Ch 120
Viewers 5k

အခန်း 120   မင်းကြွားပြောတာပဲ ဖြစ်ရမယ် 



ဒီနေရာမှာ ရှိတဲ့အိမ်များက ငါးထပ်၊ခြောက်ထပ်တိုက်များဖြစ်ပြီး လီချန်လဲ့တို့မိသားစုမှာ တတိယထပ်တွင် နေထိုင်ကြသည်။


လျူယောင် ဝယ်လာတဲ့ ပစ္စည်းများကို ကိုင်ကာ စိတ်ထဲတွင် စိုးရိမ်မကင်းဖြစ်နေခဲ့သည်။ လီချန်လဲ့ရဲ့ မိဘများက သူ့အပေါ် ဘယ်လိုသဘောထား ရှိမလဲဆိုတာ တွေးပူနေမိသည်။



မကြာမီပင် တတိယထပ်ကိုရောက်တော့ လီချန်လဲ့ရဲ့ အိမ်တံခါးက ဟနေတာကို တွေ့ခဲ့ရသည်။ အက်ကွဲကြောင်းမှတဆင့် အတွင်းမှအသံမှာ ထွက်ပေါ်နေပြီး အလယ်အလတ်အရွယ်ယောက်ျားတစ်ဦးရဲ့ အသံဖြစ်ကာ ဒေါသထွက်နေပုံရသည်။



“ညီလေး မင်းဘာပြောချင်တာလဲ။ ငါ့သမီးက အတော်လေးကြည့်ကောင်းပြီး ရာထူးလည်းရှိတယ်။ မင်းက သူ့ကို လူကြမ်းတစ်ယောက်နဲ့ မိတ်ဆက်ပေးနေတာလား ”


“အစ်ကို  ကျွန်တော့်ရှင်းပြချက်ကို နားထောင်ပေးပါ။ တကယ်တော့ သူက မသန်စွမ်း မဟုတ်ပါဘူး။ သူ့ရဲ့ လမ်းလျှောက်ပုံက တစ်ဖက်ကနည်းနည်း မြင့်ပြီး တစ်ဖက်က နည်းနည်းနိမ့်နေရုံပဲ။ ဒါ့အပြင် သူက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ သားပါ။ လီလဲ့သာ သူ့နောက်လိုက်ရင် အနာဂတ်မှာ ဒီထက်မြင့်မားတဲ့ ရာထူးတွေ ရှိလာမှာပါ။ ကျွန်တော်တို့အားလုံးလည်း သူ့မရဲ့အကျိုးကိုလိုက်ခံစားရမှာပါ ”


“မဟုတ်ဘူး  ဒီကိစ္စကို လာညှိနှိုင်းစရာမလိုဘူး”


“အစ်ကို ကျွန်တော်ပြောတာကို နားထောင်ပါဦး။


ထိုအသံဟာ နောက်ထပ်ဒေါသထွက်နေတဲ့အသံဖြင့် ချက်ချင်းပြတ်တောက်သွားသည်။


“ညီလေး  ငါ မသိဘူးလို့ မထင်ပါနဲ့။ မင်းမိသားစုထဲက ကျန်းကောရော ကျန်းကျွင်းရောသင့်တော်တဲ့အလုပ်မရှိဘူး။ မင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ မင်းသားနှစ်ယောက်အတွက် အလုပ် စီစဉ်ပေးဖို့ အကူအညီတောင်းနေသင့်တာ ”


လျူယောင် အထဲမှ ရန်ဖြစ်သံ ကြားရတာကြောင့်  လီချန်လဲ့ကို ကြည့်လိုက်သည်။


လီချန်လဲ့က


“သူက ကျွန်မရဲ့ ဒုတိယဦးလေးပါ။ ကျွန်မကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ လာတာ ဒါပေမယ့် ကျွန်မအဖေက သဘောမတူဘူး ” ဟုညင်သာစွာ ရှင်းပြလိုက်သည်။


