Ch 65
Viewers 4k

အပိုင်း 65 -စီနီယာအစ်မ


သို့သော် သတိလစ်နေသော ဝမ်းကွဲသည် သူ့အပြုအမူကို ဂရုမပြုနိုင်သည့်အပြင် လက်မလွှတ်သေးပေ။ လင်ရှုသည် အကြိမ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသော်လည်း မရခဲ့ပေ။ ထို့နောက် သူသည် ဘာကိုမျှဂရုမစိုက်ဟန်ရှိသော ကြောင်နက်ကိုကြည့်ကာ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဝမ်းကွဲကို လက်တစ်ဖက်တည်းဖြင့် ဘေးတွန်းကာ ကုတင်ပေါ်သို့ အဝတ်အစားများဝတ်လျက် စောင်ခြုံကာ ဝင်လဲလိုက်သည်။ သူသည် ဝမ်းကွဲနှင့် ပူးကပ်နေ၍ အနေရ ခက်သော်လည်း ကောင်းကွက် အချို့လည်း ရှိသည်။ ဝမ်းကွဲ၏ ခန္ဓာကိုယ်သည် တစ်ခုခု ဖြစ်ပါက တန်းသိရှိနိုင်မည်ဖြစ်သည်။  


လင်ရှုသည် ကုတင်ဘေးတွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် 'ပျက်သုန်းခြင်း' ကို စတင်ဖတ်သည်။ နတ်ဆိုးဘုရင်ချင်မင်၏ လျှို့ဝှက်ကျမ်းသည် လေ့ကျင့်သူများမှာ စွမ်းအင် ပိတ်ဆို့မှုမရှိ၊ ဝိညာဉ်စွမ်းအားကို အသုံးပြုစရာ မလိုပေ။ 


ဤစာအုပ်တွင် ဘာဝနာတရားရှုမှတ်ခြင်းများ သို့မဟုတ် မှော်အစွမ်းများမသုံးရပေ။ အားလုံးက "ကျွမ်းကျင်မှု" ဖြစ်သည်။  


 သန်မာသောဝိညာဉ်ရေးစွမ်းအား ကျင့်ကြံခြင်းလမ်းမှန် ဖြစ်သည်သော်လည်း၊ နတ်ဆိုးဘုရင်၏စိတ်ကူးမှာ လူတစ်ဦးသည် "ကျွမ်းကျင်မှု"ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပါက အထွတ်အထိပ်သို့ ရောက်နိုင်သည်၊ ၎င်းသည် ထပ်တူထပ်မျှပင် ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားမရှိရင်တောင်မှ လူတွေကို အလွယ်တကူနဲ့ မသိမသာ သတ်ပစ်နိုင်သည်။ လျှို့ဝှက်အပ်ကို နမူနာအဖြစ် ကြည့်။ ရန်သူဆီသို့ အလိုရှိသလို အဆိပ်အပ်ကို ထိုးဖောက်‌စေပြီး meridians တစ်ခုလုံးကို ဖျက်ဆီးမယ်ဆို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့် ဝိညာဉ်စွမ်းအားရှင် ရန်သူတောင် အပ်ကိုရှောင်ပြီး မည်သို့ကာကွယ်နိုင်မည်နည်း။ 


အလွန်ခက်ခဲသော်လည်း မဖြစ်နိုင်တာ‌တော့ မဟုတ်ပါ။ ရန်သူသည် ခန္ဓာကိုယ်ကို ကာကွယ်ရန် ဝိညာဉ်ရေးစွမ်းအားရှိလျှင် မိမိ အားနည်းသောအချက်များကို ရှာဖွေလိမ့်မည်။ အားနည်းချက်မရှိလျှင် ရန်သူကို ဖော်ထုတ်ဖို့ လှုံ့ဆော်လိမ့်မည်။ အကယ်၍ ရန်သူသည် အံ့သြဖွယ်ကောင်းသော လှုပ်ရှားမှုကျင့်စဥ်တစ်ခုရှိလျှင် သင့်ကျင့်စဉ်သည် သူ့ထက် ပိုကောင်းရမည်။


