Ch 102
Viewers 4k

အခန်း 102  ရွှေတုံးများနှင့် ကျောက်စိမ်းပြား

လျူယောင်  တခြားအခန်းထဲဝင်လာခဲ့သည်။ ပပစ္စည်းအချို့က ရှုပ်ပွနေပြီး သံချေးတက်ကာ ပုပ်ပွ နေခဲ့သည်။


အချို့က ရွှံ့အဖြစ်ပြောင်းသွားပြီး လျူယောင် အဲ့ဒါတွေကို လင်းထိန်အောင်လုပ်လိုက်ကာ ခဏကြည့်ပေမဲ့ ဂရုတစိုက်မရှာဖွေခဲ့ပေ။



ဒီအခန်းထဲမှာတော့ အလောင်းမတွေ့ရပဲ စုတ်ပြတ်နေတဲ့ ပစ္စည်းတချို့သာ တွေ့ရပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။


"နောက်အခန်းကိုသွားကြည့်ရမယ်"


"မင်းလူယုတ်မာ.အရေးထဲ လမ်းကို ပိတ်ဆို့နေသေးတယ် "


လျူယောင်  သင်္ဘောထဲရှိ လမ်းတစ်ခုပေါ်တွင် ရှိနေပြီး နောက်တစ်ခန်းကို သွားရန် အဆင်သင့်ဖြစ်နေပေမဲ့  အလောင်းက ပိတ်ဆို့နေတာကြောင့် ဆက်သွားရန် ခက်ခဲနေသည်။



လျူယောင် လက်ကို ဆန့်ထုတ်လိုက်ပြီးပြင်းပြင်းထန်ထန်  တွန်းထုတ်လိုက်ရာ အရိုးတွေ ကွဲအက်သွားပြီး အလွန်ပုပ်ပွနေကာ ဆွေးမြည့်နေတဲ့အပြင် လျူယောင်ရဲ့ ကြီးမားလှတဲ့ ခွန်အားနဲ့လည်း သက်ဆိုင်ပေသည်။


လမ်းပွင့်လာပြီးနောက် လျူယောင် အခန်းတံခါးဆီကို  ရေကူးသွားနေစဥ် တံခါးပိတ်သွားတာကို တွေ့လိုက်ရကာ သူ ပြင်းပြင်းထန်ထန် တံခါးကို တွန်းဖွင့်လိုက်သည်။


ကြမ်းတမ်းတဲ့ တွန်းအားနဲ့ တံခါး ပွင့်သွားရာ ရုတ်တရက် ပင်လယ်ရေတွေ စိုစွတ်ကုန်သည်။ လျူယောင် ဒါကို ဂရုမစိုက်ဘဲ ဓာတ်မီးနဲ့အတူ  ဝင်ရောက်လာခဲ့ သည်။


ရုံးခန်းတစ်ခုလိုပါပဲ ။

အတွင်းထဲက ပစ္စည်းများမှာ အလွန်ဆွေးမြေ့ပျက်စီးနေပေမဲ့ လျူယောင့်ရဲ့ စူးစမ်းလိုစိတ်ကို မတားဆီး နိုင်ခဲ့ပေ။


ကြီးမားတဲ့ စားပွဲခုံမှာ ပြုတ်ကျနေ ပြီး ပြိုကျလုနီးပါး ဖြစ်နေသည်။ဘေးမှာ လူသေအလောင်းတစ်လောင်းရှိနေကာ သူ့ရဲ့ စုတ်ပြတ်နေတဲ့ စစ်ဝတ်စုံကို ကြည့်လိုက်ရာ အရာရှိဖြစ်လောက်သည်။



သူက ရုံးခန်းထဲတွင် ပေါ်လာတာကြောင့် ဒီသင်္ဘောရဲ့ အကြီးအကဲ ဖြစ်လောက်သည်။


လျူယောင်ချက်ချင်းပဲ စိတ်ဝင်စားသွားပြီး "ဒီအလောင်းမှာရော အဖိုးတန်တဲ့ပစ္စည်းတွေ ရှိနေမလား "ရေရွတ်လိုက်သည်။


လျူယောင် အနည်းငယ် လှည့်ကြည့်ပြီးနောက် အချိန်အကြာကြီး အသုံးမပြုခဲ့တဲ့ ဘောပင်ကို တွေ့ရှိခဲ့သည်။