လျူယောင် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။


သူ  ဒီဒုတိယဦးလေးကို မတွေ့ဖူးပေမဲ့ ဒီပုံစံကြောင့် အထင်အမြင်မကောင်းခဲ့ပေ။ သူ့တူမကို လူကြမ်းတစ်ယောက်နဲ့ ဘယ်လိုလုပ် မိတ်ဆက်ပေးရဲတာလဲ လို့ လျူယောင် ဒေါသထွက်စွာ ရေရွတ်မိသည်။



ဒီနေရာကို ရောက်လာခဲ့ပြီမို့  အိမ်တံခါးဝတွင်ဖြစ်နေတဲ့ လျူယောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး လီချန်လဲ့အား တစ်ချက်ကြည့်လိုက်သည်။


လီချန်လဲ့  ညင်သာစွာ ခေါင်းညိတ်ပြပြီး တစ်ဝက်တစ်ပျက်ပွင့်နေတဲ့တံခါးကို တွန်းဖွင့်လိုက်သည်။



လျူယောင် ဧည့်ခန်းအတွင်းမှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ အတော်လေးအသက်ကြီးတဲ့ အမျိုးသားတစ်ဦးကအသက်ငါးဆယ်ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးရဲ့ ဘေးတွင်ထိုင်နေသည်။ ထိုအမျိုးသမီးက တိုးတိုးလေးရှိုက်ငိုနေပြီး မျက်ရည်များကို သုတ်နေသည်။


ယောက်ျားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးလည်းရှိသေးပြီး ထိုယောက်ျားက အသက်နည်းနည်းပိုငယ်တာကြောင့် လီချန်လဲ့ရဲ့ ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ဖြစ်နိုင်လောက်သည်။



ရှိုက်ကြီးတငင်ငိုနေတဲ့ အလယ်အလတ်အရွယ်အမျိုးသမီးက လီချန်လဲ့ ပြန်ရောက်လာတာကိုတွေ့သွားပြီး ချက်ချင်းမျက်ရည်သုတ်ကာ အံ့ဩတကြီးနဲ့


“လီလဲ့ ဘာလို့ ပြန်လာတာလဲ ” ဟုမေးလိုက်သည်။


လီချန်လဲ့က


“မေမေ ဒီနေ့ စနေနေ့မို့ ပြန်လာခဲ့တာပါ” ဟု ပြန်ဖြေလိုက်သည်။


လျူယောင်က လူတိုင်း သူ့ကို ကြည့်နေတာကို တွေ့ရသည်။ လီချန်လဲ့ရဲ့ မိဘများဖြစ်စေ ၊လီချန်လဲ့ရဲ့  ဒုတိယဦးလေးနှင့် ဒုတိယအဒေါ် ဖြစ်စေ အားလုံးက သူ့ကို ကြည့်နေခဲ့သည်။


လီချန်လဲ့က လိမ္မာပါးနပ်သည်။ ချက်ချင်း


“ဖေဖေ၊ မေမေ  ဒီလူက ကျွန်မရဲ့ ရည်းစား လျူယောင်ပါ” ဟုမိတ်ဆက်ပေးလိုက်သည်။


လျူယောင်က အလျင်အမြန်ပင်


“ဦးလေး၊ အန်တီ၊ မင်္ဂလာပါ” ဟု နှုတ်ဆက်လိုက်သည်။


လီလဲ့က ရည်းစားကို အိမ်ခေါ်လာခဲ့သည်။


ခုနက ငိုနေတဲ့ လီချန်လဲ့ရဲ့မိခင် ချွန်မန်းလီဟာ ချက်ချင်း စိတ်သက်သာရာရသွားပြီး


“ရှောင်လျူ လာထိုင်ပါဦး” ဟု စိတ်အားထက် သန်စွာပြောလိုက်သည်။


လျူယောင်ကို ထိုင်ခုံတစ်ခုတွင် နေရာချပေးပြီးနောက် သူပ ကိုယ်တိုင် လက်ဖက်ရည်ထည့်ပေးလိုက်သည်။


