတ်ကို ပိုင်ဆိုင်ထား တယ်ဆိုတာကို။
သန့်စင်ခန်းက ရှိရင်းစွဲကို ညစ်ညမ်းသည့် နေရာဖြစ်သည်။ သန့်စင်ခန်းထဲမှာရှိ သော မှန်တွေမှာ ကံဆိုးမှုတွေ အများကြီး စုပြုံနေခဲ့သည်။ ထိုအပြင်ကို ယခုအချိန်က ယင်ဓာတ် အားအကောင်း ဆုံး အချိန်ဖြစ်သည်။ ထိုအကြောင်းရင်း က ချီယုံ ကိုယ်ထင်ပြလာနိုင်သော အကြောင်းအရင်း အတိအကျ ဖြစ်ကောင်းဖြစ်နိုင်သည်။
မှန်ကို ဖျက်ဆီးပစ်လိုက်ရင် ချီယုံရော ပျောက်ကွယ်သွားနိုင်လောက်လား။
ထိုအကြံက အရဲစွန့်ရာကျပြီး အန္တရာယ် လည်းများသည်။
သို့သော် သူ ဘာမှမလုပ်လျှင် သူ သေရလိမ့်မည်။
သူ့ရဲ့ ပင်ကိုယ်စိတ်ကို ထုတ်ပြလာခဲ့ သော ထိုမကောင်းဆိုးဝါးက ရုတ်တရက်ကြီး သနားစိတ်ဝင်လာပြီး တော့ သူ့ကို လွှတ်ပေးလာလိမ့်မယ်လို့ ကျန်းလော့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ ပေ။
စတုရန်းပုံစံမှန်ချပ်က ဤမတိုးသာ မဆုတ်သာနှင့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ကို သူ့ရဲ့ မျက်နှာပြင်ထဲသို့ ထည့်သွင်းနေခဲ့သည်။ ကျန်းလော့ သူ့ ခြေထောက်တစ်ချောင်းကို မြှောက်လိုက် ပြီးနောက် ဘေစင်ပေါ် တတ်နင်းလိုက် ပြီး သူ့ရဲ့ခါးကနေပြီး သွယ်လျှသော ခြေတံတွေအထိ လှပသော လေးကိုင်း သဏ္ဍာန် ကွေးညွတ်လိုက်သည်။
သူ့ရဲ့ အနက်ရောင်ဆံနွယ်တွေက ပုခုံး တွေထက်မှာ ကျဆင်းသွားခဲ့ပြီး မကြာ သေးခင်ကမှ သပ်သပ်ရပ်ရပ် လုပ်ထား ခဲ့သော ဆံပင်တွေ ပြန်ရှုပ်သွားခဲ့သည်။ ကျန်းလော့ရဲ့ မျက်နှာထက်ရှိ ချွေးသီး ချွေးပေါက်တွေက သူ့ မေးစေ့ တစ်လျှောက် စီးကျလာခဲ့သည်။ သူ လက်ကျန်အောက်ဆီဂျင်ကို စုပ်ယူဖို့ရာ အတတ်နိုင်ဆုံး ကြိုးပမ်းလိုက်ပြီးနောက် မှန်ထဲကို ရုတ်တရက် ပြုံးပြလိုက်သည်။
သူ့ရဲ့မျက်နှာက အောက်ဆီဂျင်ပြတ်လပ် မှုကြောင့် အရက်မူးပြီး ရီဝေနေသကဲ့သို့ နီရဲနေခဲ့သည်။ ကျန်းလော့ သူ့မျက်လုံး တွေကို မှေးလိုက်ပြီး သူ့ရဲ့မျက်တောင် အရိပ်တွေက အောက်မျက်ခမ်းစပ်ပေါ် ကျဆင်းသွားခဲ့သည်။ ကျန်တစ်ဖက်မှာ ကျန်းလော့က ချိုမြိန်ပြီး မသတီစရာ ကောင်းသော ချစ်ခင်မှုကို အပြည့် ခံစားနေခဲ့ရသည် “ချီယုံ …”
သူ အသက်ရှုရခက်နေခဲ့ပြီး ခက်ခက် ခဲခဲနှင့် ပြောလိုက်သည်။ “မင်း ငါ့ကို အရမ်းချစ်တာပါ … ကြည့်လေ … အခုတောင်မှ ငါ့ကို တကူးတက လာပြီး တော့ တွေ့ရတာမလား”
သူ့ရဲ့ အပြုံးက ရစ်ပတ်နှောင်တွယ်နေခဲ့ ပေမယ့် သူ့ရဲ့ အမူအရာကတော့ လှောင်ရယ်ကာ ရန်စမှုတွေနှင့် အပြည့် ပင်။
အမှန်တရားကို မသိကြသော အသက် ရှင်နေတဲ့သူတွေအတွက်သာ ကျန်းလော့ ဇာတ်လမ်းထွင်ခဲ့တာဖြစ်သည်။ ချီယုံ ကို အရူးမလုပ်နိုင်မှန်း သူ သေချာပေါက်ကို သိနှင့်ပြီးသားပင်။
ချီယုံကို လှည့်စားဖို့ရာ သူ တွေးတောင် မတွေးခဲ့ချေ။
ချီယုံနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ ကျန်းလော့ သူ့ရဲ့ အရိုးသားဆုံးသော မလိုမုန်းတီးမှုကို ထုတ်ပြခဲ့သည်။ သူ မကောင်းဆိုးဝါးဝိညာဉ်ကို ကြည့်လိုက် ပြီး သူ့အပြုံးက ကြီးသထက်ကြီးလာခဲ့ သည်။
“မင်းငါ့ကို ချစ်နေမှန်း လူတိုင်း သိတယ်”
ချီယုံကို အနိုင်ပိုင်းပြီးတော့ မကောင်းဆိုးဝါးဝိညာဉ်ကို ခေါင်းငုံ့ပြီး အရှုံးကိုဝန်ခံလာအောင် လုပ်လိုက်မည် ဆိုသောအတွေးက သူ့ သွေးတွေကို ထိန်းချုပ်လို့မရအောင်ပင် ပွက်ပွက် ဆူကာ ပျော်ရွှင်လာစေခဲ့သည်။
