Ch 24
Viewers 5k

အခန်း (24)   စံပြစျေးနူန်း

လျူယောင် စိတ်လူပ်ရှားနေတာကြောင့် ကားကို ချက်ခြင်းမမောင်းဖြစ်ခဲ့ပေ။

လျူယောင်  စိတ်အနည်းငယ်ငြိမ်သွားမှကားကို မောင်းထွက်လာခဲ့သည်။ သူ ဒီပစ္စည်းတွေကို သေချာကြည့်ရှုရန် ငှားထားတဲ့ အိမ်ကို အမြန် ပြန်ရမည်။

တစ်လမ်းလုံး မြန်မြန်မောင်းလာရာ လာတုန်းကထက် အနည်းဆုံး ဆယ်မိနစ်စောရောက်ခဲ့သည်။


ငှားထားသည့်အိမ် အောက်ထပ်တွင် ကားရပ်ပြီးနောက် လျူယောင် ခဏစဉ်းစားပြီးနောက် ဓားကို ကားပေါ်တွင် ခဏထားခဲ့သည်။ဒါက အလွန်ထင်ပေါ်လွန်းသဖြင့် အခြားပစ္စည်းများကို အရင်ယူကာ ပြန်ခဲ့သည်။

ကားနောက်ဖုံးမှ ရွှေချောင်းများကို ထုတ်ယူပြီး နာရီအိတ်နှင့် လက်ကောက်ကို အိတ်ကပ်ထဲထည့်၍ ကားကိုသော့ခတ်ကာ၊ မိမိကိုယ်ကို တည်ငြိမ်အောင်ကြိုးစားပြီး အပေါ်ထပ်ကို  တက်ခဲ့သည်။


လူအနည်းငယ်နှင့် တွေ့ခဲ့ရပေမဲ့ လျူယောင်လက်ထဲက ရက်ကန်းအိတ်ထဲတွင် ရွှေချောင်း ဒါဇင်ပေါင်းများစွာ သယ်လာတာကို ဘယ်သူမှမထင်မှတ်ခဲ့ပေ။

နောက်ဆုံး အခန်းထဲရောက်တော့ တံခါးပိတ်လိုက်ပြီး လျူယောင် သက်ပြင်းရှည်ကြီး ချလိုက်သည်။

နာရီအိတ်နဲ့ လက်ကောက်ကို အိတ်ကပ်ထဲမှထုတ်ကာ အံဆွဲထဲထည့်ထားပြီး အချိန်ရတဲ့အခါ ဒီပစ္စည်းနှစ်ခုကို ဖြည်းဖြည်းချင်း လေ့လာမည်ဖြစ်သည်။ အလျင်လိုဆုံးအလုပ်မှာ  ရွှေချောင်းများကို သန့်ရှင်းရေးလုပ်ပြီး အရေအတွက် ရေတွက်ရန်ဖြစ်သည်။


ပလတ်စတစ်ဇလုံတစ်ခုကို ရှာတွေ့၍ ရေတစ်ဝက်ခန့်ဖြည့်ကာ လျူယောင် ရွှေချောင်းများကို ဇလုံထဲကို တစ်ချောင်းချင်းထည့်ပြီး စုတ်တံယူကာ ပျော်ရွှင်စွာ သန့်ရှင်းရေးလုပ်ခဲ့သည်။

အချိန်ကြာကြာသေချာပွတ်တိုက်ပြီးနောက်သန့်စင်သွားသည်။

ရွှေချောင်းများက ပင်လယ်အောက်တွင် အကြာကြီးရှိခဲ့တာမို့ လိပ်ကြီးက ကမ်းခြေပေါ် အားလုံးတင်လိုက်တဲ့အခါ သဲများစွာ ကပ်ငြိနေသေးသည်။လျူယောင် တစ်ခုချင်းစီ သန့်ရှင်းရေးလုပ်ခဲ့သည်။

ပွတ်တိုက်ပြီးနောက် ရွှေချောင်းများမှာ ပထမပုံစံနဲ့ မတူတော့ဘဲ သန့်ရှင်းသွားကာ ရွှေရောင်တောက်ပနေတာကို ကြည့်ရတာက စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။

 " ရွှေအစစ်တွေပဲ ငါတော့ချမ်းသာပြီကွ "

