အပိုင်း ၁
Viewers 3k

Ch 1


“မင်းဒီမှာလက်မှတ်ထိုးပြီးတာနဲ့ စာချုပ်ကအကျုံး၀င်ပြီ”


ယန်ရွှမ် သူ့မျက်နှာအစိတ်အပိုင်းအများစုကို ဖုံးကွယ်ထားသည့် ထူထဲကြီးမားသောမျက်မှန်ဖြင့် ငုံ့ကြည့်လိုက်သည်။ သူ၏ရိုးရှင်းလွန်းသည့်အဝတ်အစားတို့သည် သူရောက်နေသော အထက်တန်းလွှာစားသောက်ဆိုင်နှင့် ကွဲထွက်နေပုံရ၏။


သေးသွယ်ဖျော့တော့သည့် လက်တစ်စုံသည် စားပွဲ၏အောက်ခြေကနေ‌ထွက်ပေါ်လာပြီး နှေးကွေးစွာဖြင့် စာချုပ်အားလှမ်းယူလိုက်သည်။


 “ကျွန်‌တော်ဒါကို ခဏလောက် ပြန်ဖတ်လို့ရမလား”


ဝေယီချန်း၏ ငွေမှင်ရောင်မျက်မှန်ကိုင်းများသည် သတ္တုအလင်းကြောင့် လင်းခနဲဖြစ်သွားကာ အေးစက်စွာဖြင့်စကားပြန်ပြောလာသည်။ 


“မင်းဆန္ဒရှိရင်ပေါ့”


စာချုပ်တွင်ပါရှိသည့် ပြွတ်သိပ်အောင်ရေးသားထားသော စည်းမျဉ်းစည်းကမ်းတွေကိုယန်ရွှမ် တစ်လုံးမျှမဖတ်နေခဲ့ပါ။ သူ့မျက်လုံးတို့သည် ထိပ်ဆုံး၌ ရေးထားသည့် ခေါင်းစဉ်ပေါ်တွင် မြဲမြံစွာတည်ရှိနေခဲ့ချေသည်။


- သခင်နှင့်ကျွန်စာချုပ် -


ယန်ရွှမ် : တော်တော်ရယ်ရတာပဲ။


“ဒေတာရရှိမှု အနည်းငယ်နှောင့်နှေးသွားသည့်အတွက် အားနာမိပါသည်။” 


စနစ်၏ စက်ရုပ်ဆန်ဆန် အသံတစ်ခုထွက်ပေါ်လာသည်။ 


“ဇာတ်ကြောင်း၏အချက်အလက်များ လုပ်ဆောင်နေချိန်တွင် အချိန်ရပ်နေပါလိမ့်မည်။ ယခုတွင် လုပ်ဆောင်မှု ၁၀၀% အောင်မြင်ပါပြီ။”


ထို့နောက် ယန်ရှုအန်း၏ စိတ်ထဲတွင် စာရွက်လှန်သံများ ကြားလိုက်ရပြီး စာအုပ်၏‌ ဇာတ်ကြောင်းတစ်ခုလုံးက လှိုင်းလုံးများနှယ် သူ့အား ဖုံးလွှမ်းသွားတော့သည်။


ထိုဇာတ်လမ်း၏အစမှာ ဤသို့နှယ်:


သူ၏ သွေးသားမတော်စပ်သောညီအစ်ကို ဖြစ်သူ ချင်ချင်းအပေါ်၌ သာမန်မဟုတ်သည့် စွဲလမ်းမှုအာသီသတစ်ခုရှိနေသော ချင်ယွီပိုင်သည် ယန်ရွှမ် မျက်မှန်ချွတ်ထားသည့်အခါ ချင်ချင်းနှင့် သိသိသာသာဆင်တူကြောင်းကို မတော်တဆရှာတွေ့သွားခဲ့၏။ 


ထို့နောက်တွင် ယန်ရွှမ်ကဲ့သို့ ဆင်းရဲနုံချာသော တက္ကသိုလ်ကျောင်းသားလေးသည် ချင်းယွီပိုင်၏ထောင်ချက်ထဲသို့ တစ်လုံးတစ်ပါဒမျှမသိပါဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်သွားခဲ့လေသည်။


