Ch 14
Viewers 3k

🍼 Chapter 14

🍼 Qingqing Runs Away from Home


ဖူစစ်ကျင်း အကြည့်သည် အလွန်မရင်းနှီးသဖြင့် ချင်ချင် မသိစိတ်ကပင် စိုးရိမ်မကင်းဖြစ်သွားရသည်။


သူလေး ဖူစစ်ကျင်းလက်ကိုဆုပ်ကိုင်ရန် မသိစိတ်ဖြင့် ကြိုးစားသော်လည်း သူ ရုန်းထွက်ပြီး သူမနှင့် ခပ်ဝေးဝေး နေလိုသည့်အတွက် နောက်သို့ ခြေလှမ်းများစွာဆုတ်သွားသည်။


"အာကျင်း..." 


ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်ခံလိုက်ရသောကြောင့် ချင်ချင် နာကျင်သွားပြီး သူ့ အသံထဲ အသနားခံလိုသော ငိုသံများပါဝင်လာသည်။


ကလေးတစ်ဦး၏ပြင်းထန်သော အာရုံခံစားမှုများက သူ့အား မနှစ်သက်ကြောင်းပြောပြနေသည်။


သို့သော် ဖူစစ်ကျင်း အဘယ်ကြောင့် ဒေါသထွက်နေသည်ကို သူ နားမလည်ခဲ့ပေ။


"ချင်ချင် အမြဲတမ်းလိမ်မာပါတယ်၊ ချင်ချင် ဘာမှဆိုးတာ မလုပ်ခဲ့ပါဘူး" 


ချင်ချင်သည် မျက်ရည်များရစ်ဝဲနေသော မျက်လုံးများဖြင့် အကူအညီမဲ့စွာရေရွတ်လိုက်သည်။


သူမသည် သူ့ လက်လေးများကိုဆန့်တန်းလိုက်ပြီး ဖူစစ်ကျင်းက သူလေးအား ပွေ့ဖက်လာစေရန် စိုးရိမ်တကြီး တောင်းဆိုနေသည်။


အာကျင်းသာ ချင်ချင်ကိုပွေ့ဖက်လိုက်မည်ဆိုပါက သူမ သူ့အား ခွင့်လွှတ်လိုက်မည်ပင်။


သို့သော် ဤအချိန်တွင် ဖူစစ်ကျင်း အလွန်တရာအေးစက်နေပုံရသည်။


"ပြန်ငယ်သွားရင်တောင် မင်းက သူမနဲ့လုံးဝထပ်တူပဲ" 


သူ့အေးစက်သော လေသံထဲ မကျေနပ်မှုအရိပ်အယောင် များပါဝင်နေပြီး စိတ်ပျက်မှု အနည်းငယ်ပါဝင်နေသည်။


ချင်ချင်၏သေးငယ်ပြီး ရင်းနှီးသောမျက်နှာအားထပ်မမြင်လိုသဖြင့် ဖူစစ်ကျင် လှည့်ထွက်ကာ အလျင်အမြန် လျှောက်သွားလိုက်သည်။


"အာကျင်း၊ အာကျင်း—!!!"


ကလေးတစ်ဦး၏ စိုးရိမ်သောကရောက်သောအော်သံသည် အနောက်ဘက်မှထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် နားကွဲလုနီးပါးအော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားသည်။


စွန့်ပစ်ခံရတော့မည့် တိရစ္ဆာန်ငယ်လေးတစ်ကောင်ကဲ့သို့ ဝမ်းနည်းဖွယ်ရာအော်သံထဲ မယုံကြည်နိုင်မှုနှင့် မျှော်လင့် ချက်ကင်းမဲ့မှုတို့ကို ဖော်ပြနေသည်။


"ချင်ချင် မှားသွားပါတယ်၊ မသွားပါနဲ့၊ ဝါးးးးးး—!"


