Ch 4
Viewers 2k

🥝 Chapter 4



သစ်သားအိမ် ပြတင်းပေါက်အပြင်ဘက်မှ ရေစက်ကျသံများထွက်ပေါ်လာသည်။ ပြတင်းပေါက်ပေါင်ပေါ်သို့ မိုးစက်ကြီးများ တစ်ဖွဲဖွဲကျနေသကဲ့သို့ပင်။


အိမ်ထဲတွင်လည်း အသက်ရှူရန်ခက်ခဲလောက်အောင် ပုပ်စပ်ညှိဟောင်သော အနံ့အသက်များက ချက်ချင်း ဆိုသလို ပိုမိုပြင်းထန်လာသည်။ ၎င်းမှာ မိုးရေမဟုတ်သလို၊ နံနက်ခင်းနှင်းရည်လည်း မဟုတ်ပေ။ သစ်သား အိမ်ခေါင်မိုးပေါ်တွင် နားနေရင်း လူနံ့ကို ခံနေကြသော လူသားစားငှက်ကြီးများ၏ခံတွင်းမှ စီးကျလာသည့် ငန်ကျိကျိနှင့် အနံ့ဆိုးလှသော တံတွေးများသာဖြစ်ပေလိမ့်မည်။


လေထဲတွင် ကလေးတစ်ယောက် ငိုယိုနေသည့်အသံ ခပ်သဲ့သဲ့ကိုကြားနေရသည်။ စုကျိုကမူ မည်သည့်ခံစား ချက်မှမရှိသကဲ့သို့ တည်ငြိမ်နေဆဲပင်။ အမှောင်ထုဖုံးလွှမ်းနေပြီး ဘာမှမမြင်ရသည့် အခြေအနေတွင် သူမ၏ အကြားအာရုံနှင့် အနံ့ခံအာရုံတို့က ပိုမိုထက်မြက်လာပြီး အတွေးနယ်ချဲ့မှုများကလည်း ပိုမိုအားကောင်းလာ သည်။


[ညဦးယံသို့ ရောက်ရှိလာပြီဖြစ်သည်၊ မိစ္ဆာသားရဲများကို မောင်းထုတ်ရန်နှင့် စိတ်အေးချမ်းစွာ ကျင့်ကြံနိုင်ရန် အတွက် ပထမထပ်ရှိမိမိတို့အခန်းများတွင် မီးထွန်းညှိသည့် 'မန္တန်ဆီမီးခွက်'များကိုအချိန်မီ ထွန်းညှိကြပါ ရန်။]


သစ်သားအိမ်နံရံပေါ်တွင် စာသားညွှန်ကြားချက်များ တစ်ဖန်ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် စားပွဲ ပေါ်ရှိ 'မီးထွန်းညှိခြင်းမန္တန်' ကပ်ထားသော ကြေးနွားရုပ်မီးအိမ်သည် ရုတ်တရက်လင်းထိန်သွားပြီး အခန်းတစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့လင်းသွားကာ နွေဦးလေညင်းကဲ့သို့ နွေးထွေးသည့် အထိအတွေ့ကို ပေးစွမ်းလေသည်။ သို့သော် ထိုအလင်းရောင်မှာခဏတာသာဖြစ်ပြီး မီးခြစ်ဆံတစ်ချောင်း လောင်ကျွမ်းသွားသကဲ့သို့ ချက်ချင်းဆိုသလိုပြန်ငြိမ်းသွားခဲ့သည်။


[သုံးကြိမ်မျှ အသက်ရှူစာ အခမဲ့စမ်းသပ်မှုပြီးဆုံးပါပြီ။]


[မိုးလင်းသည်အထိ ဆက်လက်အသုံးပြုလိုပါက ဝိညာဉ်ကျောက်တုံး (Spirit stones) ဆယ်တုံး ရင်းနှီးမြှုပ် နှံပါ။]


စုကျို: "..."


