Ch 64
Viewers 5k

အခန်း  64  သူ့ကို ငါ့ဆီခေါ်လာခဲ့  


လည်ဆွဲကို တကယ်ရှာမတွေ့နိုင်တော့တာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ မင်းသားက တစ်ဖန်ညင် သာစွာသက်ပြင်းချလိုက်ပြန်သည်။


မိမိကိုယ်ကိုအပြစ်တင်နေတဲ့ မင်းသမီးအား မြင်လိုက်ရတဲ့အခါ သူ မကူညီနိုင်ဘဲ နှစ်သိမ့်ပေးလိုက်သည်။


“အခုထိတော့ ရှာမတွေ့သေးတာပဲ ဖြစ်နိုင်ပါတယ်၊ ခဏကြာရင်တော့ လည်ဆွဲကို ရှာဖွေနိုင်ပါလိမ့်မယ်” ဟု ပြောလိုက်သည်။


ဒီစကားများက နှစ်သိမ့်မှုများသာဖြစ်၏။ အနာဂတ်တွင်  လည်ဆွဲကို ရှာတွေ့နိုင်မယ် ဆိုတာ သူ့ကိုယ်သူပင် မယုံကြည်ခဲ့ပေ။ နှစ်သိမ့်မှုအချို့ပေးပြီးနောက် မင်းသားက



“ဟွာဟိုင်းမြို့ခေါင်းဆောင်ကို အသိပေးပြီး ညစာစားပွဲကို ဖျက်သိမ်းလိုက်။ ငါမတက်ချင်ဘူး” ဟု အမိန့်ပေးခဲ့သည်။


သူက ပြန်တော့မှာဖြစ်လို့ ဟွာဟိုင်းမြို့က သူ့အား နှုတ်ဆက်ရန်အတွက် ပွဲတစ်ခုကျင်းပပေးခဲ့သည်။ လည်ဆွဲကို မတွေ့ရတဲ့အတွက်  စိတ်ဓာတ်ကျနေသည်။


ဒါ့ကြောင့်  မင်းသားက ညစာစားပွဲကို ငြင်းပယ်တာပဲဖြစ်သည်။


“ကောင်းပါပြီ။ ကျွန်တော်ချက်ချင်းအကြောင်းကြားပါ့မယ်” ဟု ငယ်သားတစ်ယောက်က ပြောလိုက်သည်။


သူ့လက်အောက်ငယ်သားများအပြင် ထွက်သွားတာကို မြင်ပြီးနောက် မင်းသားက ဆေးလိပ်တစ်လိပ်ကိုမီးညှိပြီး ဖွာလိုက်သည်။ ခဏအကြာတွင် အပြင်ဘက်မှ တံခါးခေါက်သံကြားရသည်။


ဟွာဟိုင်းမြို့ရဲ့ခေါင်းဆောင်များ ကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး မင်းသားA က ညစာစားပွဲကို  တက်ရောက်မှာမဟုတ်ကြောင်း သတင်းရရှိပြီးနောက်  ထိုင်နေလို့ မရနိုင်တော့ပေ။


A နိုင်ငံမှ မင်းသားအား ဟွာဟိုင်းမြို့မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူတို့ဟာ မင်းသားစိတ်မကောင်းဖြစ်လျက် ပြန်မသွားစေလိုဘဲ ပျော်ရွှင်စွာထွက်ခွာလိုခဲ့သည်။


“မင်းသား” ဟု သူတို့က ခေါ်လိုက်သည်။

“ဪ၊ မစ္စတာဆွန်၊ ခင်ဗျားကိုယ်တိုင်လာခဲ့တာပါလား” ဟု မင်းသားက ပြန်ပြောခဲ့သည်။


နှစ်ဦးသားတွေ့ဆုံကြပြီး ချိုသာတဲ့စကားအချို့ပြောပြီးနောက် မင်းသားက


“ကျွန်တော်တကယ်စိတ်မကောင်းပါဘူး။ ကျွန်တော် ညစာစားပွဲကို တကယ်မတက်ချင်တော့တာပါ” ဟု ပြောလိုက်သည်။


