Ch 13
Viewers 3k

🍼 Chapter 13

🍼 Qingqing is watching the drama unfold



"မငိုပါနဲ့၊ ဒီမှာ ဦးအတွက် ကွတ်ကီးရှိတယ်"


ချင်ချင်သည် သူမ၏နောက်ဆုံးကျန်ရှိနေသော ကွတ်ကီးကို အန်းယွမ်အားကမ်းပေးလိုက်သည်။


"ငါ ငိုနေတာ မဟုတ်ဘူးလို့ပြောနေတာ"


သူ့ မျက်လုံးများ နီရဲနေသော်လည်း ခေါင်းမာစွာပြန်ပြော လာသည်။


အန်းယွမ် သူ့လက်သီးကို ဆုပ်လိုက်ပြီး ဝက်ဝံပုံသဏ္ဍာန် ကွတ်ကီးကို သူ့လက်ဖဝါးထဲတွင် စုစည်းလိုက်ကာ ကွတ်ကီးသေးသေးလေး မကြေမသွားစေရန် သူ့အားကို ဂရုတ စိုက်ထိန်းချုပ်ထားသည်။


ချင်ချင်၏နာခံကာ အသိဉာဏ်ရှိသောပုံစံသည် သူ့ညီမနှင့်ပတ်သက်သော မှတ်ဉာဏ်အနည်းငယ်ကို ပြန်လည်ဆောင် ကြဉ်းပေးခဲ့သည်။


ထိုစဉ်က အန်းရန်သည် မပျောက်ဆုံးသေးပေ။ သူသည် အပြင်တွင် ရန်ဖြစ်ခဲ့ပြီး ဒဏ်ရာများနှင့် အိမ်ပြန်လာရာ ထိုစဉ်က ငယ်ရွယ်သော ညီမလေးအားထိတ်လန့်သွားစေခဲ့သည်။


သူမသည် ငိုပြီး သူ့ထံမှထွက်ပြေးလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း သူမက ငိုယိုရင်း သူ အကြိုက်ဆုံးသကြားလုံး အားပေးလာခဲ့သည်။


"ကော၊ မငိုပါနဲ့၊ ဒီမှာ ကောအတွက် သကြားလုံးရှိတယ်"


သူမ၏နှစ်သိမ့်စကားများသည်ပင် ဤကလေးလေးပြောနေသည့် စကားများနှင့် ထပ်တူနီးပါးဆင်တူနေသည်။


ဒါဆို မင်းတို့ကလေးတွေက တစ်ယောက်ယောက်ကို နှစ် သိမ့်ဖို့ သရေစာပေးတာပဲ လုပ်တတ်ကြတာလား ??


သို့သော် စဉ်းစားကြည့်လျှင် ကျိုးကြောင်းဆီလျော်သည်။ ကလေးများအတွက် သရေစာများသည် သူတို့၏အဖိုးအထိုက်ဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။


သူတို့၏ "ရတနာများ" ကိုစွန့်လွှတ်ရန် ဆန္ဒရှိခြင်းက လက် ခံရရှိသူသည် ၎င်းတို့အတွက် မည်မျှအရေးကြီးကြောင်းပြသနေသည်။


ဒါဆို သူသည်လည်း ဒီကလေးလေးရဲ့ မျက်လုံးထဲမှာ အရေးကြီးတဲ့သူတစ်ဦး ဖြစ်နေတာလား ?


နွေးထွေးမှုတစ်ခု သူ့အားပျံ့နှံ့သွားပြီး အန်းယွမ်သည် သူ့ အမူအရာကိုနူးညံ့စေလိုက်ကာ ချင်ချင်အား ညင်သာစွာ ပြောလိုက်သည်– "ကျေးဇူးတင်ပါတယ်"


နှစ်သိမ့်ဆေးပြားလေးကဲ့သို့ ကွတ်ကီးလေးတစ်ခုသည် အန်းယွမ်၏စိတ်လှုပ်ရှားနေသော နှလုံးသားကို ချက်ချင်း ဖယ်ရှားပေးလိုက်ပြီး ဒေါသ၏ပြင်းထန်သော မီးတောက်ကို အနည်းငယ်ငြိမ်းသတ်ပေးလိုက်သည်။


