အပိုင်း ၂
Viewers 3k

Ch 2


တလျှောက်လုံး တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည့် ဝေယီချန်းသည် ယန်ရွှမ်၏ ရှုပ်ထွေးပွေလီသော အတိတ်ဇာတ်ကြောင်းအား ဂရုမစိုက်ပေ။ 


သူသည် သူ့အသေးဖွဲ‌ဆန္ဒတစ်ခုကို ယန်ရွှမ်ဘက်မှဖြည့်ဆည်းပေးသရွေ့ ယန်ရွှမ်အား အိမ်တစ်လုံးပေးဖို့ဆန္ဒရှိခဲ့တာပင်။


 ယင်းဆန္ဒမှာ - အမြင်အာရုံပျောက်ဆုံးတော့မလိုဖြစ်နေသည့် ချင်ချင်းအတွက် သူ့မျက်ကြည်လွှာလှူပေးဖို့ဖြစ်၏။


[ ယန်ရွှမ် : ငါဖြစ်...


စနစ် : မရပါဘူး။


ဒါဆိုလည်း ကောင်းပြီ‌‌လေ။ ]


ယန်ရွှမ် ငြင်းပယ်၍ အတိုက်အခံလုပ်မည်ကို စိုးရိမ်သည့်အတွက် ဝေယီချန်းသည် အံ့ဩထိတ်လန့်ဖွယ်လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောလာခဲ့၏။


-အမှန်‌တော့ ယန်ရွှမ်သည် ချင်ချင်း၏ ကြာရှည်စွာပျောက်ဆုံးနေခဲ့သည့် သွေးတော်သားစပ် ညီငယ်လေးပင်။


ယန်ရွှမ် : “....” ဒါပေါ့။ ဒီလိုပဲဖြစ်သင့်တာ။ 


သူ၏ သနားစဖွယ် အစ်ကိုဖြစ်သူကို ကယ်နိုင်ဖို့ရာ စိတ်သဘောထားကြင်နာသည့် ယန်ရွှမ်သည် သူ့မျက်ကြည်လွှာကို တုံ့ဆိုင်းခြင်းမရှိ လှူဒါန်းပေးခဲ့၏။


ဒီတစ်ခါ၌လည်း ခွဲစိတ်မှုပြုလုပ်သူသည် ချီဖေးယွင်သာဖြစ်နေပြန်သည်။


ယန်ရွှမ် : ... မင်းသိတယ်ဟုတ်။


သူကဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်လေ။ ဘာမှမမေးနဲ့။


ထို့နောက် ဇာတ်လမ်း၏အဆုံးသတ်မှာ ဤသို့ဖြစ်၏။


အမြင်အာရုံဆုံးရှုံးကာ ကျောက်ကပ်တစ်ခြမ်းမရှိတော့သည့် ယန်ရွှမ်သည် ဆေးရုံဆင်းလာခဲ့လေပြီ။ 


သူ့အားလာကြိုသည့်လူသည် သူ့ခေါင်းကိုခပ်ဖွဖွထိ၍ အနမ်းတစ်ပွင့်ပေးလာချေသည်။ ထိုလူ့ထံမှကိုယ်သင်းနံ့ကို သူရင်းနှီးကျွမ်းကျင်သော်လည်း ဘယ်သူဆိုတာကို ယန်ရွှမ်ပြောမသွားခဲ့ပါပေ။ 


အနှီအလွန်အကျွံ ရက်စက်ညှဉ်းပန်းတတ်သော ဆန်ကုန်မြေလေးအထက်ပုဂ္ဂိုလ်ဝတ္ထုတွင် ထိုသို့သောအဆုံးသတ်မသေချာသည့် နိဂုံးမျိုးရှိနေခြင်းသည် ယန်ရွှမ်အား ပြောစရာစကားမဲ့သွားစေလေသည်။


ဇာတ်ကြောင်းတစ်ခုလုံးပြီးသွားသည့်နောက်တွင် ယန်ရွှမ် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ 


”ငါဇာတ်သိမ်းကိုရောက်သရွေ့ အဆင်ပြေပြီ။ ဟုတ်တယ်မလား။”


