Ch 5
ချင်းယွီပိုင်၏မျက်နှာထားမှာ အေးစက်သွား၏။
ကြည့်ရတာ သူအဆင်ပြေနေသေးပုံပါပဲ။ ကောင်းတယ်။
“စိတ်မပူနဲ့။ ငါကောင်းကောင်းအသုံးချပေးမယ်”
ချင်ယွီပိုင်ထွက်ခွာသွားခဲ့လေပြီ။
သူတံခါးကို ခပ်ပြင်းပြင်းပိတ်လိုက်ပုံရကာ ထိုအသံက ယန်ရွှမ်အား ဆတ်ခနဲဖြစ်သွားစေသည်။
ယန်ရွှမ် ခေါင်းအုံးကြားမှသူ့မျက်နှာကိုထုတ်ကာ သူ့ပါးစပ်ထဲဝင်နေသည့် ဆံပင်ချည်ကို ထွေးထုတ်လိုက်သည်။
နာကျင်မှုအကာအကွယ်၏ ကောင်းကျိုးက မည်သည့်နာကျင်မှုမှမခံစားရစေခြင်းပင်။ ဆိုးကျိုးကတော့ သုံးပြီးရင် သူခန္ဓာကိုယ်က ဘယ်လောက်တောင် ဆိုးဆိုးရွားရွားပျက်ဆီးသွားခဲ့လဲဆိုတာကို သူကိုယ်တိုင်မသိနိုင်ခြင်းပေ။
နာကျင်မှုကိုမခံစားရတာက မထိခိုက်ဘူးလို့ပြောတာမှမဟုတ်တာ။
ယန်ရွှမ် ထရပ်ကာ စစ်ဆေးဖို့အတွက် ရေချိုးခန်းဆီသို့သွားလိုက်သည်။
ထိုနေရာတွင် ယန်ရွှမ်ခန္ဓာကိုယ်ကိုပုံရိပ်ထင်စေသည့် သူ့အရပ်လောက်နီးနီးရှည်သော ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှိလေသည်။
အမှတ်အသားများ၏ပြင်းထန်မှုကို သိသာထင်ရှားနေစေသည့် သူ့အောက်ခံအသားရောင်က အတော်ဖြူကာ သူ့ပေါင်အတွင်းသားသည်လည်း အနီရင့်ရောင်ပင်ဖြစ်နေလေသည်။
ယန်ရွှမ် ထိကြည့်လိုက်ပြီးနောက်တွင်တော့ ထိုအရာသည် ပွန်းပဲ့နေသည်သာမက သွေးပင်မခြောက်သေးကြောင်း သိလိုက်ရ၏။
သူ တကယ်ပဲ အိတ်သွန်ဖာမှောက်အသုံးခံထားရခြင်းပင်။
သို့သော် ကံကောင်းစွာဖြင့် ဒဏ်ရာဒဏ်ချက်များအားလုံးက အပေါ်ယံသာဖြစ်ပြီး အလွန်ကာရောမပြင်းထန်ခြင်းခဲ့ဘူး။
ယန်ရွှမ် ရေချိုးဖို့ပြင်လိုက်တော့သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် ရေချိုးဝတ်ရုံကိုပတ်ကာ အပြင်သို့ထွက်လာချိန်၌ ဝေယီချန်းက ဟိုတယ်ခန်းထဲတွင် မတ်တတ်ရပ်နေလေသည်။
သူသည် ခြေဗလာဖြင့် ရေစိုနေသည့် ယန်ရွှမ်ကိုတွေ့လိုက်ရာ အလွန်အံ့အားသင့်သွားသည်။
အခန်းထဲတွင် တစ်ယောက်ယောက်ရှိနေလိမ့်မည်ဟု မထင်ထားတာကြောင့် ယန်ရွှမ်၏ရေချိုးဝတ်ရုံသည် ခါးချည်ကြိုးကို ရိုးရိုးရှင်းရှင်းသာချည်ထားပြီး လျော့တိလျော့ရဲဖြစ်နေလေသည်။
