Chapter - 11 : သင်တန်သားအသစ် ( 2 )
Viewers 1k

Chapter - 11 : သင်တန်သားအသစ် ( 2 )

နောက်တစ်နေ့တွင် လုရွှိသည် ကတိအတိုင်း ယောင့်ကွိုင်းကုမ္ပဏီသို့ စောစီးစွာ သတင်းပို့ လိုက်သည်။

သူသည် ယခုအခါ ယောင့်ကွိုင်းကုမ္ပဏီ လက်အောက်ရှိ တရားဝင် ဖျော်ဖြေရေးသမားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သဘာဝအားဖြင့် သူ့အား ပေးအပ်သော ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူးများ သည် အတော်လေး များပြားပေသည်။

သူ ဝင်ရောက်လာသည်နှင့် ဧည့်ကြိုမှာ သူ့အား စိတ်အားထက်သန်စွာ ကြိုဆိုလေသည်။ သူ(မ)သည် သူ့အား အဝတ်လဲခန်းသို့ ခေါ်သွားပြီး မမေ့မလျော့စွာ အားပေးစကားများပင် ပြောလိုက်သေးသည်။

“စိတ်မပူပါနဲ့ မစ္စတာ လု… ပြိုင်ပွဲအတွင်းမှာ ရှင့်အတွက် ကုမ္ပဏီတစ်ခုလုံးက မဲပေးလိမ့်မယ်၊ ကျွန်မတို့ ရှင့်ကို ပွဲထွက်ရအောင်လုပ်ပေးမှာ!”

လုရွှိသည် သူ(မ)၏ ကြင်နာမှုအား လက်ခံပြီး ပြန်ပြုံးပြရန် ခေါင်းအားစောင်းလိုက်သည်။

“ဒါဆို ကျွန်တော် အလှလေးကျယ်ကျဲကို ကြိုပြီးကျေးဇူးတင်ပါတယ်”

ထိုသူ၏ မျက်လုံးများသည် ကြည်လင်ပြတ်သားပြီး လူငယ်ဘဝ၏ အထူးတောက်ပမှုအား ဆောင်ယူထားသည်။ သူသည် ရုပ်ရည်ကောင်းပြီးသား ဖြစ်၏။ သူ ပြုံးလိုက်သည်နှင့် ရေကန်အား ဖြတ်တိုက်လာသော နွေဦးလေညှင်းကဲ့သို့ ပို၍ပင် ပေါ်လွင်နေသည်။ ဧည့်ကြိုလေး၏ နှလုံးသားမှာ ကျယ်လောင်စွာ ခုန်မင်သွားရတော့သည်။

ဝိုး… ဒီလောက် ခန့်ညားတဲ့ လူသားမောင်လေးက ငါ့ကို အလှလေးကျယ်ကျဲလို့ ခေါ်လိုက်တယ်!

သူ(မ)သည် သူ့အား အဝတ်လဲခန်းသို့ ပို့ဆောင်ပြီးနောက် ဧည့်ကြိုသည် ချက်ချင်းပင် ထိုသတင်းအား Status Update အဖြစ် တင်လိုက်သည်။

[ ရှေ့စားပွဲ အချစ်လေး : ကတိပေးပါ၊ ရွှိရွှိ ပြိုင်ပွဲမှာ ပါတဲ့အခါ သူ့အတွက် အားလုံး မဲပေးကြမှာလား ]

[ သန့်ရှင်းရေးမှူး လောင်ရှီး : ခဏလေး၊ ရွှိရွှိလို့ နင်ပြောနေတာက… လူသား အနုပညာရှင် လား ]

[ အတွင်းရေးမှူး ကျန်း : @ရှေ့စားပွဲကအချစ်လေး နင် ငါ့ရဲ့ ရွှိကို ရွေးရမယ်! ဒီ အမျိုးသားနတ်ဘုရား ပွဲထွက်သေချာစေဖို့အတွက် အချိန်တန်ရင် အားလုံးအတူတူ မဲပေးဖို့ ငါ စီစဥ်ပေးမယ်! ]

[ ရှေ့စားပွဲ အချစ်လေး : @အတွင်းရေးမှူး ကျန်း အားပေးကောင်းတဲ့ ညီအစ်မတွေပါပဲ… winkeu~ ]

(Note: winkeu~ - ချစ်စရာအမူအရာလေးတွေနဲ့ မျက်စိမှိတ်ပြလိုက်သလိုကို ပြောတာပါ)

