Chapter : 55 ( မီး မိန်းကလေး [30] )
Viewers 3k

Chapter : 55 ( မီး မိန်းကလေး [30] )


ဟိုင်ရိ ချက်ချင်းဆိုသလို အိပ်ရာပေါ်ကနေ ခုန်ထလိုက်သည်။ ဓားကိုတစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် ရှန့်ချန့်ယန်က ခုန်ဝင်လာသည့် အနက်ရောင်ပုံရိပ်ဆီ တိုက်ရိုက်ပစ်လိုက်ပြီး သူ၏အားမှာ တိုင်းတာလို့မရအောင်ပင်။ ထိုအခိုက်အတန့်တွင် ရှန့်ချန့်ယန်ပြသလိုက်သည့် ပေါက်ကွဲအားကြောင့် ဟိုင်ရိ တုန်လှုပ်သွားတယ်။

ဒါက သတ်ဖို့ရည်ရွယ်တဲ့အင်အားပဲ...

ရှန့်ချန့်ယန်က သေဆုံးသူ၏ ရွှံ့နွံလိုနက်မှောင်သည့်လည်ပင်းကို တစ်ချက်ဝေ့ယမ်းပြီး ထိုးလိုက်ရာ အတွင်းဘက်မှ လတ်ဆတ်သောသွေးနီရောင်အသားများကို ဖော်ထုတ်လိုက်သည်။ ဓားက အရိုးများကြားမှ အလိုလို ကပ်နေ၏။ ရှန့်ချန့်ယန်က ဓားကို အတင်းဆွဲထုတ်ပြီး ပြန်ထိုးချလိုက်ပြန်သည်။

သေဆုံးသူ၏ ပါးစပ်က ဟိုက်ခနဲ ပွင့်သွားပြီး လက်နှစ်ဖက်က ရှန့်ချန့်ယန်၏လည်ပင်းကို ဆုပ်ကိုင်လိုက်ရင်း ဟစ်အော်သံတစ်ခု ထွက်လာ၏။

မျက်နှာ၌ အမူအရာမရှိဘဲ ရှန့်ချန့်ယန်သည် ဓားကို သူမ၏လက်မောင်းကို တိတိကျကျပစ်မှတ်ထားပြီး အောက်သို့ဝှေ့ယမ်းကာ အရိုးထဲသို့ရောက်အောင် ခုတ်လိုက်သည်။ လက်မောင်းက ပြတ်မသွားပေ။ ရှန့်ချန့်ယန်သည် ထိုလုပ်ရပ်အတိုင်း ထပ်လုပ်ပြန်၏။

ဟိုင်ရိ တုန်လှုပ်သွားသည်။

သူသည် သတ်ခြင်းနှင့် တိုက်ခိုက်ခြင်း မတူဘူးဟု ကြားဖူးလေသည်။ သတ်နိုင်စွမ်းရှိခြင်းဟာ သတ်တတ်တာနှင့် မတူညီ။ တကယ် အသက်ရှင် သေရေးအခြေအနေတွင် ကိုယ်ခံပညာသင်ထားသူတစ်ယောက်သည် ဟင်းသီးဟင်းရွက်ဓားကို ကိုင်ထားသည့် သားသတ်သမားတစ်ယောက်ကို မနိုင်ချေ။

ထိုသို့ သွေးထွက်သံယို၊ အေးစက်စက် မြင်ကွင်းမျိုးကို ဟိုင်ရိ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။ ရှန့်ချန့်ယန်က ဟင်းသီးဟင်းရွက်ဓားကို ကိုင်ထားပုံက လုံးဝလမ်းမရှိတော့သည့် သားသတ်သမားတစ်ယောက်လိုပင်။ သူ့ပတ်ဝန်းကျင်ကလေထုသည် ကမ္ဘာကြီးတစ်ခုလုံးကို ရင်ဆိုင်နေရသလိုမျိုး။

နောက်သို့ပင် လှည့်မကြည့်ဘဲ ရှန့်ချန့်ယန်က တစ်ဖန်ထပ်မံအော်လိုက်သည်။

''မျက်လုံးမှိတ်ထား!''

