Ch 8
Viewers 3k

🍼 Chapter 8

🍼 Qingqing and her younger brother


"အင်း..."


ကူးလန်က အားစိုက်ပွတ်သပ်ပေးနေချိန်တွင် ချင်ချင်၏ ခန္ဓာကိုယ်ငယ်လေးသည် ရှေ့သို့ နောက်သို့ ယိမ်းထိုးနေပြီး၊ ဖောင်းကားနေသော ပင်ဂွင်းငုတ်တုတ်လေး လိုမျိုး ယိမ်းထိုးနေပုံမှာ အလွန်ချစ်စရာကောင်းလှသည်။


ကူးလန်၏လှုပ်ရှားမှုများသည် ကြမ်းတမ်းပုံရသော်လည်း သူသည် ချင်ချင်ကိုမနာကျင်စေရန် သူ့ အားကိုအမှန်ပင် ဂရုတစိုက် ထိန်းချုပ်ထားသည်။


အံ့သြစရာကောင်းသည်မှာ ချင်ချင်သည် ပွတ်သပ်ခံရခြင်းကို အတော်လေး သက်သောင့်သက်သာခံစားရသော ကြောင့် နာခံစွာဖြင့် မခုခံခဲ့ပေ။


---


သဘက်ကိုဖယ်လိုက်သောအခါ ကူးလန်နှင့် ဖူစစ်ချန်ရှေ့တွင် ပေါ်လာသည်မှာ ချစ်စရာကောင်းသော၊ ပွပွအိအိ ကလေးပင်ဂွင်းငုတ်တုတ်လေး ဖြစ်သည်။


"ဖွီး!" 


ဖူစစ်ချန် ချက်ချင်း ရယ်မောလိုက်ပြီး ကူးလန်ပင်လျှင် ပြုံးစိစိလုပ်မိသည်ကို မထိန်းနိုင်ခဲ့ပေ။


သို့သော် လူကြီးနှစ်ဦးသည် ကလေးငယ်၏မျက်လုံးဝိုင်းလေးများ၊ အပြစ်ကင်းသော မျက်ဝန်းများနှင့်ဆုံတွေ့သော အခါ သူတို့၏ကိုယ်ကိုကိုယ်သိသော စိတ်ကိုတိုက်ခိုက်ခံလိုက်ရသလို ဖြစ်သွားသည်။


ချက်ချင်းပင် ဖူစစ်ချန်သည် သူ့ရယ်သံကိုထိန်းရန် လှည့်သွားပြီး ကူးလန်သည် သူ့နှုတ်ခမ်းများကို တင်းလိုက်ကာ လူကြီးနှစ်ဦးစလုံးသည် အဘယ်အရာမျှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ သူတို့၏မျက်နှာဖုံးများကို ကျွမ်းကျင်စွာ ဝတ်ဆင်လိုက်ကြသည်။


သူမ လှောင်ပြောင်ခြင်းခံခဲ့ရသည်ကို လုံးဝသတိမထားမိသော ချင်ချင်သာလျှင် လုံးဝတွေဝေနေခဲ့သည်။


"တိတိ" သူမသည် ကူးလန်၏လက်ဖျံကိုဆွဲလိုက်ပြီး သူ့ နဖူးသေးသေးလေးများ မသက်မသာဖြစ်စွာ တွန့်ချိုးနေ သည်။ 


"ချင်ချင် အဝတ်အစားလဲဖို့လိုတယ်၊ စိုနေပြီ၊ မသက်မသာ ဖြစ်တယ်"


"အခုမှ မသက်မသာဖြစ်မှန်း သိသွားတာလား ? အဲ့ဒါဆို ဘာလို့ ရေထဲမှာ ဆော့‌နေတာလဲ"


ကူးလန် မြည်တွန်လိုက်သော်လည်း သဘက်တစ်ထည်ကို လျင်မြန်စွာ ဖြန့်လိုက်ပြီး ချင်ချင်ကိုခေါင်းပွပွလေးသာ ထွက်နေအောင် လုံးဝထုပ်ပိုးလိုက်သည်။ ထို့နောက် သူမကိုတတိယထပ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။


"ငါ သူ့ကို သန့်ရှင်းရေးလုပ်ပေးဖို့ ခေါ်သွားလိုက်မယ်၊ မင်း ဒါတွေကို ရှင်းထား"


