အခန်း 119 " အကိုယောင် စိတ်လူပ်ရှားနေ တာလား "
လူလေးယောက်မှာ ဆေးရုံမှဆင်းကာ ဆေးရုံအဝင်ဝရှိ ကားပေါ်ကိုတက်ရန်လုပ်နေကြစဉ် ရှောင်ကျန်း ဆေးရုံမှ ထွက်လာတာကို မည်သူမျှသတိမထားမိပေ။
"ဟေး အဲဒါ Roll- Royce ကားပဲဟ"
ဆေးရုံရှေ့တွင် ဒီလို လှပတဲ့ကားရပ်ထားတာကို သူအံ့အားသင့်သွားခဲ့ပြီး လျူယောင်နဲ့ ကားပေါ်တက်တော့မဲ့ အခြားလေးယောက်ကို လည်းတွေ့လိုက်ရသည်။
"ဒါက ကုတင် ၁၆ ရဲ့ မိသားစုဝင်မဟုတ်ဘူးလား။ သူတို့ ခုနကပဲ ငါ့ဆီလာပြီး သာမန်အခန်းကနေ VIP အခန်း ပြောင်းခိုင်းသေးတာ"
နောက်တော့ ရှောင်ကျန်းက
" ဘာလဲဟ ငါက ဒီလိုကြီးကျယ်ခမ်းနားတဲ့လူကို စော်ကားလုနီးပါးဖြစ်ခဲ့တာပဲ ဒီလူ့ကို ကျေးလက်ကလို့ ပြောခဲ့တာ ငါ မှတ်မိတယ်" လို့ တွေးနေသည်။
Roll-Royce ကားကိုပိုင်ဆိုင်ထားတဲ့လူ တစ်ဦးရှိဖို့ဆိုတာ သေချာပေါက်မလွယ်ပေ။ ရှောင်ကျန်းရဲ့နှလုံးဟာ ရုတ်တရက်လှုပ်ရှားလာခဲ့သည်။
လျူယောင်ကတော့ ရှောင်ကျန်းကို သတိမထားခဲ့မိပေ။ အားလုံးကားပေါ်တက်ပြီးတာနဲ့ ကားကိုဖြည်းညှင်းစွာ မောင်းပြီး လျူယောင် ဆေးရုံမှထွက်လာခဲ့သည်။ ကားမောင်းနေရင်း လီချန်လဲ့ကို
"လဲ့လဲ့ ဒီခရိုင်မှာရှိတဲ့ အကောင်းဆုံးဟိုတယ်ကဝူကျင်းဟော်တယ်ပဲ အဲ့ကို ညစာသွားစားကြရအောင်"လို့ ပြောလိုက်သည်။
လီချန်လဲ့ က "ဟုတ်ကဲ့ အဲ့ဟော်တယ်က ကျွန်မတို့ခရိုင်မှာရှိတဲ့ တစ်ခုတည်းသော ကြယ်လေးပွင့်ဟိုတယ်ပဲ ""
ဟု ပြန်ပြောလိုက်သည်။
ကျိုးရိူ့ယင် က "ဒီလိုနေရာကောင်းကို မသွားပါနဲ့လား စားဖို့ တခြားနေရာရှာလိုက်ကြရအောင်" ဟု ခေါင်းကိုအမြန်ခါပြီး ပြောလိုက်သည်။
လျူလန်က
"အမေ ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ ကျွန်မရဲ့အစ်ကိုက အခုသူဋေးဖြစ်နေပြီ၊ အမေတို့ အကို့ရဲ့စည်းစိမ်ကို စိတ်ကူးတောင် မယဉ်နိုင်ဘူး"
ဆိုပြီး ဂုဏ်ယူစွာပြောလိုက်သည်။
လျူယောင်က သူ့တွင် ငွေမည်မျှရှိတာကို အမှန်ပင်မပြောခဲ့ပေ။ဒါက သူတို့ကို ကြောက် လန့်တကြားဖြစ်မှာဆိုးတာကြောင့်ပင်။ ယွမ် သန်း ၂၀ ကျော်နဲ့ ထီပေါက်ထားတာလို့သာ အမြဲတွေးခဲ့ကြသည်။
လျူယောင်က ဟွာဟိုင်းမြို့တွင် အိမ်တစ်လုံးနဲ့ကားတစ်စီးဝယ်ခဲ့ကြောင်းလည်း သူတို့ သိခဲ့ရသည်။ လျူယောင့်ဆီမှာ ပိုက်ဆံအများကြီးမကျန်တော့ဘဲ နှစ်သန်းသုံးသန်းလောက်သာ ရှိမယ်လို့ ထင်နေကြသည်။