အခန်းထဲသို့ အမှောင်ထုပြန်လည်ရောက်ရှိလာပြီး ပြတင်းပေါက်တွင် သားရဲမျက်လုံး နောက်ထပ်တစ်စုံ ပေါ်လာပြန်သည်။ ထောင့်တစ်နေရာတွင်တော့ မောင်နှမနှစ်ယောက်မှာ လရောင်အောက်တွင် တစ်ဦးကို တစ်ဦးဖက်ထားကြသည်။ ညီမငယ်လေးမှာ တုန်ရင်နေပုံရသော်လည်း မကြာမီမှာပင် စာအုပ်စာမျက်နှာများ လှန်လိုက်သည့် 'ရှပ်ရှပ်' မြည်သံထွက်ပေါ်လာသည်။


"ကျဲ... ကော... မကြောက်နဲ့နော်၊ ကျီကျီလည်း မကြောက်ဘူး၊ ကျီကျီ စာဖတ်ပြမယ်... 'မြောင်းတူးနည်း ၁၈ မျိုး' ထဲက ဒုတိယမြောက်နည်းလမ်းဖြစ်တဲ့ ကျောက်တုံးခွဲနည်း... 'ဒန်ထျန်' ထဲက ဝိညာဉ်စွမ်းအင်တွေကို ညာဘက်လက်မောင်းထဲပို့လွှတ်ပြီး သံပေါက်တူးထိပ်ဆီကိုပို့လိုက်... မကြောက်ကြနဲ့နော်..."


"ရပါတယ်၊ ကော ပိုးစုန်းကြူးတွေ ဖမ်းထားတယ်လေ” စုရှင်းချန် ညီမငယ်လေးကို ကာကွယ်ထားပြီး သူ့ပတ် ဝန်းကျင်၌ အလင်းစက်လေးများလွင့်ပျံကစားနေကြသည်။ သို့သော် ထိုမှိန်ဖျဖျအလင်းရောင်မှာ စာအုပ်ပေါ်မှ စာနှစ်ကြောင်းသုံးကြောင်းကိုသာ ဖတ်နိုင်ရုံမျှသာရှိပြီး အပြင်ဘက်ရှိ သားရဲများကိုမောင်းထုတ်ရန်တော့ မလုံလောက်ပေ။


စုကျိုသည် ညီမငယ်လေး၏တုန်ရင်နေသော အသံကို နားထောင်ရင်း၊ ပြတင်းပေါက်ပေါင်ပေါ်က ကြေးခေါင်း လောင်းပုံစံ တောက်ပနေသည့် သားရဲမျက်လုံးကြီးငါးစုံကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။ ကမ္ဘာ ပျက်ကပ်ထဲမှာပင် သူ ဒီလောက်အခြေအနေထိမဆိုးခဲ့ဖူးပေ။ ယခုမူ သားရဲများအားမောင်းထုတ်မည့် မီးအိမ် လေးပင် မထွန်းနိုင်သည့်အခြေအနေဖြစ်နေရသည်။


စုကျိုသည် သူ့ ဝှီးချဲပေါ်တွင် ထိုင်နေရင်း သူ့ သွေးစွမ်းအင်လေး တစ်ခါတက်လျှင် ဝ.၁ အမှတ်စီ တဖြည်း ဖြည်း တက်လာသည်ကိုကြည့်နေသည်။ နောက်ထပ် မိတ္တူကူးရန်အတွက် ၇၉ မှတ်တောင်လိုနေသေးသည်။ သူ ဝှီးချဲပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ ဤကမ္ဘာသစ်ထဲသို့ အမြန်ဝင်ဆံ့နိုင်ရန်အတွက် ညီမငယ်လေး ရွတ်ဆို နေသည့် မန္တန်များနှင့် နည်းစနစ်များကို အာရုံစိုက်နားထောင်နေမိသည်။


သို့သော် ထိုစဉ်မှာပင် အပြင်ဘက်စင်္ကြံလမ်းဆီမှ တိုးညှင်းပြီး ခိုးကြောင်ခိုးဝှက်ဆန်သော လှည့်လည်ရောင်းချ သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။