ရုတ်ရုတ်သဲသဲ ခြေသံများနီးကပ်လာပြီး ချင်ချင်သည် ဖူစစ်ကျင်း၏နောက်ဆုတ်သွားသော ပုံရိပ်နောက်သို့ကပ်လိုက်ခဲ့သည်။


သို့သော် ဒုန်း ဟူသောအသံဖြင့် သူလေး လဲကျသွားသည်။


နာကျင်မှုတို့က ချင်ချင့်အား လန့်သွားစေပြီး သူအ ရုတ်တ ရက် မြေပြင်ပေါ်သို့ပုံလဲကျကာ ငိုကြွေးလိုက်သည်။


မျက်ရည်များက သူ့ မျက်နှာပေါ် စီးကျလာပြီး သူမ၏ နူးညံ့ပြီး ချစ်စဖွယ်မျက်နှာလေးအား ပေပွသွားစေသော် လည်း မည်သူမျှ သူမကို သနားခြင်းအလျင်းမရှိခဲ့ပေ။


ဓာတ်လှေကားတံခါးများ သူမနောက်တွင် ဖြည်းညှင်းစွာ ပိတ်သွားပြီး ချင်ချင်၏ပုံရိပ်ငယ်လေးကို ပိတ်ဆို့ထား သည်။


ဒါကြောင့် ဖူစစ်ကျင် ချင်ချင် လဲကျသွားသည်ကိုမမြင်ခဲ့ရသလို သူမ၏ရင်ကွဲလုမတတ် အော်ဟစ်သံများကိုလည်း မကြားခဲ့ရပေ။


သူ့ စိတ်ထဲဗြောင်းဆန်နေပြီး ပြင်းထန်သော နာကျင်မှုတစ်ခုက သူ့ကိုထိုးဖောက်သွားသည်။ တစ်ခဏတာတွင် သူသည် အရွယ်ရောက်ပြီးသော မိခင်၏အေးစက်သော အမူ အရာကိုမြင်လိုက်ရသည်။ နောက်တစ်ခဏတွင် ကလေးငယ်တစ်ဦးနှင့် မိခင်၏ဝမ်းနည်းနေသောအကြည့်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့ မှတ်ဉာဏ်တွင် နက်နက်ရှိုင်းရှိုင်းတံဆိပ်ခတ်ထားသင့်သော အခြားရုတ်ရုတ်သဲသဲ၊ မှောင် မိုက်သော ပုံရိပ်များလည်းရှိသည်။ 


ထိုပုံရိပ်များထဲမှ ယှက်နွယ်နေသောပုံရိပ်မျာသည် ပုံပျက်နေသော အာကာသ-အချိန်ကဲ့သို့ဖြစ်ပြီး သူ့အား အောက်သို့ဆွဲချနေပြီး သူ့ နှလုံးသာပင် ထုံကျင်နေသည်။


အသက်ရှူကျပ်စေသော မသက်မသာခံစားမှုတစ်ခုတိုးဝင်လာကာ ဓာတ်လှေကား မြေညီထပ်သို့ရောက်ရှိပြီးနောက် အလိုအလျောက် ပွင့်သွားသည်။


အပြင်ဘက်တွင် စောင့်ဆိုင်းနေသောလူများသည် အတွင်း မှ ပုဂ္ဂိုလ်ကို မြင်သောအခါလန့်သွားပြီးနောက် သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများပြသလာသည်– "ဥက္ကဌ၊ အဆင်ပြေရဲ့လား"


သူ့ မျက်နှာသည် အလွန်ဖြူဖျော့နေသည်၊ ဖျားနေတာလား ??


ဖူစစ်ကျင်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ဓာတ်လှေ ကားထဲမှ ထွက်လာပြီး ကားမောင်းထွက်သွားသည်။


သူ့ကို မြင်သောလူတိုင်းသည် သူ ဒေါသထွက်နေသည်ဟု ထင်မှတ်ကြပြီး သူတို့အားလုံး အသက်ရှူဖို့ပင်မရဲဖြစ်ကာကြောက်လန့်နေကြသည်၊ သူ့အား ချဉ်းကပ်ရန်မပြောနှင့်တော့။


