အခန်း 143 " လော့မောင်ယွမ် အရိုက်ခံရပြီ "
“သူဋေး...ကျွန်တော်တို့အပါအဝင်...ဒီလေလံပွဲမှာ...စုစုပေါင်း... ကုမ္ပဏီ....ငါးခု... ပါဝင်ပါတယ်.....ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့....ပရိုတွန်ပင်လယ်အုပ်စု...ကျန်းဟုန်းကုမ္ပဏီနှင့် ဟန်ဖုန်းအဖွဲ့တို့ ဖြစ်ပါတယ်..”
“ကျွန်တော်တို့အတွက် အကြီးမားဆုံးပြိုင်ဘက်ကတော့ ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဖြစ်ပါတယ်...ခဗျ...”
ကျိုးယန်က အခြေအနေများကို ပိုမိုအသေးစိတ် အစီရင် ခံခဲ့သည်။
“သူဋေး.......ရီရှန်းအဖွဲ့ က လျှို့ဝှက်စွာ လုပ်ဆောင်နေတယ်...လို့ ...ကျွန်တော်...သိထားပါတယ်.. သူတို့က... ငွေသုံးပြီး....ဒီလေလံပွဲကို.... အနိုင်ရဖို့... လုပ်နေပါတယ်... " ကျိုးယန်ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။
- “ငါက တရားမျှတတဲ့... ယှဉ်ပြိုင်မှု့ကို.... မကြောက်ဘူး....ဒါပေမဲ့... ငါ....အစိုးရိမ်ဆုံးက တရားမမျှတတဲ့...ယှဉ်ပြိုင်မှု့ပဲ......”
လျူယောင် ဆက် ပြောလိုက်သည်။
- “လေလံစည်းကမ်းအရ ငါတို့က ပြိုင်ပွဲမှာ ပါဝင်ဖို့....အဆင်သင့်ရှိပြီး...နောက်ဆုံးမှာ ငါတို့ပဲ...အနိုင်ရလိမ့်မယ်လို့...မျှော်လင့်တယ်...”
ဟိုတယ်ကို ကြိုတင်စာရင်းသွင်းထားခဲ့သည်။ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုနဲ့မဝေးသည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ဖြစ်သည်။ ထိုနေရာနှင့် လည်းနီးသောကြောင့် အရာအားလုံး အဆင်ပြေသည်။
ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုမှာလည်း စိတ်အားထက်သန်စွာ လေဆိပ်တွင် ကြိုဆိုရန် အဆင့်မြင့်ကားနှစ်စီးကို စီစဉ်ပေးပြီး လျူယောင်နဲ့ အခြားသူများကို ဟိုတယ်သို့ ယဉ်ကျေးစွာ ပို့ဆောင်ပေးခဲ့သည်။
လူတိုင်းကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာပြီး သူတို့ရဲ့ ခရီးဆောင်အိတ်များနဲ့အတူ ဟိုတယ်ထဲသို့ ဝင်ရောက်လာကြသည်။
ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လျူယောင်နှင့် အခြားသူများမှာ သူတို့ရဲ့ခြေလှမ်းများကို အနည်းငယ် ရပ်လိုက်သည်။ ဓာတ်လှေကားနှစ်ခုမှ လူအများအပြား ထွက်လာတာကို မြင်ရပြီး အရေအတွက်မှာ အယောက်နှစ်ဆယ်ကျော်လောက် ရှိသည်။
လျုယောင် ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့၏ လော့မောင်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။
သူတို့လည်း ဒီဟိုတယ်တွင် တည်းခိုနေကြသည်။
ကိုယ်ရံတော်များက လော့မောင်ယွမ်ကို ဝန်းရံထားကြသည်၊ ရှေ့တွင် လမ်းရှင်းပေးနေတဲ့ ကိုယ်ရံတော်အများအပြား ရှိနေပြီး ထိုကိုယ်ရံတော်များက ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
“ဖယ်ပေး...ဖယ်ပေးစမ်း..."
လျူယောင် ရုတ်တရက် စိတ်မပျော်မရွှင်ဖြစ်သွားပြီး စိတ်ထဲကနေ ပြောလိုက်မိသည်။
“ဒါက... အများပြည်သူပိုင်နေရာဖြစ်တယ်...ခင်ဗျားရဲ့အိမ်.... မဟုတ်ဘူး...ဘာလို့ ဖယ်ပေးရမှာလဲ.... ခင်ဗျားက ကောင်းကင်ဘုံရဲ့ဘုရင်လို့ ထင်နေတာလား....”
