အခန်း 98 ကောက်ရိုးမပါပဲ အုတ်ခဲ လုပ်ခြင်း
ရေနက်ပိုင်းတွင် ခံနိုင်ရည်ရှိတဲ့ ဓာတ်မီး တစ်လက်ကို ပြုလုပ်ရန်အတွက် အချိန်အနည်းငယ် လိုအပ်လိမ့်မည်။ အထူးသဖြင့် လျူယောင်က ဖိအားဒဏ် ခံနိုင်ရည်ရှိတဲ့ အနက်မှာ အနည်းဆုံး မီတာ ၈၀၀ ဖြစ်တယ်လို့ သေချာ မှာခဲ့သည်။
ကျိုးယန် ထွက်ခွာသွားပြီးနောက် လျူယောင် ပြက္ခဒိန်ကို ကြည့်လိုက်သည်။ ပြီးခဲ့တဲ့ အကြိမ်က ကျောက်ကျန်းဗြောင် သူ့ရဲ့ တံခါးဝကို ရောက်လာခဲ့ပြီး သူ့ သူငယ်ချင်းအတွက် တရုတ်နိုင်ငံမှ တိကျတဲ့ စီအန်စီ စက်ပစ္စည်းနှစ်ခုကို သယ်ယူပို့ဆောင်ခိုင်းခဲ့သည်။
တစ်ပတ်ကြာပြီမို့လို့ ဒါတွေကို ပေးအပ်နိုင်ပြီ ဖြစ်သည်။
စက်တွေကို နှစ်ရက် သုံးရက်အတွင်း ရမယ်လို့ ပြောလိုက်ပါက အနည်းငယ် အံ့အားသင့်စရာ ဖြစ်ကုန်လိမ့်မည်။ဒီလောက် တိုတောင်းတဲ့ အချိန်က တရုတ်နိုင်ငံမှ အပြန်အလှန် ခရီးသွားလာရန် မလုံလောက်ပေ။
ဒါပေမဲ့ လိပ်ကြီးက လုပ်နိုင်ပြီး တစ်ရက်ပင် မကြာခဲ့ပေ။ ထိုစက်ပစ္စည်းနှစ်ခုကို ပင်လယ်အနီးနားက ဂိုဒေါင်တွင် ရက်အနည်းငယ်ကြာအောင် ထားရှိခဲ့ပြီး အခု ကျိုးကျန်းမိန် ထံကို လွှဲ ပြောင်းပေးနိုင်ပြီ ဖြစ်သည်။
'ဒီ 10 သန်း က ငါ့ရဲ့ အိတ်ကပ်စရိတ်ဖြစ်လိမ့်မယ်' ဟု လျူယောင် စိတ်ထဲတွင် တွေးလိုက်သည်။
10 သန်း အိတ်ကပ်စရိတ်က တကယ်တမ်း အထင်ကြီးစရာ ဖြစ်သည်။
"ကျိုးကျန်းမိန်ရဲ့ စီအန်စီ စက်ရုံ "
ကျိုးကျန်းမိန် လုပ်ငန်းခွင်တွင် ရှိနေသည်။
ဒါက ကုမ္ပဏီရဲ့ အကြီးဆုံး အလုပ်ရုံဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ စီအန်စီ လုပ်ဆောင်မှု့ ကိရိယာများစွာ ရှိသည်။ လုပ်ငန်းခွင်တွင် အလုပ်များနေပြီး အလွန်ဆူညံနေသည်။
ဒီလို အခမ်းအနားကြီးကို မြင်ရတဲ့အခါ ကျိုးကျန်းမိန် စိတ်ကောင်းဝင်သင့်သည်။ဒါပေမဲ့ မဟုတ်ပေ။ သူ့ကို ရင်းနှီးသူများက ဥက္ကဋ္ဌ ကျိုးရဲ့ မျက်ခုံးကြားတွင် ဝမ်းနည်းမှု အရိပ်အရောင် ရှိနေတာကို သိကြသည်။
'သူ ဘာဖြစ်နေတာလဲ'
