25 01
အပိုင်း (၂၅)
အသေးလေး
“ခင် ခင်ဗျားမနေ့က ကျွန်တော့်ကို ရိုက်တာ ဒီကောင့်ကြောင့်လား”
“ဘာဖြစ်လို့လဲ”
ရှောင်လင်းယန်က “လူတွေ ပြောနေကြတာက”
လင်းဖုန်းရှောင်က “နင် ဂရုစိုက်စရာ မလိုပါဘူး”
ရှောင်လင်းယန် “ခင်ဗျား အဓိကနဲ့ သာမညကို ခွဲခြားသိတဲ့ပုံ မပေါ်ဘူး”
လင်းဖုန်းရှောင် “အဲတော့ နင်က သိတယ်ပေါ့လေ”
လင်ရှုက အဲဒီနှစ်ယောက် ငြင်းနေတုန်း လစ်ပြေးဖို့ကြံပေမဲ့ လင်းဖုန်းရှောင် ပြန်မိသွားပြန်သည်။ သူမက ရှောင်လင်းယန်ကို “ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ”
သူမက လင်ရှုကိုခေါ်ပြီး ထွက်သွားဖို့အလုပ်မှာ ရှောင်လင်းယန်က
“နေဦး....”
လင်းဖုန်းရှောင်က သူ့ကို ဂရုမစိုက်ဘူးလေ။
ရှောင်လင်းယန်က ဒေါသတကြီးနဲ့ “လင်ရှု မင်း အဲ့မှာ ရပ်တန်းကရပ်လိုက်”
ဒီလူက အပြင်ပိုင်း သန်မာတဲ့ပုံရှိပေမဲ့ အတွင်းစိတ်က ပျော့ညံ့တာပဲ။ ပြီးတော့ သတ္တိနည်းပြီး ကြီးနိုင်ငယ်ညှင်း လုပ်မဲ့ပုံပင်။ အခုပဲကြည့်လေ လင်းဖုန်းရှောင်ကို လှမ်းမခေါ်ရဲတော့ သူ့ကို လှမ်းဟောက်နေသည်လေ။
သူတို့က လမ်းအတူ လျောက်လာပေမဲ့ လင်းဖုန်းရှောင်က ဘာမှမပြောသလို လင်ရှုကလည်း ဘာပြောရမလဲမသိတာကြောင့် လုံးဝကို လေထုက ကသိကအောက်ဖြစ်စရာ ခံစားချက်နဲ့ ပြည့်နက်နေသည်။
တံတားက ကျော်တော့ သူတိူ့က ချုံးဟွာသစ်တောထဲ ရောက်လာပြီး အထဲကလူတွေက လင်းဖုန်းရှောင် တစ်ယောက်ယောက်နဲ့ လမ်းလျောက်လာတာကို ကြည့်နေကြသည်။
လင်ရှုက သူ လင်းဖုန်းရှောင်ကို ဘာလို့ သူ့နောက်လိုက်နေလဲလို့ မေးသင့်တယ်လို့ ခံစားလိုက်ရသည်။ သူက ခဏတုန့်ဆိုင်းနေပြီးနောက်
“လင်း......”
