Ch 18
Viewers 4k

အခန်း (၁၈) အား ငါ့ လက်ကျိုးပါပြီ


လျူယောင် ဖုန်းထဲမှ မက်ဆေ့ချ် ဝင်နေသံကြား၍ ဒိုက်ထိုးနေရာမှ ရပ်လိုက်သည်။


လက်များကို ဆေးကြော မျက်နှာသုတ်ပြီးနောက် လျူယောင် သူ့ရဲ့ ဖုန်းကို  ကြည့်လိုက်ရာ မက်ဆေ့ချ်က  ညီမ ဖြစ်တဲ့လျူလန်ဆီမှ ဖြစ်သည်။ "အစ်ကို၊ အိမ်မှာပဲနေ။ ငါ ဒီနေ့ နင့်ဆီ လာခဲ့မယ်။"

"ဒီနေ့ မင်း ကျောင်းမသွားဘူးလား။"

"ဟီးဟီး၊ အစ်ကို၊ နင် ရူးနေတာပဲ။ ဒီနေ့ စနေနေ့လေ။"

လျူယောင် ကြောင်သွားသည်။ သူ အချိန်အကြာကြီး အလုပ်မသွားဖြစ်ခဲ့၍  ဒီနေ့ ဘယ်နေ့ဖြစ်တာကိုပင် မေ့သွားခဲ့သည်။ ဟုတ်သားပဲ၊ ဒီနေ့ စနေနေ့ဖြစ်သည်။

မောင်နှမနှစ်ယောက်က တစ်မြို့တည်းတွင် နေကြပြီး တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြသည်။ လျူယောင်က ဟွာဟိုင်းတက္ကသိုလ်ကို မကြာခဏ သွားတတ်ပြီး လျူလန်မှာလည်း လျူယော့င်ဆီကို ရံဖန်ရံခါ လာလည်တတ်သည်။

ဒီကမ္ဘာက လျူယောင်အဖြစ် ကူးပြောင်းလာပြီးနောက် အရာအားလုံးကို လက်ခံလိုက်သည်။ လျူလန်မှာ သူ့ရဲ့ညီမအရင်း ဖြစ်သည်။

"မင်း လာဖို့ မလွယ်ပါဘူး။ ငါ လာခဲ့မယ်။ ကျောင်းမှာပဲ ငါ့ကို စောင့်နေ။"


နှစ်ယောက်သား သဘောတူညီမူ့ရပြီးနောက် လျူယောင် ချက်ခြင်းပင် သွားရန်  ထွက်လာခဲ့သည်။ ဟွာဟိုင်းတက္ကသိုလ်မှာ အတော်လေး ဝေးပြီး ကားမောင်းလျှင် တစ်နာရီနီးပါး ကြာနိုင်သည်။


သူ အပြင်ကို ထွက်လာပြီး အောက်ထပ်ကို ဆင်းကာ  မလှမ်းမကမ်းတွင် ရပ်ထားတဲ့ Big G ကားကြီးဆီလျှောက်လာခဲ့သည်။ ကားရှေ့ မရောက်မီ စကားပြောသံများကို ကြားလိုက်ရသည်။


လျူယောင်  ခေါင်းလှည့်ကြည့်လိုက်ရာ လူနှစ်ဦး သူ့ဘက် လျှောက်လာတာကို တွေ့ရသည်။ သူတို့ထဲမှ တစ်ဦးမှာ ကိုင်ဟူပင်းဖြစ်ေနသည်။

"အဲ့ဒီ အုတ်ခဲတချို့ ငါ့ကိုယ်ပေါ် ထိတာ နာလိုက်တာ၊ ပွန်းပဲ့ပြီး ခရမ်းရောင်တောင် ဖြစ်သွားတယ်။ ရက်အတော်ကြာမှ ကောင်းလာခဲ့တာ။"


သူ ဘယ်တုန်းကမှ အဲ့လောက် ကြီးမားတဲ့ဆုံးရှုံးမှုကို မခံစားခဲ့ရဘူးပေ။သူက လျူယောင့်ကို ဒုက္ခပေးရန် အမြဲတမ်း ကြိုးစားနေခဲ့ပြီး နောက်ဆုံးတွင် လျူယောင် ဒီနေရာတွင် နေတာကို သိ၍ ရောက် လာခဲ့ခြင်း ဖြစ်သည်။


ကိုင်ဟူပင်းနှင့် သူ့ရဲ့အေဖာ်က ဒီနေရာကို ရောက်နေချိန် အောက်ထပ်ကို ဆင်းလာနေတဲ့လျူယောင်ကို မတော်တဆ တွေ့လိုက်ရတာက တိုက်ဆိုင်မှု့ပင် ဖြစ်သည်။


