အပိုင်း 64 - ငါ မထွက်သွားဘူး
လင်ရှုသည် လင်းရှောင်၏ဒဏ်ရာကို ဆေးကြောသန့်စင်ပြီး ဆေးလိမ်းကာ ပတ်တီးဖြင့် ပတ်ထားသည်။ ပြီးသွားသောအခါ သူ့နှလုံးခုန်သံသည် အကြိမ်အနည်းငယ် ပိုမြန်လာသည်။
ဝမ်းကွဲမှာ မြောက်ပိုင်းရှ၏ စုန်းအမှတ်အသား ရှိနေသည်။
သူက မြောက်ပိုင်းရှ နဲ့ ပတ်သက်နေလား။
လင်ရှုက မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်သည်။
လင်းရှောင်သည် ဖြောင့်မတ်သူဖြစ်ပြီး လောလောဆယ် အရှင်ခွန်ရှန်းကိုပင် ဖမ်းမိခဲ့သည်။
အခုတိုက်ပွဲမှာ မြောက်ပိုင်းရှကြောင့် လင်းရှောင်ထိခိုက်မှာကို သူကြောက်သည်။
ထိုအရာသည် ဓမ္မမန္တန်ဖြစ်လျှင် တော်သေးသော်လည်း ပုံစံတူ အန္တရာယ်ရှိသည့် အခြား မန္တန်ဖြစ်လျှင် အကျိုးဆက်များ ဆိုးရွားလိမ့်မည်။
လင်ရှု စိုးရိမ်မိသွားသည်။ သူ အခု ဘာလုပ်ရမလဲ ဆိုတာကို အရူးအမူး တွေးနေမိသည်။
သူက မြောက်ပိုင်းရှရဲ့စုန်းကဝေ အတတ်အကြောင်း ဘာမှမသိခဲ့သလို ဘာကိုမှလည်း မလုပ်နိုင်ချေ။
အကူအညီ တောင်းရမလား။
မရဘူး၊ လင်းရှောင်ကို မြောက်ပိုင်းရှနဲ့ပတ်သက်နေတယ်လို့ အခိုင်အမာ စွပ်စွဲဖို့ ဒီကျိန်စာတံဆိပ်ကို အသုံးချခဲ့မယ်ဆိုရင် ငြင်းမရလောက်ဘူး။
နောက်တော့ ရွေးချယ်မှုတစ်ခုပဲ ရှိတော့တယ်။ ပထမသခင်မလေးကို ရှာရမယ်။ ပထမသခင်မလေးက ဒါကို သေချာပေါက် ဖြေရှင်းနိုင်မှာ။ သို့သော်လည်း သူ့မှာ ပထမသခင်မလေး၏ ဆက်သွယ်ရမဲ့ အချက်အလက် မရှိကြောင်း သူ ချက်ချင်း တွေးမိသွားသည်။ အကယ်၍ သူ စာပို့ခိုနဲ့ စာပို့မယ်ဆိုပါက၊ ပထမသခင်မလေး၏ လက်ရှိတည်နေရာကို အနည်းဆုံး သိရန် လိုအပ်ပေလိမ့်မည်။ သို့သော်လည်း ၎င်းကို မသိပါ။ သူမနှင့် ဆက်သွယ်ရန်အတွက် အိပ်မက်ပုံရိပ်ယောင်ကိုသာ အသုံးပြုနိုင်သည်။
အိပ်မက်ပုံရိပ်ယောင်နယ်မြေ သိုင်းပညာရပ်တွင်၊ တပည့်များသည် လက်တွေ့တွင် မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေပါစေ ၎င်းတို့သည် ထိုနေရာတွင် တစ်ချိန်တည်း ပေါ်လာနိုင်သောကြောင့် သဘာဝအတိုင်း အချင်းချင်း တွေ့ဆုံနိုင်ကြသည်။ ဒါပေမဲ့လည်း ပထမသခင်မလေးရဲ့ အကောင့်နာမည်ကိုလည်း မသိဘူး။ ပထမသခင်မလေးမှာ အကောင့်တစ်ခုတောင် မရှိနိုင်ပါဘူး။ အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း တစ်စုံတစ်ယောက်အကြောင်း ရုတ်တရက် တွေးမိလိုက်သည်။
ရှောင်ရှောက်ပင်။
တစ်ယောက်နဲ့တစ်ယောက် သိကြပြီး၊ ရှောင်ရှောင်ဟာ ယုံကြည်ထိုက်သူလို့တောင် ပထမသခင်မလေး ပြောခဲ့ဖူးသည်။ သူတို့နှစ်ယောက်ဟာ ဆွေမျိုးတော်တယ် ဆိုလားပဲ။
သူသည် အိပ်မက်ပုံရိပ်ယောင်နယ်မြေတွင် ရှောင်ရှောက်ကိုရှာပြီး ပထမသခင်မလေးကို ဆက်သွယ်ရမဲ့ အချက်အလက်ကို မေးမည်။ လင်ရှုသည် အိပ်မက်ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။
ကျောက်နံရံပေါ်တွင် သတင်းများ ဆက်တိုက်တက်နေသည်။
ဝါးခေါက်က ရှောင်ရှောက်ကို စစ်တိုက်ဖို့ ဖိတ်ခေါ်သည်။
ဝါးခေါက်က ရှောင်ရှောက်ကို စစ်တိုက်ဖို့ ဖိတ်ခေါ်သည်။
ဝါးခေါက်က ရှောင်ရှောက်ကို စစ်တိုက်ဖို့ ဖိတ်ခေါ်သည် ။
ထိုသတင်းကိုမြင်သော တပည့်များသည် ဆူညံပွက်လောရိုက်ကာ ဤဘက်သို့ တစ်ယောက်ပြီးတစ်ယောက် မျှော်ကြည့်နေကြသည်။