လင်ရှုသည် စာအုပ်၏ အစတဝက်ကို အကြမ်းဖျင်းလှန်ကြည့်ကာ ဤလျှို့ဝှက်စာအုပ်သည် အခြေခံစာအုပ်မဟုတ်ကြောင်း သဘောပေါက်သွားသည်။  


မရီဒျန်ပိတ်ဆို့တတ်သူများအတွက် လေ့ကျင့်ရန် ရည်ရွယ်ထားသော်လည်း၊ ခန္ဓာကျင့်စဉ်သမား၏ တိုက်ခိုက်ရေးအတွေ့အကြုံ၊ ပင်ကိုယ်စွမ်းရည်၊ လှုပ်ရှားမှုကျင့်စဥ်များနှင့် စိတ်တည်ငြိမ်ခြင်းတို့သည် ထိပ်တန်းအဆင့်ဖြစ်ရန် လိုအပ်ပါသည်။  


 အစကတည်းက မရီဒျန်များကို ပိတ်ဆို့ထားသူသည် ဤစာအုပ်ကို ရရှိထားလျှင်တောင်မှ ၎င်းကို မလေ့လာနိုင်ပါ။ တစ်စုံ‌တစ်ယောက်သည် ဝိညာဉ်ရေးစွမ်းအားမပါဘဲ "ကျွမ်းကျင်မှုများ(skills)" ကို လေ့ကျင့်ပါက ၎င်းသည် ယခင်က ကျင့်ကြံမှုအခြေခံကောင်းနှင့် စွမ်းရည်ရှိပြီးသား သို့မဟုတ် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထူးချွန်သူတစ်ဦး ဖြစ်ရမည်။ 


အဲဒါက အဓိပ္ပာယ်ရှိသည်။ နတ်ဆိုးဘုရင်ချင်မင်ဟာ သူ့ရဲ့ မရီဒျန်များ မထိခိုက်ခင်က နတ်ဆိုးလမ်းစဥ်မှာ ဆရာသခင်၊ နတ်ဆိုးဘုရင်အဆင့် ဖြစ်နေပါပြီ။ သူသည် ကျင့်ကြံမှုအခြေခံ မရှိသော်လည်း အလွန်အမြော်အမြင်ရှိပြီး တတ်ကျွမ်းသူဖြစ်သည်။ ဒီအခြေအနေမှာ သူဖန်တီးခဲ့တဲ့ ကျင့်စဉ်တွေဟာ လူတွေက စိတ်မပါ့တပါ လေ့ကျင့်နိုင်တဲ့ အရာမျိုးမဟုတ်တာ သဘာဝကျသည်။  


လင်ရှုသည် သူ့ယခင်ဘဝက ကျင့်ကြံမှုတွင် အောင်မြင်ခဲ့ပြီး အခြားသူများကို တိုက်ခိုက်ရာတွင်လည်း သူ၏တိုက်ပွဲအဆင့်သည် မနိမ့်ကျသည်ကို တွေးမိသွားသည်။ 《ပျက်သုန်းခြင်း' ကို လေ့ကျင့်ရန် စံချိန်မီလောက်သည်။ 


 အခြားသတ်မှတ်ချက်အဆင့်မှာ ငွေကြေးအရင်းအမြစ်များဖြစ်သည်။ ပျက်သုဉ်းအပ်နှင့် မျိုးသုဉ်းဓားကဲ့သို့သော အရာများသည် အလွန်အဖိုးတန်ကြီးပြီး စိတ်ဝိညာဉ်ကိုပါ သက်ရောက်စေ အဆိပ်များသည် ရှားပါးလှသည်။ ထိုအရာများကို ဝယ်ရန် ငွေလိုအပ်ပါသည်။  


လင်ရှု သည် ဤအဆင့်သတ်မှတ်ချက်များကို ဖြတ်ကျော်နိုင်သည်ဟု ထင်မိသည်။ အခုချိန်မှာတော့ သူ့မှာ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ရှိရုံတင်မကဘဲ သူကြွယ်ကြောင်တစ်ကောင်လည်း ရှိသည်။ သူ့နောက်ကို လိုက်လာရတဲ့ အကြောင်းအရင်းကို မသိပေမဲ့ ပေါ့။ ကြောင်နက်က လင်းရှောင် ကယ်ပေးတဲ့အတွက် ကျေးဇူးဆပ်ဖို့ ဆက်နေဖို့ လိုအပ်သည် ဟု တွေးမိလိုက်သည်။ လင်ရှုက ကြောင်ပွတ်ကျွမ်းကျင်တာကြောင့်များ ကြောင်သည် သူတို့နှင့်အတူနေခဲ့တာ ဖြစ်မည်။  


