Ch 70
Viewers 5k

အခန်း 70   နောက်ကွယ်က ဘယ်သူ ကစားနေတာလည်း


"အကိုယောင်  ကျွန်တော်တို့ရဲ့ သင်္ဘောကို အကောက်ခွန်ဌာနအကြီးအကဲ" ရူ" နဲ့အတူ ဒီနေ့ စစ်ဆေးခဲ့ပါတယ်၊ ပြီးတော့ သူ့ဆီကနေ အချက်အလက်တချို့ကို ရရှိခဲ့တယ်။ ပရိုတွန်ပင်လယ်ငါးဖမ်းသင်္ဘောအဖွဲ့က 90% ပါဝင်ပတ်သတ်နေတယ် လို့ သိရပါတယ် " လို့ ဟူဂျွန်းဆီ က မက်ဆေစ့်ကို လျူယောင် ဖတ်လိုက်ရသည်။

"ပရိုတွန် ဟုတ်လား..ဟုတ်ရဲ့လား"


လျုယောင်ရဲ့မျက်လုံးများက အေးစက်စ က်ဖြစ်သွားပြီး အမျက်ဒေါသထွက်နေသည် ။


လျုယောင် နဲ့ ရင်းနှီးတဲ့ သူများက ဒီဒေါသက သာမန်ဒေါသမဟုတ်မှန်း သိရှိကြသည်။


ထို WeChat မက်ဆေ့ခ်ကိုဖတ်ပြီးနောက် လျုယောင် ဖုန်းကိုင်ကာ ကျိုးယန် ကို ညွန် ကြားလိုက်သည်။


နောက်ကွယ်မှ အမှန်တကယ်ကစား နေတာကပရိုတွန် အဖွဲ့ ဟုတ်မဟုတ်ကို အမြန်ဆုံးသိရှိနိုင်ရန်အတွက် အဖွဲ့ကို ပိုအာရုံစိုက်ဖို့တောင်းဆိုခဲ့သည်။



"ဥက္ကဋ္ဌ ကျိုး မင်းတတ်နိုင်သလောက် အင်အားအကုန်သုံး၊ ပိုက်ဆံကုန်မှာကို မကြောက်နဲ့၊ ဒီကိစ္စကို သေချာရှင်းရှင်း လင်းလင်းသိအောင် လုပ်ပေးပါ " လို့ လျုယောင် အမိန့်ပေးခဲ့သည်။


ကျိုးယန်က


 "စိတ်မပူပါနဲ့ သူဋေး ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်" ဟု ပြန်ဖြေခဲ့သည်။


Global ရဲ့ အကြီးတန်းအဖွဲ့ဝင်အားလုံးက လုပ်ဆောင်ချက်များ စတင်ခဲ့ကြပြီး ပရိုတွန်အ ဖွဲ့ ကို ပစ်မှတ်ထား တာ ကြောင့် အချက်အ လက် များက မကြာမီ ရှင်းလင်းလာခဲ့သည်။



ကျိုးယန်က ငွေပမာဏတစ်ခုကို သုံးပြီး ပရို တွန်အဖွဲ့မှ အလယ်အလတ်အဆင့် အမှု ဆောင် အရာရှိတစ်ဦးရဲ့ပါးစပ်မှလျှို့ဝှက်ချက်များကိုဖော်ထုတ်ခဲ့သည်။



ငွေကြေးအတွက်နဲ့ ဒီလူက အဖြစ်အပျက်တ စ်ခုလုံးကို အသေးစိတ်ပြောပြခဲ့ပြီး၊ အစီရင်ခံစ ာ ကိုပင် တစ်စောင်ကူးကာ Global ကို လျှို့ဝှက်ပို့ပေးခဲ့သည်။


မနေ့ကလိုပင် လျူယောင် ကုမ္ပဏီကို စော စော ရောက်ရှိလာပြီး ရုံးခန်းထဲတွင် ထိုင် နေခဲ့ သည်။


