အခန်း 45 ရဲအရာရှိ နှစ်ဦး ကုမ္ပဏီကို ရောက်ရှိလာခြင်း
၁.၂ မီတာ အချင်းရှိတဲ့ ရွှေနန်းမူးသစ်ပြားကို ခွဲစိတ်နေကြပြီး လူအများအပြားက ဝိုင်းအုံနေကြသည်။
ထိုမြင်ကွင်းက ရှားပါးလှပြီး အချို့သူများအဖို့ ဒီလုပ်ငန်းတွင် ဆယ်နှစ်ကျော်ကြာမှသာ မြင်ဖူးခြင်းပင်ဖြစ်သည်။မြင်ကွင်းမှာ သက်ဝင်လှုပ်ရှားနေသည်။
"ဒီလို ရွှေနန်းမူးသစ်လုံးကြီး ရလို့ ငါတို့ ကံကောင်းလိုက်တာ "
"ဒီလို ကြီးမားတဲ့ ရွှေနန်းမူးသစ်ကို နောက်ဆုံးအကြိမ် မြင်ဖူးတာက ဆယ့်နှစ်နှစ်တောင် ရှိသွားပြီလို့ မှတ်မိတယ် "
လုပ်သားများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းအချို့မှာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး သူတို့မျက်နှာများတွင် စိတ်လှုပ်ရှားမှု့များကို မဖုံးကွယ်နိုင်ကြချေ။ ဒီလိုမြင်ကွင်းမျိုးက ဆယ်နှစ်ကျော်မှ တစ်ကြိမ် ကြုံရတာကြောင့်ဖြစ်သည်။
ဒီအချိန်မှာ ဝူချင်းဆောင် စိတ်ထဲ နည်းနည်းလေး စိုးရိမ်နေသည်။
"ဒါက ရွှေနန်းမွှေးသစ် ဒေါ်လာသန်းရာနဲ့ချီတန်တဲ့ ရွှေနန်းမွှေးသစ်ပဲ !သစ်ခွဲပြီးတဲ့အခါ အတွင်းပိုင်းက ဘယ်လိုပုံစံဖြစ်နေမလဲအပေါက်တွေ၊ ပုပ်ဆွေးတာတွေလိုမျိုး ချို့ယွင်းချက်တွေ ရှိနေမလား "
ဒီလို စိတ်ထဲက တွေးမိတော့ သူ တဖြည်းဖြည်း ဖိအားတွေ အများကြီး ခံစားလာရပြီး "ဘုရားသခင် ကူညီပါ၊ ဒီလိုအခြေအနေမျိုး မဖြစ်ပါစေနဲ့" လို့ ဆုတောင်းလိုက်မိသည်။
ကြီးကြပ်ရေးမှူးတစ်ဦး ရောက်လာပြီး "အကုန်အသင့်ပါပဲ၊ မစ္စတာဝူ အခုပဲ သစ်ခွဲရမလား" ဟု မေးမြန်းလိုက်သည်။
ဝူချင်းဆောင်က ကြီးမားတဲ့ လွှပေါ်တွင် တပ်ဆင်ထားတဲ့ ရွှေနန်းမွှေးသစ်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ လက်ဝှေ့ယမ်းပြီးအလုပ်စလုပ်တော့သည်။
ရုတ်တရက် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
စိတ်လှုပ်ရှားစွာနဲ့ ဆွေးနွေးနေသောသူများ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကာ လွှအလုပ်လုပ်ပုံကို စူးစိုက်ကြည့်နေကြပြီး ထူထဲတဲ့ ရွှေနန်းမွှေးသစ်ကို စတင်ခွဲစိတ်တော့သည်။
ပထမဆုံး ဘေးမှစတင်ဖြတ်တောက်သည်။ ဒီသစ်ခွဲစက်ရဲ့ အရှိန်က အလွန်မြန်တာကြောင့် မိနစ်အနည်းငယ်သာ ကြာပြီး ပထမအကြိမ် ဖြတ်တောက်မှု့ ပြီးဆုံးခဲ့သည်။
ဖြတ်ထားတဲ့ နေရာကနေ ဘာမှ မူမမှန်တာမရှိဘဲ အတွင်းဘက်တွင် ရွှေနန်းမွှေးသစ်ရဲ့ ထူးခြားတဲ့ ရွှေရောင်အစင်းလေးတွေ ရှိနေသည်။
"ဆက်ပြီး သစ်ပြားကို ခွဲစိတ်ပါ "
ဝူချင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း သစ်ပြားများ ခွဲစိတ်ခြင်းကို ဆက်လက်လုပ်ဆောင်ရာ မိနစ်အနည်းငယ်ကြာပြီးနောက် ဒုတိယအကြိမ် ဖြတ်တောက်မှု ပြီးစီးခဲ့ပြီး ပထမဆုံးသစ်ပြားကို ကရိန်းဖြင့် ချီကာ ဘေးမှ ကွန်ကရစ်နေရာတွင် ထားရှိခဲ့သည်။လူအများအပြား ဝိုင်းအုံသွားကြသည်။
"အား... အရမ်းလှလိုက်တာ!"