စနစ် : “မှန်ပါသည်။ ဆက်ဆံရေးအားလုံး၏ဇာတ်ကြောင်းပြီးဆုံးခြင်းနှင့် မူရင်းဇာတ်သိမ်းကိုရယူနိုင်ခြင်းတို့သည် ဇာတ်လမ်း၏ပြီးပြည့်စုံခြင်းအဖြစ် မှတ်ယူထားနိုင်ပါသည်။”


ယန်ရွှမ် : ”ငါသိမ်းထားတဲ့ OOC အမှတ်ဘယ်လောက်ရှိပြီလဲ ”


စနစ် : ”0.5 မှတ်ရှိပါသည်။”


အကယ်၍ မင်းသာ အငြိမ်းစားကမ္ဘာ၌ ကျရှုံးသွားခဲ့မယ်ဆိုလျှင် မင်း လူသစ်လေးတွေနှင့် ကနဦးအစမှ ပြန်လည်စတင်ရမည်ဖြစ်သည်။ 


မင်း ယခုထိစုဆောင်းထားသမျှ အငြိမ်းစားလစာအားလုံး ဘဏ္ဍာငွေအဖြစ်အသိမ်းခံလိုက်ရမည်ဖြစ်သောကြောင့်ပင်။


သူဝိညာဉ်ကူးပြောင်းခဲ့သည့် ယခင်ကမ္ဘာတို့တွင် ယန်ရွှမ်သည် သူ့အလုပ်မှာ မည်မျှပင်ကြိုးစားအားထုတ်ရသည်ဖြစ်စေ အမြဲ‌ တစ်ရာရာခိုင်နှုန်းအပြည့် ပြီးဆုံးအောင်မြင်ခဲ့သည်သာ။


 အခက်အခဲတစ်ပြီးတစ်ခု သူသည်းခံခဲ့ခြင်းသည် သူ့စီနီယာများပြောခဲ့ဖူးသည့် အငြိမ်းစားကမ္ဘာ၏ခက်ခဲမှုက စကားဖြင့်ပဲမဖော်ပြနိုင်‌ဘူး ဟူသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ 


မင်းသာ OOC အမှတ်တွေကို မသိမ်းထားခဲ့ဘူးဆိုလျှင် ဖြစ်နိုင်ချေ မရှိသလောက်ပင်။ 


ယင်းစီနီယာများ လုံးဝဥသုဉ်မှန်ပေသည်။ အနှီအငြိမ်းစားကမ္ဘာသည် အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းအောင် ခက်ခဲလွန်းလှပေသည်။


“အဲဒါတွေကိုသုံးမယ်”


“ကောင်းပါပြီ။ ကူးပြောင်းသူ ဇာတ်ကောင်လက္ခဏာများထဲမှ တစ်ခုအား သင်ပြုပြင်နိုင်ပါသည်။”


သူ‌မ‌ရောက်လာခင်တွင် ယန်ရွှမ်၏ ပင်ကိုယ်စရိုက်လက္ခဏာငါးခုမှာ : ဆင်းရဲခြင်း၊ ကြင်နာခြင်း၊ နူးညံ့ခြင်း၊ ခေါင်းမာခြင်းနှင့် ကြိုးစားခြင်း ဟူ၍။


သူ စကားစုတစ်စုကိုသာ ပြောင်းလဲခွင့်ရှိ၏။


ယင်းလက္ခဏာငါးခုတွင် သူတို့၏ကိုယ်ပိုင် စိတ်ညစ်ဖွယ်ရာအနက်အဓိပ္ပာယ်တစ်ခုစီရှိလေသည်။


သို့သော် ယန်ရွှမ် ထိုအရာများထဲမှ တစ်ခုကိုသာ အလွန်အကျွံမုန်းတီးခဲ့လေသည်။ 


“လူဆင်းရဲတာကို...” ယန်ရွှမ် တစ်ခဏမျှစဉ်းစားလိုက်ကာ “ရင်ဘတ်ဆင်းရဲတာ လို့ပြောင်းလိုက်။” ( ရင်ဘတ်သေးခိုင်းတာပါ )


စနစ် : “...ဇာတ်ကောင်၏ ပုံသေကားချပ်စရိုက်လက္ခဏာများကို ပြောင်းလဲ၍မရနိုင်ပါ။”


‌သောက်ကျိုးနည်း။ တကယ်ကို ဝိညာဉ်ကူးပြောင်းရေးဌာနက အရမ်းမွဲတေနေတာလား။


အချိန်တိုင်း၊ အမြဲတမ်း သူ့ဇာတ်ကောင်က ဆင်းရဲမွဲတေမှုလက္ခဏာရှိနေတာလေ!


