Ch 25
Viewers 5k

အခန်း  (၂၅) ကျွန်တော့်မှာ လက်ကောက်တစ်ကွင်း ရှိသေးတယ်

ထန့်လီပင် ပျော်ရွှင်သွားပြီး လျူယောင်ကို တစ်ကြိမ်ထပ်ကြည့်ကာ စိတ်ထဲတွင် ဒါသာအမှန်တကယ်ဖြစ်ပါက ကောင်းစွာစကားပြောဆိုပြီး ဆက်ဆံရေးရေရှည် တည်ဆောက်နိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ တွေးလိုက်သည်။

အနာဂတ်တွင် ချန်ဒါရှန်းကုမ္ပဏီက ပုံမှန်ဈေးကွက်ပေါက်ဈေးထက် နိမ့်သောဈေးဖြင့် လျူယောင်ထံမှ ရွှေအမြောက်အများကို ဝယ်ယူနိုင်ပါက အကောင်းဆုံးဖြစ်သည်။


ခဏမျှစဉ်းစားပြီးနောက် ထန့်လီပင်းက

"တစ်ဂရမ်ကို ယွမ် ၃၈၀၊ ဒါက ကျွန်တော်ပေးနိုင်တဲ့ အမြင့်ဆုံးဝယ်ဈေးပါ။ ဒါ့အပြင် ခင်ဗျားမှာ ကျွန်တော်တို့ကို ရောင်းဖို့ ရွှေထပ်ရှိမယ်လို့ မျှော်လင့်ပါတယ်"

" ရှိတာပေါ့ “

ကျွန်တော်နောက်တစ်ခေါက်လာပါ့မယ် " လို့ လျူယောင်က ချက်ချင်းသဘောတူလိုက်သည်။

တစ်ဂရမ်ကို ယွမ် ၃၈၀ မှာ လျူယောင်ရဲ့မျှော်လင့်ချက်ကို အနည်းငယ်ကျော်လွန်သွားသည် သူက ဝယ်ဈေးနှင့်ပတ်သက်ပြီး ၁၂၀% ကျေနပ်ခဲ့သည်။


လျူယောင်မှာ သူ့  ရွှေ အရင်းမြစ်နဲ့ပတ်သက်ပြီး ပြဿနာရှိကြောင်း သိသည်။ ခိုးယူထားခြင်း (သို့ )လုယက်ထားခြင်း မဟုတ်ပေမဲ့ မူလအစကို ရှင်းပြရန်မှာ အမှန်တကယ်ခက်ခဲသည်။

""ပျော်ရွှင်စရာပူးပေါင်းဆောင်ရွက်မှုပါဗျာ""

"ပျော်ရွှင်စရာပူးပေါင်းဆောင်ရွက်မှုပါဗျာ"


နှစ်ဦးစလုံး ပျော်ရွှင်စွာ လက်ဆွဲနှုတ်ဆက်ကြပြီး တရားဝင်ရောင်းဝယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

လက်ဆွဲနှုတ်ဆက်ပြီးနောက် လျူယောင်က ထွက်မသွားဘဲ

"မန်နေဂျာထန့် !ကျွန်တော့်မှာလက်ကောက်တစ်ခုရှိပါသေးတယ်၊ ကြည့်ပေးလို့ရမလားမသိဘူး။""

“ဘာ၊ ခင်ဗျားမှာ လက်ကောက်တစ်ခု ထပ်ရှိသေးတာလား။"

ထန့်လီပင်းက

"ကျွန်တော်က ကျောက်မျက်ရတနာတွေကို သိပ်မကျွမ်းဘူးခင်ဗျား၊ ကျွန်တော့်ရဲ့အမြင်က သာမာန်သာဖြစ်ပါတယ်။"

"ခင်ဗျားက အရမ်းနှိမ့်ချတာပဲ ""


ချန်ဒါရှန်းကုမ္ပဏီက ရွှေထည်နှင့် ကျောက်မျက်ရတနာများအပြင် အမျိုးမျိုးသော ကျောက်မျက်ရတနာလုပ်ငန်းများကိုပါ လုပ်ကိုင်ပြီး အရွယ်အစားက မသေးငယ်ပေ။

ဒီလူက ဝယ်ယူရေးဌာနရဲ့ အထွေထွေမန်နေဂျာရာထူးတွင် ထိုင်နိုင်တယ်ဆိုတည်းက ကျောက်မျက်ရတနာအကဲဖြတ်အဆင့်မှာ  သေချာပေါက် မဆိုးရွားပေ။


လျူယောင်  မျက်နှာသုတ်ပဝါ အသစ်စက်စက်ဖြင့်ပတ်ထားတဲ့ ကျောက်စိမ်းလက်ကောက်ကို အိတ်ကပ်ထဲမှထုတ်ကာ   စားပွဲပေါ်တင်လိုက်သည်။