ချက်ချင်းပဲ လင်းဖုန်းရှောင်နားက ရနေကျ သစ်ခွရနံ့လေးနဲ့အတူ လေတိုးသံ ပေါ်လာပြီး ပန်းပွင့်တွေ လွှင့်ပျံသွားသလိုမျိုး ဓားတစ်လက်က သူ့လည်ပင်းအရှေ့မှာ ပေါ်လာတော့သည်။
ဒီဓားကို ဘယ်လိုရှောင်ရင် လွှတ်မလဲဆိုတာ သူ သိတာပေါ့။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ခွင့်မပြုနေဘူးလေ။
ပြန်မွေးဖွားခဲ့ပေမဲ့ ဒီဘဝက တိုတောင်းလှသည်။ နားမလည်နိုင်ခြင်းတွေနဲ့ ပြည့်နေတဲ့ဘဝပင်။ နားမလည်နိုင်ခြင်းရဲ့အရင်းခံကတော့ လင်းဖုန်းရှောင်ပေါ့။
ဓားက ချက်ချင်းရပ်သွားပြီး လင်းဖုန်းရှောင်က သွေးအန်လိုက်ရသည်။ ဒီလိုဓားနည်းစနစ်မျိုးက အပြည့်အဝပဲ ထုတ်လွှတ်နိုင်ပြီး လမ်းတဝက်မှာ ဖိအားပေးရပ်ရင် အသုံးပြုသူက အတွင်းဒဏ်ရာ ရသည်။ လင်းဖုန်းရှောင်က သွေးကိုသုတ်ရင်း
“နင့်မှာ တကယ့်ကို ဘာသိုင်းပညာမှ မရှိတာပဲ”
“တကယ်မရှိတာပါ”
25 02
လင်းဖုန်းရှောင်က သူမဓားကို သိမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။ “ဆရာမုန့်က ဘာအရည်အချင်းမှ မရှိတဲ့လူကိုတော့ ခေါ်သွင်းမှာ မဟုတ်ဘူး။ နင့်မှာ သာမန်မဟုတ်တာ တစ်ခုခုတော့ရှိရမယ်”
“ငါက သာမန်လူပါ”
လင်းဖုန်းရှောင်က ရယ်သည်။ လင်ရှု သူမကို ကြည့်လိုက်သည်။ အခုပဲ သူ့ကို သတ်တော့မလိုလုပ်ပြီး အခုကျတော့ ခင်မင်ရင်းနှီးသလို လုပ်နေပြန်ပါရော။
လင်ရှုက “အဆင်ပြေလား”
အဲဒီသွေးအန်တဲ့ပုံအရ သေချာပေါက်ကို အတွင်းဒဏ်ရာ ရမှာပဲလေ။ လင်းဖုန်းရှောင်က သဘောတူသလို အသံပြုပြီး ကျောက်စိမ်းပုလင်းတစ်ခုထဲက ဆေးကို ထုတ်သောက်လိုက်တော့မှ မျက်နှာ အရောင်ပြန်တက်လာသည်။
“နင့်သွေးကြောတွေက အလုပ်မလုပ်ဘူး။ ဘာလို့များလဲ”
လင်ရှုလည်း မသိဘူးလေ။ ဒါပေမဲ့ ဆေးမီးဖိုမီး ညှိနိုငိတာကိုက သိုင်းပညာနည်းနည်း ရှိတယ်လို့ ပြောလို့ရတာပဲ။
လင်ရှုပြောနိုင်တာက “အဲဒါက အဲ့လိုပါပဲ”
လင်းဖုန်းရှောင်က မယုံနိုင်တဲ့မျက်နှာပေးနဲ့ “နင့်ဆရာက မသင်ပေးဖူးဘူးပေါ့”
လင်ရှု “မသင်ပေးဖူးဘူး”
လင်းဖုန်းရှောင် “ဒါဆို နင့်မှာ ဆရာရှိတယ်ပေါ့လေ”
လင်ရှု “......”
