Ch 99
Viewers 5k

အခန်း 99  ယွမ် 10 သန်း ရနံ့ က မွှေးပျံ့ နေတာပဲ


"ပင်လယ်ဘေး ဂိုဒေါင် "


ချန်းဟူရဲ့ ကားမောင်းပို့မှုဖြင့်  လျူယောင် ဒီနေရာကို ရောက်ရှိလာကာ  အမိန့်ပေးလိုက်သည်။


"တံခါးဖွင့်ထား ဥက္ကဋ္ဌကျိုး  လိုက်လာလိမ့်မယ်"

ချန်းဟူက စကားအတိုင်း တံခါးအားလုံးကို ဖွင့်ထားတာကြောင့် ကျိုးကျန်းမိန်ရဲ့ ကားမှာ ဂိုဒေါင်ကြီးထဲ မောင်းဝင်လာနိုင်သည်။



ဘယ်လိုပဲဖြစ်ဖြစ် ဂိုဒေါင်က ဗလာဖြစ်နေပြီးလျှို့ဝှက်ချက် လုံးဝရှိမနေပေ။တစ်ခုတည်းသော အရာမှာ ဂိုဒေါင်ရဲ့ အလယ်တွင် စက်ပစ္စည်းနှစ်လုံး ရှိနေခြင်းပဲ ဖြစ်သည်။


လျူယောင်က လျှောက်သွားပြီး၊ ကျေနပ်တဲ့အမူအရာနဲ့ စက်ပစ္စည်းနှစ်ခုကို ပတ်ကြည့်လိုက်သည်။ဒါက  ယွမ် ၁၀ သန်းတန် ဖြစ်သည်။ ကျိုးကျန်းမိန်  နောက်မှ ငွေသားချက်လက်မှတ်ကို ယူလာလိမ့်မည်။



စက်ပစ္စည်းနှစ်ခုကို ဒီနေရာတွင် ရက်အနည်းငယ်ကြာအောင် ထားရှိထားသည်။ ပြင်ပထုပ်ပိုးမှုက ပထမတွင် စိုစွတ်နေခဲ့ပေမဲ့ ယခုအခါတွင် လုံးဝခြောက်သွေ့သွားပြီး ထုပ်ပိုးမှု့တစ်ခုလုံးမှာ ပျက်စီးခြင်းမရှိပေ။


ခဏအကြာတွင် အပြင်ဘက်မှ လှုပ်ရှားမှု့များ ရှိလာခဲ့သည်။


ချန်းဟူရဲ့ လမ်းညွှန်မှုအောက်တွင် အနက်ရောင်ကားတစ်စင်းက နောက်မှ ထရပ်ကားနှစ်စီးကို ဦးဆောင်ကာ  ဂိုဒေါင်ထဲ မောင်းဝင်လာခဲ့သည်။


ကျိုးကျန်းမိန်  စက်ပစ္စည်းနှစ်လုံးကို မြင်လိုက်ရတဲ့အခါ  သူ့ရဲ့ စိတ်လှုပ်ရှားမှု့ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။


သူ နေ့ည မပြတ် စောင့်မျှော်နေခဲ့တဲ့ ဒီစက် ပစ္စည်းနှစ်ခုက နောက်ဆုံးတော့  ရောက်လာခဲ့သည်။


သယ်ယူပို့ဆောင်ခ ယွမ် 10 သန်း နဲ့တောင်  ဘယ်ကုမ္ပဏီကမှ  အမှာစာကို လက်ခံရဲခြင်းမရှိခဲ့ပေ။



Global ကုမ္ပဏီက အမှာစာကို လက်ခံရုံသာမက တစ်ပါတ်တွင်း စက်ပစ္စည်းနှစ်ခုကို  ပြန်လည်သယ်ယူပေးခဲ့သည်။


ကားပေါ်မှ ဆင်းပြီးနောက် ကျိုးကျန်းမိန် စက်ပစ္စည်းနှစ်ခုကို  စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး သူ အိပ်မက်မက်နေတာလားလို့ ခံစားခဲ့ရသည်။


သူတို့က လုပ်ဆောင်မူ့  ဒီတိကျတဲ့ စီအန်စီ  စက်ပစ္စည်းနှစ်ခုကို အရေးပေါ် လိုအပ်နေချိန်တွင်  လျူယောင်က ပြန်လည်သယ်ယူလာပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။



ကျိုးကျန်းမိန်  စက်ပစ္စည်းဆီ လှမ်းနေတဲ့ ခြေလှမ်းများကို ထိန်းချုပ်လိုက်ပြီး လျူယောင့်ထံ လျှောက်သွားကာ လက်များကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်လိုက်သည်။ သူ့ အသံက အနည်းငယ် တုန်ယင်နေပုံရသည်။