ဟုတ်ပါပြီ။ 


သူ ဆင်းရဲခြင်းကို ပြောင်းလဲ၍မရသည့်အတွက် ယန်ရွှမ်သည် ‌ဇာတ်ကြောင်းချောမွေ့စေရေးမှ သူ့အား ဟန့်တားနှောင့်နှေးစေသော ဒုတိယမြောက်စရိုက်လက္ခဏာထံသို့ သူ့အကြည့်များရောက်ရှိသွားချေသည်။


“ကြင်နာခြင်းကို...”


“ကူးပြောင်းသူ ထိုအရာသည် ဒုတိယမြောက်စရိုက်လက္ခဏာဖြစ်သည့်အတွက် သတ်မှတ်ထားသော ပမာဏတစ်ခုအထိသာ ပြောင်းလဲ၍ရပါမည်။ သင့်တွင် မူရင်းစကားလုံးအား ဆွဲချက်သုံးချက်ထပ်မပိုဘဲ ပြောင်းလဲခွင့်ရှိပါသည်။”


ယန်ရွှမ် : ”...” ဒီဝိညာဉ်‌ကူးပြောင်းရေးဌာနကြီးက တကယ် အယုတ်တမာပဲ။ ဟုတ်တယ်မလား! မှန်တယ်မလား!


သူ့မှာတော့ ၀.၅ မှတ်လောက်စုနိုင်ဖို့အတွက် အလုပ်တွေကြိုးစားခဲ့ရပေမဲ့ အကုန်လုံးက ကန့်သတ်ချက်တွေနဲ့တဲ့လား။ 


ဆွဲချက်သုံးချက်နဲ့ သူကဘာသွားလုပ်ရမှာလဲ။ ဒါက မူလတန်းကျောင်းက တရုတ်စာလေ့ကျင့်ရေးလား။


သို့တိုင် အငြိမ်းစားယူရန်အတွက် စိတ်နှစ်ထားသည့် ယန်ရွှမ်အား အနှီပြဿနာသည် လုံလောက်အောင် မတားဆီးနိုင်ပေ။


ထပ်ခါတလဲလဲစဉ်းစားပြီးသည့်နောက်၌ သူ‌ပြောလိုက်သည်။ “ကြင်နာခြင်းရဲ့‌ဘေးမှာ ရေသင်္ကေတတစ်ခုထည့်ပေး။”


[Translator note : 善良က kind ပါ။ ဒါက‌တော့ ရေသင်္ကေတထည့်ထားတဲ့ 善浪 စကားလုံးလေးပါ။]


စနစ် : ”...လက်ခံရရှိပါသည်။ ဇာတ်ကောင်၏စရိုက်လက္ခဏာ ‘ကြင်နာ‌ခြင်း’ အား ‘ခံနိုင်ရည်ရှိ‌ခြင်း’ သို့ပြောင်းလဲပြီးပါပြီ။”


သူ့ OOC အမှတ်များကိုသုံးပြီးသည့်နောက် ယန်ရွှမ်၏ ဇာတ်ကောင်လက္ခဏာများသည် ဆင်းရဲခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ နူးညံ့ခြင်း၊ ခေါင်းမာခြင်း နှင့် ကြိုးစားခြင်း သို့ ပြောင်းလဲသွားလေသည်။


ယန်ရွှမ် : အလုပ်ဖြစ်မယ်လို့ ငါထင်တာပဲ။


ယန်ရွှမ် စနစ်ဖြင့် အတည်ပြုလိုက်သည်။ 

“ဇာတ်သိမ်းကိုရောက်ဖို့ အချိန်သတ်မှတ်ချက်ရှိလား။"