သွားပါလေရော။ သူ နောက်တစ်ခါ ထောင်ချောက် ထပ်အဆင်ခံလိုက်ရပြီလေ။ သူ ဘာပြောရမှန်း မသိပေမဲ့ မပြောဘဲနေရင်လည်း လင်းဖုန်းရှောင်က တစ်ခါ ထပ်စိတ်ဆိုးဦးမယ်။ သူ တစ်ခုခုပြောခါနီးမှာ လင်းဖုန်းရှောင်က
“မပြောချင် ပါးစပ်ပိတ်နေ နင့်ပါးစပ်ထဲ အမှန်တရားဆိုတာ ရှိရောရှိရဲ့လား”
လင်ရှုက ကြက်ပေါက်လေးလို အပြစ်ကင်းချင်ယောင် ဆောင်ပြီး မျက်တောင်သာ ခပ်ပြနေတော့သည်။ လင်းဖုန်းရှောင်က သူ့ကိုကြည့်လာပြီး ပြုံးမလို မပြုံးမလို မျက်နှာပေးနဲ့ “လူလိမ်ကောင်”
ထို့နောက် သူ့ကို ချန်းယွမ်ဘုရားကျောင်းအထိ လိုက်ပို့ပြီး ပြန်ထွက်သွားတော့သည်။
လင်းဖုန်းရှောင် ဘာဖြစ်ချင်နေမှန်း သူ မသိဘူးလေ။
အတန်းပြီးလို့ သူပြန်ထွက်လာတော့ သူက ရှောင်လင်းယန် တားတာ ခံလိုက်ရပြန်သည်။
“မင်း မင်း လင်းဖုန်းရှောင် သဘောကျအောင် ဘာလုပ်ခဲ့လဲ ငါ စိတ်မဝင်စားဘူး။ မင်းအနာဂတ်မှာ သူဆီကနေ ဝေးဝေးနေ မနေရင်”
သူက လည်ပင်းကိူ လက်နဲ့ဖြတ်ပြပြီး “ဖီးနစ်ဗီလာအတွက် အပြင်လူတွေ ဝင်ရောနိုင်မှာ မဟုတ်ဘူး။ သူ့နား မကပ်အောင် မင်းဘာလိုချင်လဲ။ ပိုက်ဆံ၊ ရတနာ နည်းစနစ် မဟုတ်ရင် မိန်းမလား၊ မင်းကို ဉာဏ်အလင်း ပွင့်အောင် ဟွမ်သန်းတောင်ကိုတောင် ငါ ပို့ပေးလို့ရသေးတယ်”
ငါ မလိုချင်ဘူး။
ငါ လိုချင်တာ မင်းနဲ့ မင်းရဲ့ထူးထူးဆန်းဆန်းအမျိုးတွေ ငါ့နား မကပ်တာဘဲ လိုချင်တာ။
ခုနကအထိ လင်းဖုန်းရှောင်နဲ့ သတ်မယ်တကဲကဲ ဖြစ်နေတဲ့ကောင်က အခုကျတော့ မျက်ရှုပုလဲလေးလို ကာကွယ်ပေးဖို့ လုပ်နေပြန်ပြီ။
လင်းဖုန်းရှောင်ကို ဝင်ရောဖို့လား အဲလောက်အထိ သတ္တိရှိတယ်များ မှတ်နေလား။
သူ့လိုငါးဆားနယ်လေးက ဘာလို့များ ပင်လယ်ရဲ့ အရေးကိစ္စတွေထဲ ရောပါသွားရတာလဲ။
အဲ့လိုအချိန်မှာတော့ လင်ရှုက ခရမ်းကြယ်နက္ခတ်ဗေဒကြောင့် ဦးနှောက်ကုန်တဲ့ အခြေအနေမှာ ရှိနေတော့ လုံးဝရှုပ်ထွေးနေပြီး ရှောင်လင်းယန်ကို ထားခဲ့ပြီး လှည့်ထွက်ခဲ့လိုက်သည်။
25 03
“နေဦးလို့”
သူက ပြေးထွက်လာပြီး လင်ရှုရဲ့ လက်မောင်းကို ဆွဲလိုက်သည်။ သူ့အားက လင်းဖုန်းရှောင်နဲ့စာရင် မဖြစ်စလောက်လေးပဲ။
ဒါပေမဲ့ ဘာသိူင်းပညာမှရှိမနေတဲ့ လင်ရှုအတွက်တော့ ရုန်းမရဘူးလေ။
လင်ရှုက မျက်မှောက် ကြုတ်ပြီး “ငါ လင်းဖုန်းရှောင်နဲ့ မရင်းနှီးဘူး”
“မရင်းနှီးဘူး” ရှောင်လင်းယန်က ရွဲ့တော့သည်။ “သူ့မောင် ငါ့ကိုတောင် အတန်း လိုက်မပို့တဲ့လူက မင်းနဲ့အတူ အတန်းလိုက်တက်နေတာလေ။ မရင်းနှီးဘူးပြော ဘယ်သူကယုံမှာလဲ”
လင်ရှု “.....”