နောက်ဆုံး၌ ချင်ယွီပိုင်၏ကလိမ်ကကျစ်ဉာဏ်‌ဆင်မှုတို့ကြောင့် သူ့တွင် မြောက်မြားစွာသောအကြွေးတို့သာ အဖက်တင်လေ၏။


ယန်ရွှမ်မှာ အကြွေးပင်လယ်ထဲ လက်ပစ်ကူးကာ သွားစရာမရှိဖြစ်‌နေချိန်တွင် ချင်ယွီပိုင်သည် လုပ်ဇာတ်တစ်ခုထွင်လျက် သူလိုအပ်နေချိန်၌ ရောက်ရှိလာကာ သခင်-ကျွန်စာချုပ်ကိုအသုံးပြု၍ ယန်ရွှမ်အား သူ့အစေခံအနေဖြင့် တစ်နှစ်နေဖို့ကမ်းလှမ်းခဲ့သည်။


ယန်ရွှမ်တွင် ချင်ယွီပိုင်၏ ကမ်းလှမ်းချက်ကို သဘောတူကာ အနှီ သခင်-ကျွန်စာချုပ်တွင် လက်မှတ်ထိုးပေးလိုက်ရုံမှတပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ 


သခင်-ကျွန်ဆက်ဆံရေးစာချုပ်၏ အဓိကအချက်မှာ ချင်ယွီပိုင်သည် ယန်ရွှမ်၏ခန္ဓာနှင့်အချိန်အား အလုံးစုံတိတိပပထိန်းချုပ်နိုင်ခွင့် ရရှိသွားခြင်းပင်ဖြစ်သည်။


ထို့ကြောင့် ထိုနေ့မှာတင် အလွန်စိတ်ထိခိုက်စရာကောင်းပြီး စိတ်ပျက်စရာ ဇာတ်ကွက်တစ်ခုတွင် ချင်ယွီပိုင်သည် ယန်ရှုအန်းအား ဟိုတယ်တစ်ခုတွင် [ဆင်ဆာ] ခဲ့၏။ 


( note : ဆင်ဆာ ဆိုတာသိတယ်မလား sex လုပ်တာကိုပြောတာပါ )


ယန်ရွှမ် ကြားဖြတ်မပြောဘဲမနေနိုင်တော့ပေ။ “ဒီ‌စာအုပ်ရဲ့ဇာတ်လမ်းက ဒိတ်အောက်လွန်းတယ်။”


စနစ် : “ဇာတ်လမ်းက ကျပန်းရွေးထုတ်ထားတာပါ။”


ယန်ရွှမ် : “...” ကောင်းပြီ။ အငြိမ်းစားယူဖို့ကလည်း လွယ်မဲ့ပုံတော့မပေါ်ဘူး။ 


သူအငြိမ်းစားယူတော့မယ်ဆို‌ကာမှ ဘယ်နှနှစ်လောက်ရှိနေပြီမှန်း မသိနိုင်သည့် ဘိုးတော်ဘုရားလေးဘက်သွားခေတ်က စာအုပ်မျိုးကို သင်းတို့က သူ့အတွက် ရည်ရွယ်ချက်ရှိရှိစီစဉ်ထားခဲ့ကြတာပင်။


 အငြိမ်းစားလစာတောင် မသဒ္ဒါတဲ့ ဝိညာဉ်ကူးပြောင်းရေးဌာနအစား ရှက်မိပါတယ် !


သို့သော်ငြား ထိုကဲ့သို့ ခွေးသွေးဇာတ်လမ်းတို့သည် သူအငြိမ်းစားမယူနိုင်အောင် တားဆီးနိုင်မည်မဟုတ်ပေ။


ထားလိုက်ပါတော့!