သို့သော် သူသာလျှင် သူ ကြောက်လန့်တကြားထွက်ပြေးနေရသည်ကို သိသည်။


ကားသည် အဓိကလမ်းမကြီးပေါ်သို့ မောင်းနှင်လာသည်၊ ဖူစစ်ကျင်းသည် သူ့ ဘလူးတုသ်နားကြပ်ကို တပ်လိုက်ပြီး ဖုန်းခေါ်ဆိုရန် ခလုတ်ကိုလှမ်းနှိပ်သည်။


"စစ်ကျင်း ?" နူးညံ့သော ယောက်ျားအသံတစ်သံ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။


"ငါ အခု မင်းဆီ လာနေပြီ"


နက်ရှိုင်းသောအသံတွင် မူမမှန်သော သြဇာပျက်ခြင်းများ ပါဝင်နေသည်။


"မင်း ရောဂါဖောက်နေပြီ" 


နူးညံ့သော ယောက်ျားအသံပိုင်ရှင်သည် ဖူစစ်ကျင်း၏ အခြေအနေမမှန်ကြောင်း တပ်အပ်သိလိုက်သည်။


ဖူစစ်ကျင်း၏ဆရာဝန်အနေဖြင့် မည်သူမျှ ဖူစစ်ကျင်း၏ အခြေအနေကို သူ့ထက်ပိုမိုသိရှိခြင်းမရှိပေ။


"..." 


ဖူစစ်ကျင်း စကားမပြောသော်လည်း ဖုန်းအခြားတစ်ဖက်မှ အသံသည် အရေးတကြီးဖြစ်လာသည်။


"မင်း အခြေအနေက တဖြည်းဖြည်းတိုးတက်လာနေတာ မဟုတ်ဘူးလား ? ဘယ်လိုလုပ် ရုတ်တရက်ရောဂါဖောက်ရတာလဲ ? ခဏ... ငါ ဟွန်းသံကြားလိုက်တယ်၊ မင်း ကားမောင်းနေတာလား ?  ရူးနေတာလား ? ဒီလို အခြေအနေနဲ့ ဘယ်လိုလုပ် ကားမောင်းနိုင်မှာလဲ ? မြန်မြန် နေရာတစ်ခု ရှာပြီး ကားရပ်လိုက်၊ ပြီးရင် မင်းရဲ့တည်နေရာကို ငါ့ဆီ ပို့လိုက်၊ ငါ လာကြိုမယ်"


"..." 


ဖူစစ်ကျင်း တိတ်ဆိတ်နေသော်လည်း အံ့ဩစရာကောင်းစွာဖြင့် အခြားတစ်ဖက်မှညွှန်ကြားသည့်အတိုင်း နာခံစွာ လုပ်ဆောင်လိုက်သည်။


ကားကို အနီးအနားရှိ စျေးဝယ်စင်တာ၏ကားရပ်နားရာနေရာတွင် ရပ်နားထားသည်။


ဆယ်မိနစ်အကြာတွင် နောက်ထပ်ကားတစ်စီးရောက်လာပြီး ကားထဲစောင့်ဆိုင်းနေသော ဖူစစ်ကျင်းကိုလာကြိုသည်။


"ငါ့အတွက် ဖုန်းခေါ်ပေးပါဦး"


နောက်ခန်းထိုင်ခုံတွင် မှီထိုင်ရင်း ကားပြတင်းပေါက်ကို ဖြတ်၍ ပြေးလွှားနေသော ရှုခင်းများကိုကြည့်နေသည့် ဖူစစ်ကျင်းသည် သူ့ စိတ်ခံစားမှုများ တဖြည်းဖြည်း ငြိမ်သက်လာသောအခါ ရုတ်တရက် စကားပြောလာသည်။


"အင်း ? ဘယ်သူ့ကို ခေါ်ရမလဲ"


ကားမောင်းသူမှ နောက်လှည့်မကြည့်ဘဲ မေးသည်။


"အတွင်းရေးမှူးကျန်းကို ချင်ချင်ကို သွားကြည့်ခိုင်းလိုက်"