ရေချိုးဝတ်ရုံ၏ လည်ပင်းပေါက်ကျယ်ကျယ်သည် သူ၏ဖြူဖွေးသောရင်ဘတ်အစိတ်အပိုင်းအများစုကို ပြသနေကာ ထိုနေရာတွင်ရှိသောကိုက်ရာများသည် ရေချိုးပြီးခါစဖြစ်၍ ပိုမိုထင်ရှားနေခဲ့လေသည်။
“မင်းလိုချင်တာရှိလို့လား”
ယန်ရွှမ် ပုံမှန်အတိုင်းမေးလိုက်သည်။ သူသည် အိပ်ရာပေါ်သို့ ထော့နဲ့ထော့နဲ့ဖြင့်တက်သွားကာ သာမန်မဟုတ်သောအနေအထားနှင့် ထိုင်ချလိုက်သည်။
“ဥက္ကဌချင်က ကျွန်တော့်ကိုချက်လက်မှတ်ပို့ခိုင်းလိုက်လို့ပါ။”
ဝေယီချန်းသည် သူ့အိတ်ကပ်အတွင်းထဲမှ စာအိတ်ကိုထုတ်ယူကာ စားပွဲပေါ်တင်ပေးလိုက်၏။
“အို...ထားခဲ့လိုက်လေ”
ယန်ရွှမ်သည် သူ့မျက်နှာကိုတစ်ဖက်သို့လှည့်လိုက်ခြင်းကြောင့် သူ့ရေစိုနေသည့်ဆံစများကို လှုပ်ခါသွားစေသည်။
“ခင်ဗျား ကျွန်တော့်ကိုလိမ်းဆေးနည်းနည်းလောက် ဝယ်ပေးလို့ရလား။ ကျွန်တော် သွေးထွက်နေလို့”
သူ့အသံမှာ လက်ချောင်းလေးသွေးထွက်နေသည့်အကြောင်းပြောနေသကဲ့သို့ တည်ငြိမ်နေခဲ့သည်။ သို့သော် သူနှင့် ဝေယီချန်းနှစ်ဦးစလုံး မည်သည့်နေရာတွင်သွေးထွက်နေသည်ကို သိလေသည်။
ဝေယီချန်း၏လည်ချောင်းမှာတင်းကြပ်သွားပြီး သူဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။
“ခဏစောင့်ပေးပါ”
ဝေယီချန်း ဧည့်ကြိုကောင်တာကိုဖုန်းဆက်လိုက်ပြီး မကြာခင်၌ ဧည့်ကြိုကောင်တာမှ ဆေးလိမ်းတောင့်တစ်ခုလာပို့ပေး၏။
ယန်ရွှမ်သည် ဆေးလိမ်းတောင့်ကိုကိုင်ကာ ဆေးလိမ်းရန်အတွက် ရေချိုးခန်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့် ပြန်ဝင်သွားတော့သည်။
ဝေယီချန်းသည် သူဆေးလိမ်းပြီးသည်အထိ ရှိနေတုန်းပင်။ ယန်ရွှမ်သူ့ကိုကြည့်လိုက်ပြီး သူအံ့အားသင့်မှုနှင့် သံသယတို့ကနေ တဖြည်းဖြည်းချင်း တစ်ခုခုကိုသဘောပေါက်လာသလိုပင်။
သူ ဝေယီချန်းအား ရွှတ်နောက်နောက်ကြည့်လိုက်သည်။
“ဥက္ကဌချင်က မင်းကိုပြန်ခေါ်ခဲ့ဖို့ပြောထားပါတယ်”
ယန်ရွှမ် ထူးထူးဆန်းဆန်းတွေမပြောလာခင် ဝေယီချန်းသူ့ဘာသာရှင်းပြလိုက်တော့ ယန်ရွှမ်သူ့အကြည့်တွေကိုပြန်ရုတ်သိမ်းကာ “အို” ဟုဆိုလာသည်။
“ထိပ်တန်းအဆင့်အခန်းခထဲမှာ အစားအသောက်ရောပါသင့်တယ်မလား”
ထိုမေးခွန်းကိုကြားတော့ ဝေယီချန်းမျက်မှောင်ကြုတ်၍ “မင်းဘာစားချင်လဲ” ဟုပြန်မေးလိုက်သည်။