---


လှေကားပေါ် မတက်မီ ကူးလန် ရပ်လိုက်ပြီး ဖူစစ်ချန်ကို နေခဲ့ကာ ရှင်းလင်းရန်လက်ဟန်ပြလိုက်သည်။


ဖူစစ်ချန်သည် သူ့ ဦးလေးအမိန့်ကို မနာခံဝံ့ပေ။


သူ ချက်ချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။ ကူးလန်နှင့် ချင်ချင် ဓာတ်လှေကားထဲသို့ပျောက်ကွယ်သွားပြီးနောက် သူသည် ရှင်းလင်းရေးအကူအညီအတွက် တစ်စုံ တစ်ဦးကို ချက်ချင်းဖုန်းခေါ်လိုက်သည်။


ဘာက ရယ်စရာကောင်းလဲ၊ သူ ကိုယ်တိုင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။


အိမ်သန့်ရှင်းရေးကုမ္ပဏီက ပိုမကောင်းဘူးလား??


---


အပေါ်ထပ်တွင်


"ဒီမှာနေ"


ကူးလန်သည် ချင်ချင်ကို အိပ်ရာပေါ် ပစ်တင်လိုက်ပြီး ဘေးနားရှိ အဝတ်လဲခန်းထဲတွင် သန့်ရှင်းသောအဝတ်အ စားများ ရှာရန်လှည့်လိုက်သည်။


ကံကောင်းစွာဖြင့်၊ သူ့ ယောက်ဖသည် လျင်မြန်စွာလုပ် ဆောင်ခဲ့ပြီး ချင်ချင်အတွက် မနေ့ကအဝတ်အသစ်များဝယ်ထားခဲ့သည်။


အရင်ဆေးကြောပြီး အခြောက်ခံထားကာ လမ်းလျှောက်ဝင်နိုင်သော အဝတ်လဲခန်းအတွင်းရှိချိတ်တွင် သေသပ်စွာ ချိတ်ဆွဲထားသည်။


ချိတ်၏ဘယ်ဘက်တွင် အပြစ်ဆိုစရာမရှိအောင်မီးပူတိုက် ထားသော ဝတ်စုံတန်းများရှိပြီး ညာဘက်တွင် စေ့စေ့စပ် စပ်ထိန်းသိမ်းထားသော လှပသည့် ဂါဝန်တန်းများရှိသည်။ ပုံစံချင်းဆန့်ကျင်ဘက်ဖြစ်သော အလည်တွင်မူ ကလေးအဝတ်အစားများကိုထားရှိသော်လည်း အံ့သြစရာကောင်းစွာ သဟဇာတဖြစ်နေပြီး နွေးထွေးသောမိသားစုသုံးဦးကဲ့သို့ထင်ရသည်။


ကူးလန်သည် နောက်တစ်ကြိမ်လှည့်ကြည့်မိသော်လည်း သူ ရူးသွားပြီဟု ချက်ချင်းတွေးလိုက်သည်။


သူသည် ပိုနွေးမည့်ပုံပေါက်သော ဝတ်စုံတစ်စုံကိုပေါ့ပေါ့ ပါးပါး ကောက်ယူလိုက်ပြီး ချင်ချင်ဘေးနားသို့ပစ်တင်လိုက်သည်– "ကိုယ့် ဘာသာလဲ"


"ချင်ချင် မလဲတတ်ဘူး" ဟု ချင်ချင် ပြတ်ပြတ်သားသား ဖြောင့်မှန်စွာ ပြန်ပြောလိုက်သည်။


ကူးလန်– "..."


ချင်ချင်– "..."


နှစ်ဦးသား ခဏတာစိုက်ကြည့်နေခဲ့ကြပြီး မည်သူမျှနောက် မဆုတ်ချင်ကြပေ။ နောက်ဆုံးတွင် ကူးလန် အလျှော့ပေး လိုက်ရသည်။


"မင်း တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းတယ်"


ကူးလန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ မျက်နှာကို ပွတ်သပ်ပြီး ထပ်မံထွက်ခွာသွားကာ ကလေးမလေးအားအဝတ်အစားလဲပေးရန်အတွက် အိမ်အကူကိုခေါ်လိုက်သည်။


သူ မသိဘူးဟုမထင်လေနှင့် ထိုကလေး ဖူစစ်ချန်သည် ပျင်းရိရန်သဖြင့် အိမ်သန့်ရှင်းရေးကုမ္ပဏီအား ခေါ်ထားကြောင်း သူ သိသည်။


