Ch 28
Viewers 5k

အခန်း (28) မနာလို ကြသူများ

လျူလန်မှာလည်း လက်ပိုက်ကြည့်မနေဘဲ လူတိုင်းအတွက် လက်ဖက်ရည်ကို စိတ်အားထက်သန်စွာ ဖျော်ပေးခဲ့သည်။


အချိန်အတော်ကြာတဲ့အထိ လျူဟုန်ဖူ ထွက်မလာခဲ့ပေ။အဘယ်အကြောင်းကြောင့်နည်း။

ကျိုးရှုယင်းက လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်- “ရှောင်ယောင်၊ မင်းအဖေ ဘာဖြစ်နေလဲ သွားကြည့်လိုက်ဦး ”


“ဟုတ်ကဲ့။” လျူယောင် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အခန်းထဲသို့ ဝင်ကာ အော်ပြောလိုက်သည်- “အဖေ၊ ဆေးလိပ်နဲ့ သကြားလုံးတွေ ထုတ်လာခိုင်းတာ !ဘာလို့ ထုတ်မလာသေးတာလဲ၊ သူတို့ အပြင်မှာ စောင့်နေကြတယ်။”


လျူဟုန်ဖူ ကြောင်အမ်းနေပြီး ခက်ခဲစွာ ပြောလိုက်သည်- “ဘာလို့ အားလုံးက ကျုံးဟွာဆေးလိပ်တွေ ဖြစ်နေတာလဲ၊ ဒီလောက်ကောင်းတဲ့ ဆေးလိပ်တွေကို ဘာလို့ လူတိုင်းကို ဝေပေးရမှာလဲ ”


ဒေါင်းမင်းရွာတွင် ထို ဆေးလိပ်မျိုး မရှိပုံရပြီး ပျော်ရွှင်စရာ ကိစ္စများတွင် လူတိုင်းကို ဆေးလိပ်ဝေရန် ဆယ်ယွမ်ခန့်သာ ကုန်ကျပေသည်။


လျူယောင် က ပြုံးလိုက်ပြီး “ သားမှာ အများကြီးရှိပါသေးတယ်  နည်းနည်းထုတ်လိုက်တာဘာမှမဖြစ်ပါဘူး”


စုစုပေါင်း ဆယ်ဒါဇင်ခန့် ယူပြီးနောက် လျူယောင်က  နှစ်ထုပ် သုံးထုပ်ကို ဖိအားမရှိဘဘဲ ယူလိုက်ကာ “အဖေ၊ သကြားလုံးတွေလည်း ထုတ်လာခဲ့ဦး ”


လျူယောင် ထွက်လာပြီးနောက် လူတိုင်းကို ဆေးလိပ်များ ဝေပေးလိုက်၏။ အရွယ်ရောက်ပြီးသူများ ဖြစ်ပါက ကျားမ မခွဲခြားဘဲ ကျုံးဟွာဆေးလိပ် တစ်ထုပ်စီ ရရှိကြသည်။


လူအများအပြား အံ့အားသင့်သွားကြလေ၏။


ဒေါင်းမင်းရွာတွင် ကျုံးဟွာဆေးလိပ် အထုပ်လိုက် ဝေခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး လူတိုင်းရဲ့ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

"အလွန် အံ့သြစရာကောင်းလိုက်တာ"


လူတစ်ဦးလျှင် ဆေးလိပ်တစ်ထုပ်စီ ရပြီး ကျန်တဲ့ အထုပ်များကို စားပွဲပေါ်တင်ထားကာ လူတိုင်း သောက်သုံးနိုင်ရန် ဖြစ်သည်။

စားပွဲပေါ်တွင် သကြားလုံးများစွာလည်း ရှိပြီး ကလေးများက သကြားလုံးများကို ပျော်ရွှင်စွာ စားသောက်ကြ၏။

အိမ်ရှေ့တွင် လှုပ်ရှားမှုများစွာ ရှိနေသည်။

"လျူယောင်က အပြင်မှာ တကယ်ပင် ချမ်းသာလာပုံရတယ် "


"ဟုတ်မယ် ထင်တယ် " ကျုံးဟွာ အနည်းငယ်ကို မျက်တောင်မခတ်ဘဲ ဒီလို ဝေပေးနေတာ "  ရွာသားများက တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

လူတိုင်း  စကားပြောဆိုကြပြီး ပျော်ရွှင်နေကြသည်။ အခြားသူများက ကားကို အကြိမ်ကြိမ် ကြည့်ရှုကြပြီး မနာလိုစိတ်များ ပြည့်နှက်နေသည်။


မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုးရှုယင်းက အရသာရှိတဲ့ အစားအစာများဖြင့် စားပွဲတစ်လုံးကို ပြင်ဆင်ပြီး အိမ်မကြီးရဲ့ အလယ်ရှိ ခုနှစ်မင်စားပွဲပေါ်တွင် ထားလိုက်သည်။ကျန်သူများမှာ တဖြည်းဖြည်း ပြန်သွားကြလေသည်။


လျူဟုန်ဖူသည် ပျော်ရွှင်ကာ စိတ်အားထက်သန်စွာဖြင့် သက်ကြီးရွယ်အိုများနှင့် ဆွေမျိုးရင်းချာအချို့ကို ညစာ စားရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

“.ဒုတိယဦးလေး၊ အခန်းထဲမှာ ထိုင်ပြီး စားပြီး မှ  ပြန်ပါ ”


ဒုတိယဦးလေးက - “မလိုဘူး၊ ငါ ပြန်သွားပြီး စားမယ်၊ အခန်းထဲက အစားအစာတွေလည်း မကြာခင် ရတော့မယ်။”


လျူယောင်သည် မောက်ထိုင်နှစ်ပုလင်းကို ယူလာပြီး စားပွဲပေါ် တင်လိုက်ကာ ဒုတိယဦးလေး ကိုအသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်- “ဦးလေးကြီး၊ မောက်ထိုင်ယူလာတယ်၊ လာပြီး တစ်ခွက်လောက် မြည်းကြည့်ပါ။”

"မောက်ထိုင်လား "


ဒုတိယဦးလေးမှာ ကြားဖူးပေမဲ့ တစ်ခါမှမသောက်ဖူးသေးသဖြင့် ချက်ချင်း စိတ်ဝင်စားသွားသည်။

“ဒီနေ့တော့ သောက်စရာ ရပြီ၊ ထိုင်ပြီး နှစ်ခွက် သောက်လိုက်ဦးမယ် ”


လျူဟုန်ဖူရဲ့ ဖိတ်ခေါ်ချက်အရ ဒုတိယဦးလေး အပါအဝင် လူတိုင်း ထိုင်လိုက်ကြပြီး လျူယောင်လည်း မောက်ထိုင်ပုလင်းကို ဖွင့်လိုက်၏။


ဝိုင်နံ့သင်းပျံ့လာပြီး လျူဟုန်ဖူရဲ့ ဝမ်းကွဲနှစ်ဦး၊ ဒုတိယဦးလေးတို့မှာ နည်းနည်း စိတ်လှုပ်ရှားနေကြသည်။ဒါက  ဒဏ္ဍာရီလာ မောက်ထိုင်ဝိုင် ဖြစ်သည်။ကျေးလက်ဒေသခံများ ဖြစ်တာကြောင် ထိုမျှ မြင့်မားတဲ့ ဝိုင်ကို တစ်ခါမှ မသောက်ဖူးကြပေ။


လျူဟုန်ဖူ ပုလင်းကို ကောက်ကိုင်ပြီး ဝိုင်ထည့်ပြီးတာနဲ့  လျူကျန်းဖိန် အိမ်ဘေးမှ လျှောက်သွားတာကို တွေ့လိုက်သည်။



မကြာသေးမီက လျူကျန်ဖိန်မှာ စက်ဘီးဖြင့် မြို့ကို သွားခဲ့ပြီး လမ်းဖောက်လုပ်ရေးရရှိရန် ကြိုးစားခဲ့ပေမဲ့ စိတ်ပျက်အားငယ်စွာ ပြန်လာခဲ့ရသည်။


“ကျန်းဖိန်၊ လာပြီး တစ်ခွက် နှစ်ခွက် သောက်ပါဦး။ ငါတို့ လျူယောင် ပြန်ရောက်နေပြီ ”


လျူကျန်းဖိန်က  လျူယောင်ချမ်းသာလာတာကို သိပြီးဖြစ်သင့်သဖြင့် သူ ရပ်တန့်ကာ နည်းနည်း တွေဝေသွားသည်။


  "လာပါ ကျိန်းဖိန်ရ အားနာမနေနဲ့ "


လျူဟုန်ဖူ အမှန်ပင် ယဉ်ကျေးပြီး လျူကျန်းဖိန်ကို ထိုင်ရန် စိတ်အားထက်သန်စွာ ဆွဲခေါ်ခဲ့တာကြောင့် ။ ကြင်နာမှု့ ရရှိရန် ခက်ခဲသဖြင့် ထိုင်လိုက်ရတော့၏။