ဟိုင်ရိက မသိစိတ်ကပင် မျက်လုံးများကိုမှိတ်လိုက်၏။

ချက်ချင်းဆိုသလိုပင် စင်္ကြန်တစ်လျှောက် ခြေသံပေါင်းများစွာကို သူကြားလိုက်ရသည်။ ထို့နောက် ဓားက အရိုးထဲသို့ စိုက်ဝင်သွားသံ၊ ရှန့်ချန့်ယန်၏ပြင်းရှူသံနှင့် သေဆုံးသူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ဟိုင်ရိက ဒီည သေဆုံးသူတစ်ယောက်တည်းမဟုတ်ဘူးဆိုသည်ကို ခံစားမိလိုက်သည်။ အတော်များများ ရှိပုံရသည်။ ဒီအခြေအနေမှာ အသင့်ပြင်ထားသော NPC အားလုံး ရောက်လာကြပုံရသည်။

ဟိုင်ရိ၏လက်များ တုန်ရီနေ၏။ သူ၏အေးစက်နေသော လက်ဖဝါးများပေါ်တွင် ချွေးအေးများပြည့်နေပြီး သူ့ဆံပင်များ ထောင်ထလာသည်။ လေတစ်ချက်ဝှေ့လာပြီး သူ့မျက်နှာကို ရုတ်တရက် ရိုက်ခတ်လိုက်သည်၊ ထို့နောက် နောက်ဘက်မှ ဟစ်အော်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။ သူလှည့်ကြည့်လိုက်ရာ ပြတင်းပေါက်ဘေးမှ ဟင်းသီးဟင်းရွက်လှီးဓားဖြင့် သေသည်အထိ အထိုးခံထားရသူတစ်ဦးကို မြင်လိုက်ရသည်။ သွေးများက သူတို့၏လည်ပင်းမှ စီးဆင်းနေဆဲဖြစ်၏။

ရှန့်ချန့်ယန်က အေးအေးဆေးဆေးလျှောက်လာပြီး ဓားကို ဆွဲထုတ်လိုက်သည်။ သွေးများပေကျံနေသောလက်ဖြင့် ဓားပေါ်မှသွေးများကို ပေါ့ပေါ့ပါးပါးခါချပြီး ထိုလူကို ဘေးသို့ကန်လိုက်၏။

ထို့နောက် သူက အပေါ်သို့မော့ကြည့်ကာ မျက်နှာကျက်ထောင့်တစ်နေရာကို စကားပြောလိုက်သည်။

''ထွက်လာခဲ့၊ ငါတို့စကားပြောလို့ရအောင်''

အခန်းထဲတွင် တိတ်ဆိတ်မှုကြီး စိုးမိုးနေသည်။ ဟိုင်ရိက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဂျက်အနက်ရောင် ရုပ်အလောင်း ငါးလောင်းမှ ခြောက်လောင်းကို ကြည့်လိုက်၏။

ခဏအကြာတွင် အခန်း၏ မည်သည့်ထောင့်မှန်းမသိသောနေရာမှ အသံချဲ့စက်သံ ထွက်ပေါ်လာသည်။

"မင်းတို့ရှုပ်ပွအောင်လုပ်ထားတာ ငါဘာလုပ်ရမှာလဲ"

ရှန့်ချန့်ယန် : ''ထွက်လာခဲ့၊ ငါတို့စကားပြောလို့ရအောင်''

နောက်တစ်ဖက်တွင် အသံမကြားရတော့ချေ။ ရှန့်ချန့်ယန်သည် သူ၏လက်များကို လှုပ်ရှားလိုက်သည်။

သွေးပေကျံနေသော သူ့ကိုယ်နှင့် အိပ်ရာပေါ်တွင် ထိုင်နေချင်စိတ်မရှိသောကြောင့် ဟိုင်ရိကိုပင် မကြည့်ဘဲ ရိုးရိုးလေးရပ်နေလိုက်၏။

ဟိုင်ရိ : ''ဒါတွေက... အားလုံးလူတွေလား"

ရှန့်ချန့်ယန် : '' 'လူ' ဆိုတာကို ခင်ဗျားဘယ်လိုသတ်မှတ်လဲဆိုတာပေါ်မူတည်တယ်''

''ကိုယ့်ကိုယ်ကိုသိတဲ့သူလား''

ရှန့်ချန့်ယန် : ''မသေချာဘူး၊ သူတို့မှာ ကိုယ့်ကိုယ်ကိုသိစိတ်မရှိသင့်ဘူး"

ဟိုင်ရိသည် နည်းနည်းတော့ စိတ်သက်သာရာရသွားသည်။ ရှန့်ချန့်ယန်က လိမ်မှာမဟုတ်ဘူးဆိုတာ သူသိ၏။

