Ch 7
Viewers 3k


🍼 Chapter 7

🍼 Qingqing Trends on Social Media



"ရှေ့မှာ ဘာဖြစ်နေကြတာလဲ"


"မသိဘူး၊ အကြွေးရှင်နဲ့များ ထိပ်တိုက်တွေ့နေကြတာလား မသိဘူး"


"တစ်ယောက်ယောက် လိမ်လည်ဖို့ကြိုးစားနေတဲ့ပုံပဲ"


"ဒါနဲ့ ဟိုလူ ငိုတာက နည်းနည်းကြည့်ရဆိုးတယ်နော်"


"ဟယ် ကြည့်ပါဦး၊ ဟိုကလေးလေးက အရမ်းချစ်စရာကောင်းတာပဲ"


...


လူအုပ်ကြီး၏မမျှော်လင့်ထားသည့် တုံ့ပြန်မှုများကြောင့် ဓာတ်ပုံရိုက်ယူသောလူ မျက်နှာမှာ ခဏတာတွန့်လိမ်သွားရတယ်။


သူ ဒီအရူးတွေကို စိတ်ထဲကနေကျိန်ဆဲလိုက်ပေမယ့် အပြင်ပန်းမှာတော့ မျက်ရည်ကျကာ၊ နောင်တရနေသည့် ပုံစံကို ဆက်လက်လုပ်ဆောင်ပြီး ဖူဟန်အား ခခယယဝပ်တွားကာ ဦးညွှတ်အရိုအသေပေးသည်အားအကြိမ် ပေါင်းများစွာလုပ်ပြလိုက်သည်။


"ဥက္ကဋ္ဌဖူ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အလွှတ်ပေးပါ! ကျွန်တော် မတော်တဆ ဓာတ်ပုံနည်းနည်းလေးရိုက်မိတာကို ခင်ဗျားက တရားစွဲဖို့လောက်ထိအရေးကြီးနေလို့လား? ကျွန်တော့် မိသားစုက ဆာလောင်မွတ်သိပ်လုနီးပါး ဆင်းရဲနေပြီးပါပြီ၊ ကလေးနှစ်ယောက်ကိုလည်း ထောက်ပံ့ရဦးမယ်၊ ကျွန်တော် ဘယ်လိုလုပ် အသက်ရှင်ရပ်တည်နိုင်မှာလဲ"


"ဥက္ကဋ္ဌ" "မတော်တဆ" "တရားစွဲဆိုခြင်း" နှင့် "ဆင်းရဲသောဖခင်" စသည့် အဓိကစကားလုံးများကိုကြားသောအခါ ကြည့်ရှုသူများသည် မောက်မာသောသူဌေးများက ဆင်းရဲသောဖခင်တစ်ဦးကို ရည်ရွယ်ချက်ရှိရှိနိုင်ထက်စီးနင်းပြု ကျင့်နေသည့် မြင်ကွင်းများကို ချက်ချင်းစိတ်ကူးပုံဖော်လိုက်ကြသည်။


၎င်းက လူအချို့အကြား မကျေမနပ်ဖြစ်မှုအား ရှင်းရှင်း လင်းလင်းလှုပ်နှိုးလိုက်ပြီး လူအုပ်ကြီး၏ဆွေးနွေးမှု ဦးတည်ချက်မှာ သိမ်မွေ့စွာပြောင်းလဲသွားသည်။


---


"မတော်တဆရိုက်မိတဲ့ ဓာတ်ပုံလေးတွေပဲကို၊ သူ့ကို ဒီလိုမျိုးဖိအားပေးဖို့ တကယ်လိုအပ်လို့လား"


"သူ တစ်ခုခုမှားခဲ့လို့ဖြစ်မှာပေါ့၊ မဟုတ်ရင် ဘာလို့ဓာတ်ပုံရိုက်ခံရမှာကို ဒီလောက်ကြောက်နေရတာလဲ"


