Chapter 57.2
အတိတ်မှာတုန်းက ကျိုးရှုနဲ့ တစ်ခြားတိအာတွေကို ဘယ်လောက်ပဲလက်ခံနိုင်ခဲ့ပါစေ လက်ရှိအခြေအနေကို ကြည့်ပါက သူတို့ဟာ လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးနေရာသို့ ရောက်နေသည်ပင်။ တစ်ခြားတိအာ တွေကို သူတို့အနိုင်ကျင့်တာက ကျိုးရှု အတွက်ကိစ္စမဟုတ်ပေမယ့် သူတို့လာစမ်းရဲရင်တော့ ကျိုးရှု သူတို့ကိုပြန်လက်စားချေမည်။
ဒီဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်လေးတွေက ရန်ပွဲအသေးစားလေးတွေပဲ ဖြစ်နိုင်တာလေ။ ကျိုးရှုကတော့ ရန်ဖြစ်ရင် လက်သီးနဲ့သာ ပိတ်ထိုးလိုက်မည်ပင်။
ကောသုံးယောက်နှင့် ယောင်္ကျားတစ်ယောက်ကို မြင်တော့ ကျိုးရှု ရပ်လိုက်သည်။ သူတို့က မဲ့ပြုံးပြုံးကာ ပြော၏။
"အဲ့တော့ မင်းက တိအာပေါ့ ဟားဟား။ မင်းကအရမ်းချောတော့ ငါက မင်းကို ကောဖြစ်မယ်လို့ ထင်လိုက်မိတာ ဟားဟားဟား။ မင်း တိအာဖြစ်နေလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး"
"ဟုတ်ပါ့ မင်းကအမြဲလိုလို မာနတစ်ခွဲသားနဲ့ဆိုတော့လဲ"
"တိအာဖြစ်ရတာက မင်းကိုအပြစ်ပေးလိုက်တာပဲ ဟားဟား"
"မင်းတော့ ရောင်းစားခံရတော့မယ်။ အဲကျမှ ငါတို့ဆီ လာမငိုနဲ့နော်"
ကျိုးရှု သူတို့ကို အေးစက်စက်ကြည့်လိုက်သည်။ လက်သီးနဲ့ရွယ်လာတာကိုမြင်တော့ ကျိုးရှု ရှောင်လိုက်ကာ ခြေထောက်ကိုမြှောက်ပြီး ထိုယောင်္ကျားရဲ့အောက်ပိုင်းကို ကန်ချလိုက်တော့၏။ ထိုယောင်္ကျားနာလွန်းလို့ အော်နေချိန်မှာ ဘတ်စကတ်ဘောကစားသလို ခန္ဓာကိုယ်အားလှည့်လိုက်သည်။ ကျိုးရှုရဲ့ လက်သီးစာမိသွားတဲ့ အခါမှာတော့ ထိုကောတစ်ယောက်လဲ ရှောင်ချိန်တောင်မရလိုက်။
ကျန်ကော နှစ်ယောက်မှာတော့ သူတို့ အခြေအနေမဟန်တော့ဘူးဆိုတာ သိလိုက်ရသည်။ နှစ်ယောက်သား မျက်လုံးချင်း ဆုံလိုက်ကြပြီး ကျိုးရှုကို အတူတိုက်သည်။ နောက်ဆုံးမှာတော့ ကျိုးရှုက သူတို့တွေကို ခြေထိုးခံလိုက်သည့်အတွက် ရှောင်ချိန်တောင်မရဘဲ လဲကျကုန်ကြ၏။
ကျိုးရှု လက်တွေကိုဖုန်ခါရင်း သူတို့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့တွေ ဘယ်လိုတိုက်ခိုက်ရမလဲ မသိရင် သင်လိုက်ကြအုန်း။ နောက်တစ်ခါ သေချင်ရင်တော့ ငါ့ဆီလာခဲ့။ မင်းတို့တွေအသေဆိုးနဲ့ သေသွားစေရမယ်လို့ ငါအာမခံတယ်"
ကျိုးရှုက ပြောပြီးတာနဲ့ ရင်ကော့ပြီးထွက်သွားတော့၏။