“မင်းသား၊ စိတ်မပူပါနဲ့။ ကျွန်တော်သိရသလောက်တော့ ရှာဖွေရေးသင်္ဘောအတော်များများ အဲဒီမှာလုပ်နေကြတယ်။ မကြာခင် လည်ဆွဲကို ရရှိပါလိမ့်မယ်” ဟု မစ္စတာဆွန်က ပြောခဲ့သည်။


“မစ္စတာဆွန်၊ ကျွန်တော့်ကိုနှစ်သိမ့်မပေးပါနဲ့။ ပြန်ဆယ်ယူနိုင်ဖို့ မျှော်လင့်ချက်နည်းတယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု မင်းသားက ပြန်ပြောခဲ့သည်။


ခေါင်းဆောင်ကြီးက တကယ်ပင်စိတ်သက်သာရာရသွားခဲ့ပြီး သူကိုယ်တိုင်ရှေ့သို့ထွက်ပြီး ရှာဖွေရေးကုမ္ပဏီအား သေချာအလုပ်လုပ်ရန် ဆက်သွယ်ပေးမှာဖြစ်ပြီး လည်ဆွဲကို သေချာပေါက်ရှာနိုင်လိမ့်မယ်လို့ ကတိပေးခဲ့သည်။


ဟိုတယ်အပြင်ဘက်တွင် လျူယောင်ရောက်နေခဲ့သည်။ သူက ကားထဲ၌ထိုင်လျက် ဒီကြီးကျယ်ခမ်းနားသည့်အဆောက်အအုံကို ကြည့်နေခဲ့သည်။ ခဏကြည့်ပြီးနောက် သူ ကားပေါ်မှဆင်းလိုက်သည်။


လျူယောင်က ချန်းဟူအား စေလွှတ်မဲ့အစား သူကိုယ်တိုင်သွားရန် စီစဉ်ခဲ့သည်။ ဟိုတယ်ရဲ့လုံခြုံရေးမှာ အတော်လေးတင်းကျပ်တာကို မြင်နိုင်သည်။


လျူယောင် တံခါးဝရောက်တာနဲ့ မျက်လုံးအတော်များများက သူ့အား အာရုံစိုက်နေကြသည်။ အကယ်၍ ပုံမှန်ဆိုရင် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုအနေနဲ့ ဒီလိုမဟုတ်နိုင်ပေ။


လျူယောင်က သပ်သပ်ရပ်ရပ်ဝတ်စားထားတာကြောင့် သံသယဖြစ်ဖွယ်လူတစ်ယောက်နဲ့ မတူပေ။

ဒါ့ကြောင့် သူ့အားဘယ်သူမှ မတားဆီးခဲ့ကြပဲ ဟိုတယ်ရဲ့ ဧည့်ခန်းမထဲကို  ချောမွေ့စွာလျှောက်ဝင်သွားခဲ့သည်။


“တကယ်ကို ကြယ်ငါးပွင့်ဟိုတယ်ပါပဲ။ ဒီဟိုတယ်ကို A နိုင်ငံ ရဲ့မင်းသားအတွက် ဧည့်ခံဟိုတယ်အဖြစ် အသုံးပြုတာမဆန်းပါဘူး” ဟု သူက တွေးလိုက်သည်။


“မစ္စတာ၊ ခင်ဗျားမှတ်ပုံတင်ဖို့ လိုပါတယ်။ ခင်ဗျားဟိုတယ်မှာ တည်းခိုမယ်ဆိုရင် ဒီနေ့တော့ မဖွင့်ပါဘူး” ဟု လုံခြုံရေးအစောင့်တစ်ဦးက ပြောလိုက်သည်။


လျူယောင် က ဖြူဖျော့စွာပြုံးလိုက်ပြီး


“ကျွန်တော်ဒီနေ့တည်းဖို့လာတာမဟုတ်ပါဘူး။ A နိုင်ငံရဲ့မင်းသား ဒီဟိုတယ်မှာနေတယ်ကြားရလို့ သူ့ကိုရှာဖို့ အထူးတလည်လာခဲ့တာပါ” ဟု ပပြန်ဖြေလိုက်သည်။

“ဘာ!”