သူက ကျွမ်းကျင်သူမဟုတ်ပေမဲ့ ဒီရွှေချောင်းများရဲ့ အလေးချိန်နှင့် အရောင်တို့ကို ကြည့်ပြီး  သန့်စင်သောရွှေချောင်းများ ဖြစ်ကြောင်း သံသယမရှိဘဲ ပြောနိုင်သည်။အထူးသဖြင့် အလေးချိန်မှာ အလွန် လေးလှသည်။

ရွှေချောင်းတစ်ချောင်းစီတွင် ဗဟိုဘဏ် 1KG ဟူတဲ့ စာလုံးများလည်း ပါရှိသည်။ဒါက  ဒုတိယကမ္ဘာစစ်အတွင်း RB လူမျိုးများ လုယူသွားတဲ့ ကျွန်တော်တို့ရဲ့  ပြည်တွင်းရွှေများ ဖြစ်တာကို သံသယရှိစရာ မလိုပေ။


ရွှေချောင်းအားလုံး သန့်ရှင်းရေးလုပ်ပြီးနောက် အဝတ်ခြောက်နဲ့သုတ်ကာ အသစ်ဝယ်ထားတဲ့ ရွှေချိန်စက်ကို စားပွဲပေါ်တင်လိုက်သည်။

ရွှေချောင်းတစ်ချောင်းကို ရွှေချိန်စက်ပေါ်တင်ပြီး ချိန်ကြည့်ရာ တိတိကျကျ ဂရမ် ၁၀၀၀ ရှိသည်။ဒါတွေအားလုံးက ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေချောင်းများ ဖြစ်ကြသည်။


လျူယောင် နှစ်ကြိမ်ရေတွက်ရာ စုစုပေါင်း ၅၂ ချောင်းရှိသည်။ဆိုလိုတာက ရွှေအားလုံး စုစုပေါင်းအလေးချိန်က ၅၂ ကီလိုဂရမ်ဖြစ်သည်။ အခုနက ကောက်ယူတုန်းက လေးလံတယ်လို့ ခံစားရတာ အံ့ဩစရာမရှိပေ။

၅၂ ကီလိုဂရမ်၊ ပိဿာတစ်ရာကျော် ဖြစ်နေသည်။

သူက  လျူယောင်ဖြစ်နေလို့ပင် တခြားသူဆို မနိုင်လောက်ပေ။ရွှေချောင်း၅၂ ဈေးကွက်ပေါက်ဈေးက သန်း ၂၀ ကျော်သည်။ ယနေ့တွင် နောက်ထပ်ငွေပမာဏတစ်ခု ထပ်မံရရှိလာတော့မည်။

ထို့အပြင် လျူယောင်က ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ပင်လယ်နက်တွင် ရှာဖွေရေးလုပ်ငန်းကို အထူးပြုကုမ္ပဏီဖြစ်ပြီး လိပ်ကြီးရှိနေတာမို့  လုပ်ဆောင်ရာတွင် ပြဿနာမရှိပေ။


ကုမ္ပဏီတစ်ခုရှိနေခြင်းဖြင့် ပိုင်ဆိုင်မှုအရင်းအမြစ်ကို ရှင်းပြရ ပိုမိုလွယ်ကူသည်။ အနာဂတ်တွင် လျူယောင်ချမ်းသာလာရင် ရှင်းပြချက်ကဆီလျော်မှုရှိသည်။ ကုမ္ပဏီရှိနေတာကြောင့် ထိုနေရာကငွေရှာတယ်ဟု ပြောနိုင်သည်။

ရွှေချောင်းအားလုံးကို ရောင်းရန် လျူယောင် အရည်အချင်းရှိတဲ့ ဝယ်သူတစ်ဦးကို ရှာဖွေရန်လိုအပ်သည်။

ရွှေတွေကို ဗီရိုထဲတွင် သပ်သပ်ရပ်ရပ်ထည့်ပြီး အဝတ်အချို့ဖြင့် အုပ်ထားပြီးနောက် လျူယောင် နာရီအိတ်ကို ကောက်ယူကြည့်ရှုကာ သေချာသန့်ရှင်းရေးလုပ်ခဲ့သည်။

လျူယောင်က ကျွမ်းကျင်သူမဟုတ်ပေမဲ့ ဒါက ကျောက်စိမ်းလက်ကောက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပြီး စိမ်းလန်းကြည်လင်နေတာကြောင့် တန်ဖိုးရှိသင့်သည်။