ထို့အပြင် သံချေးတက်‌နေ့ပြီးလုံးဝ အသုံးလို့မရတဲ့ သေနတ်တစ်လက်လည်း ရှိသည်။


" လခွမ်း ဒီ လူကဘာတန်ဖိုးမှ မရှိတဲ့ ဆင်း ရဲသားပဲ" ဟု ဒေါသထွက်စွာ ပြောလိုက်သည်။



လျူယောင်  ရုံးခန်းကို နောက်ထပ် ဓာတ်ပုံတစ်ပုံရိုက်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။


လျူယောင် ချက်ချင်း ရေကူးပြီး သွားကြည့်လိုက်ရာ  သေတ္တာက သံချေးတက်နေပြီး အပြင်တွင်ရွှံ့နွံ အများအပြား ရှိနေသည်။


"ဒီ သေတ္တာထဲမှာရော တန်ဖိုးရှိတာ တစ်ခုခုရှိလောက်လား "


လျူယောင် ဒါကို ဖွင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။


သူ့ လက်ထဲရှိ  ကြီးမားတဲ့ ဓာတ်မီးကို ဘေးဖယ်ထားကာ အကြမ်းပတမ်းနည်းဖြင့် စမ်းကြည့်ရန် ပြင်ဆင်လိုက်သည်။သေတ္တာတွင် စကားဝှက်များနဲ့ သော့များမပါတာကြောင့် ရိုက်ဖွင်တာက တစ်ခုတည်းသောနည်းလမ်းပဲဖြစ်သည်။



လျူယောင်  ကိုယ်ဟန်အနေအထားကို နေရာတကျထားလိုက်ပြီး  လက်နဲ့ အားကုန်သုံးပြီး ရိုက်ချလိုက်ရာ နောက်ဆုံးတော့ မီးခံသေတ္တာက ပေါက်ကွဲသံ ထွက်လာပြီး ပွင့်သွားသည်။


"ဟေး ဒီထဲမှာ တစ်ခုခုရှိတယ် "


"အပြည့်နီးပါး ရှိနေတယ် ဟ "


လျူယောင် တစ်ခုခြင်း ထုတ်ယူလိုက်ပြီး အများစုမှာ အရေးကြီးသော စာရွက်စာတမ်းများနှင့် ငွေစက္ကူထုပ်များ ဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ ဟုတ်ပါသည်။



လျူယောင်က" သနားစရာပဲ ဒါတွဟာ ရွှံ့တွေနဲ့ပုပ်‌ဆွေးလုနီးပါးဖြစ်နေပြီ ငါ ထိလိုက်တာနဲ့ ပိုတောင်ဆိုးလာလိမ့်မယ် "ဟု ဝမ်းနည်းစွာ ရေ ရွတ်လိုက်လိုက်သည်။


တကယ်တော့ ပန်းချီကားတစ်ချပ်ရှိနေသည်။ ဒီလို လုံခြုံတဲ့နေရာမှာ ထည့်လို့ရတဲ့ ပန်းချီကားအများစုဟာ နာမည်ကြီး ပန်းချီကားတွေဖြစ်ပြီး  ပျက်စီးသွားတဲ့အတွက် နမြောစရာပါပဲ။


အထဲက ပစ္စည်းများကို ဆက်လက်ထုတ်ယူလိုက်သည်။


"ဟမ်! "


လျူယောင် သေတ္တာထဲတွင် ကျောက်စိမ်းပြားတစ်ချပ်ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားခဲ့သည်။


ထိုအပေါ်ကကြိုးမှာ အရမ်းဆွေးမြေ့နေတော့ ထိရင် ပြတ်သွားနိုင်သည်။


လျူယောင်  ကျောက်စိမ်းပြားကို လက်နဲ့ကိုင်လိုက်ကာ သုတ်လိုက်ပြီး ဓာတ်မီးနဲ့ ထွန်းလိုက်စဉ် ချက်ချင်းပင် အံ့အားသင့်သွားသည်။



သူက ကျွမ်းကျင်သူမဟုတ်ပေမဲ့ ဒီဟာက ဖန်တစ်ပိုင်းဖြစ်လောက်မည်။အနည်းဆုံးတော့ နာမည်ကြီးကောင်းပင်းရဲ့အစိမ်းရောင်ကျောက် စိမ်းပြားတစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။


အထူးသဖြင့် ထွင်းထုထားခြင်းမှာ အလွန်ကောင်းမွန်ပြီး အပေါ်တွင် အဝဠိတိဿရဘုရား အသက်ဝင် နေသလိုပင် လက်ရာမြောက်လှသည်။