သူ အလျင်စလိုထွက်သွားရခြင်းမှာ သူ့စိတ်ခံစားမှုအလွန်မတည်မငြိမ်ဖြစ်ခြင်းကြောင့်သာမက ထိန်းချုပ်မှုလွတ်သွား၍ ချင်ချင့်အားထိခိုက်မိမည်ကို စိုးရိမ်သောကြောင့်လည်းဖြစ်သည်။


ချင်ချင် ကုမ္ပဏီတွင် တစ်ယောက်တည်းကျန်ခဲ့ပြီး အလွန်ဝမ်းနည်းနေမည်ဟုခံစားရသဖြင့် အတွင်းရေးမှူးကျန်းမှ သူလေးအား နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့် သည်။


"ခဏလေး၊ ငါ ကားမောင်းနေတယ်"


ကျိုဇယ်သည် ယာဉ်စည်းကမ်းများကို တင်းကျပ်စွာလိုက် နာသောသူ ဖြစ်သည်။ သူသည် ဆေးရုံသို့ပြန်ရောက်ပြီးမှ ဖူစစ်ကျင်းကို ဖုန်းခေါ်ရန် ရည်ရွယ်ခဲ့သော်လည်း ဖူစစ်ကျင်းဖုန်းမှာ လမ်းတစ်ဝက်တွင် အရေးတကြီးထမြည်လာသည်။


ဖုန်းမျက်နှာပြင်ပေါ်ရှိ နာမည်ကိုကြည့်လိုက်ရာ ဖူစစ်ကျင်း မျက်မှောင်ကြုတ်လိုက်သော်လည်း ဖုန်း ဖြေလိုက်သည်– "အတွင်းရေးမှူးကျန်း..."


"ဥက္ကဌ၊ ဆိုးဝါးတဲ့ကိစ္စတစ်ခု ဖြစ်သွားပါပြီ! ချင်ချင် ပျောက်သွားပြီ!"


လမ်းတစ်ဝက်ရောက်နေသောကားသည် ရုတ်တရက် ဘရိတ်အုပ်လိုက်၊ ပြင်းထန်စွာ ဝေ့ချည်လိုက်ပြီး အခြားသူများ၏ကျိန်ဆဲသံများကြားတွင် အရှိန်အဟုန်ဖြင့်မောင်း ထွက်သွားသည်။


သို့သော် ဤတစ်ကြိမ်တွင်မူ လာရာလမ်းသို့ပြန်လှည့်သွားခဲ့ခြင်းပင်။


-


ရုံးခန်းတံခါးရှေ့မှ ချင်ချင်၏ကျယ်လောင်စွာ ငိုကြွေးသံသည် လူအများကို ချက်ချင်းဆွဲဆောင်ခဲ့သည်။


သူမကို ပတ်ပတ်လည်ဝိုင်းရံလာကြသည်၊


သူ့အား ကောက်ယူချင်သော်လည်း သူမက ခုခံသည်။


သူသည် သူ့အား အာကျင်းမှလွဲ၍ မည်သူ့ကိုမှ ပွေ့ဖက်ခွင့်မပြုချေ။


"ချင်ချင် ဘာလို့ ဒီမှာ ငိုနေတာလဲ ? လဲကျသွားတာလား"


"ဥက္ကဌကော"


"သူ ထွက်သွားတာမြင်လိုက်တယ် ထင်တယ်၊ သူ့ ပုံစံက သိပ်မကောင်းဘူး"


"သူ အရမ်းသနားစရာကောင်းအောင် ငိုနေတာပဲ၊ ငါ့ရင်တွေ ကွဲပါပြီ"


...


နောက်ဘက်တွင် ရပ်နေသော ဝန်ထမ်းများသည် တစ်ယောက်နှင့်တစ်ယောက် တိုးတိုးလေးပြောဆိုနေကြသော် လည်း နားပါးသော ချင်ချင်သည် အဓိကစကားလုံးအချို့ကို ဖမ်းမိလိုက်သည်။


အာကျင်း ထွက်သွားတာလား ?


