အပိုင်း 6
Viewers 3k

Ch 6


စိန့်ပီတာ ဆေးရုံမှာ စာအုပ်ထဲတွင်ဖော်ပြထားသည့် တစ်ခုတည်းသော ဆေးဘက်ဆိုင်ရာဌာနဖြစ်ပြီး ကျောက်ကပ်ဖြစ်ဖြစ်၊ မျက်ကြည်လွှာဖြစ်ဖြစ် အစားထိုးကုသလိုလျှင် ဤဆေးရုံ၏နည်းပညာသည် ထိပ်တန်းအဆင့်ပင်ဖြစ်သည်။


ဆန်ကုန်မြေလေး အထက်ပုဂ္ဂိုလ် (၃) ချီဖေးယွင် အလုပ်လုပ်နေတဲ့ ဆေးရုံဆိုလည်း မမှားဘူးလေ။


မူရင်းဇာတ်လိုက်ရဲ့ အချိန်စီးကြောင်းအရဆိုရင်... အခုအချိန်က ချီဖေးယွင် နိုင်ငံခြားရောက်နေချိန်ပေါ့။


ဒီလိုမှမဟုတ်ရင် သူ့အကြောင်းကို စောစောသိဖို့ အခွင့်အရေးရမှာ..


ထို့ကြောင့်လည်း ယန်ရွှမ် ဆေးရုံကို မသွားချင်ခြင်းပင်။


အောက်ပုဂ္ဂိုလ်တစ်‌ယောက်အနေနဲ့ ဆန်ကုန်မြေလေး အထက်ပုဂ္ဂိုလ် ၅ ဦးလုံးကို စိန်ခေါ်လာနိုင်မည့် ယန်ရွှမ်၏ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာမှုသည် ဒဏ္ဍာရီလာ သံမဏိဂန္ဓာမာပန်းလိုပင်ဖြစ်သည်။


အမှန်တကယ်ဆိုရလျှင် သူ့အားဆေးရုံပို့စရာတောင် လိုမည် မဟုတ်ချေ။


ဒုတိယအကြောင်းပြချက်မှာ ဤအခန်းသည် မူရင်းစာအုပ်ထဲတွင် ပါဝင်သော အကြောင်းအရာ မဟုတ်ပေ။


ဆိုလိုသည်မှာ သူက ဇာတ်ကောင်များနှင့် ဆက်ဆံရေး ဇာတ်ကွက်များ၊ ဇာတ်ကြောင်းများကို ကျော်သွား၍ မရပါ။


အချိန်ဖြုန်းနေသလို ဖြစ်နေလိမ့်မည်။


မူရင်းစာအုပ်တွင် စာချုပ်လက်မှတ်ရေးထိုးသည့်ည၌ပင် ချင်ယွီပိုင်က ယန်ရွှမ်၏ သူ့လူပျိုဘ၀ကို သိမ်းပိုက်သွားခဲ့သည်။


လူပျိုနှစ်ယောက်၏ ဤမြင်ကွင်းသည် မည်မျှခက်ခဲ၍ သွေးထွက်သံယိုဖြစ်မည်ကို တွေးကြည့်နိုင်ပါသည်။


ယန်ရွှမ်နောက်တစ်နေ့တွင် ဒဏ်ရာအနာတရဖြစ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ထိုညသည် ယန်ရွှမ်အတွက် ပထမဦးဆုံး အတွေ့အကြုံ ဖြစ်ပေမည်။


၂၄နာရီစတိုးဆိုင်သို့ ယန်ရွှမ်အား ဝေယီချန်း လိုက်ပို့ပေးခဲ့ပြီး ချင်ယွီပိုင်သည် ယန်ရွှမ်ကို ဖုန်းပင်မခေါ်ခဲ့ပါ။


ဤဇာတ်ကွက်သည် ထိုပထမည၏ ဇာတ်လမ်းအဆုံးအဖြစ် ယူဆလို့ရသည်။


နောက်တစ်ကြိမ် ချင်ယွီပိုင် ယန်ရွှမ်ကိုဆက်သွယ်သည်မှာ သုံးရက်အကြာ၌ပင်။


သူ၏လူများကို ယန်ရွှမ်ဆီကို စေလွှတ်ခဲ့ပြီး ယန်ရွှမ်ကို အတန်းတက်နေစဉ်အတင်းအကျပ် ခေါ်လာခဲ့ကြသည်။


