အခန်း 46 ငါတို့ရဲ့ ပရော်ဖက်ရှင်နယ်စွမ်းဆောင်ရည် ကို ယုံကြည်ပါ
“ရာပေါင်းများစွာ နက်တာက ဘာဖြစ်လဲ။
ပင်လယ်ရေအနက် ၁ ကီလိုမီတာနီးပါး ရှိနေရင်တောင် ဘာဖြစ်လဲ! “
ဟူဂျွန်းရှီက အကိုယောင် ပြောခဲ့ဖူးတဲ့ စကားကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ေရအနက်က ပြဿနာမရှိဘူး၊ ၂ ကီလိုမီတာရှိရင်တောင် ရတယ် " ဟု သူ့ကို ပြောခဲ့ဖူးသည်။
ဟူဂျွန်းရှီက တီယန်ဖန်ယွန်ရဲ့ စိတ်ပျက်အားငယ်နေတဲ့ မျက်နှာကို သတိပြုမိပြီး
"စိတ်မပူပါနဲ့၊ မီတာရာဂဏန်းဆိုတာ ကျွန်တော်တို့အတွက် ဘာမှမဟုတ်ပါဘူး" ဟု မပြောဘဲ မနေနိုင်တော့ပေ။
"တကယ်လား။"
တီယန်ဖန်ယွန်က ဟူဂျွန်းရှီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူမရဲ့ မျက်လုံးလှလှကြီးများ ပြူးကျယ်လာပြီး စိတ်ပျက်အားငယ်မှု့ တဖြည်းဖြည်း မှေးမှိန်သွားကာ မျှော်လင့်ချက်များ ပြည့်နက်သွားသည်။
ထိုအချိန် ရုံးခန်းတံခါး ပွင့်လာကာ
လျူယောင် ဝင်လာပြီး "ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ ဟူ ပြောတာ မှန်ပါတယ်။ မီတာ ရာနဲ့ချီတဲ့ အနက်က ကျွန်တော်တို့အတွက် ဘာမှ မဟုတ်ပါဘူး" ဟု သေချာစွာ ပြောလိုက်သည်။
လျူယောင် ကုမ္ပဏီကို ရောက်ရောက်ချင်း စီးပွားရေး ကိစ္စ ဆွေးနွေးနေတာ ကိုတွေ့လိုက်တော့ သူ ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
"ဒါ ဘယ်သူလဲ"
တီယန်ဖန်ယွန်က လျူယောင်ကို နားမလည်စွာ ကြည့်လိုက်သည်။
ဟူဂျွန်းရှီ အမြန်မိတ်ဆက်ပေးလိုက်သည်-
"ဒါက ကျွန်တော်တို့သူဌေး မစ္စတာ လျူယောင် ပါ "
တီယန်ဖန်ယွန်က လျူယောင်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး မျှော်လင့်ချက်ဖြင့်
"မစ္စတာ လျူ၊ ရှင် ဒီလောက် ယုံကြည်မှုရှိတာဆိုတော့ ဒီကိစ္စကို ရှင့်လက်ထဲ အပ်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
လျူယောင်က "ပြဿနာမရှိပါဘူး၊ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်ကို ယုံကြည်ပါ “ “ဆယ်ယူမယ့်နေရာ ဘယ်မှာလဲဆိုတာ ပြောပြလိုက်တာနဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါပြီ" ဟု ပြောလိုက်သည်။
တီယန်ဖန်ယွန်က အခြေအနေကို အသေးစိတ် ပြောပြခဲ့သည်။
"ကျွန်မ တို့ သိသလောက်တော့ M နိုင်ငံရဲ့ စံသတ်မှတ်ထားတဲ့ စုစုပေါင်း သေနတ်ဆယ်လက် ရှိတယ်။ ကျွန်မ တို့ မှာ သေနတ်တစ်လက်စီရဲ့ နံပါတ်စဉ်တောင် ရှိတယ်။ ဒါကို သံသယရှိသူ တွေကပင် လယ်ထဲ ပစ်ချခဲ့တာ၊ ကျွန်မ တို့ ချက်ချင်း မဆယ်ယူနိုင်ရင် အဲဒီသံသယရှိသူတွေ လွတ်သွားလိမ့်မယ်။"
