အခန်း 65 ဒီဆိုင်က စျေးအရမ်းကြီးတယ်
ထိုလည်ဆွဲကို ခဏကြည့်ပြီးနောက် မင်းသား A က လက်ထဲတွင်ရှိတဲ့ ဆွဲကြိုးကိုချလိုက်ပြီးနောက် မျက်နှာပေါ် မှ စိတ်လှုပ်ရှားမှု့ က ပိုမိုထင်ရှားလာသည်။
ဆွဲကြိုးက အစစ်ဟုတ်မဟုတ်ကို သူ ချက်ချင်းပြောနိုင်ကြောင်းမှာ ဆွဲကြိုးက သူ့ဟာဖြစ်တာကြောင့်ပင်။
လက်ထဲမှ ဆွဲကြိုးကိုချလိုက်ပြီး မင်းသားက
“အသင်၊ ကျွန်ုပ်ရဲ့ဆွဲကြိုးကို ရှာဖွေပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်ုပ် ဒီအရာအား လုံးဝပျောက်ဆုံးသွားပြီလို့ ထင်မှတ်ခဲ့တာ ” ဟုပြောလိုက်သည်။
လျူယောင် အနည်းငယ်ပြုံးလိုက်ပြီး ဘာစ ကားမှ ပြန်မပြောခဲ့ပေ။ အမှန်တကယ် တော့ တစ်ဖက်လူအနေဖြင့် ကျေးဇူးတင်စကား ပြောစရာမလိုချေ။ ဒေါ်လာသန်း ၂၀ က အကောင်းဆုံး ကျေးဇူးတင်စကားပင်ဖြ စ်သည်။
အရှေ့တိုင်းသား မျက်နှာပေါက်ရှိတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့နှစ်လှမ်းတိုးလာပြီး
“
လူငယ်လေး မင်းရဲ့နာမည်အရင်းက ဘယ်သူလဲ” ဟု ပြုံးပြီးမေးလိုက်သည်။
သူ ပြန်ဖြေရန်ပြင်ဆဲတွင် ထိုလူရဲ့ဘေးတွင် ရှိတဲ့ လူငယ်က -
“ဒါက ကျွန်တော်တို့ရဲ့ အတွင်းရေးမှူး စွန် ဖြစ်ပါတယ်” ဟု လျူယောင့်ကို မိတ်ဆက်ပေးသည်။
အနည်းငယ် ရင်းနှီးသလို ခံစားရတာ အံ့ဩစရာမဟုတ်ချေ၊ဒီလူက ဟွာဟိုင်းမြို့ ခေါင်းဆောင်တစ်ဦးဖြစ်နေတာပင်။
ဟွာဟိုင်းသတင်းကို အာရုံစိုက်ကြည့်ရင် ဒီလူ့ကိုမကြာခဏ မြင်တွေ့ရပေလိမ့်မည်။
" ဒီလိုမျိုး ခေါင်းဆောင်ကြီး! "
လျူယောင် ချက်ချင်းပြန်ဖြေလိုက်သည်။
“အတွင်းရေးမှူးချုပ်စွန် ကျွန်တော့်နာမည် လျူယောင်ပါ၊ ဒါက ကျွန်တော့်စီးပွားရေးကဒ်ပါ” လို့ ပြောပြီးနောက် သူ့ရဲ့ စီးပွားရေးကဒ်ပြားကို ပေးလိုက်သည်။ သူ့ရှေ့က လူမှာ ဟွာဟိုင်းမြို့ရဲ့ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။
အထူးသဖြင့် စီးပွားရေးသမားများက သူတို့ကို မှတ်မိစေရန် ရည်ရွယ်ချက်နဲ့ အတွင်းရေးမှူး ချုပ်ကို ပေါင်းသင်းဆက်ဆံချင်ကြသည်။