သူက “ဒါဆို လင်းဖုန်းရှောင် ငါ့ကို ဒီအတန်းကနေလာကြိုမှာကို မင်းမကြောက်ဘူးလား”
ရှောင်လင်းယန် တောင့်သွားပြီး လင်ရှုကို ဆွဲထားတဲ့လက်ကို ပြန်ရုတ်လိုက်သည်။
လင်ရှု သိတာပေါ့၊ ဒီလူ လင်းဖုန်းရှောင်ကို ကြောက်မှန်း။
လင်ရှု “နှုတ်ဆက်ပါတယ်”
ရှောင်လင်းယန် “မင်းစောင့်နေ”
လင်ရှုက စာအုပ်တွေ စီအပြီးမှာတော့ သူ့သိုင်းပညာ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ ကြံဆမိတော့သည်။ ရှိတဲ့စာအုပ်တွေကလည်း သမိုင်းတွေ ကျင့်ကြံခြင်း နည်းစနစ်တွေချည်းပင်။ ရှိတဲ့သိုင်းပညာ နည်းစနစ်တချို့ကလည်း အခြေခံသက်သက်တွေချည်း။
သူ လိုချင်တာက ကျွမ်းကျင်မှုက အဓိကကျတဲ့ သိုင်းပညာမျိုးဖြစ်သည်။
သူ့အရင်ဘဝက ဆရာပြောပုံအရဆို အဲဒါက ခန္ဓာကိုယ်ပျော့ပြောင်းမှုကို တိုးမြင့်ပေးတဲ့အပြင် ချီမရှိရင်တောင် ကျွမ်းကျင်သူတွေကို ရိုက်ချနိုင်သည်လေ။
ဒါပေါ့ စာကြည့်တိုက်မှာတော့ ဒီလိုဟာမျိုး ဘယ်ရှိပါ့မလဲ။
သူက ထွက်လာပြီး ရှင်းလော်ရေကန်နားကနေ ကြယ်ကောင်းကင်ကိုငေးရင်း လင်းဖုန်းရှောင်နဲ့ ဘယ်လိုရှင်းရမလဲလို့ တွေးမိတော့သည်။
ဒီနေ့စကားတွေအရ သူ ရလိုက်တဲ့အချက်အလက်တွေအရ အစ်မကြီး သူ့ကိုကပ်နေတာက သူမက တစ္ဆေမ်ြု့တော်ကိုဝင်ပြီး သူမရဲ့ ခင်ပွန်းလောင်းကို ရှာချင်တာ။ အဲ့ကနေထွက်ပြီး အကယ်ဒမီ ရောက်လာတော့လည်း သူမက လက်မလျော့ဘဲ သူ့ရွာက သဘာဝလွန်ကိစ္စနဲ့ မင်ကျိူးမြို့မှာ တစ္ဆေလက္ခဏာ ပေါ်လာတဲ့ကိစ္စကို စုံစမ်းချင်နေတယ်။
ဒီနေ့မှာ ရှောင်လင်းယန်က သူမကို လက်ထပ်မိန့်မချပေးဘဲ မုဆိုးမ လုပ်ခိုင်းမယ်လို့ အော်ပေမဲ့ ဒေါသ မပေါက်ကွဲခဲ့တဲ့အထိ စိတ်ကောင်းဝင်နေမှတော့ သူမခင်ပွန်းလောင်းရဲ့ သဲလွန်စကို ရသွားလောက်ပြီ။
ဘယ်ကနေ သတင်းရခဲ့တာပါလိမ့်။ သူ့ရွာက ကိစ္စကို ကူညီပေးတုန်းကလား။