ယန်ရွှမ် : "ဆန်ပြုတ်ဆိုရင်ရော "
အလကားရသည့်အစားအသောက်ကိုသုံးဆောင်ပြီးနောက် ယန်ရွှမ်သည် သူ့အင်္ကျီတို့ကိုပြန်ဝတ်ကာ သူ့ပန်းချီအိတ်အဟောင်းကို ပုခုံးပေါ်တင်၍ ချက်လက်မှတ်ကို ထိုးထည့်လိုက်သည်။ သူမထွက်သွားလေးမှာတင် သူရုတ်တရက်မေးလာသည်။
“ဒီအသီးတွေကိုရော ကျွန်တော်ယူသွားလို့ရလား”
အဆင့်မြင့်ထိပ်တန်းဟိုတယ်ခန်း၏စားပွဲပေါ်တွင် အသီးပန်းကန်တစ်ချပ်ရှိ၏။ လေယာဉ်ဖြင့်သီးသန့်သယ်ယူလာသော အထူးစပရှယ်လတ်လတ်ဆတ်ဆတ်အသီးများကို ထားပေးထားကာ နေ့စဉ်လဲလှယ်ပေးသည်။
သူတို့ထွက်သွားတာနှင့် မစားရသေးသည့် ထိုအသီးများအားလုံးက ဖယ်ရှားခံလိုက်ရမှာပင်။
ဝေယီချန်းသည် ယန်ရွှမ်မှာ မည်ကဲ့သို့လူမျိုးဖြစ်သည်ကို အဓိပ္ပာယ်မကောက်နိုင်တော့ပေ။
သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို အပေးအယူအနေနှင့်အသုံးပြုပြီး သူ့ကိုယ်သူ အဖိုးအခကြီးသောပြည့်တန်ဆာလို အမြင့်ဆုံးစျေးပေးသူကိုပေးမည်ဟုတောင် ကြိမ်းဝါးခဲ့သေးသည်။
သို့သော် သူသည် ဝေယီချန်းအား ဖြူစင်သောမျက်ဝန်းများဖြင့်ကြည့်ကာ ဘယ်သူမှမစားမည့် သစ်သီးတွေအား ယူသွားလို့ရမလားလို့လည်း မေးမြန်းနေလေသည်။
ဒါကလည်း နောက်ထပ်သရုပ်ဆောင်တာပဲလား။
ဒီလိုကိစ္စမျိုးက သူ့ရှေ့မှာအသုံးမဝင်ဘူးလို့ထင်တာပဲ။
“မင်းအဆင်ပြေသလိုလုပ်”
ယန်ရွှမ် သူ့ပန်းချီလွယ်အိတ်ထဲသို့ အသီးအားလုံးကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။
“သွားရအောင်”
ဝေယီချန်းသည် ယန်ရွှမ်ကိုလိုက်ပို့ပေးရန် နောက်ထပ်ကားတစ်စီးကို မောင်းလာခဲ့သည်။
“မင်းအိမ်ပြန်မှာလား။ ကျောင်းသွားမှာလား”
ယန်ရွှမ် : "ရှင်းရှင်းလူမှုဖူလုံရေးအသင်းကိုသွားမယ်"
ရှင်းရှင်းလူမှုဖူလုံရေးအဖွဲ့အစည်းသည် ယန်ရွှမ်အား ရန်ကိုဖုနှင့် သူ့ဇနီးမမွေးစားခင် အသက်ရှစ်နှစ်အထိ ယန်ရွှမ်နေခဲ့ဖူးသောနေရာပင်ဖြစ်သည်။
သူ့မွေးစားအမေက သူ့ကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်သော်လည်း သူ့မွေးစားအဖေကတော့ သူ့အား ထမင်းစားလက်မှတ်တစ်ခုလိုသာမြင်ခဲ့သည်။