တွေးကြည့်တော့ သူ့မှာ ချမ်းသာတဲ့ ကြောင်တစ်ကောင်မှ မရှိသေးဘူးပဲ။ သူသည် ကြောင်နက်၏မျက်နှာသာရရန် ဝမ်းကွဲ အားကိုးနေခဲ့သည်ပဲ။ 


 လင်ရှု : "......" 


အဖြစ်အပျက်တွေက အမြဲတမ်း တစ်ကျော့ပြန်လေ့ရှိသည်။ ကြောင်နက်က ဝမ်းကွဲဆီ ကံ‌ကြွေး တင်ထားလို့ တကယ်နေနေတယ်ဆိုရင်၊ သူက ပိုက်ဆံသုံးဖို့ပဲ သိတဲ့ အသုံးမကျ ကူကယ်ရာမဲ့ ဟမ်စတားတစ်ယောက်အဖြစ် ရှိနေတုန်းပဲ‌ပေါ့။ သူလည်း ကျင့်သားကျနေပါပြီ။ 

69 02

ကြောင်နက် - "ညောင်" 


လင်ရှု သူ့ကို ကြည့်လိုက်သည်။


သူ(ကြောင်) သည် အတိဒုက္ခကို ဖြတ်ကျော်ပြီးနောက် မသေမျိုး(အမတ)လမ်းစဉ်၏ အဆုံးအမများအတိုင်း မဟာယာနဘုံသို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံဆီ တက်လှမ်းမည့် နေ့ကို စောင့်မျှော်ရန်သာ လိုအပ်သည်။


ဤနယ်ပယ်ရှိသူများသည် အလွန်အစွမ်းထက်သည်။ သူတို့၏ ခွန်အားသည် ကျင့်ကြံသူများနှင့် အစစ်အမှန်အမတများကြားတွင် ရှိနေသည်။ ထို့ကြောင့် ၎င်းတို့ကို "မြေကမ္ဘာအဆင့် အမတ" ဟုခေါ်သည်။ 


ကြောင်သည် ယခုအခါ မြေကမ္ဘာအဆင့် အမတကြောင်တစ်ကောင်လည်း ဖြစ်နေပြီဖြစ်သည်။ ဤကဲ့သို့သောကြောင်သည် လူသားအသွင်သဏ္ဍာန်ကိုပင် မပြောင်း နိုင်သည်မှာ အမှန်ပင် ထူးဆန်းသည်။ 


လင်ရှု၏အကြည့်ကို မြင်တော့ ကြောင်က ပြတ်ပြတ်သားသား အော်လိုက်သည်။


 "ညောင်" 


ထို့နောက် သူ့အပေါ်ကို တက်လာသည်။ 


လင်ရှုသည် စာအုပ်ကို ချလိုက်ပြီး ကြောင်ကို ပွတ်သပ်လိုက်သည်။ ခဏကြာတော့ သူက မေးလိုက်သည်။


“မင်း လူဖြစ်လာနိုင်လား” 


ကြောင်က ဆိုးနွဲ့တဲ့လေသံနဲ့ အော်လိုက်သည်။


"ညောင်" 


လင်ရှု က အ‌မွေးကို ဆက်ပွတ်သည်။


ကြောင်သည် နူးညံ့စွာ အသံပြုသည်။


"ညောင်"


မေ့လိုက်ပါ။ ငါက ကြောင်မဟုတ်ဘူး၊ ကြောင်တွေခံစားရတဲ့ ပျော်ရွှင်မှုကို ငါ ဘယ်လိုသိနိုင်မလဲ။ 