“ခင်ဗျားမင်းသားကို ရှာနေတာလား” ဟု အစောင့် က မေးလိုက်သည်။


တပ်စုမှူးရဲ့နိုးကြားမှုက ပိုမို ပြင်းထန်လာတာသာမက လုံခြုံရေးအစောင့်နှစ်ဦးကလည်း အဝေးမှ ရောက်ရှိလာကြပြီး ဘယ်၊ ညာ နှစ်ဖက်မှကနေ လျူယောင် အား ညှပ်ထားခဲ့သည်။



ဒီအမူအရာအား မြင်လိုက်ရတဲ့အခါ လျူယောင် မျက်နှာမဲ့ကာရယ်လိုက်သည်။ ဒီလူများက သူ့အား ပြဿနာရှာသူအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။


လျူယောင်က “ဒီလိုပါ မင်းသားက ပျောက်ဆုံးသွားတဲ့ သူ့ရဲ့လည်ဆွဲကို ဆယ်ယူနိုင်ရင် ဒေါ်လာသန်း ၂၀ ဆုကြေးပေးမယ်လို့ မကြေညာခဲ့ဘူးလား။ ကျွန်တော် အဲဒီလည်ဆွဲကို တွေ့ခဲ့တယ်” ဟု ရှင်းပြလိုက်သည်။

“ဘာ!”



တပ်စုမှူးအပါအဝင် ခန်းမထဲရှိလူတိုင်းက အချင်းချင်းမျက်လုံးအပြူးသားနှင့်ကြည့်လိုက်ကြပြီး သူတို့နားကြားမှားနေတာလားဟု အလေးအနက်သံသယဝင်သွားခဲ့သည်။


“တကယ်လား၊ ခင်ဗျားအဲဒီလည်ဆွဲကို တကယ်ရှာတွေ့ခဲ့တာလား” ဟု မေးလိုက်သည်။


လျူယောင် သူ့ရဲ့အိတ်ထဲမှ လည်ဆွဲကိုထုတ်လိုက်ပြီး သူတို့ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

“ဒါက အတုလုပ်လို့မရပါဘူး။ မြင်ပြီလား” ဟု ပြောလိုက်သည်။


သူတို့က  လည်ဆွဲကို မမြင်ဘူးခဲ့ကြပေ။ ဒါပေမဲ့ လျူယောင်ရဲ့လက်ထဲက လည်ဆွဲမှာ  အလွန်ဆင်တူနေတာကိုတော့  သူတို့ သိသည်။

“မစ္စတာ၊ ဒီဘက်ကပါ။ ခဏစောင့်ပါ” ဟု ပြောလိုက်သည်။


တပ်စုမှူးရဲ့သဘောထားက ချက်ချင်းပင် ၁၈၀ ဒီဂရီပြောင်းလဲသွားခဲ့သည်။ ခုနတုန်းက  ဒီလူဟာ  နိုးကြားပြီး လေးနက်တဲ့ အမူအရာရှိနေခဲ့ပေမဲ့ အခုတော့ ထိုအရာများအားလုံးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။


လျူယောင် သူ့စိတ်ထဲတွင် “ဒီလူက အရည်အချင်းရှိတဲ့လူပဲ။ ဒီလောက်မြန်မြန်မျက်နှာပြောင်းနိုင်တဲ့လူကို သူပထမဆုံးတွေ့ဖူးခြင်းပဲ။ သရုပ်ဆောင်တစ်ယောက်မဖြစ်တာ ဝမ်းနည်းစရာပဲ” ဟု တွေးလိုက်မိသည်။


တပ်စုမှူးက  လျူယောင့်အား ခန်းမရဲ့ဧည့်သည်စောင့်  ဆိုဖာပေါ်တွင်ထိုင်ရန် စိတ်အားထက်သန်စွာစီစဉ်ပေးပြီးနောက် လျူယောင့်ကိုစောင့်နေတဲ့  လုံခြုံရေးအစောင့်များအား ထွက်ခွာနိုင်ကြောင်း အချက်ပြရန်အတွက် သူရဲ့လက်ကိုတစ်ဖန်ဝှေ့ယမ်းလိုက်သည်။