ယန်ရွှမ် : “ဆက်ရအောင်။”


အချိန်တစ်ခု‌ကြာပြီးမှာတော့ ချင်ယွီပိုင်သည် ယန်ရွှမ်နှင့် ဟိုတယ်တွင် [ဆင်ဆာ] ရတာကို ငြီးငွေ့လာခဲ့သည်။ သူသည် ယန်ရွှမ်ကို ချင်အိမ်‌တော်ဆီသို့ အစေခံအဖြစ်ပြန်ခေါ်လာကာ သူလုံးဝမရနိုင်သည့် လရောင်ဖြူ(အချစ်ဦး)သဏ္ဍာန်ဖြစ်စေပြီးနောက် မူလယန်ရွှမ်နှင့်တစ်ခန်းတည်းအတူနေခဲ့သည်။


ချင်ယွီပိုင်သည် ယန်ရွှမ်၏ခန္ဓာအပေါ်တပ်မက်စိတ်ကို မထိန်းချုပ်နိုင်သည့်အတွက် ချင်အိမ်တော်၏ နေရာပေါင်းစုံတွင် သူ့တို့နှစ်ဦးစလုံး အရှက်တရားကင်းမဲ့စွာ [ဆင်ဆာ] ကြပြန်သည်။ သာမန်မဟုတ်သော တပ်မက်မှုရှိနေသည့် ချင်ယွီပိုင်မှာ ချင်ချင်း၏ပန်းချီခန်းတွင် ယန်ရွှမ်နှင့် [ဆင်ဆာ] ရခြင်းကိုအကြိုက်ဆုံးပင်။


ထို့အပြင် မူလယန်ရွှမ်၏ ကိုယ်လုံးကိုယ်ထည်အနေအထားမှာလည်း အတော်လေးကို နတ်ဆိုးဆန်ပေသည်။


 အခြေခံအားဖြင့် ပထမအကြိမ်မှာနာကျင်ကာ ဒုတိယအကြိမ်မှာ ကောင်းမွန်လာသလို ခံစားရပြီး တတိယအကြိမ်မှာ စတင်၍စွဲလမ်းမှုဖြစ်လာပေလိမ့်မည်။ 


သူ ချင်ယွီပိုင်နှင့်နေချိန်၌ သူ့ကိုယ်ပိုင်စည်းဘောင်တွေကို ထပ်ခါထပ်ခါချိုးဖောက်ခံရပြီးနောက်တွင် ယန်ရွှမ်သည် အနှီချမ်းသာပြီး လွှမ်းမိုးခြယ်လှယ်တတ်သည့်အမျိုးသားအ‌ပေါ် မကူကယ်နိုင်ပဲ ချစ်မိသွားလေတော့သည်။ 


ဒီစာချုပ်ကြီးပြီးဆုံးသွားလျှင်‌တောင်မှ ချင်ယွီပိုင်၏ တိတ်တခိုးချစ်သူဖြစ်လာရန် ‌သူဆန္ဒရှိနေခဲ့သေးသည်။


ယန်ရွှမ်၏အမြင်၌ သူနှင့်ချင်ယွီပိုင်တို့ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဖြစ်ရန် လက်ထပ်မှတ်ပုံတင်တစ်ခုသာလိုတော့သည်ဟုပင်။ 


သို့သော် ချင်ယွီပိုင်၏အမြင်တွင်ကား ယန်ရွှမ်သည် ဘာတန်ဖိုးမျှရှိမနေခဲ့ပေ။


တစ်ခါ သူ ချင်ယွီပိုင်နှင့် ချင်ချင်း၏ ပန်းချီခန်းထဲ၌ [ဆင်ဆာ] ခဲ့နေစဉ် ချင်ယွီပိုင်၏ကြမ်းတမ်းမှုကြောင့် ယန်ရွှမ်၏ခြေထောက်များမှာ မထိန်းနိုင်ဘဲ ပန်းချီထောက်တိုင်အပေါ်ကျသွားကာ ချင်ချင်း၏ ဆွဲလက်စလက်ရာများထဲမှ ပန်ချီကားတစ်ချပ်အား တိုက်မိသွားခဲ့၏။ 


ယန်ရွှမ် အလွန်အားတုံ့အားနာဖြစ်၍ စိတ်မကောင်းဖြစ်သွားပြီး မတောင်းပန်ရသေးခင်မှာတင် ချင်ယွီပိုင်က သူ့ပါးကိုအားဖြင့်လွှဲ၍ ဖြန်းခနဲရိုက်ချလိုက်တော့သည်။ 