ချင်ချင်သည် အာကျင်းကို တောင်းပန်ချင်သည်။


အန်တီထင်းက လူကြီးဖြစ်စေ ကလေးဖြစ်စေ အမှားလုပ်ရင် တောင်းပန်ရမယ်လို့ပြောခဲ့တယ်။


ချင်ချင် နာနာခံခံနဲ့တောင်းပန်လိုက်ရင် အာကျင်း ဒေါသထွက်တော့မှာ မဟုတ်ဘူး။


ဘယ်အချိန်မှာ ငိုတာ ရပ်သွားသည်မသိသော ချင်ချင်သည် ကိုယ့်ဘာသာ ကိုယ် ထရပ်လိုက်ပြီး စေတနာကောင်းသော ဝန်ထမ်းများ၏အကူအညီပေးသည့် လက်များကို ရှောင်တိမ်းကာ သူ့ ခြေတိုလေးများဖြင့် အလျင်အ မြန်လှုပ်ရှားရင်း မည်သူမျှမတုံ့ပြန်နိုင်မီ စီအီးအို ရုံးခန်းသို့ ပြန်ပြေးဝင်သွားပြီး သူ့နောက်မှ တံခါးကိုဆောင့်ပိတ်လိုက်သည်။


ကျယ်လောင်သော "ဒုန်း" ဟူသောအသံနောက်တွင် အခန်းထဲ တိတ်ဆိတ်မှုလွှမ်းခြုံသွားသည်။


အဓိကဇာတ်ဆောင် ပျောက်ကွယ်သွားသောအခါ ဝန်ထမ်းများသည် သူမ လမ်းကိုပိတ်ဆို့လိုခြင်းမရှိတော့ဘဲ နှစ်ယောက်သုံးယောက်စီ ကွဲသွားကြသည်။


သူတို့ ထွက်ခွာသွားပြီးနောက် တင်းကျပ်စွာ ပိတ်ထားသော ရုံးခန်းတံခါးသည် ရုတ်တရက် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး သတိထားနေသော ခေါင်းလေးတစ်လုံးချောင်း ကြည့်လာသည်။


ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်၊ မည်သူမျှမရှိကြတော့ပေ။


ချင်ချင်သည် သူ့ ပန်းရောင်ယုန်အိတ်ကို သယ်ဆောင်ကာ ရုံးခန်းထဲမှ ခြေဖျားထောက်ထွက်လာကာ ဓာတ်လှေကားထဲသို့ တစ်ယောက်တည်းဝင်သွားခဲ့သည်။


သူမသည် ပါးနပ်သည်၊ လူများစွာ၏မျက်စိအောက်မှ ခိုးထွက်ရန် မဖြစ်နိုင်ကြောင်း သူ သိသည်။ ထို့ကြောင့် လူတိုင်းထွက်သွားသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းပြီးမှသူ စတင်လှုပ်ရှားသည်။ သူ့ အိတ်လေးထဲ သရေစာအချို့ကိုပင် စုဆောင်းထားခဲ့သည်။


သုံးတောင်သာမြင့်သော အရပ်အမောင်းဖြင့် ချင်ချင်သည် ဓာတ်လှေကား၏အနိမ့်ဆုံးထပ်ခလုတ်ကိုသာ နှိပ်နိုင် သည်။


ကံကြမ္မာကြောင့် ဖြစ်နိုင်သည်၊ ဤအကြောင်းကြောင့် သူမသည် လူနည်းသောမြေအောက် ကားရပ်နားရာနေရာ သို့ မတော်တဆရောက်ရှိသွားခဲ့သည်။


ထို့ကြောင့် သူမသည် ဖူစစ်ကျင်းကုမ္ပဏီမှ တစ်ယောက် တည်းထွက်သွားသည်အထိ မည်သူမျှသတိမထားမိခဲ့ပေ။


အပြင်လောကသည် ချင်ချင်အတွက် လုံးဝမရင်းနှီးချေ။


သူလေး၏ အပြင်ထွက်မှုအနည်းငယ်ကို လူကြီးများအမြဲလိုက်ပါလေ့ရှိပြီး ကားဖြင့်သာသွားလေ့ရှိသည်။


