Ch 132
Viewers 5k

အခန်း 132 " ယောကျ်ားတစ်ယောက်ဖြစ်ရင် ပိုက်ဆံ ရှိရမယ် "



လျူယောင် ပြန်သွားပြီးနောက် တင်းဝိန်က ကြွေထည် ဒါဇင်ကျော်ကို သတင်းစာဟောင်းများဖြင့် ကိုယ်တိုင် ထုပ်ပိုးခဲ့ပြီး လက်ထောက်ကို ခေါ်ကာ ရှန်းကျိုးဖင်းရဲ့အိမ်သို့ သွားရောက်ခဲ့သည်။


"ရှန်းအဘိုးကြီး ကျွန်တော် နောက်တစ်ကြိမ် လာနှောင့်ယှက်ပြန်ပြီ"


တင်းဝိန်မှာ ရှန်းကျိုးဖင်းအပေါ် လေးစားမှုအပြည့်ပြသခဲ့ပြီး သူ့ရဲ့မျက်နှာမှာ အပြုံးတစ်ခုကိုလည်း ဆင်မြန်းထားသည်။


ပြုံးနေတဲ့မျက်နှာကိုတော့ လက်နဲ့မရိုက်နိုင်ပါဘူးလေ။



ရှန်းကျိုးဖင်းက တင်းဝိန်ကို မတွေ့ချင်ပေ။ သူ့ကုမ္ပဏီမှာ ရတနာအကဲဖြတ်ပညာရှင်အဖြစ် သွားရောက်လုပ်ကိုင်ဖို့ကို စိတ်မဝင်စားပေ။ သို့သော် တင်းဝိန်ရဲ့ မိသားစုနောက်ခံရှိနေတဲ့အတွက် သူ မစော်ကားချင်ခဲ့ပေ။


ထို့ကြောင့် သူ့ရဲ့စကားများမှာ ရှင်းရှင်းလင်းလင်းမရှိဘဲ တိုက်ရိုက်ငြင်းပယ်ခြင်းလည်း မဟုတ်သလို သဘောတူခြင်းလည်း မရှိပဲ ဝေဝါးနေသည်။


တင်းဝိန်က အခက်အခဲများကြောင့် လက် လျှော့သွားမည်ဟု သူ ထင်ထားခဲ့ပေမဲ့ မျှော် လင့်မထားတာက တင်းဝိန်မှာ စွဲစွဲမြဲမြဲ ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်တွင် သူ့ လက်ထဲတွင် ကဒ်ထူပုံးကြီးတစ်ပုံးကိုလည်း သယ်လာခဲ့သည်။



ရှန်းကျိုးဖင်းရဲ့ သဘောထားက အေးတိအေးစက်ဖြစ်နေသည်။


"ဥက္ကဋ္ဌ တင်း ထိုင်ပါ၊ လက်ဖက်ရည်သောက်ပါ" ဟု ပြောလိုက်သည်။


တင်းဝိန်မှာ  အဖက်မလုပ်တာကို ခံစားမိသော်လည်း ဒီတစ်ကြိမ်တွင် သူ ယုံကြည်မှုရှိသည်။


ရှန်းကျိုးဖင်းမှာ ဘဝတစ်လျှောက်လုံး စုန်မင်းဆက် ကြွေထည်များကို စွဲလမ်းနေခဲ့သည်။ ယနေ့တွင် သူက စုန်မင်းဆက် ကြွေထည် တစ်ဒါဇင်ကျော်ကို ယူလာခဲ့ခြင်း ဖြစ်သည်။


"ရှန်းဆရာကြီး ဒါတွေက စုန်မင်းဆက်က ရှေးဟောင်းကြွေထည် တစ်ဒါဇင်ကျော်ပါ ကျွန်တော့်ကို ကူညီပြီး ကြည့်ပေးပါလား" ဟု မေးလိုက်သည်။


ဒါက ရှန်းကျိုးဖင်း စိတ်ဝင်စားတဲ့အရာပင်။


" တကယ်ပဲ စုန်မင်းဆက်က ရှေးဟောင်းကြွေထည်လား ဥက္ကဋ္ဌတင်း ကျွန်တော့်လိုအဘိုးကြီးကို မလိမ်နဲ့နော်"


တင်းဝိန်က "ဒါ စုန်မင်းဆက် ရှေးဟောင်းကြွေထည် ဖြစ်လောက်ပါတယ်ကျွန်တော်လည်း ကြည့်ပြီးပါပြီ သိပ်တော့ မသေချာဘူး။ဒါကြောင့် ဆရာကြီးကို ကြည့်ခိုင်းဖို့အတွက် အထူးယူလာခဲ့တာ" ဟု ပြောလိုက်သည်။