ထိုကဲ့သို့သော အတွေးက ဖျတ်ခနဲ ပေါ်လာခဲ့ပြီး ထက်သန်လွန်းအားကြီး သည်။ ထိုအတွေးဝင်လာသည်နှင့် တစ်ပြိုင်နက်နည်းမှာပဲ ထိုဟာက ကျန်းလော့ရဲ့ တခြားသောအကြံအစည် တွေကို ဖျက်ဆီးပစ်ခဲ့သည်။ ရေအေး တစ်ခွက်ကို သူ့ဦးခေါင်းခွံထက်ကနေ လောင်းချလိုက်သကဲ့သို့ ခိုက်ခိုက်တုန် သွားပြီး သူ့ခန္တာကိုယ်တစ်ခုလုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့ သွားခဲ့သည်။
ဘာကိစ္စ အားနည်းချက်ကိုပဲ ပြပြီးတော့ ပြန်မတိုက်ခိုက်ပဲ နေရမှာလဲ။
ဘာကိစ္စ အပြစ်ကင်းချင်ယောင် ဆောင်နေဦးမှာလဲ။
ချီယုံကို သူ မသတ်ခဲ့ပေမယ့်လည်း အခုချိန်မှာ သူက မူလပိုင်ရှင်ဖြစ်သွားခဲ့ ပြီဖြစ်တာကြောင့် မူလပိုင်ရှင် လုပ်ခဲ့သော အဆိုးအကောင်းမှန်သမျှကို သူ ခါးစည်းခံရတော့မှာပင်။
ချီယုံရဲ့အရှေ့မှာ ရယ်ချင်စရာကောင်း သော ကံဆိုးသူမောင်ရှင်လေးအဖြစ် သရုပ်ဆောင်ဖို့ သူ အရမ်းပျင်းနေခဲ့ သည်။
ချီယုံရော သူရော တစ်ယောက် အကြောင်းတစ်ယောက် ကောင်းကောင်း ကြီး သိနှင့်နေပြီဖြစ်ပြီး… ထိုသူက သူ့ အပေါ် စိတ်ဝင်စားနေပေမယ့်လည်း သတ်ချင်နေတုန်းပင်… အဲဒီလိုသာဆိုရင် ဘာလို့များ ကိစ္စတွေကို ခပ်ကြမ်းကြမ်း လေး မလုပ်ရမှာလဲ။
မင်းက သေသွားပြီးတဲ့သူပဲ … စကားမှ မပြောနိုင်တော့တာ။
မင်း ငါ့ကို မုန်းနေရင်တောင်မှပဲ တခြား သူတွေရဲ့ မျက်လုံးထဲမှာတော့ မင်းက ငါ့ကို ချစ်နေတဲ့သူတစ်ယောက်ပဲ။
မင်း ငါ့ကို သတ်ချင်ရင်တောင်မှပဲ ငါ့အရှေ့မှာ ငါ့ကိုကာကွယ်ပေးကြမယ့် သူတွေ အများကြီးရှိတယ်။
လှပသောလူငယ်လေးရဲ့ မျက်နှာက တစ်ဖန်ပြန်ပြီး မာနကြီးမှုတွေ၊ ဝင့်ကြွား မှုတွေ ၊ အဆင်အခြင်ကင်းမဲ့မှုတွေနှင့် စွန်းထင်းလာခဲ့သည်။ ရှေးဆန်သော အလှရဲ့ နှစ်လိုဖွယ်ကောင်းမှုက ကျိုးပဲ့ သွားခဲ့ပြီပင် သို့ပေမယ့် ထိုဟာလေးကို က အရင်ပုံစံထက် ပိုပြီးတော့ အကြည့် ကို ဆွဲဆောင်နိုင်စွမ်းရှိကာ စူးရှသည်။
မြူခိုး၏ ရယ်သံရပ်သွားခဲ့သည် ကြည့်ရတာ နည်းနည်းလေး စိတ်ရှုပ် သွားသည့်ပုံပင်။
ကျန်းလော့ မှန်ထဲကို နောက်တစ်ကြိမ် ထပ်ပြီး တောက်ပသောအပြုံးတစ်ပွင့် ပြသလိုက်သည်။ သူ စုဆောင်းထား သော အားတွေကို နောက်ပြန်လှည့်ပြီး မှန်ကို ပိတ်ကန်ပစ်ဖို့ရာအတွက် သူ သုံး လိုက်သည်။
ဤ ကန်ချက်ကသာ အလုပ်မဖြစ်လျှင် ချီယုံရဲ့လက်ထဲမှာ သူ့လည်ပင်း ကျိုးသွားမှာဖြစ်သည်။
ဘန်း။
မှန်ကွဲသွားသောအသံက နားထဲမှာ စူးရှနေခဲ့သည်။ တံခါးအပြင်ဘက်မှာ ရှိနေကြသော လုယုံရိနှင့် ယယ်ရွှင်တို့ ချက်ချင်းဆိုသလို အမြန်ပြေးဝင်လာခဲ့ ကြသည်။
“ကျန်းလော့”
မှန်ကွဲစတွေရဲ့ကြားမှာ ကျန်းလော့ ခပ်ပြင်းပြင်း လဲကျသွားခဲ့သည်။ လုယုံရိက သူ့ကို ပြေးထူလာခဲ့ပြီး ယယ်ရွှင်ကတော့ တင်းမာသော မျက်နှာထားဖြင့် သူတို့အရှေ့မှာ ကာဆီး ထားခဲ့သည်။
ကျန်းလော့ ထရပ်ပြီး မှန်ကွဲစတွေကို ဖယ်လိုက်သည်။ လုယုံရိ စိုးရိမ်တကြီး နှင့် မေးလာခဲ့သည်။”ဘာဖြစ်ခဲ့တာလဲ”