"ဒီရွှေကြိုးတွေကိုကြည့်ပါဦး၊ စိတ်လှုပ်ရှားစရာပဲ "
ဝူချင်းဆောင်လည်း ပထမဆုံး သစ်ပြားကို သွားကြည့်ရာ လုံးဝပြည့်စုံနေပြီး ချို့ယွင်းချက် တစ်စုံတစ်ရာမရှိဘဲ အပေါက်ဖောက်ခြင်း ဒါမှမဟုတ် ပုပ်ဆွေးခြင်းမျိုးမရှိတဲ့အတွက် စိတ်သက်သာရာရသွားသည်။
"ဆက်လက်ပြီး သစ်ပြားများကို ခွဲစိတ်ပါ" ဝူချင်းဆောင်က ထပ်မံ အမိန့်ပေးလိုက်သည်။
တစ်နာရီခန့်အကြာတွင် အရှည်ခုနစ်-ရှစ်မီတာနှင့် အချင်း ၁.၂ မီတာခန့်ရှိပြီး ကြီးမားတဲ့ ရွှေနန်းမွှေးသစ်ကို သစ်ပြားများအဖြစ် ခွဲစိတ်မူ့ပြီးစီးခဲ့သည်။
သစ်ပြားတိုင်းမှာ အလွန်ပြည့်စုံပြီး မျက်နှာပြင်တွင် ရွှေရောင်အမျှင်များစွာ ပါရှိကာ အကြီးဆုံးသစ်ပြားရဲ့ အနံက ၁.၂ မီတာကျော်ရှိသည်။
ဝူချင်းဆောင် အနည်းငယ် စိတ်လှုပ်ရှားကာ ဖုန်းကို ယူပြီး ကျောက်ကျန်းဗြောင်ထံ ချက်ချင်း အကြောင်းကြားလိုက်သည်။
ကျိုးယန်နဲ့ဟူဂျွန်းရှီတို့မှာ ကုမ္ပဏီအကောင့်ထဲကို သန်း ၅၉၀ ဝင်လာတာကိုမြင်ပြီး အရမ်းပျော်နေကြသည်။ ကုမ္ပဏီမှာ ပိုက်ဆံရှိရင် အလုပ်တွေ အများကြီး လုပ်လို့ရတာကြောင့်ဖြစ်သည်။
ကုမ္ပဏီတွင် ထိုင်ပြီးနောက်မနက် ၉ နာရီခွဲခန့်တွင် လျူယောင် ကိုယ်တိုင်ကားမောင်း ထွက်ခွာသွားသည်။ လီချန်လဲ့နှင့်အတူ ဈေးဝယ်ထွက်ရန်နှင့် ရုပ်ရှင်ကြည့်ရန် ချိန်းဆိုထားပြီးဖြစ်သည်။
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ကောင်းနေဆဲပဲ။ ဈေးဝယ်ထွက်ရင်း လက်ချင်းတွဲထားတော့ လီချန်လဲ့ရဲ့မျက်နှာမှာ ချိုမြိန်တဲ့အပြုံးလေးတွေ ပေါ်နေခဲ့သည်။
ကုမ္ပဏီရဲ့ ကိစ္စတွေကို ကျိုးယန်နဲ့ဟူဂျွန်းရှီတို့ ကိုလွဲခဲ့တာမို့ တစ်နေကုန် လီချန်လဲ့နဲ့ အချိန်ကုန်လိုက်သည်။နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြုကာ စတင်မေတ္တာမျှတဲ့ ကာလကို တဖြည်းဖြည်း ရောက်ရှိလာကြသည်။
ယနေ့တွင် Global ကို တူညီတဲ့ ဧည့်သည်နှစ်ဦး ရောက်ရှိလာခဲ့သည်။
ရဲအရာရှိနှစ်ဦးမှာ ဓာတ်လှေကားမှ ထွက်လာပြီး ကုမ္ပဏီရဲ့ ဧည့်ခံစားပွဲကို တိုက်ရိုက်သွားကြသည်။
