အခန်း 103 သင်္ဘောပျက်ထဲတွင် နောက် တစ်ကြိမ် ရှာဖွေခြင်း
လျူယောင် ဒုတိယအကြိမ် ရေငုတ်တဲ့အခါ လမ်းကြောင်းကို ကျွမ်းကျင်သွားပြီမို့ မကြာခင် သင်္ဘောပျက်ရဲ့ ဘေးကို ရောက်လာခဲ့သည်။
ပတ်ပတ်လည်ကို ကြည့်ကာ ကုန်သိုလှောင်ရုံ ဘယ်နေရာတွင် ရှိမလဲဆိုတာ တွက်ချက်ပြီးနောက် စုတ်ပြဲနေတဲ့ အပေါက်တစ်ခုမှ ရေကူး ဝင်သွားသည်။
အခြားအခန်းငယ်များကို တိုက်ရိုက် လျစ်လျူရှုထားလိုက်သည်။
လျူယောင်ရဲ့ ရည်ရွယ်ချက်မှာ ဒီသင်္ဘောရဲ့ ကုန်သိုလှောင်ရုံပင် ဖြစ်သည်။
သင်္ဘောပေါ်ရှိ ကော့ပစ်နဲ့ ရုံးခန်းငယ်ကို ရှာဖွေခဲ့ပြီး နေထိုင်ခန်းအချို့ကိုလည်း ရှာဖွေခဲ့သည်။
ကျန်ရှိနေတဲ့ အခြားအခန်းငယ်များဖြစ်သည့် အင်ဂျင်ခန်းနဲ့ ပစ္စည်းသိုလှောင်ရုံများတွင် တန်ဖိုးရှိတဲ့ ပစ္စည်းများရှိရန် မဖြစ်နိုင် ဟု လျူယောင် ယူဆခဲ့သည်။
လျူယောင်ကုန်သိုလှောင်ရုံကို တိုက်ရိုက်သွားလိုက်သည်။
လမ်းကြောင်းမှတဆင့် လျူယောင် သင်္ဘောကုန်းပတ်အောက် ဒုတိယထပ်ကို ရောက်လာခဲ့သည်။ မှားယွင်းမူ့မရှိရင် ကုန်သိုလှောင်ရုံက အထပ်ပေါ်တွင် ရှိနိုင်သည်။
သူရဲ့လက်ထဲတွင် ရှိတဲ့ ဓာတ်မီးကြီးရဲ့ အလင်းရောင်မှာ အလွန်တောက်ပပြီး အမှောင်ထဲတွင် ရှာဖွေရန် မလိုအပ်တာကြောင့် လျူယောင်ရဲ့အရှိန်က အတော်လေး မြန်သည်။
ကျဉ်းမြောင်းတဲ့လမ်းတွင် ပစ္စည်းများ ပိတ်ဆို့နေတဲ့ အခက်အခဲအချို့သာ ရှိသည်။
"ဒါက သိုလှောင်ရုံဖြစ်ရမယ်"
ကြိုးစားအားထုတ်မှုများစွာ လုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် အခန်းငယ်တစ်ခုရဲ့ တံခါးကို လျူယောင် ရောက်လာခဲ့သည်။
ဒါကကြီးမားတဲ့ အခန်းငယ်တစ်ခု ဖြစ်ရမယ် ထို ပိတ်ထားတဲ့ တံခါးက အခြားအခန်းငယ်များထက် များစွာပိုကြီးနေသည်။
လျူယောင် တွန်းကြည့်ပေမဲ့ အခန်းငယ်တံခါးမှာ မလှုပ်ရှားခဲ့ပေ။
"တွန်းဖွင့်လို့ မပွင့်ဘူးလို့တော့ ငါ မထင်ဘူး"
လျူယောင် စိတ်မချမ်းမြေ့စွာဖြင့် ဓါတ်မီးကို သူရဲ့လည်ပင်းတွင် ဆွဲလိုက်ပြီး လက်နှစ်ဖက်ဖြင့် တံခါးကို အားကုန်တွန်းလိုက်သည်။
ချက်ချင်းဆိုသလို တံခါးမှာ ဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းသွားပြီးနောက် အသံထွက်လာခဲ့သည်။ အတိုင်းအတာတစ်ခုကို ရောက်ပြီးနောက် နောက်ဆုံးတွင် ကျယ်လောင်တဲ့အသံနဲ့အတူ ပွင့်သွားခဲ့သည်။
လျူယောင့်ရဲ့ ကြီးမားတဲ့အားအကျိုး သက် ရောက်မှုအောက်တွင် တံခါးသော့က ပွင့်ထွက်သွားပုံရသည်။
