Ch 69
Viewers 5k

အခန်း  69  ငါတို့ ကုမ္ပဏီ ပစ်မှတ် ထားခံရပြီ



ပုံမှန်ဆို  လျူယောင် ကုမ္ပဏီကို မကြာခဏသွားရောက်ကာ ရုံးထိုင်လေ့ရှိသည်။ အဓိကအားဖြင့် ကျိူးယန်နဲ့ ဟူဂျွန်းရှီတို့ရဲ့တင်ပြချက်များကို နားထောင်ရန်အတွက် ဖြစ်သည်။


ယနေ့လည်း လျူယောင် ကုမ္ပဏီကို ထပ်မံ ရောက်ရှိလာခဲ့သည်။ သူ ထိုင်လိုက်ပြီး မကြာသေးမီက တင်ထားတဲ့ အစီရင်ခံစာတစ်ခုကို ဖတ်နေစဉ် ကျိုးယန် နဲ့ဟူဂျွန်းရှီတို့အတူတူ ဝင်လာခဲ့ကြသည်။


နှစ်ယောက်စလုံးရဲ့ မျက်နှာတွင် တစ်ခုခု မှားယွင်းနေတာကို မြင်တဲ့အခါ လျူယောင်က “ဘာဖြစ်တာလဲ” လို့ မေးလိုက်သည်။


ကျိုးယန်က

 “မစ္စတာဟူ အတိအကျကို သူဋေးကို ရှင်းပြပေးလိုက်ပါ” လိုပြောလိုက်သည်။


ဟူဂျွန်းရှီဟာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို တာဝန်ယူထား သူဖြစ်တာကြောင့် အခြေအနေကို အရှင်းလင်းဆုံး သိသူဖြစ်သည်။


သူက ခေါင်းညိတ်ပြီး


“အစ်ကိုယောင် ကျွန်တော်တို့ကုမ္ပဏီမှာ ကွန်တိန်နာအပြည့်နဲ့ သင်္ဘော တစ်စီး ရှိ တယ်။ မနက်ဖြန် RB ကို ထွက်ဖို့ စီစဉ်ထားတာကို  ဘယ်သူက တိုင်ကြား ခဲ့တယ်ဆိုတာ မသိဘူး။ ကျွန်တော်တို့ရဲ့ သင်္ဘောမှာ တင်ဆောင်ခွင့်မရှိတဲ့ ပစ္စည်း တွေ ပါတယ်လို့ ပြောပြီး အကောက်ခွန်က ကျွန်တော်တို့ရဲ့ သင်္ဘောကို ထိန်းသိမ်း ထားတယ်၊ ပြဿနာရှင်းလင်းပြီးတဲ့အထိ ဆိပ်ကမ်းကနေ ထွက်ခွာခွင့် မပေးဘူးတဲ့” ဟု တင်ပြလိုက်သည်။


“ဘာ၊ ဒီလိုမျိုး ရှိတယ်ပေါ့”


အံ့သြသွားတဲ့ လျူယောင် က “ငါတို့ရဲ့ သင်္ဘောမှာ တင်ဆောင်ခွင့်မရှိတဲ့ ပစ္စည်း တွေ ပါနေလား” လို့ မေးလိုက်သည်။ဒီ မေးခွန်းကို ရှင်းရှင်းလင်းလင်း မေးမြန်းရ မှာ ဖြစ်သည်။


ဟူဂျွန်းရှီက


“ကျွန်တော် အာမခံပါတယ်၊တရားမဝင် တင်ဆောင်ခွင့်မရှိတဲ့ ပစ္စည်းတွေ လုံးဝမရှိပါဘူး” ဟု ဖြေလိုက်သည်။


ကျိုးယန်ကလည်း 

“သူဋေး ကျွန်တော်လည်း ဒါကို အာမခံနိုင် ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန် စီမံခန့်ခွဲမှု က အရမ်းတင်းကျပ်ပြီး စနစ်ကလည်း အလွန်ပြည့်စုံပါတယ်။ တင်ဆောင် ခွင့်မ ရှိတဲ့ ပစ္စည်းတွေ သင်္ဘောပေါ်မှာ လုံးဝ မရှိပါဘူး” ဟု အတည်ပြု ပြော လိုက်သည်။