အမှန်ပါပဲ တရုတ်နိုင်ငံမှ ဝယ်ယူထားတဲ့ တိကျတဲ့ စီအန်စီ စက်ပစ္စည်းနှစ်ခုအကြောင်း စဉ်းစားနေခဲ့သည်။
အကာအကွယ်ဦးထုပ် မျက်မှန်နှင့် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားတဲ့ အလယ်အလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လာခဲ့သည်။ သူက သာမန်လုပ်သားများနဲ့ ကွာခြားနေသည်။
သူဝတ်ဆင်ထားတဲ့အလုပ်ဝတ်စုံက သန့်ရှင်းနေပြီး အတွင်းတွင် အဖြူရောင်ရှပ်အင်္ကျီနဲ့ လည်စည်းကို ဝတ်ဆင်ထားသည်။ သူက ဒီအလုပ်ရုံကြီးရဲ့ ဒါရိုက်တာ တိန်ရီမင် ပဲ ဖြစ်သည်။
'ဥက္ကဋ္ဌ ကျွန်တော်တို့က ရက်အနည်းငယ်ကြာသွားမယ်လို့ မထင်ဘူး F နိုင်ငံက ဖောက်သည်တွေ တောင်းဆိုတဲ့ အစိတ်အပိုင်းတွေက စာချုပ်ကို ချိုးဖောက်မိနိုင်တယ်'လို့ ပြောလိုက်သည်။
ကုမ္ပဏီရဲ့ အလုပ်ရုံတွင် စက်အစိတ်အပိုင်းများကို လုပ်ဆောင်ရုံသာမက ဈေးကွက်မှ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းများစွာကို လုပ်ဆောင်ရန် လက်ခံထားခဲ့သည်။
တန်ဖိုးရှိတဲ့ စက်အစိတ်အပိုင်းများတွင် သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။အဲ့ဒါက လုပ်ဆောင်ချက် တိကျမှု့ မြင့်မားခြင်းဖြစ်ပြီး လုပ်ဆောင်မှု့ စရိတ်ကလည်း အလွန်သင့်လျော်သည်။
ဥပမာအားဖြင့် F နိုင်ငံမှ ဖောက်သည်များ တောင်းဆိုတဲ့ အစိတ်အပိုင်းများရဲ့ စရိတ်က တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် ကုန်ကျပေမဲ့ လုပ်ဆောင်ချက် တိကျမှု့ကလည်း အလွန်မြင့်မားသည်။
ဒီအစိတ်အပိုင်းများရဲ့ လုပ်ဆောင်မှု့က ပြီးဆုံးလုနီးပါးဖြစ်ပြီး နောက်ဆုံး လုပ်ငန်းစဉ်အချို့သာ ကျန်ရှိတော့သည်။အဲ့ဒါက တိကျတဲ့အပေါက်ရှစ်ခုကို လုပ်ဆောင်ရာတွင် အလွန်တိကျမှု့ရှိရန် လိုအပ်သည်။
ကျိုးကျန်းမိန်က ဒီကိစ္စကို သိထားတာကြောင့် အလွန်အလေးထားခဲ့သည်။ မနေ့က F နိုင်ငံမှ ဖောက်သည်တစ်ဦးက ဒီအစိတ်အပိုင်းများရဲ့ တိုးတက်မှုအကြောင်းကို ဖုန်းခေါ်ပြီး မေးခဲ့သည်။