---


အိမ်အကူသည် ချင်ချင့် အဝတ်အစားများလဲပေးပြီး ထွက်သွားခဲ့သည်။


ကူးလန် တံခါးကို ထပ်မံတွန်းဖွင့်လိုက်သောအခါ ချင်ချင်သည်ခြောက်သွေ့သော၊ နူးညံ့သည့် အဝတ်အသစ်များ ဝတ်ဆင်ထားသော်လည်း သူ့ ဆံပင်များမှာ စိုစွတ်နေဆဲဖြစ်ကာ သူမ မျက်လုံးဝိုင်းကြီးများသည် သူ့အားတည့်တည့် စိုက်ကြည့်နေပြီး ရှင်းပြလို့မရအောင်သနားစရာကောင်းနေသည်ကို တွေ့လိုက်ရသည်။


"တိတိ" ဟု သူလေး နှာရည်ယိုသည့် အသံအနည်းငယ်ဖြင့် နူးညံ့ချိုသာစွာ ပြောလိုက်သည်။


သူ ဖျားတော့မှာလား ??


"မင်း ဆံပင်မှုတ်တာပါ မလုပ်တတ်ဘူးလား"


ကူးလန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ချောမောသော နဖူးမှာ မကျေမနပ်ဖြင့် တွန့်ချိုးနေသည်။ သူ ကုတင်ဘေး စားပွဲမှ ဆံပင်မှုတ်စက်ကိုဒေါသတကြီး ဆွဲယူလိုက်ပြီး ချင်ချင်ကို လက်ယပ်ခေါ်လိုက်သည်– "ဒီကိုလာ"


---


ဤသို့ကြားသောအခါ ချင်ချင်သည် အိပ်ရာခြေရင်းမှ ခေါင်းရင်းသို့ ချက်ချင်းကုတ်ကတ်တတ်သွားပြီး ကူးလန်ရှေ့တွင်ထိုင်ရန် သူ့ခြေထောက်များကို နာခံစွာဖြန့်လိုက် ကာ သူမ ဆံပင်များကိုမှုတ်ခိုင်းလိုက်သည်။


အပူပေးစက်မှထွက်လာသော နွေးထွေးသည့် လေနှင့် သူမ ခေါင်းပေါ်ရှိ သက်သောင့်သက်သာရှိသော နှိပ်နယ်မှုတို့ ပေါင်းစပ်လိုက်သောအခါ ချင်ချင် အိပ်ချင်မူးတူးဖြစ်လာရသည်။


သဘက်ဖြင့် သူမ၏ဆံပင်များကို ပွတ်သပ်ပေးသကဲ့သို့ ကူးလန်သည် ချင်ချင့်ဆံပင်များကို မှုတ်ပေးနေစဉ် သူမကို မနာကျင်စေရန် အလွန်ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။


"ချင်ချင်ရဲ့တိတိက အရမ်းနူးညံ့တာပဲ၊ ချင်ချင် သူ့ကို ကြိုက်တယ်"


"ချင်ချင် တိတိကိုကြိုက်တယ်" ချင်ချင် သတိမထားမိလိုက်ဘဲ သူမ၏စစ်မှန်သော ခံစားချက်များကိုရေရွတ်လိုက်သည်။


---


ပြောပြီးနောက် သူမ ဘာမှမခံစားရသော်လည်း ကူးလန်၏ လှုပ်ရှားမှုများသည် ချက်ချင်းရပ်တန့်သွားပြီး ဆံပင်မှုတ်စက်ကိုလွှတ်ချလုနီးပါးဖြစ်ကာ ချင်ချင် ဦးခေါင်းလေးကို ထိခိုက်လုနီးပါးဖြစ်သွားသည်။


သူသည် ဆံပင်မှုတ်စက်ကို လျင်မြန်စွာပိတ်လိုက်ပြီး ဘေးသို့ချထားလိုက်သည်။ သူ့စိတ်တည်ငြိမ်မှု ပျက်သွားခြင်းကိုသဘောပေါက်သောအခါ ကူးလန်သည် တစ်ခုခုကို ဖုံးကွယ်ရန် အလေ့အကျင့်အတိုင်း သရော်ရန်စတင်လိုက်သည်။