ထန့်လီပင်းက ပတ်ထားတဲ့ မျက်နှာသုတ်ပဝါကို ဂရုတစိုက်ဖွင့်လိုက်ပြီး လက်ကောက်ကိုမြင်တဲ့အခါ  မျက်လုံးများ အရောင်တောက်သွားသည်။


လက်အိတ်ဖြူတစ်စုံကို အလျင်အမြန် ထုတ်ဝတ်ကာ လက်ကောက်ကို ဓာတ်မီးသေးသေးလေးဖြင့် ဂရုတစိုက်ကြည့်ရှုနေသည်။သူက မိနစ်အတော်ကြာ ကြည့်ရှုခဲ့သည်။

ကြည့်ရှုပြီးနောက် လက်ကောက်ကို စားပွဲပေါ် ဂရုတစိုက်တင်လိုက်ပြီး "ညီနောင်လျူခင်ဗျား ပထမဆုံးအနေနဲ့ ဒီလိုလှပတဲ့ကျောက်စိမ်းလက်ကောက်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ "


ဒါက ကျောက်စိမ်းလက်ကောက်တစ်ခု အမှန်ပင်ဖြစ်သည်။ထန့်လီပင်းစကားကိုကြားတဲ့အခါ လျူယောင် တိတ်တဆိတ်ပျော်ရွှင်သွားသည်။ ဒီလက်ကောက်က ငွေအများကြီးတန်ဖိုးရှိနိုင်သည်။

ထန့်လီပင်းက ဆက်လက်ပြီး "ဒါက အစိမ်းလိုက်ကျောက်စိမ်းလက်ကောက်ပဲ။ ရေစိမ်ပြီးရင် ပိုလှတယ်၊ ပုံမှန်ရေခဲပမာဏပါပဲ..."


"အစိမ်းလိုက်ဆိုတာ ဘာလဲ၊ ရေခဲပမာဏဆိုတာ ဘာလဲဆိုတာ "လျူယောင် နည်းနည်းပဲ နားလည်ပေမဲ့ ဒီလက်ကောက်က အရမ်းစျေးကြီးတယ်ဆိုတာ သူသိနေပြီ။

"ထန့်မန်နေဂျာခင်ဗျာ၊ ဒီလက်ကောက်က ဘယ်လောက်တန်လဲ။""

ထန့်လီပင်က မနှစ်က  "နွေဦး ဆောင်းဦး  "လေလံပွဲမှာ အစိမ်းလိုက်ရေခဲပမာဏရှိတဲ့ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ယွမ် ၂၅.၆ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။""


"ဒီနှစ်ဝက် ပထမလေလံပွဲမှာ ပန်းပွင့်ရေခဲပမာဏရှိတဲ့ လက်ကောက်တစ်ကွင်းကို ယွမ် ၁၇.၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ခင်ဗျားရဲ့ လက်ကောက်က ဒီစျေးနှစ်ခုကြားမှာပဲ ရှိပါတယ် "   " ဝိူး ယွမ် ၁၇.၂ သန်း "လျူယောင် စိတ်ထဲမှ ထခုန်မတတ် ဝမ်းသာသွားသည်။

""ဒီတစ်ခါလိပ်ကြီးက ကောင်းကောင်းလုပ်နိုင်ခဲ့ပြီ။""

လျူယောင်ရဲ့မျက်နှာတွင် ပျော်ရွှင်မှုများ ထင်ရှားစွာပေါ်လွင်နေသည်။


ထန့်လီပင်သည် စကားများကို ဆန်းစစ်ပြီး "ညီနောင်လျူ ၊ ခင်ဗျား ဒီလက်ကောက်ကို ရောင်းဖို့ရည်ရွယ်ထားပုံရတယ်နော် "

လျူယောင်က ခေါင်းညိတ်ပြီး ""ဟုတ်တယ်၊ ဈေးနှုန်းစိတ်တိုင်းကျရင် ရောင်းဖို့ စီစဉ်ထားတယ်ဗျာ ""


ထာန့်လီပင်း တိတ်တဆိတ်ပျော်ရွှင်သွားသည်။ ဒါက လုပ်ငန်းတစ်ခုဖြစ်သည်။

ကုမ္ပဏီက ဝယ်ယူလိုပါက အချို့ ဆိုင်များတွင် အဖိုးတန်ရတနာအဖြစ် ထားရှိနိုင်ပြီး ဈေးနှုန်းသင့်တော်ပါက ဝယ်ယူသူများထံ ပြန်လည်ရောင်းချပြီး ငွေအများအပြား ရရှိနိုင်သည်။

"ခင်ဗျား ဘယ်လောက်နဲ့ ရောင်းချင်တာလဲ"