သူက ရှေ့စားပွဲကို  အမြန်ပြေးသွားပြီး ဒီသတင်းကောင်းကို အကြောင်းကြားဖို အမြန်ထွက်သွားခဲ့သည်။


ဧည့်ခန်းမကြီးထဲတွင် ဟွာဟိုင်းမြို့ရဲ့ခေါင်းဆောင်များက မင်းသား A အား ဆက်လက်နှစ်သိမ့်ပေးနေခဲ့ကြသည်။


ဒါပေမဲ့ မင်းသားA ဟာ  စိတ်ဓာတ်ကျနေဆဲဖြစ်ပြီး တစ်စုံတစ်ဦးက လည်ဆွဲကိုရှာမတွေ့မချင်း ပြန်ကောင်းလာမှာ မဟုတ်ပေ။


ဝတ်ရုံနဲ့ခေါင်းပေါင်းဝတ်ဆင်ထားတဲ့  အမျိုးသားတစ်ဦးက ပျော်ရွှင်တဲ့ မျက်နှာနဲ့ ဝင်လာခဲ့ပြီး တံခါးခေါက်ရန်ပင် မေ့နေခဲ့သည်။


“မင်းသား၊ သတင်းကောင်းပါ။ တစ်စုံတစ်ယောက်က လည်ဆွဲကို တွေ့ရှိခဲ့ပြီ။ ဟိုတယ်ပထမထပ်ရဲ့ဧည့်ခန်းမထဲမှာရှိပါတယ်ခဗျ ” ဟု ပြောလိုက်သည်။

“ဘာ!”


မင်းသား ကြောင်သွားခဲ့သည်။


ဟွာဟိုင်းမြို့ရဲ့ခေါင်းဆောင်ကြီးများကလည်း အံ့အားသင့်သွားခဲ့ကြသည်။ တစ်စုံတစ်ယောက်က လည်ဆွဲကိုတွေ့ရှိခဲ့တာက တကယ့်ကို အံ့အားသင့်စရာဖြစ်သည်။

  " မြမ်မြန် သူ့ကို ငါ့ဆီခေါ်လာခဲ့ "ဟု


တုံ့ပြန်ပြီးနောက် မင်းသားA က လက်ကိုဝှေ့ယမ်းပြီးသူ့လက်အောက်ခံငယ်သားအား အချက်ပြလိုက်သည်။


မကြာမီ လျူယောင်အား တွေ့ဆုံရန်အတွက် တစ်စုံတစ်ဦးရောက်ရှိလာခဲ့ပြီးတစ်ဖက်လူမှာ  အလွန်ယဉ်ကျေးခဲ့ပြီး


“မင်္ဂလာပါဆရာ၊ ကျွန်တော့်ကိုလည်ဆွဲလေးပြလို့ရမလား” ဟု ပြောခဲ့သည်။


ဒီလူက အရှေ့အလယ်ပိုင်းသားအလယ်အလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး သူတို့ရဲ့ရိုးရာဝတ်ရုံများနှင့် ခေါင်းပေါင်းကို ဝတ်ဆင်ထားသည်။


လျူယောင်  လည်ဆွဲကိုထုတ်ပြလိုက်သည်။ အရှေ့အလယ်ပိုင်းသားက ဒီလည်ဆွဲနှင့် အလွန်ရင်းနှီးတာကြောင့်  ကြည့်လိုက်ယုံနဲ့ပင် သေချာသွားသည်။


သူရဲ့သဘောထားမှာ ပိုယဉ်ကျေးလာခဲ့ပြီး ဖိတ်ခေါ်တဲ့ ဟန်ပန်ပြုလုပ်ခဲ့ပြီး“ဆရာ၊ ကျွန်တော့်နောက်လိုက်ခဲ့ပါ” ဟု ပြောလိုက်သည်။


