Ch 144
Viewers 5k

အခန်း 144 " သွေးရွဲဖို့ တောင်းဆိုနေတာ "



လော့မောင်ယွမ် နောက်ဆုံးတွင် သတိပြန်ရလာပြီး သူ့မျက်နှာက ခရမ်းရောင်သန်းနေကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော သက်တော်စောင့်များကိုပင် ဂရုမစိုက်ဘဲ အခြားဓာတ်လှေကားထဲသို့ လျှောက်သွားသည်။


ရီရှန်းမှကိုယ်ရံတော်များကလည်း တယောက်ပြီးတစ်ယောက် မျက်စပစ်ပြီး လော့မောင်ယွမ် ဝင်သွားသည့်ဓာတ်လှေကားထဲသို့ လိုက်သွားကြသည်။  လော့မောင်ယွမ် အစက  ရန်ကောင်းအဖွဲ့မှ ဒုတိယဥက္ကဋ္ဌတစ်ဦးထံ သွားရောက်လည်ပတ်ဖို့ လုပ်ထားခဲ့သော်လည်း  ဒီမျက်နှာဖြင့် ထိုလူများနဲ့တွေ့ဆုံရန်မှာ မဖြစ်နိုင်တော့ပေ။



ရန်ကောင်းအဖွဲ့မှပြင်ဆင်ပေးသောနေရာတွင် လျူယောင် တည်းခိုခဲ့သည်။


ကျိုးယန်က နောက်မှ လိုက်ဝင်ပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။


"သူဋေးက.... အရမ်းတော်တာပဲ....ရီရှန်းအဖွဲ့ရဲ့ အပြုအမူကို ကျွန်တော် မနစ်သက်တာ ကြာပြီ.... ဒီတစ်ခါတော့...သူဋေး.... လုပ်တာ... အရမ်းလန်းတယ်...."


လျူယောင်  အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "  ဒီလော့မောင်ယွမ်... အရိုက်ခံရဖို့ထိုက်တန်တယ်.. ငါ... ဒီလူ့ကို...ချီဒုံသင်္ဘောကျင်းမှာ....နောက်ဆုံးအကြိမ် လွှတ်လိုက်တာက.... သူ့မှာ....အမှတ်သည်းခြေ ရှိမယ်ထင်လို့....ဒီတစ်ခါလည်း....ဒီလိုမျိုးဖြစ်ပြန်တယ်...."


လော့မောင်ယွမ်  မည်းမှောင်နေတဲ့ မျက်နှာနဲ့ သူ့အခန်းထဲကို ပြန်သွားခဲ့သည်။


သူ့လက်အောက်ငယ်သား အတော်များများက နောက်မှလိုက်ခဲ့ကြပြီး တယောက်က တံခါးကိုပိတ်ပြီး သူ့ရဲ့သစ္စာစောင့်သိမှု့ကို ဒေါသတကြီး ထုတ်ဖော်ပြောလိုက်သည်။


"သူဋေး...ကျွန်တော်တို့....ဒီတိုင်း...လွတ်ထားလို့မရဘူး...."


" သူဋေး.... ရဲခေါ်ပြီး... ရဲကို...အပ်လိုက်ရအောင်... ...လျူယောင်ကို.အနည်းဆုံး..ရဲက ခေါ်ဆောင်သွားလိမ့်မယ်...." နောက်ထပ်လက်အောက်ငယ်သားတစ်ယောက်က ဝင်ပြောလိုက်သည်။


လော့မောင်ယွမ် အော်ပြောလိုက်သည်။


"ငါ့အတွက်.... တိတ်တိတ်လေးနေပေး.... မိုက်မဲတဲ့....ဝက်တွေ.....""


ရဲကိုခေါ်တာ ဘာကိစ္စမှဖြစ်မလာဘူးဆိုတာ သူသိနေသည်။ သူတို့ကိုယ်သူတို့ ခုခံကာကွယ်တာဖြစ်ပြီး သူ့ရဲ့ကိုယ်ရံတော်တွေကသာ အရင်လုပ်ခြင်းကြောင့်ပင်။


ထို့အပြင် ရဲကိုဖုန်းဆက်ပြီးနောက် ထိုအဖြစ် အပျက်ကို အကုန်သိကုန်ပြီး လုံးဝအရှက်ရသွားမှာက သူပဲ ဖြစ်သည်။