မင်းသာ မိဘမဲ့ကလေးတစ်ဦးကိုမွေးစားမည်ဆိုလျှင် အစိုးရဆီမှ ထောက်ပံ့ကြေးအနေနှင့် တစ်လကို ဒေါ်လာ၅၀၀ ရရှိပေမည်။
ထိုပမာဏ၏ဆယ်ပုံတစ်ပုံလောက်သုံးခွင့်ရခဲ့ရင်ပင် မူလယန်ရွှမ်အတွက် အတော်ကံကောင်းနေလေပြီ။ သူ့မွေးစားအမေဆုံးပြီးနောက်တွင်တော့ သူ့မွေးစားအဖေက ထိုငွေအားလုံးကို အပိုင်သိမ်းလိုက်တော့သည်။
“ကျေးဇူးပါ”
ယန်ရွှမ် ဝေယီချန်းအား သိမ်သိမ်မွေ့မွေ့ကျေးဇူးတင်လိုက်ပြီးသည်နှင့် ကားပေါ်မှဆင်းကာ ရှင်းရှင်းလူမှုဖူလုံရေးအသင်းဂိတ်ဝသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားလေတော့သည်။
သူ့ပိန်ပါးသောပုံရိပ်သည် ဝေယီချန်း၏မြင်ကွင်းထဲမှ လျင်လျင်မြန်မြန်ပျောက်ကွယ်သွားခဲ့၏။
“ဥက္ကဌချင် ကျွန်တော်သူ့ကို ပြန်ပို့ပေးခဲ့ပါပြီ။ သူ့အိမ်ကိုရော၊ သူ့ကျောင်းကိုရောမဟုတ်ပါဘူး။ ရှင်းရှင်းလူမှုဖူလုံးရေးအသင်းကို သူသွားခဲ့တာပါ”
“နားလည်ပြီ”
ဝေယီချန်း ကားထဲမှထွက်လိုက်သည်။
ချင်ယွီပိုင်သည် ယန်ရွှမ် ဒီမိဘမဲ့ဂေဟာကို ဘာလာလုပ်သလဲဆိုတာ သိချင်နေခဲ့သည်လေ။
ယန်ရွှမ်သည် ဝေယီချန်း၏မြင်ကွင်းထဲမှလွတ်မြောက်သွားသည်နှင့် သရုပ်ဆောင်ခြင်းကိုရပ်ပစ်လိုက်ကာ ခြေလှမ်းကျဲကျဲတို့ဖြင့် ခပ်သွက်သွက်လျှောက်လိုက်၏။
“စနစ်”
“ဝန်ဆောင်မှုရရှိပါသည်”
“ငွေကြေးစုဆောင်းရေးကျောက်ဆူးကို ရှင်းရှင်းလူမှုဖူလုံရေးအသင်းမှာထားလိုက်”
“လက်ခံရရှိပါသည်။ ငွေကြေးစုဆောင်းရေးကျောက်ဆူးအား တည်ဆောက်မှုအောင်မြင်ပါပြီ။ ယခုချိန်မှစ၍ ရှင်းရှင်းလူမှုဖူလုံးရေးအသင်းဆီသို့ သင်လှူဒါန်းသမျှ ငွေကြေးတိုင်းသည် သင့်နောက်ခံပင်စင်လစာထဲသို့ တချိန်တည်းထည့်သွင်းသွားပါလိမ့်မည်။ ကူးပြောင်းသူ ငွေကြေးကံကောင်းဖို့ ဆုတောင်းပေးလျက်ပါ။ မကြာခင် သင့်ထံသို့ချမ်းသာကြွယ်ဝမှုများဆိုက်ရောက်ပါစေ။”
“ကျေးဇူးပဲ”
သူ့နားထဲတွင် ထိုစကားလုံးများသည် ဂီတသံစဉ်များသဖွယ်ဖြစ်နေတော့၏။
ငွေကြေးစုဆောင်းခြင်းကျောက်ဆူးဟူသည် ကူးပြောင်းရေးဌာနမှ ကူးပြောင်းသူများကို အားတက်စေသည့် တစ်ခုတည်းသော အကျိုးခံစားခွင့်ရနိုင်မည့်နည်းလမ်းတစ်ခုပင်ဖြစ်သည်။
ကူးပြောင်းသူတို့သည် ကမ္ဘာထဲတွင် သူတို့ရရှိသမျှပိုက်ဆံများကို ထိုကျောက်ဆူးထဲသို့ လှူဒါန်းနိုင်သည်။