ကျိုယန်နှင့် အခြားသူများက မူလက ဖယ်ပေးချင်သည်။သို့သော် သူဌေးက ဖယ်ပေးရန် ရည်ရွယ်ချက်မရှိတာကို မြင်သောအခါ သူတို့လည်း ဖယ်မပေးဘဲ လျူယောင်ကဲ့သို့ပင် နှေးကွေးစွာ လျှောက်နေသည်။
ရှေ့ဆုံးရှိ ကိုယ်ရံတော်တစ်ယောက်မှာ လျူယောင်နဲ့အခြားသူများက လမ်းဖယ်ပေးရန် ရည်ရွယ်ချက်မရှိတာကို မြင်သောအခါ လျူယောင်ကို ဖယ်ရှားရန် တွန်းထုတ်ဖို့ ကြိုးစားလိုက်သည်။
သူ ခေတ္တမျှ အံ့အားသင့်သွားပြီး လျူယောင် ကို ကြည့်လိုက်သည်။ ဤတွန်းကန်ခြင်းမှာ တောင်ကြီးတစ်လုံးကို တွန်းသည်နှင့်တူလှသည်။လျူယောင်ကတော့ လူပ်ပင်မလူပ်ချေ။
ထိုကိုယ်ရံတော် ခေတ္တမျှ ထူပူပြီးနောက် ဒေါသလည်း ထွက်လာပုံရသည်။ လော့မောင်ယွမ်ရဲ့လူတစ်ယောက်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် မာနကြီးသည်။
" xxxx ဖယ်ပေးစမ်း..."
ထို့ကြောင့် သူ့ရဲ့ပါးစပ်မှ ညစ်ညမ်းသည့်စကားများအပြင်အခြားလက်ထဲတွင်ကိုင်ထားသော ရော်ဘာတုတ်အမည်းဖြင့် လျူယောင်ကို ရိုက်လိုက်သည်။
လျူယောင်နဲ့ အနီးဆုံးလူက ကျိုးယန် ဖြစ်သည်။ သူဋေး အရိုက်ခံရတာကို မြင်သောအခါ သူ လန့်သွားပြီး တားဆီးချင်သော်လည်း နောက်ကျနေခဲ့သည်။
ဒါက အရမ်း ရိုင်းစိုင်းတာပဲ....ကိုယ်ရံတော်လေးတစ်ယောက်ကများ.... မင်းကို... ဘယ်သူက... လူတစ်ယောက်ကို.... ရိုက်ဖို့... သတ္တိပေးတာလဲ ကြယ်ငါးပွင့်ဟိုတယ်ခန်းမထဲတွင်....ဒီလိုမျိုး ....အများပြည်သူနေရာမှာ...."
လျူယောင် ပြောပြီးတာနဲ့ လက်ကိုဆန့်ကာ ရော်ဘာတုတ်ကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ထိုကိုယ်ရံတော်ကို ဖြတ်ကန်လိုက်ရာ မီတာများစွာလွင့်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။
“ဘာ”
အခြားကိုယ်ရံတော်များက ခေတ္တမျှ ထူပူသွားသည်။ထို့နောက် ခေါင်းဆောင်က အော်ပြောလိုက်သည်။
" သူ့ကိုရိုက်.....သူ့ကိုရိုက်စမ်း...."
လျူယောင် ဦးဆောင်သည့် ကိုယ်ရံတော်နှင့် လော့မောင်ယွမ်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
ထိုအချိန်တွင် လော့မောင်ယွမ်မှာ လျူယောင်ကို မှတ်မိသွားသည်။ သူ့ရှေ့ရှိ လူများမှာ ဂလိုဘဲလ်ကုမ္ပဏီမှ လူများဖြစ်တာကို သူသိသွားသည်။
ပြေးတက်လာသည့် ကိုယ်ရံတော်များကို မတားပဲ ဂုဏ်ယူသည့်ပုံစံဖြင့်လည်း ကြည့်နေသည်။ သူက လျူယောင်နဲ့အခြားသူများ အရိုက်ခံရတာကို မြင်ချင်ပုံရသည်။
ကိုယ်ရံတော် တစ်ဒါဇင်ကျော်မှာ အုံလိုက်ကျင်းလိုက် ပြေးတက်လာကြသည်။
ဟိုတယ်တွင် လုံခြုံရေးအစောင့်အချို့ရှိသည်။ ထိုမြင်ကွင်းကို မြင်သောအခါကြောက်လန့်တကြားဖြစ်သွားပြီးတားဆီးရန် ပြင်လိုက်သည်။သို့သော် နောက်ကျသွားပြီလေ.. သူတို့က လျူယောင်ကို ဝိုင်းရံထားတဲ့ ကိုယ်ရံတော် တစ်ဒါဇင်ကျော်ကို ကြည့်ယုံသာ တတ်နိုင်တော့သည်။
ဟိုတယ်ရဲ့ လုံခြုံရေးအစောင့်များသာမက ကျိုးယန်နဲ့အခြားသူများမှာလည်း ကြောက် လန့်တကြားဖြစ်သွားကြသည်။ ထိုကိုယ်ရံတော်များ ပြေးတက်လာသည်။
"ဘုန်း... ဘုန်း...ဘုန်း .."