အမတကျောင်းမှ ဂိုဏ်တူညီအစ်ကိုများသည် အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။ "ဝါးခေါက်နယ်မိမယ်လေး နောက်ဆုံးတော့ အိပ်မက်ပုံရိပ်ယောင်နယ်မြေထဲ ရောက်လာပြီကွ" လင်ရှုသည် သူတို့၏စိတ်အားထက်သန်သော အကြည့်များကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ နတ်မိမယ်အသွင် ဖယ်ရှားပစ်ဖို့ ယခုနှစ် မြန်မြန်ကုန်လွန်သွားစေရန်သာ မျှော်လင့်မိသည်။
68 02
ထိုအချိန်တွင် ပြတ်သားသော အမျိုးသမီးတစ်ဦး၏ အသံသည် သူ့နောက်မှ ထွက်ပေါ်လာသည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဝါးခေါက်၊ နောက်ဆုံးတော့ မင်း ဒီကိုရောက်နေပြီ"
လင်ရှု: “...”
သူ လှည့်ကြည့်လိုက်တော့ ပန်းရောင် ၀တ်စုံလှလှလေးနဲ့ မိန်းကလေးက နှင်းပွင့်လွှာဓားကို ခါးမှာ ချိတ်ပြီး သူ့ကိုယ်သူ စိုက်ကြည့်နေတာကိုပဲ မြင်လိုက်ရသည်။
လင်ရှု "... "
ထိုလူကို မသိသော်လည်း နှင်းပွင့်လွှာဓားသည် ဝါးခေါက် အကောင့်မှ အသုံးပြုခဲ့သော မူလလက်နက်ဖြစ်ကြောင်း သူမှတ်မိသည်။ နောက်ပိုင်းမှာတော့ ရှောင်ရှောက်နဲ့ တိုက်ခိုက်ပြီး ဓား ကျိုးသွားသောကြောင့် ဝါးခေါက်ဓားနဲ့ အစားထိုးခဲ့သည်။ ထို့ကြောင့် သူ့ရှေ့တွင် ပန်းရောင်ဝတ်ထားသော မိန်းကလေးသည် အိမ်မက်ပုံရိပ်ယောင်နယ်မြေ ပြိုပျက်သွားသည့် အစပိုင်းတွင် သူနှင့် ခန္ဓာကိုယ်ချင်းဖလှယ်ခဲ့သော မိန်းကလေးဖြစ်သည်။ ဆိုလိုသည်မှာ သူမသည် ဝါးခေါက် ပုံပန်း၏ မူလပိုင်ရှင်ဖြစ်သည်။
ကျောင်းအကြီးအကဲများသည် သူက ဆရာမုန့်ထံ သွားပြီး မပြောင်းလဲနိုင်မီ မိန်းမကိုယ်ခန္ဓာအနေဖြင့် တစ်နှစ်ခန့် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ဝါးခေါက်ပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ထိုမိန်းကလေးသည် မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့သဖြင့် ယင်းသို့ ပြုလုပ်ရန် မလိုအပ်ပေ။ သူသည် သူမနဲ့ ထပ်မျက်နှာချင်းတွေ့မှာ ကြောက်သည်။
ဒီနေ့တော့ ပက်ပင်းတွေ့လေပြီ။
လင်ရှု အသက်ရှူမဝသလို ခံစားရသည်။
“ဘာလဲ အငယ်တန်းဂိုဏ်းတူညီမဝါးခေါက် အဟမ်း မင်းက အငယ်တန်းဂိုဏ်းတူညီအစ်ကိုတစ်ယောက်ဆိုတာ ရှင်းနေတာကိုး"
မိန်းကလေးက လက်ကိုဝှေ့ယမ်းပြီး အသံလုံ အတားအဆီးတစ်ခုကို ချထားလိုက်ပြီး
“အရှက်မဲ့ချက်”
လင်ရှုက ဘာမှပြောစရာမရှိသလို အရမ်းရှက်သွားသည်။
မိန်းကလေးက “သူတို့ အထင်ကြီးဆုံး ဝါးခေါက်နတ်သမီးက မိန်းကလေးမဟုတ်ဘူးဆိုတာ ငါ လူတိုင်းကို ဒီနေ့ ပြောလိုက်မယ်” ဟု ဆက်ပြောသည်။
လင်ရှု- "...မပြောပါနဲ့"
မိန်းကလေးက ပြောသည်။
“ဘာလဲ။ နင်ငါ့ကို စွဲလမ်းတယ်လို့ မပြောနဲ့နော်”
လင်ရှုက ဖြေလိုက်သည်။ “ကျွန်တော်က အိမ်မက်ပုံရိပ်ယောင်နယ်မြေကို ပြီးခဲ့တဲ့ တစ်ကြိမ်က ဖျက်ဆီးမိလို့ အကြီးအကဲက ဒီခန္ဓာကိုယ်ကို တစ်နှစ်လောက်သုံးဖို့ အပြစ်ပေးခဲ့တာပါ”
မိန်းကလေးက အဲဒါကိုကြားတော့ ခုနကလောက် မရက်စက်တော့ဘူး။ ယင်းအစား သူမသည် ရယ်မောကာ ပြောလာသည်။
“ဒီလိုကြီး ပြစ်ဒဏ်ပေးတာပေါ့ အံ့ဩစရာပဲ”
လင်ရှု: “......”