ကုမ္ပဏီက တည်ထောင်ခဲ့ပြီး ဖွဲ့စည်းပုံမှာ တဖြည်းဖြည်း တိုးတက်လာကာ ဝန်ထမ်းဒါဇင်ပေါင်းများစွာရှိပြီး ဧည့်ခံစားပွဲတွင် အမျိုးသမီးလှလှလေးနှစ်ဦးရှိသည်။
ရဲအရာရှိနှစ်ဦး ရောက်လာသည်ကို မြင်တဲ့အခါ ဧည့်ခံသူနှစ်ဦးမှာ အနည်းငယ် စိတ်လှုပ်ရှားနေပေမဲ့ သူတို့ရဲ့ မျက်နှာများတွင် ပရော်ဖက်ရှင်နယ် အပြုံးများကို ထိန်းသိမ်းထားပြီး ပိုမို စိတ်အားထက်သန်ပုံရသည်။
ဧည့်ခံစားပွဲမှ တစ်ဦးက "မင်္ဂလာပါ၊ အရာရှိနှစ်ဦးရှင့် ဘာကိစ္စရှိလို့ပါလဲ "" ဟု မေးလိုက်သည်။
ရဲအရာရှိနှစ်ဦးမှာ အလွန်ငယ်ရွယ်ကြပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထင်ရှားစွာပင် အမျိုးသမီးမှာ ခေါင်းဆောင်ဖြစ်ပုံရပြီး သူမရဲ့ ရာထူးမှာလည်း မနိမ့်ချေ။
အမျိုးသမီးရဲအရာရှိမှာ"ခင်ဗျားတို့ ကုမ္ပဏီက ပင်လယ်နက်ထဲက ပစ္စည်းတွေ ဆယ်ယူနိုင်တယ် ကြားလို့ လာပြီး အတည်ပြုတာပါ" ဟု မေးလိုက်သည်။
ဧည့်ခံသူက "ကျွန်မတို့က ဒီလုပ်ငန်းကို တကယ်ပဲ လုပ်နိုင်ပါတယ်" လို့ ပြန်ဖြေလိုက်သည်။
အမျိုးသမီး ရဲအရာရှိက "ကောင်းပြီ၊ ဒါဆို ခင်ဗျားတို့ ကုမ္ပဏီရဲ့ တာဝန်ခံကို တွေ့ချင်တယ်" ဟု ပြောလိုက်သည်။
ဧည့်ကြိုမှာ မူလက
"ချိန်းထားတာ ရှိပါသလား" ဟု မေးမြန်းချင်ပေမဲ့ စကားများကို မြိုချလိုက်ပြီး "မစ္စတာ ဟူကို ညွှန်ကြားချက် တောင်းခံပါရစေ" လို့ ပြောလိုက်သည်။
ကျိုးယန်ကလည်း အပြင်ကို ထွက်သွားပြီးဖြစ်သည်။ ရောင်းဖို့ အသင့်ရှိနေတဲ့ ဒုတိယကုန်သေတ္တာတင်သင်္ဘောတစ်စီးကို သူ သွားရောက်ကြည့်ရှုခဲ့သည်။
ဒီကိစ္စကို လျူယောင်ကိုလည်း အစီရင်ခံထားပြီးဖြစ်သည်။
တန်ချိန် တစ်သိန်း ရှိတဲ့ ပင်လယ်ကူး ကုန်သေတ္တာတင်သင်္ဘောရဲ့ ဈေးနှုန်းမှာ မှန်ကန်ပါက ဝယ်ယူရန် လျူယောင်က လုံးဝ သဘောတူညီခဲ့သည်။
ဟူဂျွန်းရှီကတော့ အိမ်မှာရှိနေပြီး ဧည့်ခံစားပွဲမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် သူ ချက်ချင်း တွေ့ဆုံရန်သဘောတူလိုက်သည်။
မကြာမီ ရဲအရာရှိနှစ်ဦး ရောက်ရှိလာခဲ့သည်။