ဟိုင်ရိက အနည်းငယ်စိတ်ပျံ့လွင့်နေသည်။ မနေ့ညက ထိတ်လန့်စရာကောင်းခဲ့ပြီး ထိုညကတော့ တုန်လှုပ်စရာကောင်း၏။

အကြမ်းဖျင်းအားဖြင့် ငါးမိနစ်မပြည့်မီ စင်္ကြန်တွင် အလွန်ပေါ့ပါးသောခြေသံများ ထွက်ပေါ်လာသည်။ မှောင်မိုက်သောအရိပ်တစ်ခုက တံခါးမှ သူတို့ဆီ ချဉ်းကပ်လာ၏။ ဟိုင်ရိက တံခါးဝရှိပုံရိပ်ကို စိုက်ကြည့်နေစဉ် ဦးထုပ်ချွန်ချွန်ဆောင်းထားပြီး အနက်ရောင်တီရှပ်နှင့် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ဦးသည် တံခါးနားတွင် သူ့နေရာမှ လှည့်လာသည်ကို မြင်လိုက်ရသည်။

ထိုလူသည် တံခါးကို ပေါ့ပေါ့ပါးပါးမှီကာ ရပ်လိုက်၏။

''ရှန့်ချန့်ယန်၊ မင်းငါ့ကို အရမ်းဒုက္ခပေးနေတာပဲ၊ မွေးထားတဲ့ NPC တွေအားလုံး သေကုန်ပြီ''

ရှန့်ချန့်ယန် : ''မင်းဒီရလဒ်ကို မမှန်းဆနိုင်ခဲ့ဘူးလား''

''ငါမှန်းဆနိုင်ခဲ့ရင်တောင် လာရမှာပဲ''

ထိုလူက ပြန်ဖြေသည်။

''ငါမလာရင် ငါ့တာဝန်မကျေတာ မဟုတ်ဘူးလား"

ဟိုင်ရိက နှုတ်ဆက်လိုက်သည်။

''...နိဟောင်?''

“နိဟောင်!'' 

ထိုလူသည် ဟိုင်ရိကို မြင်လိုက်ပုံရပြီး နှုတ်ဆက်သောအနေဖြင့် လက်လှမ်းပြလိုက်သည်။

''နိဟောင် ကောင်ချောလေး... ရှန့်ချန့်ယန်ကြောင့် မင်းကြောက်သွားတာလား၊ မင်းအဆင်ပြေလား"

ဟိုင်ရိ၏ပါးစပ်ထောင့်စွန်းက တွန့်ခနဲဖြစ်သွား၏။

'မင်းကြောင့်မဟုတ်ဘူးလား'

ဟိုင်ရိက စိတ်ထဲကနေတွေးလိုက်သည်။

ထိုလူသည် တွန့်ခနဲဖြစ်နေဆဲဖြစ်သော ရုပ်အလောင်းများကိုပတ်၍ လမ်းလျှောက်ဝင်လာသည်။

''ဘာလုပ်ရမလဲ မင်းစည်းကမ်းချိုးဖောက်တာကို ငါဘယ်လိုကိုင်တွယ်ရမလဲ''

ရှန့်ချန့်ယန်က ဓားကို ဘေးချလိုက်၏။

''မင်းရဲ့ခေါင်းဆောင်ကိုခေါ်လိုက်"

ထိုလူက အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။

''ည ၈:၃၀ ရှိပြီ၊ သူတို့အလုပ်ဆင်းနေကြပြီ၊ ဒါသိပ်မကောင်းဘူးမလား"

ရှန့်ချန့်ယန်က အေးစက်စက်ပြောလိုက်၏။

"ဒါဆို ဒီစကားကို မနက်ဖြန်ဆက်ပြောလို့ရတာပေါ့''

ထိုလူ : ''ငါတကယ်နားမလည်ဘူး.. မင်းငါ့ကို အမြင်မကြည်တာလား၊ ဒါကြောင့် ငါ့အခြေအနေတိုင်းမှာ ပြဿနာတွေဖန်တီးနေတာလား..ငါ့ရဲ့အတိတ်ဘဝမှာ မင်းမိသားစုတစ်ခုလုံးကို မဖျက်ဆီးခဲ့ဘူးမလား..မင်းနဲ့ပြီးခဲ့တဲ့တစ်ခါက ကိစ္စကိုတောင် ငါမရှင်းရသေးဘူး"