"ဒီလူနဲ့ တခြားလှပတဲ့ အမျိုးသမီးတစ်ယောက်ရောယှက်နေတာကို ငါ ခုနကမြင်လိုက်တယ်၊ အဲ့အမျိုးသမီးက ဒီဥက္ကဋ္ဌရဲ့ရည်းစားတော့ မဟုတ်လောက်ပါဘူးနော်"


"ဩော်... ကလေးက အနားမှာရှိနေတုန်းကိုလေ ? အဲ့အသိုင်း အဝိုင်းက တကယ်ရှုပ်ထွေးတာပဲ"


"အခြေအနေကိုမသိဘဲ ပေါက်ကရတွေမပြောကြပါနဲ့၊ နားလည်မှုလွဲတာမျိုးလည်း ဖြစ်နိုင်တယ်လေ"


...


လူအုပ်ကြီး၏တီးတိုးပြောသံများသည် သူ့နားထဲသို့ ရောက်ရှိလာပြီး အမျိုးမျိုးသောမသက်မသာဖြစ်စေသည့် အကြည့်များကကြားညှပ်နေသည်။


ဤကဲ့သို့သောမြင်ကွင်းကို တစ်ခါမှမမြင်ဖူးသော ချင်ချင် သည် ကြောက်လန့်တကြားဖြစ်ကာ ဖူဟန့် နောက်တွင် ပုန်းအောင်းလိုက်သည်။


"ဦးဦး၊ ချင်ချင် ကြောက်တယ်..."


---


ဖူဟန့်မျက်နှာသည်‌အေးစက်နေကာ သူ့မျက်လုံးများမှာလည်းရေခဲတမျှအေးစက်လို့နေသည်။ သူ တကယ် ဒေါသထွက်နေခဲ့သည်။


လူအုပ်ကြီး ပိုပိုစုဝေးလာသည်ကို မြင်သောအခါ၊ အချို့သူများသည် ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ရန် ဖုန်းများကိုပင် ထုတ်လာကြသည်ကိုတွေ့ရသည်။


ဖူဟန်သည် ချင်ချင်အား ထိခိုက်နစ်နာစေမည်ကို စိုးရိမ်သောကြောင့် သူ ကိုင်ထားသည့် အခြားလက်ထဲမှ ဈေးဝယ်အိတ်ကိုလွှင့်ပစ်လိုက်ပြီး အပေါ်ဝတ်အင်္ကျီကိုချွတ်ကာ ချင်ချင်ကို လုံးဝအလုံထုပ်ပိုးလိုက်ပြီးနောက် လျင်မြန်စွာ ခေါ်ဆောင်သွားသည်။


ချင်ချင်သည် ဖူဟန်၏ပါးလွှာသောရှပ်အင်္ကျီကိုတင်းတင်း ဆုပ်ကိုင်ထားပြီး သူလေးမျက်နှာသည် ဖြူဖျော့ကာ မျက် လုံးများထဲ ကြောက်ရွံ့မှုများပြည့်နှက်နေသည်။


အဝတ်အစားကြားမှ အပေါက်ငယ်လေးမှတဆင့် အပြင်ဘက်ရှိ အရွယ်ရောက်ပြီးသူများ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများကိုမြင်လိုက်ရပြီး သူမသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။


ချင်ချင် တစ်ခုခု မှားသွားခဲ့တာလား ?