စွန် အတွင်းရေးမှူးချုပ်က စီးပွားရေးကဒ်ကို ယူကာ ဘေးမှ အတွင်းရေးမှူးကိုပင် မပေးဘဲ အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး
“ကမ္ဘာ့ပင်လယ်ဝန်ဆောင်မှုလုပ်ငန်းက မစ္စတာလျူကိုး။ မကြာသေးခင်ကမှ ဖော်ထုတ်ခဲ့တဲ့ လက်နက်ရောင်းဝယ်တဲ့ အမှု့မှာ ပင်လယ်ကြမ်းပြင်ကနေ သေနတ်တွေကို မင်းတို့ကုမ္ပဏီက ဆယ်ယူပေးခဲ့တယ်ဆိုပြီး ပြည်သူ့လုံခြုံရေးဗျူရို ရဲဘော်တွေက အစီရင်ခံတင်ပြခဲ့တယ်”
ဟု ပျော်ရွှင်စွာပြောလိုက်သည်။
လျူယောင်ပျော်ရွှင်သွားပြီး အနည်းငယ်ဂုဏ် ယူမိသည်။
ရဲများကို သေနတ်များရှာဖွေရာတွင် ကူညီခဲ့တာ ကို စွန် အတွင်းရေးမှူးချုပ်ပင် သိနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
လျူယောင်က စွန် အတွင်းရေးမှူးချုပ်နှင့် ပိုမို နီးစပ်ရန် ကြိုးစားနေစဉ်တွင် အတွင်းခန်းရှိ မင်းသမီးက သတင်းကိုကြားပြီး ရောက် လာ ခဲ့သည်။
“ချစ်လေး၊ ကျွန်မတို့ရဲ့ ဆွဲကြိုးကို တကယ်ပြန်တွေ့ပြီဆို ”
ဝမ်ဟောင်ရဲ့လေသံတွင် အလွန်အံ့ဩမှုများ ပါဝင်နေသည်။ဒါက သူမအတွက် အမှန်တကယ် ကောင်းတဲ့သတင်းပဲဖြစ်သည်။
မင်းသားက “ဟုတ်တယ်၊ ကိုယ်တော်တို့ ပြန် တွေ့ ပြီ ကိုယ်တော်တို့ ဒီလူကြီးမင်းကို ကျေးဇူး အများကြီးတင်ရမယ် ဟု ပြန်ပြောခဲ့သည်။
မင်းသမီးကလျူယောင့်ကို ယဉ်ကျေးစွာ ကျေး ဇူးတင်စကား ပြောကြားလိုက်သည်။
မင်းသားက လူတိုင်းရဲ့ရှေ့တွင် ဆွဲကြိုးကို မင်း သမီးရဲ့လည်ပင်းတွင် ဆွဲပေးပြီး
“မစ္စတာလျူ၊ ဒေါ်လာ သန်း ၂၀ လွှဲပြောင်းပေးတာကို ချက်လက်မှတ်နဲ့ပေးရမလား” ဟုဆိုသည်။
လျူယောင် ပိုက်ဆံအိတ်ထဲမှ ဘဏ်ကဒ် တစ်ကဒ်ကို ထုတ်ယူကာ “ဒီကဒ်ထဲကို ဒေါ်လာ သန်း ၂၀ လွှဲပေးလိုက်ပါ” ဟုပြောလိုက်သည်။
မင်းသား A လက်ကိုဝှေ့ယမ်းလိုက်ရာ တစ် ယောက် က လက်ပ်တော့တစ်လုံး ချက်ချင်း ယူလာခဲ့ပြီး လျူယောင့်ရှေ့တွင် အွန်လိုင်းမှ ဒေါ်လာ သန်း ၂၀ လွှဲပြောင်းခြင်းကို ပြီးမြောက် စေခဲ့သည်။
လျူယောင့်ရဲ့ ဖုန်းထဲတွင် စာတိုတစ်ဆောင် ရောက်လာသည်။
“မစ္စတာလျူ၊ ကျေးဇူးတင်ပါတယ်၊ တကယ့်ကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ မင်းသားA က ထပ်မံကျေးဇူးတင်စကား ပြောကြားခဲ့သည်။