"လာပါဦး၊ မင်းက ငါ့ကို ကြိုက်တယ်ပေါ့ ? အရင်က ကူးမိသားစုမှာ မင်းနဲ့ ငါ နှစ်ယောက်ထဲကတစ်‌ယောက်ပဲရှိရမယ်၊ မင်း ရှိရင် ငါ မရှိရဘူးလို့ မပြောခဲ့ဘူးလား"


"တိတိက အရမ်းအတာပဲ" ချင်ချင်သည် သူ့ခေါင်းလေးလေးကိုပုတ်ကာ ကူးလန်ကို ရက်ရက်စက်စက်လှောင် ပြောင်လိုက်သည်။


"မင်း ငါ့ကို 'အ'တယ်လို့ပြောရဲတယ်ပေါ့" ကူးလန်၏ မျက် နှာသည် ချက်ချင်းဆိုသလိုအေးစက်သွားသည်။


သူသည် ဤကလေးမလေးဖျားမည်ကို စိုးရိမ်ပြီးဂရုစိုက်ပေးနေခဲ့ရာ ယခုမူ ဆဲဆိုခြင်းခံနေရသည်။


"လုတုံးပင်းကို ခွေးကိုက်သလိုပဲ၊ သူ့အတွက် ကောင်းတာကို မသိဘူး..."


"တိတိက အရမ်းအတယ်၊ ချင်ချင်က အားကျင်းနဲ့ အားချန်တို့ရဲ့ မား ဖြစ်နေပြီ၊ အိမ်မှာ အတူမနေတော့ဘူး!"


ချင်ချင်သည် ကူးလန်၏အတွေးများကို မသိလိုက်ဘဲဖြတ်ပြောလိုက်သည်။ ဤအမှန်တရားကို သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးပင် နားလည်သည်။


အိမ်ထောင်ပြုခြင်း၊ ကလေးများ၊ မိသားစုအသစ်နှင့် စသည့် လက္ခဏာအသစ်နှစ်ခုတို့ဖြင့် ကူးချင်ချင်သည် ကူးမိသားစုဝင်တစ်ဦးအဖြစ် လုံးလုံးလျားလျားမရှိတော့ပေ။


ထို့ကြောင့် အရင်ကမရိုးသားသောသစ္စာဆိုခြင်းသည်အချိန်ကြာမြင့်စွာကတည်းက ပြည့်စုံသွားခဲ့ပြီဖြစ်သည်။


ကူးလန်၏မျက်ဝန်းများသည် အနည်းငယ်ကျယ်လာပြီး သူ ရုတ်တရက် တိတ်ဆိတ်သွားသည်။


ဒါဆို သူက လိုချင်တဲ့သူမရှိတဲ့ ကလေးတစ်ယောက်ဖြစ်သွားခဲ့တာလား ??


"တိတိ... တိတိ..." 


ကူးလန်သည် အကြိမ်များစွာတွန်းခံလိုက်ရပြီးမှ နောက် ဆုံးတွင် သူ၏ထူးဆန်းသည့် အခြေအနေမှရုန်းထွက်လာသည်– "ဘာဖြစ်လို့လဲ"


"တိတိ ချင်ချင့်ကို ကစားကွင်းခေါ်သွားပေးမလား ?" 

ချင်ချင့် မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။


ဒါ သူ့ထံ အခုလေးတင်ထွက်ပေါ်လာသည့် အကြံတစ်ခု ဖြစ်သည်။


သူ့တိတိသည် လူကြီးဖြစ်ရာ၊ သူ့အား ကစားကွင်းသို့ခေါ်သွားပေးနိုင်သည်!


သူများတွေရဲ့ဇာတ်လမ်းတွေနဲ့ ခရီးသွားမဂ္ဂဇင်းတွေမှာသာ ရှိနေတဲ့ အဆောက်အဦးတွေအတွက် ချင်ချင့်ထံ သူ ဟမ်ဘာဂါစားတုန်းကလို ပြင်းပြသည့်စွဲလမ်းမှုအမြဲရှိနေခဲ့သည်။


သူ ဒါတွေကို မစမ်းကြည့်ရရင် သူ့ဘဝက ပြည့်စုံမှာ မဟုတ်ဘူးလို့ ခံစားနေရသည်။


ဒါကြောင့် ကစားကွင်းသွားဖို့အခွင့်အရေးအား သူ အမိအ ရဆုပ်ကိုင်လိုက်သည်။


---


"မင်း အခုထိ အလုံအလောက်မပျော်ရသေးဘူးလား" 