ကျန်းလော့ရဲ့ ပုခုံးတွေ တုန်ရီနေခဲ့ သည်။ သူငိုနေတာပဲဟု လုယုံရိ တွေးလိုက်မိပေမယ့် ကျန်းလော့က အပြံးဖြင့် ခေါင်းမော့လာခဲ့သည်။ သူ့ ပါးပြင်တွေက အနည်းငယ် အရက်မူးနေ ခဲ့သလို နီစွေးနေခဲ့သည်။ သူ့လည်ပင်း ထက်က ကြောက်မက်ဖွယ် ပွန်းပဲ့ဒဏ်ရာ တွေကို သူထိကာ အိပ်မက်မက်နေသော သူတစ်ယောက်ကဲ့သို့ ပြောလာခဲ့သည်။
“ချီယုံ ခုဏကတင်ပဲ ငါ့ကို တွေ့ဖို့လာခဲ့ တယ်”
လုယုံရိရဲ့ မျက်လုံးတွေ ပြူးကျယ်သွား ခဲ့သည်။ “ဘာပြောတယ်”
ယယ်ရွှင် သူ့ခေါင်းကို တောင့်တောင့် ကြီးလှည့်လာပြီး ကျန်းလော့ကို စိုက် ကြည့်လာခဲ့သည်။
ကျန်းလော့ သူ့လည်ပင်းကို သူ့ လက်ချောင်းတွေဖြင့် အေးအေး ဆေးဆေး ပွတ်သပ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“သူ ငါ့ကို သတိရနေခဲ့တာလို့ပြောပြီး ငါ့ကို သူနဲ့အတူ အဖော်ပြုပေးစေချင် နေတာ”
သူ့လည်ပင်းထက်က အမာရွတ်တွေ ကတော့ အတုအယောင်မဖြစ်နိုင်ချေ။ လုယုံရိ အံ့အားသင့်သွားပြီးနောက် အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလာခဲ့ သည်။
“တကယ်ပြော ... တကယ်ပြောနေတာ လား”
ကျန်းလော့ သူ့ကို မျက်စိမှိတ်ပြပြီး ပျော်စေပြက်စေ ပြောလိုက်သည်။
“တကယ်”
ကျန်းလော့က ပိုပြီးတော့ ဝမ်းမြောက် ဝမ်းသာဖြစ်လေလေ လုယုံရိ နှလုံးသား တွေ နစ်မြုပ်လေလေပင်။ သူ ယုံဖို့ရာက လွဲပြီး မတတ်နိုင်တော့ချေ။ သူ့ နှလုံးသားထဲရှိ ချီယုံအပေါ်အမြင်က တစ်ဝက်ကျော် ပြိုလဲသွားခဲ့သလို သူ ခံစားလိုက်ရသည်။
“ဒါက အဓိပ္ပာယ်မရှိတာပဲ”
“လူသားနဲ့ တစ္ဆေဝိညာဉ်တွေက မတူညီတဲ့လမ်းကြောင်းတွေပေါ်မှာ ရှိနေကြတာ”ယယ်ရွှင် တည်တည် ငြိမ်ငြိမ်နှင့် ပြောလိုက်ပြီး ကျန်းလော့ကို သတိပေးသလို တစ်ချက်ကြည့်လိုက် သည်။ “လူတစ်ယောက် သေသွားပြီး ချိန်ကျရင် သူတို့တွေ ဘယ်တော့မှ ထပ်ပြီး ရှင်သန်မလာနိုင်တော့ဘူး။ အသက်ရှင်နေတဲ့သူတွေက သေပြီးသား သူတွေနဲ့ အတူနေဖို့ မဖြစ်နိုင်ဘူး… ဒါက ယင် နဲ့ ယန်ရဲ့ စည်းမျဉ်းပဲ”
လုယုံရိ ခပ်တွေတွေငေးကြည့်ရင်း ယယ်ရွှင် ပြောတာကို နောက်ကနေ လိုက်ပြောလိုက်မိသည်။
“ဟုတ်တယ် … ယယ်ရွှင် ပြောတာ မှန်တယ်… ဘယ်လိုလုပ်ပြီးတော့ ချီယုံက အခုလိုလုပ်ရပ်ကို လုပ်နိုင်ရတာလဲ”
အစ်ကို ချီယုံက အရမ်းနူးညံ့ပြီးတော့ ပေါင်းသင်းဆက်ဆံရလည်း လွယ်တာ ကို … ဘယ်လိုလုပ်ပြီးတော့ အခုလို လုပ်ရက်ရတာလဲ။
လုယုံရိရဲ့ ခေါင်းတွေ ကြီးထွက်လာ တော့မလိုပင်။ သူတို့တွေ ရေချိုးခန်း ထဲကနေ ထွက်လာလိုက်ကြသည်။ ကျန်းလော့ စိတ်ဓာတ်ကျနေမှာကို လုယုံရိက စိုးရိမ်နေပုံပင်။ သူ တီဗီကို တမင်သက်သက် ဖွင့်လိုက်ပြီးနောက် စိတ်တက်ကြွစေသော လူမှုရေးချန်နယ် ကို ရှာလိုက်သည်။ ကျန်းလော့ကို လူ့ဘဝရဲ့ တန်ဖိုးရှိမှုကို သူ နားလည်စေ ချင်သည်။
တီဗီအသံက တိတ်ဆိတ်မှုထဲမှု ပျံ့လွင့် နေခဲ့သည်။ လူသုံးယောက် သူတို့ရဲ့ အတွေးကိုယ်စီနှင့် ထိုင်နေခဲ့ကြသည်။ ဆောက်လုပ်ရေး ကန်ထရိုက်တာ ခေါင်းဆောင်ရဲ့ စိတ်ခွန်အားရစေသော အင်တာဗျုးဗီဒီယို ပြီးဆုံးသွားပြီးနောက် ယယ်ရွှင် တီဗီကို ပိတ်ပြီး အရုပ်ကို ကျန်းလော့ ပွေ့ထားဖို့အတွက် ပေးလိုက် ကာ စားပွဲအနားမှာ မတ်တပ်ရပ်လိုက် သည်။
ကျန်းလော့ နာရီကို မော့ကြည့်လိုက်တော့ ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ်တောင် ရှိနေပြီဖြစ်သည်။