သို့သော် ထိုအရာသည် ဇာတ်ကြောင်းနှင့်ကိုက်ညီမှုရှိနေရမည်ပင်။
ကူးပြောင်းသူတို့ကိုလည်း ဇာတ်ကြောင်းအတိုင်း မလိုက်နာဘဲ အလွန်အကျွံငွေရှာခြင်းမှကာကကွယ်ရန် အင်တိုက်အားတိုက်ငွေရှာခွင့်မပေးပေ။
ထို့အပြင် အနှီကျောက်ဆူးဆီသို့ လှူဒါးလိုက်သောပိုက်ဆံတို့သည် လှူဒါန်းခံရသောနေရာမှအသုံးပြုခွင့်ရှိသည်။
ယင်းကျောက်ဆူးသည် လက်ရှိကမ္ဘာထဲမှ ပိုက်ဆံများကိုလည်း ယူဆောင်ပေးနိုင်သေး၏။
ယင်းရန်ပုံငွေနှစ်ခုသည် တစ်ခုနှင့်တစ်ခု နှောင့်ယှက်ခြင်းလုံးဝမရှိပေ။ သူတို့နှစ်ခုစလုံး၏ဘုံတူညီချက်သည် ပိုက်ဆံပမာဏသာဖြစ်ချေသည်။
ထိုငွေကြေးစုဆောင်းရေးကျောက်ဆူးသည် ဘဏ်များ၊ တည်ထောင်ရေးများနှင့် စတော့ခ်စျေးကွက်များကဲ့သို့ အမြတ်အစွန်းကြီးကြီးမားမားရနိုင်ရန် ရင်းနှီးမြှပ်နှံသည့်နေရာများတွင်တော့ မတည်ဆောက်နိုင်ပေ။။
အကြမ်းဖျင်းပြောရလျှင် လူမှုဖူလုံရေးနေရာများနှင့် ပရဟိတအသင်းများသည် နာမည်ကြီးသောကျောက်ဆူးများပင်ဖြစ်ပေသည်။
တချိန်တည်းမှာပင် ကူးပြောင်းသူတို့သည် OOC မဖြစ်စေရန်လည်း သတိထားရပေမည်။
ဥပမာအားဖြင့် ယန်ရွှမ်သည် တချို့ကမ္ဘာများကလို သူ့တာဝန်သည် ဗီလိန်ဖြစ်နေခဲ့ပါက ထိုအရာကိုလုပ်နိုင်မည်မဟုတ်။
ထိုသို့သောအခြေအနေမျိုးများတွင် ကိုက်ညီမှုရှိသော ပိုက်ဆံစုဆောင်းရေးကျောက်ဆူးကိုရှာရသည်မှာ အတော်လေး နာကျင်စရာကောင်းပေသည်။
(Note : villain ဖြစ်နေရင် ကျောက်ဆူးဆောက်ပြီး ပိုက်ဆံတွေလှူလို့မရတော့ဘူး လှူလိုက်ရင် villain အကျင့်စရိုက်နဲ့မကိုက်ညီတော့ပဲ OOC ဖြစ်သွားမှာ၊ အဲ့သဘောမျိုးပါ)
ယခုစာအုပ်မှာတော့ ယန်ရွှမ်မှာ အစကတည်းက ရှင်းရှင်းလူမှုဖူလုံရေးအသင်းမှလာခဲ့သည့်အတွက် အဆင်ပြေလှ၏။
ယန်ရွှမ် : ကြာပန်းဖြူလေးပြုံးနေပုံ။
“ဒေါ်လာ ၁မီလီယံ?”
ချက်လက်မှတ်ကိုကိုင်လိုက်ချိန်တွင် ဒါရိုက်တာ၏လက်များက တုန်ယင်လို့နေသည်။
“ရွှမ်လေး မင်းဘယ်ကနေဒီလောက်ပိုက်ဆံအများကြီးရလာတာလဲ”
“ကျွန်တော်ထီပေါက်လို့လေ”
ယန်ရွှမ်သည် အပြုံးဖျော့ဖျော့နှင့်ဆိုလိုက်၏။
ဒါရိုက်တာ : "ဒီလောက်အများကြီးလေ..."