ရှန့်ချန့်ယန်: ''မင်းက အမြဲတမ်း ပြဿနာကို ကိုယ့်ဘာသာကိုယ် ဖန်တီးနေတာ"

ထိုလူ : ''ဘာ...ဒီတစ်ခါလည်း ငါ့အမှားလား"

ရှန့်ချန့်ယန်က အေးအေးဆေးဆေး ပြန်ဖြေသည်။

''ဒီနေ့ ဟိုင်ရိကို သတ်ဖို့ လူသတ်သမားကို ဆွဲဆောင်ခဲ့တာ မင်းမဟုတ်ဘူးလား"

'' 'ဓားနောက်လိုက်ခြင်း' သဘောတရားလေ'’

ရှန့်ချန့်ယန်က ပြောလိုက်သည်။

“မင်း အဲဒါကို လူသတ်သမားကို ရှင်းပြခဲ့တာမလား”

ထိုလူ : ''ငါဘာလို့ အဲလိုပြောရမှာလဲ၊ ငါက ရူးနေတာလား၊ ဒါမှမဟုတ် မင်းက ရူးနေတာလား"

ရှန့်ချန့်ယန် : ''ငါတို့နှစ်ယောက်လုံး စိတ်ပိုင်းဆိုင်ရာ အခြေအနေမကောင်းဘူး မဟုတ်ဘူးလား"

ထိုလူက ရယ်မောလိုက်သည်။ သူလည်ပင်းကိုဖြောင့်လိုက်ပြီး ရှန့်ချန့်ယန်ကို မှင်သက်စွာ ငေးကြည့်နေ၏။

''အာ...''

ထိုလူက လျှောက်လာသည်။

''ငါမင်းကို ဖြေရှင်းပေးမယ်၊ မင်းကိုကြည့်ပါဦး၊ သွေးတွေပေကျံလို့....ဘယ်လောက်တောင် ကြမ်းတမ်းလိုက်လဲ...သုတ်လိုက်ဦး''

ထိုသို့ပြောရင်း သူသည် ရှန့်ချန့်ယန်၏မျက်နှာတွင် လိမ်းကျံနေသောသွေးစွန်းများကို သုတ်ရန် လက်လှမ်းလိုက်သည်။ ရှန့်ချန့်ယန်က သူ့ကိုရှောင်တိမ်းရန် ခေါင်းစောင်းလိုက်ပြီး အေးစက်သောမျက်လုံးဖြင့် ထိုးဖောက်ကြည့်လိုက်၏။

ထိုလူသည် ခေါင်းစောင်းပြီး ဟိုင်ရိကိုကြည့်လိုက်သည်။ ဟိုင်ရိအတွက် ထိုလူ၏ပုံစံကို ရှင်းရှင်းလင်းလင်းမြင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူသည် ပထမတစ်ချက်ကြည့်လိုက်သည်နှင့် ထိတ်လန့်စရာကောင်းနေပုံရသည်။

သူ၏မျက်လုံးအကြည့်သည် ပုံမှန်လူတစ်ယောက်နှင့် ဘယ်လိုမှမတူပေ။ သူပြုံးနေသော်လည်း ထိတ်လန့်တုန်လှုပ်မှုများသာ ပေးသည်။

ရှန့်ချန့်ယန်က အေးစက်သောလေသံဖြင့် သတိပေးလိုက်သည်။

''ပြဿနာမရှာနဲ့တော့"

ထိုလူက ပြုံးလိုက်၏။

''ဝိုး၊ မင်းငါ့ကို သေလောက်အောင်ခြောက်လှန့်နေတာပဲ၊ ဒါငါနဲ့မဆိုင်ဘူးလို့ ငါအရင်ကတည်းက ပြောပြီးပြီလေ"

ဟိုင်ရိက ရှန့်ချန့်ယန်၏ ကျောဘက်မှ လက်က အနည်းငယ်တုန်နေသည်ကို သတိပြုမိလိုက်သည်။

သူ(ရှန့်ချန့်ယန်)က ဒေါသတကြီး ပြောလိုက်သည်။

"ထွက်သွား"

ထိုလူက ပုခုံးတွန့်ပြလိုက်သည်။ လျစ်လျူရှုသောပုံစံဖြင့် ခေါင်းကိုငုံ့ကာ မသေသေးသော NPC များကို ခြေထောက်ဖြင့်ကန်ပြီး ဟင်းသီးဟင်းရွက်ဓားကို ကောက်ယူကာ သူတို့ခေါင်းများကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည်။

ဟိုင်ရိ : ...