ဖူမိသားစုဧည့်ခန်းရှိ အရှုပ်များကိုသတိရမိသောအခါ ကူးလန်၏နှုတ်ခမ်းများ တွန့်ချိုးသွားရသည်။


ဒီနေ့ပျက်စီးသွားတာ ကူးမိသားစုသာဆိုရင် သူ သူ့ကျဲကို ရိုက်နှက်ရမယ်ဆိုရင်တောင် ကူးချင်ချင်အား သင်ခန်းစာ ပေးမိမှာ အသေအချာပင်။


"ချင်ချင် သွားချင်တယ်..." ချင်ချင် ချိုသာသော အသံဖြင့် ရှည်လျားစွာ ရေရွတ်လိုက်သည်။


ကလေးများသည် ၎င်းတို့လိုချင်တာကို ရရှိရန်အတွက် အမြဲတမ်း ချိုမြိန်ပြီးနာခံမှုရှိလာနိုင်ကာ ငြင်းဆိုရန် မဖြစ်နိုင်အောင် ဖန်တီးနိုင်သည်။


သို့သော် ကူးလန် မသွားချင်ပေ။ သူသည် အလွန်အလုပ် များသောသူ ဖြစ်သည်၊ ကုမ္ပဏီတွင် ပြီးဆုံးရန်အလုပ် များစွာ ကျန်နေသေးသည်။ ချင်ချင်အား အပြင်ခေါ်သွားပြီး ဆော့ဖို့အချိန် ဘယ်မှာရှာရမလဲ ??


"ဒီနေ့တော့ အရမ်းနောက်ကျနေပြီ၊ မနက်ဖြန်မှ သွားကြရအောင်"


"ဟေး! ချင်ချင်ရဲ့တိတိက အကောင်းဆုံးပဲ!"


ချင်ချင် အော်ဟစ်ကာ အိပ်ရာပေါ်ခုန်ပေါက်နေပြီး ကူးလန် စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်နှာကို ဖုံးအုပ်လိုက်သည်။


ဘာလို့ သဘောတူလိုက်မိတာလဲ ??


"မင်းက တကယ်ဉာဏ်များတဲ့ ကလေးပဲ!"


---


သူ ဘယ်လောက်ပဲ နောင်တရနေပါစေ၊ ကူးလန်သည် သူ့ စကားကို တန်ဖိုးထားသူ ဖြစ်သောကြောင့် နောက်တစ်နေ့ မနက်တွင် သူ ဖူမိသားစု၏တံခါးအပြင်ဘက်သို့ အချိန်မှန် တိတိကျကျရောက်လာခဲ့သည်။


နံနက်စာ စားချိန်ဖြစ်သည်။


ဖူဟန်နှင့် ဖူစစ်ကျင်းတို့သည် ကုမ္ပဏီတွင် ရှိနေဆဲဖြစ်ပြီး ဖူစစ်ချန်နှင့် ချင်ချင်တို့သာ အိမ်တွင်ကျန်ရှိသည်။


ဤကလေးနှစ်ယောက်သည် အမြဲတမ်းလက်တဆုပ်စာ ဖြစ်ပြီး၊ အခြေခံ ကိုယ့်ကိုကိုယ်ဂရုစိုက်မှု စွမ်းရည်မရှိသလို မီးဖိုချောင်နှင့် လုံးဝမသင့်တော်သောကြောင့် သူတို့သည် ပညာရှိစွာဖြင့် အပြင်မှမှာစားခြင်းကိုသာ ရွေးချယ်ခဲ့ကြသည်။


၎င်းတို့သည် ပဲနို့၊ ဆီချက်ပေါင်မုန့်ကြော်နှင့် ဇံဇီ (ထမင်းပေါင်းထုပ်)၊ ဂန္ထဝင်နံနက်စာကိုမှာယူကြပြီး ဘယ်တော့မှ မရိုးနိုင်ကြချေ။


---


ချင်ချင် နိုးလာပြီးကတည်းက အနည်းငယ် စိတ်မပါလက် မပါ ဖြစ်နေပြီး နံနက်စာ စားနေစဉ်တွင်ပင် သူ့ မျက်လုံး ဝိုင်းလေးများသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့ သို့ အပြင်ဘက်သို့ မကြာခဏစူးစမ်းနေလေသည်။


ကြာကြာစောင့်ခဲ့ရသော ပုံရိပ်ပေါ်လာမှသာ သူ စိတ်လှုပ် ရှားစွာ အော်ဟစ်လိုက်သည်။ 


"တိတိ လာပြီ! ရေးးး..."