လျူလန်ပြောတာကို မြင်တဲ့အခါ ကျိုးရိူ့ရင်က လျူယောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ခဲ့သော်လည်း တခြားဘာမှမပြောခဲ့ပေ။
လျူယောင် ဝူကျင်းဟော်တယ်ကို ကားမောင်းလာခဲ့ပြီး အခန်းနှစ်ခန်းကို အရင်မှာလိုက်သည်။ ဒီနေ့တော့ မပြန်တော့ဘဲ ခရိုင်တွင်နေဖို့ သူဆုံးဖြတ်လိုက်သည်။
လျူယောင်က
"လျူလန် အမေနဲ့မင်းအတွက် အခန်းတစ်ခန်းခွဲပေးမယ်" ဆိုပြီး ပြောလိုက်သည်။
ပြီးတော့
"အမေ၊ အဖေ့ ဆီ ဒီည သွားဖို့ မလိုဘူး။ ကောင်းကောင်းအနားယူပြီး မနက်ဖြန်မနက် မှဆေးရုံသွားပါ" လို့ သတိပေးလိုက်သည်။
သူတို့လေးယောက်သား ဝူကျင်းဟော်တယ်မှာ ညစာစားပြီး ဆေးရုံကိုပြန်ရောက်ချိန်တွင် နေ့လယ်နှစ်နာရီလောက်ရှိနေကာ သူနာပြုဆရာမက အလွန်တာဝန်သိပြီး ထိုနေရာတွင် တစ်ချိန်လုံးနေနေခဲ့သည်။
မိနစ်အနည်းငယ်အတွင်း လေးယောက်သား အခန်းထဲ ရောက်လာခဲ့သည်။
အစာအိမ်ရောဂါဗေဒဌာနမှ ဒါရိုက်တာရှောင်ကျန်းမှာ သူတို့ ရောက်လာပြီဆိုတဲ့ သတင်းကို ချက်ခြင်း ကြားလိုက်ရသည်။
ရှောင်ကျန်းအခန်းထဲဝင်လာတာနဲ့ အလွန်စိတ်အားထက်သန်နေပြီး မျက်နှာတစ်ပြင်လုံးတွင် အပြုံးပန်းများ ဝေနေသည်။
"မစ္စတာလျူ ကျွန်တော် ခုနက နားလည်မှု့လွဲသွားခဲ့တာပါ VIP အခန်းက လူပြည့်နေတယ်လို့ပြောတာ အောက်ခြေက ဝန်ထမ်းတွေ မှားသွားတာလား မသိပါဘူး နောက်ထပ် လစ်လပ်နေရာနှစ်ခုရှိတာ သူတို့ မသိလို့ပါ"
ဒီလူ့ကို ခုနကသွားတွေ့တုန်းက ဘာမှမထူးခြားပေမယ့် အခုတော့ လာဖို့အစပြုရုံတင်မကဘဲ စိတ်အားထက်သန်မှု့ကိုလည်း ပြသခဲ့သည်။
"မင်းက ငါရဲ့ဝိသေသလက္ခဏာကို သိပြီးမှငါ့ကိုမြှောက်ပင့်ချင်တာလား" လို့ လျူယောင် တွေးလိုက်မိသည်။
ဒါက အကြောင်းရင်းဖြစ်နိုင်တာကို ခန့်မှန်းမိပြီးနောက် လျူယောင် စိတ်ထဲတွင် ရယ်မောလိုက်သည်။အဲ့လိုသာဆိုရင် ဒီဒါရိုက်တာရှောင် ဟာ သာမန်လူမိုက်တစ်ယောက်လောက်ပေ။
"ဒါရိုက်တာရှောင် သီးသန့်အခန်းက မရှိတော့ဘူးဆို “
ရှောင်ကျန်းသည် ပထမတော့ အနည်းငယ်ရှက်သွားပေမဲ့ ဒီလူ့ကားက Roll-Royce ဆိုတာ သိထားတဲ့အခါ ပုံမှန်လို မပြုမူတော့ပဲ ချက်ခြင်းပင် ပြုံးလိုက်ပြီး
"ဒီလောက်ကြီးကျယ်တဲ့ လူနာ အတွက်တော့ ကျွန်တော်ရဲ့အမှားပါပဲလေ" ဟု ပြောလိုက်သည်။
လျူယောင်က နောက်ပြောင်ပြောလိုက်သည်။
" VIP အခန်းက တစ်ခန်းပဲ ရှိတာလား။ အဲဒါက နောက်ထပ် ဟာသလား။မဟုတ်ဘူး ငါတို့ကို ခု မှရှိတယ်ပြောတော့ ငါတို့ကဝမ်းသာရမှာလား!