ထိုလူသည် ဂရုစိုက်ပုံမရပေ။

တုန်လှုပ်နေဆဲဖြစ်သော သေဆုံးသူများကို ဂရုမစိုက်ဘဲ ခြေထောက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်သွားရာ ကြမ်းပြင်နှင့် ပွတ်တိုက်သော ဆူညံသံများ ထွက်ပေါ်လာသည်။

အရာအားလုံးပြီးစီးသွားသောအခါ ထိုလူပြန်လာသည်။ သူလက်ခုပ်တီးပြီး ပြောလိုက်၏။

''မင်းဗိုက်ဆာနေပြီလား၊ ဒီအကြောင်းဆွေးနွေးရအောင်လား"

ရှန့်ချန့်ယန်သည် ခဏမျှတိတ်ဆိတ်နေပြီး ပြန်မဖြေပါ။ သူထိုလူကို ကြည့်နေသောမျက်လုံးများက အေးစက်နေသည်။

ထိုလူက သူ့ကိုပြုံးပြပြီး ပခုံးကိုပုတ်ကာ အနည်းငယ်စောင်းနေသော သူ၏ ညအိပ်ဝတ်စုံများကို ပြင်လိုက်၏။ ထို့နောက် သူက ရှန့်ချန့်ယန်၏နားနား ကပ်၍ တိုးတိုးလေးပြောလိုက်သည်။

''ငါမင်းကိုစောင့်နေမယ်''

သူ ရှန့်ချန့်ယန်ကို စကားပြောနေစဉ် ဟိုင်ရိကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူလှည့်ပင်မကြည့်ဘဲ ထွက်သွား၏။

ရှန့်ချန့်ယန် လှည့်လာပြီး ဟိုင်ရိကို ပြောလိုက်သည်။

''ခင်ဗျားအခန်းကိုပြန်ပြီး အိပ်တော့"

သူသည် အခု ပိုဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုများသာ မြင်ရပြီး သူ့တစ်ကိုယ်လုံးသည် အနက်ရှိုင်းဆုံးသောနေရာသို့ ထပ်မံကျရောက်သွားပုံရပြီး မည်သည့်သက်သာရာရမှုမှ မရှိတော့ပေ။

ဟိုင်ရိက နှစ်လှမ်းလျှောက်လာပြီး သူ့အမူအရာကို စစ်ဆေးကြည့်လိုက်၏။ သူ ရှန့်ချန့်ယန်၏လက်ကို ကိုင်လိုက်သည်။ ၎င်းက တုန်ရီနေဆဲဖြစ်သည်။

ဟိုင်ရိ: ''ဘာလို့ အမြဲတမ်း တုန်နေတာလဲ"

ရှန့်ချန့်ယန် : ''ပြောရမှာရှုပ်ထွေးတယ်… စိုးရိမ်စရာမလိုဘူး၊ ခဏနေရင် ကောင်းသွားလိမ့်မယ်"

ဟိုင်ရိက စုံစမ်းမေးမြန်းလိုက်သည်။

''အဲဒါဘယ်သူလဲ''

ရှန့်ချန့်ယန်က အသက်ပြင်းပြင်းရှူလိုက်သည်။

''လုပ်ဖော်ကိုင်ဖက်၊ သူ့ကိုလျစ်လျူရှုလိုက်ပါ"

သူ့ဖုန်းနှင့် ဘက်ထရီအားသွင်းကြိုး ကိုယူလိုက်သည်။

''သွားကြစို့''

သူ၏ စိတ်မရှည်မှုကို သိလိုက်ရသည့်အခါ ဟိုင်ရိ ဆက်မမေးတော့ဘဲ နှစ်ယောက်သား ဟိုင်ရိရဲ့ အခန်းကို ပြန်လာကြသည်။ ဟိုင်ရိ ရှန့်ချန့်ယန်၏ လက်ကို ဆက်ကိုင်ထားဆဲဖြစ်ပြီး အဆက်မပြတ် တုန်ယင်နေသည်ကို ခံစားမိ၏။ သူ၏ အာရုံကြောများကို မထိန်းချုပ်နိုင်သည့်အလား ဖြစ်နေသည်။ ဟိုင်ရိက အနည်းငယ် စိုးရိမ်မိ၏။