စားပွဲပေါ်ရှိ မောက်ထိုင်နဲ့ကျုံးဟွာကို တွေ့လိုက်ရတာနဲ့ လျူကျန်းဖိန်ရဲ့ မျက်လုံးများ တောက်ပလာပြီး “လျူယောင်၊ မင်း အပြင်မှာ တကယ်ပဲ ချမ်းသာလာပုံရတယ်။”


လျူယောင် နှိမ့်ချစွာ ပြောလိုက်သည်- “မဟုတ်ပါဘူး၊ ကံကောင်းလို့ နည်းနည်းလေး ငွေရခဲ့တာပါ။”

“လာ၊ လာ၊ သောက်ပြီး စားကြ။”

လျူဟုန်ဖူ သူ့ရဲ့ ဖန်ခွက်ကို မြှောက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

စားပွဲအပြည့် လူများ စားသောက်ကြတော့သည်။ ဟင်းပွဲများ ကြွယ်ဝပြီး မောက်ထိုင်နှင့် ကျုံးဟွာလည်း ရှိတာကြောင့် ပတ်ဝန်းကျင်မှာ အလွန် နွေးထွေးနေ၏။


တကယ်တော့ လျူကျန်းဖိန်ရဲ့ မျက်ခုံးများတွင် ဝမ်းနည်းမှု အစအနတစ်ခု ရှိနေတာကို မည်သူမျှ သတိမပြုမိကြပေ။ သူက စကားအတော်လေး နည်းပြီး ဝိုင်များစွာ သောက်ခဲ့သည်။

စားသောက်ပြီးနောက် သူ အလွန် ပျော်ရွှင်နေပေမဲ့ လျူကျန်းဖိန်မှာ သိသိသာသာ မူးနေပြီး ရမ်းသမ်းစွာ စတင်ပြောဆိုတော့သည်။


“ငါတို့ ရွာမှာ လမ်းတွေ ဆောက်ဖို့ လိုတယ်။ မြို့က ခေါင်းဆောင်တွေက ငွေမရှိဘူး ပြောတယ်။ မပေးရင်လည်း ကိစ္စမရှိဘူး။ ငါသေချာပေါက် နည်းလမ်းရှာမယ်။ နည်းလမ်းတစ်ခုတော့ ရှိကိုရှိရမယ် ”


လျူဟုန်ဖူက ပြောလိုက်သည်- “ကျန်းဖိန်၊ မင်း မူးနေပြီ၊ ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်”

“ငါ မမူးဘူး၊ ကိုယ့်ဘာသာ ပြန်နိုင်တယ်။” ပြောပြီးတာနဲ့ သူ ယိုင်ထိုးယိုင်ထိုးဖြင့် ထွက်သွားတော့သည်။


သူ့အိမ်က မဝေးဘဲ သုံးလေးမိနစ်အတွင်း ရောက်နိုင်သည်။ ဘေးကင်းစေရန်အတွက် လျူဟုန်ဖူ သူ့ကို အိမ် ပြန်လိုက်ပို့ပေးလိုက်သည်။

စားပြီးနောက် အပြင်လူများ မရှိတော့ဘဲ မိသားစုသာ ရှိတော့သည်။ ကျိုးရှုယင်းက - “ရှောင်ယောင်၊ ချစ်သူရည်းစား ရပြီလား ”


သူမက လျူယောင် ဟွာဟိုင်းမြို့တွင် ဘယ်လိုနေထိုင်တာကို ဂရုမစိုက်ဘဲ ချစ်သူရည်းစား ရှိမရှိကို အလေးထားဆုံး ဖြစ်သည်။

လျူယောင်က အမှန်အတိုင်း ပြောလိုက်သည်- 

“မရသေးပါဘူး၊ စိတ်မပူပါနဲ့။”အမေ ။

ကျိုးရှုယင်းက “ဘာလို့ အလျင်မလိုရမှာလဲ၊ မင်း အလျင်လိုရမှာပေါ့။ ငါတို့ရွာမှာ မင်းအသက်အရွယ်နဲ့တူတဲ့ လူအတော်များများ ကလေးတွေ ရှိနေပြီ။”

“အမေ၊ ဒီကိစ္စကို စိတ်မပူပါနဲ့၊ ကျွန်တော် ကောင်းကောင်း သိပါတယ် ”

ကျိုးရှုယင်း ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

ရွာထိပ်က ထင်းရှူးပင်ကြီးအောက်မှာ

လူအတော်များများ ဒီနေရာမှာ အေးအေးဆေးဆေး အနားယူကြတယ်။ ယောက်ျားတွေ၊ မိန်းမတွေ၊ အဘိုးအဘွားတွေ၊ ကလေးတွေ အစုံပါပဲ။