အန်းယွမ် စိတ်တည်ငြိမ်လာသည်ကို မြင်သောအခါ ဖူစစ်ကျင်းသည် သူ့ ပခုံးပေါ်သို့ စိတ်ချစေသည့်အနေဖြင့် ပုတ်လိုက်ပြီး ကတိပေးလိုက်သည်– "ငါ မင်းကို လူရှာပေးမယ်"


ညီအစ်ကိုများအနေဖြင့် အန်းယွမ် အကူအညီတောင်းခံပြီးဖြစ်၍ ဖူစစ်ကျင်း လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ ထုံးစံပင်။


သူ့မိခင်ထံမှ အမှန်တကယ် အသုံးဝင်သောအချက်အ လက်များကို သူ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ အရင်းအမြစ်များက ခွင့်မပြုသောကြောင့်ဖြစ် သည်။


သို့သော် သူ့မိခင်ကို မေးမြန်းခြင်းအပြင် လူတစ်ဦးအားရှာဖွေရန် အခြားနည်းလမ်းများစွာရှိသည်။


အန်းမိသားစုဝင် အများစုသည် လုံးဝထူးဆန်းသော လူတစ်စုဖြစ်ပြီး လုံးဝအားကိုးမရသောကြောင့်လည်းဖြစ် သည်။ အန်းယွမ်သည်လည်း သူကဲ့သို့ပင် သူ့အလုပ်အ ကိုင်ကို ယခုမှ စတင်တည်ငြိမ်အောင် လုပ်ဆောင်နေသူဖြစ်ပြီး သူ့ ဆက်သွယ်မှုများနှင့် သြဇာလွှမ်းမိုးမှုသည် အန်းမိသားစု အင်အားထက်အများကြီး နိမ့်ကျနေသည်။


မဟုတ်ပါက အန်းမိသားစု၏အင်အားဖြင့် မည်သည့်တန်ဖိုးကိုမဆိုပေး၍ ရှာဖွေပါက သူ့မိခင် မည်မျှကျွမ်း ကျင်စေကာမူ တစ်စုံတစ်ရာသော သဲလွန်စမျှ မတွေ့ရဘဲ လွတ်မြောက်ရန်မဖြစ်နိုင်ပေ။


"ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ဒီနေ့ ငါ ခဏလောက် စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်၊ ဆောရီး"


ဖူစစ်ကျင်းကတိသည် မည်မျှလေးနက်ကြောင်း သိရှိသည့် အန်းယွမ်သည် ဤရက်များအတွင်း ဆိုးရွားသော သတင်းများကို တစ်ခုပြီးတစ်ခုကြားခဲ့ရပြီးနောက် နောက်ဆုံးတွင် ကောင်းသော သတင်းအချို့ကိုလက်ခံရရှိခဲ့သည်။


"မင်း တောင်းပန်ချင်ရင်၊ မင်းညီမကို တွေ့ပြီးရင် ငါ့ကို ထမင်းလိုက်ကျွေးလေ"


ဖူစစ်ကျင်း အန်းယွမ်ပခုံးကို လက်သီးဖြင့် ထိုးလိုက်ရာ အန်းယွမ်သည် တုံ့ပြန်မှုအနေဖြင့် ယိမ်းယိုင်သွားသည်။ ထို့ကြောင့် ချင်ချင် စိုးရိမ်တကြီးဖြင့် "အာကျင်း၊ လူတွေကို မရိုက်ရဘူး!" ဟု ရေရွတ်လိုက်သည်။


သူတို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ပြီး ညီအစ်ကိုနှစ်ဦး ပြန်လည်သင့်မြတ်သွားကြသည်။


ညနေစောင်းပြီဖြစ်သောကြောင့် အန်းယွမ်သည် နှုတ်ဆက်ရန် ထရပ်လိုက်ပြီး ထိုသို့ပြုလုပ်ရင်း ချင်ချင့်ခေါင်းလေးလေးကိုပုတ်လိုက်သည်– "ဦးဦး သွားတော့မယ်၊ ချင်ချင် ဘိုင့်ဘိုင့်"


ချင်ချင်သည် သူ့ လက်ဖဝါးလေးကိုယဉ်ကျေးစွာ ဝှေ့ယမ်း ကာ ကလေးသံဖြင့် အန်းယွမ်အား နှုတ်ဆက်သည်– "ဘိုင့်ဘိုင့်၊ ဦးဦး"