"မဟုတ်ဘူး၊ မဟုတ်ဘူး အဲ့လို လုံးဝမဟုတ်ပါဘူး" လို့ ဒါရိုက်တာရှောင်ကျန်းက အလျင်စလို ပြန်ဖြေသည်။
သူ့ပုံစံက အစာအိမ်ရောဂါဗေဒဌာနရဲ့ ဒါရိုက် တာတစ်ဦးနဲ့မတူဘဲ လျူယောင်ရဲ့လက် အောက်ငယ်သားတစ်ဦးလိုဖြစ်နေပြီး သူ့သဘောထားကို တတ်နိုင်သမျှ နိမ့်ချထားခဲ့သည်။
ဒါရိုက်တာ ရှောင် ကိုကြည့်ပြီး လျူယောင် ဖြည်းညှင်းစွာပြောလိုက်သည်။
"သီးသန့်အခန်းရှိတာကို ပြောဖို့ ဒါရိုက်တာရှောင် ကိုယ်တိုင်ရောက်လာတာ မြင်ရလို့ ကျနော်တို့ကစိုးရွံအားနာစွာ နဲ့ပြောင်းလိုက်ပါ့မယ်"
လျူယောင်ရဲ့ တုံ့ပြန်မှု့ကို မြင်သွားတဲ့အခါ လီချန်လဲ့က ပါးစပ်ကိုအုပ်ပြီး ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
ရှောင်ကျန်းက နည်းနည်းလေးမှ မကျေနပ်တာမျိုးမလုပ်ဝံ့ဘဲ
"လူနာတွေကို ကူညီဖို့ ကျွန်တော်ရောက်လာတာပါ ခင်ဗျားထက် ကျွန်တော်က ဒီကိစ္စမှာ ပိုကျွမ်းကျင်တယ်" လို့ ပြန်ဖြေလိုက်သည်။
အဲ့လိုနဲ့ ဒီလိုမြင်ကွင်းမျိုး ပေါ်လာခဲ့သည်။
လျူဟုန်ဖူကို ရှောင်ကျန်း ကိုယ်တိုင်ထောက်ခံခဲ့တာကြောင့် သာမန်အခန်းထဲမှ ဂရုတစိုက်ထွက်ခွာကာ VIP အခန်းရဲ့ တံခါးဆီ ရောက်ရှိလာခဲ့သည်။
"မစ္စတာ လျူ ဒီအခန်းကို ခင်ဗျားဘယ်လိုထင်လဲ"
VIP အခန်းလိုပါပဲ မျှော်မှန်းထားတဲ့ အတိုင်း သာမာန် အခန်းများထက် များစွာ ပို ကောင်းသည်။ ကျယ်ဝန်းပြီး တောက်ပရုံသာမက တီဗီ၊ အဝတ်လျှော်စက်၊ မိုက်ခရိုဝေ့ဖ်မီးဖို၊ ရေသန့်စက် စသဖြင့် ပါရှိသည်။
ဆေးရုံခုတင်အပြင်၊ ဧည့်ခံဆိုဖာ၊ ကော်ဖီစားပွဲ၊ စားပွဲနဲ့ ဗီရိုတစ်ခုလည်း ပါရှိသည်။
ဒီ VIP ခန်းက ဟိုတယ်အခန်းနီးပါးလောက်
ကောင်းလှသည်။
လျူယောင် ခဏလောက်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"မဆိုးပါဘူး အခန်းထဲသွားရအောင်"
ရှောင်ကျန်း က သက်ပြင်းချရင်း တိတ်တိတ်ဆိတ်ဆိတ် သူ့ရင်ဘတ်ကို ဖိလိုက်ပြီး
"အကောင်းဆုံး ဆရာဝန်နဲ့ သူနာပြုကို ကျွန်တော်စီစဉ်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
လျူယောင်က
"အကောင်းဆုံးဆေးကိုသုံးပါ။ ပိုက်ဆံအတွက်မပူနဲ့ "လို့ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ကျိန်းသေလုပ်ပေးပါ့မယ်"ဟု ရှောင်ကျန်း အလျင်စလို ပြန်ဖြေလိုက်သည်။
ဒါရိုက်တာရှောင်းကျန်းစိတ်ထဲကနေ
" ဒီလူက သာမန်လူမဟုတ်လောက်ဘူး ဒီလို မာနကြီးတဲ့ လူက အရမ်းချမ်းသာတဲ့သူဖြစ်ရမယ်။ဒီလိုလူကို ဝန်ဆောင်မူ့ပြုရာမှာ အထူးသတိထားရမယ်" လို့ တွေးနေမိသည်။
VIP အခန်းတွင် နေပြီးနောက် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေတဲ့ လျူဟုန်ဖူက ကျေနပ်စွာပြောလိုက်သည်။