ထို့နောက် အော်ဟစ်သံများ ထွက်ပေါ်ပြီး ဆယ်စက္ကန့်ပင် မကြာမီ လော့မောင်ယွမ်ရဲ့ ကိုယ်ရံတော်များအားလုံး မြေပြင်ပေါ်တွင် လဲကျနေကာ မည်သူမျှ မတ်တပ်မရပ်နိုင်တော့ပေ။
လျူယောင်၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် လော့မောင်ယွမ်ဆီသို့ လျှောက်သွားသည်။
လူတိုင်း အံ့အားသင့်သွားခဲ့သည်။
“ဒါက....အရမ်း...အစွမ်းထက်တာပဲ”
ဟိုတယ်၏ လုံခြုံရေးခေါင်းဆောင်က စိတ်ထဲကနေ ရူးသွပ်စွာ အော်မိသည်။
‘ဒါ..မာစတာပဲ...မာစတာတစ်ယောက်ပဲ..... စစ်မှန်သည့် မာစတာတစ်ယောက်’ ဟူ၍ပင် ဖြစ်သည်။
လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်များအောက်တွင် လျူယောင်က လော့မောင်ယွမ်ထံသို့ လျှောက်သွားသည်။
လျူယောင် အလွန်စိတ်မပျော်မရွှင်ဖြစ်သွားခဲ့သည်။ထို့ကြောင့် သူ့ရဲ့လက်ကိုဆန့်ကာ လော့မောင်ယွမ်ရဲ့ ပါးကို ညင်သာစွာ ပုတ်လိုက်ပြီး သတိပေးလိုက်သည်။
“မှတ်ထား....နောက်တစ်ခါ... ခွေးကို... သေချာစီမံခန့်ခွဲပါ...ဒီလိုထပ်လုပ်ရင်.... ခွေးကိုရိုက်တာလောက်... ရိုးရှင်းမှာမဟုတ်ဘူး...မင်းကို သင်ခန်းစာပေးဖို့.... ငါ့... စိတ်ထဲမှာရှိတယ်...”
လော့မောင်ယွမ် လုံးဝ ထူပူသွားသည်။
သူ့ပါးကို ခုချိန်ထိ ရိုက်နိုင်တဲ့လူ ဘယ်သူ့မှ မရှိပေ။
ကျို့ယန်နှင့် အခြားသူများမှာလည်း ထူပူသွားသည်။
သတိပြန်ရလာပြီးနောက် ကျို့းယန်နှင့် အခြားသူများမှာ စိတ်လှုပ်ရှားကာ လျူယောင်ကို အထင်ကြီးလေးစားသွားကြသည်။
"သူဋေးက ...အရမ်းတော်တာပဲ...”
သူက ရီရှန်းအဖွဲ့၏ သူဋေးလော့မောင်ယွမ်ပဲ ဖြစ်သည်။အများပြည်သူများရှေ့တွင် သူဋေးကထိုလူ့ရဲ့ ပါးကိုရိုက်ပြီး သူ့ရဲ့ခွေးများကို သတိထားရန် သတိပေးလိုက်သည်။
ဂလိုဘဲလ်အဖွဲ့မှ လူများက ပျော်ရွှင်နေကြသည််။ပြီးတော့ လျူယောင်ကို အထင်ကြီးလေးစားစွာ ကြည့်နေသည်။သူတို့က မြေပြင်ပေါ်တွင် သူတို့ရဲ့ကိုယ်ခန္ဓာကို ပစ်ချချင်သည့် ပုံစံမျိုး ဖြစ်သည်။
“သူဋေး... ကျွန်တော့်ရဲ့... ဒူးကိုယူပါ” ထိုသို့ သူတို့အော်ဟစ်တော့မတတ်ပင်။
လော့မောင်ယွမ်ကရော....
နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူ့မျက်နှာက ချက်ခြင်း နီရဲလာပြီး အနီရောင်မှ အမည်းရောင်ဖြစ်သွားသည်။ ပြီးတော့ သွေးများ ကောင်းကင်သို့ တည့်တည့်တက်သွားတာလို့ ခံစားရသည်။ အများပြည်သူရှေ့တွင် သူ့မျက်နှာ အရိုက်ခံရသည်။ ဒီလို အရှက်ရမှု့မှာ ရိုင်းစိုင်းသည့် လုပ်ရပ်သာဖြစ်သည်။
" ခဗျား...ခ..."