လမ်းပေါ်တွင် ဤကဲ့သို့လမ်းလျှောက်ခြင်းသည် သူ့အတွက်ပထမဆုံး ဖြစ်သည်။


မထင်မှတ်ထားသည့်အတိုင်း ချင်ချင် လမ်းပျောက်သွားခဲ့သည်။


ဖူစစ်ကျင်း ဘယ်ကိုသွားသည်အား သူ လုံးဝ မသိခဲ့ဘဲ သူ့ ရှာဖွေမှုသည် ရည်ရွယ်ချက်မရှိဖြစ်နေသည်။ ဤအခြေ အနေတွင် လမ်းပျောက်ခြင်းသည် လုံးဝပုံမှန်ဖြစ်သည်။


"အာကျင်း ဘယ်မှာလဲ ?"


ချင်ချင်သည် မရင်းနှီးသော အဆောက်အအုံများကို ပတ် ပတ်လည်ကြည့်လိုက်ပြီး လမ်းအလယ်တွင် အိမ်မရှိသော ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ သေးငယ်ပြီး သနားစရာကောင်းစွာ ရပ်နေသည်။


"ဟေ့၊ ဟိုက ကလေးမလေး..."


တာဝန်ကျနေသော ယာဉ်ထိန်းရဲမှလမ်းအလယ်ရှိ ချင်ချင် ကို သတိပြုမိပြီး


မသိစိတ်ကပင် တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိကာ အလျင်အမြန်ပြေးလာသည်။ ထိုသို့ပြုလုပ်ခြင်းက ချင်ချင့်ကိုလန့်သွားစေပြီး လှည့်ကာထွက်ပြေးစေခဲ့သည်။


"ဝါးးး...ချင်ချင်က ဆိုးတဲ့ကလေး မဟုတ်ပါဘူး၊ ဦးဦးရဲ ကျေးဇူးပြုပြီး ချင်ချင့်ကို မဖမ်းပါနဲ့!" 


ချင်ချင် ထိတ်လန့်တကြား ဖြစ်သွားပြီး သူ့ ရှိသမျှအင် အားဖြင့် ထွက်ပြေးခဲ့သည်။


သူမသည် ယာဉ်စည်းကမ်းများကို မသိဘဲ လမ်းပေါ်သို့ အလျင်အမြန်ပြေးဝင်သွားရာ ဖြတ်သွားသော ယာဉ်များကိုလန့်သွားစေပြီး သူမကိုရှောင်ရှားရန် အလျင်အမြန် လှည့်လိုက်ကြရသည်။


ချက်ချင်းဆိုသလို လမ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး နားကွဲလုနီးပါး ဟွန်းသံများကြွက်ကြွက်ညံအောင်ထွက်ပေါ်လာသည်။


"ရပ်!"


မမျှော်လင့်သော မတော်တဆမှုက ယာဉ်ထိန်းရဲကို ရပ်တန့်စေခဲ့ပြီး သူ နောက်ဆုံးတွင် ရုတ်ရုတ်သဲသဲယာဉ်ကြောပိတ်ဆို့မှုမှ ရုန်းထွက်နိုင်သောအခါ ချင်ချင်သည် ပျောက်ကွယ်သွားခဲ့ချေပြီ။


"ရှေ့မှာ ဘာလို့ ယာဉ်ကြောပိတ်ဆို့နေတာလဲ"


ဖူစစ်ကျင်းနှင့် သူ့အဖွဲ့သည် အနီးအနားတွင် ကားမောင်းလာစဉ် ယာဉ်မတော်တဆမှုနှင့်ကြုံတွေ့ခဲ့ရသည်။


ကျိုးဇယ်သည် ရှေ့သို့ ကြည့်လိုက်ရာ လမ်းတစ်ခုလုံးပိတ် ဆို့နေပြီး နောက်ဘက်မှ ကားများက ပိုပိတ်ဆို့နေသည်ကို မြင်လိုက်ရသည်။ သူ အကူအညီမဲ့စွာ သက်ပြင်းချကာ– "စောင့်ရုံပဲ ရှိတော့မယ်"


