Ch 23
Viewers 4k

23 01

အခန်း (၂၃)

ဘာကြီးလဲ အဲဒါ

 

ယွဲ့ရို့ဟယ်က စကားဆက်ပြောချင်ပေမဲ့ အပြင်ကနေ သူ့ညီမအသံက ထွက်ပေါ်လာခဲ့သည်

 

ယွဲ့ရို့ဟယ် လေ့ကျင့်ချိန် ရောက်ပြီ

 

ညီမပြောတာကို မငြင်းနိုင်တဲ့ ယွဲ့ရို့ဟယ်က သူ့ညီမဆီ သွားလိုက်ရတော့သည်။ ပြောမှ အဲဒီယွဲ့မောင်နှမရဲ့ သိုင်းပညာက တကယ်စိတ်ဝင်စားစရာ ကောင်းသည်

 

အစက ရှန်းလင်းအကယ်ဒမီ ဝင်ခွင့်တုန်းကမေးခွန်းက မိုးမြေကြားမှာ ပိတ်မိနေတဲ့ လောကအကြောင်းလေ။ ဒါပေမဲ့ ဒီမောင်နှမက လူသားနဲ့ မိုးမြေတိူ့ဟာ တစ်ခုထဲပဲ အရာဝတ္ထုပဲ ကိုယ်ကလည်း အရာဝတ္ထုပဲမလို့ အဖြေက အဆုံးမရှိတော့ဘူး တဲ့လေ။ သူ့နဲ့ဆွေးနွေးဖို့ ပို့ထားတာ သိပ်မထူးဆန်းတော့ဘူး။

 

အိမ်မက်ခန်းမရဲ့နည်းစနစ်က ဘာလက်နက်မှ မသုံးဘူး တစ်ဖက်လှည့်တွေးရင် အရာအားလုံးက သူတို့အတွက် လက်နက်ပဲ ပန်းပွင့်၊ သစ်ရွက်၊ ရေ၊လေ တွေကို အသုံးချနိုင်တဲ့ ပညာရပ်တွေရှိပြီး တချို့သော ပန်းပွင့်ပျံများနဲ့ အကန့်အသတ်မဲ့ ပိုးသားမိုး သိုင်းကွက်တွေက နာမည်ကြီးပဲ

 

လင်ရှုက ဆေးသောက်လိုက်ပြီး လင်းဖုန်းရှောင်ကို ဘယ်လိုပြန်ပေးဆပ်သင့်လဲလို့ တွေးနေမိသည်။ ဆေးတွေက ကောင်းပေမဲ့ သူ့သွေးကြောတွေကတော့ ပိတ်နေဦးမှာလေ။ သူ တွေးနေတာရပ်ပြီး ကျင့်ကြံလိုက်သောကြောင့် အရင်တစ်ခေါက် သူ့ညာလက်က ပူသလို နှလူံးနားကပူလာတာ သတိထားမိလိုက်သည်

 

ဒီတစ်ခါသွေးကြောက လင်းဖုန်းရှောင် ကျေးဇူးပါသည်။ သူ ဘယ်လို ပြန်ဆပ်ရတော့မလဲ။ လင်းဖုန်းရှောင်ရဲ့ချီနည်းနည်းရတာက သူ့အတွက် အထောက်အကူ အကြီးကြီးပေးတော့ အကူအညီ သွားတောင်းသင့်လား။

 

အစ်မကြီးရေ ချီလေး နည်းနည်းမျှပါ များလေကောင်းလေပဲ ဆိုတာမျိုးလား။

 

ဘယ့်နှယ် ချမ်းသာတဲ့ဇနီးလေး ငါ့ကိုဖက်ပါ ဆိုတာနဲ့ ဘာထူးလိူ့လဲ။

 

မသင့်တော်တာတွေပဲ။

 

လင်ရှုက တစ်ချိန်ကျရင် တစ်ခုခုပြ န်ပေးဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်

 

လင်ရှု အဝတ်လဲပြီး ဆက်ကျင့်ကြံသည်

 

ကျင့်ကြံနေရင်း သူ့စိတ်တွေက အတိတ်တုန်းက နှစ်တိုင်း ဇူလိုင်လဆို သူ့ဆရာနဲ့ မြောက်ဖက်တောင်တန်းပေါ်က သူ့ဆရာအဆိုအရ အရင်က ဂိုဏ်းဟောင်းနေရာမှာ သွားနေဖြစ်တာကို တွေးမိလိုက်သည်။ တောင်ခြေမှာ ရထားလမ်းရှိပြီး ညဖက် လူခြေတိတ်ချိန် ရထားဖြတ်မောင်းတဲ့အသံကို သူ အတော်သဘောကျခဲ့ခြင်းဖြစ်သည်

 

လင်ရှုက သူ့စိတ်ကိုရှင်းပြီး အတိတ်ပုံရိပ်တွေက ရုန်းထွက်ပြီး အိပ်ဖို့ ပြင်လိုက်သည်

 

လေတစ်ချက်အဝေ့မှာ ပြတင်ပေါက်ဝါးခန်းစီးက လှပ်သွားပြီး အလယ်ဆောင်က လင်းဖုန်းရှောင်ကို မြင်လိုက်ရသည်

 

ပထမတွေ့တုန်းက လက်ဖက်ရည်သောက်ရင်း စာဖတ်နေတာဆိုပေမဲ့ အခုကတော့ သူမစိတ်ထဲ တစ်ခုခုရှိနေသလို ဓားကို အသေအချာ ပွတ်သပ်နေသည်။ သူ့အကြည့်ကို ခံစားမိလို့လားမသိပေမဲ့ လင်းဖုန်းရှောင်က သူ့ကိူ လှမ်းကြည့်လာသည်

 

လင်ရှုက ကျင့်ကြံပြီးစ အူလည်လည်ဖြစ်နေတဲ့ အခြေအနေမှာကြောင့် ချက်ချင်း အကြည့်လွှဲရမဲ့အစား လင်းဖုန်းရှောင်နဲ့ သုံးစက္ကန့်လောက် အကြည့်ချင်း ဆုံနေမိသည်

 

လင်းဖုန်းရှောင်က ပြုံးပြီး သူ့ကို တစ်ခုခု ပြောလိုက်သည်

 

ပါးစပ်လှုပ်ပုံအရဆိူ စောစောအိပ် ဆိုတာပဲနေမှာ လင်ရှုက ခန်းစီးချပြီး တွေးမိလိုက်သည်။ သူ မနေ့က မအိပ်ဘဲ ပြိုင်တာကို စိတ်ထဲ ထားနေတာများလား။

23 02

လင်ရှုက နန်ရှားရူခင်း လေ့လာခြင်း၊ ရှားစာအုပ်၊ ခရမ်းကြယ်နက္ခတ်ဗေဒတွေကို တွေးမိတော့ သူတော့ ကျတော့မှာပဲလို့ တွေးမိလိုက်လေသည်

 

သူ အိပ်ပျော်သွားပြီးနောက် အိပ်မက် လုံးဝမမက်ခဲ့ပေ

 

******