Chapter : 48 ( မီး မိန်းကလေး [23] )
ရှန့်ချန့်ယန် : "သူက အပြစ်ကို ခင်ဗျားဆီပုံချချင်လို့လေ"
"ဒါခိုးထားတာ"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"သေဆုံးသူက ကျွန်တော်ခိုးတာကို မကြိုက်ဘူး၊ ကျွန်တော်က သူ့ကို ပြန်ကြိုက်အောင် ကြိုးစားပြီး အမြဲနှောက်ယှက်နေတော့ သူက ကျွန်တော့်ကို သူခိုးလို့ခေါ်ပြီး လူသိရှင်ကြားဖွင့်ချမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာ...သူ တကယ်လုပ်မှာကို စိုးရိမ်လာတော့ ကျွန်တော်က ပစ္စည်းကို ခင်ဗျားဆီလွှဲပြောင်းပေးဖို့ စဉ်းစားလိုက်သေးတယ်"
ထန်ယင်က ဒါကို သံသယဖြစ်နေပုံရ၏။
“တကယ်လား"
ရှန့်ချန့်ယန် ခေါင်းညိတ်လိုက်သည်။
"တကယ်...ခင်ဗျားက သက်သေအဖြစ် သိမ်းထားမှာစိုးလို့ ကျွန်တော့်ဘယ်လက်နဲ့ စာရွက်ပေါ်မှာ ရေးခဲ့တာ"
"ဒီမှာ သူ့လက်ရေးရှိတယ်"
အဖေ ဝမ်ယင့်က စာရွက်တစ်ရွက်ထုတ်ပြီး ပြောသည်။
"ဒါက မင်း ငါ့သမီးကို ရေမွှေးပေးတုန်းက စာရွက်ပဲ"
ရှန့်ချန့်ယန် ယူလိုက်ပြီး လှည့်တောင်မကြည့်ဘဲ ထန်ယင်ဆီ တိုက်ရိုက်ပေးလိုက်၏။ ထန်ယင်သည် စာရွက်နှစ်ရွက်ကို ယှဉ်ကြည့်လိုက်ရာ တကယ်တမ်း လက်ရေးတွေက မတူညီနေပေ။
'ရေမွှေး' ဟူသောစကားကိုကြားသည့်အခါ ဟိုင်ရိ တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။
"မင်းကလည်း သူ့ကို ရေမွှေးပေးခဲ့တာလား"
"အာ"
ရှန့်ချန့်ယန် : "ဟုတ်တယ်...ခင်ဗျားကကော သူ့ကို ရေမွှေးပေးခဲ့တာလား"
ဟိုင်ရိ : "သူလက်ခံခဲ့လား"
ရှန့်ချန့်ယန် : "လက်ခံခဲ့တယ်၊ စာရွက်က သူ့အိမ်မှာ မဟုတ်ဘူးလား"
ဒါဆို မင်းအခန်းထဲမှာ အမျိုးသမီးရေမွှေးပုလင်းက ဘာလို့ရှိနေရတာလဲ။
ဟိုင်ရိ ခဏတွေဝေသွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူ၏တွေဝေမှုက မေးရဲတာ မဟုတ်ဘဲ၊ လျိုကျယ်သည် ရာဇဝတ်မှုစုံစမ်းရေးသမားတစ်ဦးရဲ့ထက်မြက်မှုနှင့် တရားမျှတမှုကို ခံစားချက်ဖြင့် ကျယ်လောင်စွာပြောလိုက်၏။
"သေဆုံးသူ သေဆုံးချိန်မှာ သူ့ဆီက ရေမွှေးအနံ့ပြင်းပြင်း ထွက်နေတယ်၊ အဲ့ဒါ မင်းရဲ့ဇာတ်ညွှန်းထဲမှာ ပါလား"