လော့မောင်ယွမ် မည်းမှောင်သော မျက်နှာဖြင့် ဆိုဖာပေါ်တွင် ထိုင်ရင်း ဒေါသထွက်‌နေသည်။


လျူယောင် ကို သူ့ နှလုံးသားထဲတွင် အရိုးထိအောင် မုန်းတီးနေပေသည်။


အချိန်အတော်ကြာပြီးနောက် လော့မောင် ယွမ်က ဒေါသထွက်ကာ ပြောလိုက်သည်။


“ဂလိုဘဲလ်လည်း....လေလံဆွဲဖို့အတွက် ဒီကိုလာခဲ့တာ...ငါတို့... လေလံအောင်ပြီး...သူတို့လက်ဗလာနဲ့ ....ပြန်သွားပလေ့စေ...."


သူ ခဏ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။ "ရန်ကောင်းအဖွဲ့က...မစ္စကျိန်း... ကိုဖုန်းဆက်လိုက်...ငါ....သူ့ကို... ဒီည.... ညစာကျွေးမယ်ဆိုတာ...."


ထို့အပြင် သူ ပြင်ဆင်ထားသည့်  လက်ဆောင်များကိုလည်း ယူဆောင်လာခဲ့သည်။


ထိုလူက  လျှို့ဝှက်စွာလုပ်ဆောင်ရန် စီစဉ်နေပြီး လာဘ်ပေးလာဘ်ယူ လုပ်ဖို့  ကြံရွယ်ထားကြောင်း တွေ့မြင်နိုင်သည်။



နောက်တစ်နေ့တွင် ရန်ကောင်းအဖွဲ့က လေလံဆွဲခြင်းကို သူတို့ရဲ့ ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။


ခန်းမကျယ်ကြီးထဲမှာ လူတစ်ရာနီးပါး ရှိသည်။ လေလံဆွဲရာတွင် ပါဝင်သည့် ကုမ္ပဏီငါးခုအပြင်  အဆင့်မြင့် အမှုဆောင်အရာရှိ အများအပြားနဲ့ ဆက်စပ်ဝန်ထမ်း တစ်ဦးမှ အယောက်နှစ်ဆယ်အထိ ပါဝင်ခဲ့သည်။


ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုမှာ ဤလေလံဆွဲရာတွင် အလွန်အရေးပါသည့်အချက်ဖြစ်ပြီး အဆင့်မြင့်အမှုဆောင်အရာရှိအများအပြားက ထိုနေရာတွင် အမှန်တကယ်ထိုင်နေကြသည်ကို တွေ့မြင်နိုင်သည်။


အဆင့်မြင့် အမှု့ဆောင်များထဲမှ တစ်ဦးက လုပ်ငန်းစဉ်နဲ့ ကြိုတင်ကာကွယ်မှုများကို အတိုချုံးမိတ်ဆက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို စတင်ပြောကြားခဲ့သည်။



လျူယောင်က တရားထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးကဲ့သို ထိုင်နေသည်။ ကျိုးယန် နဲ့ အခြားသူများမှာ လေလံဆွဲရာတွင် အဓိကအားဖြင့် ပါဝင်ခဲ့သည်။ လျူယောင်က ကိုယ်တိုင် အပြင်ထွက်ရန် မလိုအပ်ဘဲ ထိုနေရာတွင် ထိုင်ပြီး ကြည့်ရှု့ နားထောင်ရုံသာ ဖြစ်သည်။


သူ့ကို အမြဲတမ်း အေးစက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို ခံစားလိုက်ရ လို့ လူအုပ်ကို  လိုက်ကြည့်စဉ်လော့မောင်ယွမ် ကိုမြင်လိုက်တယ်။


"...အိုး....ဒီလူ....မနေ့ကသတိပေးချက်.... မလုံလောက်ဘူးထင်တယ်.... "လော့မောင်ယွမ်က မကျေနပ်တဲ့မျက်နှာဖြစ်နေသောကြောင့်  လျူယောင် သူ့စိတ်ထဲကနေ ပြောလိုက်သည်။


လျူယောင် က ထိုလူကို လျစ်လျူရှုခဲ့ပြီး လေလံဆွဲခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ကြည့်ရှုခဲ့သည်။ နေ့လယ်ပိုင်းရောက်တော့  စျေးပြိုင်စနစ်က ပြီးဆုံးခဲ့သည်။