 အကယ်၍ ပွတ်သပ်ခံရတာ ကြိုက်တဲ့ ဒီကြောင်သာဆိုရင် လူအသွင် မပြောင်းဖို့ ရွေးချယ်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိသည်။ လင်ရှု၏ ထိတ်တန်းအဆင့် ပွတ်သပ်ခြင်းစွမ်းရည်ကြောင့် လင်ရှု၏နောက်သို့ လိုက်ခြင်းလည်း ဖြစ်နိုင်သည်။  


ဒီအချိန်မှာ အပြင်မှာ ညီအစ်ကိုမသိတသိအချိန် ဖြစ်နေပြီ။ ကြယ်တွေ တက်လာပြီး နေ ဝင်လေချေပြီ။


လင်ရှု အိပ်ငိုက်နေပြီဖြစ်သော်လည်း ဝမ်းကွဲက မနိုးသေးသည့်အပြင် သူ့လက်ကိုလည်း မလွှတ်သေးပေ။


လင်ရှုသည် မရုန်းတော့ဘဲ စောင်ခြုံထဲသို့ ဝင်ကာ အိပ်ရန် ဆုံးဖြတ်လိုက်သည်။  


ဒါပေမဲ့... တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်မှာ တစ်ခုခု စွတ်တိုးလာတာကို ခံစားမိလိုက်သည်။ ကြောင်က သူတို့နှစ်ယောက်ကြားထဲမှာ အိပ်ဖို့ ကြိုးကြိုးစားစား တိုးဝှေ့ဝင်နေခြင်း ဖြစ်သည်။ လင်ရှု အိပ်ပျော်ရန် အချိန်အတော်ကြာခဲ့သည်။


လူတွေနဲ့ ဓါတ်မတည့်တဲ့သူဟာ တခြားသူနဲ့ လက်တွဲပြီး အိပ်ပျော်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ လင်ရှုသည် နောက်တစ်နေ့မနက် အိပ်ရာနိုးသောအခါ သူ့ဘေးမှာ ဘယ်သူမှ မရှိခဲ့ပေ။ အိပ်ပျော်နေတုန်း ကြောင်တစ်ကောင်ပဲ ရှိသေးသည်။ 


ကုတင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ ဝမ်းကွဲကြည့်နေတာကို တွေ့လိုက်သည်။ ဝမ်းကွဲ၏အမူအရာသည် အမြဲလိုလို နူးညံ့သိမ်မွေ့သော်လည်း အနည်းငယ် စိတ်ရှုပ်ပုံရသည်။  


ဝမ်းကွဲက ပြောလာသည်။


 “မနေ့ညက…” 


 “ငါ ရိုင်းပြမိတာပါ” 


လင်ရှု တဖြည်းဖြည်း စိတ်လည်လာသည်။ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှု ရှိမရှိကို သူ မသိသော်လည်း သူ၏ညာဘက်လက်သည် အနည်းငယ် ပူနေသေးသည်ဟု ခံစားလိုက်ရကာ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ 


သူက ပြောလိုက်သည်။ "အဆင်ပြေပါတယ်"


ဝမ်းကွဲက ထပ်မေးလာသည်။ “မင်း စိတ်ဆိုးနေတာလား” 

69 03

ငါ မဟုတ်ဘူး ငါ အခုထိ လုံးဝ မနိုးသေးဘူး။  


လင်ရှုသည် စောင်ခြုံထဲတွင် မိမိကိုယ်ကို မြှုပ်နှံပြီး ပြောလိုက်သည်။ 


“စိတ်မဆိုးပါဘူး”


သူက မိန်းကလေးမဟုတ်သလို ဝမ်းကွဲသည်လည်း မိန်းကလေး မဟုတ်ဘူး။ တစ်ညလုံး အတူတူအိပ်ပြီး လက်ကိုတောင် ဆုပ်ကိုင်ထားသော်လည်း၊ အခြေခံအားဖြင့် "မလေးစားခြင်း" ဟူ၍ မရှိပေ။ ခဏကြာတော့ အိပ်ရာမှ နိုးလာသည်။ ကုတင်ပေါ်မှ ထထိုင်ကာ မျက်လုံးများကို ပွတ်သပ်သည်။ မျက်လုံးကို ပွတ်သပ်ကြည့်ပြီးနောက် ဝမ်းကွဲက သူ့ကို ကြည့်နေသည် ။  