အချိန်ကျလာပြီပင်။
ယယ်ရွှင် အမွှေးတိုင်ကို ထွန်းလိုက် သည်။ သူထိုဟာကို လက်တစ်ဖက် တည်းနှင့် ထောင်လိုက်ပြီးနောက် ထမင်းဖြူခွက်ရဲ့ အောက်ခြေထိတိုင် အောင် ထိုးစိုက်လိုက်သည်။ အမွှေးတိုင် က မှန်ရဲ့အရှေ့မှာ တည့်တည့်မတ်မတ် ထောင်နေခဲ့သည်။ယယ်ရွှင် အမွှေးတိုင် ထွန်းပြီးနောက်မှာ အဝါရောင် အင်းစာရွက်ကို သေသေသပ်သပ် ကောက်ယူပြီး အမွှေးတိုင်ရှည်အနားသို့ တိုးကာ မီးညှိလိုက်သည်။ သူ တစ်ဝက် ကျွမ်းနေသော အင်းစာရွက်ကို ကြည်လင်နေသော ရေဇလုံထဲသို့ ထည့်လိုက်သည်။
ကျန်းလော့ အဝါရောင်အင်းစာရွက်ကို သေချာမြင်လိုက်ရသည် … ထိုဟာက “သရဲရှာသော အင်းလူသား”ပင်။
မယုံကြည်နိုင်လောက်အောင်ပင် မီးသင့်နေသောစာရွက်က ရေထဲသို့ ထည့်ခံထားရသည့်တိုင်အောင် ဆက် လောင်ကျွမ်းနေဆဲဖြစ်သည်။ အဝါရောင် အင်းစာရွက် လောင်ကျွမ်းသွားပြီးနောက် မှာ ကြည်လင်နေသောရေက မီးခိုရောင် သန်းနေသော နောက်ကျိနေသည့်ရေ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယယ်ရွှင် နောက်ကျိနေသောရေတွေကို ထမင်းဖြူပန်းကန်ထဲသို့ လက်နှစ်ဖက် ဖြင့်ကိုင်ကာ ဂါဝရပြုဟန်ဖြင့် လောင်း ထည့်လိုက်ပြီးနောက် လောင်ကျွမ်းနေ သော အမွှေးတိုင်ဆီက မီးခိုးငွေ့ကို စူးစိုက်ပြီးတော့ ကြည့်နေလိုက်သည်။
အမွှေးတိုင်၏ မီးခိုးတန်းရှည်ကြီးက တဖျပ်ဖျပ် လှုပ်ခါနေခဲ့ပြီး ဖျော့တော့ စွာနှင့် ညှင်သာစွာ အထက်သို့ တက်လာခဲ့ သည်။
သူတို့သုံးယောက်ရဲ့ အာရုံဖိစီးမှု အမြင့် ဆုံးသို့ ရောက်နေချိန်မှာပဲ တံခါးဆီက နေပြီး ခေါက်သံတစ်ချက်ကို ရုတ်တရက် ကြားလိုက်ကြရသည်။
အဖွားအိုရဲ့ အိုမင်းနေသောအသံ ထွက် ပေါ်လာခဲ့သည်။ “ကလေးတို့ အိပ်နေကြ ပြီလား”
လုယုံရိ ချွေးတွေ ရွှဲနစ်နေရင်းနှင့် တံခါး ဆီ အပြေးသွားကာ ဖွင့်ပေးလိုက်သည်။
“အဖွား … ဘာကိစ္စရှိလို့လဲဗျ”
တံခါးအပြင်ဘက်ရှိ အဖွားအိုက တည်ကြည်လေးနက်စွာ ပြုံးနေခဲ့ပြီး သူ့လက်ထဲမှာတော့ လင်ဗန်းတစ်ချပ်ကို ကိုင်ထားခဲ့သည်။
“ကလေးတို့တတွေ ညကျ ဗိုက်ဆာ နေမှာ စိုးရိမ်လို့လေ … အဲတာကြောင့် တစ်ခုခု စားဖို့ရာ လာပို့ပေးတာ”
လုယုံရိ လင်ဗန်းကို ယူလိုက်ပြီးနောက် အစားအသောက်ရဲ့ မွှေးပျံ့နေသောရနံ့ကို တဝကြီး ရှုသွင်းလိုက်သည်။ သူ အရမ်း ကိုပျော်လွန်းအားကြီး၍ မျက်ရည်တောင် ဝဲမိတော့မတတ်ပင်။
“အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျ”
အဖွားအိုက သူ့ကို အပြုံးဖြင့် ကြည့်လာခဲ့ သည်။ သူမ အခန်းထဲကို တစ်ချက် ဝေ့ကြည့်ပြီးနောက် တိုင်တွန်းလာခဲ့ သည်။
“သွားပြီးတော့ အိပ်တော့ … ညအရမ်း နက်အောင်လည်း နေမနေကြနဲ့အုံး”
လုယုံရိ ထပ်တလဲလဲ ခေါင်းညိတ်လိုက် သည်။ သူ အဖွားအိုကို ပြန်ပို့တော့မယ့် အချိန်မှာပဲ သူရုတ်တရက် ထမေးလိုက်မိ သည်။
“ဒါနဲ့လေ အဖွား … အဖွား ဒီမှာနေနေတာ ဘယ်လောက်လောက်ကြာပြီလဲ”
အဖွားအို ခဏလောက်စဉ်းစားလိုက်ပြီး မရေရာစွာဖြင့် ဖြည်းဖြည်းချင်း ပြောလာ ခဲ့သည်။ “တစ်လ”
လုယုံရိ “ထူးခြားတာဘာညာရော သတိထားမိသေးလားဗျ”
မိန်းမအိုကြီးက ခေါင်းယမ်းလာခဲ့သည် သို့သော် ခေါင်းယမ်းနေတုန်း တန်းလန့် မှာပဲ တစ်စုံတစ်ခုကို သတိရသွားသည့် အလား သူမ ခေါင်းယမ်းတာကို ခဏလောက် ရပ်ပစ်လိုက်ပြီး သူမရဲ့ မျက်နှာအမူအရာက ချီတုံချတုံဖြစ်လာ ခဲ့သည်။