သူ လျူယောင် ကို လက်ညိုးထိုးလိုက်ပြီး ဒုတိယစကားလုံး ဖြစ်တဲ့ "ခဗျား " ဆိုတာကို ဆုံးအောင် မပြောနိုင်ပဲ ဆွံ့အ နေခဲ့သည်။
လျူယောင်က လော့မောင်ယွမ်ရဲ့ အခြားပါး တစ်ဖက် ကို သူ့လက်ဖြင့် ထပ်မံ၍ ပုတ်လိုက်သည်။
" ဖပ်.. ဖပ်...ဖပ်..."
မြင်ရသည်မှာ အနည်းငယ် ပြင်းထန်လွန်းလှသည်။ ပြီးတော့ ပုတ်လိုက်သည့် အသံက ထင်ရှားစွာ ထွက်လာသည်။လော့မောင်ယွမ်ရဲ့ ပါးကလျင်မြန်စွာ နီရဲလာပြီး လက်ဝါးရာမှာ သိသာ ထင်ရှားလာခဲ့သည်။
“ဘာလို့လဲ...ကျွန်တော့်ကို လက်မခံသေးဘူးနဲ့ တူတယ်...”
"ဖပ်..ဖပ်...ဖပ်..."
လော့မောင်ယွမ် ရဲ့ပါးကို လျူယောင် ပုတ်ရင်း ပြောလိုက်သည်။
လော့မောင်ယွမ် သွေးအနှစ်များကို တစ်ပွက်စာ နီးပါး ထွေးထုတ်လိုက်သည်။
အများပြည်သူရှေ့တွင် လျူယောင်က သူ့မျက်နှာကို ထပ်မံ၍ နှစ်ကြိမ်ရိုက်လိုက်သည်။
ဒါက ဘယ်ဖက်ပါးပြီး ညာဖက်ပါးကို ဆက်ရိုက်လိုက်ချင်းပင်။
ရီရှန်းအဖွဲ့ရဲ့ ကျန်လူများမှာလည်း ထူပူသွားသည်။
"ဒီမှာ ဘာဖြစ်နေတာလဲ...."
"ငါတို့..သူဋေးက အခြားသူရဲ့... လက်ဖြင့် မျက် နှာကို.... နှစ်ကြိမ်ရိုက်ခံလိုက်ရတယ်....အဖွဲ့တစ်ခုကို... အကူအညီ တောင်းသင့်လား...."
သို့သော် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မထသေးသည့် ကိုယ်ရံတော်များကို မြင်သောအခါ ဘယ်သူမှ ထုတ်ဖော်မပြောရဲပဲ သူတို့ရဲ့လည်ပင်းများကို ကျုံ့ထားလိုက်ကြသည်။
လျူယောင် ထိုလူတွေကို တစ်ချက်ကြည့်လိုက်သည်။ သူတို့အားလုံး ကျုံ့နေတာကို မြင်သောအခါ သူ မထီမဲ့မြင် ပြုံးပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
လျူယောင်ရဲ့ ဦးဆောင်မှုအောက်တွင် လူအများအပြားက ရှေ့မှ ကောင်တာစားပွဲသို့ ရောက်ရှိလာကြသည်။ သူတို့ ရဲ့မှတ်ပုံတင်ကဒ်များကို ပြသပြီး စာရင်းသွင်းရန် စတင်ခဲ့ကြသည်။
ဟိုတယ်၏ လုံခြုံရေးအစောင့်တစ်ယောက်မှာ သူရဲ့ခေါင်းဆောင်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်.။.ခင်ဗျား...လုပ်ချင်သလား...”
ထိုလူစကား မပြီးဆုံးမှီ ခေါင်းဆောင်က အသံတိုးတိုးဖြင့် ပြစ်တင်လိုက်သည်။
- “မင်း...သေချင်နေတာလား... မင်းတစ်ယောက်ယောက်ကို.... ရိုက်ဖူးသလား...အသံမထွက်စေနဲ့....ပြီးတော့... မမြင်သလို.... ဟန်ဆောင်ပါ....”
လျူယောင်တို့အဖွဲ့ ဟိုတယ်တွင် စာရင်းသွင်းပြီး အထဲသို့ ဝင်ကာ သူတို့ရဲ့သက်ဆိုင်ရာ အခန်းများသို့ ဝင်လာခဲ့သည်။