အဲဒါကလွဲရင် ကောင်းကင်ကို နှာခေါင်းပေါက်လောက်ပဲ စိတ်ထဲရှိတဲ့ လင်းဖုန်းရှောင်က သူ့ကို ရုတ်တရက် ကောင်းပေးလာစရာ အကြောင်းအရင်း မတွေ့ဘူးလေ။
ဒါဆို ဆေးတွေဘာတွေက သူပေးတဲ့ နှုတ်ဆက်လက်ဆောင်ပေါ့။
ထိုသို့တွေးလိုက်တော့ လင်ရှု စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။
ကျင်းဖုန်း ရှီယွီဥယျာဉ်အလယ်ခန်းမှာတော့ လင်းဖုန်းရှောင်က ရှောင်လင်းယန်ရဲ့အိမ်စာတွေကို စစ်နေပြီး လင်းပေါင်ချန်းကတော့ လက်ဖက်ရည် ဖျော်ပေးနေသည်။
ရှောင်လင်းယန်လို တက်တက်ကြွကြွလူက တောင့်တောင့်ကြီး ထိုင်နေတာတွေ့ရော လင်ရှုနှုတ်ခမ်းက နည်းနည်း တွန့်သွားတော့သည်။
အဲဒီလူက သူ့အစ်မ ပိတ်ဖမ်းတာ ခံထားရတော့ ဒီညတော့ သူ့ကို ပြဿနာ လာမရှာလောက်ဘူးလေ။
25 04
အေးချမ်းတဲ့ညပဲလို့ ထင်လိုက်ပေမဲ့ သူ့တံခါးကို လာခေါက်တဲ့အသံ ကြားလိုက်ရတော့သည်။
ဘယ်သူရှိရမလဲ လင်းပေါင်ချန်းပေါ့။ သူမက “လင်ရှု ဒီအကယ်ဒမီမှာ နေရတာ သက်သောင့်သက်သာမရှိတဲ့ တစ်ခုခုရှိရင် ပြောနော်။ ငါတို့ဖြေရှင်းပေးဖို့ အစ်မကြီးက ပြောထားတယ်”
အစ်မကြီးက ခင်ပွန်းလောင်း သဲလွန်စရတော့ အပျော်လွန်နေပြီ ထင်တယ်။
လင်ရှုက “မရှိပါဘူး”
လင်းပေါင်ချန်းက သူ့အခန်းကိုဝေ့ကြည့်ပြီး “နင့်အခန်းက တအား ရှင်းလင်းလွန်းနေတယ်။ လက်ရေးလှစာသားလေူတွေ ချိန်ထားဖို့ ငါယူလာပေးမယ်။ အဲ ဆရာယွီရဲ့ လေးရာသီ ရှုခင်းပန်းချီကားနဲ့ တောင်ထွဋ်မိုးတိမ် ပန်းချီကားလည်းရှိတယ်။ ပြီးတော့ ဒါက တောင်ပိုင်းပင်လယ်ကထွက်တဲ့ ညလင်းပုလဲ။ ဖယောင်းတိုင်မီးနဲ့ စာကြည့်တာက မင်းမျက်လုံး ထိလိမ့်မယ်။ ဒီအမွှေဆီမီးဖိုက ကျင့်ကြံတဲ့အချိန် သုံးလို့ကောင်းတယ်”
လင်ရှုက အမြန်ပဲ ငြင်းတော့သည်။ “ရပါတယ် မလိုပါဘူး”
“မရနဲ့လေ” လင်းပေါင်ချန်းက “နင်က အပြင်လူမှ မဟုတ်တာ။ အဲ့လောက်အထိကြီး ဂရုတစိုက် မလုပ်နေပါနဲ့”
လင်ရှု “......?”