ယန်ရွှမ် : "မဟုတ်တာ။ ဒေါ်လာ၁မီလီယံဆိုတာက ဂေဟာတစ်ခုအတွက် ဘာမှမဟုတ်သေးပါဘူးဗျ”
ဒါရိုက်တာခမျာ စကားမပြောနိုင်အောင်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
ယန်ရွှမ်က အမြဲတစေ ကောင်းမွန်သည့်ကလေးတစ်ယောက်ဖြစ်နေဆဲပင်။ သူထွက်သွားခဲ့ပြီးတာတောင် ဂေဟာအတွက် မကြာခဏပိုက်ဆံတွေပေးခဲ့လေသည်။
ထိုကောင်လေးငယ်ငယ်တုန်းကဆို နေ့လယ်စာဝယ်ရင့်တဆင့်၊နှစ်ဆင့်ခန့်စုဆောင်းနိုင်ခဲ့လျှင်တောင်မှ ယန်ရွှမ်သည် နှစ်တိုင်း ဂေဟာအတွက် ဒေါ်လာအနည်းငယ်လှူဒါန်းခဲ့သည်။
သူကြီးပြင်းလာပြီး အချိန်ပိုင်းအလုပ်များလုပ်ရချိန်တွင် သူ့လစာအများစုကို ယန်ကိုဖုက လောင်းကစားလုပ်ခြင်းကြောင့် ကုန်သွားရ၏။ သူ့ကိုယ်ပိုင်အသုံးစရိတ်အတွက် အနည်းငယ်ချန်ပြီး လက်ကျန်ငွေတွေအားလုံးကို ဂေဟာကို လှူလေ့ရှိသည်ပင်။
ဒါရိုက်တာသည် ချက်လက်မှတ်ကိုလက်ခံလိုက်ပြီးနောက် ယန်ရွှမ် ချင်အိမ်တော်နှင့်ပတ်သက်သည့် ဇာတ်ကြောင်းမှာ မည်သို့ဖြစ်လာမည်ဆိုတာကို သူစတင်တွေးတောလာချေသည်။ သူ စားဖို့အတွက် ဒေါ်လာကိုးရာလောက် မလိုတာကတော့ သေချာသလောက်ပင်။
ရှေးလူကြီးတွေပြောသလို တစ်စချင်းစု၍တိုးပွားနိုင်သည်လေ။
“ကျွန်တော့်မှာ ဒေါ်လာ၅၀၀ရှိသေးတယ် ဒါရိုက်တာ။ ဒါပါယူထားလိုက်ပါ”
“ဘယ်ဖြစ်မလဲ။ အရူးလေး။ မင်း ပေါက်စီတွေစားပြီးပဲ အသက်ရှင်ဦးမလို့လား။ မင်းဘယ်လောက်တောင် ပိန်သွားလဲကြည့်ဦး...”
“စိတ်မပူပါနဲ့ ဒါရိုက်တာရဲ့။”
ယန်ရွှမ် နွေးထွေးစွာပြုံးလိုက်သည်။
“ဂေဟာကိုလှူခွင့်ရတာ ကျွန်တော်ပျော်ပါတယ်”
အငြိမ်းစားယူဖို့ ကြိုးစားထားကွ။
အကွာအဝေးတစ်ခုတွင် ဝေယီချန်းသည် ဒေါ်လာ၅၀၀ကိုလက်ခံဖို့အရေး အတိုက်အခံဖြစ်နေကြသည့် ထိုကောင်လေးနှင့် ဒါရိုက်တာ၏ ရှုပ်ထွေးနေသောမျက်နှာထားကိုကြည့်နေခဲ့၏။
နောက်ဆုံးတွင်တော့ ကောင်လေးသည် အောင်မြင်စွာပင် ဒါရိုက်တာ့လက်ထဲသို့ ပိုက်ဆံကိုထိုးထည့်နိုင်ခဲ့ပြီး ထွက်လာခဲ့တော့သည်။ သူ့ခြေလှမ်းများတို့ကတောင် ဒဏ်ရာလုံးဝမရထားခဲ့သလို ပေါ့ပါးသွက်လက်နေသည်ဟုပင်ထင်ရ၏။
ယန်ရွှမ်သည် ဂေဟာအပေါက်ဝသို့ထွက်လာသည်နှင့် ဝေယီချန်းကိုတွေ့လိုက်ရသည်။