ရှန်းကျိုးဖင်း မျက်မှန်ကို တပ်ပြီးဂရုတစိုက် ကြည့်ရူ့လိုက်သည်။ကြည့်ရင်းနဲ့ ခေါင်းညိတ်လိုက်သည်။


"အင်း တကယ်ပဲ ဆုန်မင်းဆက်ခေတ်က ရှေးဟောင်းကြွေထည်ပဲ။ယ ဒီဟာက လုံချွမ်းမီးဖိုက လက်ရာတစ်ခုဖြစ်ပြီး အရမ်းရှားတယ်"


ထိုသို့ပြောပြီးနောက် နောက်တစ်ခုကို ကောက် ယူ ကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြန်သည်။


တင်းဝိန် တစ်ဖက်တွင် ထိုင်လျက် ထိုပုံစံကို မြင်တဲ့အခါ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ တဖြည်း ဖြည်း လျော့ကျသွားပြီး ရှန်းကျိုးဖင်းကို ကုမ္ပဏီရဲ့ ကျွမ်းကျင်သူအဖြစ် ခန့်အပ်ဖို့က ကြီးမားတဲ့ပြဿနာ မဟုတ်တော့ဘူးဆိုတာ သိလိုက်သည်။


ရှန်းကျိုးဖင်းက စုန်မင်းဆက် ရှေးဟောင်းကြွေထည်များအားလုံးကို ကြည့်ရှုရန် ၁၀ မိနစ်ခန့် အချိန်ယူပြီးနောက်

      

  "မှန်ပါတယ် ဒါတွေက စုန်မင်းဆက်က  ရှေး        ဟောင်းကြွေထည်တွေပါ။ လုံချွမ်းမီးဖို   ဒဲ ကျိုး         မီးဖို၊ ကျင်းတဲကျန်း  ကနေ  လာတဲ့ဟာတွေ ပါဝင်တယ် အကုန်လုံး ပုံမှန်ပဲ၊ အချို့ဟာတွေက ပိုတောင် သေသပ်သေးတယ်" ဟု ရှင်းပြလိုက်သည်။


  "ဥက္ကဋ္ဌတင်း စုန်မင်းဆက်က     ရှေးဟောင်းကြွေ ထည် ဒါဇင်ကျော်ကို ရယူဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး ခင်ဗျားရဲ့ကုမ္ပဏီက တော် တော်ကို ခိုင်မာတာပဲ" ဟု ရှန်းကျိုးဖင်းက မေးလိုက်သည်။


"စုန်မင်းဆက်က ရှေးဟောင်းကြွေထည် တစ်ဒါဇင်ကျော်ဆိုတာ ဘာများလဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော့် ကုမ္ပဏီမှာ လက်ရှိ စုန်မင်းဆက်က ရှေးဟောင်းကြွေထည် ၂၀၀၀ ကနေ ၃၀၀၀ လောက်ရှိတယ်။ ဒီတစ်ဒါဇင်ကျော်ထက်တောင် အဆင့်အတန်း ပိုမြင့်တဲ့ဟာတွေ အများကြီးပါ" ဟု ပြောသည်။


မူလက ၂ သောင်းကနေ ၃ သောင်းရှိသည့်တိုင်အောင် တင်းဝိန်က အကြီးအကျယ် လျှော့ချခဲ့ပြီး ၂၀၀၀ ကနေ ၃၀၀၀ လောက်ပဲ ရှိတယ်လို့သာ ပြောခဲ့သည်။


ထိုသို့လျော့ပြောသော်လည်း ရှန်းကျိုးဖင်းမှာ အံ့အားသင့်သွားခဲ့သည်။


"မင်းမှာ တကယ်ပဲ ၂၀၀၀ ကနေ ၃၀၀၀ လောက်ရှိတာလား ပြီးတော့ တချို့က ရှားပါးတဲ့ ရတနာတွေလား" ဟု မေးလိုက်သည်။


"ဟုတ်ပါတယ် ဒါက လုံးဝ ကြွားဝါပြောနေတာ မဟုတ်ပါဘူး။ စိတ်ဝင်စားတယ်ဆိုရင် ဆရာကြီးရှန်း ကျွန်တော့်ရဲ့ ပြပွဲခန်းမ ပြီးသွားတဲ့အခါ လာရောက်ကြည့်ရှုနိုင်ပါတယ်"