'မစ္စတာ လျူ ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ" လို့ ဝမ်းသာအားရ ပြောလိုက်သည်။

လျူယောင်က ကျိုးနွံစွာ ပြုံးလိုက်ပြီး  'ဒါက သေးမွှားတဲ့ ကိစ္စပါ စက်ကိရိယာကို ကြည့်လိုက်ပါအူံး ပြီးရင် ခင်ဗျား သယ်ယူသွားလို့ ရပါပြီ' ဟု ပြောလိုက်သည်။


'.ဟုတ်ကဲ့ပါ စက်ကိရိယာကို အရင်ဆုံး ကြည့်ပါအူံးမယ် "


ကျိုးကျန်းမင်း အချိန်အတော်ကြာအောင်  လက်ဆွဲနှုတ်ဆက်ပြီးနောက် သူ့ရဲ့ လူများနှင့်အတူ စက်ပစ္စည်းနှစ်ခုရဲ့  ရှေ့ကို သွားပြီး အကြိမ်များစွာ ပတ်ကြည့်လိုက်သည်။ သူတို့က ဒါကို ကြည့်ရတာ  မမောပမ်းနိုင်သလို  ဖြစ်နေသည်။



ကျိုးကျန်းမိန် အကြိမ်များစွာ ပတ်ကြည့်ပြီးနောက် စက်ပစ္စည်းတစ်ခုရဲ့ ရှေ့တွင် ရပ်လိုက်ပြီး သူ့ရဲ့  လက်ကို ဆန့်ထုတ်ကာ  စက်ပစ္စည်း ရဲ့ ထုပ်ပိုးပုံးကို ထိလိုက်သည်။


သူရှေ့တွင်ရှိတဲ့ဟာ  စက်ပစ္စည်းမဟုတ်ပဲ မရှိမဖြစ်လိုအပ်တဲ့ ရတနာတစ်မျိုးဖြစ်တယ်ဆိုတဲ့  ခံစားချက် ရှိပုံရသည်။


နှစ်မိနစ် သုံးမိနစ်ကြာအောင် ကြည့်ရှုပြီး လက်နဲ့ အကြိမ်ကြိမ်  ထိလိုက်ပြီးနောက်


'ဒါရိုက်တာတိန်  ကျွန်တော်တို့ အိပ်မက်မက်ခဲ့တဲ့ တိကျတဲ့ လုပ်ဆောင်မှု့ စက်ကရောက်လာပြီ' လို့ ဝမ်းသာအားရနဲ့ ပြောလိုက်သည်။



တိန်ရီမင်လည်း သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မဖုံး ကွယ်နိုင်ဘဲ ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။


'ဥက္ကဋ္ဌ.ဒီတိကျတဲ့ စက်နှစ်ခုနဲ့ဆို ကျွန်တော်တို့ အလုပ်ရုံရဲ့ လုပ်ဆောင်မှု့ စွမ်းရည်က ပိုမြင့်မားတဲ့ အဆင့်ကို တိုးတက်လာပြီး အရင်က လုပ်လို့မရတဲ့ စက်အစိတ်အပိုင်းတွေ အားလုံးကို လုပ်ဆောင်နိုင်ပြီ' ဟု ပြန်ဖြေလိုက်သည်။



သူတို့နှစ်ဦးက  ရတနာကြီးနှစ်ခုလိုမျိုး မိနစ်အနည်းငယ်ကြာအောင် ကြည့်ရှုခဲ့ကြသည်။


လျူယောင် အချိန်ကို ကြည့်လိုက်ရာ အပြင်ဘက်တွင် မှောင်နေတာကို တွေ့လိုက်ရတာကြောင့်


'ဥက္ကဋ္ဌကျိုး ခင်ဗျား သယ်ယူပို့ဆောင်လို့ရပြီ' ဟု သတိပေးလိုက်သည်။


ကျိုးကျန်းမိန် ပြုံးကာ သူ့ရဲ့ခေါင်းကို ပုတ်လိုက်ပြီး 


'ဟုတ်သားပဲ ကျွန်တော် အရမ်းပျော်နေတာကြောင့်  မစ္စတာ လျူ  ဘေးမှာ စောင့်နေတာကိုတောင် မေ့သွားတယ်' ဟု ပြောလိုက်သည်။

ပြောပြီးနောက် သူ  ပြင်ဆင်ထားတဲ့ ယွမ် ၁၀ သန်း ငွေသားချက်လက်မှတ်ကို လျူယောင်ကို ပေးလိုက်ပြီး  ကျေးဇူးတင်စကားကို အထပ် ထပ်ပြောခဲ့သည်။


'မစ္စတာ လျူ  ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်'


ချက်လက်မှတ်ကို ကျေနပ်စွာ ကြည့်လိုက်ရင်း လျူယောင် စိတ်ထဲတွင်


'ယွမ် သန်း ၁၀ ရနံ့က တကယ်ကို မွှေးပျံ့တာပဲ အားစိုက်ထုတ်စရာ လုံးဝမလိုပဲ လိပ်ကြီး တရုတ်နိုင်ငံကို နှစ်ခေါက်က ပြေးခဲ့ရုံနဲ့ ရခဲ့တာ'" ဟု ေပျာ်ရွှင်စွာတွေးလိုက်သည်။


'ယွမ် ၁၀ သန်း !'