လုယုံရိ ထိုမြင်ကွင်းကို ကြည့်နေပြီး နောက် ချက်ချင်းမေးလိုက်သည်။
“အဖွား … အဖွားကြုံခဲ့ရတဲ့ ထူးဆန်းမှု တွေကို ကျွန်တော့်ကို ပြောပြပေးပါလား”
မိန်းမအိုကြီးက ဖြည်းညင်းစွာ လှုပ်ရှား ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ် လိုက်သည်။ သူ လုယုံရိကို ချီတုံချတုံနှင့် နောက်တစ်ခေါက် ထပ်ကြည့်လာခဲ့ပြီး တီးတိုးပြောလာခဲ့သည်။
“အဖွားရဲ့ ချွေးမနဲ့ပတ်သတ်ပြီး တစ်ခုခု တော့ ဖြစ်နေသလိုပဲ”
လုယုံရိ တုံ့ပြန်လိုက်ကာ “ဘယ်လို ဖြစ်နေလို့လဲဗျ”
မိန်းမအိုကြီးက အရှေ့သို့ နှစ်လှမ်း လောက် တိုးလာခဲ့သည်။ သူမရဲ့ ပါးစပ် ကို လက်တွေဖြင့် ကာလိုက်ပြီး အာစရွှင်သောအသံနှင့် ပြောလာခဲ့သည်။
“သူ မြေးလေးကို အစားမစားခိုင်းဘူး … ဒီတစ်လအတွင်းမှာပဲ သူမ ဒေါသတွေ တော်တော်ထွက်နေတာ… မကြာခဏ ဆိုသလို အဖွားရဲ့သားကိုလည်း ရန်တွေ လုပ်ပြီးတော့ မြေးလေးကိုလည်း ရိုက်သေးတာ”
“သူမကို ကြည့်မိတဲ့အချိန်ဆိုရင် အဖွား တောင်မှ နည်းနည်းကြောက်မိတယ်”
လုယုံရိ မျက်မှောင်ကြုတ်လိုက်သည်။ သူ မိန်းမအိုကြီးကို ကျေးဇူးတင်လိုက်ပြီး နောက် အစားအသောက်ကို အခန်းထဲသို့ သယ်သွားလိုက်သည် ထို့နောက် ကျန်းလော့နှင့် ယယ်ရွှင်တို့ကို သူနဲ့ မိန်းမအိုကြီး ပြောခဲ့တဲ့စကားတွေကို ပြန်ပြောပြလိုက်သည်။
ယယ်ရွှင် အချိန်အတော်ကြာ တွေးတော နေပြီးမှ “လွန်ခဲ့တဲ့တစ်လ … ကောင်မလေးသုံးယောက် ပျောက်သွား ခဲ့တာကလည်း လွန်ခဲ့တဲ့တစ်လပဲ”
လုယုံရိ ပြောလိုက်သည်။ “ဒါက တိုက်ဆိုင်မှုဖြစ်ဖို့ရာ အတွက်တော့ တော်တော်လေး များလွန်းသွားပြီ”
ယယ်ရွှင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်သည်။ “သူဌေးရဲ့မိန်းမကို မနက်ဖြန် သွားတွေ့ကြတာပေါ့”
အဖွားအိုက ခေါက်ဆွဲတွေ ပို့လာတာ ဖြစ်သည်။ ပန်းကန်ထဲမှာ ကြက်ဥပြုတ် နှစ်လုံးနှင့် အနံ့မွှေးကာ ပူပြီးတော့ ချဉ်သည့်အရသာရှိသော အာလူး နုပ်နုပ်စဉ်းလေးတွေ တောင်မှပါသေး သည်။ ကျန်းလော့ ဗိုက်မဆာပေမယ့် လည်း စားချင်စိတ်ဖြစ်မိသည်။ သူ အရည်ကျဲပြီး အနံ့မွှေးသော ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို စားလိုက် သည်။
“သူတို့က အာလူးနုပ်နုပ်စည်းလေးတွေ ကိုတောင်မှ အရသာရှိရှိ ကြော်ထားသေး တယ်”လုယုံရိရဲ့ မကျေနပ်ချက်တွေက မြိန်ရေယှက်ရေ စားပြီးနောက်မှာ အလုံး အထည် ပေါ်လာခဲ့သည်။
“ငါတို့ကျောင်းက ကန်တင်းမှာ စားနေရတဲ့ဟာကြီးက ဘာကြီးများလဲ”
“ငါတို့ကျောင်းက ဆင်းရဲတယ်လေ”ယယ်ရွှင် ပြောလိုက်သည် “မင်းက ပိုက်ဆံ အရမ်းချမ်းသာတာပဲဟာကို … ဘာလို့ မင်းမိသားစုကို ကန်တင်းတစ်ခု လောက် ငါတို့ ကျောင်းကို မလှူခိုင်းလိုက် တာလဲ”
“ငါက ချမ်းသာတယ်”လုယုံရိ သူတို့ကို ဘာမှနားမလည်သောပုံနှင့် မော့ကြည့် လာခဲ့ပြီး သူ့လက်မှာဝတ်ထားခဲ့သော အနည်းဆုံးသုညခြောက်လုံးလောက် ရှိသည့် နာမည်ကြီးနာရီကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။
“ငါ မသိဘူးရော် … ငါက ပိုက်ဆံကို သိပ်စိတ်မဝင်စားတော့”
ယယ်ရွှင် “…”
ကျန်းလော့ “…”