ကျိုးကျန်းမိန် ထိုလူများကို အစိတ်အပိုင်းများတွင် ပြဿနာမရှိကြောင်းနဲ့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပေးပို့မှာဖြစ်ကြောင်း ပြန် ပြောခဲ့သည်။
အမှန်တကယ်တော့ သူက မျက်နှာရအောင်လုပ်ခြင်း ဖြစ်သည်။ တကယ်တော့ တရုတ်နိုင်ငံမှ ဝယ်ယူထားတဲ့ စက်ပစ္စည်းနှစ်ခုသာ အချိန်မှီ မရောက်နိုင်ပါက '"အပေါက်ရှစ်ခု "လုပ်ငန်းစဉ်လည်း အောင်မြင်မှာ မဟုတ်ပေ။
'လာ သွား ကြည့်ရအောင်'
ဦးဆောင်ရန် မလိုအပ်ဘဲ ကျိုးကျိန်းမိန် စီအန်စီ စက်တစ်လုံးရဲ့ လုပ်ဆောင်မှု့ ရှေ့ကို လျှောက်သွားခဲ့သည်။ အစိတ်အပိုင်းများက စက်ကိရိယာဘေးတွင် ရှိနေပြီး စက်ကိရိယာကို ကိုင်တွယ်သူအပြင် နည်းပညာရှင်အချို့လည်း ထိုနေရာတွင် ရှိကြသည်။
ကျိုးကျန်းမိန် လေးနက်တဲ့ လေသံဖြင့် မေးလိုက်သည်။
"အခု အခြေအနေက ဘယ်လိုလဲ။ ဘယ်နှစ်ခုကို လုပ်ဆောင်ပြီးပြီလဲ။ အရည်အချင်းပြည့်မီတဲ့ တစ်ခုခု ရှိလား'"
ဥက္ကဋ္ဌ ကိုယ်တိုင် ရောက်လာတာကို မြင်လိုက်တဲ့အခါ ခေါင်းဆောင် နည်းပညာရှင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
'ဥက္ကဋ္ဌ အစိတ်အပိုင်းနှစ်ခုကို လုပ်ပြီးပါပြီ။ လုပ်ဆောင်မှု့မလုပ်ခင် နည်းလမ်းမျိုးစုံကို ကျွန်တော်တို့ ကြိုးစားခဲ့ကြပေမဲ့ ဒီအစိတ်အပိုင်းနှစ်ခုက အရည်အချင်းမပြည့်မီသေးဘူး။ ကျွန်တော်တို့ တတိယမြောက် အစိတ်အပိုင်းကို မလုပ်ရသေးဘူး'"ဟု ဖြေကြားလိုက်သည်။
အလုပ်ရုံ ဒါရိုက်တာ တိန်ရိမင်က 'သူဋေး ဒါက ကျွန်တော်တို့ရဲ့ အတိကျဆုံး စီအန်စီ စက်ဖြစ်တယ် ဒါပေမဲ့ သူက လိုအပ်တဲ့ တိကျမှုကို မရောက်နိုင်သေးဘူး'လို့ ဖြေလိုက်သည်။
တာဝန်ယူထားတဲ့ နည်းပညာရှင်ကလည်း
'ကျွန်တော်တို့ရဲ့ နည်းလမ်းတွေနဲ့ စီအန်စီ ပရိုဂရမ်တွေမှာ ပြဿနာ မရှိပါဘူး။ အဓိက ပြဿနာက စက်ကိရိယာရဲ့ တိကျမှုပဲ ဖြစ်တယ်။ ပို တိကျတဲ့ စက်ကိရိယာရှိရင် ကျွန်တော် အာမခံနိုင်တယ်၊ လုပ်ဆောင်မှုက အရည်အချင်းပြည့်မီလိမ့်မယ်'"ပြောလိုက်သည်။
'ဟူး ဒါက စက်ကိရိယာ ပြဿနာပဲ!'