ပြီးနောက်လက်တစ်ဖက်အား ရုတ်ခြည်းချိုးပစ်လိုက်သည်။ 


သူ့ခန္ဓာကိုယ်တွင် ထိုယောက်ျား၏ အချစ်သင်္ကေတတို့ လတ်လတ်ဆတ်ဆတ် စွဲထင်နေဆဲဖြစ်သည့်တိုင် ယန်ရွှမ့်လက်တစ်ဖက်သည် ချင်ယွီပိုင်ထံမှ ရက်ရက်စက်စက်ဖျက်ဆီးခြင်းခံလိုက်ရ၏။ထို့‌နောက် သူသည် တစ်ကိုယ်လုံးဗလာကျင်းအောင် ချွတ်ထားခံရပြီး အေးခဲကာမှောင်မဲနေသည့် မြေအောက်ခန်းထဲသို့ အနှီအမျိုးသား၏ အားဖြင့်ပစ်ထုတ်ခြင်းခံလိုက်ရလေသည်။


ချင်ယွီပိုင်၏ မြောက်မြားစွာသော လူမဆန်ခြင်းများအား ကိုယ်‌တွေ့ခံစားသိရှိ

ပြီး နောက်ဆုံးတွင် အမှန်တရားကိုမူလယန်ရွှမ် သင်ယူလိုက်ရ၏။ သူသည် ချင်ချင်း၏ အစားထိုးခံအရုပ်သက်သက်ပင်။ 


ယန်ရွှမ် : အိုး-ဟိုး?


ထိုဖြစ်ရပ်ပြီးနောက်တွင် ယန်ရွှမ်သည် ချင်အိမ်တော်မှမောင်းထုတ်ခံလိုက်ရကာ ချင်ယွီပိုင်၏ပိုင်ဆိုင်မှုထဲမှ ကွန်ဒိုတစ်ခန်း၌ စတင်နေထိုင်ခဲ့သည်။


နောက်ဆက်တွဲအပိုင်းတို့သည် အသက်၁၈နှစ်အထက်မှဖတ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ဥသုဉ်အလုံးစုံတို့နှင့်သာ လွှမ်းမိုးပြည့်နှက်နေတော့၏။


သူတို့ မိုး‌ရေထဲ၌ ပြင်းပြင်းထန်ထန်ဆက်ဆံခဲ့ကြပြီးနောက် ယန်ရွှမ် အပြင်းဖျား ၄၀ ဒီဂရီရရှိသွားသည့် အခြေအနေ

တွင် ဇာတ်လမ်း၏အလှည့်အပြောင်းစတင်ခဲ့လေသည်။


ချင်ယွီပိုင် ယန်ရွှမ်၏ဘေး၌ ရှိနေစဉ်တွင် အိမ်တော်မှ ‌ဖုန်းကောလ်တစ်ခုကို လက်ခံရရှိခဲ့သည်။ ချင်ချင်းသည် ယနေ့ညတွင် အစားသိပ်မဝင်ဘူးဟု အိမ်တော်ထိန်းမှ ချင်ယွီပိုင်အားပြောလာခဲ့သည်။ အအေးမိသွားပုံရသည်ပင်။


အတန်ငယ်စိတ်ရှုပ်‌ထွေးသွားပြီးနောက် ချင်ယွီပိုင်သည် အိမ်မပြန်ဘဲ ယန်ရွှမ်‌ဆီမှာသာ နေဖို့ရွေးချယ်လိုက်သည်။ သူသည် ယန်ရွှမ်၏ လှပကာ အဖျားဝင်နေသောခန္ဓာကိုယ်အပေါ် အခွင့်အရေးယူရသည်အား နှစ်ခြိုက်နေခြင်းပင်။


နောက်ရက်၌ ချင်ယွီပိုင် ယန်ရွှမ်၏ အိပ်ရာပေါ်တွင်နိုးလာပြီးနောက် ရုတ်ခြည်း အသိတရားဝင်လာပြန်သည်။


ယန်ရွှမ်က အဖျား 40 ဒီဂရီလောက်ပဲရှိပြီး ချင်ချင်းကမှ အအေးမိနေတာလေ! သူက ဒီလိုအစားထိုးလေးတစ်ယောက်အတွက်နဲ့ ချင်ချင်းကိုကြည့်ဖို့ အိမ်ကိုတကယ်မပြန်ခဲ့တာပဲ!