လျူယောင် ရပ်တန့်လိုက်သည်။ တစ်ဖက်တွင် လူနှစ်ယောက် ရှိနေပေမဲ့ သူက အေးဆေးတည်ငြိမ်နေသည်။ "ဆယ်ရက်ကြာက ငါ့ပိုက်ဆံ ခိုးဖို့ ကြိုးစားခဲ့တဲ့ ကောင်စုတ်လေးကိုတော့ ငါ မှတ်မိတယ်။"


ကိုင်ဟူပင်းက သူတို့ဘက်မှာလူနှစ်ယောက်ရှိတာကို အားကိုး၍ လျူယောင်ကို လုံးဝဂရုမစိုက်ဘဲ လက်သီးဖြင့် ထိုးလိုက်သည်။

လက်သီးက မြန်ပြီး အားပါပေမဲ့ လျူယောင်ရဲ့ မျက်လုံးထဲတွင် ဘာမှ မဟုတ်ပေ။ နှေးကွေးနေသလို  အမြန်နှုန်း လုံးဝမရှိပေ။


လိပ်ကြီးက  နေ့စဉ် ကြီးထွားလာပြီး အရည်အသွေးများလည်း နေ့စဉ် တိုးတက်လျက်ရှိရာ  လျူယောင်နှင့် စွမ်းရည် မျှဝေ ထားတာကြောင့်  သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု့မှာ သာမန်လူများထက် များစွာ သာလွန်သည်။

သူက  ရှောင်တိမ်းခြင်း၊ ပုန်းအောင်းခြင်း မပြုလုပ်ပေ။


လျူယောင်က လက်ကို ဆန့်ထုတ်၍ ကိုင်ဟူပင်းရဲ့ လက်သီးကို အခက်အခဲမရှိ ဖမ်းဆုပ်လိုက်ပြီး  ပြင်းပြင်းထန်ထန် ဖိညှစ်လိုက်သည်။

   " အား!  ငါ့လက် ငါ့လက်ကျိူးပါပြီ "

ကိုင်ဟူပင်းက နာကျင်စွာ အော်လိုက်သည်။ သူ့ရဲ့လက်သီးမှာ သံပိုက်လုံးနဲ့ ညှပ်ခံရသလို  ဖြစ်နေသည်။


လျူယောင်  ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ရာ ကိုင်ဟူပင်းမှာ အကွာအဝေး အတော်များများ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်  ပြုတ်ကျပြီး နှာခေါင်းပွန်းပဲ့ကာ မျက်နှာဖူးယောင်သွားသည်။


ကိုင်ဟူပင်းရဲ့အဖော်မှာ စကားတစ်ခွန်းမှ မပြောဘဲ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာပြီး လက်ထဲက တုတ်ဖြင့် လျူယောင်ရဲ့ ကျောဘက်ကို  ပြင်းထန်စွာ ရိုက်ချလိုက်သည်။


လျူယောင်က  ကျောဘက်တွင် မျက်လုံးများ ပါနေသလို  အလွယ်တကူ ရှောင်တိမ်းလိုက်ပြီးနောက် ခြေဖြင့် ကန်ထုတ်လိုက်သည်။


ပစ်မှတ်ကို တည့်တည့်ထိမှန်တာကြောင့်  ကိုင်ဟူပင်းအဖော်မှာ ပြင်းပြင်းထန်ထန် ကန်ခံလိုက်ရပြီး အကွာအဝေး အတော်များများ လွင့်ထွက်သွားကာ မြေပြင်ပေါ်ကို လဲကျသွားပြီး အတော်ကြာအောင် မထနိုင်တော့ပေ။


လျူယောင် သူတို့နှစ်ဦးကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်ပြီး  Big G ကားကြီးဆီကို လျှောက်သွားပြီး  ကားထဲဝင်ကာ မောင်းထွက်သွားသည်။


ကိုင်ဟူပင်းမှာ ကြောင်တောင်တောင် ဖြစ်၍ ကျန်ရစ်ခဲ့သည်။

"ဘုရားရေ၊ သူက တစ်သန်းကျော်တန်တဲ့ Big G ကားကြီးကို ဘယ်လို ပိုင်တာလဲ။"

သူတို့ နှစ်ယောက်မှာတစ်နေ့လုံး လျှောက်သွားနေကြပြီး ဦးနှောက်ခြောက်ခံကာ အစွမ်းကုန် ကြိုးစားပေမဲ့  စားဝတ်နေရေး ပြေလည်ရုံသာ ရှိသည်။


သူ့ရဲ့ အဖော်မှာ အလွန်ဒေါသထွက်နေသည်။ "ကိုင်ဟူပင်း မင်း ခေါင်းထဲမှာ ရေဝင်နေတာပဲ။ Big G ကားမောင်းတဲ့သူနဲ့ သွားရှုပ်ရလား၊ မင်း ရူးနေတာပဲ!"