လျူယောင်က “အရှင် အရှင်က အလွန်ယဉ် ကျေးပါတယ်၊ ဒေါ်လာ သန်း ၂၀ ကကျွန်တော့် အကောင့်ထဲကို ရောက်ရှိလာပြီဖြစ်လို့ ကျွန် တော့်ကို ထပ်ခါထပ်ခါ ကျေးဇူးတင် စရာမ လိုပါဘူး” ဟု ပြန်ပြောလိုက်သည်။
ယဉ်ကျေးတဲ့ စကားအနည်းငယ် ပြောဆို ပြီး နောက် လျူယောင် နှုတ်ဆက်ပြီး ထွက်လာခဲ့ လိုက်သည်။
လျူယောင် ထွက်သွားပြီးနောက် စွန် အတွင်း ရေးမှူးချုပ်က “အရှင်!အရှင်က ဒီညပွဲကို တက်ရောက်ရမှာမို့လား ကျွန်တော်တို့ အရှင့်ကို လိုက်လံပို့ဆောင်ပေးပါ့မယ်” ဟု မေးလိုက် သည်။
ဆွဲကြိုးကို တွေ့ခဲ့တာကြောင့် မင်းသားA က စိတ်ကောင်းဝင်နေပြီး ချက်ချင်း သဘောတူ လိုက်သည်၊
“တက်ရောက်မယ်၊ ကျွန်တော် အချိန်မီတက် ရောက်ပါ့မယ်” ဟု အဖြေပြန်ပေး ခဲ့ သည်။
လျူယောင် ဟွာဟိုင်းမြို့ရဲ့ အလယ်တန်း ကျောင်း နံပါတ် ၂ သို့ ထပ်မံရောက်ရှိလာပြီး ကားကို လီချန်းလဲ့ ငှားရမ်းထားတဲ့ ရပ်ကွက် ဝင်ပေါက်တွင် ရပ်ခိုင်းလိုက်သည်။
“ခင်ဗျား အရင်ပြန်လို့ရပါပြီ၊ ကားလိုရင် ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ် ”
“သူဌေး၊ ကျွန်တော် ဒီနားမှာ စောင့်နေ လိုက် ပါ့မယ် ”
“ခင်ဗျား သဘောပါပဲ ဒါပေမဲ့ ဘယ်လောက် ကြာမယ်ဆိုတာ ကျွန်တော်မသိဘူး၊ နောက်ကျသွားနိုင်တယ်” ဟုဆိုသည်။
“ရပါတယ် ညဘက်ဆိုရင် ကျွန်တော် ဒီနား တစ်ဝိုက်မှာ ရှိနေမှာပါ သူဋေး အချိန်မရွေး ဖုန်းဆက်လို့ရပါတယ်” ဟု ပြန်ဖြေသည်။
ဒီတစ်ကြိမ်တွင် ချန်းဟူက လျူယောင့်ကို ကား မောင်းပို့ခဲ့ပေမဲ့ G-Class ကြီးမဟုတ်ဘဲ အသစ် စက်စက် Roll-Royceဖြစ်သည်။
လျူယောင် လက်ကိုမြှောက်ပြီး ဘဲလ်နှိပ် လိုက်ရာ မကြာမီ တံခါးပွင့်လာသည်။
လျူယောင့်ရဲ့ အံ့ဩမှုမှာ တံခါးဖွင့်ပေးသူက လီချန်လဲ့မဟုတ်ဘဲ သူ လုံးဝမသိတဲ့ မိန်းက လေးငယ်တစ်ဦးဖြစ်နေသည်။
ထိုမိန်းကလေးက အလွန်ပျော်ရွှင်ပုံရပြီး ကြော င်နေတဲ့ လျူယောင်ကိုကြည့်ကာ ချက်ချင်းပင်
“ရှင်က လီလဲ့ရဲ့ ရည်းစား လျူယောင်မို့လား လီလဲ့ ပြောတာ ကြားဖူးပါတယ် ဝင်ပါ” ဟုပြောလိုက်သည်။