မကြာမီတွင်  ကျိုးယန် ဝင်လာခဲ့ပြီး

"သူဋေး ကံကောင်းတာကတော့ ဒီကိစ္စကို အခြေခံအားဖြင့် ရှင်းလင်းပြီးပါပြီ "


နောက်ကွယ်မှာ တကယ်ပဲ ပရိုတွန်အဖွဲ့က ဖြစ်နေပါတယ်။ သူတို့ရဲ့ ဥက္ကဋ္ဌလက်ထောက် ရှီလီဘင်းရဲ့ ညွှန်ကြားချက်အရ သူတို့က အကောက်ခွန်ကို တိုင်ကြားခဲ့တာပါ။ ဒါက သူတို့ဖန်တီးထားတဲ့ အစီရင်ခံစာ ပစ္စည်းတွေပါ။"


စကားပြောပြီးနောက် သူက ကူးထားတဲ့ အစီရ င်ခံစာပစ္စည်းများကို လျုယောင်ရဲ့ စားပွဲ ကြီး ပေါ်တွင် တင်လိုက်သည်။



လျုယောင်  ပစ္စည်းကိုယူကာ လှန်လှော ကြည့် ပြီး "ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက် သက် နဲ့ ငါ တို့ကို ပေါ်တင်လုပ်ကြံတာပဲ" ဟု လှောင်ပြုံးဖြင့်ပြောလိုက်သည်။


ကျိုးယန်ကလည်း ဒေါသတကြီးဖြင့်


"ဒါက ဘာမှမဟုတ်တဲ့ကိစ္စပါ။ ပရိုတွန်အဖွဲ့ က လုပ်ငန်းစည်းမျဉ်းတွေကို မလေးစား ဘူး။ ကျွန်တော် တို့ ဘာဆက်လုပ်ရမလည်း သူဋေး ""

လျုယောင်က

 "မင်း ဘာလုပ်သင့်တယ်လို့ ထင်လဲ" ဟုမေး လိုက်သည်။



ဒီအချိန်တွင် ကျိုးယန်က ဘာလုပ် ရမယ် ဆို တာကို ကြိုစဉ်းစားထားပုံရတာကြောင့် သူက


"သူဋေး ကျွန်တော်တို့က အမြဲတမ်း ဥပဒေနဲ့ အညီ လုပ်ဆောင်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က ယဉ်ကျေးစွာ အရင်ပြောဆို ပြီးမှ စစ်ခင်းကြတာပေါ့" ဟုပြောခဲ့သည်။


လျုယောင်က 


"ပိုပြီးတိတိကျကျပြောရရင်၊ စစ်မခင်းခင် ယဉ်ကျေးစွာ ဘယ်လိုပြောဆိုမှာလဲ" ဟုမေး လိုက်သည်။


ကျိုးယန်က 

"ကျွန်တော် ရှီလီဘင်းနဲ့ တွေ့ဆုံပြီး ပရိုတွန် အဖွဲ့ က နောက်ကွယ်ကနေ တိုင်ကြား နေတယ်ဆိုတ ာကို ကျွန်တော်တို့ သိကြောင်းပြောပါ့မယ်။ သူတို့ဘက်က အစီရင်ခံစာရုပ်သိမ်းသမျှ ကာလပတ်လုံး ကျွန်တော်တို့က ဒီကိစ္စကို ဆက်မလုပ်တော့ပါဘူး။ဒီလူက ဆက် ပြီးမ ရုတ်သိမ်းဘူးဆိုရင်တော့ ကျွန်တော်တို့က နောက်တစ်ဆင့်ကို ဆက်လုပ်ပါ့မယ်" ဟု ပြန်ဖြေလိုက်သည်။


တကယ်လို့  အခြားတစ်ဖက်က အစီရင်ခံစာကို ဆန္ဒအလျောက် ရုပ်သိမ်းပေးခဲ့မယ်ဆိုရင် ဒါဟာ အကောင်းဆုံးဖြစ်သည်။