အာ...ဒါကမဖြစ်နိုင်ဘူး။ ယန်ရွှမ်ကြောင့်နဲ့ ချင်ချင်းအပေါ်ထားတဲ့ သူ့အချစ်စိတ်တွေက ယိမ်းယိုင်ကုန်ပြီ။ သူ ယန်ရွှမ်နဲ့ဆက်ဆံရေးကို အပြီးသတ်ရမယ်!


သို့သော် ချင်ယွီပိုင်သည် ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်နေခဲ့ပြန်သည်။


သူတွန့်ဆုတ်နေခဲ့သည်မှာ ယန်ရွှမ်၏ အံ့အားသင့်ဖွယ်ခန္ဓာကိုယ်ကြောင့်လား၊ ယန်ရွှမ်ကိုယ်တိုင်ကြောင့်ပဲလား ဆိုသည်ကိုပင် သူမပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ချင်ယွီပိုင်၏ အတွင်းစိတ်ရှုပ်ထွေးမှုဖြစ်နေစဉ် အချိန်အတွင်း ထိခိုက်နာကျင်ရသူမှာ ယန်ရွှမ်ပင်ဖြစ်သည်။


ထို့ကြောင့် သူတို့နှစ်ဦး၏ ရက်စက်ကြမ်းတမ်းသောဆက်ဆံရေးသည် တစ်ခဏမျှ ဆက်လက်တည်ရှိနေခဲ့၏။


ထိုအရာသည် သူတို့နှစ်ဦးစလုံးအား စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခြေကုန်လက်ပန်းကျစေခဲ့လေသည်။


နောက်ဆုံး၌ ချင်ယွီပိုင်သည် ချောက်နက်ထဲသို့ပြုတ်မကျသွားခင်အခြေအနေမှာတင် သူ့ကိုယ်သူပြန်လည်ထိန်းမတ်နိုင်ခဲ့၏။ သူသည် အလောင်းအစားတစ်ခုကြောင့် ယန်ရွှမ်အပေါ် အမြဲစိတ်ဝင်စားနေခဲ့သူ ကျီဟောက်ထံတွင် ရည်ရွယ်ချက်ရှိရှိ ယန်ရွှမ်အား အဆုံးရှုံးခံလိုက်လေသည်။ 


ယန်ရွှမ်အတွက်ကား ဆန်ကုန်မြေလေးအထက်ပုဂ္ဂိုလ်တစ်ယောက်ထံမှ နောက်ထပ် ဆန်ကုန်မြေလေးတစ်ယောက်လက်ထဲသို့ ရောက်ရှိသွားရုံသာရှိပေသည်။ 


ကျီယောက် ယန်ရွှမ်အပေါ် စိတ်ဝင်စားနေခဲ့သည့် အကြောင်းအရင်းမှာ ချင်ယွီပိုင်နှင့်အတူတူပင်ဖြစ်သည်။


ကျီယောက် - သူသည်လည်း ချင်ချင်းကိုကြိုက်နေသောကြောင့်ပင်။


ယန်ရွှမ် ထိုအချက်ကို မေးခွန်းမထုတ်ဘဲမနေနိုင်တော့ပေ။ ”ငါ ချင်ချင်းဖြစ်လို့မရဘူးလား”


စနစ် : ”ဒီစာအုပ်ထဲမှာ ပျောက်ဆုံးနေတဲ့ဇာတ်ကောင်သည် တစ်ယောက်တည်းသာဖြစ်ပါသည်။ အစကတည်းက လရောင်ဖြူအဖြစ် ဝိညာဉ်ကူးပြောင်းခြင်းသည်လည်း မြောက်များစွာရှိ‌နေပြီးဖြစ်သောကြောင့် ယင်းစာအုပ်မျိုးအား တကျော့ပြန်ခေတ်စားစေရန် ရည်ရွယ်ထားပါသည်။”


ယန်ရွှမ် : ”...ကောင်းပြီလေ။ ဆက်ပြောစမ်းပါ။”