သူမ  ခုအချိန်တွင် ပိုမိုစိတ်သက်သာရာရသွားပြီလို့ ခံစားရသည်။


ဒုတိယဦးလေးတို့ဇနီးမောင်နှံက လီလဲ့တွင် ရည်းစားမရှိသေးကြောင်းကို အကြိမ်များစွာပြောခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူနဲ့ မိတ်ဆက်ပေးရန် တိုက်တွန်းခဲ့သည်။


လူကြီးနှစ်ဦးမှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့သားကို မတွေ့ဖူးပေမဲ့ တူညီတဲ့ မြို့နယ်တွင် နေထိုင်ကြသဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့သားမှာ ခြေထောက်တစ်ဖက်မသန်စွမ်းတာကို သိထားကြသည်။


ပြီးခဲ့တဲ့လကလည်း ဒုတိယဦးလေးတို့ ဇနီးမောင်နှံက တံခါးလာခေါက်ပြီး ဒီကိစ္စကို ထပ်မံပြောခဲ့ကြသည်။ လီချန်လဲ့ရဲ့ဖခင်ဖြစ်သူ လီကျန့်ခိုင်က သူတို့အား ဆူပူကြိမ်းမောင်းလွတ်လိုက်ပြီး လုံးဝသဘောမတူခဲ့ပေ။


အခုတော့ ကောင်းပြီ သမီးတွင် ရည်းစားရှိနေပြီး ရည်းစားကိုပါ အိမ်ခေါ်လာခဲ့သည်။


လီကျန့်ခိုင် လျူယောင်အားကြည့်ပြီး


“မင်းက လီလဲ့ရဲ့ ရည်းစား အစစ်အမှန်လား” ဟု မေးလိုက်သည်။


“ဦးလေး၊ လီလဲ့နဲ့ ကျွန်တော်က တကယ်ပဲ ရည်းစားတွေပါ။ ကျွန်တော်က လီလဲ့ကို အရမ်းချစ်ပါတယ် ” လို့ ပြန်ဖြေလိုက်သည်။


ချွန်မန်းလီက လျူယောင်ကို ညင်သာစွာရိုက်လိုက်ပြီး


“ကလေးရယ်၊ မင်းစိတ်ရှုပ်နေတာလား။ ဒီလိုဖြစ်နေတာမို့လား” ဟု ပြောလိုက်သည်။


“ဒါအမှန်ပဲ” ဟု လီကျန့်ခိုင်က ဝင်ပြောသည်။


ဒုတိယဦးလေးနဲ့ဇနီးတို့မှာ လျူယောင်အားကြည့်နေခဲ့ပြီး လီချန်လဲ့ရဲ့ ရုတ်တရက်ရည်းစားကို လက်မခံချင်ခဲ့ပေ။



ဒုတိယအဒေါ်က “လူငယ်  မင်းလည်း ဟွာဟိုင်းမြို့မှာနေတာလား” ဟုမေးလိုက်သည်။


လျူယောင်က “ဟုတ်ကဲ့၊ လီလဲ့နဲ့ ကျွန်တော်က ဟွာဟိုင်းမြို့မှာနေတာပါ” ဟုပြန်ဖြေလိုက်သည်။


ဒုတိယအဒေါ်က “ဟွာဟိုင်းမြို့ ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်တာလဲ တစ်လကို ဘယ်လောက်ရလဲ”


လျူယောင်က “ကျွန်တော်က အလုပ်လုပ်တာမဟုတ်ပါဘူး” ဟု  ပြန်ဖြေလိုက်သည်။


“ကျွန်တော့်က ကုမ္ပဏီကို  တစ်ခါတစ်လေပဲ သွားကြည့်တာပါ ဒါက အတည်တကျအလုပ်မဟုတ်ပါဘူး ”