"အချိန်က ဘယ်သူ့ကိုမှမစောင့်ဘူး" ဖူစစ်ကျင်း ပြတ်ပြတ် သားသားပြောလိုက်ပြီး ကားတံခါးကိုဖွင့်ကာ ထွက်လိုက်သည်။ ကျိုးဇယ်သည် ပြတင်းပေါက်မှ ခေါင်းထွက်ကာ "မင်း ဘယ်သွားမလို့လဲ" ဟု အော်လိုက်သည်။


ဒီကောင် သူ့ကိုယ်သူ လူနာဆိုတာကော မှတ်မိသေးရဲ့လား ?


"ကုမ္ပဏီကို"


၎င်းသည် ဖူစစ်ကျင်းကုမ္ပဏီနှင့် အမှန်တကယ်မဝေးလှချေ၊ လမ်းလျှောက်လျှင် မိနစ်နှစ်ဆယ်ခန့်သာ ကြာသည်။


ပြေးခြင်းက ခရီးကိုမိနစ်အနည်းငယ် လျှော့ချနိုင်ဖွယ်ရှိသည်။


ဒါကြောင့် နေရာမှာ ပိတ်မိနေမယ့်အစား ရွေ့လျားတာက ပိုမြန်မယ်လို့ သူ တွက်ဆလိုက်သည်။


ကုမ္ပဏီကိုရောက်ရန် အာရုံစိုက်နေသော ဖူစစ်ကျင်းသည် ရင်းနှီးသော ပုံရိပ်ငယ်လေး သူ့အား ဖြတ်ကျော်ကာ လုံးဝ မတူညီသောလမ်းကြောင်းသို့ ပြေးထွက်သွားသည်ကိုမမြင်ခဲ့ပေ။


ထူးဆန်းသည်မှာ ကျောချင်းကပ်၍ ပြေးနေသူနှစ်ဦးစလုံး ၏စိတ်ထဲတွင် အလားတူ အတွေးတစ်ခုတစ်ပြိုင်နက်တည်းဖြတ်သွားသည်။


ချင်ချင် မင်း ဘယ်မှာလဲ ? / အာကျင်း ဘယ်မှာလဲ ?


-


ည၏ ဆွေးမြေ့နေသော မြို့ဟောင်းတစ်ခု၊ မှိန်ပျပျလမ်းမီးများအောက်တွင် ယိုင်နဲ့နေသော အရိပ်လေးတစ်ခုရှည် လျားစွာ ဖြစ်ပေါ်နေသည်။


သူမ မည်မျှကြာကြာလမ်းလျှောက်ခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့ ရောက်ရှိခဲ့သည်ကို သူ မှတ်မိနိုင်ခြင်းမရှိပေ။


သူ့ ခြေထောက်လေးများသည် လမ်းလျှောက်ရလွန်း၍ ထုံကျင်နေပြီး သူ့ယုန်အိတ်ထဲမှ အစားအစာများပျောက်ကွယ်သွားသည်မှာကြာခဲ့လေပြီ။ ချင်ချင် ပင်ပန်းနွမ်းနယ်နေပြီး ဆာလောင်နေသော်လည်း သူ ရှာဖွေနေသူကို ရှာမတွေ့နိုင်သေးပေ။


အထီးကျန်သော ညလေသည် တဝူးဝူးတိုက်ခတ်ပြီး အအေးဓာတ်ကိုဆောင်ယူလာသည်။


နွေရာသီဖြစ်သော်လည်း ချင်ချင်သည် အဝတ်အစားပါးပါးလေးသာဝတ်ထားသဖြင့် အေးစက်မှုကိုခံစားလိုက်ရသည်။


သူမသည် ကိုယ့်ကိုကိုယ် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ရပြီး သူ့ ခန္ဓာကိုယ်ငယ်လေးမှာ တုန်ယင်နေသည်။


"အရမ်း... အရမ်း အေးတယ်... အာကျင်း ဘယ်မှာလဲ" သူ နှာချေလိုက်ပြီး မျက်ရည်များကိုထိန်းချုပ်ထားသည်။