ဖူစစ်ချန်သည် ဇံဇီနောက်ဆုံးတစ်ကိုက်ကို ချင်ချင်အား လျင်မြန်စွာခွံ့ကျွေးလိုက်ပြီး သက်ပြင်းချလိုက်သည်။


နောက်ဆုံးတော့ ဒီချစ်စရာကောင်းတဲ့ ကလေးလေးကို ခွံ့ကျွေးတဲ့လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ။


ပါးစပ်ထဲ တစ်ခုခုရှိနေတာကြောင့် ချင်ချင်သည် ဆက် လက်ဝါးနေရပြီး စကားပြောခြင်းကို ဟန့်တားထားကာ စိုးရိမ်စိတ်ဖြင့် ချွေးများတစိုစိုကျနေသည်။


---


"မင်း အရင်စားလို့ပြီးအောင်လုပ်၊ ငါ ထွက်ပြေးမှာ မဟုတ်ဘူး"


ကူးလန် ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး လှဲအိပ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာအနားယူလိုက်သည်။ သူ့ အသံသည် တစ်ညလုံးမအိပ်ရသေးသောကြောင့် အနည်းငယ် ကြမ်းရှနေသည်။


ဒီနေ့အတွက် အချိန်ဇယားဆွဲဖို့ သူ တစ်ညလုံးအလုပ်လုပ်ခဲ့ရပြီး ဒီမနက်မှာ တစ်နာရီတောင် မပြည့်ဘဲအိပ်ခဲ့ရသော ကြောင့် အနည်းငယ်အိပ်ရေးပျက်နေသည်။


ကူးလန်သည် တကယ်တမ်းမထွက်ပြေးကြောင်း မြင်သော အခါ ချင်ချင်သည် သူ့စိတ်အားထက်သန်မှုကို မနည်း ထိန်းချုပ်ပြီး နံနက်စာကိုပြီးအောင် စားလိုက်သည်။


နောက်ဆုံးတွင် အစာစားပြီးနောက် သူမသည် ပွေ့ချီရန်မလိုဘဲ ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ မနေ့ညက ထုပ်ပိုးထားသော ကျောပိုးအိတ်လေးကို ယူဆောင်ပေးရန် ဖူစစ်ချန်အား စိတ်လှုပ်ရှားစွာတိုက်တွန်းသည်–


"မြန်မြန်လုပ်၊ မြန်မြန်လုပ်!" သူလေး အလွန်စိုးရိမ်နေမိသည်။


"ငါ့ကို မတွန်းနဲ့၊ ငါ မင်းအတွက် သွားယူပေးမယ်"


ဖူစစ်ချန် ပင်ပန်းနေသော်ငြား အလွန်တက်ကြွနေသည်။


ဒီမိစ္ဆာလေးကို အပြင်ကိုပို့ဆောင်နိုင်သရွေ့ ဒီနေ့ သူ လွတ် လပ်သွားပြီ၊ ဟားဟားဟား...


ကျောပိုးအိတ်လေးသည် အပေါ်ထပ်ရှိ စာကြည့်ခန်းတွင် ရှိနေပြီး သူ အပေါ်ထပ်သို့သွားယူရဦးမည်ဖြစ်သောကြောင့် ချင်ချင်အား ဧည့်ခန်းတွင် ခဏစောင့်နေရန်ပြောလိုက်သည်။


---


ချင်ချင့် ကျောပိုးအိတ်လေးကိုယူလာပြီးနောက် ဖူစစ်ချန်သည် အရင်ကလိုစိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေသော ကလေးပုံရိပ်ကိုရှာမတွေ့တော့ပေ။


"ချင်ချင်"


သူ စူးစမ်းစွာခေါ်လိုက်ပြီး ဆိုဖာပတ်လည် လမ်းလျှောက်လိုက်သည်။ သူ့ရှေ့ကမြင်ကွင်းကို မြင်လိုက်သောအခါ သူ ရုတ်တရက် တိတ်ဆိတ်သွားရသည်။


သူ့ ဦးလေးသည် ဆိုဖာပေါ်တွင် ပင်ပန်းနွမ်းနယ်နေပုံဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး ချင်ချင်သည် စောင်တစ်ထည်ဖြင့်လှုပ်ရှားနေပြီး ကူးလန်အား မလွယ်ကူစွာ ဖုံးအုပ်ပေးနေခဲ့သည်။