ဟူဂျွန်းရှီက


“အစ်ကိုယောင်၊ အခု ပြဿနာက ရှင်းနေပါပြီ။ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ လုပ်ဆောင်နေတာ ဖြစ်ရမယ်။ ဒါက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားတာပါ” ဟု ပြောခဲ့သည်။


လျူယောင်  စဉ်းစားလိုက်ပြီး “ငါ တို့ ကုမ္ပဏီက မကြာသေးခင်မှာ တစ်ယောက်ယောက်ကို ရန်စခဲ့မိတာ ရှိလား” ဟု မေးလိုက်သည်။


ဟူဂျွန်းရှီက “မဖြစ်နိုင်ပါဘူး”


ကျိုးယန်က 

“ကျွန်တော်တို့က အမြဲတမ်း ပူးပေါင်း ဆောင်ရွက်မှုဆိုတဲ့ အခြေခံမူကိုပဲ လိုက်နာ ခဲ့ ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ရန်စ ခဲ့တာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်ကွယ်ကနေ ဒီလိုမျိုး ပရိယာယ်တွေ သုံးနေတာကို တကယ်ကို နားမလည်နိုင်ပါ ဘူး” ပြန်ဖြေလိုက်သာ်။


လျူယောင် တွေးတောနေခဲ့သည်။


ဘယ်သူ့ကိုမှ ရန်မစခဲ့ပေမဲ့ နောက်ကွယ် ကနေ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြား ခံရခြင်းအများစုမှာ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။



ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဝန်ဆောင်မှု ကုမ္ပဏီက အလွန်လျင်မြန်ပြီး ချောမွေ့စွာ တိုးတက် နေတာကို မြင်တဲ့အခါ နောက် ကွယ်ကနေ အကောက် ဉာဏ် ဆင်ပြီး လုပ်ဆောင် ကြခြင်း ဖြစ်လိမ့်မည်။


ဒီအချက်ကို နားလည်တာကြောင့် လျူယောင်က


“လက်ရှိအချိန်မှာ ငါ တို့ အနေနဲ့ နည်း လမ်းနှစ်ခုနဲ့ စတင်ရမယ်။ ပထမ တစ်ချက် က အကောက်ခွန်နဲ့ ပူးပေါင်းပြီး ပြဿန ာကို အမြန်ဆုံး ဖြေရှင်းရမယ်။ ငါ တို့ရဲ့ သင်္ဘောကို ဆိပ်ကမ်းကနေ အမြန်ဆုံး ထွက်ခွာခွင့်ရအောင် ကြိုးစားရမယ်။ ဒုတိယတစ်ချက်ကတော့ နောက်ကွယ် ကနေ လုပ်ဆောင်နေသူကို ရှာဖွေဖို့ အတွက် ငါတို့ရဲ့ လုပ်ဖော် ကိုင်ဖက် တွေကိုပဲ အာရုံစိုက်ရမယ်” ဟု အမိန့်ပေးလိုက်သည်။


“ဟုတ်ကဲ့၊ အစ်ကိုယောင်၊ ပြဿနာမရှိပါဘူး။ အကို ပြောတဲ့အတိုင်းပဲ ကျွန်တော်တို့ လုပ်ဆောင်ပါ့မယ်”