သူတို့က လမ်းဘေးလူလိမ်များ ဖြစ်ကြပြီး အားနည်းတဲ့သူများကိုသာ အနိုင်ကျင့်ကြသည်။ ချမ်းသာပြီး အာဏာရှိသူများကိုမူ သာမန်အားဖြင့် မထိရဲကြဘဲ မတတ်နိုင်တာကို သိကြသည်။


ကိုင်ဟူပင်း အချိန်အတော်ကြာအောင် စဉ်းစားမရခဲ့ပေ။ လျူယောင်  ဒီလောက်ကောင်းတဲ့ ကားကို မောင်းနိုင်ခဲ့ပြီး ဘယ်လိုချမ်းသာလာခဲ့တာလဲဆိုတာကိုပင်။


လျူယောင်က ကိုင်ဟူပင်းတို့ နှစ်ဦးကို ဂရုမစိုက်တော့ဘဲ စိတ်အေးလက်အေးနှင့် ပျော်ရွှင်တဲ့ စိတ်ဖြင့် မောင်းထွက်သွားသည်။


သူက ကိုင်ဟူပင်း ကိုသင်ခန်းစာ ပေးနိုင်ခဲ့တဲ့အပြင် လိပ်ကြီးနဲ့ စနစ်များ မျှဝေခံစားရခြင်းကိုလည်း အလွန်ကျေနပ်သည်။ ထိုစနစ်များ မျှဝေခံစားခြင်း မရှိခဲ့လျှင် သူ ကိုင်ဟူပင်းကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။


ဒါက ဟွာဟိုင်း တက္ကသိုလ်ဖြစ်ပြီး ဟွာဟိုင်းမြို့တွင် အကောင်းဆုံး တက္ကသိုလ်လည်း ဖြစ်သည်။ ကျောင်းတံခါးပတ်လည် ဧရိယာက အလွန်စည်ကားသည်။


မူလက သူ ကားမောင်းဝင်ရန် ရည်ရွယ်ခဲ့ပေမဲ့ လုံခြုံရေးဝန်ထမ်းက မရကြောင်း ပြောသဖြင့် လျူယောင် ကားကို အနီးအနားရှိ ကားပါကင်တွင် ရပ်ထားခဲ့ရသည်။


ဟွာဟိုင်းမြို့တွင် အရာအားလုံး ကောင်းမွန်ပေမဲ့  ကားများ အလွန်များပြားပြီး တစ်ခါတစ်ရံ ကားပါကင်ရှာရန် မလွယ်ကူပေ။

"ငါ ရောက်ပြီ၊ နင့်ကျောင်းတံခါးအပြင်ဘက်မှာ စောင့်နေတယ်။" 

လျူယောင် WeChat တွင် မက်ဆေ့ချ် ပို့လိုက်သည်။


မကြာမီ လျူလန်ဆီက မက်ဆေ့ချ် ပြန်ဝင်လာသည်။ "ငါ အဆောင်ကနေ ထွက်လာပြီ။ နောက်ငါးမိနစ်လောက်ဆို ရောက်ပြီ။"


တကယ်ပဲ လျူလန်က နောက် လေးငါးမိနစ်ခန့်အကြာတွင် ထွက်လာခဲ့ပြီး သူမနှင့်အတူ မိန်းကလေးတစ်ဦး ပါလာသည်။  ထိုမိန်းခလေးက လျူလန်ရဲ့ အခန်းဖော် ဝူဟွေ့ ဖြစ်သည်။


လျူယောင်အဖြစ် ကူးပြောင်းလာပြီးနောက် ဒီနေ့မှ လျူလန်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ မူလကိုယ်ရဲ့ မှတ်ဉာဏ်များစွာကို အမွေဆက်ခံထားရာ ဒီညီမကို ချက်ချင်း မှတ်မိသည်။


လျူယောင်ကို တွေ့တဲ့အခါ လျူလန်မှာ အလွန်ပျော်ရွှင်နေပုံရပြီး ပြောစရာများစွာ ရှိနေတဲ့ ပုံ ဖြစ်နေသည်။ ထို့ပြင် သူမရဲ့ အခန်းဖော်ကို မိတ်ဆက်ပေးရန်လည်း မမေ့ခဲ့ပေ။