“ဝါးခေါက်နတ်မိမယ်လေးဟာ တကယ်တော့ မိန်းကလေးလို ၀တ်စားဆင်ယင်တတ်တဲ့ ဂိုဏ်းတူအစ်ကို တစ်ယောက်ဆိုတာ တခြားသူတွေကို မသိစေချင်ဘူးမို့လား”
ကောင်မလေး မျက်လုံးလှည့်သွားသည်။ “ဒီလိုဆို ဘယ်လိုလဲ ငါ့ကို လာဘ်ထိုးလေ ငါ မပြောဘူး”
လင်ရှုက မေးလိုက်သည်။ “မင်း ဘာလိုချင်လို့လဲ”
မိန်းကလေးက ပြောလာသည်၊ “မင်းက သိုင်းအရမ်းတော်တာလေ။ အခု ဟွမ်းသန်းတောင်ပေါ် ရောက်နေတော့ ဒီဟာ လုပ်ရတာ လွယ်မှာပါ။ ငါ့ အဖေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒဏ်ရာပြင်းပြင်း ရခဲ့တယ်။ လောလောဆယ် သရဲတစ်ထောင်ချောက်ထဲက အရိုးဖြူပန်းပွင့်ဆိုတဲ့ ဆေးတစ်မျိုးလိုနေလို့။ ကျေးဇူးပြုပြီး အဲဒီနေရာကို သွားခူးပေးပါလား ခူးပြီးရင် ရတနာကနားထဲ ထည့်လာခဲ့ပေး။ အကုန်ပြီးရင် ဝယ်မယ်။ ဈေးမနည်းစေရဘူး။ ဒီလိုဆို မင်းငါ့ကို မျက်နှာသာ ပေးရာကျတာပေါ့ ၊ ငါကျကျနန ပုံသွင်းထားတဲ့ ခန္ဓာကိုယ်ကို မင်းသုံးနေလည်း ငါ ဂရုမစိုက်တော့ဘူး!”
လင်ရှုသည် သရဲတထောင်ချောက်ထဲရှိ အရိုးဖြူပန်းပွင့်ကို ရင်းနှီးသလို ခံစားလိုက်ရသည်။ ဒုတိယအတွေးတွင် ပထမသခင်မလေးသည် ယခင်က "အရိုးဖြူပန်းပွင့်ကို ခူးယူရန် သရဲတစ်ထောင်ချောက်ထဲသို့ သွားပါ" ဟူသော တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သရဲတစ်ထောင် ချောက်ကြီးသည် အလွန်အန္တရာယ်များပြီး ဆိုးရွားသည့်နေရာတစ်ခုဖြစ်ပြီး စိုက်ပျိုးရန်အတွက်လည်း အထောက်အကူမဖြစ်ပေ။
68 03
တပည့်အနည်းငယ်သာ သွားလိုကြပြီး အခြားအမတလမ်းစဥ်မှလူများလည်း အတူတူပင်ဖြစ်ရာ အရိုးဖြူပန်းပွင့်သည် အလွန်ရှားပါးသော ဝိညာဉ်ရေးဆေးပင် ဖြစ်သည်။ မိန်းကလေး၏ တောင်းဆိုချက်သည် လက်ခံနိုင်သည်ဟု သူ တွေးမိလိုက်သည်။ သူသည် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်မိခြင်းအတွက် အလွန်အပြစ်ရှိသလို ခံစားနေရသည်။ ဝါးခေါက်နတ်မိမယ်သည် ဓားအိမ်တော်နှင့် ပတ်သက်မှု ရှိနိုင်သည်ဟု မြောက်ပိုင်းရှက သံသယရှိသဖြင့် သူ့ကို ရှာဖွေနေပြီဖြစ်သည်။ “အငယ်တန်းဂိုဏ်းတူညီအစ်မဝါးခေါက်” သည် အမှန်တကယ် ယောက်ျားလေး ဖြစ်သည်ဟူသောအချက်ကို သူ ထုတ်ဖော်မပြနိုင်ပါ။
လင်ရှု : "ကောင်းပြီ"
မိန်းကလေးက "ဒါဆို ငါတို့ သဘောတူညီမှုရပြီနော်"
လင်ရှု : "အင်း"
ကောင်မလေး၏မျက်လုံးထဲတွင် ရွှင်လန်းသောအကြည့်ဖြင့်
"ကျေးဇူးတင်ပါတယ်"
လင်ရှု က "ရပါတယ်"
ဖခင်၏ဒဏ်ရာကို ပျောက်ကင်းအောင်ကုသနိုင်သည်ကို မိန်းကလေးက မြင်သောအခါ မိန်းကလေးက ခုန်ပေါက်လုနီးနီးဖြစ်ကာ ဆိုသည်။
“မင်း သေချာပေါက် ရမှာရယ်”
လင်ရှုက ခဏလောက် စဉ်းစားလိုက်သည်။