နှစ်ယောက်စလုံး သဘော တူလိုက်သည်။



လျူယောင် ကော်ဖီတစ်ခွက် ဖျော်ကာ သူဋေးကုလားထိုင်တွင် ထိုင်ပြီး စဉ်းစားနေခဲ့သည်။


သင်္ဘောက ကွန်တိန်နာအပြည့် တင်ဆောင်ထားပြီးဖြစ်ပြီး ဆိပ်ကမ်းမှ ချက်ချင်း ထွက်ခွာနိုင်ခြင်းမရှိပါက ၊ကုန်ပ စ္စည်းပို့ဆောင်မှုကို ထိခိုက် စေနိုင် သည်။ RB ကို အချိန်မီ မရောက်ရင် ကုမ္ပဏီရဲ့ဂု ဏ်သိက္ခာကို ထိခိုက်စေနိုင်ရုံသာမက စီးပွားရေးအရလည်း ဆုံးရှုံးမှု့များ ဖြစ်ပေါ် စေနိုင်သည်။



တကယ်လို့ အချိန်ဇယားအတိုင်း ဆိပ်ကမ်းကို မရောက်ရှိနိုင်ပါက ဖောက်သည် စိတ်ကြိုက်  လျော်ကြေးပေးဆောင်ရနိုင်ပေသည်။


“ဟမ်း နောက်ကွယ်ကနေ လုပ်ဆောင် နေတဲ့သူ ဘယ်သူလဲဆိုတာ သိရရင် မင်းတို့ ကြည့်ကောင်းနေမှာ မဟုတ်ဘူး”


လျူယောင်အနည်းငယ် ဒေါသထွက် နေခဲ့သည်။



စည်းမျဉ်းစည်းကမ်းများနဲ့အညီ လုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခုကို တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ပရိယာယ် သုံးလိမ့်မယ်လို့ သူ တစ်ခါမှ မထင်ခဲ့မိပေ။


"ပရိုတွန် သမုဒ္ဒရာ သင်္ဘောအုပ်စု "

ရုံးခန်းထဲတွင် ရှီလီဘင်းက လက်အောက် ငယ် သားတစ်ဦးရဲ့ အစီရင်ခံစာကို နားထောင်နေသည်။


“ဘင်းလေး  မင်းရဲ့ အမိန့်အတိုင်း အရာ အားလုံးကို လုပ်ဆောင်ပြီးပါပြီ။ ၁၀ ရက် ဒါမှမဟုတ် ၈ ရက်အတွင်း ကမ္ဘာ လုံး ဆိုင်ရာ ကုမ္ပဏီရဲ့ သင်္ဘောက ဆိပ်ကမ်း ကနေ ထွက်နိုင်တော့မှာ မဟုတ်ပါဘူး”


ရှီလီဘင်း အောင်ပွဲခံတဲ့ အပြုံးဖြင့် ပြုံး လိုက်သည်။


ဒီအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီက သူတို့ရဲ့ မှတ်ဉာဏ်ကို မြှင့်တင်ရန် လိုအပ် သည်။


" ဟွာဟိုင်းမြို့မှာ ငါ တို့ ပရိုတွန်က သာ  သမုဒ္ဒရာပို့ဆောင်ရေး လုပ်ငန်းကို ဦး ဆောင်သူဖြစ်ကြောင်း သူတို့ကို သိစေရမယ် "


လက်အောက်ငယ်သားက မြှောက်ပင့် ပြောဆိုလိုက်သည်။



“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကမ္ဘာလုံ းဆိုင်ရာ ကုမ္ပဏီက ကျွန်တော်တို့ ပရို တွန်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။ ဘင်းလေးက သူတို့ရဲ့ ဆံပင်တစ် ပင် ချင်းစီကို နုတ်ပြီး ချေမှုန်းနိုင်ပါတယ်”


ရှီလီဘင်းက အောင်ပွဲခံတဲ့ အပြုံးနဲ့ ထပ်မံ ရယ်မောလိုက်သည်။


“ဟွန်း ဟွာဟိုင်းမြို့မှာ ငါတို့က သူဋေး တွေပဲ တခြား သမုဒ္ဒရာ သင်္ဘော ကုမ္ပဏီ တွေက တိုးတက် ချင်ရင် ငါတို့ ပရိုတွန် အုပ်စုရဲ့ အသက်ရှူသံကိုပဲ မှီခိုရလိမ့်မယ်”