သူ့ ထိုလူကိုမြင်သွားသည့်ခဏတွင် လှပသောအိပ်မက်မှ ရက်စက်သောလက်တွေ့ဘဝဆီသို့ ပြန်ဆွဲခံလိုက်ရသည့်နှယ် လူငယ်သည် ဖြူဖျော့ကာ ဒယိမ်းဒယိုင်ပြန်ဖြစ်သွားတော့သည်။
ဝေယီချန်းသည် မသိလိုက်ခင်မှာပင် ခြေတစ်လှမ်းရှေ့တိုးမိသွားသည်။ သူ ထိုကောင်လေးကိုကူညီဖို့ကြိုးစားလိုက်ကြောင်း သူကိုယ်သူသတိကပ်မိချိန်တွင် နောက်ကျလွန်းနေပြီဖြစ်သည်။ သူ့လက်ဖဝါးသည် ပူနွေးနေသောလက်တစ်ဖက်အား ဖမ်းဆုပ်မိလိုက်ချေပြီ။
ထိုဖြူဖျော့သောမျက်နှာလေးသည် အနည်းငယ်မော့လာပြီး မျက်ဝန်းတို့ကမူ နဂိုအတိုင်းကြည်လင်နေမြဲပင်ဖြစ်၏။
“ကျေးဇူးပါ”
“မင်းဘာလို့ဒီလောက်ပူကျစ်နေတာလဲ”
ဝေယီချန်း ယန်ရွှမ်လက်ကိုဖြစ်ညှစ်ကာ ယန်ရွှမ်၏နီရဲနေသောမျက်နှာကိုကြည့်လိုက်သည်။
“မင်းဖျားနေပြီ”
“ကျွန်တော်အဆင်ပြေပါတယ်”
မည်သို့ပင်ဖြစ်စေ မသက်သာမှုကို သူခံစားနေရသည့်အတွက် ယန်ရွှမ် အမှု့မထားတော့ပေ။
“ကျွန်တော့်ကို ၂၄ နာရီစတိုးဆိုင်ကို ခေါ်သွားပေးပါ”
ဝေယီချန်း ကားပေါ်တက်နေစဉ်ခေတ္တရပ်တန့်သွားသည်။ ကားထဲဝင်ရန် သူ့ပုံပျက်နေသောခန္ဓာကိုယ်ကို ဂရုတစိုက်ပြုမူနေသော ယန်ရွှမ်အား သူလှည့်ကြည့်လိုက်သည်။
“မင်းအလုပ်သွားဦးမလို့လား”
“အင်း”
မင်းခန္ဓာကိုယ်ကိုရောင်းပြီးရခဲ့တဲ့ ဒေါ်လာ ၁မီလီယံကိုကျ ဂေဟာကိုလှူပစ်တယ်။
ဖျားနာပြီး ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်နဲ့ အလုပ်သွားဦးမယ်။
ဒါက အရူးတစ်ယောက် မဟုတ်ရင် နတ်သားတစ်ပါးရဲ့လုပ်ရပ်ပဲဖြစ်ရမယ်။
ထို့အပြင် ဝေယီချန်းသည် အမြဲတမ်း ဘာသာမဲ့တစ်ယောက်သာဖြစ်သည်။
သူသည် ဘုရားသခင်ကိုရော၊ နတ်ဘုရားတွေကိုပါ ယုံကြည်ခြင်းလုံးဝမရှိပေ။
ကားထဲတွင် ဘလူးတု့ပ်ဖုန်းမှအသံမြည်လာခဲ့၏။
ဝေယီချန်းသည် ယန်ရွှမ်အရှေ့တွင် ဖုန်းကိုင်ဖို့ တွန့်ဆုတ်မနေခဲ့ပေ။
“အဲအတုကောင်က ဘာလို့ ဂေဟာကိုသွားခဲ့တာလဲ”
အမျိုးသားတစ်ဦး၏ ပျင်းရိ၍နက်ရှိုင်းလေးတွဲ့သောအသံမှာ ကား၏အသံစနစ်ကြောင့် ကြည်လင်ပြတ်သားနေကာ စောစောတုန်းက ယန်ရွှမ် သူ့နားနှင့်ဆက်ဆက်ကြားခဲ့ရသော အသံထက်ပို၍ ဆွဲဆောင်မှုရှိကာ ခံစားချက်မဲ့သလိုဖြစ်နေစေ၏။