လျူယောင် အချိန်အတော်ကြာအောင် ကျေနပ်နေခဲ့သည်။
သူရဲ့လက်များကို ကြည့်ရင်း "မိုက်တယ်ဟ ငါ ဒီလိုခွန်အားမျိုးနဲ့ဆို စူပါမင်းတစ်ယောက် ဖြစ်နိုင်တယ်"လို့ စိတ်ထဲတွင် ပြောလိုက်သည်။
လျူယောင် တံခါးဖွင့်ပြီးနောက် အတွင်းထဲကို အလင်းရောင်နဲ့ ထိုးကြည့်လိုက်ရာ.အတွင်းထဲရှိ နေရာက အတော်လေး ကျယ်ဝန်းတာကို တွေ့ရပြီး ဒီအခန်းက သင်္ဘောပေါ်တွင် အကြီးဆုံး အခန်းဖြစ်တယ်ဆိုတာ သေချာသည်။
ဒါက သင်္ဘောပျက်ရဲ့ ကုန်သိုလှောင်ရုံဆိုတာ သံသယရှိစရာ မလိုပေ။
လျူယောင် အံ့သြဝမ်းသာသွားပြီးရေကူးဝင်သွားရာ အတွင်းရှိ ပစ္စည်းများက အတော်လေး ရှုပ်ပွနေခဲ့သည်။ သင်္ဘောတစ်ခုလုံးက စောင်းနေတာကြောင့် ကုန်တင်ခန်းမှာလည်း စောင်းနေခဲ့သည်။
သံထည်ပစ္စည်းများက သံချေးများ ထူထပ်စွာတက်နေပြီး ကျန်နေရာများက ဆွေးမြေ့နေခဲ့သည်။
မြေပြင်ပေါ်တွင် ပြုတ်ကျနေတဲ့ သစ်သားစင်တစ်ခုရှိတာကြောင့် လျူယောင် ပေါ့ ပေါ့တန်တန် ထိလိုက်ရာ ချက်ချင်းပြိုလဲသွားသည်။
"ဒီထဲက ပစ္စည်းတွေက ဆွေးမြေ့နေတာပဲကွာ "
လျူယောင် သူ့ကိုယ်သူ စကားပြောပြီး ဓာတ်မီးနဲ့ထိုးကာ သေချာစွာ ရှာဖွေတော့သည်။
အတွင်းထဲတွင် အဝတ်အထည်များစွာ ရှိနေတာကို မြင်ရသည်။ဒါပေမဲ့ ဆွေးမြေ့နေပြီး ပေါ့ပေါ့ တန်တန် ထိလိုက်ရင် ပို ဆိုးသွားနိုင်သည်။
အဝတ်အထည်များစွာမှာ အနည်းဆုံး အပိုင်းရာချီ ရှိပေမဲ့ အသုံးမဝင်ပေ။ လျူယောင် ဒါတွေကို စိတ်မဝင်စားပေ။
ကြီးမားတဲ့ အိတ်ကြီးများထဲတွင် ထည့်ထားတဲ့ ပစ္စည်းအချို့လည်း ရှိပြီး ထိုပစ္စည်းများက အစားအစာတွေ လက်ဖက်ခြောက်တွေ ဖြစ်ပြီး အဲ့ဒါတွေက ပုပ်ပွကာ ရွှံ့နက်များအသွင်ပြောင်းနေပြီး ညစ်ပတ်နေသည်။
သိုလှောင်ရုံရဲ့ ထောင့်တစ်နေရာတွင် လျူယောင် ကြေးထည်အချို့ကို တွေ့လိုက်ရသည်။ ဒါတွေက ရှေးဟောင်းပစ္စည်းများ ဖြစ်ပုံရပြီးဒါဆယ်စုနှစ်များစွာကြာ ပင်လယ်ရေစိမ်ထားပြီးနောက် အားလုံးနီးပါး သံချေးများတက်၍ အညစ်အကြေးများ ဖြစ်သွားကာ တန်ဖိုးမရှိတော့ပေ။
လျူယောင် သိုလှောင်ရုံထဲတွင်အနည်းဆုံး မိနစ် ၂၀ မှ ၃၀ အထိ ရှာဖွေခဲ့သည်။ တဖြည်းဖြည်း သူ့စိတ်ထဲတွင် အံ့သြမှု့များ လျော့ပါးသွားပြီး အနည်းငယ် စိတ်ဓာတ်ကျလာသည်။
"ဟေး တန်ဖိုးရှိတဲ့ဟာ တစ်ခုခုတောင် မရှိဘူးလားကွာ "
နောက့ဆုံးတွင် ပစ္စည်းအားလုံးက ရွှံ့အဖြစ် ဆွေးမြေ့သွားပြီး ကြေးထည်အနည်းငယ်ကလည်း အညစ်အကြေးများ ဖြစ်သွားခဲ့သည်။