စနစ် : “မရှိပါဘူး။ သို့သော် အဓိကဇာတ်ကြောင်းတွင်ရှိပါသော ဇာတ်လိုက်တစ်ယောက်ချင်းစီတိုင်းနှင့် [ဆင်ဆာ] ရ‌သောဇာတ်ကြောင်းများသည် စာအုပ်၏ ပြီးပြည့်စုံသောအပိုင်းတစ်ခုဖြစ်ပါသည်။ 


ထိုအရာသည် ဇာတ်ကြောင်းအမှတ်များကို တိုက်ရိုက်သတ်မှတ်သွားပါလိမ့်မည်။”


ယန်ရွှမ် : ”ဘယ်လောက်လဲ”


စနစ် : “ရက်နှင့်ပြောရမည်ဆိုလျှင် : ချင်ယွီပိုင် (၆၆)၊ ကျားယောက် ( ၉၂)၊ ချီဖေးယွင် (၁၀၈)၊ ရှန်ကွမ်းမင် (၅၂)၊ ဝေယီချန်း (၇) ရက်တို့ပဲဖြစ်ပါသည်။"


ယန်ရွှမ် : “...မင်းပြောတဲ့ရက်ဆိုတာက...”


စနစ် : “...အချိန်ယူနစ်ရဲ့ ရက်ကိုပြောတာပါ။”


ယန်ရွှမ် : “နားလည်ပြီ”


စနစ် : “ကူးပြောင်းသူ လူနှစ်ဦးနှင့်တချိန်တည်းမှာ [ဆင်ဆာ] ပြီး ဇာတ်ကြောင်းကို ရောနှော‌ပစ်ခြင်းက တရားမဝင်ကြောင်း သင့်အား အသိပေးအပ်ပါသည်။”


“ငါသိပါတယ်။ တခြားဇာတ်ကြောင်းတွေ၊ ဆက်ဆံရေးဇာတ်ကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုလဲ။ တောင်းဆိုစရာရှိသေးလား”


“မရှိပါဘူး”


“ဒါဆို ငါသူတို့ကိုတစ်ခါတည်း ရောပစ်လိုက်လို့ရလား”


စနစ်သည် ခေတ္တခဏမျှငြိမ်သက်သွားပြီးနောက် : ”ကူးပြောင်းသူ သင်ကြိုးစားနိုင်ပါသည်။”


အကြောင်းပြချက်မရှိစွာ စက်ရုပ်ဆန်ဆန်အသံတွင် လှောင်ပြောင်သည့်အသံမျိုးပါနေသကဲ့သို့ ခံစားရ၏။ 


တကယ်လို့၎င်းသာ စောင်းပါး‌ရိပ်ခြေပြောနေသည်ဆိုလျှင် : မင်းကြိုးစားရင် မင်းသေလိမ့်မယ် ဟူ၍ပင်။


ယန်ရွှမ် ထိုအရာကိုစိတ်ထဲသိပ်မထားခဲ့ပေ။ “ဒါဆို စလုပ်ကြတာပေါ့။ အိုး...ဟုတ်သား။ ဒီနေရာမှာ နာကျင်မှုအကာအကွယ်ကိုသုံးလို့ရလား”


စနစ် : “အသုံးပြုနိုင်ပါသည်။ သို့သော် အကူသရုပ်ဆောင်စွမ်း‌ဆောင်ရည်သည်လည်း ပိတ်သွားပါလိမ့်မည်။”


တစ်နည်းဆိုရသော် သင့်၏နာကျင်မှုအာရုံခံစွမ်းရည်ကို‌ပိတ်နိုင်သော်လည်း လိုအပ်သည့်အချိန်၌ နာကျင်မှုကိုမဖော်ပြနိုင်ခဲ့ခြင်းကြောင့် ဇာတ်ကြောင်းတွင် အခက်အခဲပြဿနာများဖြစ်ပေါ်လာသည့်အခါ သင့်အတွက်ပြဿနာဖြစ်သွားပါလိမ့်မည်။ 


ယန်ရွှမ် : “ဒါဆို အသက်သွင်းလိုက်ပါ”