ထိုဖြစ်ရပ်သည် မူလယန်ရွှမ်အား အလွန်အမင်းအရှက်ရစေခဲ့ပြီး သူ၏စိတ်ပိုင်းဆိုင်ရာကိုလည်း  ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။


ဤကမ္ဘာသို့ ရောက်လာပြီးနောက် ယန်ရွှမ်သည် ချင်ယွီပိုင်နှင့် နေ့ရောညပါ အိပ်ရာပေါ်တွင် အချိန်များ ကုန်ဆုံးခဲ့လေသည်။


ယန်ရွှမ် တမင်ရည်ရွယ်၍ လုပ်ခဲ့ခြင်းပင်။


[ဆင်ဆာ]အခန်းများ ကျော်ခြင်း သို့မဟုတ် အဆင့်တက်ခြင်းကို တစ်ချိန်တည်း ပြုလုပ်၍ မရပါ။ 


အကယ်၍ သူသည် ချင်ယွီပိုင်၏ဇာတ်ကြောင်းကို ၃လအတွင်းပြီးမြောက်လိုလျှင် [ဆင်ဆာ]ဇာတ်လမ်းများကိုကျော်ဖြတ်ရမည့်အပြင် နှိပ်စက်ညှင်းပန်းသည့်အခန်းများကိုပါ သည်းခံရမည်ဖြစ်ပြီး စက္ကန့်တိုင်းမှာ ဇာတ်ကြောင်းပြီးမြောက်ရန်  ရေတွက်နေမည်ဖြစ်သည်။



' ဒါပေမဲ့  ချင်ယွီပိုင် မနက်က နိုးလာတုန်းက စိတ်မကြည်သလိုပဲ၊ တစ်ခုခုများ ဖြစ်နေတာလား? ပြီးတော့ ဘာလို့ ငါ့ကို ဆေးရုံအတင်းပို့နေတာလဲ မိစ္ဆာ‌ကောင်ချင် က OOC ဖြစ်သွားတာလား? '


“မစ္စတာယန်... ကားပေါ်က ဆင်းလို့ရပါပြီ”


ဝေယီချန်း၏အေးစက်စက် အမူအရာသည် သူ့အား စိတ်မပါလက်မပါ ကူညီနေခြင်းသာ ဖြစ်ကြောင်း အထင်းသားပေါ်လွင်နေသည်။


ယန်ရွှမ်က သူ့ခြေထောက်များကို ကားပေါ်မှ ဆွဲထုတ်လိုက်သည်။သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ခြေထောက်များကလည်း တဆတ်ဆတ်တုန်နေသည်။

သို့သော် သူကသွားကိုကြိတ်ထားဆဲဖြစ်ကာ မည်သည့်အသံမှ မထွက်ဘဲနေလိုက်သည်။


( Note : ဒီလို ထိခိုက်ခံစားပြနေတဲ့အခန်းတွေဆို Mc က တမင်သရုပ်ဆောင်နေတာပါ။ အချို့ reader တွေနားမလည်ပဲလာမေးကြလို့ ဖြေပေးတာ ><  )


ဝေယီချန်းက သူဘာမှမပြောမချင်း ဒီတိုင်းသာ အေးစက်စက် အကြည့်ဖြင့် စောင့်ကြည့်နေလေသည်။


သူက ချင်ယွီပိုင် ဝယ်ထားသော ကစားစရာအရုပ်သာဖြစ်၏။ နာမည်ကြီးပန်းချီကားကို ဝယ်ယူထားသည့် ယောကျ်ားတစ်ယောက်က သူ့ပန်းချီကားကို အထိမခံသလို ပုံစံမျိုးနှင့်တော့ မတူလှ။


ချင်ယွီပိုင် ခွင့်ပြုချက်မရှိဘဲ သူ့ကို မည်သူမှ လာထိရဲမည် မဟုတ်ပေ။


မိဘမဲ့ကျောင်းရှေ့တွင် ဖြစ်သွားသော ကိစ္စသည်ပင် အမှားကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။