ဒီမိန်းခလေးက လီလဲ့ အခန်းဖော်ဖြစ်နေတာကို သိလိုက်ရသည်။
လျူယောင်လည်း ကျေးဇူးတင်ကြောင်း ပြော ပြီး အခန်းထဲ ဝင်လိုက်သည်။
မိန်းကလေးငယ်ကပျော်ရွှင်ရုံသာမက စကား အများကြီးပြောခဲ့သည်။
“ကျွန်မနာမည် ဝမ်လီပါ၊ ကျွန်မက လီလဲ့ရဲ့ အခန်းဖော်သာမက အချစ်ဆုံး သူငယ်ချင်း လည်းဖြစ်ပါတယ်”
“ဒါဆို ခင်ဗျားက ဝမ်လီကိုး၊ လီလဲ့ ခင်ဗျား အကြောင်းကို အကြိမ်များစွာ ပြောတာ ကြားဖူ းပါတယ်” လို့ လျူယောင် ပြန်ဖြေလိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် လီချန်လဲ့ ဝင်လာပြီး “အစ်ကိုယောင်၊ ကျွန်မ အခုပဲ အောက်ထပ်ကို အမြန်ချောပို့ သွားယူတာ၊ အစ်ကိုနဲ့ တွေ့မယ်ထင်ခဲ့တာ၊ လွဲသွားတယ်” ဟုပြောလိုက်သည်။
လျူယောင်က
“ကိုယ်က ဓာတ်လှေကားထဲကို အခုမှဝင်တာ မင်းက အခြား ဓာတ်လှေကားတစ်ခုကနေ တက်လာတာနဲ့ ကိုယ်တို့ လွဲသွားတာ ထင် တယ်” ဟု ပြန်ဖြေလိုက်သည်။
ဝမ်လီက လီချန်လဲ့ကိုကြည့်ပြီးနောက် လျူ ယောင်ကိုကြည့်လိုက်ပြီး လီချန်လဲ့နား တိုးကာ
“လီလဲ့၊ နင့်ရည်းစားက အရမ်းချောတာပဲ၊ သူ့မှာ ပိုက်ဆံရောရှိလားမသိဘူး” ဟု တီးတိုးမေးလိုက်သည်။
လီချန်လဲ့သည် ပြုံးပြီး သူမကို စိုက်ကြည့်လို က်ပြီး
“နင်က စကားပြောတတ်တဲ့ ကြက်တူ ရွေးမပဲ "
” ဟု ပြောနေသလိုပင်။
ဝမ်လီ ဒေါသမထွက်ဘဲ ပြုံးနေခဲ့ သည်။
သူတို့နှစ်ဦးက အချစ်ဆုံးသူငယ်ချင်းများဖြစ် ကြ ပြီး ကိစ္စအားလုံးနီးပါးကို ပြောဆိုခဲ့ ကြ သည်။ လီချန်လဲ့က လျူယောင့်အကြောင်း မကြာခဏပြောခဲ့ပေမဲ့ လျူယောင့် ရဲ့ ကိုယ်ရေးကိုယ်တာ၊ ငွေကြေးအခြေအနေ တို့ကို လုံးဝမပြောခဲ့ပေ။
ဝမ်လီကလည်း မမေးခဲ့ပါ။ လျူယောင့်ရဲ့ ဇာတိမှာ လီချန်လဲ့နဲ့ တူညီတဲ့ခရိုင်တွင်ရှိပြီး တက္ကသိုလ်မှ ဘွဲ့ရထားတာ တစ်နှစ် ကျော်သာရှိသေးတယ်လို့သာ သိခဲ့ရသည်။
သူမက လျူယောင်ဟာ အခြား လူငယ် များနှဲ့အတူ ကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေတာလို့ပင် အလိုအလျောက် ခန့်မှန်းခဲ့သည်။
ဝမ်လီက ပျော်ရွှင်ပြီး စကားပြောကောင်းတာကြောင့် လျူယောင် သူမအပေါ် ကောင်းတဲ့ အထင်အမြင်ရှိခဲ့သည်။
