Ch 17
Viewers 5k

အခန်း (17) ခွန်အားတိုးလာခြင်း


ရုတ်တရက် လျူယောင်တစ်ယောက် စိတ်လှုပ်ရှားပြီး စိုးရိမ်လာမိသည်။

သူ့ရဲ့အိမ်မွေးလိပ်လေးမှာ ပင်လယ်ရေပတ်ဝန်းကျင်ကို မခံနိုင်ဘဲ ရေထဲမှ တစ်ခါတည်း ပြေးထွက်လာမည်လား ?

ပင်လယ်ဘေးတွင် ရပ်နေရင်း လျူယောင် စိတ်ထဲတွင် တွေးနေမိသည်။


သူ့ရဲ့ စိတ်နှလုံးမှာ အချိန်တိုင်း လှုပ်ရှားနေကာ မိနစ်အနည်းငယ်ကြာပြီးနောက်တွင်လိပ်ပေါ်လာတာကို မတွေ့ရတဲ့အခါမှ အနည်းငယ် စိတ်အေးသွားသည်။

ပင်လယ်ထဲ ရောက်တာနှင့် လိပ်လေးက လုံးဝစိတ်လှုပ်ရှားသွားသည်။ အခြားအရာများကို ဂရုမစိုက်ဘဲ ပင်လယ်ထဲတွင် လှည့်လည် ကူးခတ်နေတော့သည်။


ထိုအချိန်တွင် လိပ်လေးက လျူယောင်ရဲ့ မက်ဆေ့ချ်ကို ရရှိပြီး ချက်ချင်း အရှိန်လျှော့လိုက်ကာ ဝမ်းသာအားရ ပြောလိုက်သည်- "သခင်၊ ဒီနေရာက မှင်ကန်ထက် ပိုကြီးတယ်၊ ကူးရတာ တကယ်ပျော်စရာပဲ။"

"ဒါ ပင်လယ်ပဲလေ၊ မှင်ကန်ထက်တော့ ပိုကြီးတာပေါ့။ မင်းဘယ်လိုခံစားရလဲ၊ ဒီလိုပင်လယ်ရေပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ရဲ့လား။"


 "ဘာလို့မနေနိုင်ရမှာလဲ " 

ဟု လိပ်လေးက ပြန်ဖြေလိုက်သည်။

"မင်းက တကယ်တော်တယ်!"

လိပ်လေးက ပင်လယ်ပတ်ဝန်းကျင်နှင့်လည်း လိုက်လျောညီထွေဖြစ်အောင် နေနိုင်သည်။


လျူယောင် လည်း စိတ်သက်သာရာရပြီး တဖြည်းဖြည်း ပျော်ရွှင်လာသည်။ ပင်လယ်ရေပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခြင်းမှာ ကောင်းမွန်လှသည်။


ပျော်ရွှင်ခြင်းနေတာကြောင့် သူက အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်ပြီး လိပ်ရဲ့အခြေအနေကို ကျေနပ်စွာ ကြည့်လိုက်သည်။

အမည်: ပြောင်းလဲထားသော လိပ်။

ခွန်အား: ၈၂

သွက်လက်ခြင်း: ၇၁

အလေးချိန်: ၆၅.၅ ကီလိုဂရမ်

ကျွမ်းကျင်မှုများ: အဆင့် ၁ လိပ်ခွံပညာ ၊ အဆင့် ၁ လိပ်အသက်ရှူပညာ ၊ အဆင့် ၁ စူပါအာရုံခံနိုင်စွမ်း


လျူယောင် အံ့သြဝမ်းသာ သွားမိသည်။ လိပ်ရဲ့စွမ်းရည်များမှာ အကြီးအကျယ် တိုးတက်လာခြင်း သို့မဟုတ် ၆၅.၅ ကီလိုဂရမ်အထိ ကြီးထွားလာခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းက  ကျွမ်းကျင်မှု့ အသစ်တစ်ခုကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

အဲ့တာက စူပါအာရုံခံနိုင်စွမ်းဖြစ်သည်။


စူပါအာရုံခံနိုင်စွမ်းက ပင်လယ်ဘယ်လောက် မှောင်မိုက်နေပါစေ၊ ရွှံ့နွံထူထပ်နေပါစေ မီတာ ၁၀၀ ပတ်လည်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။