ထိုလူရဲ့ဦးဆောင်မှုနဲ့အတူ လျူယောင် ဓာတ်လှေကားထဲ ဝင်ရောက်သွားခဲ့ပြီး မနာလိုဖြစ်နေတဲ့ အကြည့်များကို အနောက်တွင်ထားခဲ့သည်။

“ဝိုးသူ အဲဒီလည်ဆွဲကို ရှာတွေ့ခဲ့တာ မယုံနိုင်စရာပဲ!” ဟု ပြောနေကြသည်။


“ဒေါ်လာသန်း ၂၀ ဆုကြေးကိုသာ ရမယ်ဆိုရင် ကျွန်တော်နှလုံးသားက သေချာပေါက်မခံနိုင် လွန်းလို့  အပျော်လွန်ပြီး မေ့လဲသွားလိမ့်မယ်” ဟု ပြောနေ့ကြသည်။


“သူက တကယ်ကိုကံကောင်းတဲ့လူပဲ။ ဒေါ်လာသန်း ၂၀ ရှိရင် ဘဝမှာ ဘာမှပူစရာမလိုတော့ဘူး” ဟု တစ်ယောက် ဝင်ပြောလိုက်သည်။


လျူယောင် သမ္မတဧည့်ခန်းမကို ဝင်ရောက်လာခဲ့ရာ  သူအနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ဧည့်ခန်းမကြီးထဲတွင် လူတော်တော်များများရှိနေကြသည်။ မင်းသားနဲ့သူရဲ့လက်အောက်ခံအချို့အပြင် အရှေ့တိုင်းသားအချို့လည်း ရှိနေကြသည်။


ထိုအရှေ့တိုင်းသားမျက်နှာများထဲမှ ဦးဆောင်နေတဲ့ အလယ်အလတ်ပိုင်းအရွယ်အမျိုးသားကို  ရင်းနှီးပုံရပြီး ယခင်က တစ်နေရာရာတွင် လျူယောင် မြင်ဖူးသလိုမျိုးဖြစ်နေသည်။


လူလတ်ပိုင်းအရွယ်အမျိုးသားက လျူယောင်အား အပြုံးနှင့်ကြည့်လိုက်ပြီး ဒီ အကြည့်များထဲတွင် လေးစားမှုရှိနေခဲ့သည်။


မင်းသားA က ပျော်ရွှင်တဲပုံပေါက်နေပြီး သိပ်မပီတဲ့ မန်ဒရင်စကားဖြင့်



“ကျွန်တော့်မိတ်ဆွေ ခင်ဗျားကျွန်တော့်အတွက် လည်ဆွဲကိုတကယ်ရှာပေးခဲ့တာပဲ” ဟု ပြောခဲ့သည်။


လျူယောင် က သူ့အားသိသည်။


ဒီလူက   A နိုင်ငံ မှမင်းသားဖြစ်ပြီး လည် ဆွဲရဲ့ပိုင်ရှင်ဖြစ်ကြောင်းကို သူ သိနေခဲ့သည်။


မေးခွန်းထုတ်မှုများနဲ့ရင်ဆိုင်ရတဲ့အခါ လျူ ယောင်က “ဟုတ်ပါတယ်၊ လည်ဆွဲကိုတွေ့ခဲ့ပြီ။ ဒါ ဟုတ် မဟုတ် ကြည့်လိုက်ပါဦး” ဟု ပြောလိုက်သည်။


ပြောပြီးနောက် သူက  လည်ဆွဲကို အိတ် ထဲမှထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။


ချက်ချင်းပင် အကြည့်များအားလုံးက လည်ဆွဲပေါ်ရောက်ရှိသွားခဲ့ပြီး မင်းသား A က ရှေ့ကိုခြေလှမ်းအနည်းငယ်တိုးလိုက်ကာ လည်ဆွဲကိုကောက်ယူပြီး စစ်ဆေးနေသည်။


မကြာမီ သူ့ရဲ့မျက်နှာပေါ်တွင် သိသိသာသာစိတ်လှုပ်ရှားတဲ့ ပုံပေါ်လာခဲ့သည်။