လုံလောက်သော သက်သေအထောက် အထားမရှိဘဲ ရဲများ ဘာမှ လုပ်လို့ မရနိုင် ပေ။
အခြေအနေကို နားလည်ပြီးနောက် လျူယောင် က
"အခု အခြေအနေကို သိပြီ၊ တိကျတဲ့ ပင်လယ်ပြင်ဧရိယာအပါအဝင်၊ ပစ္စည်းတွေကို ပြန်ဆယ်ယူဖို့ ကျွန်တော်တို့ ဘက်က အပြည့်အဝ ယုံကြည်မှုရှိပါတယ်"
ဟု ပြောလိုက်သည်။
တီယန်ဖန်ယွန်က ပျော်ရွှင်တဲ့ မျက်နှာဖြင့်
"မစ္စတာ လျူ၊ ဒါဆို ကျွန်မ ရှင့် ရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်။ ဒီညနေမတိုင်ခင် ပစ္စည်းတွေကို ရအောင် လုပ်ပေးပါနော်။ ဆုကြေးငွေ ယွမ် ၅၀၀,၀၀၀ ပေးနိုင်ပါတယ် "
လျူယောင် က "ဟုတ်ပြီ၊ ညနေမတိုင်ခင် ခင်ဗျားတို့ ရဲစခန်းကို ပစ္စည်းတွေ ပို့ပေးပါ့မယ်" ဟု ပြောလိုက်သည်။
“အရှေ့ပိုင်းရဲစခန်း၊ ဟွာဟိုင်းမြို့ “
အစည်းအဝေးခန်းမထဲမှာ အစည်းအဝေး တစ်ခု ကျင်းပနေတယ်။ ဌာနခွဲရဲ့ ခေါင်း ဆောင်ကြီးတွေ၊ ဒုညွှန်ကြားရေး မှူးတွေ၊ အကြီးအကဲနဲ့ ဒုခေါင်းဆောင်တွေ အပါအ ဝင် အားလုံးရှိနေကြသည်။
အစည်းအဝေးမှာ အချိန်အတော် ကြာအောင် ကျင်းပနေပုံရသည်။
အစည်းအဝေးခန်းတွင် ဆေးလိပ် သောက်ခွင့်မရှိပေမဲ့ ယခုမူ ဆေးလိပ် ငွေ့များ ပြည့်နှက်နေပြီး လူတိုင်း ဖိအားများစွာ ခံစားနေကြရသည်။
မူလကသံသယရှိသူ အချို့ကို ဖမ်းဆီး ထားခဲ့ပြီး " သူတို့အနက် နှစ်ဦးမှာ M နိုင်ငံမှ ဖြစ်သည်။
သက်သေအထောက်အထား တစ်စုံတစ်ရာ ရှာမတွေ့သေးဘဲ စံသတ်မှတ်ထားတဲ့ သေနတ်ဆယ်လက်က မီတာ ရာပေါင်းများ စွာ နက်တဲ့ ပင်လယ်ကြမ်းပြင်တွင် ရှိနေဆဲဖြစ်သည်။ဒါပေမဲ့
"ခေါင်းဆောင်များ၊ ကျွန်တော် သက်ဆိုင်ရာ ကျွမ်းကျင်သူများကို တိတိကျကျ တိုင်ပင်ခဲ့ပါတယ် “
“အဲဒီနေရာရဲ့ အနက်က ၇၀၀ ကနေ ၈၀၀ မီတာကြား ရှိသင့်ပါတယ်။ ဒီလိုအနက်မှာ ရေငုပ်လို့မရပါဘူး။ ပရော်ဖက်ရှင်နယ် ဆယ်ယူရေးစက်ရုပ်တွေ လိုအပ်ပါတယ် "
အရှေ့ပိုင်းရဲစခန်းမှ ခေါင်းဆောင်က "ပရော်ဖက်ရှင်နယ် ဆယ်ယူရေးကုမ္ပဏီ တစ်ခုကို အမြန်ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ အတွက် အချိန်သိပ်မရဘူး" ဟု ပြောလိုက်သည်။
တစ်စုံတစ်ဦးက "ကျွန်တော် Global ကို လူလွှတ်လိုက်ပြီ။ သူတို့က ပင်လယ်နက် ထဲက ပစ္စည်းတွေကို ဆယ်ယူနိုင်တယ်လို့ ပြောတယ်" ဟု ပြန်ဖြေသည်။