လုယုံရိကို ကျန်းလော့ ပါးစပ်ထဲက တံတွေးတွေနှင့် ထထွေးမိလုနီးပါးပင်။ စားပွဲပေါ်မှာတင်ထားသော အမွှေးတိုင်က အရေးကြီးတဲ့အခြေအနေမှာ ရောက်နေ တာကို သူ တွေ့လိုက်ရချိန်မှာတော့ သူ့ မျက်နှာအမူအရာ ပြောင်းသွားခဲ့သွားရုး
“အမွှေးတိုင်ရဲ့ လားရာ ပြောင်းသွားပြီ”
ဖြောင့်ဖြောင့်တန်းတန်းနှင့် အထက်သို့ မြင့်တက်နေခဲ့သော အမွှေးတိုင်ရဲ့မီးခိုးငွေ့ တွေက ရုတ်တရက် ရှုပ်ထွေးသွားပြီး နောက် အခန်းရဲ့အပြင်ဘက်ကို လွင့်မျော သွားခဲ့သည်။
ယယ်ရွှင်နှင့် လုယုံရိတို့ ချက်ချင်း ထရပ် လိုက်ကြသည်။ ယယ်ရွှင် သူ့လက်ကို ဆေးကာ အမွှေးတိုင်စိုက်ထားသော ထမင်းခွက်ကို မ၍ အပြင်သို့ ထွက်သွား လိုက်သည်။ လုယုံရိကလည်း ကျန်းလော့ ကို အလယ်ပို့ကာ သူ့ အနောက်ကနေ လျှောက်လိုက်သည်။
သို့သော် သူ ထွက်သွားသွားချင်းမှာပဲ မီးခိုးငွေ့က အမျှင်နှစ်တန်း ကွဲထွက်သွား ခဲ့ပြီး တစ်ခုက ဘယ်ကိုသွားကာ တစ်ခု က ညာကို သွားနေခဲ့သည်။
ယယ်ရွှင် ဘယ်ကို ကြည့်လိုက်ပြီးနောက် ညာကို ပြန်ကြည့်လိုက်သည်။ သူ တခဏလောက် ငြိမ်သက်နေပြီးနောက် “ငါတို့ ဘယ်လမ်းကို သွားကြမလဲ”
လုယုံရိ လက်လွတ်စပယ်ပြောလိုက် သည်။ “ဘယ်ဘက်ကို”
ယယ်ရွှင် “အကယ်၍ ဘယ်ဘက်မှာ ရှိနေတဲ့သရဲက ငါတို့ကို ထောင်ချောက် ဆင်ထားရင်ရော”
လုယုံရိ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက် သည်။ “အဲတာဆိုလည်း ညာဘက် သွားရုံပေါ့”
ယယ်ရွင် “ညာဘက်မှာ သရဲ ထောင်ချောက် ရှိနေခဲ့ရင်ရော”
လုယုံရိ “…”
ကျန်းလော့ အကြံပေးလိုက်သည်။
“ငါတို့ ခွဲပြီးတော့ သွားကြရင်ရော”
ယယ်ရွှင် အချိန်အကြာကြီး ငြိမ်သက် သွားခဲ့သည်။ သူ ခေါင်းယမ်းလိုက်ပြီး ပြောလာခဲ့သည်။ “ထားလိုက်ပါတော့… ဘယ်ဘက်ကိုပဲ အရင်သွားကြတာပေါ့”
ကျန်းလော့ ခေါင်းလှည့်ကာ မေးလိုက် သည်။ “ယယ်ရွှင် ရွေးချယ်ရ ခက်နေ တာလား”
လုယုံရိ ရှင်းပြမရသော အမူအရာဖြင့် ခေါင်းညိတ်လာခဲ့သည်။ “အတူတူ တာဝန်လုပ်ဖို့လာတဲ့ သူတစ်ယောက် အနေနဲ့ အကြံပေးလိုက်မယ် … သူနဲ့ ဘယ်တော့မှ ဈေးဝယ်မထွက်နဲ့”
စင်္ကြန်လမ်းက ညသန်းခေါင်အလယ်မှာ မီးတွေဖြင့် လင်းထိန်နေခဲ့သည်။ သူတို့ တွေ ကော်ရစ်ဒါအရှည်ကြီးကို ဖြတ်ပြီး မီးခိုးနောက်လိုက်ကာ အပေါ်ထပ်ကို တက်လိုက်ကြချိန်မှာတော့ သူတို့တွေ “ဘန်းဘန်း”ဆိုသောအသံကို ကြားလိုက် ကြားလိုက်ကြရသည်။
အသံက လှေကားထစ်တွေပေါ်ကနေ ဘောလုံးတစ်လုံး လိမ့်ဆင်းကာ ကြမ်းပြင်ပေါ်ကနေ ခုန်ထွက်သွားလိုက် ကြမ်းပြင်ကို ပြန်ရိုက်မိလိုက် ဖြစ်နေ သော အသံနှင့် သွားတူနေခဲ့သည်။ ညသန်းခေါင်အလယ်ကြီးမှာ ထိုကဲ့သို့ သောအသံက ရုတ်တရက်ပေါ်လာခဲ့ပြီး သူတို့ အုပ်စု ခြေလှမ်းတွေကို ရပ်လိုက် ကြသည်။
သို့သော် ရုတ်တရက်ဆိုသလို လှေကား ထစ်တွေထက်က မီးတွေ ငြိမ်းသွားခဲ့ သည်။
အမှောင်ထု ဝင်ရောက်လာချိန်မှာ လုယုံရိ တုန်တုန်ရီရီနှင့် ပြောလိုက်သည်။
“ယယ်ရွှင် … ကျန်းလော့”
ယယ်ရွှင် တည်ငြိမ်စွာဖြင့် “ဟမ်”ဟု အသံပေးလာခဲ့ပြီး ကျန်းလော့ကတော့ “ရှိတယ် … ရှိတယ်”ဟု ပြန်ပြောလိုက် သည်။
လုယုံရိ စိတ်သက်သာရာ ရသွားခဲ့သည်။
“ဘယ်လိုဖြစ်လို့ မီးတွေက ရုတ်တရက် ကြီး ထပျက်…”