ဒီထန့်က ချန်ဒါရှန်ရဲ့ မြင့်မားတဲ့စျေးနှုန်းကို အမြဲတမ်း ကိုယ်စားပြုနိုင်ပါတယ်။

ထန့်လီပင်းက လျူယောင်ကို လှည့်စားရန်မလွယ်ကူကြောင်း သိထားသည်။ ခုနက ရွှေအရောင်းအဝယ်မှာတည်းက ဒီအချက်ကို သက်သေပြခဲ့သည်။ချိန်တွယ်ပြီးနောက် တန့်လီဘင်က

"ကျွန်တော် ကုမ္ပဏီကိုယ်စား ယွမ် ၁၈ သန်းပေးနိုင်ပါတယ် ""

လျူယောင်က လုံးဝအလျော့မပေးဘဲ ""ဒီဈေးနဲ့တော့ မရောင်းနိုင်ဘူး၊ အနည်းဆုံး ၂၅ သန်း ""

ထန့်လီဘင် အနည်းငယ် တအံ့တဩဖြစ်သွားပြီး အလျင်အမြန်ပြောလိုက်သည်–

" ဒီလောက်မြင့်တဲ့ဈေးနဲ့ ဝယ်ဖို့မဖြစ်နိုင်ပါဘူး။ မနှစ်က လေလံတင်ခဲ့တဲ့ လက်ကောက်က ယွမ် ၂၅.၆ သန်းထိ ရောက်ခဲ့ပေမဲ့၊ ကော်မရှင် နုတ်လိုက်ရင် အဲ့လောက်မရပါဘူး။ ဒီအပြင် အဲ့လက်ကောက်ရဲ့ ရေစိမ်ခံနိုင်မှုက ခင်ဗျားလက်ကောက်ထက် ပိုကောင်းတယ် ""


ဘယ်လက်ကောက်က ရေခံနိုင်မှုပိုကောင်းလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါဟာ ဈေးနှိမ်ဖို့ ထန့်လီပင်းက တမင်တကာ ပြောတာဖြစ်နိုင်ပါတယ်။ လျူယောင် စိတ်ထဲက ပြောခဲ့သည်။


နှစ်ဖက်စလုံးကြားမှာ စျေးဆစ်တဲ့ အလှည့်အပြောင်း တစ်ကြိမ် ထပ်ဖြစ်ခဲ့တယ်။နောက်ဆုံးတွင် ယွမ် ၂၁ သန်းဖြင့် ရောင်းချခဲ့ပြီးတော့ ပိုက်ဆံ ချေလိုက်ကြသည်။

လျူယောင်ကတော့ ဒီဈေးနှုန်းကို ကျေနပ်ပါတယ်။သူက အလကား ရထားတာ ကိုး မကျေနပ်စရာ ဘာအကြောင်းမှ မရှိပေ။


ထန့်လီပင်း စိတ်ဖိစီးမှုတွေများပြီး လက်ကိုင်ပဝါတစ်ထည်ထုတ်ကာ နဖူးက ချွေးတွေကို ညင်သာစွာ သုတ်လိုက်တယ်။

" ညီနောင်လျူခင်ဗျာ၊ ခင်ဗျား စီးပွားရေးလုပ်ငန်း မလုပ်တာ ဝမ်းနည်းစရာပဲ။ ဈေးဆစ်ရတာ အရမ်းခက်တယ်"


မကြာခင်မှာပဲ လူတစ်ယောက်ရောက်လာပြီးကျောက်စိမ်းလက်ကောက်ထည့်တဲ့ အထူးဘူးထဲ လက်ကောက်ကို ထုပ်ပိုးပြီး လျူယောင်ရဲ့ ဘဏ်ကတ်ကို ယူသွားသည်။


ထန့်လီပင်းက လျူယောင်နဲ့ လက်ဖက်ရည်သောက်ရင်း ခဏအကြာတွင် SMS အကြောင်းကြားစာ ရောက်လာပြီး ဘဏ်ကတ်ထဲကို  ယွမ် ၂၁ သန်း ဝင်လာသည်။

"ဟားဟား ငါ  သန်းကြွယ်သူဌေးဖြစ်လာခဲ့ပြီ "

"ဟွာဟိုင်းမြို့မှာ အိမ်ဝယ်ဖို့ ပြဿနာမရှိတော့ဘူး၊ ပိုက်ဆံလုံလောက်ပြီ "ဟု လျူယောင် ပျော်ရွှင်စွာ တွေးနေသည်။


နှစ်မိနစ်အတွင်း ချန်ဒါရှန်းကုမ္ပဏီမှ လူများက ဘဏ်ကတ်ကို ယဉ်ကျေးစွာ လွှဲပေးခဲ့သည်။

ဘဏ်ကတ်ကိုသိမ်းပြီးနောက် လျူယောင် ထရပ်ကာ  "ကျွန်တော် ကျန်တဲ့ရွှေတုံးတွေ နောက်တစ်ခေါက် လာရောင်းပါအူံးမယ် "ဟုပြောလိုက်သည်။