ချင်ချင်၏ အတွင်းစိတ်လှုပ်ရှားမှုကို ခံစားမိသကဲ့သို့ ဖူဟန်သည် သူ့လက်ကြီးကို အပေါ်သို့ရွှေ့လိုက်ပြီး သူမ၏ ဦးခေါင်းငယ်လေးကို ဖိထားကာ ချင်ချင်ကို သူ့ ရင်ခေါင်းထဲတွင်မြှုပ်နှံထားစေခဲ့သည်။ သူ့နက်ရှိုင်းပြီး ပဲ့တင်ထပ်သောအသံသည် ထူးခြားစွာခိုင်မာပြီး စွမ်းအားရှိသည်– "မင်း ဘာမှမမှားခဲ့ဘူး"


---


အဘယ်ကြောင့် အခြေအနေများ ရုတ်တရက် ဤသို့ ပြောင်းလဲသွားရသနည်း။


အမှန်တကယ်တော့ ချင်ချင်သာ နားမလည်သည် မဟုတ်ဘဲ၊ ဤကိစ္စတွင် ပါဝင်ပတ်သက်သူတိုင်း နားမလည်ကြပေ။


သူတို့သည် ရုတ်တရက် ထုတ်ဖော်ရာ နေရာတစ်ခု ရရှိသွားပြီးနောက် သူတို့၏ဘဝများတွင် စုဆောင်းထားသော အနုတ်လက္ခဏာဆောင်သော စိတ်ခံစားမှုအားလုံးကို ထို ထုတ်ဖော်ရာ နေရာဆီသို့ထုတ်လွှတ်လိုက်ကြခြင်းသာ။


သူတို့ တိုက်ခိုက်နေသည့်လူသည် အမှန်တကယ်အပြစ်ရှိ၊ မရှိကို ဂရုမစိုက်ကြပေ။ သူသည် ကံမကောင်းသော သား ကောင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။


ဒီတော့ မင်းကို ဘယ်သူက သူများတွေကိုထိခိုက်အောင်လုပ်ဖို့ အခွင့်အရေးပေးခိုင်းခဲ့လို့လဲ ??


---


"သူ အပြစ်ရှိသလို ခံစားရလို့ထွက်ပြေးဖို့ ကြိုးစားနေတာလား"


ကလေးနှင့်အတူ လူအုပ်ကြီးကို ဖြတ်ကျော်ရန် ပြင်ဆင်နေသော ဖူဟန်ကို မြင်သောအခါ၊ တစ်နည်းနည်းဖြင့် ဦးထုပ် ဆောင်းကာ လူအုပ်ထဲပုန်းအောင်းနေသော ပါပါရာဇီသည် ချက်ချင်းအော်ဟစ်လိုက်သည်။


ဖူဟန်ကို သူ အစကတည်းကကြောက်ရွံ့ခဲ့ခြင်းသည် ယခုအခါ စင်ကြယ်သောမကောင်းမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


"ဟေ့၊ သူ့ကို တောင်းပန်လိုက်!"


ချက်ချင်းပင် ဖြောင့်မတ်သည်ဟု ဆိုသူတစ်ဦးသည် ပါပါရာဇီကို ခုခံကာကွယ်ရန် ရှေ့သို့တိုးလာသည်။ သို့သော် ကိစ္စဖြစ်ပွားသူသည် လွန်ခဲ့သော အချိန်များစွာကတည်းက ပျောက်ကွယ်သွားခဲ့သည်။


ဖူဟန် ရပ်တန့်သွားပြီး သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်ရာ သူ့အေးစက်သော အကြည့်သည် လူအုပ်ထဲမှ ပါပါရာဇီကို တိကျစွာပစ်မှတ်ထားလိုက်သည်။


"ဒီဈေးဝယ်စင်တာမှာ CCTV ကင်မရာတွေ ရှိတယ်"


ဤရိုးရှင်းသော စကားလုံးငါးလုံးသည် ဆူညံနေသောလူအုပ်ကြီးပေါ်သို့ ရေအေးလောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။


သူတို့ တုံ့ဆိုင်းသွားကြပြီး ပိုမိုဆင်ခြင်တုံတရားရှိသူအချို့သည် ဘာဖြစ်နေသည်ကို နားလည်သွားကာ ဈေးဝယ်စင်တာတစ်လျှောက် ပျံ့နှံ့နေသော CCTV ကင်မရာများကို ချက်ချင်း လှမ်းကြည့်လိုက်ကြပြီးနောက် သူတို့၏မျက်နှာ များကို ဖုံးအုပ်ကာ အလျင်အမြန်ထွက်ခွာသွားကြသည်။