လျူယောင့်ရဲ့ အမိန့်အတိုင်း ကျိုးယန်နှင့် ဟူဂျွန်းရှီ တို့က နည်းလမ်းနှစ်ခုဖြင့် စတင်ခဲ့ကြသည်။ ပထမတစ်ချက် အနေဖြင့် အကောက်ခွန် စစ်ဆေးမှု့ကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။



ဒုတိယတစ်ချက်အနေနဲ့ နောက်ကွယ်မှ ပရိယာယ်လုပ်သူကို စုံစမ်းခဲ့ကြသည်။



သင်္ဘောပေါ်တွင် ဟူဂျွနိးရှီ ကစပြီး ကမ္ဘာ လုံးဆိုင်ရာ ကုမ္ပဏီမှ လူတိုင်း အလွန် နိမ့်ကျပြီး အပြုသဘောဆောင်တဲ့ သ ဘောထားနဲ့ ပူးပေါင်းဆော င်ရွက် ပေးခဲ့ကြသည်။


အကောက်ခွန်အရာရှိများရဲ့ တောင်းဆိုချ က်များအားလုံးကို လိုက်နာ ခဲ့ကြပြီး သူတို့ တောင်းဆိုတဲ့ စာရွက်စာတမ်းများ ကိုလည်း ဘာမှ ပြောဆိုခြင်းမရှိဘဲ ချက်ချင်းပေးအပ်ခဲ့သည်။

တစ်နေကုန်လုံး မည်သည့်ပြဿနာမှ မ တွေ့ရပေ။



တစ်နေ့တာကုန်ဆုံးချိန်တွင် အကောက် ခွန်အဖွဲ့ကို ဦးဆောင်သူဖြစ်တဲ့ ဒါရိုက်တာရှုဟာ ကျေနပ်နေခဲ့ပြီး


“မစ္စတာဟူ, ကျွန်တော်တို့က တမင်တကာ အခက်အခဲရှာနေတာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က တိုင်ကြားလာရင် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်” လို့  မပြောဘဲ မနေနိုင်ပေ။


ဟူဂျွန်းရှီက

“ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ နားလည်ပါတယ်။ အကောက်ခွန် စစ်ဆေးမှုနဲ့ အပြည့်အဝ ပူးပေါင် းဆောင်ရွက်ပါ့မယ်” ဟု ပြန်ဖြေလိုက်သည်။

"သင်က လက်ကိုဆန့်တန်းလိုက်ရင် ပြုံးနေတဲ့မျက်နှာကို မရိုက်ပါနဲ့ ဆိုတဲ့ ဆို့ရိုး စကားအတိုင်းပင် "ဒီလို သဘောထားမျိုးက လူများကို သက်တောင့်သက်သာ ဖြစ်စေသည်။



ဟူဂျွန်းရှီနဲ့ အဖွဲ့သားများရဲ့သဘော ထားက အရမ်း ကောင်းတာကြောင့် မူလက အလွန်အလေးအနက်ရှိတဲ့ ဒါရိုက်တာရှုကလည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။


သူက ချီးကျူးလိုက်သေးသည်။


“မင်းတို့ရဲ့ သဘောထားက ကောင်း ပါတယ်။ ငါတို့ရဲ့ အလုပ်နဲ့ ဒီ လောက် တောင် ပူးပေါင်းဆော င်ရွက်တဲ့သူတွေကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ မင်းတို့က ကောင်းတဲ့သူတွေပါပဲ”


ဒါရိုက်တာရှုရဲ့ ကျေနပ်မှုနဲ့ စိတ်ကောင်းဝင်နေတာကို အခွင့်ကောင်းယူပြီး ဟူဂျွန်းရှီက


“ကျွန်တော်တို့ တရားဝင် စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်ဆောင်နေခဲ့တာပါ။ ဒါပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားတာကိုတော့ မမျှော်လင့်ခဲ့ပါဘူး” ဟု သွယ်ဝိုက်ပြောဆိုလိုက်သည်။