ဟိုင်ရိက ရှန့်ချန့်ယန်ကို စစ်ဆေးရင်း ဆံပင်ဝါထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

ဟိုင်ရိ : [ သူ တုန်နေတုန်းပဲ ]

ဆံပင်ဝါက ချက်ချင်းပြန်ဖြေသည်။

"[ ဒါ စိတ်ဖိစီးတာ၊ ဘာဖြစ်ခဲ့တာလဲ ]

ဟိုင်ရိ : [ ငါ ဘာလုပ်ရမလဲ ]

ဆံပင်ဝါ : [ ပုံမှန်ဆိုရင်တော့ သူ့ကို စိတ်တည်ငြိမ်ဖို့ နေရာပေးလိုက်တယ်၊ စိတ်မကောင်းဖြစ်နေရင် သူက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ထင်တယ် ]

ဆံပင်ဝါ : [ သူ့ကို ခဏလေး တစ်ယောက်တည်း ထားလိုက်ပါ… ညဘက်ကျမှ သွားလိုက်.. .ချွန်ထက်တဲ့ပစ္စည်းတွေ အကုန်သိမ်းထား၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ခိုင်းမထားနဲ့ ]

ဟိုင်ရိသည် ထိုစကားများကို ဖတ်ပြီးနောက် ငိုချင်စိတ်ပေါက်လာသည်။ ရှန့်ချန့်ယန်က အိပ်ရာပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး အသံတစ်ချက်ပင် မကြားရပေ။

ဟိုင်ရိက ညင်သာစွာ မေးလိုက်၏။

"ငါ ထွက်သွားရမလား"

ရှန့်ချန့်ယန်ထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ ခဏအကြာမှသာ သူ့မျက်လုံးများက ဟိုင်ရိထံသို့ လှည့်လာ၏။

သူ၏ အကြည့်ကလည်း တိတ်ဆိတ်နေသည်။ သူ၏ အကြည့်က ဘာကိုဆိုလိုမှန်း မသိဘဲ ဟိုင်ရိက မေးလိုက်၏။

ဟိုင်ရိ : [ မင်း ငါ့ကို လိုလား ]

ရှန့်ချန့်ယန်က ဘာမှမပြောဘဲ သူ၏လက်ကို ပြန်ရုတ်လိုက်သည်။

ဟိုင်ရိ၏ လက်များမှာ ယခု ဗလာဖြစ်နေသည်။ ခဏတာ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။

ဟိုင်ရိ : [ ငါ ခဏလောက် အပြင်ထွက်နေလိုက်မယ်၊ မင်း တစ်ခုခုလိုအပ်ရင် ငါ့ကိုခေါ်လိုက်နော် ]

ဟိုင်ရိသည် ည ၁၁ နာရီကျော်သည်အထိ အပြင်တွင် ဖုန်းနှင့် ဆော့နေသည်။ ဆံပင်ဝါထံမှ မက်ဆေ့ချ်များ တစ်စုံပြီးတစ်စုံ ဝင်လာပြီး အခြေအနေကို မေးမြန်းနေ၏။ တစ်နာရီကြာပြီးနောက် ဟိုင်ရိ ပြန်ဝင်လာသည်။ ရှန့်ချန့်ယန်က မအိပ်သေးဘဲ ဖုန်းကိုကြည့်ကာ သတင်းများ ဖတ်နေ၏။

ဟိုင်ရိက လျှောက်လာသည်။

ဟိုင်ရိ : “သတင်းတစ်ခုခု ရှိလို့လား"

ရှန့်ချန့်ယန် : "မရှိဘူး"

ဟိုင်ရိ : "ဘာများပြောချင်တာ ရှိသေးလဲ"

ရှန့်ချန့်ယန် : "မရှိဘူး"

ဟိုင်ရိကသာ မေးနိုင်တော့သည်။

ဟိုင်ရိ : "သကြားလုံးလိုချင်လား၊ ငါ ခဏထွက်ပြီး ရှာပေးမယ်"

ရှန့်ချန့်ယန်က သူ့လက်ကို ဆွဲကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

ရှန့်ချန့်ယန် : "အိပ်တော့"

ဟိုင်ရိ : "မင်းကို အချိန်ပိုပေးဖို့ မလိုဘူးလား"

ရှန့်ချန့်ယန် : "မလိုဘူး"

🌟🌟🌟