ဝေယီချန်းသည် “အတုကောင်”လို့ခေါ်ခံလိုက်ရခြင်းအတွက်ဖြစ်နေမည့် ယန်ရွှမ့်အမူအရာအား နောက်ကြည့်မှန်မှတဆင့် တိတ်တဆိတ်တချက်ကြည့်လိုက်မိသည်။
ယန်ရွှမ်သည် ကွဲအက်နေသောနှုတ်ခမ်းများနှင့် မျက်လုံးများမှိတ်လျက် ထိုင်နေကာ သူ့မျက်နှာတွင် လွန်လွန်ကျွံကျွံခံစားချက်အရိပ်အယောင်တစ်ခုမျှ မရှိနေပေ။
“အတုကောင်” ဆိုတာကို လူသုံးများသည့် အဖျက်စကားတစ်ခုလို့ပဲ သူတွေးထင်နေတာလည်း ဖြစ်နိုင်ပေသည်။
“လှူဒါန်းဖို့အတွက်ပါ”
ဝေယီချန်း သူ့အကြည့်များကိုပြန်ရုတ်သိမ်းပြီးပြောလိုက်သည်။
“သူ ချက်လက်မှတ်ကို ဂေဟာဆီပေးခဲ့ပါတယ်”
ဖုန်း၏အခြားတစ်ဖက်သည် မိနစ်ဝက်နီးပါး တိတ်ဆိတ်သွား၏။
ထို့နောက် မထီမဲ့မြင်ဆန်သော အေးတိအေးစက်ရယ်သံကိုကြားလိုက်ရသည်။
“သူရူးနေတာလား”
ဝေယီချန်းသည် ကားနောက်ကြည့်မှန်ကို ထပ်ကြည့်လိုက်မိပြန်သည်။
ယန်ရွှမ်သည် သူ့နှုတ်ခမ်းကိုကိုက်လျက် အနည်းငယ်ရောင်နေသော အောက်နှုတ်ခမ်းတို့ကို သူသွားဖြင့် ဒေါသတကြီး ထပ်ခါထပ်ခါဖိကြိတ်နေ၏။
သူ့နှုတ်ခမ်းဒဏ်ရာက ဒါကြောင့်ရတာကို။
ဝေယီချန်း : "ကျွန်တော်အခု မစ္စတာယန်ကို ၂၄ နာရီစတိုးဆိုင်ကို သွားပို့ပေးနေတာပါ"
တစ်ဖက်မှ တခဏမျှတိတ်ဆိတ်သွားသည်။
သူထပ်စကားစလာသည့်အခါ ချင်ယွီပိုင်၏အသံသည် ရေခဲမှတ်သို့ရောက်လုနီးပါး အေးစက်ငြိမ်သက်သည်။
“သူ့ကိုဆေးရုံခေါ်သွားလိုက်။ မသေစေနဲ့”
ဤသို့ဖြင့် ဖုန်းချသွားခဲ့သည်။
“သူပြောတာကြားတယ်မလား မစ္စတာယန်”
“ကျွန်တော်ဆေးရုံမသွားဘူး”
ယန်ရွှမ်သည် သူ့မျက်လုံးတို့ကိုဖွင့်ပြီး နောက်ကြည့်မှန်မှ ပုံရိပ်ထင်နေသော ဝေယီချန်း၏အကြည့်တို့နှင့် သေသေချာချာ အကြည့်ချင်းဆုံလိုက်သည်။
“ကျွန်တော်
၂၄နာရီစတိုးဆိုင်မှာပဲ အလုပ်သွားလုပ်မှာ။ ပြီးတော့ ကျွန်တော်မသေသေးဘူး။ သူ့အရည်အချင်းကို သူအထင်ကြီးလွန်းနေပြီ”
ဝေယီချန်း ပုံမှန်လေသံဖြင့်ဆိုလာသည်။
“ဒါက ချင်ဥက္ကဌရဲ့အမိန့်ပါ မစ္စတာယန်။ မင်းအနေအထား မင်းမမေ့ဖို့ ငါသတိပေးပါရစေ”
ယန်ရွှမ် : ဟမ့်..ငါ့အနေအထားက သူ့အလုပ်သမားလေ ဘိုးအေရဲ့!
အပိုင်း 5 ပြီး။