"ဒါက အလုပ်မလုပ်ဘူးလို့ဆိုလိုတာလား "


ဒုတိယအဒေါ်ရဲ့အကြည့်တွေက အနည်းငယ်ပြောင်းလဲသွားသည်။ဒါက မထီမဲ့မြင်ပြုတဲ့အကြည့်ပဲ ဖြစ်သည်။


ဒုတိယဦးလေးကလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး လျူယောင်အား အပြည့်အဝ အထင်သေးနေသည်။


ချွန်မန်းလီက ဒေါသထွက်သွားပြီး ဝင်ပြောလိုက်သည်။


"ဒီမေးခွန်းတွေကို အနာဂတ်ယောက္ခမ ဖြစ်တဲ့ ကျွန်မက မေးရမှာကို ဒုတိယအဒေါ် ဘာလို့ဒီလိုမျိုးတွေ မေးနေရတာလဲ "


“ရှောင်းလျူက အခုချက်ချင်းအလုပ်မရှိတာ အရေးမကြီးပါဘူး  မင်းနောက်ကျရင် အလုပ်ရှာလုပ်လိုက်ပေါ့  ဟွာဟိုင်းလို မြို့ကြီးမှာ အလုပ်ရှာဖို့က အရမ်းလွယ်တယ် ”


ချွန်မန်းလီ ဒီအနာဂတ်သမက်ကို အလွန်စိတ်ကျေနပ်ရသည်။လူငယ်လေးက  ခန့်ညားပြီး တောက်ပနေတဲ့အပြင် ပေါ့ပါးတဲ့ အကျင့်စရိုက်လည်းရှိပုံရပြီး သမီးနဲ့ အလွန်လိုက်ဖက်လှသည်။


လီချန်လဲ့ ရုတ်တရက် လျူယောင်ရဲ့လက်မောင်းကို ညင်သာစွာဆွဲဆိတ်လိုက်သည်။ ဆိုလိုတာက "ရှင့်ကို ဘယ်သူက အထင်ကြီးခံစေချင်တာလဲ  အမှန်အတိုင်းပြောပါ "လို့ ပြောစေချင်သည်။


လျူယောင် အပြစ်ကင်းတဲ့ အကြည့်ကို ပေးပြီးနောက်


“လီလဲ့ ကိုယ့်ကို မှားပြောတယ်လို့ ထင်တာလား ကိုယ်တကယ်အလုပ်မသွားဘူး တခါတလေပဲ သွားထိုင်တာ အဲ့ဒါကို အတည်တကျအလုပ်လုပ်တယ်လို့ ပြောလို့ရလား”


ဒုတိယအဒေါ်မေးပြီးနောက် လီချန်လဲ့ရဲ့မိဘများက လျူယောင်ရဲ့အခြေအနေနှင့်ပတ်သက်ပြီး နောက်ထပ်မမေးခင် ဒုတိယဦးလေးက


“လူငယ် မင်းမိသားစုက ဘယ်ကလဲ  လူဘယ်နှစ်ယောက်ရှိလဲ မင်းမိဘတွေက ဘာအလုပ်လုပ်လဲ” ဟု မေးလိုက်သည်။


လျူယောင်က


“ကျွန်တော့်မိသားစုက ဒီမြို့နယ်ကပါပဲ ဒေါင်းမင်းရွာကပါဗျ  မိသားစုမှာ လူလေးယောက်ရှိပြီး အဖေ၊ အမေ နဲ့ ဒုတိယနှစ်ညီမလေးတစ်ယောက်ရှိပါတယ်။ ကျွန်တော့် အဖေကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တခါတလေအလုပ်လုပ်ပါတယ် ” ပြန်ဖြေလိုက်သည်။