ပရိုတွန် အဖွဲ့က အကောက်ခွန်ကို တိုင်ကြား ချက်မှားယွင်းကြောင်း ဖျက်သိမ်းရန် လျှောက် ထားခဲ့သရွေ့ အကောက်ခွန်က Global သင်္ဘော ကို ဆက်လက်စစ်ဆေး နေတော့ မည်မ ဟုတ် တော့ပေ။


သင်္ဘောက ဆိပ်ကမ်းမှ အချိန်မီ ထွက်ခွာ နိုင်ခဲ့ရင်  အကောင်း ဆုံးဖြစ်၏၊တကယ်လို့ RB ကိုအချိန်မီ မရောက်နိုင်ခဲ့ပါက ကုန်သေတ္တာ ရောက်ရှိမဲ့ရက်ကို ထိခိုက်စေလိမ်မည်။ဒီလို ဖြစ်ခဲ့ပါက Global ဘက်ကနေ ဖောက် သည် ဝန်ဆောင်မှုဌာနကို လျော်ကြေးငွေများ ပေးဆောင်ရတော့မည်။


လျူယောင် ခေါင်းညိတ်ပြီး


"အဲဒီအတိုင်း လုပ်လို့ရပါတယ်။ မင်းက ရှီလီ ဘင်းနဲ့ သွားတွေ့သင့်တယ်။ သူက အခြေအ နေကို နားလည်ပြီး အစီရင်ခံစာကို ရုပ်သိမ်း နိုင်လိမ့်မယ်လို့တော့ မျှော်လင့် တယ်"လို့ ပြောလိုက်သည်။


"ကောင်းပါပြီ၊ ဒါဆို ကျွန်တော် သူ့ကို တွေ့ဖို့ ချိန်းဆိုလိုက်ပါ့မယ် "


လျုယောင် က ထပ်ပြီးသတိပေးခဲ့သည်။


" တကယ်လို့ တစ်ဖက်လူက အစီရင်ခံစာကို ရုပ် သိမ်းဖို့ သဘောမတူဘူးဆိုရင်  နောက် ဆက် တွဲ ဖြစ်လာမယ့် အရာအားလုံး တာဝန် ယူရမယ် ဆို တာ ပြောလိုက်ပါ " လို့မှာလိုက်သည်။


ကျိုးယန် ရုံးခန်းမှ ထွက်သွားတာ ကိုကြည့်ပြီး နောက် လျုယောင် စဉ်းစားနေခဲ့သည်။ ရိုး ရိုး သားသားပြောရရင် သူ ပရိုတွန် ဘက် ကအစီ ရင်ခံစာကို ရုပ်သိမ်းမည်ဆိုတာ မယုံခဲ့ပေ။


"တကယ်လို့ တစ်ဖက်က အစီရင်ခံစာကို မဖျက် သိမ်းဘဲ အဆုံးထိ တိုက်ခိုက်ဖို့ ဆက် လျှောက် လှမ်းမယ်ဆိုရင် ဘာဆက်လုပ်ရမလဲ"


မကြာခင်တွင် လျုယောင် အခြားနည်းလမ်း တစ်ခုကို စဉ်းစားမိခဲ့သည်။

သူ့တွင် အားသာချက်တစ်ခုရှိသည်။


သူ့တွင် လိပ်ကြီးရဲ့ အစွမ်းရှိတဲ့အတွက် ပရိုတွန် ဘက် က သူရဲ့ အမှားကို ဝန်မခံဘူးဆိုရင် လျု ယောင် က လိပ်ကြီး ကို လျှို့ဝှက်စွာ စေလွှတ် ပြီး ပရိုတွန်အဖွဲ့ ရဲ့ သင်္ဘောများကို ပြဿနာ အချို့ ဖန်တီးပေးနိုင်ပေသည်။


လျုယောင် စဉ်းစားမိတာက ပရိုတွန်အဖွဲ့ ကြောက် လန့်ပြီး တောင်းပန်ရန် ရောက် လာတဲ့အထိ အပြစ်ဒဏ် ပေးရန်ဖြစ်သည်။