ချင်ယွီပိုင်နှင့်ယှဉ်လျှင် ကျီယောက်သည် ကစားရာတွင် ပိုတော်ပေသည်။


သူသည် ယန်ရွှမ်အား ရုပ်ပိုင်းဆိုင်ရာ အစားထိုးရုံသက်သက်နှင့် မကျေနပ်ဘဲ အတွင်းရောအပြင်ပါ ချင်ချင်းနှင့် ကိုက်ညီစေချင်ခဲ့သည်။


ချင်ချင်းသည် ပန်းချီဆရာတစ်ယောက်ဖြစ်‌သည့်အတွက် ယန်ရွှမ်အား သူ့စာပေမေဂျာကို လက်လျှော့စေကာ အနုသုခုမဌာနသို့ပြောင်းရွှေ့စေခဲ့၏။


ချင်ချင်းသည် စန္ဒရားတီးတတ်သည့်အတွက် ယန်ရွှမ်အား စန္ဒရားကို နေ့ရော၊ညပါ လေ့ကျင်စေခဲ့သည်။ 


အခြေခံအားဖြင့် ချင်ချင်းလုပ်နိုင်သည့်အရာဟူသမျှ ယန်ရွှမ်လုပ်နိုင်ရမည်။ သူသည် ယန်ရွှမ်အား ပြီးပြည့်စုံသော အစားထိုးတစ်ယောက်ဖြစ်‌လာဖို့ ဖန်တီးပုံသွင်းလိုခဲ့သည်ပင်။


ထို့နောက် ယန်ရွှမ်သည် ချင်ချင်းနှင့် တစ်ဆထက်တစ်ဆ တူလာလေလေ ကျီယောက်၏ စိတ်သဘောထားသည်လည်း ပို၍ပို၍ ကောင်းမွန်လာလေလေဖြစ်သည်။ အနှီဖြစ်အင်သည် ယန်ရွှမ်အား ထင်ယောင်ထင်မှားဖြစ်ခြင်း၏ သားကောင်ငယ်လေး အလိုအလျောက်ဖြစ်သွားစေခဲ့သည်။


ဒီလူက ငါ့ကိုတဖြည်းဖြည်းချစ်လာတာများလား။


ထင်ထားသည့်အတိုင်းပါပင်။ ထိုအရာသည် လုံးဝ- ဖြစ်နိုင်ချေမရှိ။ 


မကြာခင်၌ ရက်စက်ခါးသီးသောလက်တွေ့သည် ယန်ရွှမ်၏ နုံအသောစိတ်ကူးယဉ်အတွေးကို ဖျက်ဆီးပစ်လိုက်၏။


ချင်ချင်းတွင် ကျောက်ကပ်ရောဂါဖြစ်ပေါ်လာခဲ့သည်။ 


ထိုအချိန်၌ ထိုဇာတ်လမ်းဦးတည်နေသည့်နေရာကို ယန်ရွှမ် ခန့်မှန်းမိသလောက်ရှိလေပြီ။


အကောင်းဆုံးကျောက်ကပ်ရှာဖွေခြင်း။


ဟုတ်ပါ၏။ ကျီယောက် သည် ချင်ချင်းအတွက် ကျောက်ကပ်တစ်ခြမ်းလှူဖို့ရာ ယန်ရွှမ်ကို အမိန့်ပေးခဲ့လေသည်။


- လိုအပ်လာလျှင် တစ်ခုလုံးလှူဒါန်းလိုက်ဖို့ရောပေါ့။


ယင်းဇာတ်လမ်း၏ သောက်ကျိုးနည်းသန့်စင်မွန်မြတ်လှပါသော အောက်ပုဂ္ဂိုလ်အနေဖြင့် ယန်ရွှမ်သည် ချင်ချင်း မကျန်းမာနေသည်ကို သိရှိပြီးသည့်နောက် အမှန်တကယ်ပင် ကျောက်ကပ်တစ်ခြမ်းကို လှူဒါန်းရန် ဆန္ဒရှိခဲ့လေသည်။


သို့သော် ကျီယောက်သည် ခွဲစိတ်ခြင်းမပြုရသေးခင်တွင် ယန်ရွှမ် ချင်ချင်းအားမနာလိုစိတ်ပေါ်လာကာ ကျောက်ကပ်မပေးတော့မည်ကို စိုးရိမ်သောကြောင့်ခွဲစိတ်ခန်းကုတင်ဆီသို့ မပို့ဆောင်ရသေးခင်မှာတင် ယန်ရွှမ်အား မေ့ဆေးပေးလိုက်၏။