"အရည်အချင်း အစစ်ဆေးမခံချင်ရင် အပေါ်ကိုသာဆက်တက်လှမ်းကြပါ၊ ညဘက်မှာ ကျင့်ကြံဖို့ အလုပ်များ နေကြဦးမှာလေ၊ ခင်ဗျားက လှဲနေမယ်၊ သူကတော့ ကြိုးစားနေမယ်၊ နောက်လကျမှ ခင်ဗျားပဲ ငိုရလိမ့်မယ်၊ လေ့ကျင့်ဖော်လိုချင်သလားဗျို့~"


စုကျို: "..."


"ကျွန်တော့်ကို လေ့ကျင့်ဖော်အဖြစ် ငှားလိုက်စမ်းပါ၊ မိစ္ဆာသားရဲတွေကို မောင်းထုတ်ဖို့ 'မီးထွန်းညှိခြင်းမန္တန်' တွေကို တစ်ညလုံးအခမဲ့ထွန်းပေးပြီး ကျင့်ကြံရာမှာကူညီပေးမယ်၊ ဘယ်လိုလဲ၊ လိုချင်လား?"


စုကျို နှုတ်ခမ်းများတွန့်သွားချိန်တွင် အနည်းငယ်ပေါ်လွင်ဖော်ကြွားလှသော ထိုအသံသည် အနားသို့ ရောက် ရှိလာသည်။ မကြာမီပင် ဘေးခန်းမှ လူတစ်ယောက်ကမေးလိုက်သည်။ 


"ဈေးပေါတဲ့ မီးထွန်းညှိခြင်းမန္တန်တွေ ရှိလား?"


"မရှိဘူးဗျို့~" အသံသည် အဆုံးတွင် အနည်းငယ် ခပ်နောက်နောက် အသံမျိုးဖြင့် မြင့်တက်သွားပြီး "လေ့ကျင့်ဖော် လေ့ကျင့်ဖက်... ည အရမ်းရှည်တယ်လေ၊ တာအိုလက်တွဲသာဖော်ရှိရင် အထီးမကျန်ရတော့ ဘူးပေါ့”


"မလိုဘူး၊ မလိုဘူး!"


"တစ်ညကို ဝိညာဉ်ကျောက်တုံးတစ်ရာပဲ၊ အကယ်၍ ခင်ဗျားရဲ့ကျင့်ကြံမှုအဆင့်က ကျွန်တော့်ထက် သာနေရင် ပိုက်ဆံမယူတဲ့အပြင် မီးထွန်းညှိခြင်းမန္တန် သုံးညစာပါ အလကားပေးဦးမှာ!"


ဈေးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး မကြာမီ ခြေသံများပြန်လည်စတင်လာသည်။ မကြာမီတွင် ပါးလွှာ သောမိုးကုတ်စက်ချောင်းတစ်ခုသည် စုကျိုအခန်းထဲသို့ထိုးဝင်လာပြီး လိုက်ကာကိုအနည်းငယ် မလိုက်သည်။ 


"ခင်ဗျားကော ဘယ်လိုလဲ၊ တစ်ခုခု လိုချင်လား?"


နွေးထွေးသောအလင်းရောင် တစ်ချက်တိုးဝင်လာပြီး အခန်းထဲရှိ အဘိုးအိုတစ်ဦး၏ပုံရိပ်ကို လင်းထိန်သွား စေသည်။ ထိုအဘိုးအိုမှာ နားထဲတွင် 'ဆူညံသံကာကွယ်ရေးမန္တန်' ကို ထိုးထည့်ထားပြီး အိပ်ပျော်နေပြီ ဖြစ်ကြောင်း စုကျို သိလိုက်ရလေသည်။