သို့သော်လည်း ရန်ကောင်းအဖွဲ့က ဤလေလံညီလာခံတွင် ရလဒ်များကို မကြေညာဘဲ လေလံညှိနှိုင်းမှု့တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အားလုံးကို အသိပေးခဲ့သည်။ဆိုလိုသည်မှာ သူတို့ အတွင်း၌ ဆွေးနွေးပြီးမှသာ သုံးရက်အကြာတွင် တရားဝင်ရလဒ်များကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။


  လေလံဆွဲမှု့ဟာ အခြေခံအားဖြင့် ပြီးသွားတော့ ရလဒ်ကို စောင့်ရုံပါပဲ။


လျူယောင်လည်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ တစ်နေ့လုံး ထိုင်ပြီးတော့ နောက်ဆုံးတော့ ပြီးသွားခဲ့သည်။သူ့ရဲ့ခန္ဓာကိုယ်နဲ့ကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ဖို့လမ်းလျှောက်ဖို့လိုအပ်နေသည်။


အဲဒီအချိန်မှာပဲ လော့မောင်ယွမ်က မတ်တပ်ထရပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် ပြော လိုက်တာက " မစ္စတာဟဲ..မစ္စတာဇန်...ငါပြောစရာရှိတယ်....အဲ့ဒါက...နောက်လာမဲ့ စေ့စပ်ရေး....အတွက်....အရမ်းအရေးကြီးတယ်... "


 ရန်ကောင်းအဖွဲ့၏ အကြီးတန်း အမှု့ဆောင်အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ တော်တော် အံ့သြသွားပြီး လော့မောင်ယွမ် က ဒီအချိန်မှာ စကားပြောဖို့ မတ်တပ်ရပ်မယ်လို့ မထင်ထားမိပေ။



ဤလေလံတွင် ပါဝင်ခဲ့သည့်  ရန်ကောင်းအဖွဲ့၏ အဆင့်အမြင့်ဆုံး ဒုတိယဥက္ကဋ္ဌ ဟေကျုံး က  မဆိုင်းမတွ ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။


"ကောင်းပြီ...မင်းမှာ... တစ်ခုခုပြောစရာရှိရင်....လူတိုင်းရှေ့မှာ... ပြောပါ..."


 လျူယောင်ကို အရင်ဆုံးကြည့်ကာ လော့မောင်ယွမ် ကျယ်လောင်စွာပြောလိုက်သည်။


"အထူးသဖြင့် ရန်ကောင်းအဖွဲ့က လူတိုင်း  သိဖို့  လိုအပ်တယ်လို့ ထင်ပါတယ် “


"  ဂလိုဘဲလ် က ဒီလေလံဆွဲမှု့ မှာ ပါဝင်ရန် မသင့်တော် ဘူးလို့ ကျွန်တော်ထင်ပါတယ်...ပထမဦးစွာ.....သူတို့မှာ....တန်ချိန် ၂၀၀,၀၀၀ ရှိတဲ့ရေနံတင်သင်္ဘော နှစ်စင်းက ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး အသုံးမပြုရသေးတဲ့ ရေနံတင်သင်္ဘော နှစ်စင်းလည်းရှိတယ်။ အဆိုပါအရ ရေနံတင်သင်္ဘောနှစ်စင်းမှလွဲ၍ သူရဲ့ စုစုပေါင်းတန်ချိန်မှာ တန်ချီ 1 သန်း မပြည့်မီပါဘူး...."


"ဒ့ါအပြင် အထူးပြောဖို့ လိုတဲ့ အခြေအနေတစ်ရပ်လည်း ရှိပါသေးတယ်....ဂလိုဘဲလ်ကော်ပိုရေးရှင်းရဲ့အတိတ်က ကြီးကျယ်ခမ်းနားခဲ့တာမဟုတ်ပါဘူး....တားမြစ်ထားတဲ့ ပစ္စည်းများ သယ်ဆောင်လာခြင်းကို.. အကြိမ်များစွာအတိုင်ခံခဲ့ရပြီး....အကောက်ခွန်ကနေ...စစ်ဆေးမူ့အကြိမ်များစွာ... ပို့ဆောင်ပေးခဲ့ရပါတယ်...."