နံနက်ခင်းအလင်းရောင်ကြောင့် လင်းရှောင်၏ ကောက်ကြောင်းတစ်ခုလုံးသည် အလွန်နူးညံ့သည်။ သူ့မျက်လုံးထဲက အကြည့်တွေက အဓိပ္ပါယ် ဖော်ပြရခက်သည်။ လင်ရှုသည် လိုက်လျောညီထွေဖြစ်စေမည့် ဥပစာတစ်ခု တွေးမိလိုက်သည်။ ကြောင်လေးတစ်ကောင်ကို ကြည့်နေသလိုပင်။  


လင်ရှု: "......" 


သူက မေးလိုက်သည်။ "အဆင်ပြေလား" 


လင်းရှောင်က ပြောသည်။


 "ကျေးဇူးတင်ပါတယ်" 


 "ရက်အနည်းငယ်အတွင်း ငါ အပြည့်အဝ ပြန်ကောင်းလာမှာပါ" 


ဒီအကြောင်းအရာကို ပြောလိုက်တာနဲ့ လင်ရှုဟာ လင်းရှောင်ရဲ့ ဓမ္မမန္တန်ကို ချက်ချင်း တွေးမိခဲ့သည်။ 


သူက “မနေ့က မင်းဆီမှာ ကျိန်စာ တွေ့တယ်” 


 "ကျိန်စာ" လင်းရှောင်၏အမူအရာမှာ မအံ့သြသွားပါ။  


ညာဘက်လက်ကို သူ့ရင်ခွင်ပေါ် ဖိလိုက်သည်။ 


 "ဒီမှာလား" 


လင်ရှု: "အင်း" 


လင်းရှောင်: "အဆင်ပြေပါတယ်။ " 


 လင်ရှု: "?" 


"မြောက်ပိုင်း ရှ ရဲ့ စုန်းအတတ်က မထူးခြားပါဘူး" 


လင်းရှောင် ကုတင်ဘေးမှာ ထိုင်ပြီး ပြောခဲ့သည်။ "တောင်ပိုင်းရှ နဲ့ မြောက်ပိုင်းရှတို့ဟာ မူလက တစ်နိုင်ငံတည်းပဲ"


ဒါကို လင်ရှုသိသည်။ သင်တန်းမှာ "ဆရာရှိုးကျောက်က တောင်ပိုင်းရှ သမိုင်းကို ရှင်းပြဖူးတယ်" ဆက်စပ်အကြောင်းအရာများကို ဆက်ပြောပြခဲ့သည်။ 


အစပိုင်းတွင် တောင်ပိုင်းရှရော မြောက်ပိုင်းရှပါ မရှိဟု ဆိုကြသည်။ ကမ္ဘာကို လွှမ်းမိုးသော မဟာရှမင်းဆက်တစ်ခုသာ ရှိသေးသည်။ 


နောက်ပိုင်းတွင် မဟာရှ၏ နိုင်ငံတော်အာဏာ ကျဆင်းသွားကာ မြောက်ဘက်ရှိ "သိ"လူမျိုးများသည် ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ မြို့တော်သို့ တန်းတန်း သွားခဲ့ပြီး ဧကရာဇ်မင်းနှင့် မင်းသားများစွာတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။  


အရေးပါသော ဝန်ကြီးများနှင့်အတူ တော်ဝင်မိသားစုဝင်တချို့ကို တောင်ဘက်ရှိ ရှူသို့ ကံကောင်းထမစွာ ပြောင်းရွှေ့ခဲ့နိုင်၍ လွတ်မြောက်ခဲ့သည်။ နိုင်ငံတစ်ဝက်လောက် ဆုံးရှုံးခဲ့ရသော်လည်း ရှေးရိုးအစဉ်အလာကို ထိန်းသိမ်းကာ ဧကရာဇ်သစ် နန်းတက်ရန် ကူညီပေးခဲ့သောကြောင့် ၎င်းကို မဟာရှ မင်းဆက်ဟု လူသိများခဲ့သေးသည်။ 