"ဟုတ်တယ်"
ထန်ယင် ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်မလည်း အနံ့ရခဲ့တယ်"
လျိုကျယ် : "ဘာလို့ ဒါကို အလေးထားတာလဲ၊ အရင်ကတော့ တခြားအနံ့တစ်ခုကို ဖုံးကွယ်ဖို့ သုံးတာလို့ ထင်ခဲ့ပေမယ့် အခုစဉ်းစားကြည့်တော့ ရေမွှေးထဲက အရက်ပါဝင်မှုများလို့ မီးလောင်တာများလား"
ဟိုင်ရိ : "အဲဒီလိုဖြစ်ခဲ့ရင်တောင် ဒါက သူ့ချစ်သူဟောင်းပေးတဲ့ ရေမွှေးတော့ မဟုတ်ဘူး၊ သူသေဆုံးဖို့ နည်းနည်းအလိုလေးမှာ ဆွတ်ခဲ့တဲ့ ရေမွှေးက ငါပေးခဲ့တဲ့ ရေမွှေးပဲ... ငါ့ဇာတ်ညွှန်းထဲမှာလည်း အနံ့က အလွန်အမင်းပြင်းထန်တယ်လို့ အလေးနက်ထားပြီး ဖော်ပြထားတယ်"
ရှန့်ချန့်ယန် : "ကျွန်တော် သူ့ကို ရေမွှေးပေးခဲ့တာတော့မှန်တယ်၊ ဒါပေမယ့် သူက အဲဒါကို မသုံးခဲ့ဘူး၊ သူ့အိမ်မှာ ရှိသင့်တယ်"
ဟိုင်ရိ : "ဒါဆို မင်းအိမ်ထဲမှာ နောက်ထပ် ပုလင်းတစ်ပုလင်း ဘာလို့ရှိနေတာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့ချစ်သူဟောင်းလေ"
ရှန့်ချန့်ယန်က အားကိုးရာမဲ့စွာ ပြန်ဖြေ၏။
“ကျွန်တော်တို့အတူရှိတုန်းက သူ ဒီရေမွှေးကို သဘောကျပြီး အဲ့ဒီပုလင်းကိုထားခဲ့တာ… ကျွန်တော် သူ့ကို ပြန်ကြိုက်အောင် ကြိုးစားတော့ အသစ်တစ်ခု ထပ်ပေးခဲ့တယ်၊ သူက အဲ့ဒါကို ဘယ်တော့မှမသုံးခဲ့ဘူး၊ ခင်ဗျားပေးတဲ့ဟာကိုပဲ သုံးခဲ့တာ"
ဟိုင်ရိ : "သူ ငါ့ကို ကြိုက်နေတာပေါ့"
"ဟုတ်တယ်"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"သူ ခင်ဗျားကို ကြိုက်နေတာ၊ ကျွန်တော့်အပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး"
ရှန့်ချန့်ယန်၏ သဘောထားမှာ ရိုးသားမှု တစ်စွန်းတစ်စတောင်မျှ မပါဝင်ခဲ့ချေ။ ခိုင်မာမှု၊ ရိုးသားမှုနဲ့ အနည်းငယ် စိတ်လှုပ်ရှားဖွယ်ရာ ပြောဆိုမှုဖြင့် သူ့ထံ အခြားသူများအား ယုံကြည်အောင်လုပ်ဖို့ လိုအပ်တဲ့ ဒီအခြေခံလိုအပ်ချက်တွေ မရှိပေ။ ရှန့်ချန့်ယန်တွင် ဤအချက်များထဲ၌ တစ်ခုမှ မရှိဘဲ လုံးဝယုံကြည်ရပုံမပေါ်ပေ။