---


ဤသည်မြင်သောအခါ အခြားသူများလည်း အဓိပ္ပာယ်မရှိတော့ဟု ခံစားရပြီး နှစ်ယောက်သုံးယောက်တွဲကာထွက်ခွာသွားကြသည်။


လူအုပ်ကြီးသည် လျင်မြန်စွာကွဲလွင့်သွားပြီး ချွေးများတစိုစိုနှင့် နောင်တရနေသော ပါပါရာဇီသာကျန်ရှိတော့သည်။


"ငါ ရူးသွားတာလား? ဘယ်လိုလုပ်ပြီး ဒီလောက် အလျင် စလိုလုပ်ပြီး ဥက္ကဋ္ဌဖူကို အပြည့်အဝစော်ကားမိသွားတာလဲ"


-


နောက်တစ်နေ့မရောက်ခင် ထိုညနေခင်းတွင်ပင် "[ဖူအုပ်စု၏ ဥက္ကဋ္ဌဖူ ဈေးဝယ်စင်တာတွင် မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်းဖော်ထုတ်ခြင်း]"ခေါင်းစဉ်တပ်ထားသော သတင်းတစ်ခု Weibo တခွင် ရေပန်းစားသွားသည်။


ညဘက် Weibo ကို ကြည့်ရှုနေသူ အများအပြားသည် စူးစမ်းလိုစိတ်ဖြင့် နှိပ်ကြည့်လိုက်ကြသည်။ သူတို့ ဦးစွာ မြင်တွေ့လိုက်ရသည်မှာ ဖူအုပ်စုမှ တရားဝင် ရှေ့နေအကြောင်းကြားစာနှင့် ဈေးဝယ်စင်တာမှ CCTV ဗီဒီယိုတို့ ဖြစ်သည်။


ဗီဒီယိုသည် အတော်လေးရှည်လျားပြီး ဖူဟန်သည် သူ၏ ကလေးနှင့်အတူ ဈေးဝယ်ကာ အိမ်ပြန်ရန်ပြင်ဆင်နေစဉ် ဝူလီနှင့် တွေ့ဆုံခြင်းမှစ၍ နောက်ပိုင်းတွင် သူတို့ကိုလျှို့ ဝှက်ရိုက်ကူးနေကြောင်း သိရှိပြီးနောက် လူစုလူဝေးဖြစ်ပေါ်လာသည်အထိ အားလုံးကိုရှင်းရှင်းလင်းလင်းမှတ် တမ်းတင်ထားသည်။


အသံပင်လျှင် အတော်လေး ကြည်လင်နေသည်။


တစ်ခုလုံးကို ကြည့်ရှုသူတိုင်း ဘာဖြစ်ပျက်ခဲ့သည်ကို နားလည်သွားကြလိမ့်မည်။


ထို့အပြင်၊ ကင်မရာထောင့်သည် လျှို့ဝှက်ရိုက်ကူးနေသူ၏ လုပ်ရပ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။


ဆန့်ကျင်ဘက်အားဖြင့်၊ ဗီဒီယိုထဲမှ အဓိကဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်သည့် ချင်ချင်သည် သူမ ပေါ်လာသည့်အခါတိုင်း ခြေထောက်များဖြင့် အမြဲကွယ်ဝှက်ခံ ထားရသည်။


သူမ ပေါ်လာသည့် အကြိမ်အနည်းငယ်တွင်လည်း ခေါင်းမှ ခြေဖျားအထိ အမြဲဝါးနေအောင်ဖျက်ထားပြီး အလွန်ကောင်းစွာကာကွယ်ထားသည်မှာ ထင်ရှားသည်။