ဖူစစ်ကျင်း မျက်နှာသည် သူတို့နှစ်ဦးထံမှ 'ဦးဦး' ဟူသော စကားလုံးအားကြားသောအခါ ခဏတာရွဲ့သွားရသည်ကို သူမ မမြင်ခဲ့ပေ။


"ဒါ ငါ့ရဲ့ဝမ်းကွဲလေးနော်" ဟု သူက အသံနက်နက်ဖြင့် သတိပေးလိုက်သည်။


"အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ" အန်းယွမ် ပခုံးတွန့်ကာ လက်နှစ်ဖက်ကို ဖြန့်ပြီး ပေါ့ပေါ့ပါးပါးပြောသည်– "ငါ့အတွက်တော့ ချင်ချင်က ရိုးရိုးသုံးနှစ်သမီးလေးပဲ"


"မင်း ထွက်သွားလိုက်တော့" ၎င်းမှာ သူ့အတွက် မျက်စိနောက်စရာ ဖြစ်လို့နေသည်။


"ကျစ်၊ ရက်စက်တဲ့ကောင်" သူ ခေါင်းကို မခါရမ်းဘဲမနေနိုင်တော့ပေ။ ဖူစစ်ကျင်းမပေါက်ကွဲမီနှင့် သူ့အား မရိုက်မီ အန်းယွမ် အလျင်အမြန်ထွက်သွားခဲ့သည်။


သို့သော် သူ တံခါးဝသို့ရောက်သည့်အခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် ရပ်တန့်လိုက်ပြီး ဖူစစ်ကျင်းဘက်သို့ လှည့်ကာ "ဒါနဲ့၊ မင်း သတင်းကြားမိလား မသိဘူး၊ ပိုင်စစ်ယိပြန်လာပြီ" ဟု ပြောလာသည်။


"အော်" ဖူစစ်ကျင်း မျက်နှာအမူအရာမပြောင်းလဲ– "သူ ပြန်လာတာ ငါနဲ့ ဘာဆိုင်လို့လဲ"


"ဘယ်သူ သိမှာလဲ" အန်းယွမ် လျစ်လျူရှုစွာ ပြုံးလိုက်ပြီး ဤတစ်ကြိမ်တွင် သူ တကယ် ထွက်သွားခဲ့သည်။


"သူ ခုနက ဘာလို့ ငိုနေတာလဲ"


လူတိုင်းထွက်သွားပြီးသည့်တိုင် ကလေးလေးလေးသည် ဤမေးခွန်းကို တွေးတောနေဆဲဖြစ်သည်။


ဖူစစ်ကျင်း သက်ပြင်းချလိုက်သည်။ သူ့ သူငယ်ချင်း၏ ဆိုးရွားသောမိသားစုကို သူပင် ခေါင်းမခါဘဲမနေနိုင်ခဲ့ပေ။


"သူ့ညီမ ပျောက်နေတယ်၊ သူ ရှာမတွေ့ဘူး၊ အဲ့ဒါကြောင့် ဝမ်းနည်းပက်လက်ငိုနေရတာ"


"သူ့ညီမ ကျောင်းသွားတာကို" ချင်ချင် နားမလည်စွာဖြင့် တိုးတိုးလေးရေရွတ်သည်–


"ဘယ်လိုလုပ် ရှာမတွေ့နိုင်ရတာလဲ"


ကံမကောင်းစွာဖြင့် သူ့ အသံသည် အလွန်တိုးသောကြောင့် ဖူစစ်ကျင်း မကြားခဲ့ပေ။


၎င်းသည် သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်၊ ညနေ ၃:၃၀ နာရီ ဖြစ်သည်။ 


"ချင်ချင်၊ အချိန်တန်ပြီ၊ နေ့ခင်းတစ်ရေးအိပ်ဖို့ အချိန်ရောက်ပြီ"


ချင်ချင် – "မအိပ်ချင်ဘူး၊ မအိပ်ချင်ဘူး"


သူမသည် ဘလောက်တုံးများဖြင့် တည်ဆောက်ခြင်းမပြီးသေးသဖြင့်၊ နောက်ထပ် ခဏကစားချင်မိသည်။