တစ်စုံတစ်ခုအား သရုပ်ဆောင်ရသည်မှာ သူ့အတွက် အခက်အခဲတစ်ခုလုံးဝမဟုတ်ပေ။


 ရုပ်ပိုင်းဆိုင်ရာညဉ်းပန်းမှုများနှင့် ခွဲစိတ်မှုပေါင်းများစွာလုပ်ရသည့် ယင်းကစားပွဲ၌ နာကျင်မှုအာရုံခံစနစ်ကို မပိတ်ထားဘဲ သူဘယ်လိုရပ်တည်နိုင်မည်နည်း။


“နောက်ဆုံးမေးခွန်း။ ဒီကမ္ဘာကပိုက်ဆံတွေအားလုံးက အငြိမ်းစားလစာထဲကို စီးဆင်းမှာမလား”


“ဟုတ်ပါသည်။”


“ဟုတ်ပြီ။ ငါ့ဘက်ကတော့ဒါအကုန်ပဲ။ စလိုက်ရအောင်”


“ကူးပြောင်းသူ ယန်ရွှမ်၏ အငြိမ်းစားကမ္ဘာစတင်ပါပြီ။ ကမ္ဘာကိုအဆုံးသတ်ဖို့ သင်လိုအပ်လာလျှင် ယခုစနစ်အား အ‌ချိန်မရွေးဆက်သွယ်နိုင်ပါသည် ကူးပြောင်းသူ။ အဆင်ပြေဖို့ဆုတောင်းပေးလျက်ပါ။”


စက်ရုပ်ဆန်ဆန်အသံသည် ပျောက်ဆုံးသွားသည်နှင့် စာအုပ်ထဲရှိအချိန်သည်ကား နောက်တစ်ကြိမ် စတင်လည်ပတ်လာချေသည်။ 


“မင်းနားမလည်တာရှိသေးလား” ဝေယီချန်း အေးစက်စွာမေးလာ၏။


ယန်ရွှမ် စာချုပ်ကို လှန်လှော၍ စည်းကမ်းချက်များအားလုံးကို အကြမ်းဖျင်းဖတ်ကြည့်လိုက်၏။


 သူ့မျက်ဝန်းများသည် ‘ဒေါ်လာ၁မီလီယံ’ ဟူသည့် ‌လျော်ကြေးငွေအပေါ်တွင် တစ်ခဏမျှရပ်တန့်သွားသည်။


ဒီလောက်ပဲလား။


ဒီစာအုပ်က လွန်ခဲ့တဲ့ဘယ်နှခုနစ်ကတည်းက ရေးထားတာလဲဟ။


CEO ဝတ္ထုတွေရဲ့ ဒေါ်လာသန်းရာချီက လွန်ခဲ့တဲ့နှစ်တွေကတည်းက ငွေကြေးဖောင်းကြွမှုနဲ့အတူ မြင့်တက်နေရမှာမဟုတ်ဘူးလား။


ဒါကလည်း ဝိညာဉ်ကူးပြောင်းရေးဌာနရဲ့ ညစ်တီးညစ်ပတ်လုပ်ရပ်ပဲဖြစ်ရမယ်!


ဝေယီချန်း သည် သူ့အကြည့်ကို သတိထားမိသွား၏။ “မင်းအကြွေးအတွက် ၁မီလီယံက ဆပ်ဖို့လုံလောက်ပါတယ်”


ဝေယီချန်း ဤကဲ့သို့ငွေပမာမဖြစ်စလောက်ဖြင့် သူ့ကိုယ်သူရောင်းချတော့မည့် သတ္တိနည်းသောကောင်လေးအား သရော်ပြုံးပြုံးပြလိုက်သည်။ သူ့တွင် ထိုကောင်လေးထံမှ မည်သည့် ခံစားချက်ကောင်းမှ ခံစား၍မရပေ။


“လူတွေက သူတို့တန်ဖိုးသူတို့သိဖို့လိုတယ်။ မင်းဒီလောက်ရတာပဲ တော်တော်ကောင်းနေပါပြီ။ အရမ်းလောဘမကြီးနဲ့။”


ယန်ရွှမ် လက်မြှောက်လိုက်၏။ မျက်မှန်အားချွတ်၍ သူ့ဦးခေါင်းကိုလည်း ဖြည်းညှင်းစွာမော့လိုက်လေသည်။ 