ချက်ချင်းပင် တစ်စုံတစ်ဦးက "ဒီကုမ္ပဏီအကြောင်း ကျွန်တော်လည်း သိပါတယ်။ တစ်လတောင် မပြည့်သေး ဘူး။ ပင်လယ်နက်ထဲက ပစ္စည်းတွေ တစ်ခါမှ ဆယ်ယူဖူးတာ မရှိသေးဘူး။ စိတ်မချရဘူး ထင်ပါတယ်" ဟု ပြောလိုက်သည်။
နောက်တစ်ဦးက "ကျွန်တော်တို့ ဟွာဟိုင်း မှာ ပရော်ဖက်ရှင်နယ် ပင်လယ်နက် ဆယ်ယူရေး အရည်အချင်းပြည့်မီတဲ့ ဒန်ရိူင်းကုမ္ပဏီလည်း ရှိပါတယ်။
ခုဆို ပရော်ဖက်ရှင်နယ် ပင်လယ်နက် ဆယ်ယူရေးစက်ရုပ်ကို တင်သွင်းထားတာကြောင့် ကျွန်တော် သူတို့ကို ဆက်သွယ် ပြီးပါပြီ" ဟု ပြောခဲ့သည်။
“ဒမ်ရိူင်း မှာ တကယ်ပဲ တင်သွင်းထားတဲ့ ပင်လယ်နက် ဆယ်ယူရေး စက်ရုပ်တွေ ရှိတာကိုး “
"အရမ်းကောင်းတယ် "
လူအများအပြားရဲ့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး အရှေ့ပိုင်းရဲစခန်းရဲ့ စခန်းမှူးက
“ဒမ်ရှိင်းကုမ္ပဏီကို ချက်ချင်း အကြောင်း ကြားပြီး အဲဒီပင်လယ် ပြင်ဧရိယာကို ချက်ချင်း သွားပြီး ဆယ်ယူခိုင်းပါ" ဟုပင် ပြောလိုက်သည်။
ဒုတိယညွှန်ကြားရေးမှူးက
"ဒါပေမဲ့၊ ကျွန်တော် တီယန်ကို Global ကို လွှတ်ပြီးပါပြီ။ဒီအချိန်မှာဆယ်ယူရေး ကိစ္စ ဆွေးနွေးပြီးလောက်ပြီ" ဟု ပြောရန် ပါးစပ်ဖွင့်လိုက်သည်။
ခေါင်းဆောင်ကြီးက လက်ဝှေ့ယမ်းကာ
"Global က တည်ထောင်တာ အရမ်းတို တောင်းသေးတယ်၊ သူတို့ကို ရှုပ်ထွေး အောင် မလုပ်ခိုင်းပါနဲ့။ သူတို့ကို မပါဝင်ဖို့ ပြောလိုက်ပါ"
ဒုတိယညွှန်ကြားရေးမှူးက တစ်ခုခုပြောဖို့ ပါးစပ်ဖွင့်လိုက်ပေမဲ့ သူပြောမထွက်နိုင်ခဲ့ပေ။
ခေါင်းဆောင်ကြီးက အဆုံးအဖြတ် ပေးပြီးသားမို့ သူ က ဒုခေါင်းဆောင် တစ်ယောက်အနေနဲ့ အစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်တာ၊ ဆန့်ကျင်တာတွေ လုပ်လို့မရပေ။
"ဒါဆို ဒန်ရိူင်းကုမ္ပဏီကို ဆယ်ယူရေးမစ်ရှင် ထမ်းဆောင်ဖို့ လွှတ်လိုက်ပါ "
“ဒါပေမဲ့ မီတာ ခုနစ်၊ ရှစ်ရာ အနက်မှာ ဒမ်ရိူင်း ကတကယ် လုပ်နိုင်ပါ့မလား “
သံသယဝင်နေပြီး ကုမ္ပဏီနှစ်ခုလုံးကို ဆယ်ယူရေးမှာ ပူးပေါင်းပါဝင်ခိုင်းရင် ကောင်းမှာပဲလို့တောင် စဉ်းစားနေခဲ့ တယ်။ဒုတိယညွှန်ကြားရေးမှူးစိတ်ထဲမှာ တွေးနေရုံပဲရှိပြီး နောက်ဆုံးမှာတော့ ဘာမှ မပြောခဲ့ပေ။
အစည်းအဝေးအပြီးတွင် ဒုတိယ ညွှန်ကြားရေးမှူး ဂေါ့ဒါ့ကီက ရုံးခန်းကို ပြန်လာခဲ့သည်။ တီယန်ဖန်ယွန်အား လွှတ်ခဲ့ပြီးသူက ဒီအမှု့ရဲ့ တိကျတဲ့ တာဝန်ခံပုဂ္ဂိုလ်လည်း ဖြစ်သည်။