[ ဖက်ရှင်ပညာရှင် ဟွားလောင်ရှီး : နင်တို့တွေကို ငါပြောပြမယ်၊ လုရွှိက တကယ်ကိုခန့်တယ်… သူ့မှာ နတ်ဆိုးအနံ့ လုံးဝ မရှိလို့သာပေါ့… မဟုတ်ရင် သူ တကယ် လူသားဟုတ်၊ မဟုတ် ငါ သံသယဖြစ်မိမှာ ]

~~~~

လုရွှိအား အဝတ်လဲခန်းထဲသို့ တွန်းပို့ကာ အဝတ်လဲခိုင်းနေစဥ် သူ၏ လိပ်ပြာဝိညာဥ် ဖက်ရှင်ပညာရှင်သည် သူ(မ)၏ဖုန်းအား ကိုင်လျက် မက်ေဆ့ချ်အသစ်များ ပို့နေလိုက်သည်။

လိပ်ပြာတစ်ဦးအနေဖြင့် စတိုင်လစ်ဟွားသည် အရောင်အပေါ် ထူးခြားသော အာရုံခံစားမှုရှိပြီး နိုင်ငံတကာ ဖက်ရှင်လောကတွင် လူသိများလေသည်။

စတိုင်လစ်ဟွားသည် ယခင်က အနုပညာရှင်များစွာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော်လည်း သူ(မ) အံ့အားသင့်စရာ တွေ့ရှိခဲ့ရသော လူသား နှစ်ဦးသာ ရှိသည်။

တစ်ဦးမှာ ရုပ်ရှင်ဧကရာဇ် ကျိရှိုးနျန်ဖြစ်ပြီး အခြားတစ်ဦးမှာ လုရွှိပင် ဖြစ်သည်။

သူဌေး ပိုင်၏ စွမ်းရည်များသည် အကန့်အသတ်မရှိပေ။ သူ၏ အမြင်အာရုံသည် ပထမတန်းစား ဖြစ်လေသည်။

သူ(မ) ကိုယ့်ဘာသာကိုယ် စဉ်းစားနေစဥ် လုရွှိသည် အဝတ်လဲပြီး ထွက်လာလေသည်။

G-brand မှ အပြာနှင့် အဖြူစပ်ထားသော တီရှပ်အသစ်မှာ အရောင်ဖျော့သည့် အားကစားဘောင်းဘီအတို၊ အားကစားဖိနပ်များနှင့် တွဲဖက်လိုက်သောအခါ လန်းဆန်းသော ကောလိပ်ကျောင်းသား အငွေ့အသက်အား အမှန်တကယ်ပင် ပေးစွမ်းနေသည်။ 

သူ၏ဆံပင်အား အနည်းငယ် လှိုင်းတွန့် ပြီး ဆံပင်ဖြန်းဆေးဖြင့် နေရာချထားသဖြင့် သူ၏ ကြည်လင်သော နဖူး အားပေါ်လွင်စေ၏။ ထို ကြည်လင်သော မျက်လုံးများသည် ပို၍ပင် အဓိပ္ပာယ်ဖော်ပြနိုင်ပုံရလေသည်။ လုရွှိ၏ ထူးခြားသော ဆွဲဆောင်မှုအပြင် ၎င်းသည် မန်ဟွာထဲမှ တည့်တည့်လျှောက်ထွက်လာသော ကျောင်းဝင်းပုံစံပင် ဖြစ်သည်။

“ပြီးပြည့်စုံတယ်!”

စတိုင်လစ်ဟွားသည် သူ(မ)၏ဖုန်းအား မထုတ်၍ မနေနိုင်တော့ဘဲ လုရွှိအား အရှေ့မှနေ၍ ဓာတ်ပုံများ ရိုက်လိုက်သည်။

ကြည့်လေလေ ပိုကျေနပ်လေလေ ဖြစ်လာ၏။

“မစ္စတာ လု၊ ရှင်နဲ့ ဓာတ်ပုံတွဲရိုက်လို့ရမလား”

“ရတာပေါ့”

လုရွှိသည် အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ အရပ်အမောင်းသည် အတော်လေး နိမ့်သည်ကို မြင်သောအခါ သူတို့နှစ်ဦးစလုံး ကင်မရာထဲ၌ ပါဝင်နိုင်ရန် သူ၏ ဒူးခေါင်းများအား ကွေးလိုက်သည်။

ပိုင်ဇယ်သည် သူ့အား လာခေါ်ရန် တံခါးဖွင့်လိုက်သောအခါ စတိုင်လစ်ဟွားမှာ သူ(မ)၏ဖုန်းပေါ်ရှိ ဓာတ်ပုံများအား နှစ်သက်စွာ ကြည့်ရှုနေခဲ့သည်။ သူ(မ)၏ သူဌေးအား မြင်သောအခါ သူ(မ)၏ ပထမဆုံး တုံ့ပြန်မှုမှာ မေးမြန်းခြင်းပင် ဖြစ်သည်။

“ဒါရိုက်တာ ပိုင်၊ ကျွန်မ လုရွှိနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Weibo ပေါ်မှာ တင်လို့ရမလား”