လူအတော်များများ ဆေးလိပ်သောက်နေကြပြီး ချွင်းချက်မရှိ အားလုံး ကျုံးဟွာ ဆေးလိပ်တွေ သောက်နေကြတယ်။

“လျူယောင်ကို တကယ်ပဲ မနာလိုတယ်၊ အပြင်မှာ ချမ်းသာလာတာ။”

“ဒီလို ကောင်းတဲ့ ကားမျိုး မောင်းပြီး မောက်ထိုင်နဲ့ ကျုံးဟွာတွေ သုံးတယ်ဆိုတော့ အနည်းဆုံး သန်းပေါင်းများစွာ ရှိမှာပဲ ”


“အဲ့ထက်ပိုတာကို ငါမြင်တယ်၊ အနည်းဆုံး သန်းဆယ်ဂဏန်း၊ ၂၀-၃၀ သန်းလောက် ဖြစ်နိုင်တယ်။”

" ဒီလောက်များတဲ့ ငွေ "

လူအတော်များများ တိတ်တဆိတ် စကားမပြောနိုင်ဖြစ်သွားကြပြီး သိသိသာသာ မနာလိုစိတ်များ ပေါ်လွင်နေသည်။

“လျူယောင်ချစ်သူရည်းစား မရှိသေးဘူးလို့ ကြားတယ်။ ဘယ်သူ့မှာ သမီးလေးရှိလဲ အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်။”

လူအတော်များများ ရယ်မောလိုက်ကြသည်။


လျူယောင်ရဲ့ ဇာတ်လမ်းမှာ ဒေါင်းမင်းရွာတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မနာလိုစိတ်အပြင် အချို့လူများက ကျိုးရှုယင်းနှင့် စကားပြောပြီး လျူယောင်ကို မိန်းကလေး တွေနဲ့ မိတ်ဆက်ပေးသင့်သလားဟု တွေးတောမိကြသည်။

…………

မိသားစု မနက်စာ စားပြီးတာနဲ့ လျူဟုန်ဖူ အပြင်ထွက်ရန် အသင့်ဖြစ်နေသည်။ သူ ယခင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာက အလုပ်ထွက်ခဲ့ကာ သူ့ရဲ့ လုပ်ခ ယွမ် ၂,၀၀၀ ကျော်ကို မရှင်းရသေးပေ။


လျူယောင် မူလက မေ့ပစ်ရန် ပြောချင်ခဲ့သည်၊ ယွမ် ၂,၀၀၀ ကျော်ကို မလိုချင်ပါဟု၊ သို့သော် ထို့နောက် သူ စဉ်းစားမိလိုက်သည်။"ကြိုးစားပမ်းစား လုပ်ခဲ့တဲ့ လုပ်အားခကို ဘယ်သူက မလိုချင်ပဲ နေမှာလဲ"


ဖခင်နှင့်သား ထွက်လာကြပြီး လျူယောင်က ကားမောင်းကာ ခရိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားလေသည်။

“ဟုန်ဖူ၊ ဘယ်သွားမလို့လဲ ”

“လျူယောင်၊ အိမ်မှာ ရက်အနည်းငယ်လောက် နေဖို့ စီစဉ်ထားတယ်မို့လား "

ရွာမှ လူများက လှိုက်လှဲစွာ နှုတ်ဆက်ကြသည်။ ယခင်က ဒီလို ဆက်ဆံမှု့မျိုး မရခဲ့ဖူးပေ။

လျူဟုန်ဖူက သူ့ရဲ့ သားကြောင့် ဆိုတာသိသည်။အခြားသူများ နှုတ်ဆက်တဲ့အခါ လျူယောင် ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်လိုက်သည်။


ဒေါင်းမင်းရွာမှ ခရိုင် D ကို  ဆယ်ကီလိုမီတာကျော် ဝေးသည်။ ရွာမှ ထွက်ပြီး ခရိုင်လမ်းမကြီးကို မောင်းပြီးနောက် လျူဟုန်ဖူ ယခင်က အလုပ်လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်ရှိလာသည်။

ကားကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ စီမံကိန်းဌာနဘေးတွင် ရပ်လိုက်သည်။

လျူယောင်တို့ ကားပေါ်မှ ဆင်းပြီးနောက် ဘေးမှ အဖြူရောင်ကားလေးကို တွေ့လိုက်တာနဲ့  လျူဟုန်ဖူမှာ  ကန်ထရိုက်တာ စွန်းယွဲ့ကျင်းလည်းစီမံကိန်းဌာနတွင် ရှိနေတာကို သိလိုက်သည်။