သူ့စကားသံတွေ တစ်ဝက်တစ်ပျက် ရပ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် အပေါ်ထပ်ရှိ ဘောလုံးအသံက ရုတ်တရက် ရပ်သွား ခဲ့တာကြောင့်ပင်။ တခဏလောက် ငြိမ်သက်သွားပြီးနောက်မှာ ထိုအရာက သူ့တို့အနားမှာ ရှိနေခဲ့သည့်အလား အရှိန်က အရင်ကထက်ပင် နှစ်ဆ သုံးဆ မြန်လာခဲ့သည်။
ဘန်း ၊ ဘန်း ၊ ဘန်း ၊ ဘန်း ၊ ဘန်း ၊ဘန်း။
ဘောလုံးက မြန်မြန်ပြုတ်ကျလာခဲ့ပြီး အသံကလည်း ပိုပိုပြီး မြန်ဆန်လာခဲ့ သည်။
လုယုံရိ ကျောချမ်းလာလွန်း၍ မနေနိုင် တော့ဘဲ ကျန်းလော့ရဲ့ အဝတ်တွေကို ဆွဲကိုင်လိုက်သည်။ ကျန်းလော့ စနောက် ပြီးပြောလိုက်သည်။
“လုယုံရိ … မင်းက ဘာကိစ္စ ငါ့ထက် ပိုကြောက်နေရတာလဲ”
လုယုံရိ တုန်ရီစွာနှင့် ပြောလိုက်သည်။
“ငါက အမှောင်ကြောက်တယ်”
ကျန်းလော့ “…”ဟုတ်ပါပြီ။
စကားပြောနေစဉ်အတွင်းမှာ ဘောလုံးရဲ့ အသံက အပေါ်ထပ်ရှိ လှေကားထစ်တွေ ပေါ် ရောက်လာခဲ့သည်။ ကျန်းလော့ လည်း လုယုံရိထံကနေ ကူးစက်ခံလိုက် ရပြီး နှလုံးခုန်သံနွေ မြန်သထက် မြန်လာ ခဲ့သည်။ သူ စောင့်နေစဉ်မှာပဲ အသံက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
တိတ်ဆိတ်မှုက တစ်ဖန်ပြန်ကြီးစိုးသွား ခဲ့သည်။
သို့သော် ထိုကဲ့သို့သော တိတ်ဆိတ်မှုမျိုး က မုန်တိုင်းမလာခင် လေငြိမ်သက်နေ တာနှင့် ကွာခြားမှုမရှိဘဲ လူတွေကို ခိုက်ခိုက်တုန်လာစေသည်။
ယယ်ရွှင် ရုတ်တရက် ပြောလာခဲ့သည်။
“မီးခိုးက အနောက်ဘက်ကို ပြန်လွင့်လာ တယ်”
လုယုံရိ မေးလိုက်သည်။ “မင်း အဲတာကို မြင်ရတာလား”
ယယ်ရွှင် ဖြေလိုက်သည်။ “ငါ အနံ့ရ လိုက်တာ”
ထိုဟာက အခုလေးတင် သူတို့အရှေ့ကို တစ်စုံတစ်ခု ဖြတ်သွားကြောင်း သတ်သေပြလိုက်တာပင်။
“ပြန်သွားကြရအောင်”ကျန်းလော့ သူ့ရဲ့ ခြောက်ကပ်နေသော နှုတ်ခမ်းတွေကို လျှာဖြင့်သပ်ကာ အမှောင်ထုထဲကို စိုက်ကြည့်လိုက်သည်။
“မီးခလုတ်က လှေကားအုံပေါ်မှာ ရှိနေ တာကို ငါမှတ်မိတယ် … ခလုတ် များ ပိတ်ကျသွားသလားဆိုတာကို သွား ကြည့်ကြတာပေါ့”
သူတို့သုံးယောက် ပြန်လှည့်ကာ သတိထား၍ လမ်းလျှောက်လိုက်ကြ သည်။
မီးခလုတ်က အမှန်ကိုပင် လှေကားပေါ် မှာ ရှိနေခဲ့တာဖြစ်သည်။ ကျန်းလော့မှာ မှတ်ဉာဏ်ကောင်းရှိပြီးတော့ အဆောက် အဦးဒီဇိုင်းနှင့်လည်း ကျွမ်းဝင်မှုရှိသည်။ သူ ထိုခလုတ်ကို ထိလိုက်ပြီးနောက် စိတ်ပိက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“အဲတာ ပိတ်ကျသွားခဲ့တာ မဟုတ်ဘူး မီးမလာတော့တာ”
သူတို့သုံးယောက် ထိုနေရာမှာ မတ်တပ် ရပ်ရင်းနဲ့ ဘဝအကြောင်းကို ခဏ လောက် စဉ်းစားနေမိကြသည်။ ကျန်းလော့ရဲ့ နားရွက်တွေ ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး အထူးတလည်ပြော လိုက်သည် “အဲ့အသံက ဘာအသံလဲ”
ဖုန်းမြည်သံက စင်္ကြန်လမ်းထက်မှာ ပျံ့နှံ့လို့လာခဲ့သည်။
လုယုံရိ “ချီးပဲ”
သူတို့တွေ အသံလာရာဆီ စောင်းငဲ့ ကြည့်လိုက်ကြသည်။ ထိုနေရာက မှောင်မဲနေခဲ့တာကြောင့် သူတို့တွေ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထိုနေရာကို အချိန်အကြာကြီး စောင့် ကြည့်ရပြီးနောက်မှာ ထိုအမှောင်ထုထဲ တွင် သူတို့ကို အချိန်မရွေးဝါးမျိုသွားနိုင် သော အန္တရာယ်တွေနှင့် မကောင်းဆိုးဝါး တွေ ရှိနေသကဲ့သို့ ခံစားလာကြရသည်။