မူလက တိတ်ဆိတ်နေသော ဆွေးနွေးပွဲအခန်းတွင် အသံဗလံများထွက်ပေါ်လာပြီး  ရန်ကောင်း အဖွဲ့၏ အကြီးတန်းအမှုဆောင်အချို့က လေးနက်သောအမူအရာများကို ပြသခဲ့သည်။


အသံတိုးတိုးဖြင့် အမြင်ဖလှယ်ကြပြီး အချို့လူများက တစ်ခါတစ်လေ  ခေါင်းယမ်းကြသည်။


ကျို့ယန်နဲ့ တခြားသူတွေက ဒေါသထွက်နေကြသည်။


"ဟင့်အင်း.... ဒါက...အဓိပ္ပာယ်မရှိဘူး...."


လော့မောင်ယွမ်ပြောပြီးတာနဲ့ ကျိုးယန်က ထရပ်ပြီး ကျယ်လောင်စွာ  ပြောလိုက်သည်။


" အားလုံးပဲ...လော့မောင်ယွမ်... ခုနက ပြောသမျှဟာ...မသမာတဲ့...လုပ်ကြံဖန်တီးမှု့သာဖြစ်ပြီး....ဒါဟာ... လုံးဝမမှန်ကန်ပါဘူး...."


သူက ဂလိုဘဲလ်၏လက်ရှိရေနံတင်သင်္ဘောများရဲ့အခြေအနေကို မိတ်ဆက်ပေးရုံသာမက သင်္ဘောကျင်းကြီးများတွင် တည်ဆောက်ဆဲ ရေနံတင်သင်္ဘောကြီးများ အများအပြားရှိကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ထိုသင်္ဘောများ ပို့ဆောင်မှု့မှာ လအနည်းငယ်အတွင်း စတင်မည် ဖြစ်သည်။


တားမြစ်ထားသော ပစ္စည်းများ သယ်ယူ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ပို၍ပင် စိတ်ကူးယဉ် ဆန်ပြီး ထိုအရာမျိုး လုံးဝ မရှိပေ။


ကျိုးယန်က ဂလိုဘဲလ်၏ အခြေအနေကို တုန့်ပြန်ပြောဆိုပြီးနောက် အခင်းဖြစ်ပွားရာနေရာတွင် ဆွေးနွေးမှု့များ ငြိမ်သက်သွားခဲ့သည်။


လူတစ်ချို့က လော့မောင်ယွမ် ပြောတာကို တွေးတောပြီး သံသယဝင်နေကြသည်။



ရန်ကောင်းအဖွဲ့မှ အဆင့်မြင့်အရာရှိအများအပြားက ဘာမှမပြောဘဲ နောက်ဆုံးရလဒ်ကို ကြေညာရန်အတွက် လေလံဆွဲခြင်းပြီးဆုံးကြောင်း ကြေညာခဲ့သည်။


လျူယောင် မတ်တပ်ထရပ်ပြီး လော့မောင်ယွမ်ကို အေးစက်သောအကြည့်ဖြင့် ကြည့်ပေးလိုက်သည်။


လျူယောင် မူလက အေးဆေးတည်ငြိမ်နေသော်လည်း ယခုအချိန်တွင်တော့  အနည်းငယ် ဒေါသထွက်နေပြီး ရီရှန်းအဖွဲ့၏  လော့မောင်ယွမ်တို့အား သင်ခန်းစာအချို့ သင်ကြားပေးရန် လုပ်ဆောင်ချင်နေပါသည်။


အစည်းအဝေးပြီးသောအခါ လျူယောင်တို့အဖွဲ့မှာ ရန်ကောင်းလေလံနေရာမှ ထွက်ခွာခဲ့ပြီး ဟိုတယ်သို့ ပြန်သွားရန် စီစဉ်ခဲ့သည်။



      လျူယောင်နောက်ကို   ဒေါသတကြီး လိုက်သွားကာ ကျိုးယန်  ပြောလိုက်သည်။


" သူဋေး... လုံးဝ..... ခွင့်လွှတ်လို့မရဘူး နော်....လော့မောင်ယွမ်က.... သွေးရွဲဖို့တောင်းဆိုနေတာ...."


""မင်း....စိတ်မပူပါနဲ့....ဒီနေ့ .....သူ့စကားနဲ့..... သူ့အပြုအမူ....အတွက်.....ငါတို့ကို..... တောင်းပန်မယ့်နေ့ရောက်လာလိမ့်မယ်..... "



လျူယောင် ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်သည်။