(Note :ကျောင်းရှေ့မှာ ယန်ရွှမ်လဲကျမလိုဖြစ်တုန်းက ဝေယီခန်း ထူပေးလိုက်တာကိုပြောတာပါ)


ဝေယီချန်း ယန်ရွှမ်နောက်ကနေ လိုက်လာပေမဲ့ ဆေးရုံရှေ့မှာ ယန်ရွှမ် သူ့ခြေထောက်များကို အနိုင်နိုင်သယ်ရင်း လမ်းလျှောက်နေခြင်းကိုတော့မကူညီပဲ  ဒီတိုင်းသာ ကြည့်နေခဲ့သည်။


ယန်ရွှမ်ကလည်း ဝေယီချန်းကို လုံးဝအကူအညီ မတောင်းခဲ့ပေ။


သူက ခြေတစ်လှမ်းလှမ်းဖို့အရေး မနည်းကြိုးစားရုန်းကန်နေရင်း ခဏရပ်ပြီး အနောက်ကို လှည့်ကြည့်လိုက်၏။

‌ဝေယီချန်းက အေးစက်သော မျက်နှာဘေးမျိုးနှင့်ပင်။


“ဆေးရုံဆင်းပြီဆိုတော့ သွားကြရအောင်လေ” ဟု ယန်ရွှမ်လှမ်းပြောလိုက်သည်။


ချင်ယွီပိုင်၏အမိန့်က သူ့ကို ဆေးရုံအထိ အ‌နောက်ကနေ လိုက်ကြည့်ရန်အတွက်သာ ဖြစ်သည်။

ကျန်ဖြစ်သမျှအရာမှာ သူနှင့်မသက်ဆိုင်ပါ။


ဆေးရုံ၏လှေကားထစ်များပေါ်မှနေ၍ ဝေယီချန်းက ယန်ရွှမ်၏သေးသွယ်ပါးလျသော ကျောပြင်ကို ကြည့်နေမိသည်။


အဖြူရောင် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသောသူက တကယ်ကို လေတိုက်ရင် လဲတော့မလိုပုံစံမျိုးပင်။


ဝေယီချန်းက တံတွေးကို မျိုချလိုက်ရင်း

“မင်း သဘောပဲ” ဟုပြန်ပြောလိုက်သည်။


ဝေယီချန်းက ယန်ရွှမ်အား ကျောင်းကို ပြန်လိုက်ပို့ပေးလေသည်။


ကြားထဲတွင် အချိန်အရမ်းကုန်သွား‌သောကြောင့် သူ ၂၄နာရီစတိုးဆိုင်သွားဖို့ အရမ်းနောက်ကျသွားပြီ‌လေ။


ထို့ကြောင့် ကျောင်းသို့ သူအလျင်အမြန်ပြန်သွားပြီး တခြားအတန်းတစ်တန်းကို ခေတ္တပြောင်းတက်ဖို့စီစဥ်ထားလိုက်သည်။


ကားထဲ၌ ယန်ရွှမ် သူ၏ ပန်းချီအိတ်ထဲမှ လိမ္မော်သီးတစ်လုံးကို ထုတ်လိုက်၏။


လိမ္မော်သီး၏အသွင်အပြင်သည် လုံးဝ ပြီးပြည့်စုံသော အနေအထားတွင်ရှိပြီး ‌နေရောင်ကို ပြည့်ပြည့်ဝဝရရင်း သီးလာသော အသီးတစ်လုံးဖြစ်ကြောင်းကို မည်သူကြည့်ကြည့်သိနိုင်သည်။


လိမ္မော်သီးကို ယန်ရွှမ်အခွံခွာလိုက်သည်နှင့် တစ်ပြိုင်နက်ကားထဲတွင် လိမ္မော်သီးရနံများဖြင့် ပြည့်သွားလေတော့သည်။