ယယ်ရွှင် ဦးဆောင်လိုက်သည်။ သူ လျှောက်သွားလိုက်ပြီးနောက် ဝာည်တည် ငြိမ်ငြိမ် ပြောလာခဲ့သည်။
“တစ်ယောက်ယောက် ဖုန်းကိုင်နိုင် မလား။ ငါက အမွှေးတိုင်ကို ကိုင်ထား ရတာကြောင့် မဖြေနိုင်သေးဘူး”
လုယုံရိရဲ့ တွန်းပို့ခြင်းကို ကျန်းလော့ ခံလိုက်ရပြီးနောက် ဖုန်းကို မကိုင်ချင့် ကိုင်ချင်ဖြင့် ကောက်ကိုင်လိုက်သည်။
“ဟယ်လို”
သူဌေးဖြစ်သူ၏ အသံက ဖုန်းရဲ့ တခြား တစ်ဖက်ကနေ ထွက်လာခဲ့သည်။
“ဟေးဟေးဟေး … အခုကိုင်နေတာ ကျောင်းသားကျန်းလား “
ကျန်းလော့ ချက်ချင်းဆိုသလို မြေအောက်လောကကနေပြီး ကမ္ဘာမြေ ပေါ် ပြန်ရောက်လာခဲ့သလို ခံစားလိုက်ရ သည်။
“ဦးလေးလား … သူဌေး … ဦးတို့ရဲ့ အဆောက်အဦးမှာ ဓာတ်အားပြတ် တောက်မှုဖြစ်သွားတာလား”
“ဟုတ်တယ် … ဦးလေး မင်းတို့ကို ဒီပြဿနာအကြောင်း ပြောမလို့ပဲ”သူဌေးဖြစ်သူ ရှက်ရှက်နှင့် ပြောလာခဲ့ သည် “နေ့ခင်းပိုင်းတုန်းက ပြောဖို့ မေ့သွားတာ။ အခုတလော လမ်းတွေ ဆောက်နေကြတာလေ။ အဲတာကြောင့် ဆားကစ်ကြိုးတွေ မတည်မငြိမ်ဖြစ်ပြီး တော့ တစ်ခါတစ်ခါ ပါဝါ ပြတ်တောက် သွားတတ်တယ်။ ဦးလေးတို့ဟိုတယ်ရဲ့ အရံပါဝါထောက်ပံ့မှုက စတူဒီယိုထဲမှာ ရှိတယ် … အရံပါဝါထောက်ပံ့မှုရဲ့ ခလုတ် ကို ဖွင့်လိုက်ရုံပဲ”
ကျန်းလော့ သူ့နဖူးကို ပွတ်လိုက်ပြီး နောက် ခေါင်းကိုက်စွာဖြင့် ပြောလိုက် သည်။
“ကောင်းပါပြီ … ကျွန်တော် လုပ်လိုက် ပါ့မယ်”
ကျန်းလော့ စတူဒီယိုရဲ့ တည်နေရာကို အခုထိ မှတ်မိသေးသည်။ မမြင်မစမ်း နှင့် ခလုတ်တိုက်ပြီး လဲကျမှာကိုစိုး၍ သူတို့တွေ စတူဒီယိုရှိရာဆီသို့ သတိထား ပြီး သွားလိုက်ကြသည်။ အနောက်မှာ ရှိနေသောသူက အရှေ့ကလူရဲ့ အဝတ် တွေကို ဆွဲပြီးတော့ သွားလိုက်ကြသည်။ သူ့ကို အနောက်ကနေပြီး ဆွဲနေခဲ့သော လုယုံရိရဲ့အားက တဖြည်းဖြည်းနှင့် အားကောင်းသထက် အားကောင်းလာ တာကို ကျန်းလော့ ခံစားလိုက်မိသည်။ သူ့ရဲ့ အဝတ်အစားတွေကိုတောင်မှ ဆွဲဖြဲ တော့မလိုပင်။
“လုယုံရိ … မင်းရဲ့ အားကိုလျော့အုံး”
လုယုံရိ အလွန်အကြူး တုံ့ပြန်လိုက် သည်။
“သိပြီ … သိပြီ “
စက္ကန့်အနည်းငယ် ကြာသွားပြီးချိန်မှာ ကျန်းလော့ မသက်မသာ ခံစားနေရဆဲ ပင်။
“ငါဆိုလိုတာကို မင်းတကယ်ပဲ နားရောလည်ရဲ့လား”
သူ့ ခေါင်းကို နောက်လှည့်လိုက်ရင်းနှင့် မတော်တဆ သူ့အနောက်မှာရှိနေသော သူရဲ့ ခြေထောက်ကို တက်နင်းလိုက်မိ သည်။
ကျန်းလော့ မသိစိတ်ရဲ့ စေ့ဆော်မှုအရ တောင်းပန်စကားဆိုဖို့ လုပ်လိုက်ပေမယ့် လုယုံရိက ဘာမှမခံစားရချေ။ သူ ဒေါသတကြီး ပြောလာခဲ့သည်။
“မင်း ပြောတာကို ငါက ဘယ်လိုလုပ် ပြီးတော့ နားမလည်ဘဲနေရမှာလဲ။ ငါ့ရဲ့ အားကို လျှော့ထားတာပဲ မဟုတ်ဘူး လား”
ကျန်းလော့ရဲ့ စကားလုံးတွေအားလုံး သူ့လည်ချောင်းထဲမှာ တစ်သွားခဲ့ရသည်။ သူ့နှာခေါင်းထိပ်မှာ ဇောချွေးတွေ ပြန်လာ ခဲ့သည်။
“လုယုံရိ … မင်း မနာဘူးလား”
လုယုံရိ ထူးဆန်းစွာနှင့် ပြောလိုက်သည်။
“ငါက ဘာလို့နာရမှာလဲ”
ကျန်းလော့ ငြိမ်နေခဲ့ပြီး ခဏအကြာမှာ တော့ သူ ပြောလိုက်သည်။
“လုယုံရိ”
လုယုံရိ “ဘာလဲ”
ကျန်းလော့ ပြောလိုက်သည်။
“ငါတို့ကြားထဲမှာ နောက်ထပ်အပိုလူ တစ်ယောက်ရှိနေတဲ့ပုံပဲ”
****