သို့သော် သူ့ ပရိယာယ်များကိုသိနေပြီဖြစ်သော ဖူစစ်ကျင်းကမူ သဘောတူမည် မဟုတ်ပေ။


သူ ချက်ချင်းထရပ်ကာ ချင်ချင်အတွက်နို့ပြင်လိုက်သည်။


ပထမဦးစွာ သူသည် ပုလင်းထဲသို့ရေနွေးပူ အသင့်အတင့် ထည့်သွင်းပြီးနောက် ဖော်မြူလာအဆင့်တူ ဇွန်းနှစ်ဇွန်း ထည့်ကာ အဖုံးကို တင်းကျပ်စွာပိတ်ပြီး ဖျော်စပ်ရန်အတွက် သူ့လက်ဖဝါးများကြားတွင် ပုလင်းကိုပွတ်တိုက် လိုက်သည်။


ပထမတွင် စိတ်မရှည်ခြင်း၊ အမှားများစွာ ပြုလုပ်ခြင်း၊ ဖော်မြူလာနှင့် ရေကို မှားယွင်းသော အစီအစဥ်ဖြင့် ထည့်ခြင်းမှ ယခုအခါ ချောမွေ့လွယ်ကူစွာပြုလုပ်လာနိုင်သည်အထိ၊ ဖူစစ်ကျင်း ကိုယ်တိုင်ပင် သူ လျှို့ဝှက်စွာအကြိမ်မည်မျှ လေ့ကျင့်ခဲ့သည်ကို မသိခဲ့ပေ။


နို့အားပြင်ဆင်ပြီးနောက် သူ့ လက်ကောက်ဝတ်ပေါ်တွင် အပူချိန်ကို စမ်းသပ်သည်၊ အဆင်ပြေကြောင်းခံစားရသောအခါ ကလေးထံ ပေးလိုက်သည်။


ဖူစစ်ကျင်းသည် ချင်ချင်အား ပုလင်းကို ကိုင်စေပြီး သောက်စေကာ အနီးနားရှိ အနားယူခန်းသို့ ခေါ်သွားသည်။


ပျော့ပျောင်းသော အိပ်ယာကိုထိလိုက်သည်နှင့် ချင်ချင် အလိုအလျောက်လှဲချလိုက်သည်၊ သူ အိပ်ချင်စိတ်မရှိဟု ပြောခဲ့သည့် ယခင်အပြုအမူနှင့် လုံးဝကွဲပြားလို့နေသည်။


ဖူစစ်ကျင်း သူမကို လျစ်လျူရှုကာအပြင်ထွက်ပြီး ငါးမိနစ်စောင့်ဆိုင်းပြီးမှ ပြန်လာသည်။


မှန်သည်၊ ချင်ချင် အိပ်ပျော်နေပြီးဖြစ်ကာ ပုလင်းမှာမူ သူလေး ပါးစပ်တွင် ရှိနေဆဲဖြစ်သည်။


သူသည် ပုလင်းကိုဂရုတစိုက်ဖယ်ရှားကာ စောင်ခြုံပေးပြီး သူမ အအေးမမိစေရန် လေအေးပေးစက်ကို တိုးလိုက်ကာ ခြေဖျားထောက်၍ အပြင်သို့ထွက်သွားသည်။


ချင်ချင်သည် သုံးနှစ်သာရှိသေးသော်လည်း သူမသည် အလွန်အမူအရာကောင်းသည်။


၎င်းသည် သူ့ စရိုက်နှင့် အလေ့အထများတွင်သာမက သူ လေးနေ့စဉ် လုပ်ရိုးလုပ်စဉ်များတွင်ပါထင်ရှားသည်။


သူ့ ထံ အလွန်တင်းကြပ်သော အချိန်ဇယားရှိသည်–


ည ၉:၃၀ မတိုင်မီအိပ်ယာဝင်ခြင်း၊ နံနက် ၆ နာရီတွင် နိုးထခြင်း၊ နှင့် နေ့လယ် ၃:၃၀ မှ ၄ နာရီအထိအိပ်ပြီး ညနေ ၅ နာရီ သို့မဟုတ် ၆ နာရီတွင် ညစာစားခြင်းတို့ ဖြစ်သည်။


၎င်းသည် သူမ၏ကြီးထွားမှုအတွက် လုံလောက်သော အိပ်စက်ခြင်းဖြစ်မည်မှာသေချာစေသည်။


တစ်ခုခုက ဤအရာကိုတားဆီးခြင်းမရှိပါက သူ့ လုပ်ရိုးလုပ်စဉ်သည် မပြောင်းလဲပေ။


ညနေ ၅:၃၀ ခန့်တွင် ချင်ချင် သူ့ဘာသာသူ နိုးလာသည်။


နိုးလာသည်နှင့် သူ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး တစ်စုံတစ်ဦးကို ရှာဖွေသည်– "အာကျင်း... အာကျင်း..."