ထိုအရာသည် သူတို့နှစ်ဦးကြား၌ စေ့မရသောပက်ကြားတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။


ယန်ရွှမ်သည် ယင်းခက်ခဲကြမ်းတမ်းသောဆက်ဆံရေးကို အဆုံးသတ်ဖို့ အခကြေးငွေအနေနှင့် ကျောက်ကပ်တစ်ခြမ်းအား ပေးအပ်ခဲ့ရသည့်သဘောဖြစ်သွားခဲ့သည်။


ထို့နောက် ချင်ချင်းနှင့် သူ့အား ခွဲစိတ်ပေးခဲ့သည့် ခွဲစိတ်ဆရာဝန် ချီဖေးယွင်သည် သူနှင့် တဖြည်းဖြည်းရင်းနှီးလာခဲ့၏။ 


ခွဲစိတ်ခန်းဝင်နေစဉ်၌ ချီဖေးယွင်သည် ချင်ချင်းအား! မြင်မြင်ချင်း! ချစ်! မိ! သွား! ခဲ့! ခြင်း! ကြောင့်ပင်။


ယန်ရွှမ် : ငါဒီထက်ပိုပြီး သည်းမခံနိုင်‌တော့ဘူး။


တကယ်ပင် ချီဖေးယွင်သည် ချင်ချင်းအား နုနယ်လွန်းသည့် ချစ်ရသူနှယ် ထိတွေ့ဖို့ပင် တွန့်ဆုတ်နေခဲ့လေသည်။


ထို့ကြောင့် ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင် ချီဖေးယွင်သည် သူနှင့်ပြောဆိုဆက်ဆံချိန်၌ စိတ်ကိုညှို့ကာ ယန်ရွှမ်၏ ဦးနှောက်မှတ်ဉာဏ်များအား ဖျက်ဆီးပစ်လိုက်လေသည်။ ယန်ရွှမ် ဆေးရုံမှဆင်းရသည့်အချိန်တွင် သူသည် သူ့အတိတ်မှတ်ဉာဏ်များကိုပျောက်ဆုံး၍ ချီဖေးယွင်၏ အရုပ်လုံးလုံးဖြစ်သွားလေတော့၏။ 


ချီဖေးယွင် သူ့အားအမိန့်ပေးသည့် ဘယ်အရာမဆို သူလုပ်ပေးလာခဲ့သည်။ 


ယန်ရွှမ် : ?


ခွဲစိတ်ဆရာဝန်တွေ ဒီလိုပညာမျိုးကိုလည်း ကျွမ်းကျင်တာပဲလားဟ?


ထို့နောက် ချီဖေးယွင်သည် ယန်ရွှမ်နှင့် လူသားဆန်ခြင်း အကန့်အသတ်များကို စတင်စူးစမ်းလာခဲ့၏။ 


သူသည် ယန်ရွှမ်ကို မည်သည့်အခါမှ သက်ရှ်ိလူသားတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းမရှိခဲ့ပေ။ 


ပြောရမည်ဆိုလျှင် သူ့အတွက်ယန်ရွှမ်သည် ချင်ချင်း၏ အစားထိုးကလွဲ၍ ဘာမျှမဟုတ်ခဲ့ပါလေ။


ထိုအချိန်တွင် လရောင်ဖြူလေးကို မချစ်သည့် ဆန်ကုန်မြေလေး အထက်ပုဂ္ဂိုလ်နံပါတ် (၄) သည် နောက်ဆုံး၌ ပေါ်လာခဲ့လေပြီ။ 


ထိုသူမှာ ချီဖေးယွင် ၏ အိမ်နီးချင်း ရှန်ကွမ်းမင် ဖြစ်ပေသည်။ သူ့နာမည်အတိုင်းပင် ရှန်ကွမ်းမင်သည် ဖြောင့်မှန်ကောင်းမွန်သော လူတစ်ယောက်ပင်။


 သူသည် ယန်ရွှမ်ဖြစ်ပျက်နေသမျှကို မြင်‌တွေ့သွားခဲ့ပြီး ချီဖေးယွင် မရှိချိန်၌ သူ့ကို တိတ်တဆိတ်ကယ်ဆယ်ထားခဲ့လေသည်။