'တကယ်မွှေးလိုက်တာကွာ!'


ကျိုးကျန်းမိန် ကျေးဇူးတင်စကားကို ထပ်မံ ပြောပြီးနောက် လက်ကို ဝှေ့ယမ်းကာ သူ့ရဲ့လူများအား စက်ပစ္စည်းနှစ်ခုကို ထရပ်ကားပေါ် ဆွဲတင်ရန် အမိန့်ပေးလိုက်သည်။



လုပ်ငန်းစဉ်တစ်ခုလုံး ချောမွေ့စွာ ပြီးဆုံးခဲ့သည်။ စက်ပစ္စည်းနှစ်ခုကို ထရပ်ကားပေါ် ဆွဲတင်ပြီးနောက်  ကျိုးကျန်းမိန်က စိတ်အားထက်သန်စွာ ဖြင့်


'မစ္စတာလျူ ညစာစားဖို့တောင် အချိန်ရောက်နေပြီ။ ကျွန်တော် ကောင်းတဲ့နေရာတစ်ခု သိတယ်  ကျွန်တော်တို့ အတူတူ သောက်ကြမလား၊ ဘယ်လိုလဲ' ဟု နာရီကို ကြည့်ပြီး မေးလိုက်သည်။


' ဒီနေ့တော့ အဆင်မပြေလောက်ဘူးဗျာတခြားနေ့မှဆိုရင်ရော' ဟု လျူယောင် ပြန်ဖြေလိုက်သည်။


'ကောင်းပါပြီ ဒါဆိုလည်း နောက်တစ်ကြိမ်ပေါ့' ကျိုးကျန်းမိန် ကလည်း ရိုးရိုးသားသားပင် ပြောခဲ့သည်။



တကယ်တော့  လျူလန်မှာ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ ကျောင်းတွင်သာ  နေပြီး  များသောအားဖြင့် သောကြာနေ့တိုင်း ပြန်လာလေ့ရှိသည်။


ဒီနေ့က  သောကြာနေ့ဖြစ်သည်။


လျူလန် ဗီလာကို  ပြန်လာမှာပဲဖြစ်သည်။ သူမ က  WeChat တွင် စာပို့ထားပြီးဟင်းသီးဟင်း ရွက်အချို့ ဝယ်လာကာ ညစာအတွက် ကိုယ် တိုင် ချက်ပြုတ်ပေးမယ်လို့  အထူးတလည် ပြောထားသည်။


လျူယောင်က အိမ်ကို  ပြန်သွားလိုတာကြောင့်  ကျိုးကျန်းမိန်ရဲ့  ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။



လမ်းတွင် ကားပိတ်နေတာကြောင့်  လျူယောင် ည ၈ နာရီခန့်တွင် အိမ်ကို ရောက်ရှိလာတဲ့အခါ ဟင်းများရဲ့ မွှေးရနံ့ကိုပင် ရလိုက်သည်။


လျူယောင် က

'ဝါး တကယ်ကို မွှေးတာပဲ'ဟု ပြောလိုက်သည်။


'အစ်ကို ကျွန်မ ဟင်းအနည်းငယ် ချက်နည်းကို လေ့လာခဲ့တယ် လာပြီး မြည်းကြည့်ပါဦး'


လျူယောင်လက်များကို ဆေးကြောပြီးထမင်းစားခန်းတွင် ထိုင်လိုက်သည်။

စားပွဲပေါ်တွင် လျူလန် ပြင်ဆင်ထားတဲ့ ဟင်းအချို့ရှိနေသည်။



ဥပမာအားဖြင့် ချိုချဉ်ဝက်နံရိုး၊ ကြက်သားဆီပြန်၊ကြက်သွန်ဖြူဆော့စ်ငါးဟင်းနဲ့ ဆောင်းဖရုံသီးဟင်းချိုတို့ပဲ ဖြစ်သည်။


'အင်း အရသာရှိပုံရတယ် အစ်ကို စားတော့မယ်'

'အစ်ကို ကျွန်မ ဝိုင်နီတစ်ပုလင်း သွားယူလိုက်ဦးမယ်'