 နောက်ပိုင်းတွင်၊ "သိ" မျိုးနွယ်မှ ထိန်းသိမ်းခြင်းခံရသော မင်းသားတစ်ပါးသည် အလွန်အန္တရာယ်များသော အခြေအနေသို့ ဖြတ်ကျော်သွားနိုင်ခဲ့သည်။ သူသည် အခြားသူများကဲ့သို့ စိတ်ဓာတ်ကျ မသေရုံသာမက "သိ" ကလန် ခေါင်းဆောင်၏ ထောက်ခံမှုနှင့် နှစ်ခြိုက်မှုကိုလည်း ရရှိခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် စက်ဆုပ်ဖွယ် အကြံအစည်များနှင့် မယုံနိုင်လောက်သော နည်းလမ်းမျိုးစုံဖြင့် ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ 


 ဧကရာဇ် ဖြစ်လာပြီးနောက် မင်းဆက်ကိုလည်း "မဟာ ရှ မင်းဆက်" ဟု အမည်ပေးခဲ့သည်။ 


ဒါပေမဲ့ မင်းသားကိုယ်တိုင်က ဆိုးသွမ်းပြီး ထူးဆန်းတဲ့ နည်းတစ်မျိုးမျိုးကို ကျင့်ကြံခဲ့သည်။ "သိ" မျိုးနွယ်စုဟာ နဂိုကတည်းက နတ်ဆိုးလမ်းစဉ်ကို လိုက်စားတာကြောင့် နာမည်ကြီးသည်။ ၎င်းတို့နှစ်ဦး၏ပူးပေါင်းမှုသည် လက်ရှိ မြောက်ပိုင်းရှကို ဖြစ်ပေါ်စေပြီး ရှေးဟောင်းကျင့်စဉ်မှာ ယခုအခါ စုန်းအတတ် ဖြစ်လာသည်။  

69 04

အကယ်၍ ထိုအချိန်တွင် တောင်ပိုင်းရှမင်းဆက်၏ဧကရာဇ်သည် ဦးညွှတ်ပြီး မြောက်ပိုင်းရှ မင်းဆက်သို့ ပြန်သွားရန် အစပြုထီးနန်းစွန့်ခဲ့လျှင် သို့မဟုတ် တောင်ပိုင်းရှဧကရာဇ်ကို လက်ခံပြီး မြောက်ပိုင်းရှဧကရာဇ် နန်းစွန့်ခဲ့လျှင် ၊ မဟာ ရှ မင်းဆက်သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားသည့် မဟာ ရှ မင်းဆက်ဖြစ်နိုင်မည်ဖြစ်သည်။  


သို့သော် တစ်ခုမှ မဖြစ်ခဲ့တာ သိသာပေသည်။ နှစ်ဘက်စလုံးက သူတို့သည် ရှေးမဟာရှ ဖြစ်သည်ဟု ယုံကြည်ကြသည်။ တောင်ပိုင်းရှသည် မြောက်ပိုင်းရှကို ဆိုးသွမ်းသောလမ်းသို့ လိုက်သွားသောကြောင့် ပစ်ပယ်ခဲ့သည်။ မြောက်ပိုင်းရှသည် ယုတ်မာသောရပ်တည်မှုကို ဆွဲထုတ်ရန်အတွက် တောင်ပိုင်းရှကို မထီမဲ့မြင်ပြုခဲ့သည်။ နှစ်ဦးနှစ်ဘက်ကြား ပဋိပက္ခများ မငြိမ်သက်သွားရုံသာမကဘဲ ပိုမိုပြင်းထန်လာခဲ့သည်။ နောက်ပိုင်းတွင် စစ်ပွဲသည် အဆုံးမသတ်ဘဲ ဆက်လက်ဖြစ်ပွားပြီး အမုန်းတရားများ ပြည့်နှက်နေသော သွေးကွဲမှုများအဖြစ်သို့ ပြောင်းလဲကာ လက်ရှိအခြေအနေဖြစ်လာခဲ့သည်။ 


လင်းရှောင်က ပြောသည်။ "ဒါကြောင့် တောင်ပိုင်း ရှ မှာလည်း ရှေး စုန်းအတတ်တွေကို မှတ်တမ်းတင်ထားတဲ့ ဂန္ထဝင်တွေ ရှိတယ်၊ အဲဒီစာအုပ်တွေရဲ့ အပိုင်းအစတွေ အများကြီး ကျန်သေးတယ်"