မည်သူမျှ သူ့ကို ချစ်ခင်မည်မဟုတ်ကြောင်း သိသော ကြောင့် ချင်ချင်သည် အံ့ဩစရာကောင်းလောက်အောင် ခိုင်မာသည်။


သို့သော် သူ အလွန်ပင်ပန်းနွမ်းနယ်နေသည်။ သူ့ ခွန်အားသည် ကန့်သတ်ချက်သို့ရောက်ရှိနေပြီး နောက်ထပ်လမ်း လျှောက်နိုင်တော့မည် မဟုတ်ပေ။


ချင်ချင်သည် ရည်ရွယ်ချက်မရှိဘဲ မြို့ဟောင်းထဲသို့လှည့် လည်ဝင်ရောက်လာသည်။ ဖူစစ်ကျင်း ကုမ္ပဏီတည်ရှိရာ မြင့်မားသော အဆောက်အအုံများပြည့်နေသည့် စီးပွားရေးခရိုင်နှင့်မတူဘဲ ဤဧရိယာတွင် ပိုမိုနိမ့်သောအိမ်များရှိပြီး အိမ်တိုင်း၏တံခါးရှေ့တွင် အနိမ့်အမြင့်ခွဲခြားထားသော လှေကားထစ် တစ်ခုစီရှိသည်။


တိုက်ဆိုင်စွာပင် ၎င်းသည် သူမအား အနီးအနားရှိအိမ်၏ လှေကားထစ်ပေါ်တွင် ထိုင်ရန်အဆင်ပြေစေခဲ့သည်။


လှေကားထစ်သည် လေဒဏ်မှ ခိုလှုံရာမဟုတ်သဖြင့် ချင်ချင်ခမျာ အရိုးအထိတိုင်အေးစက်နေရသည်။


အလွန်အေးသောကြောင့် သူလေး သူ့ ယုန်ပုံသဏ္ဍာန် အိတ်ကိုချွတ်လိုက်ပြီး ရင်ဘတ်တွင် ပွေ့ဖက်ထားကာနွေးထွေးမှုအတွက် နူးညံ့သော ယုန်ငယ်လေးကိုအသုံးပြုခဲ့ရသည်။


ထိုနေရာတွင်ထိုင်နေစဉ် သူ့ မျက်ခွံများလေးလံလာပြီး အိပ်ငိုက်ခြင်းက သူ့အား လွှမ်းမိုးလာသည်။


တစ်စုံတစ်ဦး ချဉ်းကပ်လာပုံရသည်။


ဤအချက်အလက်သည် သူမ၏ မရေမရာအာရုံများသို့ ဝိုးတဝါးတားရောက်ရှိလာသည်။


သူမ၏ထိုင်းမှိုင်းသော ဦးနှောက်မတုံ့ပြန်နိုင်မီ ကြမ်းတမ်းသော မျက်နှာသုတ်ပဝါတစ်ခုက ချင်ချင့် ပါးစပ်နှင့် နှာခေါင်းပေါ် ရုတ်တရက်အုပ်သွားသည်။


သူလေး မသိစိတ်ဖြင့် ရုန်းကန်သော်လည်း သူ့ အင်အားငယ်လေးမှာ သန်မာသော လူကြီးတစ်ဦး၏အင်အားနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။


စူးရှသောအနံ့တစ်ခု လေထဲပြန့်နှံ့သွားပြီး သူလေး အုပ်မိုးခံလိုက်ရသည်။ 


"ဒီနေ့ ငါ့ကံက မယုံနိုင်လောက်အောင် ကောင်းနေတာပဲ! အပြင်ထွက်ပြီး အချိုရည်လေး နည်းနည်းဝယ်ရုံနဲ့ ဒီလို ထူးခြားတဲ့ အရုပ်လေးနဲ့မှ တည့်တည့်တိုးရတယ်လို့၊ သူ့ကို အိမ်ခေါ်သွားရင် ဈေးကောင်းရမှာသေချာတယ်!"