စုကျီကျီသည် မျက်နှာဖုံးစုတ်ပြတ်နေသော "ပိုးစာပင်စိုက်ပျိုးခြင်းဆိုင်ရာ ကျင့်ကြံမှုအမြင်များ" စာအုပ်ကို စာလုံးများပင် မဖတ်တတ်သော်လည်း ဇွဲမလျှော့ဘဲဆက်လက်လှန်လှောကြည့်နေဆဲပင်။ အပြင်ဘက်ရှိ မန္တန်မီးအိမ်မှ ယိမ်းထိုးနေသော နွေးထွေးသည့်အလင်းရောင်များသည် အခန်းထဲသို့ ခပ်သဲ့သဲ့တိုးဝင်လာ သည်။ စုကျီကျီသည် ထိုအလင်းရောင်ကိုအခွင့်ကောင်းယူကာ စာမျက်နှာအနည်းငယ်ကို အမြန်လှန် ဖတ်လိုက်၏။


စုရှင်းချန်လည်း အပြင်ဘက်မှ အလင်းရောင်ကိုအသုံးပြုကာ အပ်ကိုအမြန်ထုတ်ပြီး ညီမငယ်လေး၏ စုတ်ပြတ်နေသော အင်္ကျီလက်စကိုဖာထေးပေးနေသည်။ ဤသို့ လေ့ကျင့်ဖော်အဖြစ် လိုက်လံအော် ဟစ်ရောင်းချခြင်းမှာ ခဏခဏဖြစ်နေကျ အဖြစ်အပျက်တစ်ခုဖြစ်ပုံရသည်။ သူတို့မောင်နှမများမှာ ထိုခဏတာရရှိသည့် အလင်းရောင်ကိုပင် အသုံးချနေကြခြင်းဖြစ်သည်။


"အဆင့် ၄၉၅၉၊ ၄၃၃၃၊ ၂၃၃၉၊ သုည... ?"


ဈေးသည်မှာ တံခါးဝတွင် အချက်အလက်များကိုစစ်ဆေးနေပုံရပြီး စုကျိုနှင့် အခြားသူများ၏နဖူးပေါ်တွင် ပေါ်နေသော နံပါတ်များကို တစ်ခုချင်းကြေညာလိုက်သည်။ 


"ထုတ်ပယ်ခံရခါနီး ကျင့်ကြံသူနှစ်ယောက်၊ တစ်ယောက်ကတော့ ကံစမ်းကြည့်ရင် ထိပ်တန်းနှစ်ထောင်ထဲ ဝင်နိုင်သေးတယ်၊ နောက်တစ်ယောက်ကတော့ ကျန်းမာရေးကြောင့်အနားယူနေပြီး ထုတ်ပယ်ခံရဖို့ စောင့်နေတဲ့သူပဲ၊ လူကြီးမင်းတို့... ဒီလအတွက် ကံစမ်းကြည့်မလား ?"


သူတို့ထံမှ တုံ့ပြန်မှုမရသော်လည်း ထိုလူမှာထွက်မသွားသည့်အပြင် အဝတ်လိုက်ကာကို သူ့ ပါးလွှာသော မိုးကုတ်စက်ချောင်းဖြင့် အခန်းထဲသို့ နှစ်လက်မခန့်ထပ်မံတိုးဝင်လိုက်သေးသည်။ 


"မယူချင်ဘူးလား? ဒါဆိုရင် တစ်ခုခုလိုရင် ကျွန်တော့်ကို လာရှာလိုက်ပါ၊ စင်္ကြံလမ်းအဆုံး ဘယ်ဘက်က ဆယ်ခန်းမြောက်အခန်းနော်”


ထိုလူမှာ သူ့ ဆိုင်းဘုတ်ကို ပြန်ရုပ်သိမ်းလိုက်သဖြင့် အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။ စုကျိုက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး "ပစ္စည်းတွေ ဝယ်လို့ရလား ?" ဟု မေးလိုက်သည်။ အပြင်ဘက်ရှိ ပုံရိပ်မှာ ချက်ချင်းရပ်တန့်သွား၏။