သူ့လက်ထဲမှ  ဓာတ်မီးနဲ့ ထွန်းကြည့်လိုက်ရာ အရမ်းလင်းထိန်နေခဲ့သည်။


"ဒီပစ္စည်းက အရမ်းအဖိုးတန်တာပဲ "


လျူယောင် ဝမ်းသာအားရ လက်ခံလိုက်သည်။


အစက သေတ္တာထဲတွင် ငွေစက္ကူများနဲ့ နာမည်ကြီး ပန်းချီကားတစ်ချက်မှာ ရွှံ့အဖြစ်ပြောင်းလဲနေတာကို  မြင်တဲ့အချိန် သူ စိတ်ပျက်ခဲ့သော်လည်း ခုတော့  အံ့သြစရာသာရှိတော့သည်။



" ဒီ မီးခံ သေတ္တာထဲ မှာတခြားဘာတွေရှိ‌ သေးလဲ "


လို့ ပြောပြီး.လျူယောင် ကျောက်စိမ်းပြားကို ဖယ်ထုတ်ပြီးနောက် အတွင်းထဲက ပစ္စည်းများကို ဆက်လက်ထုတ်ယူခဲ့သည်။


ခဏကြာတော့ လျူယောင် အံ့အားသင့်သွားခဲ့သည်။


"ဟာ "


"ရွှေချောင်းတွေ အများကြီးပဲ "


ဒါက အခန်းများစွာကို ရှာဖွေပြီးနောက် တွေ့ရှိသမျှ ရွှေချောင်းအရေအတွက်ထက် အများဆုံးပဲဖြစ်သည်။



"တစ်နှစ်သုံး..."


လျူယောင် ရေကြည့်လိုက်ရာ လေးလံတဲ့ရွှေတုံး နှစ်ဆယ့်နှစ်ချောင်းဖြစ်နေသည်။ဒါတွေကို သေတ္တာထဲကနေ တစ်ချောင်းပြီးတစ်ချောင်း ထုတ်ယူလိုက်ရတဲ့ ခံစားချက်က အရမ်းမိုက် သည်။


သူ ကြိုးစားအားထုတ်မူ့များက အချည်းနှီးမဖြစ်ခဲ့ပေ။



နစ်မြုပ်နေတဲ့ သင်္ဘောထဲကို စူးစမ်းရှာဖွေရန်လျူယောင်  နှစ်ရက်ပြည့်အောင် ပြင်ဆင်ခဲ့ပြီး ဒီခရီးဆောင် ဓာတ်မီးကိုပင် မှာယူခဲ့သည်။



ရွှေတုံးအားလုံးထုတ်ယူလိုက်ရာမှာ စုစုပေါင်း ရွှေ နှစ်ဆယ့်သုံး ကီလိုဂရမ်လောက် ထုတ်ယူနိုင်ခဲ့သည်။


လျူယောင်  ထိုအရာအားလုံးကို သူ ယူလာတဲ့ ပိုက်ကွန်အိတ်ထဲ ထိုးထည့်လိုက်သည်။


ဒီပစ္စည်းများကို ကျေနပ်စွာကြည့်ပြီးနောက် သေတ္တာထဲတွင် သေသေချာချာရှာဖွေခဲ့ပြီး ပိုက်ကွန်ထဲတွင် တစ်ခုမှ လွဲချော်သွားခြင်းမရှိကြောင်း သေချာပြီးနောက် လျူယောင် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။



ပထမဆုံးရွက်လှေကို အရင်သွားပြီး အနားယူရမယ်။


တစ်နာရီကျော်ကြာလောက် ရေငုတ်ခဲ့ပြီး အမြတ်အစွန်းလည်းရခဲ့သည်။ 


ဒါပေမဲ့ အခု အရေးကြီးတာက လျူယောင်က  သူ့ရင်ဘတ်တွင် အနည်းငယ် တင်းကျပ်နေသလို ခံစားရတာကြောင့် အရေးပေါ်အသက်ရှုဖို့အတွက်  ရေပေါ်တက်ရန် လိုအပ်သည်။


အတွင်းလမ်းတစ်လျှောက်တွင် မိနစ်အနည်းငယ်အကြာ ကူးခတ်ခဲ့ပြီး နောက်ဆုံးတွင်တော့ ရွက်လှေပေါ် ပြန်ရောက်ခဲ့သည်။