ဟု ကျိုးကျန်းမိန် သက်ပြင်းချပြီး ရေရွတ်လိုက်သည်။
'"ကောက်ရိုးမပါဘဲ အုတ်ခဲလုပ်ခြင်း'"ဟူသော စကားပုံအတိုင်းပင် ဖြစ်သည်။
ပို တိကျတဲ့ စက်ကိရိယာများ မရှိပါက ဒီအစိတ်အပိုင်းများက တိတိကျကျ ဖြစ်မလာနိုင်ပေ။ဥပဒေအရ အချိန်မီ မပေးပို့ခဲ့ပါက F နိုင်ငံက ဖောက်သည်ကို ပိုက်ဆံများစွာ လျော်ကြေးပေးရတော့မည်။
ဒါ့အပြင် ကျိုးကျန်းမိန်နဲ့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်သည်။
တိန်ရီမင်က - 'သူဋေးကျွန်တော်က အိပ်မက်ထဲမှာတောင် တိကျတဲ့ စီအန်စီ စက်ကို လိုချင်တာ လက်ရှိ နိုင်ငံတကာဈေးကွက်မှာ တိကျတဲ့ စက်အစိတ်အပိုင်းတွေ အများကြီးရှိတယ်။
ကျွန်တော်တို့မှာ ဒီလို တိကျတဲ့ လုပ်ဆောင်မှု့ စွမ်းရည်မရှိရင် တခြားကုမ္ပဏီတွေက အသား စားနေတာကို ကြည့်နေရပြီး ကျွန်တော်တို့ကတော့ ဟင်းရည်တောင် သောက်လို့ မရဘူး' ဟု ပြောလိုက်သည်။
တိန်းရီမင်ဟာ F နိုင်ငံမှ ဖောက်သည် အစိတ် အပိုင်းများကို တာဝန်ယူ လုပ်ခဲ့ရာတွင် သူတို့ လုပ်ဆောင်မူ့တွင် ပြဿနာရှိနေတာလို့ တစ်ခါမှ မတွေးခဲ့ဘဲ တိကျမှု့တွင်သာ ပိတ်မိနေကြသည်။
ကျိုးကျန်းမိန်ရဲ့ မျက်နှာက ပို လေးနက်လာပြီးသူ့ရဲ့ မျက်ခုံးကြားရှိ ဝမ်းနည်းမှု့က ပို ပြင်းထန်လာခဲ့သည်။ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး 'ပိတ်ပင်ထားတာက တကယ်ကို ဆိုးရွားတာပဲ ငါတို့က ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ တိကျတဲ့ စက်ပစ္စည်းတွေကို လုံးဝ တင်သွင်းလို့ မရဘူး' ဟု ရေရွတ်လိုက်သည်။
ထိုအချိန်တွင် သူ့ရဲ့ ဆဲလ်ဖုန်းက မြည်လာခဲ့သည်။ကျိုးကျန်းမိန် ဖုန်းကို ကြည့်လိုက်တဲ့အခါ လျူယောင့် ထံမှ ဖြစ်နေခဲ့သည်။
ဖုန်းခလုတ်ကို နှိပ်ပြီး ကျိုးကျန်းမိန် တည့်တည့် ပြောလိုက်သည်။
'မစ္စတာလျူ ကျွန်တော်တို့ တကယ် မစောင့်နိုင်တော့ဘူး စက်ပစ္စည်းတွေ ပြန်ရောက်လာပြီလား'
လျူယောင် က- 'ပြန်ရောက်လာပါပြီ၊ ဘာမှမထိခိုက်ဘဲ ကျွန်တော့် ဂိုဒေါင်ထဲမှာ ရှိနေတယ်။ အခုပဲ သယ်သွားနိုင်ရင် အကောင်းဆုံးပဲ အဲ့ဒါမှ ကျွန်တော့် ဂိုဒေါင်ကို နေရာမယူတော့မှာ'ဟု ပြန်ဖြေလိုက်သည်။
'ဘာ!'
'ပြန်ရောက်လာပြီလား '
'ဒါက အရမ်းကောင်းတာပဲဗျာ !'