ဟူဂျွန်းရှီရဲ့ အလွန်ငယ်ရွယ်နေတာကို မြင်တဲ့အခါ အမျိုးသမီးရဲအရာရှိမှာ အနည်းငယ် စိတ်ပျက်သွားပြီး စိတ်ထဲတွင် ပင်လယ်နက်ထဲမှ ပစ္စည်းများ ဆယ်ယူခြင်းနဲ့ပတ်သက်ပြီးလုပ်နိုင်မလားလို့ သံသယများ ဖြစ်ပေါ်လာခဲ့သည်။
တီယန်ဖန်ယွန်မှာ မူလက မျှော်လင့်ချက်ဖြင့် ရောက်ရှိလာခဲ့ပေမဲ့ ရုတ်တရက် စိတ်ပျက်သွားခဲ့သည်။
"ဒီကုမ္ပဏီရဲ့ တာဝန်ခံက အရမ်းငယ်တယ်၊ ကုမ္ပဏီရဲ့ အတိုင်းအတာကလည်း သိပ်မကြီးဘူးထင်တယ်။ လူဆယ်ဂဏန်းလောက်ပဲ ရှိပုံရပြီး မီတာ ရာနဲ့ချီ နက်တဲ့ အရာတွေကို ဆယ်ယူနိုင်ပါ့မလား "သူမ သံသယ ဖြစ်မိလိုက်သည်။
ဟူဂျွန်းရှီ က အလွန်စိတ်အားထက်သန်နေသည်။
ဒါက ကုမ္ပဏီတည်ထောင်ပြီးချိန်မှစပြီး ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ စီးပွားရေးလုပ်ငန်းဖြစ်သည်။
ဒီလိုပါ ကျွန်မတို့ "" မသမာတဲ့အဖွဲ့အစည်း တစ်ခုကို ဖမ်းမိထားပြီး မိတဲ့အချိန်မှာ သူတို့က အရေးကြီးပစ္စည်းတွေ ကို လှေပေါ်က ပစ်ချ လိုက်တာကြောင့် အရောင်းအဝယ်အထောက်အထားတွေက ပျောက်ဆုံးနေတာကို ရှာချင်လို့ပါ " လို့ ရှင်းပြလိုက်သည်။
ထိုသက်သေများကို ရှာမတွေ့ရင် ရဲများက မသမာသူများကို မမှောင်ခင်တွင် ပြန်လွှတ်ပေးရမည်ဖြစ်သည်။
ဟူဂျွန်းရှီက ဘာဖြစ်နေလဲဆိုတာ နားလည်သွားသည်။
သူ ခေါင်းညိတ်ပြပြီး ပေါ့ပါးတဲ့မျက်နှာဖြင့်
"သေးသေးလေးပါ၊နေရာသာ အတိအကျ ပြောပြပေး၊ ညနေမတိုင်ခင် အရာဝတ္ထုတွေကို သေချာပေါက် ဆယ်ယူပါ့မယ်" ဟု ခိုင်မာစွာ သဘောတူလိုက်သည်။
တီယန်ဖန်ယွန်က "အဲဒီနေရာရဲ့ အနက်က အနည်းဆုံး မီတာ ရာနဲ့ချီရှိပြီး မီတာ တစ်ထောင်နီးပါးလောက် နက်တယ် ရှင်တကယ်ပဲ သေချာလား" လို့ သတိပေးလိုက်သည်။
သူမ အလွန်သံသယဖြစ်နေခဲ့သည်။မမှောင်ခင်ပစ္စည်းကို အရေးတကြီး ရှာဖွေရန်သာ မလိုအပ်ပါက ဒီ ရှာဖွေရေး ကုမ္ပဏီကို သူမ လုံးဝရောက်လာခဲ့မှာ မဟုတ်ပေ။
ကုမ္ပဏီရဲ့ တာဝန်ခံက အလွန်ငယ်ရွယ်ပြီး ပေါ့ပေါ့ပါးပါး သဘောတူခဲ့တာကြောင့် တီယန်ဖန်ယွန် ရဲ့ စိတ်ထဲတွင် မယုံကြည်စွာဖြင့်
" ဒီလို နက်နက်ရိူင်းရိူင်း ဆယ်ယူနိုင်တဲ့ ကုမ္ပဏီတွေ က သိပ်မများဘူး။ ဒီကုမ္ပဏီကရော လုပ်နိုင်ပါ့မလား "လို့ သူမ တွေးလိုက်မိသည်။