---


ဤ ရှားရှားပါးပါး ဖြစ်ပွားတတ်သော ထူးဆန်းသည့်ဖြစ် ရပ်သည် ချက်ချင်းဆိုသလို အင်တာနက်အသုံးပြုသူများ ၏ စိတ်အားထက်သန်မှုကို မီးထိုးပေးလိုက်ပြီး သူတို့သည် စိတ်အားထက်သန်သော မှတ်ချက်များကို ချန်ထားခဲ့ကြသည်။


[Strawberry's Meow: ဥက္ကဋ္ဌဖူက သနားစရာကောင်းလိုက်တာ! သူ ကလေးနဲ့ ဈေးဝယ်ထွက်တာတောင် ခေတ် သစ် နန်းတွင်းအရှုပ်တော်ပုံထဲ ပါသွားရတယ်လို့]


[Bald Girl: သနားစရာကလေးလေး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကြောက်စရာကောင်းတဲ့ ကိစ္စမျိုးကြုံရတယ်လို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကျန်ခဲ့မှာ မဟုတ်ဘူးလား]


[I Want to Get Rich: ကီးဘုတ်မရှိဘဲနဲ့တောင် ထရိုးလ်က ထရိုးလ်ပဲဆိုတာ ဒါက သက်သေပြနေတယ်]


[Socialite Peiqi: ဥက္ကဋ္ဌဖူရဲ့အာဏာပြတဲ့ ရပ်တည်ချက်၊ သူ 'ကောလဟလထွက်ခဲ့တဲ့ ရည်းစားဟောင်းတွေ' နဲ့ ပါပါရာဇီတွေကို အတင်းအဓမ္မငွေညှစ်မှုနဲ့ တရားစွဲတာက အဓိကအကြောင်းအရာ မဟုတ်ဘူးလား]


[Bystander A: ဟမ်... ငါ မြင်လိုက်တယ်၊ ဗီဒီယိုထဲက လှတဲ့အမျိုးသမီးကိုလည်း တရားစွဲထားတယ်၊ ပါပါရာဇီနဲ့ ပူးပေါင်းပြီး ဥက္ကဋ္ဌဖူကို အသရေဖျက်ဖို့ကြိုးစားမှု၊ အတင်းအဓမ္မ ငွေညှစ်မှုသံသယရှိတယ်၊ ရယ်စရာပဲ]


...


ဤ တရားဝင် Weibo ပို့စ်နောက်တွင် ဒေသဆိုင်ရာ ရဲတပ် ဖွဲ့၏အမှုဖွင့် အကြောင်းကြားစာပါရှိသည်။


ဖူဟန်သည် သူ့ သဘောတူညီချက်မပါဘဲ ရည်ရွယ်ချက်ရှိရှိ ရိုက်ယူထားသော ဓာတ်ပုံများအားလုံးကို သိမ်းဆည်းထားခဲ့မည်ဟု မည်သူမျှမမျှော်လင့်ခဲ့ကြပေ။


သူသည် ဤဓာတ်ပုံများကို 'အတင်းအဓမ္မ ဝယ်ယူ' ရသည့် စျေးနှုန်းများ၊ အမျိုးမျိုးသော ဘဏ်ငွေလွှဲ မှတ်တမ်းများ၊ စကားပြောမှတ်တမ်းများနှင့် အခြားသက်သေ အထောက် အထားများအားလုံးကို စေ့စေ့စပ်စပ်မှတ်တမ်းမှတ်ရာများ ပြုလုပ်ထားခဲ့သည်။


---


ဤသက်သေ အထောက်အထားများအားလုံးကို ရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့သည်။ ပါဝင်ပတ်သက်သော စုစုပေါင်းပမာဏသည် ကြီးမားပြီး အချိန်ကာလသည် ရှည်ကြာသောကြောင့် ၎င်းကို ရိုးရှင်းသော ငွေညှစ်မှုအဖြစ် အကျဉ်းချုပ်၍မရပေ။