အန်တီထင်း အိမ်ပြန်သွားပြီဖြစ်ကြောင်း သူ သိနှင့်ပြီးဖြစ် ၍ သူ အသိဆုံးဖြစ်သော ဖူစစ်ကျင်းအားပြောင်းလဲခေါ် ဝေါ်ခြင်း ဖြစ်သည်။


မည်သူမျှ တုံ့ပြန်ခြင်းမရှိပေ။ ချင်ချင်သည် ခဏကြာအောင် ထပ်ခေါ်သော်လည်း မည်သူမျှ အာရုံမစိုက်သေးသည်ကို မြင်သောအခါ သူ ရိုးရှင်းစွာညည်းတွားကာ အိပ်ယာပေါ်မှ ဆင်းလိုက်သည်။


သူ့ ယခင် အတွေ့အကြုံများမှ သင်ယူခဲ့သောကြောင့် ချင်ချင်သည် ယခုအခါ ပိုမိုကျွမ်းကျင်နေပြီ၊ သူမသည် တစ်ချက်အတွင်း အိပ်ယာအစွန်းမှ လျှောဆင်းသွားပြီး ကိုယ့်ဘာသာကိုယ် ရပ်နိုင်ခဲ့သည်။


သူမသည် တံခါးသို့ သူ့ခြေတိုလေးများဖြင့် တလှုပ်လှုပ်သွားပြီး ကိုယ့်ဘာသာကိုယ်ဖွင့်ရန် ကြိုးစားသော်လည်း သူ မည်မျှပင် ဘုလုံးကိုလှည့်စေကာမူ ရွေ့လျားခြင်းမရှိပေ။ စိုးရိမ်စိတ်အနည်းငယ်ဖြင့် သူ တံခါးကိုထုတော့သည်။


"ဒေါက်၊ ဒေါက်၊ ဒေါက်..."


ချင်ချင် သူ့ အသံဖြင့် အသားကုန်အော်ခေါ်သည်– "အာကျင်း၊ အာကျင်း... တံခါးပိတ်ထားတယ်..."


သူ ထုနေစဉ် တစ်ဝက်တစ်ပျက်တွင် တင်းကျပ်စွာပိတ်ထားသောတံခါးကို အပြင်ဘက်မှ ရုတ်တရက်ဖွင့်လိုက်သည်။


သွယ်လျပြီး ဖြူဖွေးသော ခြေထောက်နှစ်ချောင်း ပေါ်လာပြီးနောက် အပြာနုရောင် စကတ်တစ်ခုပေါ်လာသည်။


ဤသည်မှာ ချင်ချင် တစ်ခါမှမမြင်ဖူးသော လူစိမ်းတစ်ဦး ဖြစ်သည်။ သူမသည် အလွန်အမင်းလှပခြင်း မဟုတ်သော် လည်း ရှားပါးသော အလှလေးတစ်ဦးဖြစ်သည်။


အထူးခြားဆုံးမှာ သူမ ပေးသော ခံစားချက်ဖြစ်သည်။


နွေဦးလေပြေကဲ့သို့ နူးညံ့ပြီးကြည်လင်သော လကဲ့သို့ လှပကာ သူမနှင့်နီးစပ်ခြင်းသည် ကမ္ဘာလောက၏ဒုက္ခအားလုံး ပျောက်ကွယ်သွားသကဲ့သို့ အလွန်ကြီးမားသောသက်တောင့်သက်သာဖြစ်မှုကိုပေးစွမ်းသည်။


သို့သော် ယခုအခါ ထိုအလှလေး၏ မျက်လုံးများထဲ ဝမ်း နည်းမှု အရိပ်အယောင်များစွန်းထင်းနေပြီး သူ့ မျက်နှာအမူအရာထက် အနည်းငယ်သောစိတ်မကောင်းဖြစ်မှုများ ပါဝင်နေသည်။