လင်ရှုက ခေါင်းညိတ်လိုက်သည်။  


ဝမ်းကွဲ၏ဓမ္မမန္တန်သည် မြောက်ပိုင်းရှ ၏တိုက်ခိုက်မှုကြောင့် မဟုတ်ဟု ဆိုလိုတာလား။ 


 “သူတို့မသေရင် ဘယ်သူမှ လျှို့ဝှက်ထားလို့ မရဘူး” 


လင်းရှောင်က တိုးတိုးလေး ရေရွတ်နေသည်။


 "သူတို့မှာ ဓမ္မမန္တန်တစ်ခုမှ မရေးထိုးထားဘူးဆိုရင်"


 လင်ရှုက သူ့ကိုကြည့်လိုက်သည်။ 


ထို့ကြောင့် လင်းရှောင်တွင် မပြောနိုင်သော လျှို့ဝှက်ချက်တစ်ခုရှိသည်။ ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ပါက အလွန်ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေနိုင်သောကြောင့် သူသည် ဓမ္မ မန္တန်ကို အသုံးပြုခဲ့သည်။ 


"အဲဒီတုန်းက ငါ အရမ်းငယ်သေးတယ်" 


လင်းရှောင်က ပြောသည်။ "ငါတို့ အဲဒါကို မပြော‌တော့ဘူး"


လင်ရှု : "အင်း" 


 ဝမ်းကွဲက လင်ရှုနှင့် စကားပြောလိုလျှင်ပင် ဓမ္မ မန္တန်အကြောင်း ဆက်မပြောနိုင်သေးပေ။ 


 "ဒါပေမဲ့ ငါ... မင်းကို ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးဘူး" လင်းရှောင်က ပြုံးပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။  


 "မင်း ဘယ်တော့ ကျောင်းကို ပြန်မှာလဲ" 


 "မသိသေးဘူး။ " 


လင်ရှု က "သရဲတစ်ထောင်ချောက်ထဲကို သွားဦးမယ်" 


လင်းရှောင် : "ဟုတ်လား" 


“အကြီးတန်းဂိုဏ်းတူညီအစ်မတစ်ယောက်က သူ့အတွက် အရိုးဖြူပန်းတစ်ပွင့် ခူးခိုင်းလိုက်လို့” 


လင်ရှုက ပြောလိုက်သည်။


လင်းရှောင် : "အကြီးတန်းဂိုဏ်းတူညီမ" 


လင်ရှု : "...အင်း" 


လင်းရှောင် : "မင်းမှာ အကြီးတန်းဂိုဏ်းတူညီအစ်မလို သူငယ်ချင်းတစ်ယောက် ဘယ်ကတည်းက ရှိသွားတာလဲ" 


လင်ရှု : "...." 


လင်းရှောင် : "ပြောလေ" 


လင်ရှုသည် အခြေအနေ အနည်းငယ် မှားသည်ဟု ခံစားမိသည်။ ပြောပြီးပြီးချင်း ဝမ်းကွဲသည် လင်းဖုန်းရှောင်း၏ဝမ်းကွဲ ဖြစ်သည်ကို သတိရလိုက်သည်။ ပထမသခင်မလေးမှလွဲ၍ အခြားမိန်းကလေးအတွက် အရိုးဖြူပန်းပွင့်ကို ဆွတ်ခြင်းကဲ့သို့ အန္တရာယ်များတာကို လုပ်လို့ ဝမ်းကွဲ သည် စိတ်မချမ်းသာတော့ပေ ။  


သူ့(လင်းရှောင်) အပြုံးက သူ့(လင်ရှု)မျက်လုံးထဲ မရောက်တော့ပေ။ 


ဝမ်းကွဲ၏အန္တရာယ်ရှိသော အမူအရာကိုကြည့်ရင်း အသံတိုးတိုးကို ကြားလိုက်ရတော့ 


 “ ပြော‌” 


လင်ရှုသည် သူ့ကိုယ်သူ ကြိုးဆွဲချချင်လာသည်။ 


******