လိပ်ငယ်ရဲ့ ပျော်ရွှင်သော အသံက   

လျူယောင့် စိတ်ထဲတွင် ပေါ်လာသည်- "သခင်၊ ကျွန်ုတော် ကျွမ်းကျင်မှု့ အသစ်တစ်ခုကို တတ်မြောက်သွားပြီ၊ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားသိနိုင်ပြီ။"


လျူယောင်က 

"ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ ဒါက ပင်လယ်ပဲ၊ မင်း ကိုယ့်ရဲ့ဘေးကင်းရေးကို ဂရုစိုက်ရမယ်၊ အရမ်းဝေးတဲ့နေရာအထိ ကူးမသွားရဘူး။"

လို့ သတိ ပေးလိုက်သည်။


လိပ်မှာ ၆၅.၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မှင်ကန်ထဲတွင်တော့ ဘယ်အရာမှ သူ့ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

ပင်လယ်ထဲတွင်မူ ကွာခြားသည်။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အရာများစွာ ရှိသေးသည်။  ကြီးမားတဲ့ အသားစားငါးမျိုးစုံမှာ သူ့ရဲ့ရှင်သန်မှု့ကို ခြိမ်းခြောက်နိုင်သည်။


"လိပ်လေး၊ ငါတို့ ဒီကစပြီး ပင်လယ်ထဲမှာ အိမ်လုပ်မယ်။ ဘေးကင်းရေးကို ဂရုစိုက်ရမယ့်အပြင် မင်းကို နာမည်ပေးချင်တယ်။"

"ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် နာမည်လိုချင်တယ်။" ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်။


လျူယောင် ခဏစဉ်းစားပြီးနောက် ပြောသည်- "မင်း နောင်တစ်ချိန်မှာ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ သခင် ဖြစ်လာဖို့ ငါမျှော်လင့်တယ်။ မင်းရဲ့နာမည်က 'လိပ်ကြီး' ဖြစ်လိမ့်မယ်။ ဘယ်လိုလဲ။"

"ကျွန်တော် ဒီနာမည်ကို သဘောကျတယ်၊ ဒီနေ့ကစပြီး ကျွန်တော့်ကို "လိပ်ကြီး"လို့ ခေါ်မယ်။"

လိပ်ကြီး ကလေးတစ်ယောက်လို ပျော်ရွှင်နေပြန်သည်။

လိပ်ရဲ့နာမည်အတွက် လျူ ယောင် ပြီးခဲ့တဲ့  နှစ်ရက်ခန့်ကတည်းက စတင်စဉ်းစားခဲ့သည်။ မူလက ရှောင်ဝူ ဟု ခေါ်လိုခဲ့သော်လည်း နဂါးနက်  လေး ဟုလည်း နာမည်ပေးလိုခဲ့သည်။သူလည်း ဘာပေးရမှန်း မသိတာနဲ့လိပ်ကြီး လို့ပဲ ပေးရန် ဆုံးဖြတ်လိုက်သည်။


ဒီနေ့ကစပြီး သူ့ကို လိပ်ကြီးလို့ခေါ်မယ်။ အတတ်နိုင်ဆုံး စောစောပင်လယ်ထဲမှာ အရှင်သခင်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

လူကြီးတစ်ဦးတွင်လည်း စွမ်းရည်များရှိပါက ခွန်အား၊ ကိုယ်ခံစွမ်းအား၊ သွက်လက်ခြင်းလို  စွမ်းရည်များက ပုံမှန်အားဖြင့် ၃၀ မှ ၅၀ အတွင်းရှိပြီး ၅၀ ကျော်နိုင်တဲ့သူများမှာ အားကောင်းသူအဆင့်၊ အလွန်အားကောင်းသူဖြစ်သည်။


လိပ်ကြီးရဲ့ စွမ်းရည်သုံးခုမှာ ၈၂၊ ၇၅၊ နှင့် ၇၁ ဖြစ်ပြီး ပျမ်းမျှ အားကောင်းသူထက် များစွာ သာလွန်သည်။ အထူးတပ်ဖွဲ့ဝင် (သို့) ထိပ်တန်း အားကစားသမားတစ်ဦးသည် ဆင်တူသော စွမ်းရည်များ ရှိတယ်ဟုခန့်မှန်းရသည်။