သိုလှောင်ရုံကို အခြေခံအားဖြင့် ရှာဖွေပြီးနောက် လျူယောင် နေရာတွင် ခေတ္တရပ်နေခဲ့သည်။ အချိန်အတော်ကြာ ရပ်တန့်ပြီးနောက် သက်ပြင်းချလိုက်ကာ သိုလှောင်ရုံမှ ရေကူးပြီး ထွက်လာခဲ့သည်။
"ဒီသင်္ဘောမှာ နောက်ထပ် ဂိုဒေါင်တစ်ခု ရှိသေးတာလား "
လျူယောင် ခဏ စဉ်းစားပြီး နောက် အပေါ်ထပ်ရှိ နေရာတိုင်းကို ဓါတ်မီးဖြင့် ထွန်းကြည့်ရာ မကြာခင်တွင် အခန်းငယ်တစ်ခုရဲ့ တံခါးဝကိုရောက်လာခဲ့သည်။
ဒီအခန်းငယ်ရဲ့ တံခါးကလည်း တင်းကျပ်စွာ ပိတ်ထားပြီး တံခါးမှာ အတော်လေး ကြီးမားတာကြောင့် ခုနက တွေ့ခဲ့တဲ့သိုလှောင်ရုံ တံခါးနဲ့အတူတူနီးပါးပဲ ဖြစ်သည်။
အစက စိတ်ဓာတ်ကျနေတဲ့ လျူယောင်သည် သူ့စိတ်ထဲတွင် မျှော်လင့်ချက်များ ဖြည်းဖြည်းချင်း ပြည့်လာခဲ့သည်။
"ဒါကလည်း သိုလှောင်ရုံဖြစ်နိုင်မလား ဒီသင်္ဘောပေါ်မှာ သိုလှောင်ရုံနှစ်ခု ရှိတာလား"
"အင်း သိုလှောင်ရုံ ဖြစ်နိုင်လောက်တယ် တံခါးဖွင့်ပြီး ဝင်ကြည့်မှပဲ သိရမယ်"လို့ လျူယောင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ဓာန်မီးထိုးပြီးအတွင်းထဲ ကြည့်လိုက်ရာ အ တွင်း ထဲက နေရာမှာ အတော်လေး ကျယ်ဝန်းပြီး အတွင်းထဲတွင် ပစ္စည်းများ နည်းပါးနေတာ မှအပ ခုနကသိုလှောင်ရုံနဲ့အတူတူနီးပါးပင် ဖြစ်သည်။ဒါ့အပြင် အတွင်းထဲတွင် ရွှံ့ထူထူအလွှာ ရှိပုံရသည်။
"ဟုတ်တယ်ဟ ဒါကလည်း သိုလှောင်ရုံပဲ "
လျူယောင် ဝမ်းသာသွားပြီး ဓာတ်မီးနဲ့အတူ ရေကူးဝင်သွားပြီး နောက် ပတ်ပတ်လည်ကို ဓာတ်ပုံရိုက်ခဲ့သည်။ အတွင်းထဲရှိ အခြေအနေက တစ်ချက်ကြည့်လိုက်ရုံနဲ့ အလွန်ရှင်းလင်းနေသည်။
ကြမ်းပြင်ပေါ်က ရွှံ့ထူထူအလွှာမှလွဲပြီး လဲကျနေတဲ့ သံစင် အနည်းငယ်သာ ရှိသည်။သံစင် တစ်ဝက်က ရွှံ့ထဲတွင် ရှိပြီး ကျန်တစ်ဝက်က အပြင်ကို ထွက်နေသည်။
သံစင်တစ်ခုစီက အလွန်ခိုင်ခံ့ပုံရပြီး ထောင့်များကို သံမဏိအထူနဲ့ ဂဟေဆော်ထားတာကြောင့် ဒါက လေးလံတဲ့ ပစ္စည်းများ တင်ရန်အသုံးပြုခဲ့တာလို့ ခန့်မှန်းရသည်။
ဆယ်စုနှစ်များစွာ ကြာသွားခဲ့တာကြောင့် အဲ့ဒါတွေက ဆိုးရွာစွာသံချေးတက်နေပြီး သံချေးအလွှာ ထူထဲနေသည်။
လျူယောင် ဓါတ်မီးအလင်းရောင်နဲ့ သံစင်များကို သေချာဓာတ်ပုံရိုက်ပြီး အခြားနေရာများကို လည်း ဓာတ်ပုံရိုက်ခဲ့သည်။အမှန်ပါပဲ ဒီပြိုကျနေတဲ့ သံစင်များနဲ့ ရွံံ့ထူထူကြီးများသာ ရှိသည်။ အခန်းထဲတွင် တခြားဘာမှ မရှိတော့ပေ။
" ဟူး စိတ်ပျက်စရာပဲကွာ !"