အထူးသဖြင့် သူမသည် ချင်ချင့် မျက်နှာကိုမြင်သောအခါ သူ့ မျက်နှာသည် ဘာကြောင့်ရယ်မသိ ခဏတာ ဖြူဖျော့ သွားခဲ့သည်။


"ကျဲကျဲလှလှ၊ ကျဲကျဲက ဘယ်သူလဲ"


ချင်ချင်သည် လှပသော အမျိုးသမီး၏ရှုပ်ထွေးသော အမူအရာကို နားမလည်၊ သူမ ရုပ်ရည်ကြောင့်ရိုးရိုးရှင်းရှင်း စွဲဆောင်ခံလိုက်ရပြီး ချက်ချင်းဆိုသလို နှစ်သက်သွားခဲ့သည်။


ကလေးများသည် အလှပဆုံးအရာများနှင့် လူများကို မွေးရာပါ နှစ်သက်ကြပြီး ၎င်းကို တိုက်ရိုက်ဖော်ပြကြသည်။


"ငါ့နာမည် ယိယိပါ၊ ငါက... မင်းပါးရဲ့သူငယ်ချင်း"


သူ စိတ်ဓာတ်ကျနေသော်လည်း ယိယိသည် အပြစ်ကင်းသော ကလေးငယ်နှင့် ရင်ဆိုင်သည့်အခါ အလွန်ညင်သာနေဆဲဖြစ်သည်။


ပါးရဲ့ သူငယ်ချင်းလား"


ချင်ချင် ခေါင်းစောင်းလိုက်ပြီး အနည်းငယ် ရှုပ်ထွေးသွားသည်။


ပါး ဘယ်တုန်းက ဒီလောက်ငယ်ပြီး လှတဲ့အမျိုးသမီးနဲ့ ဘယ်တုန်းက သူငယ်ချင်းဖြစ်သွားရတာလဲ??


မား သူ့ကို သေအောင်ရိုက်မှာကို သူ မကြောက်ဘူးလား ?


သူ့ မိဘများနှင့် အတူ အချိန်များစွာ မကုန်ဆုံးခဲ့သော် လည်း သူတို့သည် အလွန်ကောင်းမွန်သောဆက်ဆံရေးရှိသည်ဟု ချင်ချင် သတိရမိသည်။


ထို့အပြင် သူတို့သည် အခြားယောက်ျားများ သို့မဟုတ် မိန်းမများနှင့် မပူးပေါင်းရန် အမြဲတစေ သတိပေးလေ့ရှိသည်၊ မဟုတ်ပါက... ဤသည်ကို ကလေးလေး ချင်ချင် မှတ်မိသည်။


"အစ်မ..." 


သူ ကျဲကျဲလှလှသည် သူ့မားကြောင့် ရိုက်နှက်ခံရမည်ကို စိုးရိမ်သဖြင့် ချင်ချင် မျက်မှောင်ကြုတ်လိုက်ရသည်– "မားက ပါးကို မိန်းကလေးသူငယ်ချင်းထားခွင့် မပြုဘူး၊ ကျဲက ပါးနဲ့ သူငယ်ချင်းမလုပ်ဘဲ နေလို့မရဘူးလား"


ကလေးများ၏မရည်ရွယ်သော စကားများသည် တစ်ခါ တစ်ရံတွင် အနာကျင်ဆုံးဖြစ်နိုင်သည်။


ယိယိ၏ဖြူဖျော့နေပြီဖြစ်သော မျက်နှာသည် ပိုလို့နီရဲသွားသည်။ သူမ ကြီးမားသော ထိုးနှက်ချက်ကို ခံစားခဲ့ရသည့်အလား နောက်သို့ခြေလှမ်းအနည်းငယ်ယိုင်လဲသွားပြီး နောက်ဆုံးတွင် မခံနိုင်တော့ဘဲ လှည့်ကာ တံခါးအပြင်သို့ အမြန်ပြေးထွက်သွားသည်။


ချင်ချင်: "???"


သူ... တစ်ခုခု မှားပြောမိလိုက်တာလား 9??