ဒါက မယုံကြည်နိုင်စရာပဲ၊လိပ်ကြီးနဲ့ စွမ်းရည်တွေ မျှဝေမယ်ဆိုရင် လျူယောင်ဟာ ဒီကမ္ဘာမှာ အချိန်မရွေး ထိပ်ဆုံးလူ ဖြစ်လာပါလိမ့်မယ်။

"စွမ်းရည်မျှဝေခြင်းကို လုပ်ဆောင်ပါ။"

လျူယောင့် ခန္ဓာကိုယ် တစ်ခုလုံးကို အပူစီးကြောင်းတစ်ခု ဝန်းရံထားသလို ခံစားရပြီး ထိုအပူ တဖြည်းဖြည်း လျော့ပါးသွားရန် နှစ်မိနစ် သုံးမိနစ်ခန့် ကြာမြင့်ခဲ့သည်။


"ငါ့  တစ်ကိုယ်လုံး ခွန်အားအပြည့် ဖြစ်နေသလိုပဲ၊ လက်တစ်ချက်နဲ့ နွားတစ်ကောင်ကိုတောင် သတ်နိုင်လောက်တယ်" လျူယောင်က စိတ်ထဲကနေ အော်လိုက်သည်။


ဒီအချိန်မှာ လျူယောင်က သူ့ရဲ့ စိတ်လှုပ်ရှားမှုကို လုံးဝ ထိန်းမထားနိုင်တော့ဘူး၊ စိတ်ငြိမ်သွားဖို့ မိနစ်အနည်းငယ်ကြာခဲ့တယ်။


"လိပ်ကြီး၊ ဘေးကင်းဖို့ သတိထား၊ အရမ်းဝေးတဲ့နေရာ မသွားနဲ့။"

ထပ်သတိပေးပြီးနောက် လျူယောင် ကားထဲဝင်ကာ စိတ်အေးချမ်းသာစွာ ထွက်ခွာလိုက်သည်။

ညဘက် အိပ်ရာမဝင်မီ လျူယောင် လိပ်ကြီးနှင့် ထပ်မံဆက်သွယ်ပြီး အဆင်ပြေလား မေးမြန်းခဲ့သည်။


လိပ်ကြီးမှာ  ပင်လယ်ရေပတ်ဝန်းကျင်နဲ့ လုံးဝ လိုက်လျောညီထွေဖြစ်အောင် နေနိုင်သည်၊ တစ်နေ့နီးပါးရှိပြီဖြစ်ပေမဲ့ မသက်မသာခံစားမှု့ ဘာမှ မရှိပေ။ ထို့အပြင် သူက ယာယီ နေထိုင်ရန်နေရာကိုတောင် ရှာဖွေတွေ့ရှိထားပြီ ဖြစ်သည်။


ဟွာဟိုင်းမြို့မှ ရေမိုင် ၂၀ မှ ၃၀ ခန့်အကွာတွင် လူမနေတဲ့ ကျွန်းငယ်လေးတစ်ခုရှိပြီး ပင်လယ်ရေမျက်နှာပြင်အောက်တွင် ဂူတစ်ခုရှိသည်။ ထိုဂူမှာ လိပ်ကြီးရဲ့ အိမ်အသစ် ဖြစ်လာခဲ့သည်။


နောက်တစ်နေ့။

လျူယောင် ချက်ချင်း မထွက်သေးဘဲ အင်တာနက်ပေါ်တွင် ဟွာဟိုင်းမြို့အနီးမှ ရေပြင်တွင်  နစ်မြုပ်ခဲ့တဲ့ သင်္ဘောပျက်များ ရှိမရှိ စစ်ဆေးခဲ့ပြီး နောက်ထပ်တစ်စင်းကို ရှာရန် စီစဉ်နေခဲ့သည်။


လက်ထဲမှာရှိတဲ့ သန်းအနည်းငယ်က များတယ်ထင်ရပေမဲ့ ကားဝယ်ပြီးနောက် ငါးသန်းလောက်ပဲ ကျန်တော့တယ်။ အိမ်ဝယ်ဖို့ မလုံလောက်ဘူး။ 

အဝေးတစ်နေရာမှာရှိတဲ့ နှစ်ခန်းတွဲတိုက်ခန်းကိုပဲ ဝယ်နိုင်တော့တယ်။ နေရာကောင်းမှာ ကြီးမားတဲ့အိမ်တစ်လုံး ဝယ်ဖို့ဆိုတာ လုံးဝမလုံလောက်ဘူး။