ရှန်းကျိုးဖင်း သူတို့ကို တစ်ခုချင်းစီ သေချာ ပေါက် ကြည့်ချင်နေသည်။ဒါပေမဲ့ ဟွာဟိုင်းယဉ်ကျေးမှုရဲ့ အကဲဖြတ်ပညာရှင် မဖြစ်ဘူးဆိုရင် ဒီဟာတွေကို တစ်ခုချင်းစီ ကြည့်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ သူ သိသည်။


တင်းဝိန်ကို လေးစားသောအကြည့်ဖြင့် သူ ကြည့်လိုက်သည်။


ဒီလူငယ်က တကယ် မရိုးရှင်းလောက်ဘူး။ငါ ဘာကိုကြိုက်လဲဆိုတာကိုတောင် သိနေတာ။ စုန်မင်းဆက်က ရှေးဟောင်းကြွေထည်တွေကို ငါ ကြိုက်တယ်ဆိုတာ သိတော့ တစ်ဒါဇင်ကျော်လောက် ယူလာခဲ့ပြီး သူ့ ကုမ္ပဏီမှာ ၂၀၀၀ ကနေ ၃၀၀၀ လောက်ရှိတယ်ဆိုတာ ထုတ်ပြောသွားတယ်။


"၂၀၀၀ ကနေ ၃၀၀၀ လောက်! "


ရှန်းကျိုးဖင်း တကယ်ကို မယုံနိုင်ခဲ့ပေ။ သူသိသလောက် တရုတ်နိုင်ငံမှာ ဒီလောက်များပြားတဲ့ စုန်မင်းဆက် ရှေးဟောင်းကြွေထည်တွေ ပိုင်ဆိုင်တဲ့ စုဆောင်းသူ ဒါမှမဟုတ် ကုမ္ပဏီမရှိသေးပေ။


ရှန်းကျိုးဖင်းရဲ့ရင်ထဲတွင် တကယ်ကို ရှုပ်ထွေးနေသည်။



သူ ဟွာဟိုင်းယဉ်ကျေးမှု့မှာ မလုပ်ချင်ခဲ့ပေမဲ့  စုန်မင်းဆက်က ရှေးဟောင်းကြွေထည် ၂၀၀၀ ကနေ ၃၀၀၀ လောက်ရဲ့ ကြီးမားတဲ့ဆွဲဆောင်မှု့ကို မခံနိုင်ခဲ့ပေ။နောက်ဆုံးတော့ သူဆုံးဖြတ် ချက်တစ်ခု ချလိုက်သည်။


"ဥက္ကဋ္ဌတင်း ခင်ဗျား ပြောချင်တာကို ကျွန်တော် သိပါတယ် ဒီလိုလုပ်ကြရအောင် ခင်ဗျားရဲ့ ပြပွဲခန်းမ ပြီးသွားတဲ့အခါ စုန်မင်းဆက်က ရှေးဟောင်းကြွေထည် ၂၀၀၀ ကနေ ၃၀၀၀ လောက် တကယ်ရှိတယ်ဆိုရင် မောင်ရင့်ရဲ့ကုမ္ပဏီမှာ ရှေးဟောင်းကြွေထည် အကဲဖြတ်ပညာရှင်အဖြစ် လုပ်ပေးမယ်"


ရှန်းကျိုးဖင်း ပါဝင်လာခြင်းအားဖြင့် ဟွာဟိုင်းယဉ်ကျေးမှု့မှာ နာမည်ကောင်းရဖို့အတွက် အချိန်ယူစရာမလိုတော့ပေ။


ရှေးဟောင်းသင်္ဘောထဲမှာရှိတဲ့ ကြွေထည် ၂ သောင်းကနေ ၃ သောင်းဟာ ခန့်မှန်းချက်ဖြစ်ပြီး ဒီ့ထက်တောင် ပိုများနိုင်သေးတယ်လို့ လျူယောင် ထင်မိသည်။ ကြွေထည်တွေအပြင် တခြားပစ္စည်းတွေ  ဥပမာ ရွှေ ငွေထည်ပစ္စည်းတွေ၊ ရှေးဟောင်းဒင်္ဂါးပြားတွေ၊ သံထည်ပစ္စည်းတွေ စသဖြင့် ရှိနိုင်သေးသည်။


ထိုအရာက ပင်လယ်ရေကြောင်း ပိုးလမ်းမကို ခရီးသွားတဲ့ ကုန်သွယ်ရေးသင်္ဘောဖြစ်လို့ ဒီပစ္စည်းတွေ သင်္ဘောပေါ်မှာ ရှိနေတာ ပုံမှန်ပင်။



လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင် တိုင်းပြည်က နန်ဟိုင် နံပါတ် ၁ လို့ခေါ်တဲ့ စုန်မင်းဆက် သင်္ဘောပျက်တစ်ခုကို ဆယ်ယူခဲ့ဖူးသည်။ သင်္ဘောထဲကနေ ကြွေထည် ၁၀၀,၀၀၀ ကျော် ဒင်္ဂါးပြားအများအပြား ရွှေနဲ့ငွေထည်ပစ္စည်း ထောင်ချီကို တွေ့ခဲ့ရသည်။


ဒီသင်္ဘောပေါ်မှာလည်း ကြွေထည်သောင်းနဲ့ချီတွေ့ရှိတာက ပုံမှန်ပဲ ဖြစ်သည်။


အခုပြဿနာကတော့ ဒီလောက်များပြားတဲ့ ကြွေထည်တွေကို မပျက်စီးအောင် သင်္ဘောထဲကနေ ဘယ်လိုထုတ်ယူမလဲဆိုတာပဲ ဖြစ်သည်။


လိပ်ကြီးကို ဒီလို နူးညံ့သိမ်မွေ့တဲ့ အလုပ်မျိုးကို လုပ်ခိုင်းတာက နည်းနည်းတော့ ခက်ခဲ စေ သည်။


လျူယောင် အဖြေတစ်ခုကို စဉ်းစားမိသည်။


သူကိုယ်တိုင် သင်္ဘောပျက်ထဲကို တိတ်တဆိတ်ဝင်သွားပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေ အားလုံးကို ရှာဖွေမည်။


လျူယောင် အစီအစဉ်ကို ရေးဆွဲပြီးသွားခဲ့သည်။


မိသားစုဝင်ဖြစ်တဲ့ လီချန်းလဲ့ကို ကုမ္ပဏီ အလုပ်ကိစ္စနဲ့ ခရီးသွားမယ်လို့ လျူယောင် ပြောလိုက်သည်။ အနည်းဆုံး ၄ ရက်၊ ၅ ရက်၊ အများဆုံး တစ်ပတ်လောက် ကြာနိုင်တယ်လို့လည်း မှာခဲ့လိုက်သည်။



ကုမ္ပဏီမှ ကျိုးယန်၊ ဟူဂျွန်းရှီနဲ့ရန်ဝေးတို့ကိုလည်း သူ ခရီးရှည်ထွက်တော့မှာမို့လို့ ကုမ္ပဏီရဲ့ကိစ္စရပ်များကို ပိုမိုအာရုံစိုက်ပေးရန် အရေးကြီးကိစ္စများရှိပါက ဖုန်းဖြင့် အကြောင်းကြားရန် မှာကြားခဲ့သည်။


ခရီးမထွက်ခင် လျူယောင်က လိုအပ်တဲ့ ပစ္စည်းအချို့ကို ယူလာခဲ့သည်။ အစီအစဉ်ကတော့ ပထမဆုံး နန်ဟိုင်ပြည်နယ်ကို လေယာဉ်နဲ့ သွားရောက်ဖို့ ဖြစ်သည်။


ချန်းဟူက လေဆိပ်ကို ကားဖြင့် လျူယောင်ကို ပို့ပေးခဲ့သည်။


လျူယောင်က "မလိုဘူး မင်း ဒီရက်တွေကို     အားလပ်ရက်အဖြစ် သဘောထားပြီး ကောင်းကောင်းအနားယူလိုက်ပါ" ဟု   ပြောလိုက်သည်။


ချန်းဟူကို နှုတ်ဆက်ပြီးနောက် လျူယောင် ခရီးဆောင်အိတ်ကို ဆွဲကာ လေဆိပ်ထဲ ဝင်လာခဲ့သည်။ သူ တစ်ယောက်တည်းဖြစ်လို့ လွတ်လပ်ပေါ့ပါးမှုကို ခံစားနေရသည်။



ပထမတန်းစားခရီးသည် ဖြစ်တဲ့အတွက်ကောင်းမွန်တဲ့  ဝန်ဆောင်မှု့ကို လျူယောင်ကို ရခဲ့သည်။ လေယာဉ်စောင့်ဆိုင်းရန်အတွက် VIP အခန်းတစ်ခုရှိကာ သူ လေယာဉ်ပေါ်  စောစောတက်လာခဲ့သည်။


ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိတဲ့ ပထမတန်းစားထိုင်ခုံပေါ်မှာ ထိုင်ရင်း လျူယောင် စိတ်ထဲတွင်



"ပိုက်ဆံရှိတာကောင်းတာပဲ ယောက်ျားတစ်ယောက်ဖြစ်ရင် ပိုက်ဆံရှိရမယ်"ဟု တွေးလိုက်မိသည်။