ထန့်လီပင်းလည်း ထရပ်ကာ လိုက်ပို့ပေးရင်း " ညီနောင်လျူ ကျွန်တော် ကုမ္ပဏီမှာ ခင်ဗျားကို စောင့်နေပါ့မယ် "

လျူယောင် ချန်ဒါရှန်း ကုမ္ပဏီမှ ထွက်ခွာပြီး အငှားအိမ်ကို  ပြန်မောင်းပြီး ကျန်တဲ့ ရွှေချောင်းအားလုံးကို ထပ်မံရောင်းချခဲ့သည်။


ချန်ဒါရှန်းကုမ္ပဏီမှ ထပ်မံထွက်ခွာလာတဲ့ အခါ လျူယောင့်ရဲ့ မျက်နှာပေါ်မှ ပျော်ရွှင်မှု့က လုံးဝ မမှေးမှိန်ခဲ့ဘဲ ကားမောင်းရင်း သီချင်းတစ်ပုဒ်ကို တိုးတိုးလေးညည်းလိုက်သည်။

"နောက်တစ်ခါ ချမ်းသာပြန်ပြီ ဟားဟား "

ယွမ် ၂၁ သန်းတစ်ခါ၊ ယွမ် ၁၉.၇၆ သန်းတစ်ခါ၊ မူလငွေများအပြင် ဘဏ်ကတ်ထဲတွင် စုစုပေါင်း ယွမ် ၄၅ သန်းကျော်ရှိသည်။


အိမ်ဝယ်ရန် ငွေလုံလောက်ပြီဖြစ်ပြီး ကုမ္ပဏီထောင်ရန်လည်း ငွေလုံလောက်ပြီဖြစ်သည်။

လိပ်ကြီးရေ ကျေးဇူးတင်ပါတယ်။


နောက်ရက်အနည်းငယ်အတွင်း လျူယောင် အတော်လေး အလုပ်များခဲ့သည်။ ပထမဆုံးအနေဖြင့် ပင်လယ်ရေကြောင်း ဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ပြီး တည်ထောင်ရန် အေဂျင်စီတစ်ခုကို ရှာဖွေခဲ့ပြီး လုပ်ငန်းစဉ်အားလုံးကို ထိုကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့သည်။


ဒီရက်ပိုင်းတွေမှာ အိမ်ရှာတာ အချိန်အကုန်ဆုံးပါပဲ။ လျူယောင်  အိမ်ခြံမြေတွေ တော်တော်များများကို ဝင်ထွက်နေခဲ့ပေမယ့် သူကြိုက်တဲ့အိမ်ကို မတွေ့သေးဘူး။ဒီနေ့ ကားနဲ့ ထပ်ထွက်လာတယ်။

တစ်ယောက်တည်း အကြိမ်များစွာ ရှာခဲ့ပေမယ့် စိတ်ကျေနပ်စရာ အိမ်တစ်လုံးမှ မတွေ့သေးတာကြောင့် ဒီတစ်ခါ အကျိုးဆောင်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။


သိပ်မဝေးတာကြောင့် အိမ်ခြံမြေအကျိုးဆောင် သို့ ကားမောင်းရန် မိနစ်အနည်းငယ်သာ ကြာသည်။ ကားရပ်သောနေရာမရှိဘဲ ကားရပ်ရန် နေရာရှာရန် မီတာ ၂၀၀ ခန့် လိုသည်။

ကားပေါ်ကဆင်းပြီးနောက် လျူယောင်  အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီထဲ ဝင်လိုက်သည်။


လျူယောင်က အိမ်ဝယ်မယ် ဟုပြောတာနဲ့ ချောမောတဲ့ အမျိုးသမီးငယ်တစ်ဦးက ချက်ချင်း ဧည့်ခံခဲ့သည်။

""လူချော၊ ဘယ်လိုအိမ်မျိုး ဝယ်ချင်ပါသလဲ""

တစ်ဖက်လူက စိတ်အားထက်သန်ပြီး လှပတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်တာကြောင့်  လျူယောင် စိတ်ခံစားချက် ပိုကောင်းလာသည်။


" ပင်လယ်နားမှာ အိမ်တစ်လုံး ဝယ်ချင်တယ်၊ ဖြစ်နိုင်ရင် အိမ်အသစ်ပေါ့ဗျာ "

အရောင်းဝန်ထမ်းက "အိမ်ရဲ့ ဧရိယာနဲ့ ပတ်သက်ပြီး စျေးနူန်း လိုအပ်ချက်တွေ ရှိပါသေးလားရှင်"