သင်္ဘောပျက်အချက်အလက်များကို ခဏကြာ စစ်ဆေးပြီးနောက် ယာယီအားဖြင့် ရလဒ်မရရှိသေးပေ။ မတော်တဆ ကုတင်အောက်က ဒမ်ဘယ်လ်တစ်စုံကို တွေ့လိုက်ရတဲ့အခါ စိတ်ဝင်စားသွားမိသည်။


ဒါတွေက ငါ ရူးသွပ်စိတ်နဲ့ ဝယ်ထားတဲ့ ၁၀ ကီလိုဂရမ် ဒမ်ဘယ်လ်တစ်စုံပဲ။ အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက်"အရမ်းလေးလွန်းလိုက်တာကွာ "" ငါ  5 ကီလိုဂရမ် ဒမ်ဘယ်လ်တစ်စုံပဲ ဝယ်လိုက်သင့်တာ ""အရင်က အဖြစ်အပျက် ကို သူ သတိရသွားသည်။


သူ့ရဲ့ ကိုယ်ကာယစွမ်းရည်များ အကြီးအကျယ် တိုးတက်လာပြီးနောက် လျူယောင်က ၁၀ ကီလိုဂရမ် ဒမ်ဘယ်လ်တစ်စုံကို စမ်းကြည့်လိုတာကြောင့်  ထုတ်ယူလိုက်ကာသန့်ရှင်းစွာ သုတ်ပြီး လက်တစ်ဖက်စီဖြင့် စတင် လေ့ကျင့်ခန်း လုပ်ခဲ့သည်။

"ဟေး၊ ဘာလို့ ဒီလောက် ပေါ့နေတာလဲ"

"တစ်ခုခု မှားနေပုံရတယ် "


လျူယောင် ရပ်ပြီး ဒမ်ဘယ်လ်တစ်စုံကို သေချာကြည့်လိုက်သည်။ အပေါ်တွင် 10KG ဟူသော စာသားကို မြင်တဲ့အခါမှ ဒမ်ဘယ်လ်မှာ မမှားဘဲ၊ သူ့ ကိုယ်ကာယစွမ်းရည်များ တိုးတက်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

 “တစ် နှစ် သုံး”


လျူယောင် တစ်လှည့်စီ လေ့ကျင့်ခန်း စတင်လုပ်ဆောင်လိုက်သည်။ အကြိမ် ဒါဇင်များစွာ လုပ်ဆောင်ပြီးနောက်တွင်ပင် မပင်ပန်းသေးဘဲ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"အရမ်းတော်တဲ့ငါပါ့လား "

အရင်ကဆိုရင် အကြိမ် ၂၀၊ ၃၀ လောက် လေ့ကျင့်ပြီးရင် မခံနိုင်တော့ဘူး၊ ဆက်ပြီး မလုပ်နိုင်တော့ဘူးလို့ ပြောခဲ့တယ်။ အခုတော့ အကြိမ် ဒါဇင်များစွာ လုပ်ခဲ့ပြီးပြီ၊ အရင်လို မောပန်းတဲ့ ခံစားမှုမျိုး မရှိတော့ဘူး။


အကြိမ်နှစ်ရာပြည့်အောင် လေ့ကျင့်ပြီးနောက်မှသာ ခံစားမှုတစ်ခု ရရှိခဲ့သည်။ ကန့်သတ်ချက်က ဘယ်မှာလဲ၊ အကြိမ်သုံးရာလား၊ လေးရာလား၊ လျူယောင် စစ်ဆေးတော့မည် မဟုတ်ပါ။


ဒမ်ဘယ်လ်များကို ချပြီး ဆွဲ တင် လေ့ကျင့်ခန်း ဒါဇင်အနည်းငယ် ထပ်လုပ်ခဲ့သည်။


ဒီအချိန်မှာ "ငါ က ရှပ်အင်္ကျီဝတ်ထားတဲ့ စူပါမင်းတစ်ယောက်လိုပဲ" ဆိုတဲ့ ခံစားချက်မျိုး ခံစားနေရတယ်ကွာ " ဟု လျူယောင် ရေရွတ်လိုက်သည်။