နောက်တစ်နေ့

လျူယောင် လက်ကောက်ကို အိတ်ကပ်ထဲထည့် ရွှေချောင်းတစ်ချောင်းကို အိတ်ထဲထည့်ပြီး ဟွာဟိုင်းမြို့ရှိ အကြီးဆုံးရွှေနှင့် ကျောက်မျက်ရတနာဆိုင်ဖြစ်တဲ့ ချန်ဒါရှန်းကုမ္ပဏီကို ကားမောင်းသွားခဲ့သည်။

ဒီဆိုင်က ဟွာဟိုင်းမြို့တွင် အလွန်ကျော်ကြားသည်။ ဟွာဟိုင်းမြို့တွင် ဆိုင်ဒါဇင်ပေါင်းများစွာရှိပြီး နိုင်ငံတစ်ဝှမ်းတွင် ဆိုင်ခွဲရာပေါင်းများစွာရှိသည်။


ထိုမျှ အစွမ်းထက်သော ကျောက်မျက်ရတနာကုမ္ပဏီအတွက်  ရွှေချောင်းဒါဇင်ပေါင်းများစွာနှင့် ကျောက်စိမ်းလက်ကောက်ကို ဝယ်ယူရာတွင် ကြီးမားတဲ့ ပြဿနာမရှိလောက်ပေ။

ဆိုင်ကို မသွားဘဲ လျူယောင် ကုမ္ပဏီရဲ့ရုံးချုပ်ကို တိုက်ရိုက် သွားခဲ့သည်။ အဲ့တာက  အမြင်ဆုံးထပ်တွင်တည်ရှိပြီး ရုံးအဆောက်အအုံများသာမက ထုတ်လုပ်မှု့စက်ရုံများလည်းရှိကာ ဧရိယာကျယ်ဝန်းသည်။


စစ်ဆေးမှု့က အတော်လေးတင်းကြပ်သည်။ လျူယောင်  စီးပွားရေးဆွေးနွေးရန် လာရောက်ကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးအစောင့်က သူစီးလာတဲ့ကားမှာ G ကားကြီးဖြစ်တာကို မြင်တဲ့အခါ မှတ်ပုံတင်ပြီးမှသာ ဝင်ခွင့်ပြုခဲ့သည်။

ဧည့်ကြိုကောင်တာမှ အမျိုးသမီးသည် အတော်လေး စိတ်အားထက်သန်သည်။ လျူယောင့်ကို မေးမြန်းပြီးနောက် ရွှေအချို့ကို ရောင်းလိုတယ်ဟု သိတဲ့အခါ ချက်ချင်း ဖုန်းခေါ်ခဲ့သည်။


ခဏအကြာတွင် ဝတ်စုံပြည့်နှင့် လည်စည်းဝတ်ထားတဲ့ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ရောက်လာခဲ့သည်။ နှစ်ဦးနှစ်ဖက် မိတ်ဆက်ပြီးနောက် လျူယောင် က သူသည် ဝယ်ယူရေးဌာန၏ မန်နေဂျာချုပ်ဖြစ်ကြောင်း သိရှိခဲ့သည်။

အခုနက လျူယောင်သည် ၅၀ ကီလိုဂရမ်ကျော်ရှိသော ရွှေများကို ရောင်းလိုကြောင်း ပြောကြားခဲ့ရာ ကြီးမားတဲ့ အရောင်းအဝယ်လို့  သတ်မှတ်နိုင်သည်။ ဝယ်ယူရေးဌာနရဲ့ အကြီးအကဲ ထန့်လီပင်းက ကုမ္ပဏီတွင် ရှိနေတာကြောင့် ကိုယ်တိုင်လာခဲ့သည်။


သူ့ရဲ့ဦးဆောင်မှုဖြင့် နှစ်ဦးသား ဧည့်ခံခန်းကို ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်က ကောင်းမွန် တိတ်ဆိတ်ပြီး တစ်စုံတစ်ဦးက ချက်ချင်း လက်ဖက်ရည်ပူပူ လာချပေးသည်။

လျူယောင်ကို ဆိုဖာပေါ်တွင် ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် ထန့်လီပင်က  တိုက်ရိုက်ပင်

"မစ္စတာလျူ ခင်ဗျားရဲ့ရွှေကို ကျွန်တော် ကြည့်လို့ရမလား”

  " ရတာပေါ့ "

လျူယောင် ရွှေချောင်းကို အိတ်ထဲမှထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