ထို့ကြောင့် ရဲတပ်ဖွဲ့သည် ၎င်းကို အလွန်အလေးအနက်ထားပြီး အမှုကို သေချာစွာ စုံစမ်းစစ်ဆေးရန် ပြင်ဆင်ခဲ့သည်။


ဤ တရားဝင် Weibo ပို့စ်အောက်တွင် အင်တာနက်အသုံး ပြုသူများသည် မှတ်ချက်နှစ်မျိုးသာ ချန်ထားခဲ့ကြသည်–


[...] နှင့် ["မင်းက အခုထိလည်း အခမ်းနားဆုံး ဥက္ကဋ္ဌဖူပါပဲ"]


ဖူဟန့်လုပ်ရပ်များသည် အမှန်တကယ်ပင် မျှော်လင့်မထားသော အရာများဖြစ်သည်။


အရှုပ်တော်ပုံ ဓာတ်ပုံများတွင် ပါဝင်ခဲ့သော အမျိုးသမီးအချို့သည် ဖူဟန်အားမြူဆွယ်လိုရုံသာ ဖြစ်နိုင်သော် လည်း၊ အချို့သူများသည် ဓာတ်ပုံအချို့ကို ဖန်တီးရန် စီစဉ်ခဲ့သည်။ ၎င်းတို့၏စစ်မှန်သော ရည်ရွယ်ချက်မှာ တရားဝင်ဇနီး ကူးချင်ချင်နှင့် ရင်းနှီးရန်ဖြစ်သည်။


သို့သော် လုပ်ငန်းစဉ် မည်သို့ပင်ရှိစေကာမူ ဤဖြစ်ရပ်အပြီးတွင် ဤထိပ်တန်းအိမ်ထောင်သည် အမျိုးသားဖြစ်သည့် ဖူဟန်အား မည်သူမှမတောင့်တရဲကြတော့ပေ။


သူတို့အားလုံး အလွန်အမင်းကြောက်ရွံ့နေကြသည်၊ ဘယ်နည်းနဲ့မှ သူ့ကိုမယှဉ်နိုင်ကြတော့ပေ။


---


အပြင်ဘက်မှ ဂယက်ထနေမှုနှင့် မတူဘဲ၊ ဖူမိသားစု အိမ်တွင် အခြေအနေများသည် နှိုင်းယှဉ်ချက်အရတည်ငြိမ်နေသည်။


ချင်ချင်သည် အခြားသူများ ထင်မှတ်ထားသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မခံစားခဲ့ရပေ။


သူမသည် စိုစွတ်နေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များသည်စေးကပ်ကာ မျက်နှာပေါ်တွင် ကပ်နေလေသည်။ ယမ်းမှုန့်များဖြင့် ဖြည့်ထားသော သေနတ်တစ်လက်ကိုကိုင်ထားကာ အိမ်တစ်အိမ်လုံးသို့ ရေများပက်ဖြန်းရင်း ရယ်မောသံများနှင့် အော်ဟစ်သံများထွက်ပေါ်နေသည်။


"ဟက် ဟက်~..." ချင်ချင် ဆိုးသွမ်းစွာ ရယ်မောလိုက်ပြီး၊


သေနတ်ကို ကြောက်လန့်နေသော ဖူစစ်ချန်ဆီသို့ ဦးတည်ထားသည်။


"မင်း... မင်း အဝေးမှာနေ! မင်း ပိုနီးလာရင်... မင်း ပိုနီးလာရင် ငါ အကူအညီခေါ်လိုက်မှာနော်!"