 ဤအချက်မှာ ယန်ရွှမ်ဒီအလုပ်ကို သဘောကျရသည့် အချက်များထဲမှတစ်ခုပ‌င်။ 


ကမ္ဘာအစစ်တွင် ဝိဉာဉ်ကူးပြောင်းရေးဌာနမှာ အသက်ရှင်နိုင်ရုံအတွက် လိုအပ်သော စားစရာအနည်းငယ်သာ ထောက်ပံ့ပေးပြီး အချိုတည်းရန် အသီးအနှံများအားမပေးချေ။


အကယ်၍ သင်သာ ကိုယ်ပိုင်ဂြိုဟ်တစ်လုံးကို ပိုင်ဆိုင်မယ်ဆိုလျှင် အလိုရှိသမျှ သစ်သီးများအား ရရှိနိုင်မှာ ဖြစ်သည်။


ယန်ရွှမ် မျက်စိကျနေသော ဂြိုဟ် GKD43 သည် သစ်သီးပေါများသော နေရာဖြစ်သည်။


အသီးအတွက် ကျေးဇူးတင်စွာဖြင့် ယန်ရွှမ်သည် လိမ္မော်သီးကို အခွံခွာရာတွင် တစ်မြွှာချင်း ဂရုတစိုက်နှင့် ခွာပြီး စားလိုက်ရင်လည်း ခေါင်းကို ငုံ့၍ အရသာကို သေချာ အာရုံခံပြီးစားသည်။


 ဝေယီချန်းက ယန်ရွှမ်ကို နောက်ကြည့်မှန်ကနေ ကြည့်နေခဲ့၏။


ယန်ရွှမ်သည် အစားအသောက်နှင့်ပတ်သက်သောအခါ အလွန်စည်းကမ်းကြီးပုံရသည်။ 


ပထမဆုံးသူနဲ့ ဟိုတယ်မှာ‌တွေ့တုန်းက အနောက်တိုင်းအစားအစာပဲဖြစ်ဖြစ်၊ မုန့်ပဲဖြစ်ဖြစ်၊ သစ်သီးဖြစ်ဖြစ်  ကျန်နေလျှင် ပါဆယ်ထုတ်၍ ပြန်ယူသွားတတ်သည်။ 


အစားစားတိုင်းတွင်လည်း သေချာအရသာခံပြီး စားသေးသည်။ 


ဝေယီချန်း  ယန်ရွှမ်၏အကြောင်းကို အသေးစိတ်သိသည်။ 


သူသည် မိဘမဲ့ကျောင်းမှ မိဘမဲ့တစ်ဦးဖြစ်သည်။ 

ဤစကားလုံးနှစ်လုံးသည် ဆက်စပ်‌နေပုံပေါ်သောလည်း သေချာတွေးကြည့်လျှင်မဟုတ်‌ပေ။ 


ဝေယီချန်းမှာ မိဘမဲ့တစ်ယောက်မဟုတ်ပေမဲ့ မိဘမဲ့တစ်‌ယောက်လိုပါပင်။


သူ့မိဘနှစ်ယောက်စလုံးကွာရှင်းပြီး နှစ်ယောက်လုံးနောက်အိမ်ထောင်ပြုခဲ့ကြသဖြင့် မိဘတွေကြားမှာ သူက ပဲလှော်ကြား ဆားညှပ်ခဲ့ရသလိုဖြစ်ခဲ့ရသည်။


မိဘမဲ့ဂေဟာကို တစ်ခါမှ မရောက်ဖူးပေမဲ့ မိသားစုအိမ်ကနေတခြားအမျိုးတစ်ယောက်ဆီသို့သွားနေဖူးသည်။ 


ဆွေမျိုးတစ်ယောက်စီမှအခြားတစ်ယောက်သို့ ကူးပြောင်းနေထိုင်ရသည်မှာ ရေတွက်မရအောင်ပင် များပြားလွန်းလှသည်။ 


ကလေးဘဝတုန်းက အမြဲအငတ်ခံ၍နေခဲ့ရခြင်းကြောင့်  လူကြီးတစ်ယောက်ဖြစ်လာသောအခါ လောဘကြီးတတ်လာသည်။


 "ရောက်ပြီ"