ယခုအခါတွင် ရေခဲကြိုးတပ် ရှေးဟောင်းဒုံမင်းကို အားကိုးမယ်ဆိုရင် ယွမ်ယင် နယ်မြေအဆင့် နီးနီး သန်မာနေပြီ ဖြစ်သည်။ ဓားအိမ်တော်မှ လက်ဆင့်ကမ်းထားသည့် ဂီတရတေးသွားများထဲတွင် နတ်ဆိုးများကို ဖြတ်ကျော်ကာ သတ်နိုင်သည့် သီချင်းများစွာရှိသည်။ သရဲတထောင်ချောက်ထဲသို့ စွန့်စားနိုင်သည်။ ဝမ်းကွဲသာ ဒဏ်ရာသက်သာပြီး နောက် လိုက်နိုင်ရင် အောင်မြင်ဖို့ အခွင့်အလမ်းက ပိုတောင် များလာမည်။
သူက “အင်းပါ”
ကောင်မလေး၏မျက်နှာမှာ ဝမ်းသာလွန်းလို့ ဖုံးကွယ်မထားနိုင်ဘဲ
"မင်း အရမ်းကြင်နာတာပဲ!"
ခုနလေးကတင် သူမသည် ရက်စက်ကြမ်းကြုတ်ဆဲဖြစ်ပြီး သူ့ကို ခြိမ်းခြောက်အကြပ် ကိုင်ချင်နေသေးသည်။ အခုချိန်မှာတော့ ပန်းတိုင်ကို အရောက်လှမ်းနိုင်တော့မှ သူမဟာ ရွှင်မြူးလာခဲ့ပါပြီ။ သူမသည် အနည်းငယ် ချစ်စရာကောင်းရုံသာမက သူမဟာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ပါ ဖြစ်သည်။
လင်ရှုက သူမကိုကြည့်ရင်း အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ၏ယခင်ဘဝတွင် သူသည် အခြားတစ်ယောက်၏ တန်ဖိုးထားမှုကို ခံရရန်နေနေသာသာ၊ သူစိမ်းများနှင့် မဆက်ဆံခဲ့သလို၊ သူတပါးကို မည်သည့်အခါမျှ မကူညီခဲ့ဖူးပေ။
အဲဒီတော့ ပီတိဖြာတယ် ဆိုတာ ဒီလိုကြီးပေါ့။
ကောင်မလေးကို ကြည့်ရင်း ကြည့်ရင်း သူ့စိတ်တွေ တော်တော် တက်ကြွလာသည် ။ သို့သော်လည်း မြောက်ပိုင်းရှ၏ စုန်းကဝေ အတတ်ကြောင့် ဒဏ်ရာရသွားပြီး သတိမေ့မြောနေသေးနေတဲ့ ဝမ်းကွဲဝမ်းကွဲကို သတိရသွားသဖြင့် ပြန်၍စိုးရိမ်လာပြီး
"မိန်ကလေး၊ ငါ လုပ်စရာတစ်ခု ရှိသေးတယ်။ သွားနှင့်ဦးမယ်"
"သွား သွား"
မိန်းကလေးက
“ငါ သေချာပေါက် နှုတ်လုံပါ့မယ်”
"အင်း" သူ အသံပြန်ပေးလိုက်သည်။
မိန်းကလေးသည် စွဲမက်ဖွယ်အသံရဲ့ တုံ့ပြန်ချက်ကို ရပြီးနောက် အခြားနေရာသို့သွားရန် ရေပေါ် ပျော်ရွှင်စွာ ခြေချခဲ့သည်။
လင်ရှုသည် ကျောက်နံရံကို မော့ကြည့်လိုက်သည်။ ရှောင်ရှောက်ကို စစ်တိုက်ဖို့ ဖိတ်ခေါ်တဲ့ သတင်းသာ ရှိပါသေးသည်။ ရှောင်ရှောက်က ပြန်မဖြေ။ ဒီလူလည်း ကျောက်စိမ်းတုံးကို ကြည့်ဖို့ အချိန်မရှိလောက်အောင် အလုပ်များနေပုံပေါ်၏။ လင်ရှုသည် လင်းရှောင်၏ဒဏ်ရာကိုတွေးပြီး အိပ်မက်ပုံရိပ်ယောင်နယ်မြေမှ ထွက်ကာ လက်တွေ့ဘဝသို့ ပြန်သွားခဲ့သည်။ လင်းရှောင်သည် သတိလစ်နေဆဲဖြစ်ပြီး ကြောင်သည် သူ့ရင်ဘတ်ပေါ်တွင် တက်အိပ်နေသည်။
68 04
လင်ရှုက ကြောင်လေးကို မလိုက်ပြီး လင်းရှောင်ကို အသက်ရှူမဝစေရန် ဘေးနားသို့ ရွှေ့ပေးလိုက်သည်။