"ပရိုတွန်အဖွဲ့တွင်  ရှီလီဘင်းက  လက်အောက်င ယ်သားများထံမှ အစီရင်ခံစာကို လက်ခံရရှိ ပြီးနောက်  Global ရဲ့ အထွေ ထွေမန်နေဂျာ ချူးယန်က လက်ဖက်ရည်သောက်ဖို့ ဖိတ် ကြာ းရန်အတွက် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။


ရှီလီဘင်းက ဖိတ်စာကဒ်ကို ကိုင် ကြည့်ပြီး နောက် ဖိတ်စာကဒ်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။


သူရဲ့ လက်အောက်ငယ်သားက "ခေါင်းဆောင် ကျွန်တော်တို့ global ကို ဘယ်လို ပြန် ပြောရ မလဲ" ဟုမေးလိုက်သည်။


ရှီလီဘင်းက 

"ယွန်ကွမ်ဟွေ့ကို သွားပြောလိုက်ကျိုးယန်က ငါတို့ကို အသနားခံချင်ပုံရတယ် သူ ဘာပြောမလည်း သေချာ နားထောင်ခဲ့လို့ "


"ကောင်းပါပြီ၊ ကျွန်တော် မစ္စတာ ယွန်ကို အခုပဲ အကြောင်းကြားလိုက်ပါ့မယ်။"


ယွန်ကွမ်ဟွေ့က အောက်ဘက်ဌာနမှ မန်နေဂျ ာတစ်ဦးဖြစ်ပြီး၊ ပရိုတန်အဖွဲ့ မှာ အလယ်အ လတ်အဆင့်ဖြစ်ကာ၊ ရှီလီဘင်းရဲ့ အမာခံ လက်အောက်ငယ်သားများထဲမှ တစ်ဦးဖြစ်သည်။


XXX လက်ဖက်ရည်ဆိုင်။


ဒါက အဆင့်မြင့် လက်ဖက်ရည် ဆိုင်တစ်ဆိုင် ဖြစ်ပြီး ကျိုးယန်နဲ့ လက်အောက် ငယ်သား အချို့က ကြာမြင့်စွာ စောင့်ဆိုင်းနေကြသည်။

သူက အထူးသီးသန့်ခန်း ကိုပင် ဘိုကင် ကြို ယူထားခဲ့သည်။


ရှီလီဘင်းက ကိုယ်တိုင်မလာခဲ့ဘဲ သူရဲ့ လက် အောက်ငယ်သားတစ်ဦးကိုသာ စေလွှတ် ခဲ့သည်။ကျိုးယန်ကလည်း ဒီလို ဖြစ်မှာကို မျှော်လင့်ထားပုံရသည်။


ချိန်းဆိုထားတဲ့အချိန်က နံနက် ၁၀ နာရီဖြစ်ပြီး၊ ယွန်ကွမ်ဟွေ့မှာ ၁၀ မိနစ်အပြည့် နောက်ကျ ပြီးမှသာ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာခဲ့သည်။



သီးသန့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ယွန်ကွမ် ဟွေ့ လက်များကို ပိုက်ထားပြီး ထိုင်ချလိုက်ကာ "မစ္စတာ ကျိူး လမ်းမှာ ယာဉ်ကြောပိတ်လို့ ကျွန်တော် နည်းနည်းနောက်ကျသွားပါတယ် "


ဒါက အကြောင်းပြချက်တစ်ခုဖြစ်သည်။ ပရို တွန်အဖွဲ့ နဲ့ ဆိုင်က မနီးမဝေးမှာရှိခဲ့ပြီး အလုပ် သွားချိန်မဟုတ်တဲ့အတွက် ယာဉ် ကြော ပိတ်ဆို့မှုဆိုတာ ဖြစ်နိုင်ခြေ လုံးဝမရှိပေ။


ကျိုးယန်ရဲ့မျက်နှာက အနည်းငယ် တုန်ယင်သွ ားသည်။ သူ ခဏ သည်းခံပြီး "မန်နေဂျာ ယွန်တိုက်ရိုက်ပြောကြတာပေါ့။ ကျွန်တော် တို့သင်္ဘောတစ်စင်း တိုင်ကြားခံရပြီး  စုံစမ်း စစ်ဆေးမှုအရ ဒါက ခင်ဗျားတို့ ကုမ္ပဏီက လုပ်တာလို့ ထင်ရပါတယ်" ဟု ပြောလိုက်သည်။