"အစ်ကို၊ နောက်အပတ်ဆို နွေရာသီကျောင်းပိတ်ပြီ။ အစ်ကို ငါနဲ့အတူ အိမ်ပြန်ဖို့ အချိန်ရှိလား"

 “ရှိတယ်“

လျူယောင်ပြန်ဖြေလိုက်သည်။

"ဒါဆို အရမ်းကောင်းတာပဲ။ ငါတို့ အတူတူ အိမ်ပြန်ရင် မိဘတွေ အရမ်းပျော်ကြမှာ။"

လျူလန်ရဲ့ မိုဘိုင်းဖုန်းတွင် မက်ဆေ့ချ်တစ်ခု ဝင်လာပုံရ၍ သူမ ထုတ်ကြည့်လိုက်သည်။


ဒါက နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ မိုဘိုင်းဖုန်း ဖြစ်သည်။ လျူယောင်ကောလိပ်တက်စဉ်က ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် သူ့ရဲ့ ပထမဆုံးလစာဖြင့် လက်ရှိမိုဘိုင်းဖုန်းကို ဝယ်ယူခဲ့ပြီး ယခင်မိုဘိုင်းဖုန်း အဟောင်းလေးအား လျူလန်ကို ပေးခဲ့သည်။


လျူလန်က အိမ်ရဲ့ စီးပွားရေးအခြေအနေကို အလွန်နားလည်တတ်သူ ဖြစ်သည်။ ကောလိပ်တက်စဉ်တစ်လျှောက်လုံး  ဒီမိုဘိုင်းဖုန်းအဟောင်း ကိုပဲ အသုံးပြုခဲ့ပြီး ပန်းရောင် ဖုန်းကာဗာကိုသာ ပြောင်းလဲခဲ့သည်။


မိုဘိုင်းဖုန်းဟောင်းကို တွေ့တဲ့အခါ လျူယောင် အတော်လေး စိတ်လှုပ်ရှားပြီး နှာခေါင်းပင် နာကျင်လာသည်။


"အစ်ကို၊ အစ်ကို ပေးခဲ့တဲ့ ယွမ်နှစ်ထောင်ကို ငါ စုထားတယ်။ ငါ စုထားတဲ့ ရာနဲ့ချီတဲ့ ယွမ်တွေနဲ့ ပေါင်းပြီး လက်တော့ပ် ဝယ်မလို့။ အစ်ကို ငါနဲ့အတူ လိုက်ခဲ့ပေးလို့ ရမလား။"


ကောလိပ်ကျောင်းသားများမှာ သာမန်အားဖြင့် လက်တော့ပ်များ ရှိကြပြီး အဓိကအားဖြင့် ပညာသင်ကြားရန် အသုံးပြုကြ ပေမဲ့လျူလန်မှာတော့ မရှိပေ။


မူလက သူမ နွေရာသီကျောင်းပိတ်ရက်တွင် အလုပ်လုပ်ကာ ငွေရှာပြီးမှ တစ်လုံးဝယ်ရန် စီစဉ်ခဲ့သည်။အကို့ ရဲ့ ယွမ်နှစ်ထောင်နဲ့ သူမ အခုပင် ဝယ်နိုင်ပြီ ဖြစ်သည်။


ဒါပေမဲ့ ယွမ်နှစ်ထောင်ကျော်တန် လက်တော့ပ်တစ်လုံးက အနည်းငယ်တော့ အရည်အသွေးနိမ့်သည်။


လျူယောင်က ပြောလိုက်သည်။ "ငါတို့ တစ်လုံးဝယ်သင့်တာပေါ့။ သွားကြစို့၊ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”


ဟွာဟိုင်းတက္ကသိုလ်ရဲ့ ဝင်ပေါက်က စည်ကားတဲ့ စီးပွားရေးလမ်းမ ဖြစ်ပြီး လက်တော့ပ်များ၊ မိုဘိုင်းဖုန်းများနှင့် အခြားအရာများ အပါအဝင် အရာအားလုံး ရှိသည်။

လျူယောင် ကားမမောင်းခဲ့ပေ။ အကြောင်းမှာ ထိုနေရာကို လမ်းလျှောက်သွားရင် မိနစ်အနည်းငယ်ပဲ ကြာတာကြောင့် ဖြစ်သည်။


လျူလန်က အနည်းငယ် တုံ့ဆိုင်းနေပြီး သတိပေးလိုက်သည်။ "အစ်

ကို၊ ငါတို့မှာ ယွမ်နှစ်ထောင်ကျော်ပဲ ရှိတယ်။ ဟွာဝေး လက်တော့ပ် ဝယ်လို့ မရဘူး ။