ကြောင်က တကယ်လေးသည်ပင်။ ကြောင်သည် လင်းရှောင် အနားရှိ စောင်ပေါ်တွင် ဆက်အိပ်နေလေသည်။ ဝမ်းကွဲ၏ အသက်ရှုသံသည် ယခု တည်ငြိမ်လာသည်။ ဘာ ပြဿနာမှ မဖြစ်လောက်တော့ပေ။ သူက သူ့ရဲ့တိုက်ပွဲတောင်းဆိုမှုကို ရှောင်ရှောက် တုံ့ပြန်ပြန်ချင်း ချက်ချင်းသွားနိုင်ဖို့ အိပ်မက်ပုံရိပ်ယောင်နဲ့ ချိတ်ဆက်ထားတဲ့ ကျောက်စိမ်းတုံးကို မြင်သာထင်သာတဲ့ နေရာမှာ ထားလိုက်သည်။
ပြီးတာနဲ့ သူက လင်းရှောင်ရဲ့ ကုတင်ဘေးမှာ ရပ်လိုက်သည်။ 'ပျက်သုန်းခြင်း' ကို စတင်လေ့လာခါနီးတွင် အပြင်မှ တံခါးခေါက်သံ ကြားလိုက်သည်။ သူက တံခါးကို ဖွင့်ကြည့်လိုက်တော့ အပြင်မှာ ချန်းမင်ကို တွေ့လိုက်သည်။
ချန်းမင်- "အကြီးတန်းဂိုဏ်းတူညီအစ်ကို လင်း ရဲ့ဒဏ်ရာက ဘယ်လိုလဲ"
လင်ရှု - "မနိုးသေးဘူး။ စောင့်ကြည့်ရဦးမယ်”
ချန်းမင်က
"မြောက်ပိုင်းရှရဲ့ ပူးပေါင်းကြံစည်မှုနဲ့ မြောက်ပိုင်းရှ သစ္စာဖောက်တွေကို အနိုင်ယူခဲ့တဲ့ အကြီးတန်းဂိုဏ်းတူညီအစ်ကိုလင်းကို လူတိုင်းက ကျေးဇူးတင်နေကြတယ်၊ ဒါကြောင့် သူတို့က ကျွန်တော့်ကို ဆေးပေးခိုင်းလိုက်တယ်"
ပြီးနောက် လင်ရှု၏လက်ထဲတွင် ချည်ထိုးအိတ်ကို ထည့်ကာ ပြောသည်။
"အငယ်တန်းဂိုဏ်းတူညီအစ်ကိုက အစား လက်ခံပေးထားပါဦး"
သူ့မှာ ဆေးတွေအများကြီးရှိဖြစ်ပြီးသားမို့ ထပ်မလိုအပ်ပေမဲ့ ဘယ်လိုငြင်းရမှန်း မသိတဲ့အတွက် လက်ခံလိုက်သည်။
ချန်းမင်က ဝမ်းသာအားရ ပြုံးလိုက်ပြီး "အကြီးတန်းဂိုဏ်းတူညီအစ်ကိုလင်းကို ဂရုစိုက်လိုက်ပါဦးကွာ"
လင်ရှု : "ဟုတ်ကဲ့ပါ"
ချန်းမင်သည် လင်းရှောင်၏ အခြေအနေကို ထပ်မံမေးမြန်းပြီးနောက် တပည့်များ၏ အလေးအနက် ကျေးဇူးတင်ရှိမှု ထပ်မံဖော်ပြပြီးနောက် ထွက်ခွာသွားခဲ့သည်။ ချန်းမင် ထွက်သွားတော့ ဓါးတွေကိုင်ထားတဲ့ လူတချို့ ရောက်လာသည်။
လင်ရှုကလည်း ဒီလူတွေကို သိသည်။ သူတို့သည် မိုးတိမ်ဦးဆောင်ဓားဂိုဏ်း၏ တပည့်များဖြစ်သည်။
သူတို့က တောင်ခြေရင်းသို့ စစရောက်တုန်းက လင်းရှောင်ကို တည်ခိုခန်းမှာ နှုတ်ဆက်ခဲ့ကြဖူးသည်။ လင်းရှောင်သည်လည်း မိုးတိမ်ဦးဆောင်ဓားဂိုဏ်းမှ ဖြစ်ပြီး သူတို့က သူ၏ ဂိုဏ်းတူညီအစ်ကိုများဖြစ်သည်။
လင်ရှု- "ဂိုဏ်းတူညီအစ်ကိုတို့ "
အကြီးတန်းဂိုဏ်းတူညီအကိုများစွာလည်း ဒဏ်ရာရနေသော လင်းရှောင်ကို လာတွေ့ကြသည်။ လင်းရှောင်၏ဒဏ်ရာသည် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သေချာကြည့်ပြီးနောက်၊ ပထမ ဂိုဏ်းတူအစ်ကိုက "သူဂိုဏ်းထဲမှာရှိတုန်းက 'နိဗ္ဗာန်' ကို မရရှိနိုင်ဘူးလို့ အမြဲပြောဖူးတယ်။ ခုတော့ ပြီးမြောက်နေပြီလို့ ထင်တယ်။ သူ အောင်မြင်သွားတာ အရမ်းကံကောင်းတယ် မဟုတ်ရင် ဒီနေ့ ဟွမ်သန်း တောင်ပေါ်မှာ သွေးချောင်း စီးဆင်းသွားနိုင်တယ်”