ပိုင်ဇယ်သည် ယနေ့ လုရွှိ၏ ဖက်ရှင်ပုံစံအား အလွန် ကျေနပ်နေပြီး သူသည် မည်သည့် ကန့်ကွက်မှုမှ မရှိသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။

“တင်လိုက်ပါ”

တာဝန်သိသော မန်နေဂျာတစ်ဦးအနေဖြင့် ပိုင်ဇယ်သည် ရှိုးအတွက် လုရွှိ၏ ပထမဆုံး ရှိုးပွဲအတွက် ရိုက်ကူးခြင်းအား ပုံမှန်အတိုင်း လိုက်ပါသွားမည်ဖြစ်သည်။ လုရွှိသည် ကျွမ်းကျင်သော လေ့ကျင့်ရေး တစ်ခါမျှ မလုပ်ဖူးသောကြောင့် သူ၏ ကခုန်နိုင်စွမ်းသည် မည်သည့်အဆင့်တွင် ရှိသည်အား မရှင်းလင်းပေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ အသံသည် ကောင်းမွန်ပေသည်။ ပိုင်ဇယ်သည် သီချင်းနှစ်ပုဒ် ရွေးချယ်ရန် အိမ်သို့ သွားခဲ့ပြီး သူ့အား ပို့ပေးလိုက်သည်။ သို့သော် လုရွှိ၏ လေ့ကျင့်မှု မည်သို့ ဖြစ်သွားသည်အား သူ မသိပေ။

“သွားကြစို့”

“အလုပ်များသွားရပါပြီ”

သူတို့ မထွက်ခွာမီ လုရွှိသည် ယဥ်ကျေးစွာ ကျေးဇူးတင်စကားပြောရန် စတိုင်လစ်ဟွား အား ခေါင်းပြန်လှည့်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ၎င်းသည် ဤဖက်ရှင်ပညာရှင်အား အလွန် ပျော်ရွှင်သွားစေမိသည်။

ပိုင်ဇယ်မှာ လုရွှိအား ထပ်မံကြည့်လိုက်မိသည်။ ဤ အိုင်ဒေါလ် ပုံစံသည် တကယ်ကိုမဆိုးရွားလှပေ။

စတိုင်လစ်ဟွားသည် လုရွှိနှင့် ဓာတ်ပုံရိုက်ပြီးနောက် အလွန် ပျော်ရွှင်သွားလေသည်။ သူ(မ) အားလပ်ချိန်ရသောအခါ သူ(မ)၏ ဓာတ်ပုံများအား Weibo သို့ တင်လိုက်လေသည်။

@ရှောင်ဟွား လောင်ရှီး : ဒီနေ့ အနုပညာရှင် ပုံစံပါ… [ အသည်း ] [ ပုံ ]

စုစုပေါင်း ဓာတ်ပုံ သုံးပုံ ရှိလေသည်။ နှစ်ပုံမှာ လုရွှိ၏ တစ်ကိုယ်တော်ပုံများ ဖြစ်ပြီး ကျန်တစ်ပုံမှာ သူတို့နှစ်ဦး တွဲရိုက်ထားသော ပုံဖြစ်သည်။

နာမည်ကျော် ဖက်ရှင်ပညာရှင်တစ်ဦးအနေဖြင့် စတိုင်လစ်ဟွား၏ Weibo တွင် follower နှစ်သန်း ရှိလေသည်။

သူ(မ) Weibo ၌ တင်လိုက်သည်အား မြင်သောအခါ သူ(မ)၏ ပရိသတ်များသည် အလေ့အကျင့်အရ ပို့စ်အား Like နှိပ်လိုက်ကြသည်။ သို့သော် ဓာတ်ပုံများအား ဖွင့်ကြည့်သောအခါ အံ့အားမသင့်ဘဲ မနေနိုင်ကြတော့ပေ။

[ @ချိုချဥ်လေးတစ်လုံး : ဝါး… ဒါက ဟွားလောင်ရှီး အလုပ်တူတူလုပ်နေတဲ့ အနုပညာရှင်အသစ်လား၊ သူ အရမ်း ခန့်တယ်… ဘုရားရေ! ]

[ @မြက်ခင်းစိမ်း လက်ကိုင်အိတ် : ဒီ ရှောင်ကောကောက ကျွန်မရဲ့ အကြိုက်ဆုံး ပုံစံပဲ… ညီအစ်မတို့၊ သူ့ရဲ့ Weibo အကောင့်ကို ပြောပြပေးကြပါဦး၊ ကျွန်မ သူ့ကို Follow လုပ်ချင်တယ် ]

[ @ကျွန်မရဲ့ အခြားချစ်သူတွေ ရှင့်အကြောင်း သိအောင် လုံးဝ မလုပ်ဘူး : ခဏလေး… ဒါက ငါ့ရဲ့ မြေအောက်ရထား ရှောင်ကောကော မဟုတ်ဘူးလား?! ]

[ @ဒီအစ်ကိုကြီး လာနေပြီ : အား… ဒါ ငါ့ရဲ့ မြေအောက်ရထား ရှောင်ကောကော အစစ်ပဲ! ]

~~~