ဒါရိုက်တာရှုက ပြုံးပြီး


“စစ်ဆေးမှုမှာ ဘာမှ မတွေ့ရဘူး ဆိုရင်တော့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုကတော့ စော ပါသေးတယ် !ဒါက အစပဲရှိ သေးတယ်” လို့ ပြန်ဖြေလိုက်သည်။



ဟူဂျွန်းရှီက “ဒါရိုက်တာရှု ကျွန်တော်တို့က အဲ့ဒီလို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားသူဟယ အများစုက လုပ် ဖော်ကိုင်ဖက်တွေပဲ ဖြစ်နိုင်တယ်လို့ တွက်ဆထားပါတယ်” လို့ စကားနိူက်ပြီး မေးလိုက်သည်။


ဒါရိုက်တာရှုက


“ဒီလိုမျိုး အလုပ်က လုပ်ဖော် ကိုင်ဖက်တွေကပဲ လုပ်နိုင်ပါတယ်။ မဟုတ်ရင် ဘယ်သူကမှ ဒီလိုမျိုး တိုင်ကြားနေမှာ မဟုတ်ဘူး”


ဒီစကားကို ကြားတဲ့အခါ ဟူဂျွန်းရှီဝမ်း မြောက်ဝမ်းသာဖြစ်သွားခဲ့ပြီစိတ်ထဲတွင်



“အစ်ကိုယောင်က တကယ်ကို အံ့သြ ဖို့ကောင်းတယ်။ သူက လုပ်ဖော် ကိုင်ဖက် တွေဟာ  နောက်ကွယ်ကနေ ပရိယာယ် သုံးနေတာလို့ တွက်ဆခဲ့ တာ!တ ကယ်လည်း လုပ်ဖော်ကိုင်ဖက်တွေပဲ” လို့ တွေးလိုက်မိသည်။


“ဒါရိုက်တာရှု ဘယ်ကုမ္ပဏီက တိုင်ကြားတယ်ဆိုတာ ပြောပြလို့ရမလား”


ဒါရိုက်တာရှုက ခေါင်းကို အမြန်ခါ လိုက်ပြီး


“ကျွန်တော် အဲ့လို မပြောနိုင်ပါဘူး။ ကျွန်တော်တို့မှာ သတင်းပေးသူတွေကို လျှို့ဝှက်ထားရမယ့် တာဝန်ရှိတယ် ဒါပေမယ့် တကယ်လို့သာ ခင်ဗျားတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီက ခိုင်မာမှု မရှိဘူးဆိုရင် တခြားသူတွေက  တိုင်ကြားဖို့ မလုပ်ရဲကြပါဘူး” ဟု ပြန်ဖြေလိုက်သည်။



ချက်ချင်းပင် ဟူဂျွန်းရှီ တိတ်တဆိတ် ကျေနပ်သွားခဲ့ပြီး ဒီအချက်နဲ့တင် လုံလောက်သည်။


ဒါရိုက်တာရှုက ရှင်းရှင်းလင်းလင်း မပြောခဲ့ပေမဲ့ တိုင်ကြားခဲ့တဲ့  ကုမ္ပဏီက အလွန်အစွမ်းထက်တယ်ဆိုတာကို  သတိပေးခဲ့သည်။



အစွမ်းအထက်တဲ့ သမုဒ္ဒရာ သင်္ဘော ကုမ္ပဏီတစ်ခုဆိုတာ အဖြေ ထွက် ပေါ်လာပြီဖြစ်သည်။


ဟူဂျွန်းရှီ  ပထမဆုံး ပရိုတွန်အုပ်စုကို တွေးလိုက်မိပြီး သူတိုက  ဟွာဟိုင်းမြို့ တွင် လက်ရှိ အကြီးဆုံး သမုဒ္ဒရာ သင်္ဘောကုမ္ပဏီ ဖြစ်သည်။


“ဟုတ်လောက်မယ် ! ဒီကုမ္ပဏီက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားတာ  ၉၀% ဖြစ်ဖို့  သေချာတယ်”