မည်းနက်နေသောဆံစများသည် သူ့နဖူးပြင်ထက် ဖွာကျလျက် အလွန်အမင်းအံ့ဩမှင်သက်ဖွယ်ကောင်းသော မျက်နှာမျိုးကို ဖော်ထုတ်ပြသနေချေသည်။ 


နှင်းလိုဖြူစွတ်သည့်အသားအရေ၊ သိမ်မွေ့သော သမင်မျက်ဝန်းများ၊ သေးသွယ်သောနှာတံ၊ အနည်းငယ်မြင့်တက်နေသည့် နှာထိပ်တို့သည် နီရဲကာဖူးကြွတောက်ပသည့် နှုတ်ခမ်းတို့ဖြင့် ချိတ်ဆက်ထားလေသည်။ 


သာမန်မဟုတ်သည့် အလှတရားတစ်ခု ရုတ်ခြည်းတိုးထွက်လာခဲ့၏။


ဝေယီချန်း၏မျက်လုံးတို့ အတန်ငယ်လှုပ်ရှားသွားရသည်။


ရုပ်ဆင်ခြင်းသည် အမှန်တကယ်ပင် သိသာလွန်းလှ၏။ ရှေ့တွင်ထိုင်နေသူသည် ချင်ချင်းဟူ၍ တစ်ခဏမျှ သူတွေးမိသွားသည်အထိပင်။


ဒါကြောင့်ကို! သာမန်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ကို အကြွေးဒေါ်လာတစ်မီလီယံနဲ့ ဖိနှိပ်ဖို့ ချင်ယွီပိုင် မရေမတွက်နိုင်တဲ့ကလိမ်ကကျစ်ဉာဏ်ဆင်တွေ ခင်း‌ခဲ့တာလည်း အံ့ဩစရာမရှိတော့ပါဘူး။


ဒီလိုမျက်နှာမျိုးက ၁ မီလီယံထက်တောင် ပိုတန်ဦးမယ်!


“‌မစ္စတာဝေ” ယန်ရွှမ်သူ့နှုတ်ခမ်းကိုဖိ၍ အေးစက်စွာ‌ဆိုလာသည်။ “ကျွန်တော့်ကိုယ်ကျွန်တော်ရောင်းဖို့ လာတာမလို့ အမြင့်ဆုံးကြေးပေးတဲ့လူကိုပဲ ကျွန်တော်ရောင်းမယ်။”


ဝေယီချန်း၏မျက်ဝန်းတို့သည် ချင်ချင်းမျက်နှာနှင့် စိတ်‌အနှောင့်အယှက်ဖြစ်ဖွယ် ဆင်တူနေသောမျက်နှာပေါ်၌ ငြိမ်သက်လျက်ရှိ၏။


“မစ္စတာချင်ကို စကားတစ်ခွန်း‌ပြောပေးပါ”


“၁မီလီယံက မလုံလောက်ဘူး”


“တကယ်တော့” ယန်ရွှမ်သည် သူ့မျက်မှန်ကိုပြန်ဝတ်လိုက်သည်နှင့် စိတ်ဝင်စားစရာမကောင်းသည့် သမားရိုးကျ ဆင်းရဲနွမ်းပါးသော တက္ကသိုလ်ကျောင်းသားလေး ပြန်ဖြစ်သွား၏။


 “ခင်ဗျားသာပြဿနာတွေကိုရှင်းနိုင်မယ်ဆိုရင် ‌ကျွန်တော့်ကို မစ္စတာဝေငှားမယ်ဆိုလည်း အဆင်ပြေပါတယ်”


နှုတ်ခမ်းပါးနီနီတို့ အတန်ငယ်ကွေးညွှတ်သွား၏။ သူ့အပြုံးသည် ကြည်စင်သော်ငြား သူ့အကြည့်များထဲ၌မူ ရှင်းလင်းသောစိန်ခေါ်မှုတစ်ခုကိန်းအောင်းနေလေသည်။ 


”...တစ်ညတာအတွက် အဲ့လောက်ပေါ့။”


[ဝေယီချန်း၏ ဆက်ဆံရေးဇာတ်ကြောင်း ဖွင့်လှစ်လိုက်ပါပြီ။ တိုးတက်မှု : 0%]


အပိုင်း 2 ပြီး။