ဝမ်ယင့် : "ဒီရေမွှေးနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ထူးခြားနေတာလား၊ ဘာလို့ ဒီလောက်တောင် ထပ်ခါထပ်ခါ အလေးပေးပြောနေရတာလဲ"
"ဖြစ်နိုင်တယ်"
ရှန့်ချန့်ယန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဘယ်သူက ဒါကို ထူးခြားအောင် လုပ်ခဲ့တာလဲ"
လူတိုင်း သူ့ကို ကြောင်တောင်တောင်ကြည့်နေကြ၏။
ဟိုင်ရိက သူ၏စကားလုံးများထဲမှ ဝှက်ထားသည့် အဓိပ္ပာယ်ရှင်းရှင်းတစ်ခု ရှိလိမ့်မည်ဟု ခံစားနေရသည်။ ရေမွှေးကို တစ်ယောက်ယောက်က ပြုပြင်ထားသည်ဟု သူ အရိပ်အမြွက် ပြောနေသလိုပင်။ သို့သော် တစ်ဖန် ဟိုင်ရိက လွန်လွန်ကျူးကျူး တွေးနေတာလည်း ဖြစ်နိုင်လေသည်။
ရှန့်ချန့်ယန် : "သေဆုံးသူ သေတုန်းက ကျွန်တော် ဘားမှာရှိနေတယ်၊ သူ့ကိုရော သူ့ပစ္စည်းတွေကိုရော မထိခဲ့ဘူး၊ ခင်ဗျားသာ စုံစမ်းမယ်ဆိုရင် စုံစမ်းမှုက ကျွန်တော့်ဆီ ဦးတည်မှာ မဟုတ်ဘူး၊ ကျွန်တော် ကြိုတင်စီစဉ်ခဲ့တယ်လို့ ခင်ဗျားပြောရင် စုံစမ်းဖို့ မလုပ်နဲ့တော့… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သာ ကြိုတင်စီစဉ်ခဲ့တယ်ဆိုရင် မျက်မြင်သက်သေလည်း ရှိမှာမဟုတ်သလို ကျွန်တော်ဝန်ခံမှာလည်း မဟုတ်ဘူး"
လူတိုင်း : ...
ရှန့်ချန့်ယန်သည် အရာအားလုံးကို ရိုးသားစွာ အကျဉ်းချုပ်ပြောလိုက်၏။
"ဒါကြောင့် တခြားလူတွေဆီက သဲလွန်စတွေ ရှာလိုက်ပါ"
"ကျွန်တော်က လူသတ်သမား မဟုတ်တာ သေချာတယ်"
ရှန့်ချန့်ယန် : "ကျွန်တော့်အပေါ်မှာ အချိန်ဖြုန်းမနေနဲ့"
သို့သော် ထန်ယင်သည် ရှန့်ချန့်ယန်ကို အလွန်သတိထားနေပုံရသည်။ သူမက ပြော၏။
"ရှင်လည်း သေဆုံးသူကို သတ်ချင်မှာပဲလေ၊ ကျွန်မဇာတ်ညွှန်းထဲမှာ ရှင့်အပေါ် သူ(မ)ရဲ့သဘောထားက အမြဲတမ်း ဆိုးရွားတယ်၊ အရှက်ရတာက ရှင့်ကို ဒေါသထွက်စေသင့်တယ် မဟုတ်ဘူးလား"
ရှန့်ချန့်ယန်က မေး၏။
"ကျွန်တော်တစ်ယောက်ယောက်ကို ချစ်လို့ သူက ကျွန်တော့်ကိုမကြိုက်ရင် ကျွန်တော်သူ့ကို သတ်ချင်ရမှာလား"
သူက လက်ဆန့်တန်းပြီး သူ့မေးခွန်းကို ကိုယ်တိုင် ပြန်ဖြေလိုက်သည်။