ယွန်ကွမ်ဟွေ့ ချက်ချင်းရယ်မောလိုက်ပြီး


"ဒီကိစ္စကို ကျွန်တော်မသိဘူး၊ ကျွန်တော်တို့ ပရိုတွန်ဘက်က မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဘက်က ဘယ်လိုလုပ် ဒီလိုအရာ မျိုး လုပ်နိုင်မှာလဲ" ဟုငြင်းဆိုလိုက်သည်။


ကျိုးယန် လက် ဝှေ့ယမ်းလိုက်တာနဲ့ တစ်စုံတစ် ဦးက အစီရင်ခံစာပစ္စည်းများကို ယွန်ကွမ်း ဟွေ့ရှေ့တွင် ချက်ချင်းပစ်ချလိုက်သည်။


ထိုအစီရင်ခံစာပစ္စည်းကို မြင်တဲ့အခါ ယွန်ကွမ်း ဟွေ့ အလွန်ရှက်ရွံ့သွားသည်။


ခုနကပဲ သူတို့မလုပ်ဘူးလို့  ငြင်းဆိုခဲ့သည်။ အ ကျိုးဆက်အနေဖြင့် သူတို့က အစီရင်ခံစာကို တိုက်ရိုက် ပစ်ချလိုက်သည်။


ကျိုးယန်က

 "တကယ်တော့ ကျွန်တော်တို့ တောင်းဆို ချက် က အလွန်ရိုးရှင်းပါတယ်။ ပရိုတွန်က အစီရင်ခံ စာကို ရုပ်သိမ်းသရွေ့ ဘာမှမဖြစ်ခဲ့သလို ကျွန် တော်တို့ သဘောထားပေးနိုင်ပါတယ်" ဟုပြောလိုက်သည်။


ယွန်ကွမ်ဟွေ့က

"တကယ်လို့ ကျွန်တော်တို့ဘက်က မဖျက်သိ မ်းဘူးဆိုရင်ကော" ဟုမေးလိုက်သည်။


ကျိုးယန်က

"ခင်ဗျားတို့ ပရိုတွန်က မဖျက်သိမ်းဘူး သေချာ တယ်ဆိုရင်  ကျွန်တော်တို့ဘက်က ပြန်လည် တုံ့ပြန်မှုတွေ လုပ်ပါ့မယ်။


နောက်ဆက်တွဲဖြစ်လာမယ့်  ကိစ္စအချို့ က တော့ ပရိုတန်အဖွဲ့ကကိုယ်တိုင် တာဝန် ယူရမှာ ဖြစ်ပြီး ကျွန်တော်တို့ Global နဲ့ ဘာမှမ ဆိုင်ပါ ဘူး" လို့ ပြောလိုက်သည်။


"မစ္စတာ ကျိူး ခင်ဗျားက ကျွန်တော်တို့ ပရိုတန် ကို ခြိမ်းခြောက်နေတာလား "


ကျိုးယန်ကလည်း


"ခင်ဗျား ဒီလိုသတ်မှတ်လို့ ရပါတယ်၊ နောက် ဆက်တွဲဖြစ်လာမယ့် အရာတွေကို ခင်ဗျား တို့ဘက်က တာဝန်ယူရမှာဖြစ်ပြီး၊ အရှုံးကို ခင်ဗျားတို့ ကိုယ်တိုင်ခံရမှာ ဖြစ်တယ် ကျွန် တော်တို့ Global နဲ့ ဘာမှမဆိုင်ပါဘူး"လို့ ပြန်တုံ့ပြန်လိုက်သည်။


"မင်း..."


ယွန်ကွမ်ဟွေ့ ဒေါသတကြီးမတ်တပ် ရပ်ကာ ထွက်သွားခဲ့သည်။