စုကျီကျီက သူ့ ပါးစပ်ကိုလက်ဖြင့် အမြန်အုပ်လိုက်ပြီး စုရှင်းချန်ကတော့ သွားကြိတ်ကာ စိုးရိမ်တကြီး ဖြစ်နေရှာသည်။


"အို ? ခင်ဗျားက နံပါတ် ၄၉၅၉ လား? မဟုတ်ပါဘူး၊ ခင်ဗျားက နံပါတ် ၄၉၅၉ ညီမလေးရဲ့ သေလုမျောပါး ဖြစ်နေတဲ့ အစ်မကြီးပဲ” တစ်ဖက်လူ၏အသံမှာ ရက်စက်စွာထွက်ပေါ်လာသည်။ 


"ဒါပေမဲ့ ကျွန်တော်က ဝိညာဉ်သွေးလည်း အလဲအလှယ်မလုပ်ဘူး၊ သေခါနီးလူတွေဆီက ပစ္စည်းတွေကို လည်း လက်မခံဘူး၊ ကျစ်... နိမိတ်မကောင်းမှာ ကြောက်လို့ဗျ”


"ဒါဆိုရင် လေ့ကျင့်ဖော်လုပ်တာကော?" စုကျိုသည် တစ်ဖက်လူ၏ ရွဲ့စောင်းပြောဆိုမှုများကိုဂရုမစိုက်ပေ။ 


"လေ့ကျင့်ဖော်ဆိုရင်တော့ ကျွန်တော်က ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့တူညီအောင် ညှိပေးမယ်၊ ကြံ့ခိုင်မှု၊ မန္တန်စွမ်းအား၊ မန္တန်ရွတ်ဆိုနိုင်စွမ်း၊ ပိုးစာပင်စိုက်ပျိုးမှု အရည်အသွေး... ခင်ဗျား ကြိုက်တာကိုရွေးချယ်ယှဉ် ပြိုင်နိုင်တယ်”


တစ်ဖက်လူက လေ့ကျင့်မှုသင်ခန်းစာများကို ရေတွက်ပြနေစဉ် စုကျိုစိတ်ထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ တဖြည်းဖြည်းပြန်လည်နိုးထလာသည်။


"ကျွန်တော့်ကို အနိုင်ယူနိုင်ရင် ခင်ဗျား ပိုက်ဆံပေးစရာမလိုဘူး၊ ကျင့်ကြံရင်းနဲ့ ဝိညာဉ်ကျောက်တုံးတွေ ကိုလည်း ချွေတာနိုင်မယ်၊ ဒီအထပ်မှာ ဒါထက်ပိုပြီး တွက်ခြေကိုက်တာ ဘာမှမရှိတော့ဘူး”


စုကျိုက "အင်း..." ဟု ရေရွတ်ပြီးနောက် "ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးတဲ့နှုန်းကိုကော ယှဉ်လို့ရလား?" ဟု မေးလိုက်သည်။


"ရတာပေါ့၊ တစ်နာရီအတွင်း မန္တန်ဘယ်နှစ်ကြိမ်ရွတ်ဆိုနိုင်သလဲဆိုတာက ဒီအထပ်ရဲ့ ကျင့်ကြံမှု ဘောင်အတွင်းမှာ ရှိပါတယ်”


စုကျိုသည် သစ်သားစားပွဲပေါ်တွင် မောင်နှမနှစ်ယောက်တင်ထားသော အစိမ်းရောင် အင်္ကျီလက်စ အပုံလိုက်ကိုတစ်ချက်ကြည့်လိုက်သည်။ 


"နင်တို့နှစ်ယောက်ကော စိတ်ဝင်စားလား? ဒီအမှိုက်တွေကို တစ်ချက်လောက်စမ်းကြည့်ရအောင်... အင်း... ဒီ 'လူသတ်အင်္ကျီလက်စ' ရဲ့ စွမ်းအားကိုပေါ့”