"သူက ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးပေးဖို့ပဲ မျှော်လင့်မိမှာ၊ ဒါကြောင့် ကျွန်တော်က ကောင်းတဲ့သူလို ဟန်ဆောင်ပြီး ခင်ဗျားကို ဆွဲကြိုးပေးချင်တာ၊ ဒါဆိုရင် သူက ကျွန်တော့်ကို ကြိုက်ကောင်း ကြိုက်လိမ့်မယ်"
ထန်ယင် : "ဒါဆို မင်း သူ့ကို သတ်ဖို့ အကြောင်းရင်းမရှိဘူးပေါ့"
သူမ၏ လေသံမှာ 'ဒီမေးခွန်းက ထောင်ချောက်ပဲ၊ မဖြေခင် သေချာစဉ်းစားပါ' ဟူ၍ ဖော်ပြနေပုံရသည်။
ရှန့်ချန့်ယန် : "မရှိဘူး"
ဤသည်ကား အစပိုင်းသာ ရှိသေးသော်လည်း ဟိုင်ရိသည် ရှန့်ချန့်ယန်ကို လူတိုင်းက သံသယဝင်နေပြီဆိုတာ သိနိုင်၏။ ဖြစ်နိုင်သည်က သူ့ဇာတ်ကောင်အတွက် အပြစ်တင်ခံရခြင်းက ပိုလွယ်သောကြောင့် ဖြစ်မည်။ ထို့ကြောင့် ဟိုင်ရိက ပြောလိုက်သည်။
"သူ့အခန်းထဲမှာ တခြားသဲလွန်စတွေ မရှိဘူး"
လျိုကျယ် : "အဲ့ဒါကို အရင်ထားလိုက်ရအောင်၊ တခြားလူကော… ရှန့်ချန့်ယန်… ရှင် ဟိုင်ရိရဲ့အခန်းကို မရှာခဲ့ဘူးလား၊ ဘာတွေတွေ့လဲ"
ရှန့်ချန့်ယန် : "ညဘက်ခရီးထွက်ဖို့ အဝတ်အစားတွေနဲ့ ရွှံ့ပေနေတဲ့ဖိနပ်တွေ၊ ပြီးတော့ ကျွန်တော့်အကြောင်း အချက်အလက်ပါတဲ့ ဖိုင်တစ်ခု"
"အများကြီးပဲ"
လျိုကျယ်က မှတ်ချက်ချလိုက်သည်။
"ဒါတွေက ဘာအတွက်လဲ"
ဟိုင်ရိက ညင်သာစွာ ရှင်းပြ၏။
"အမှုဖြစ်တဲ့နေ့က သေဆုံးသူရဲ့အိမ်ကို ခိုးဖို့အတွက် ငါခိုးဝင်ခဲ့တယ်"
"ငါ မီး(သေဆုံးသူ)ကို ကြိုက်တယ်၊ ဒါပေမယ့် သူ့ချစ်သူဟောင်းက သူ့ကို အမြဲနှောက်ယှက်နေတယ်၊ ငါ ကြားတာက သူ(မ)မှာ ချစ်သူ့ဟောင်းရဲ့ ခိုးမှုသက်သေရှိတယ်တဲ့… အဲတော့ ငါ လုယက်ပြီး သူ့ကိုဖော်ထုတ်မလို့စဥ်းစားထားတာ… သူ ထောင်ကျသွားရင် မီး(သေဆုံးသူ)ကို ထပ်မနှောက်ယှက်နိုင်တော့ဘူး"
ဟိုင်ရိက အသေးစိတ်ရှင်းပြလိုက်သည်။
"ဒါကြောင့် အဲဒီညက သူ(မ)သော့ကို ခိုးပြီး သူ(မ)အိမ်ကို သွားခဲ့တယ်"
လျိုကျယ် : "ရွှံ့ပေနေတဲ့ဖိနပ်တွေကကော”
ဟိုင်ရိ : "အိမ်က အရမ်းမှောင်နေတယ်"