ဘယ်လိုလုပ် ငါက အပြင်လူ မဟုတ်ရတော့တာလဲ။
“ဘာလို့လဲ”
သူမေးတော့ လင်းပေါင်ချန်းက ရယ်တော့တယ်။ “နင်က တကယ်အစ်မကြီး ပြောသလိုပဲသိလား”
“ဘယ်လို”
“အစ်မကြီးက ပြောတယ်” လင်းပေါင်ချန်းက ပြောပြလာသည်။ “အဲ့အသေးလေးလင်ရှုက သူ့နေ့ရက်တွေကို မှုန်ဝါးဝါးဖြတ်သန်း စကားကို နည်းနည်းပဲ ပြောတာတွေက ကွဲပြားစေတာပဲတဲ့”
လင်ရှုက ဘာလို့ သူအပြင်လူ မဟုတ်တော့လဲဆိုတာ မရှင်းသေးဘူးလေ။
လင်းပေါင်ချန်းက သက်ပြင်းချရင်း “အစ်မကြီးရဲ့ ခင်ပွန်းလောင်းကို မတွေ့တော့ပေမဲ့ တအားတော့ မဆိုးပါဘူး။ အစ်မကြီးကို ကောင်းကောင်း ဆက်ဆံပေးပါနော်။ လင်ရှု သဝန်တိုတာ ဘာညာခံစားရလည်း ဂရုသိပ်မစိုက်ပါနဲ့။ ငါတို့ဖီးနစ်ဗီလာက နင့်ကို အကျိုးမယုတ်စေပါဘူး”
လင်ရှုက ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချသလို ခံစားလိုက်ရသည်။
သူအ ထင်မှားသွားတာလား။
လင်းဖုန်းရှောင်က လက်မထပ်နိုင်တော့ဘူးဆိုရင် သူမကိုယ်သူမ အပြစ်တင်နေမဲ့အစား သူမက အဲ… အဲဒီဟာကို တည်ထောင်မှာလား။
ရှောင်လင်းယန်က အဲဒါကို တားဖို့ကြိုးစားပေမဲ့ ဖီးနစ်ဗီလာက မိန်းကလေးတွေက ပံ့ပိုးပေးတယ်ပေါ့။
ပစ်မှတ်က သူ ပါတယ်တဲ့လား။ လင်းဖုန်းရှောင် ကန်းနေသလား။
လင်းပေါင်ချန်းက မချိပြုံးနဲ့ “နင် သိပြီလား”
လင်ရှု “ငါ မသိဘူး”
“တုံးချင်ယောင် ဆောင်တာပဲ” လင်းပေါင်ချန်းက ထရပ်ပြီး ထွက်သွားရင်း “ငါသွားပြီ။ မနက်ဖြန် အဲဒီ္ဟာ ပို့လိုက်မယ်”
လင်ရှုက အိပ်မက်မက်နေသလို ခံစားနေရသည်။
သူက စာမဖတ်နိုင်သလိူ ကျင့်လည်း မကျင့်ကြံနိုင်ဘူး။ နေ့လယ်က သစ်ခွရနံ့နဲ့ လည်ပင်းကိူ ထောက်ထားတဲ့ အေးစက်စက်ဓားသွားကို တွေးမိလိုက်တော့သည်။
25 05
သူက စိတ်ရှင်းအောင် အိပ်မက်နယ်မြေထဲ ဓားသိုင်းသွားကျင့်ဖို့ကြံပြီး ကျောက်စိမ်းပြားကို ထုတ်ပေမဲ့ ဆရာမုန့်အသံက ထွက်ပေါ်လာသည်။ “အိပ်မက်နယ်မြေစွမ်းအင် မတည်ငြိမ်နေလို့ တာအိုရောင်းရင်း နောက်မှ ပြန်လာပါ”
တစ်ပူပေါ် တစ်ပူဆင့်တာပဲ။
လင်ရှုကတော့ ဒီရှုပ်ထွေးတဲ့ အင်မော်တယ်ကမ္ဘာကနေ ပြေးပြီး လီယာမောက်နဲ့ လီကျီမောက်တို့နဲ့အတူပဲ စပါးသာစိုက်လိုက်ချင်တော့သည်။
******