ဒုတိယဦးလေး ခေါင်းယမ်းလိုက်သည်။


လျူယောင့်ရဲ့မိသားစုအခြေအနေက ဆင်းရဲတာပဲလို့ အစက ခန့်မှန်းခဲ့ပေမဲ့ အခုတော့ အလွန်ဆင်းရဲတာပဲလို့  ထင်မြင်ခဲ့ကြသည်။



"ဒေါင်းမင်းရွာဆိုတာ ရဲစခန်းနှင့် ကီလိုမီတာ ၂၀ ကျော်ဝေးကြောင်း သိရှိထားပြီး မြို့နယ်အတွင်းအတော်လေးဆင်းရဲတဲ့ ရွာ ဖြစ်သည်။"မိသားစုကလည်း တောင်သူလယ်သမားများသာဖြစ်ပြီး လီလဲ့က ဒီလိုရည်းစားကို ဘယ်လိုရှာတွေ့ခဲ့တာလဲ "


ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့သားက အလွန်ကောင်းပြီး လျူယောင်ထက် အဆပေါင်းများစွာ ပိုချမ်းသာသည်။


ဒုတိယဦးလေးက အလျှော့မပေးဘဲ


“လူငယ်  ဟွာဟိုင်းမြို့က အိမ်တွေက အရမ်းဈေးကြီးတယ်လို့ ငါ ကြားတယ်။ မင်းရဲ့ မိသားစုအခြေအနေနဲ့ ဘယ်လိုလုပ် အိမ်တစ်လုံးဝယ်နိုင်မှာလဲ""


"  လီလဲ့ကို အိမ်ငှားပြီး မင်းနဲ့အတူ နေစေချင်တာလား ဒါမှမဟုတ် ဒေါင်းမင်းရွာကိုပြန်ပြီး နေစေချင်တာလား” ဟု ဆက်မေးလိုက်သည်။


ချွန်မန်းလီက ဒုတိယဦးလေးအား တစ်ကြိမ်ထက်မက မျက်စပစ်ပြပြီး စိတ်ထဲတွင်အလွန်မကျေနပ်ပေ။ "ဘယ်လိုများပြောရက်တာလဲ မင်းက လူကြီးတစ်ယောက်ဖြစ်ပြီး လူငယ်တွေကို မျက်နှာသာပေးရမယ်လေ "ဟု စိတ်ထဲကနေ ဒေါသထွက်ကာ ရေရွတ်လိုက်သည်။


ဒီလိုမေးခံရတာ တကယ့်ကို ရှက်စရာကောင်းသည်။ အိမ်တစ်လုံး မတတ်နိုင်ရင် မျက်နှာ ပူစရာ ကောင်းလှသည်။


လျူယောင်က ဒီလိုဖြစ်မနေပဲ တည်ငြိမ်စွာပင်


“ကျွန်တော်က ဟွာဟိုင်းမှာ ဗီလာအသေးစားတစ်လုံးဝယ်ထားပြီးသားပါ။ သုံးထပ်ရှိပြီး စုစုပေါင်း ၃၀၀၊ ၄၀၀ စတုရန်းမီတာရှိပါတယ်။ အခုလောလောဆယ်အတွက်တော့ လုံလောက်ပါတယ်။ လီလဲ့နဲ့ ကျွန်တော် လက်ထပ်တဲ့အခါ ပိုကြီးပြီး ပိုကောင်းတဲ့ဗီလာတစ်လုံး ထပ်ဝယ်ဖို့ စီစဉ်ထားပါတယ်” ဟု ပြုံးပြီးပြန်ဖြေလိုက်သည်။


"ဘာ!"


" ဟွာဟိုင်းမြို့မှာ ဗီလာတစ်လုံးဝယ်ထားပြီးသားလား? မဖြစ်နိုင်ဘူး မင်းကြွားပြောတာပဲ ဖြစ်ရမယ် "


ဒုတိယဦးလေးနဲဇနီးသည်တို့မှာ လျူယောင်ပြောတဲ့  စကားကို မယုံကြည်ခဲ့ပေ။