" တကယ် စိတ်ပျက်စရာကောင်းတာပဲ "
လျူယောင်ရဲ့စိတ်ထဲတွင် ထားရှိခဲ့တဲ့မျှော်လင့်ချက်မှာ ချက်ချင်းဆိုသလို ပျက်စီးသွားတာကြောင့် သူ ချက်ချင်း ထွက်သွားချင်စိတ်နဲ့ သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။
ဒါပေမယ့် သူ စိတ်ကျေနပ်မှုမရှိပေ။ဒီလောက်များပြားတဲ့ ကြိုးစားအားထုတ်မှု့များပြီးနောက် ဒီမှာ ဘာမှမရှိဘူးလား !ကုန်တင်ခန်းနှစ်ခုရှိပြီး၊ တစ်ခုက ရွှံ့ထူထပ်တဲ့ အဝတ်အထည်များ အစားအစာများနဲ့ အခြားအရာများနဲ့ ပြည့်နေသည်။ ဒီတစ်ခုကတော့ ပို ရိုးရှင်းပြီး ဘာမှမရှိဘဲ လွတ်နေသည်။
လျူယောင် ယိမ်းထိုးနေတဲ့ သံစင်များကို စိတ်ပျက်စွာ ကြည့်ရင်း အားကုန်ကန်လိုက်ချင်စိတ်ကိုမထိန်းထားနိုင်တော့ဘဲ မကျေနပ်မှု့ကို ဖထုတ်ဖော်ရန် ကန်ထည့်လိုက်သည်။
" ဝုန်းး "
ထိုစင်ကို ကန်လိုက်ရာ ကျယ်လောင်တဲ့အသံ ထွက်လာခဲ့သည်။ ပင်လယ်ရေ ခုခံမှု့ရှိပေမဲ့ သူ့ရဲ့အားက အတော်လေးပြင်းထန်တာကြောင့် ဖြစ်လောက်မည်။
သံချေးတက်နေတဲ့ စင်ကို ကန်လိုက်တဲ့အတွက်ကြောင့် အနည်းငယ် ပုံသဏ္ဌာန်ပြောင်းသွားပြီး မြေပြင်ပေါ်ရှိ ရွှံ့များက နောက်ကျိ သွားကာ ကြည်လင်တဲ့ ပင်လယ်ရေတွင် နူန်းများနဲ့ နောက်ကျိသွားသည်။
စင်အနီးတွင် နောက်ကျိနေတဲ့ နူန်းများရှိနေပေမဲ့အခြားနေရာများတွင်မူ လိူင်းဒဏ်ခံရတဲ့ သက်ရောက်မှု့ မရှိဘဲ အလွန်ကြည်လင်နေသေးသည်။
လျူယောင်က နောက်ကျိလာတဲ့ ရေအမှုန်အမွှားအောက်တွင် တစ်စုံတစ်ရာရှိနေပုံကို တွေ့လိုက်ရသည်။အဲ့ဒါရဲ့ အရွယ်အစားမှာ အနည်းငယ် ကွဲပြားနေ့ပြီး ပုံစံက အုတ်တစ်ချပ်နဲ့ မတူပေ။
ခဏကြာ စောင့်နေပြီးနောက် နောက်ကျိနေတဲ့ ရေမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ထပ်မံ ကြည်လင်လာသည်။ လျူယောင် ရွှံ့ထဲမှ တစ်ခုခု ထွက်နေတာကို တွေ့ခဲ့ရပြီး ထူထဲတဲ့ ရွှံ့များဖြင့် ဖုံးလွှမ်းနေတဲ့ တြိဂံပုံပစ္စည်းတစ်ခု ဖြစ်သည်။
"ဒါက ဘာလဲဟ"
လျူယောင် သိလိုစိတ်ဖြင့် လက်ကိုဆန့်ပြီး ကောက်ကိုင်လိုက်ရာ အလွန်လေးတယ်လို့ ခံစားလိုက်ရသည်။
ဒီလေးလံတဲ့ ခံစားမှု့ကို လျူယောင် အလွန်ရင်းနှီးနေပြီး ရွှေဆိုရင်သာ ဒီလို လေးလံတဲ့ ခံစားမှု့မျိုး ရရှိနိုင်သည်။