သူသည် အနိုင်ကျင့်သူတစ်ဦးထံမှစော်ကားခြင်းကို ခံနေရသည့် သူတော်ကောင်းတစ်ဦးနှင့် တူနေသည်။


"ဘယ်သူမှ အိမ်မှာ မရှိဘူး" ဟု ချင်ချင် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။


ဖူစစ်ချန်သည် ယခုအခါ "ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ် သိမ်း" ဆိုသည့်စကားကို ပြည့်စုံစွာပုံဖော်နေရပြီဖြစ်သည်။


သူသည် အွန်လိုင်းမှ သတင်းကိုသာမြင်လိုက်ရပြီး ချင်ချင် စိတ်ထိခိုက်ကာ စိတ်ဆိုးနေမည်ကို စိုးရိမ်သောကြောင့် သူ လေးပျော်ရွှင်စေရန် ကစားစရာများစွာကို အရောက်ပို့ပေးရန် ရည်ရွယ်ချက်ရှိရှိမှာကြားခဲ့သည်။


ချင်ချင်သည် ကစားစရာပုံထဲမှ ရေဖြန်းသေနတ်များကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရေသေနတ်တိုက်ပွဲ ဆင်နွဲချင်ပြီး ဖူစစ်ချန်အား သူမနှင့်အတူ ဆော့ကစားရန် အတင်းအကျပ်တောင်းဆိုခဲ့သည်ကို မည်သူသိနိုင်မည်နည်း။


---


နောက်ဆက်တွဲ ကိစ္စများကိုကိုင်တွယ်ရန် ဖူဟန်သည် ထွက်ခွာသွားခဲ့ပြီး ဖူစစ်ကျင်းသည် အချိန်ပိုအလုပ်လုပ်ရသောကြောင့် ဖူစစ်ချန်တစ်ဦးတည်းသာအိမ်တွင် ကလေးအားကြည့်ရှုရန် ကျန်ရစ်ခဲ့သည်။


သို့သော် ဖူစစ်ချန် ကိုယ်တိုင်ကကို ကလေးကြီးတစ်ယောက်ဖြစ်လေရာ၊ သူ့အား မည်သို့အားကိုးနိုင်မည်နည်း။ ထုံးစံအတိုင်း စည်းကမ်းမရှိသောကလေးနှစ်ယောက်ရေဆော့ကစားခြင်း၏ အကျိုးဆက်များကို ဖူမိသားစုအိမ်ရှိမြင်ကွင်းမှထင်ရှားစေသည်—၎င်းသည် ဆူနာမီဖြတ်သွားခဲ့သကဲ့သို့ဖြစ်နေရသည်။


"မားမား မင်းကိုရိုက်လိမ့်မယ်" ဆိုသည့် အခြေအနေမျိုးပင်။


ထိုမျှသာမက၊ ရေဖြန်းသေနတ်တိုက်ပွဲတွင်ရှုံးနိမ့်၍ ပင်ပန်း နွမ်းနယ်နေသော ဖူစစ်ချန်သည်ဆက်မဆော့ချင်တော့ပေ။


သို့သော် ချင်ချင်သည် ပျော်စရာတွေ့သွားပြီး စွမ်းအင်ပြည့်ဝနေသောကြောင့် ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ သူမ၏ ကစားစရာအသစ်ဖြင့် ဆက်လက်ဆော့ကစားနေသဖြင့် ရှုပ်ပွနေပြီးသား အိမ်ကို ပိုမိုပရမ်းပတာဖြစ်စေကာ ဖူစစ်ချန်ကို တုန်လှုပ်သွားစေသည်။


ထိုအခါမှသာ သူ့ကျောရိုးတစ်လျှောက် ချမ်းတုန်မှုတစ်ခု ဖြတ်ပြေးသွားသည်ကို သူ သတိပြုမိသည်။ သူ ပြဿနာထဲရောက်နေပြီကို နောက်ဆုံးနားလည်သွားရသည်။


---


ထိုအချိန်တွင် ဖူမိသားစု၏ရှေ့တံခါးကို အပြင်မှ ဖွင့်လိုက်ပြီး ပြောင်မြောက်သောဝတ်စုံဝတ်ထားသည့် အရပ်ရှည်သွယ်လျသော ပုံပန်းသွင်ပြင်တစ်ခုပေါ်လာသည်။