ဖူစစ်ချန် ချဉ်းကပ်လာသည်ကိုသတိပြုမိသောအခါ သူမသည် ခေါင်းလှည့်ကာ သူလေး၏လက်ညှိုးလေးကို သူ့ နှုတ်ခမ်းများထက်တွင် 'ရှူး တိုးတိုး' အမူအရာဖြင့် တင်လိုက်ပြီး၊ သူ့အား တိတ်တဆိတ်နေရန်နှင့် ကူးလန်အား မနှောင့်ယှက်ရန် အချက်ပြလိုက်သည်။


"ငါတို့ ကစားကွင်း မသွားတော့ဘူးလား"


အဆိုပါမေးခွန်းမှာ ယခုမူ အဓိပ္ပာယ်မရှိတော့ပုံရသည်။


ဖူစစ်ချန် ကျောပိုးအိတ်ကို ပေါ့ပေါ့ပါးပါးထားလိုက်ပြီး အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။


"ကလေးဆိုးလေး" ဧည့်ခန်းမှထွက်လာပြီးနောက် သူ တိုးတိုးလေး ရယ်မောလိုက်သည်။


"သူ ဘယ်လိုလုပ် ဒီလောက်ထိ သတိထားတတ်တာလဲ ?"


-


ကူးလန် အိပ်မက်တစ်ခု မက်ခဲ့သည်။


သူ့အား ကျောက်တုံးကြီးတစ်တုံးက ဖိချေထားသည်ဟု အိပ်မက်မက်ပြီး အသက်ရှူမဝလောက်အောင်လေးလံနေသည်။


သူ အချိန်အကြာကြီး ရုန်းကန်ပြီးမှ နောက်ဆုံးနိုးလာခဲ့သော်လည်း သူ့ ရင်ဘတ်သည် တစ်ခုခု ဖိထားသကဲ့သို့ လေးလံနေဆဲဖြစ်သည်။


နူးညံ့ကာ၊ နွေးထွေးပြီး၊ သေးငယ်သော၊ သို့သော် အနည်း ငယ်လေးလံလို့နေသည်။


အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ပွပွအိအိခေါင်းထိပ်လေးနှင့် ဆုံတွေ့လိုက်ရပြီး သေးငယ်သော ဆံပင်အလိမ်များကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။


ကူးချင်ချင်သည် သူ့ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။


သူ အိပ်ပျော်သွားခဲ့တာလား ?


ကလေးကို သူ့ လက်မောင်းများမှ ဂရုတစိုက် ဖယ်ရှားလိုက်ပြီး ကူးလန် ထထိုင်လိုက်သည်။ သူသည် ဖူမိသားစု ၏ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်ရှိနေဆဲဖြစ်သည်။


သို့သော် အချိန်သည် မနက် ၈ နာရီမှ နေ့လယ်သို့ပြောင်း လဲသွားခဲ့သည်၊ သူ အတော်ကြာကြာအိပ်ပျော်သွားခဲ့သည်။


"ဦးလေး နိုးပြီ"


မထွက်ခွာသေးသော ဖူစစ်ချန်သည် ဗိုက်ဆာလာသော အခါ အောက်ထပ်သို့ ဆင်းလာပြီး အစားအစာရှာရန် အလုပ်များနေခဲ့ရာ ကူးလန် နိုးနေသည်ကို အချိန်မီမြင်လိုက်ရသည်။


"မနက်က ဘာလို့ ငါ့ကို မနှိုးတာလဲ"


ကူးလန်သည် အနည်းငယ်နာကျင်နေသော သူ့ ပခုံးများကို ပွတ်သပ်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။


"ကြည့်လေ" 


ဖူစစ်ချန်သည် သူ့ မေးစေ့ဖြင့် ချင်ချင်အား လက်ဟန်ပြလိုက်ပြီး သူမသည် အပြစ်ရှိသူဖြစ်ကြောင်း ညွှန်ပြလိုက်သည်– "မနက်က ဦးလေးအိပ်နေတာကိုမြင်တော့ စောင်ခြုံ ပေးဖို့တောင် အရမ်းစိတ်အားထက်သန်နေတာ၊ ဦးလေးကို နှိုးရက်ပါ့မလား"