စုကျိုအသံမှာ အားနည်းနေသော်လည်း သူ့ စကားလုံးများကြောင့် စုကျီကျီ စိတ်လှုပ်ရှားတက်ကြွလာသည်။ စုကျီကျီသည် သူ့လက်ကောက်ဝတ်ပေါ်မှ 'ဝိညာဉ်အဆင့်စစ်ဆေးသည့် လက်ပတ်' ကိုတစ်ချက် ကြည့်လိုက် သောအခါ သူမ ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးသည့်နှုန်းမှာ မယုံနိုင်လောက်အောင်မြန်ဆန်နေခဲ့ သည်။


"ကျွန်မ လုပ်မယ်—" ညီမငယ်လေး စုကျီကျီမှာ စကားနှစ်လုံးသာပြောရသေးခင် သူ့ ပါးစပ်ကို လက်ဖြင့် အမြန်ပြန်ပိတ်လိုက်ရသည်! ကျီကျိမှာ ဝိညာဉ်ကျောက်တုံး ၁၀၀ မှ မရှိတာ!


သူမ စကားမဆုံးခင်မှာပင် သစ်သားအိမ်၏လိုက်ကာသည် အပြင်ဘက်မှ မတင်လိုက်ခြင်းခံလိုက်ရသည်။ 


"အားပေးမှုကို ကျေးဇူးတင်ပါတယ်၊ ဒါဆိုရင် ကျွန်တော် ဝင်လာခဲ့မယ်” 


အလင်းရောင်နှင့်အတူ အနက်ရောင်ပိတ်စဖိနပ်တစ်စုံသည် ကြမ်းပြင်ပေါ်သို့ နင်းလျှောက်လာသည်။ အိမ်ထဲ ရှိအမှောင်ထုမှာ ချက်ချင်းလွင့်စင်သွားပြီး လင်းထိန်သွားလေတော့သည်။


ထို့နောက်... တော်ဝင်အပြာရောင်ဖဲသားဝတ်ရုံကို ဆင်ယင်ထားပြီး ငွေချည်မျှင်များဖြင့် ပုံဖော်ထားသည့် အမျိုးသားတစ်ဦးပေါ်လာသည်။ သူ့ ခါးပတ်တွင် ရွှေရောင်သန်းနေသော ကျောက်စိမ်းပြားရှစ်ခုကို ချိတ်ဆွဲ ထားပြီး တစ်ခုချင်းစီပေါ်တွင် "သင့်မြတ်ခြင်းက စည်းစိမ်ကိုဆောင်သည်"၊ "အပြုံးဖြင့် ကြိုဆိုပါသည်"၊ "ကျွန်ုပ်သည် အကြင်နာဆုံးသူဖြစ်သည်" နှင့် "အရိုက်ခံရလျှင်ပင် စိတ်မဆိုးပါ" ဟူသော စာသားများကို ပန်းထိုးထားလေသည်။


ကြေးပြားစေ့များ အချင်းချင်းထိခိုက်မိသည့် တချင်ချင်မြည်သံနှင့်အတူ ထိုအမျိုးသားသည် စုကျီကျီ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာသည်။ သူ့ လက်နှစ်ဖက်ကိုစုကာ အရိုအသေပေးရင်း ပြုံးလိုက်သည်။


"ညီမလေး... ဒါဆိုရင် လမ်းညွှန်ပြသပေးဖို့ တောင်းဆိုပါတယ်”


ညလေညင်းသည် မီးခိုးရောင်အဝတ်လိုက်ကာအား တိုက်ခတ်သွားပြီး သူ့ ညာဘက်မျက်ခုံးပေါ်တွင် ဝဲကျနေသော ဆံပင်များကိုလွင့်စင်သွားစေသည်။ ထိုအခါ သူ့ မျက်ခုံးထောင့်တွင် ရွှေနီရောင်ဖြင့်ရေးထိုး ထားသော အဆင့်သတ်မှတ်ချက်ဂဏန်းလေး ပေါ်လာတော့သည် — [တစ်ဆယ်]!