ချန်းဟူက ဒီမှာ မရှိပေ။


အိပ်နေတာ  ဖြစ်နိုင်သည်။၊ လျူယောင် ပစ္စည်းတွေကို စားပွဲပေါ်တင်ပြီး မျက်နှာနဲ့ ဆံပင်တွေကို မျက်နှာသုတ်ပဝါနဲ့ သုတ်လိုက်ပြီး ရာဘာရေငုပ်ဝတ်စုံကို ခေတ္တချွတ်လိုက်သည်။


"က ခဏလောက် အနားယူကြရအောင်"


လျူယောင် ကော်ဖီတစ်ခွက်သောက်ပြီးနောက်  က ထိုင်လိုက်ကာ  ရွှေချောင်းများ နဲ့ ကျောက် စိမ်းပြားများကို ကောက်ယူကြည့်လိုက်သည်။


ပိုကြည့်လေ ထူးထူးခြားခြား ဖြစ်လာလေပါပဲ။


အများစုမှာ ဖန်သားဖြင့်ပြုလုပ်ထားပြီး အပြစ်အနာအဆာမရှိတဲ့ အစိမ်းရောင်များဖြင့် ပြည့်နေသည်။ဒီကျောက်စိမ်းပြားက ခရီးစဉ်ရဲ့ အကြီးမားဆုံး ရိတ်သိမ်းမှု့ ဖြစ်သည်။



ပြန်ရောက်တဲ့အခါသေချာသိတဲ့လူကိုမေးကြည့်ရမယ်။တကယ်လို့ ဒါက ဖန်အပြည့်စိမ်းပြာရောင် ကျောက်စိမ်းအစိမ်းအပြည့်ပါရင်တော့ မရောင်းပဲ ကိုယ်တိုင်ဝတ်ဆက်ရမည်။ နောင်တွင် မိသားစု အမွေအနှစ်အဖြစ် အသုံးပြုနိုင်မှာပဲဖြစ်သည်။



ဘာပဲဖြစ်ဖြစ် ဒီဟာကို စိတ်အေးချမ်းသာသာနဲ့ ယူလို့ရတယ်။" ဒုတိယကမ္ဘာစစ်အတွင်းက ငါတို့ဆီကနေ  RB တွေ လုယူသွားတာ ဖြစ်လောက်မယ်" ဟု လျူယောင် တွေးလိုက်မိသည်။


လျူယောင်ရွက်လှေပေါ်တွင် မိနစ် 30 မှ 40 ခန့် အနားယူပြီးနောက်  အင်အားပြီးလုနီးပါးဖြစ်နေပြီလို့ ခံစားလိုက်ရတာကြောင့် ရေထဲ ပြန်ဆင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။



ခုနက နားတဲ့ချိန်မှာ လျူယောင် ဒီသင်္ဘောအကြောင်းကို တွေးနေမိသည်။"ဒါက ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုတဲ့ သံမဏိသင်္ဘောဖြစ်ပြီး  ဒီသင်္ဘော မနစ်မြုပ်ခင် ဘာတွေ သယ်ယူလာခဲ့တာလဲ "


"သင်္ဘောရဲ့သယ်ယူပို့ဆောင်ရေးအခန်းက ဘယ်မှာတည်ရှိနိုင်လောက်လဲ "


အခုလေးတင်ပဲ လျူယောင် သင်္ဘောရဲ့ စက်မောင်းအခန်း !ရုံးခန်းအပါအဝင် !အခန်းပေါင်းများစွာကို ရှာဖွေခဲ့ပြီး သင်္ဘောရဲ့ ကုန်ပစ္စည်းထားတဲ့အခန်းကို ရှာဖို့ ကျန်သေးသည်။


ကုန်ပစ္စည်းထားတဲ့အခန်းထဲမှာ ပိုတန်ဖိုးကြီးတဲ့ပစ္စည်း တစ်ခုခု ရှိပါစေလို့ လျူယောင် မျှော်လင့်မိသည်။



လျူယောင်  ရေငုပ်ဝတ်စုံကို ထပ်ဝတ်လိုက်ပြီး သူက အောက်ဆီဂျင်ဆလင်ဒါဘူးကို သယ်ဖို့ မလိုဘဲ မျှော်လင့်ချက်တွေအပြည့်နဲ့ ရေထဲ ဆင်းသွားခဲ့သည်။


လျူယောင်ပင်လယ်ကြမ်းပြင်အောက်မှာ နစ်မြုပ်နေတဲ့သင်္ဘောဆီ ကူးခတ်ရင်း 


"ဒီတစ်ခေါက်လည်း နောက်ထပ် အံ့သြစရာများ ရှိပါစေလို့ " ရေရွတ်မိသည်။