လူအများအပြားသည် သက်ပြင်းချကြသည်။ မပြန်ခင် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဝိညာဉ်ရေးဆေးပြားများစွာကို ထားခဲ့သည်။ လင်ရှုက သူတို့အား အကျိုးအကြောင်းကို ရှင်းပြပြီး
"ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိပါဘူး"
"ကျွန်တော် စောင့်ကြည့်မယ်"
လို့ အများကြီး ပြောလိုက်ရသည်။ ဒီနေ့ ခွဲတမ်းတစ်နှစ်စာ စကားတွေ အကုန်သုံးရသလို ခံစားရမိသည်။ သူ အရမ်းမောပန်းသွားရသည်။
ခဏအကြာတွင် သူသည် 'ပျက်သုန်းခြင်း' ကိ ကောက်ကိုင်ပြီး ၎င်းကို စတင်ကြည့်ရှုခဲ့သည်။ စာစဖတ်ပြီး သိပ်မကြာခင်မှာပဲ ကြောင်က ရုတ်တရက် အကျယ်ကြီး ထအော်သည်။ လင်ရှုသည် ကြောင်ကို လှည့်ကြည့်လိုက်’။ ကြောင်က တစ်ချိန်ချိန်မှာ နိုးလာခဲ့တာဖြစ်မည်။ လင်းရှောင်ရဲ့ ပါးကို အကြိမ်အနည်းငယ် ပုတ်နေပြီး လင်ရှုကို ကြည့်ကာ (ညောင်) အော်ပြန်တယ်။ သူက ချက်ချင်း စာအုပ်ကို ပစ်ချလိုက်ပြီး ဝမ်းကွဲကို သွားကြည့်လိုက်သည်။ လင်းရှောင်၏ မျက်ခုံးများသည် နာကျင်မှုကို ချုပ်တည်းထားရသလို အနည်းငယ် တွန့်သွားသည်ကို သူမြင်လိုက်ရသည်။
68 05
လင်ရှုသည် ကိုယ်ပူစမ်းလိုက်သည်။ ပူတယ်။ အရမ်းပူတယ်။ ထို့အပြင် အခန်းတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအား စီးဆင်းမှုသည် မူမမှန်ပေ။ လင်းရှောင် အနားတွင် အနီရောင်ဖျော့ဖျော့ ဝိညာဉ်စွမ်းအားများ ပရမ်းပတာ လှည့်ပတ်နေသည်။ သူ့ခန္ဓာကိုယ်တွင်း အခြေအနေက ပိုဆိုးဝါးလာနိုင်သည်။ ဝမ်းဗိုက်နား စုဝေးလည်ပတ်နေသည့် ဝိညဥ်စွမ်းအင်တွေက မူမမှန်သောသောကြောင့် အကျိုးဆက်များသည် အလွန်ပြင်းထန်နိုင်ပေသည်။ ဘယ်ဝိညာဉ်ရေးဆေးပြား ဘယ်အံ့ဖွယ်ဆေးများဖြင့် မဖြေရှင်းနိုင်ပါ။
"ငါ ဘာလုပ်သင့်သလဲ"
လင်ရှု သည် ခဏတာ မျက်မှောင်ကြုတ်ကာ ကြောင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ငါပြောတာ နားလည်နိုင်လား"
ကြောင်: "ညောင်"
လင်ရှု : "ငါ သူ့ကို ကူညီဖို့ ထျန်းကျိ စာကြည့်တိုက်က ဝိညာဉ်စုဆောင်းဆေးပြား လိုတယ်၊ မင်း ငါ့ကို ပေးနိုင်မလား"
ကြောင်: "ညောင်"
ညောင်ညောင် အော်ပြီးနောက်၊ ၎င်းသည် လင်းရှုးပေါ်သို့ တက်ကာ တံခါးကို လှမ်းကြည့်လိုက်သည်။ သူပြောတာကို တကယ်နားလည်နိုင်ပုံရသည်။ လင်ရှုသည် ချည်ထိုးအိတ်ထဲမှ အဆောင်များစွာကို ထုတ်ယူကာ မေးလိုက်သည်။
“ဒါတွေကို အသက်သွင်းပေးနိုင်မလား”
ကြောင်: "ညောင်"