ကျိုးကျန်းမိန်ရဲ့ မျက်နှာဟာ ရုတ်တရက် တိမ်ထူနေတဲ့ ရာသီဥတုကနေ နေသာတဲ့ ရာသီဥတုလို ပြောင်းလဲသွားခဲ့သည်။ သူ့ဘေးနားက လူများမှာ ဒီပြောင်းလဲမှု့ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
'မစ္စတာလျူ ဒါက တကယ်ကို ကောင်းမွန်တဲ့ သတင်းပဲ ကျွန်တော့်ကို တည်နေရာပြောပြပါ ကျွန်တော် စက်ကိရိယာကို ချက်ချင်း သယ်ယူသွားမယ်' ဟု ဝမ်းသာအားရပြောလိုက်သည်။
အံ့အားသင့်မှုက ရုတ်တရက် ပေါ်လာခဲ့သည်။
ကျိုးကျန်းမိန် အနည်းဆုံး ဆယ်ရက်ခန့် ကြာလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ တစ်ပတ်သာ ကြာခဲ့ပြီး တစ်ပတ်အတွင်း စက်ပစ္စည်းနှစ်ခုကချောမွေ့စွာ ပြန်ရောက်လာခဲ့သည်။
ကျိုးကျန်းမိန် အလွန်ဝမ်းသာအားရဖြစ်ပြီး ချီးမွမ်းခဲ့သည်။
"Global ကုမ္ပဏီက အလွန်အင်အားကြီးမားပါပေတယ် "သူတို့က စက်ပစ္စည်းနှစ်ခုကို တကယ် ပြန်သယ်လာနိုင်ခဲ့သည်။
လျူယောင်က အသံကျယ်ကျယ်ဖြင့် 'မစ္စတာ ကျိုး ကျွန်တော် ခင်ဗျားကို တည်နေရာပို့လိုက်မယ် ခင်ဗျား ကျွန်တော့် ဂိုဒေါင်ကို တိုက်ရိုက် လာခဲ့ပါ၊ ကျွန်တော် အဲဒီ့မှာ ခင်ဗျားကို စောင့်နေမယ်'ဟု ပြောလိုက်သည်။
'ကောင်းပြီ ကောင်းပြီ ကျွန်တော်တို့ အခုပဲ လာခဲ့မယ်'
လျူယောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် '၁၀ သန်း ကို ငွေသားချက်လက်မှတ် ပြင်ဆင်လာခဲ့ပါ "ဟု သတိပေးလိုက်သည်။
ကျိုးကျန်းမိန် အလျင်အမြန်နဲ့ 'မရဲပါဘူး၊ မရဲပါဘူး ကျွန်တော် ငွေသားချက်လက်မှတ်ကို ယူလာပြီး၊ ကိုယ်တိုင် လာခဲ့ပါ့မယ်' ဟုပြန်ပြောလိုက်သည်။
ကျိုးကျန်းမိန် ဖုန်းချလိုက်ပြီးနောက် သူ့ဘေးနားမှ လူများက သူ့ကို ကြည့်နေတာကို မြင်လိုက်ရသည်။
ယခုအခါတွင် သူ တကယ် စိတ်ကောင်းဝင်နေသည်။
လူတိုင်းက သူ့ကို ကြည့်နေတာကို မြင်လိုက်ရချိန်တွင် ဖုံးကွယ်မထားဘဲ အလွန်ပျော်ရွှင်စွာနဲ့ - 'သတင်းကောင်းပဲ၊ ငါ တို့ တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ တိကျတဲ့ စက်ကိရိယာနှစ်ခု ရောက်လာပြီ။ ဒါရိုက်တာ တိန်၊ လူတွေကို စီစဉ် ကားပြင်ဆင်ပြီး ငါတို့ စက်ကိရိယာနှစ်ခုကို ပြန်သယ်ယူကြမယ်' ဟု ပြောပြလိုက်သည်။
'တကယ်လား!'
'တကယ် စက်နှစ်ခု ရောက်လာပြီပေါ့!'
တိန်ရီမင်က ကြီးမားတဲ့ မုန့်တစ်လုံးဖြင့် ရိုက်ခံလိုက်ရသလို ခံစားမိပြီး ရုတ်တရက် သူ့ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အသွင်အပြင် ပေါ်လာခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
သူက ဒီစက်ကိရိယာနှစ်ခု အကြောင်းကို ကောင်းစွာ သိရှိထားသည်။ စက်ကိရိယာများ ပြန်ရောက်လာတဲ့အခါ F နိုင်ငံမှ ဖောက်သည်ရဲ့ စက်အစိတ်အပိုင်းများတွင် ပြဿနာမရှိတော့ပေ။ သူတို့ ဈေးကွက်မှ အစိတ်အပိုင်းများစွာကို ဝယ်ယူနိုင်ပြီး ပိုက်ဆံများစွာ ရှာနိုင်တော့မှာပဲ ဖြစ်သည်။
'ဒါက အရမ်းကောင်းတာပဲ!'
'တခြားသူတွေ အသားစားရင် ငါ တို့လည်း အသားစားနိုင်ပြီ'
ဟု တိန်ရီမင် ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။
'လာ ငါ ကိုယ်တိုင် စက်ကိရိယာကို ပြန်သယ်ယူမယ်'ပြောပြီး ကျိုးကျန်းမိန် လက်ယမ်းပြလိုက်သည်။