"သားယောင် ဒါက သာမန်အခန်းတွေထက် အများကြီး ပိုကောင်းပေမဲ့ စျေးကြီးလောက်မယ်"
"အဖေ ပိုက်ဆံအတွက် စိတ်ပူမနေပါနဲ့ အရေး ကြီးဆုံးကတော့ မြန်မြန်ကျန်းမာဖို့ပဲ" လို့ ပြန် ဖြေလိုက်သည်။
လျူလန်ကလည်း
"ဟုတ်တယ် အစ်ကိုကြီးက ခု ချမ်းသာနေပြီအဖေတို့နှစ်ယောက် ကောင်းချီးတွေခံစားရတော့မှာမို့ ပိုက်ဆံအတွက် စိတ်ပူမနေပါနဲ့ " ဟု ဝင်ပြောလိုက်သည်။
ကလေးတွေကပြောတော့ လျူဟုန်ဖူ ဘာမှပြန်မပြောတော့ဘဲ ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေခဲ့သည်။
ခဏလောက်စောင့်ပြီး သူ့အဖေအိပ်ပျော်နေတာကိုမြင်တော့ လျူယောင်က
"အမေ ကျွန်တော် လဲ့လဲ့အိမ်ကို သွားဉီးမယ် အမေ နားချင်ရင် ဟိုတယ်ကို သွားပါ" လို့ ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူက ၂၄ နာရီ သူနာပြုကို ငှားထားတော့ အရမ်းကြီး စိတ်ပူနေစရာမလိုပေ။
ကျိုးရိူ့ယင်က " သားက လဲ့လဲ့ရဲ့အိမ်ကို ပထမဆုံးအကြိမ်သွားမှာနော် ကိုယ့်ကိုယ်ကို ပိုဂရုစိုက် သတိမပျက်ပါနဲ့ အပြုအမူကို ယဉ်ကျေးသိမ်မွေ့အောင်နေ လူကြီးတွေကို လေးစားရမယ် ကြားလား" ဆိုပြီး
အများကြီးမှာခဲ့သည်။
လျူယောင်က "အမေ ကျွန်တော်သိပါတယ် ဗျာကျွန်တော်က သုံးနှစ်အရွယ်ကလေးမဟုတ်တာကြောင့် အမေစိတ်ချပါ"
"အန်တီ ဦးလေးကို ဒီမှာ ဂရုစိုက်ဖို့ခက်နေတာမို့ ကျွန်မ အရင်ပြန်လိုက်ပါအူံးမယ်" လို့ လီချန်လဲ့က နူတ်ဆက်လိုက်သည်။
လီချန်လဲ့ရဲ့လက်ကို ကိုင်လိုက်ပြီး နှစ်ယောက်သား VIP ခန်းမှ အတူတူထွက်ကာ ဆေးရုံဂိတ်ပေါက်ရှေ့တွင် ရပ်ထားတဲ့ ကားပေါ်တက်ပြီးလျူယောင် ယောက္ခမအိမ်ကို ကားမောင်းလာခဲ့သည်။
ကြွားလုံးထုတ်ဖို့ ရည်ရွယ်ချက်နဲ့ လျူယောင် ဒီကို ကားမောင်းလာတာမဟုတ်ပေ။ အဓိကအကြောင်းအရင်းက လမ်းလျှောက်ရမှာ နည်းနည်းဝေးတာကြောင့် အဲဒီ့ကိုကား နဲ့ သွားရတာ ပိုအဆင်ပြေတာမို့လို့ပဲ ဖြစ်သည်။
"အစ်ကိုယောင် စိတ်လှုပ်ရှားနေတာလား?"
လျူယောင်က အနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။ ဒါဟာ ယောက္ခထီးနှင့် ယောက္ခမကို ပထမဆုံးအကြိမ်တွေ့ဆုံတာမို့ စိတ်လှုပ်ရှားနေပေမဲ့ သူက အေးအေးဆေးဆေးပုံစံဟန်ဆောင်နေခဲ့သည်။
လီချန်လဲ့က ရယ်မောလိုက်သည်။လျူယောင် အကြောင်းကို သူမ ကောင်းကောင်းသိသည်။ သူမချစ်သူက တကယ်ကို ရည်ရွယ်ချက်ရှိရှိပြောခဲ့ခြင်းဖြစ်သည်။
ဆယ်မိနစ်အကြာ လီချန်လဲ့ရဲ့ လမ်းညွှန်မှု့ဖြင့် လျူယောင် ရက်ကွက်ထဲ မောင်းဝင်လာခဲ့သည်။ ဒီ ရက်ကွက်ဟာ ငါးထပ် ၊ခြောက်ထပ်ရှိနေပြီး လှေကားထစ်အိမ်များနှင့် ပြည့်နေကာ ကားပါကင်နေရာအချို့လည်း ရှိသည်။
လီချန်လဲ့ရဲ့ အိမ်အောက်တွင် လျူယောင် ကားကို ရပ်လိုက်သည်။