 ယန်ရွှမ်က လိမ္မော်သီးတစ်လုံးနဲ့ စတော်ဘယ်ရီသီး ၃ လုံးအား တသသနှင့်ပွတ်သပ်နေချိန်တွင်ဝေယီချန်းသည်  အတော်လေးလူကျဲသော နေရာဖြစ်သည့်တက္ကသိုလ်၏ ဘေးတံခါးပေါက်ဆီကို မောင်းသွားခဲ့သည်။ 

 

ဤနေရာတွင် သဖန်းပင်ကြီးများ တန်းစီပြီး ထူထပ်စွာ ပေါက်ရောက်နေလေသည်။ 


"ကျွန်တော့်ကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်" 


 ဝေယီချန်း၏ အမူအရာသည် အေးစက်ပြီး သူစိမ်းဆန်နေဆဲပင်။


ယန်ရွှမ် ကားပေါ်မှဆင်းပြီးနောက် ကျောင်းတံခါးဆီသို့ မသွားပဲ ကားရှေ့တံခါးဆီသို့ လှမ်းလာရင်း

 "ကျွန်တော်ဟိုတစ်ခါတုန်းက ပြောခဲ့တဲ့စကားက အခုထိအကျုံး၀င်တုန်းပဲ‌နော်”


ဝေယီချန်း: "ဘာကိုလဲ?" 


ယန်ရွှမ်သည် ရှေ့ကိုငုံ့ကာ သူ့လက်နှစ်ဖက်ကို တစ်ဝက်ဖွင့်ထားသည့် ကားတံခါးပေါ်၌ ညင်သာစွာ တင်လိုက်သည်။


ထို့နောက် ပုံပျက်နေသောနှုတ်ခမ်းတစ်စုံ၊ ဖြူဖျော့နေသောမျက်နှာနှင့် ဝေယီချန်းအား အနီးကပ်ပြုံးပြလိုက်သည်မှာ ကာမဂုဏ်အာရုံထကြွလာအောင် ဆွဲဆောင်နေသည့်အတိုင်းပင်။


    "မစ္စတာချင်ပဲဖြစ်ဖြစ် မစ္စတာဝေပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့  အားလုံးကို တစ်တန်းထဲထားပြီး  ကြိုဆိုပါတယ်လို့” 


ဝေယီချန်း၏အမူအရာမှာ မပြောင်းလဲပဲ  ကားတံခါးမှန်ကို ပိတ်ရန် ခလုတ်ကို နှိပ်လိုက်ရာ အနက်ရောင် ကားတံခါးမှန်က တဖြည်းဖြည်း မြင့်တက်လာသည်။


 ယန်ရွှမ်လက်ပြန်ဖယ်လိုက်သည်နှင့် ဝေယီချန်က သူ၏ နက်မှောင်ပြီး အကဲခတ်ရခက်သောမျက်လုံးများနှင့်  ကားမှန်မှတစ်ဆင့် လှမ်းကြည့်လာသည်။


ယန်ရွှမ်သည် မှန်ပြတင်း‌ပေါက်မပိတ်မှီ‌လေးတွင် ကားထဲမှ ဝေယီချန်း၏ အကြည့်ကိုမြင်လိုက်ရသည်။

“ကိုးဆယ့်ရှစ်ရက်တောင် ကျန်သေးတယ်” 


‌ဝေယီချန်း က မလှုပ်။ 


"ကျွန်တော် သူ့ကို ရက်တစ်ရာစာပဲ ရောင်းလိုက်တာပါ" ယန်ရွှမ်က ပြုံးပြီး ပြောလာသည်။ 


"လိုချင်ရင် ကြိုပြီး booking  မြန်မြန်လုပ်ထားဖို့ အကြံပေးတယ်နော် ကျွန်တော်က အရမ်းကို ဟော့ဖြစ်နေတဲ့ ကုန်ပစ္စည်းတစ်ခုပဲလေ" 


-ပြည့်တန်ဆာ-


ဝေယီချန်းသည် စိတ်ထဲတွင် အေးစက်စက်ပင် မှတ်ချက်ပေးလိုက်သည်။


ထို့နောက် မည်သည့်စကားတစ်ခွန်းမှ ထပ်မပြောဘဲ ‘ဂငယ်ကွေ့’ ကွေ့ပြီး ထွက်ခွာသွားလေတော့သည်။


အပိုင်း 6 ပြီး။