ခဏကြာ စကားပြောပြီးနောက် မှောင်စပျိုး လာတာကြောင့် လျူယောင် က
“ညစာသွားစားရအောင် ဝမ်လီ ခင်ဗျားလည်း လိုက်ခဲ့ပါ” ဟု အကြံပြုသည်။
ဝမ်လီက လက်ခုပ်တီးပြီး သဘောတူ လိုက်သည်။
“ကျွန်မ အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို သိတယ်၊ ဒီကနေ မဝေးပါဘူး၊ လမ်းလျှောက်သွားရင် သိပ်မကြာဘူး အဲဒီကို သွားရအောင်”
လီချန်လဲ့က
“နင်ပြောတဲ့ စားသောက်ဆိုင်ကို ငါသိတယ်၊ ဒါပေမဲ့ အဲဒီဆိုင်က စျေးအရမ်းကြီးတယ်လို့ ကြားတယ်”
ဝမ်လီက
“ဒါပေမဲ့ ပတ်ဝန်းကျင်က ကောင်းတယ် ဟင်းပွဲတွေကလည်း အရမ်းကောင်းတယ်။ စျေးနှုန်းကို စိတ်ပူရင် စျေးပေါတဲ့ဟာကို ရွေးလိုက်မယ်လေ” ဟု ပြန်ဖြေလိုက်သည်။
လီချန်လဲ့ ပြုံးပြီး သူမကို ထပ်မံကြည့် လိုက် သည်။
ဒီသူငယ်ချင်းကောင်းအကြောင်းကို သူမ ကောင်းစွာ သိသည်။သူမရည်းစားရဲ့ ပိုက်ဆံ အိတ်ကို စမ်းသပ်ချင်တာကြောင့် ဒီလို စား သောက် ဆိုင်မျိုးကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။
တကယ်လို့ အလုပ်သမားတစ်ဦးဖြစ်ပါက ဒီစားသောက်ဆိုင်တွင် ညစာစားခြင်း မှာ အတော်လေး ဖိအားဖြစ်စေနိုင်ပြီး ပိုမို ရက်ရောစွာ မှာယူပါက လစာတစ်ဝက် ကုန်ဆုံးသွားပေလိမ့်မည်။
လျူယောင်က
“ပတ်ဝန်းကျင် ကောင်းတယ်ဆိုရင် အဲဒီစားသောက်ဆိုင်ကိုပဲ သွားရအောင်၊ ဝမ်လီ ခင်ဗျား လမ်းပြပေးပါ” ဟု သဘောတူလိုက်သည်။
“ကောင်းပြီ၊ အခုပဲ သွားကြရအောင်” ဝမ်လီ အလွန်ပျော်ရွှင်နေခဲ့သည်။
သုံးဦးသား စကားပြောရင်းရယ်မောရင်း အောက်ထပ် ဆင်းလာကာ စားသောက်ဆိုင်ကို ထွက်သွားခဲ့သည်။ အကွာအဝေးမှာ သိပ်မဝေးတာကြောင့် ကားမစီးခဲ့ကြပေ။
ဒီစားသောက်ဆိုင်က တကယ့်ကို ကောင်းမွန် ပေသည်။
လျူယောင် ဝင်လာတာနဲ့ အတော်လေး ကျေ နပ်ခဲ့ရသည်။ သုံးဦးသား ထိုင်ရန် နေရာတစ်ခု ကို ရှာတွေ့ခဲ့ကြသည်။
ဝမ်လီမှာ မယဉ်ကျေးဘဲ သူမက ငွေရှင်းမယ့်သူ ဖြစ်နေသလိုမျိုး မီနူးယူပြီး ဟင်းပွဲများစွာကို တစ်ကြိမ်တည်း မှာယူလိုက်သည်။
လီချန်လဲ့က လျူယောင်ကို တောင်းပန်တဲ့ အကြည်ဖြင့်သာ ကြည့်နေလေသည်။