လျူလန် ဝိုင်ပုလင်းကို ယူရန်အတွက် ဝိုင်ဗီရိုသို့ သွားခဲ့သည်။မောင်နှမ နှစ်ယောက်လုံး ဝိုင်နီသောက်ရင်း ညစာစားခဲ့ကြပြီး နွေးထွေးပျော်ရွှင်တဲ့  ခံစားချက်ကို ရခဲ့ကြသည်။


'အစ်ကို၊ မမကြီးသာ ဒီမှာရှိရင် အရမ်းကောင်းမှာပဲ'


လျူယောင်က

'မင်းရဲ့ မမကြီးက ရှက်တတ်တယ် သူမက လက်ထပ်ပြီးမှ ဒီမှာနေဖို့ ဖြစ်နိုင်တယ်'လို့ ပြန် ဖြေလိုက်သည်။



မောင်နှမနှစ်ဦး စကားအနည်းငယ် ပြောဆိုပြီးနောက် လျူယောင်က  'လျူလန်၊ အစ်ကို မင်းကို မုန့်ဖိုးပေးမယ် လိုချင်လား'ဟု မေးလိုက်သည်။


'ဟုတ်ကဲ့ သေချာတာပေါ့' ဟု လျူလန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။


'ညီမလေး ဟမ်းမားစ် အိတ်တစ်လုံးကို သဘောကျနေတာ  ဒါပေမဲ့ ဝယ်ဖို့ ပိုက်ဆံမရှိခဲ့ဘူး အစ်ကို ဒီတစ်ခါတော့ နည်းနည်း ပိုပေးပါဦး  အင်း ငါးသောင်းဆိုရင်ရော ဘယ်လိုလဲ'


လျူယောင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။


သူ့ရဲ့ညီမလေးက မင်းသမီး ဖြစ်ဖို့ အိမ်မက်  ရှိပေမဲ့ ယခင်က မိသားစုက ဆင်းရဲပြီး ပိုက်ဆံမရှိတာကြောင့် အစားအသောက်နဲ့ ပိုက်ဆံကို ချွေတာခဲ့ရပြီး ထိုမင်းသမီးလေးဖြစ်ဖို့အိမ်မက် ကို ရင်ထဲတွင်သာ ဖုံးကွယ်ထားနိုင်ခဲ့သည်။



ယခုအခါ ပိုက်ဆံရှိလာတာကြောင့် လျူလန်ရဲ့ မင်းသမီးလေး အိမ်မက်က တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီး သူမဝတ်ဆင်တဲ့ အဝတ် အစားများ၊ ဖိနပ်များနှင့် အလှကုန်များကလည်း တဖြည်းဖြည်း မြှင့်တက်လာခဲ့သည်။


လျူလန်က  ယာဉ်မောင်းလိုင်စင်ရရန်အတွက် ယာဉ်မောင်းသင်တန်းကျောင်းတွင် လျှောက် ထားခဲ့ကာ ကားဝယ်ရန် စီစဉ်ထားပြီး မြေအောက်ရထားကို မတိုးဝှေ့ရပဲကျောင်းကို ကားမောင်းသွားနိုင်သည်။



ဟုတ်ပါတယ် လျူယောင် က သူရဲ့ညီမအကြောင်းကို သိရှိထားသည်။


ယခု ပိုက်ဆံရှိလာတာကြောင့်  သူ့ရဲ့  ညီမလေးကို မင်းသမီးလေးတစ်ပါးသဖွယ် ပြုစုပျိုးထောင်နိုင်သည်။


'ငါးသောင်းလား?'


' ဟမ်းမားစ်  အိတ်တွေ ဝယ်ချင်တာလား?'


'အားလုံး အဆင်ပြေတယ်!'


လျူယောင် သူ့ရဲ့ ပိုက်ဆံအိတ်ထဲမှ ယွမ်10 သန်း ချက်လက်မှတ်ကို ထုတ်လိုက်သည်။ '



"ဒီမှာ ဒါက မင်းရဲ့ မုန့်ဖိုးပဲ မင်း အနာဂတ်မှာ ဝယ်ချင်တာမှန်သမျှ ဝယ်လို့ရတယ် ကုန်သွားရင် အစ်ကို့ကို အသိပေး'ဟု  ချက်လက်မှတ်ကို ပေးရင်း ပြောလိုက်သည်။


'ကျေးဇူးတင်ပါတယ် အစ်ကို!'


လျူလန်သည် အလွန်ပျော်ရွှင်နေပြီး ဒါက ယွမ် ၅၀,၀၀၀ ချက်လက်မှတ်ဖြစ်မယ်လို့ ယူဆခဲ့သည်။



လျူလန်က ချက်လက်မှတ်ကို ပျော်ရွှင်စွာ ယူလိုက်ပြီး အပေါ်တွင်ရှိတဲ့ ပမာဏကို မြင်လိုက်တဲ့အခါ ချက်ချင်း အော်ဟစ်လိုက်သည်။