ထိုင်ချလိုက်တာနဲ့ စီးကရက်တစ်လိပ် မကုန်သေးဘူး တီယန်ဖန်ယွန် ပျော်ပျော်ရွှင်ရွှင် မျက်နှာနဲ့ ရောက်လာပြီး "ခေါင်းဆောင်၊ ကိစ္စပြီးပါပြီ ခင်ဗျားညွှန်ကြားတဲ့အတိုင်းပဲ၊ Global Ocean က ဒီတာဝန်ကို လက်ခံလိုက်ပြီ။ ချက်ချင်း ဆယ်ယူတော့မယ်"
ဂေါ့ဒါ့ကီသက သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။
တီယန်ဖန်ယွန်က "ဘာဖြစ်လဲ၊ ခေါင်းဆောင်၊ ပြဿနာရှိလား" ဟု မေးလိုက်သည်။
ဂေါ့ဒါ့ကီက အခုလေးတင် အစည်းအဝေး မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ခပ်တိုတိုပြောပြလိုက်သည်။
ချက်ချင်းပဲ တီယန်ဖန်ယွန်ရဲ့ မျက်နှာအမူအရာ ပြောင်းသွားပြီး "ဟုတ်ကဲ့၊ ကျွန်မ Global ကုမ္ပဏီနဲ့ စကားပြောပြီးပါပြီ။ ကျွန်မ..." လို့ အတင်းပြောလိုက်တယ်။
တီယန်ဖန်ယွန်က တကယ်ပင် အလျင်လိုနေခဲ့သည်။
ဂေါ့ဒါ့ကီက လက်ဝှေ့ယမ်းကာ စကားဖြတ်ပြောလိုက်သည်- "ထားလိုက်တော့၊ ဒမ်ရိူင်းကုမ္ပဏီက ပစ္စည်းတွေကို ဆယ်ယူနိုင်ပါစေလို့ မျှော်လင့်ပါတယ်။သက်သေအထောက်အထားလုံလောက်မှုမရှိရင် ၂၄ နာရီအကြာမှာ လူတွေကို လွှတ်ပေးရ လိမ့်မယ်။"
ခဏစဉ်းစားပြီးနောက် သူက
"Global ကို ဆယ်ယူတာ ရပ်ဖို့ အကြောင်း ကြားဖို့ မလိုပါဘူး။ ကုမ္ပဏီနှစ်ခုလုံး ဆယ်ယူလိမ့်မယ်။ ပို ပြီးရှာတွေ့ဖို့ မျှော်လင့်တယ်" ဟု ပြောလိုက်သည်။
ဟွာဟိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ခေတ်မီ ပရော်ဖက်ရှင်နယ် ဆယ်ယူရေးသင်္ဘောတစ်စီးက ပင်လယ်ပြင်ဧရိယာကို အပြည့်အဝ စွမ်းအားဖြင့် ခုတ်မောင်းသွားသည်။
အကွာအဝေးမှာ နည်းနည်းဝေးတာ
ေကြာင့်ရောက်ဖို့ နှစ်နာရီ၊ သုံးနာရီလောက် ကြာနိုင်တယ်။
သင်္ဘောဦးပိုင်းတွင် အမျိုးသား အများ အပြား ရပ်နေကြပြီး သူတို့အနက် တစ် ဦးမှာ ရွှေကြိုးထူ ထူကြီးကို ဝတ်ဆင် ထားကာ လက်မောင်းတွင် တက်တူးများ အပြည့်ထိုးထားပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ပုံပန်းသဏ္ဍာန်ရှိသည်။
လက်မောင်းတွင် တက်တူးထိုးထားတဲ့ ကျန်းရှုဖေးက ဒမ်ရိူင်း ကုမ္ပဏီရဲ့ တာ ဝန်ခံပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ဒီတစ်ကြိမ်တွင် သေနတ်သေတ္တာ ကို ဆယ်ယူရန် အဖွဲ့ကို ဦးဆောင်လာခဲ့သည်။
ဆယ်ယူရေးအတွက် ကုန်ကျစရိတ် ယွမ်၅၀၀,၀၀၀ က အခြေခံအားဖြင့် အမြတ်အစွန်းများစွာ မရှိပေ။
ဒမ်ရိူင်းကုမ္ပဏီက ဒီတာဝန်ကို လက်ခံခဲ့ခြင်းမှာ အဓိကအားဖြင့် ရဲများနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံလိုတာကြောင့် ဖြစ်သည်။