ထန့်လီပင်းက ရွှေချောင်းကို ကောက်ယူပြီး သေချာကြည့်ရှုခဲ့သည်။ ခဏတာ ကြည့်ပြီးနောက် ဒါက  ရွှေစစ်စစ်ဖြစ်ကြောင်း၊ဒါက  လွတ်လပ်ရေးမရမီက ဗဟိုဘဏ်ရဲ့ ရွှေချောင်းဖြစ်ကြောင်း သူက အခြေခံအားဖြင့် ဆုံးဖြတ်ခဲ့သည်။

“မစ္စတာလျူ၊ ရွှေချောင်းတွေအတွက် ထောက်ခံစာရွက်စာတမ်းတွေ ရှိပါသလား”

လျူယောင် အမှန်အတိုင်းပြောခဲ့သည်။ “မရှိပါဘူး၊ အရမ်းကြာသွားပြီ၊ စာရွက်စာတမ်းတွေကို ဘယ်မှာပစ်ထားမှန်းလည်း မသိပါဘူး”

ထန့်လီပင်း က ခပ်ဖွဖွခေါင်းညိတ်ပြီး “ထောက်ခံစာရွက်စာတမ်းမရှိရင် ဈေးနည်းနည်းလျှော့ရပါမယ်။ ကျွန်တော်တို့ ၃၅၀ ယွမ်ပဲ ပေးနိုင်ပါမယ်” ဟု ပြောခဲ့သည်။

တစ်ဂရမ်ကို ၃၅၀ ယွမ် ပေးမည်ဆိုရပါက ရိုးရိုးသားသားပြောရရင် လျူယောင်ကျေနပ်သည်။


ပြီးခဲ့သည့်တစ်ခေါက်  "  မှင် "ရေကန်မှ လိပ်လေးရှာတွေ့ခဲ့တတဲ့  ရွှေဆွဲကြိုးကို  လမ်းပေါ်မှ ရွှေဆိုင်ငယ်လေးတစ်ဆိုင်တွင် တစ်ဂရမ်ကို  ယွမ် ၃၃၀ ဖြင့်သာ ရောင်းခဲ့ရသည်။ ကြီးမားတဲ့ကုမ္ပဏီပီပီ ဝယ်ယူဈေးနှုန်းမှာ ၃၅၀ ယွမ်စျေး စပေးသည်။လျူယောင် စိတ်ထဲတွင် ကျေနပ်ပေမဲ့အပြင်တွင် ဖော်ပြခြင်းမရှိပေ။


လျူယောင် ခက်ခဲနေတဲ့ပုံစံဖြင့် – “မစ္စတာထန့်၊ ခင်ဗျားရဲ့ ဝယ်ယူဈေးက အရမ်းနိမ့်နေတယ်။ လက်ရှိ နိုင်ငံတကာရွှေဈေးက တစ်အောင်စကို ၁,၉၀၀ အမေရိကန်ဒေါ်လာကျော်နေပြီ၊ ဒါက တစ်ဂရမ်ကို ယွမ် ၄၅၀ ကျော်ပါ”


ထန့်လီပင်း က စိတ်ရှည်လက်ရှည် ရှင်းပြကာ– “နိုင်ငံတကာရွှေဈေးကတော့ အဲဒီအတိုင်းပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ကုမ္ပဏီရဲ့ ဝယ်ယူဈေးက အဲဒီလောက်မြင့်မှာ မဟုတ်သလို ခင်ဗျားရဲ့ရွှေမှာလည်း သက်သေမရှိဘူး”

နှစ်ဦးနှစ်ဖက် ဈေးဆစ်နေကြသည်။

နောက်ဆုံးတွင် လျူယောင်ရဲ့စကားက ထန့်လီပင်း ကို စိတ်လှုပ်ရှားစေခဲ့သည်။


“မစ္စထန့်၊ ကျွန်တော့်လက်ထဲမှာ ဒီရွှေချောင်းထက် အများကြီး ပိုရှိသေးတယ်။ ကျွန်တော်တို့ အနာဂတ်မှာ ရေရှည် ပူးပေါင်းဆောင်ရွက်လို့ရတယ်။ဒါပေမဲ့  ခင်ဗျားတို့ ရွှေဈေးကို ပိုစျေးမြင့်ပေးရမယ်”

“ဘာ "

မင်းလက်ထဲမှာ ရွှေတွေ အများကြီး ထပ်ရှိနေသေးတာလား”