"ပြတင်းပေါက်တွေကနေ ကြည့်လိုက်တော့ အိမ်က ဟောင်းလောင်းဖြစ်နေတာကို တွေ့လိုက်ရတယ်၊ အဲဒါက ငါ့ဖိနပ်တွေမှာ ရွှံ့တွေပေတဲ့ အချိန် ဖြစ်နိုင်တယ်၊ ပြီးတော့ သော့ကိုသုံးပြီး အိမ်ထဲကို ဝင်ခဲ့တယ်"
လူတိုင်း ခဏတာ တိတ်ဆိတ်သွားသည်။ သူတို့က ဟိုင်ရိ၏စကားများက မည်မျှယုံကြည်ရသလဲဆိုတာ စဉ်းစားနေပုံရပြီး သူ၏ဆင်ခြင်တုံတရားမှာ ချို့ယွင်းချက်တစ်စုံတစ်ရာကိုလည်း ရှာမတွေ့နိုင်ဘဲ တိတ်ဆိတ်စွာ သဘောတူလိုက်ကြ၏။
ဟိုင်ရိ : "သူ့အိမ်မှာ ဓာတ်ငွေ့နံ့ ရတယ်"
"ဟုတ်တယ်"
ထန်ယင်က ထောက်ခံပြောဆိုသည်။
"ကျွန်မ ရှာတုန်းက အဖေအခန်းမှာလည်း အဲဒီအနံ့ပဲ ရှိတယ်"
ဟိုင်ရိ : "ဒါ ဘယ်လိုဖြစ်တာလဲ"
ဝမ်ယင့် : "မသေချာဘူး၊ အဲဒီအချိန်တုန်းက ငါ အိမ်မှာမရှိဘူး"
ဟိုင်ရိ : "မင်း ဘယ်သွားတာလဲ"
"ငါ့အိမ် မီးလောင်ပြီးကတည်းက စိတ်ဓာတ်ကျနေခဲ့တာ"
ဝမ်ယင့် ပြောလိုက်၏။
"ဒါကြောင့် စိတ်ရောဂါကုဆရာဝန်ဆီကို အပတ်စဉ် ပုံမှန်သွားပြရတယ်၊ သူသေတဲ့နေ့က ငါ ဆရာဝန်သွားပြတဲ့နေ့ပဲ"
ဟိုင်ရိ : "ဒီစိတ်ရောဂါကုဆရာဝန်နဲ့ပတ်သက်ပြီး ဘယ်သူများ သဲလွန်စရှိလဲ"
"ရှိတယ်"
ထန်ယင်က သတင်းအချက်အလက်ကို ပေးလာသည်။
"သူ့ကို အရင်က ဆေးရုံမှာ တွေ့ ခဲ့ဖူးတယ်"
ဟိုင်ရိ : "ဒါဆို ဓာတ်ငွေ့အနံ့က ဘာဖြစ်တာလဲ...တစ်ယောက်ယောက်က သေဆုံးသူကို သတ်ချင်ခဲ့တာလား၊ ဒါပေမယ့် သူ အိမ်မှာမရှိခဲ့ဘူးလေ"
လျိုကျယ် : "အဲဒီအပိုင်းက အဓိပ္ပာယ်မရှိဘူး၊ အိမ်က ဟောင်းလောင်းဖြစ်နေတာဆိုတော့ ဓာတ်ငွေ့ထုတ်လွှတ်တာက ဘာအဓိပ္ပာယ်ရှိလဲ"
သူ အပြစ်တင်ခံရတော့မယ်ဆိုတာကို သိလိုက်တာနှင့် ဟိုင်ရိ အလျင်အမြန် ပြောလိုက်၏။
"ငါ မလုပ်ခဲ့ဘူး...ငါ မထွက်ခင်က သေဆုံးသူ အိမ်ပြန်ရောက်ရင် သက်တောင့်သက်သာ မဖြစ်မှာစိုးလို့ ပြတင်းပေါက်တွေကို လေဝင်လေထွက်ကောင်းအောင် ဖွင့်ခဲ့သေးတယ်"
ထန်ယင် ရယ်လိုက်သည်။
"ဒီလောက် အသားယူတယ်ပေါ့! ရှင့်ရဲ့ဒီဇာတ်ကောင်ကတော့လေ"
ဟိုင်ရိ : "ကိုယ့်ကိုယ်ကိုယ် အထင်သေးတာပါ"
"သူက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်သေးတာပါပဲ"
🌟🌟🌟