ရှန်ကွမ်းမင်သည် သူ့အတွက် စစ်မှန်ကောင်းမွန်တဲ့ လူကောင်းတစ်ယောက်ဖြစ်ပေသည်။ 


သူသည် ယန်ရွှမ်အား နူးညံ့‌သောနွေးထွေးမှုတို့ဖြင့်ကုသပေးခဲ့ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေသည့် ယန်ရွှမ်သည်လည်း ရှန်ကွမ်းမင် အပေါ် တဖြည်းဖြည်း ပြန်လည်ချစ်ကြိုက်လာခဲ့၏။


ရှန်ကွမ်းမင်သည် အစပိုင်းတွင် အဖြောင့်ဖြစ်ခဲ့သော်ငြား ယန်ရွှမ်ကဲ့သို့ အောက်ပုဂ္ဂိုလ်ဇာတ်လိုက်နှင့် မထင်မှတ်ဘဲတွေ့ဆုံပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ ယန်ရွှမ်၏ အလှတရားအောက် မျှော်လင့်ထားသည့်အတိုင်း ဆွဲဆောင်ခံလိုက်ရသည်။


 သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စုံမက်ကာ ပေါများလှစွာသော papapa(ကား)များဖြင့် ပျော်ရွှင်ဖွယ်ဘဝကို တစ်ခဏမျှ ဖြတ်သန်းခဲ့ကြ၏။


ယန်ရွှမ်သည် သူ့ပျော်ရွှင်ဖွယ်ဇာတ်သိမ်းကို အဆုံးသတ်၌ ပိုင်ဆိုင်ခွင့်ရပြီဟု တွေးထင်နေဆဲမှာပင် ချင်ယွီပိုင် နှင့် ကျီယောက်သည် သူတို့အိမ်တံခါးရှေ့သို့ မထင်မှတ်ဘဲ ရောက်လာခဲ့ပြန်၏။ 


ယန်ရွှမ်သည် ယောက်ျားနှစ်ယောက်၏ ‘ဖမ်းဆီးထိန်းသိမ်းခြင်း' ကိုခံထားရဖူးကြောင်းကို သူတို့မင်္ဂလာဆောင်မတိုင်ခင်ည၌ ရှန်ကွမ်းမင် သိရှိသွားပြီးနောက် စိတ်ပိုင်းဆိုင်ရာပြိုလဲသွားလေသည်။ 


ယန်ရွှမ်သည် သူနှင့်အတူရှိဖို့ရာ မစင်ကြယ်လွန်းအားကြီးနေခဲ့သည်ဟု ရှန်ကွမ်းမင်တွေးတောခဲ့သည်။


ထို့ကြောင့် ရှန်ကွမ်းမင်သည်လည်း သူ့ကို စွန့်ပစ်လိုက်ပြန်သည်။ 


ထို့သို့ထပ်ဖန်တလဲလဲ လှုံ့ဆော်ခံရပြီးနောက် နောက်ဆုံးတွင် ယန်ရွှမ် အရာအားလုံးကို မှတ်မိကာ သူသည်လည်း စိတ်ပိုင်းဆိုင်ရာပြိုလဲမှုနဲ့ကြုံတွေ့လာရ၏။


မျှော်လင့်ချက်ပျောက်ဆုံးနေချိန်တွင် သူ မည်သူ့ကိုမှထပ်မံ၍ ဂရုစိုက်ခြင်းမရှိတော့ကာ ဘားတစ်ခု၌ သွားသောက်နေခဲ့၏။ 


မည်သို့ပင်ဖြစ်စေ သူက ညစ်ညမ်းနေပြီးပြီဖြစ်သည့်အတွက် သူတတ်နိုင်သလောက် ပျော်နေသင့်သည်လေ။


‌အဆုံး၌ ချင်ယွီပိုင်၏ အိမ်တော်ထိန်းဝေယီချန်းသည် အနှီပေါ့ပေါ့နေပေါ့ပေါ့စားကို ခေါ်ယူဖို့ လူလုံးထွက်ပြလာခဲ့သည်။ 


အပိုင်း 1 ပြီး။