ဝိညာဉ်စွမ်းအား အစုလိုက်အပြုံလိုက်သည် ကုတင်တစ်ဝိုက်တွင် ခိုင်ခံ့သောအတားအဆီးတစ်ခု ဖြစ်ပေါ်အောင် အဆောင်ကို အသက်သွင်းလိုက်သည်။ ဒီလိုနည်းနဲ့ သူအန္တရာယ်ကြုံမှာကို မကြောက်တော့ဘူး။ လင်ရှုသည် ကြောင်ကလေးကို ပွေ့ချီကာ တည်းခိုခန်းထဲမှ ထွက်လာခဲ့သည်။ ဒီအချိန်မှာ ကြောင်လေးက အရမ်းဉာဏ်ကောင်းသည်။ ၎င်းသည် ၎င်း၏ အစွမ်းထက်သော နှောင်းအတိဒုက္ခ ကျင့်ကြံရေးနယ်ပယ်နှင့် ဝိညာဉ်ရေးစွမ်းအားကို အသုံးပြုကာ အကွာအဝေးကို ကျုံ့သွားစေရန် အစွမ်းထုတ်လိုက်သည်။ ၎င်းသည် တောင်စောင့် လည်းဖြစ်ပြီး ဟွမ်သန်းတောင်ပေါ်ရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သောကြောင့် စစ်ဆေးရေးဂိတ်အားလုံးကို ချက်ချင်းဖယ်ရှားခဲ့သည်။ လင်ရှုသည် လမ်းတစ်လျှောက်လုံး အတားအဆီးမရှိ ကျော်ဖြတ်ပြီး မကြာမီ လေပေါ်မျောနေနိုင်သောနန်းတော်ရှိ ထျန်းကျိ စာကြည့်တိုက်သို့ ရောက်လာသည်။ ကြောင်သည် ရတနာတိုက်တံခါးကိုဖွင့်ကာ လင်ရှုသည် သူ့မှတ်ဉာဏ်ကိုလိုက်၍ ဝိညာဉ်စုဆောင်းဆေးပြားကိုယူကာ တောင်ပေါ်မှ ချက်ချင်းဆင်းလာခဲ့သည်။ သူသည် တည်းခိုခန်းသို့ ပြန်သွားပြီး လင်းရှောင်၏ အိပ်ရာဆီသို့ ရောက်သွားသည်။ သူသည် လက်ရာမြောက်ပြီး ကြည်လင်တောက်ပသော ဝိညာဉ်စုစည်းဆေးပြားကို ထုတ်ယူကာ သောက်လိုက်သည်။
ဆေးလုံး အရည်ပျော်သွားတာနဲ့ သူ့ခြေလက်အရိုးတွေဆီကနေ ပြင်းထန်တဲ့ နာကျင်မှုတွေ ထွက်လာသည်။
သူ့လက်တွေ နည်းနည်းတုန်သွားပြီး မထိန်းနိုင်တော့ဘူး။ သူ၏ ဝမ်းဗိုက်နားမှ ဝိညာဉ်စွမ်းအင် လှိုင်းများ ထွက်လာသည်ကို သူ ခံစားခဲ့ရသည်။ ထိုသန့်စင်သောဝိညာဉ်စွမ်းအားကို သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲရန် တရားမှတ်လိုက်သည်။ အချို့ကို အသွင်ပြောင်းပြီးနောက် သူသည် ကုတင်ဘေးတွင် ထိုင်ကာ လင်းရှောင်၏ ညာလက်ကို ဆုပ်ကိုင်လိုက်သည်။
လင်းရှောင်၏ လက်ဖဝါးကို သူ့လက်ဖဝါးဖြင့် ဆိုင်လိုက်လျက်၊ သူ၏ ဝိညာဉ်စွမ်းအားကို လင်းရှောင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။ မတူညီသော ကျင့်ကြံခြင်းနည်းများကြောင့် နာမ်စွမ်းအားသည်လည်း အပြန်အလှန်တိုးတက်မှုနှင့် အပြန်အလှန် ထိန်းကျောင်းမှုတို့ ကွဲပြားမှုများ ရှိခဲ့သည်။ လင်းရှောင် ၏ဝိညာဉ်ရေးစွမ်းအားသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်ကို သူသဘောပေါက်သောအခါ၊ သူတွေးမိသည်မှာ သူ့အတွက် ဝိညာဉ်စွမ်းအင်ကို ပို့ပေးရန်နှင့် ဖရိုဖရဲဝိညာဉ်စွမ်းအားကို ဖိနှိပ်ရန် ဝိညာဉ်စွမ်းအားတူသူကို ရှာဖွေရန်ဖြစ်သည်။ ဘယ်သူ့ကို ရှာရမလဲ။ အပြင်က လူစိမ်းတွေကို သူမသိသလို ဘယ်လိုမျိုး နည်းစနစ်တွေနဲ့ ကျင့်ကြံကြလဲ မသိဘူး။ နောက်တော့... တစ်ခုတည်းသော ရွေးချယ်မှုက သူ့ကိုယ်တိုင်ပဲ။ လင်းရှောင်၏ အတွင်းအားများသည် ပထမသခင်မလေးနှင့် တူညီသော အရင်းအမြစ်မှ ဖြစ်သည် ။ နှစ်ခုစလုံးသည် ဒြပ်ငါးပါးထဲမှ လီဟိုအရှိန်ကို ကျင့်လေ့ရှိကြသည်။ သို့သော် ဓားအိမ်တော်၏ ကျင့်ကြံနည်းစနစ်တွင် ရေခဲနှင့်နှင်းများပါရှိသောကြောင့် လင်းရှောင်၏ ဖရိုဖရဲ ဝိညာဉ်စွမ်းအားကို ဖိနှိပ်ရန် ဖြစ်နိုင်သည်။ ဖြူဖျော့ဖျော့ ဝိညာဉ်စွမ်းအားသည် ရေခဲပြင်မှထွက်သော အငွေ့များကဲ့သို့ လက်ဖဝါးပေါ်တွင် ပြည့်လျှံနေသည်။ ပြီးတော့ အကျိုးသက်ရောက်မှုက သူ ထင်ထားတာထက် အဆ ဆယ်သန်း ပိုကောင်းသည်။
68 06
လင်ရှုသည် ထိုကြမ်းတမ်းတမ်းဝိညာဉ်ရေးစွမ်းအားကို ဖိနှိပ်ရန် အများကြီး အားထုတ်ယူရမည်ဟု မူလက ထင်ခဲ့သည်။ သူ၏ဝိညာဉ်ရေးစွမ်းအားသည် လင်းရှောင်၏ဝိညာဉ်ရေးစွမ်းအားနှင့် ထိမိသောအခါ ၎င်းတို့သည် အတားအဆီးမရှိဘဲ ရောနှောသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ နှစ်ခု ရောပြီး ပရမ်းပတာ အသန့်စင်ဆုံး ဝိညာဉ်ရေးစွမ်းအားသည် တည်ငြိမ်သွားသည်။ ၎င်းလို အချင်းချင်း ထိမိတာ တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ လင်ရှုသည် သက်ပြင်းချကာ သူ၏ ဝိညာဉ်စွမ်းအားကို လင်းရှောင်၏ ဝမ်းဗိုက်နားသို့ ပေးပို့လိုက်သည်။ ဝိညာဉ်ရေးစွမ်းအားသည် သူ၏ ဝမ်းဗိုက်နား တစ်ဝိုက်တွင် ပျံ့နှံ့သွားသည်။ တစ်နာရီကြာပြီးနောက်၊ လင်းရှောင်၏ ဝိညာဉ်စွမ်းအားသည် လုံးဝချောမွေ့သွားပြီး ပုံမှန်ပြန်ဖြစ်ခဲ့သည်။ သူ၏ မျက်ခုံးများသည်လည်း မကြုတ်တော့ဘဲ ပြေလျော့သွားသည်။ လူမမာကောင်ချောလေးမှ တိတ်တိတ်ဆိတ်ဆိတ် အိပ်ပျော်နေသော ကောင်ချောလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကြောင်: "ညောင်"
သူသည် စောင်ပေါ်တွင် ကွေးကာ အိပ်ရန် အဆင်သင့်ဖြစ်နေသည်။ လင်ရှုသည် ကြောင်နက်၏ အပြုအမူကို ကြည့်ပြီး ဝမ်းကွဲသည် အချိန်တစ်ခုထိတော့ အဆင်ပြေကြောင်း သိလိုက်သည်။ သူ့လက်ကို ရုပ်လိုက်ချင်သည်။ သို့သော် လင်းရှောင်သည် မသိစိတ်ဖြင့် ဆုပ်ကိုင်ထားခဲ့သည်။ ယခုမှ ကိုယ်ပူကျသွားသောကြောင့် လင်းရှောင်၏လက်ရှိကိုယ်အပူချိန်သည် ပုံမှန်ထက်ပိုမိုမြင့်မားနေသေးသဖြင့် အနည်းငယ် နွေးနေသေးသည်။ သူ့လက်ကို ပြန်ဆွဲဖို့ ကြိုးစားလိုက်သည်။ သို့သော် လင်းရှောင်သည် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသည့် ရေနစ်နေသူကဲ့သို့ လက်ကို အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ လင်ရှုက ပြန်မဆွဲနိုင်။ လင်ရှုက ဆက်ဆွဲသည်။ သူ ပြန်မဆွဲထုတ်နိုင်သေးဘူး။
ဝမ်းကွဲ၊ မင်းရဲ့ အပြုအမူကို ထိန်းပါ။
ငါ မထွက်သွားဘူး။
******