ထို့နောက် သူသည် ရေများဖြင့် ပက်ဖျန်းခြင်းကိုခံလိုက်ရသည်။


"ချင်ချင်!" ဖူစစ်ချန်က ထိတ်လန့်တကြားအော်လိုက်သည်။


ချင်ချင်သည် ကြောက်လန့်တကြား တုန်ယင်သွားပြီး သူမ ကိုင်ထားသည့် ရေဘူးကိုပင် ကောက်ယူရန်မရဲဘဲ လွှတ်ချလိုက်သည်။ သူ့မျက်လုံးများသည် တံခါးဝရှိ ဧည့်သည်ကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေပြီး သူမ ပြဿနာရှာလိုက်ပြီကိုသိနေသည်။


"ဦးလေး၊ တောင်းပန်ပါတယ်၊ ကျွန်တော့ မား... ချင်ချင်က မရည်ရွယ်ပါဘူး၊ ကျေးဇူးပြုပြီးသုတ်လိုက်ပါ" 


ဖူစစ်ချန်သည် ကူးလန်မျက်နှာကိုသုတ်ရန် သန့်ရှင်းသော အဝတ်အယး စိတ်လှုပ်ရှားစွာရှာဖွေသော်လည်း ရှာမတွေ့ခဲ့ပေ။


သူ့ ဦးလေး ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ ??


သူ မားကို အရင်ကယ်တင်သင့်လား ?? ကလေးကို အရင် ကယ်တင်သင့်လား ?


"..."


သူ့မျက်နှာမှ ရေစက်များကိုသုတ်ရင်း ကူးလန် အသက် ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့နဖူးပေါ်မှ ခုန်နေသောသွေး ကြောများကို ဖိနှိပ်လိုက်ကာ အတင်းအကျပ်ပြုံးလိုက်ရသည်– "ဒါ မင်းတို့ ဖူမိသားစုရဲ့ကြိုဆိုပွဲအခမ်းအနားလား" သူ့ လေသံသည် ရွဲ့စောင်းမှုများဖြင့်ပြည့်နှက်နေသည်။


"ချင်... ချင်ချင် တောင်းပန်ပါတယ်"


အပြစ်ရှိသလိုခံစားရသော ချင်ချင်သည် ကူးလန်ဆီသို့ သတိထားကာ ရွေ့လျားသွားပြီး ခေါင်းငုံ့လျက်နာခံစွာ တောင်းပန်လိုက်သည်။


သူလေး ဆံပင်များပေါ်မှ ရေစက်များသည် ဆွဲငင်အားကို မခုခံနိုင်ဘဲ ဘေးသို့စီးကျလာကာ မြေပြင်ပေါ်သို့စီးကျလာသဖြင့် ချင်ချင် အပေါ်စီးမှငိုနေသည်ကဲ့သို့ ဖြစ်နေသည်။


ကူးလန်သည် တောင့်တင်းသွားပြီးနောက် ကသိကအောက် ဖြစ်စွာခေါင်းလှည့်သွားသည်။ 


"ငါ မင်းကို အပြစ်မတင်ပါဘူး၊ ဘာလို့ ငိုနေရတာလဲ"


သူမလေးကို ထပ်ကြည့်လိုက်ပြီး စိတ်ထဲကနေစိတ်တိုသွားရသည်။ 


"ဟမ်၊ ဘာလို့ 'မျက်ရည်တွေ' ဆက်ကျနေရတာလဲ"


သူသည် ဖူစစ်ချန် ခက်ရာခဲဆစ်ရှာဖွေတွေ့ရှိထားသော သန့်ရှင်းသောသဘက်အား ကြမ်းတမ်းစွာဆွဲယူလိုက်ပြီး ချင်ချင့်ခေါင်းပေါ်တင်ကာ သူမလေး၏ ခေါင်းကိုအားစိုက်ကာသုတ်ပေးလိုက်တော့သည်။