ထိုစဉ်မှာပင် ဖူစစ်ကျင်း အပြင်မှပြန်လာကာ ယိယိနှင့် တိုက်မိသည်။


သူ မသိစိတ်ဖြင့် သူမ၏ သွယ်လျသောလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အံ့အားသင့်စွာမေးသည်– "ယိယိ ? မင်း ဒီမှာ ဘာလာလုပ်တာလဲ"


"ကျမကို လွှတ်!" ယိယိသည် ဖူစစ်ကျင်း၏ဆုပ်ကိုင်မှုမှ ရုန်း ကန်ထွက်ရန် ကြိုးစားပြီး သူ့မျက်နှာကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်၊ မျက်ရည်များ သူမ မျက်နှာထက်စီးကျလာသည်။


"ကျမ မလာခဲ့ရင် ရှင် ကျမကို ဘယ်လောက်ဆိုးဆိုးရွားရွားလှည့်စားခဲ့လဲဆိုတာ ကျမ သိရမှာ မဟုတ်ဘူး၊ အစား ထိုးလား ? ကလေးလား ? ဖူစစ်ကျင်း၊ ရှင် တကယ် တစ်ခုခုပဲ"


စကားတစ်ခွန်းစီတိုင်းတွင် ယိယိသည် ထိုးနှက်ချက်ကိုမခံနိုင်သည့်အလား နောက်သို့တစ်လှမ်းဆုတ်သွားခဲ့သည်။ နောက်ဆုံး မခံနိုင်တော့ဘဲ သူ ရိုးရှင်းစွာ လှည့်ထွက်ပြီးအလျင်အမြန်ထွက်သွားခဲ့သည်။


ကျန်ရှိနေသည်မှာ ဖူစစ်ကျင်း၏သွယ်လျသော်လည်း ခေါင်းမာသော ကျောပြင်သာ။


"အာကျင်း၊ နာသွားလား ?"


ချင်ချင် ဖူစစ်ကျင်းထံပြေးသွားပြီး သူ့ မျက်နှာပေါ်ရှိ ဒဏ်ရာကို စစ်ဆေးရန် ခြေဖျားထောက်လိုက်သည်။


သူ့ ခန့်ညားသော မျက်နှာပေါ်တွင် ထင်ထင်ရှားရှားရိုက် နှိပ်ထားသော အနီရောင် လက်ငါးချောင်းအမှတ်အသားကို မြင်သောအခါ ချင်ချင်၏ ယိယိအပေါ် ကောင်းသော အထင်အမြင်သည် ချက်ချင်းပျက်စီးသွားသည်– "အဲ့ဒီ လူဆိုးက ဦးဦးကို ဘယ်လိုလုပ်ရိုက်ရဲတာလဲ ? ချင်ချင် သူ့ကို မကြိုက်တော့ဘူး!"


သူလေး ဒေါသတကြီးဖြင့် ခြေထောက်ကိုဆောင့်နင်းလိုက်သည်၊ ဖူစစ်ကျင်း၏ထူးဆန်းသော တိတ်ဆိတ်မှုကို သတိမပြုမိပေ။


"မင်းနဲ့ အဲ့ဒီ မိန်းမ၊ ဖြစ်နိုင်ရင် မြန်မြန်လမ်းခွဲလိုက်"


သူ့ မှတ်ဉာဏ်ထဲတွင် အေးစက်ပြီးမာနကြီးသော အမျိုး သမီးက ဇိမ်ခံဆိုဖာပေါ်တွင် လှပစွာထိုင်နေသည်။ သူမ၏ သိမ်မွေ့သောမျက်ခုံးမွှေးများသည် စိတ်မရှည်စွာတွန့်ချိုးနေပြီး သူ့အား သူမ၏အခွင့်အရေးသဖွယ် အမိန့်များပေးအပ်နေခဲ့သည်။


သူသည် သူ့ သားမဟုတ်ဘဲ မျက်စိမှိတ်နာခံရန်သာလိုအပ်သော လက်အောက်ငယ်သားတစ်ဦးနှင့်တူနေသည်။


မဟုတ်ပါက၊ သူသည် သူမ လက်ဖဝါးထဲဆုပ်ကိုင်ထားသော ရုပ်သေးရုပ်သဖွယ်ဖြစ်ပြီး ချည်နှောင်ထားသော ကြိုးများမှ လွတ်မြောက်ခွင့်မရှိဘဲ သူမ၏ ထိန်းချုပ်မှုအောက်ထဲ လုံးဝရောက်ရှိလို့နေသည်။