ထိုအချိန် တင်းကျောက်လင်မှာတော့ ဆရာကို ခေါ်လာတာဖြစ်ပြီး ကျိုးရှုတစ်ယောက် မျက်နှာထားတင်းတင်းနဲ့ ထွက်သွားတာကို မြင်လိုက်သည်။ ကျောင်းတံခါးဝရောက်တော့ မိန်းမလှလေးတစ်ယောက်ကို ကျိုးရှု တွေ့လိုက်၏။ ထိုမိန်းကလေးက လက်ခုပ်တီးလျက် ပြောသည်။
"မဆိုးဘူး။ ဒါမှ ငါသိတဲ့ ငါ့မောင်လေးအစစ်"
သူ့ဆီကို သွားနေရင်း ကျိုးရှု အော်ခေါ်လိုက်သည်။
"အစ်မ"
အဲဒါနဲ့ ကျိုးရှု ဆံပင်တစ်ခုလုံးမှာ သူ့အစ်မ ဖွတာကြောင့် ပွသွားတော့သည်။
"ငါ့ကိုကော သတိရရဲ့လား။ ငါကတော့ ငါ့မောင်လေးကို သတိရလွန်းလို့ သေတော့မယ်"
ကျိုးရှုမှာ သူ့အစ်မရဲ့လက်က ရအောင်ထွက်ကာ ဆံပင်စည်းလိုက်ပြီးနောက်ပြန်ဖြေသည်။
"နည်းနည်းပေါ့"
နှစ်ယောက်သားကားပေါ်မတက်ခင် ကျိုးရှု အမဟာ သူ့ခေါင်းကို ဖွသွားပြန်၏။
ဒရိုင်ဘာထိုင်ခုံမှာတော့ စစ်ယူနီဖောင်းဝတ်ထားသည့် ယောင်္ကျားတစ်ယောက် ထိုင်နေသည်။ ကျိုးရှု သူ့ကိုခေါ်လိုက်၏။
"ယောက်ဖ"
ထိုယောင်္ကျားမှာ ကျေနပ်သွားပြီး ခေါင်းညိတ်ပြသည်။ ကားမထွက်ခင်မှာ ကျိုးရှုကို သေချာထိုင်ဖို့ ပြောလေ၏။
"နင့်မှဲ့ကို ကြည့်ရအောင်၊ လာဦး လာ။ နင်ဘာလဲသိရပြီလို့ ငါကြားထားတယ် ဟားဟားဟား။ အိုက်ယိုး၊ မှဲ့ပြာပါလား ဒါလဲကောင်းတာပဲ။ ငါ့မောင်လေး နင်ကလေးမွေးစရာ မလိုတော့ဘူး"
ကျိုးကျင်းရဲ့ အသံမှာ ကျိုးရှု ကောပဲဖြစ်ဖြစ် တိအာပဲဖြစ်ဖြစ် ဂရုမစိုက်သလိုပင် ဝမ်းသာနေဟန်။
ကျိုးရှု စိတ်ဆိုးချင်ယောင်ဆောင်ပေမယ့် ကျိုးကျင်းကတော့ ပိုတောင်ပျော်နေသေးသည်။ ကျိုးကျင်းမှာ အကြာကြီး ရယ်နေပြီးနောက် ကျိုးရှုရဲ့ နဖူးကို လက်ချောင်းနဲ့ ထိလာသည်။
အဲဒီနောက် သူကပြောသည်။
"နင်ကကောပဲ ဖြစ်ဖြစ် တိအာပဲဖြစ်ဖြစ် ယောင်္ကျားပဲ ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ နင်က ကျိုးရှုပဲလေ။ နင်က လူတစ်ယောက်၊ ပစ္စည်းတစ်ခုမှ မဟုတ်တာ။ ကိုယ့်ဘဝနဲ့ကိုယ်နေ တစ်ခြားအဓိပ္ပာယ်မရှိတာတွေကို စိတ်ထဲထည့်မနေနဲ့။ ကြားလား"
ရင်ထဲမှာ ကြည်နူးမိသွားတာကို ဖုံးဖို့အတွက် ကျိုးရှု ခေါင်းငုံ့လိုက်သည်။ ဒီကမ္ဘာကြီးက အဲလောက် မဆိုးသေးကြောင်း ကျိုးရှု သဘောပေါက်သွားသည်ပင်။ အနည်းဆုံးတော့ သူ့အစ်မက လူကောင်းတစ်ယောက် ဖြစ်နေသေးသည်။
"ကျွန်တော် နားလည်ပါတယ်"
ကျိုးရှု ပြန်ဖြေလိုက်သည်။
ကျိုးကျင်းက ကျိုးရှုကို အိမ်ပြန်ခေါ်လာသည်။ အဲဒီညမှာ ကျိုးကျင်းတစ်ယောက် ညစာစားတော့ ထိုစကားတွေပဲ ထပ်တလဲလဲ ပြောနေတာကြောင့် သူတို့မိဘတွေမှာလဲ ဒေါသအတော်လေး ထွက်နေကြပြီပင်။ သို့သော်ငြား ကျိုးကျင်းက ဂရုမစိုက်၊ သူက သူ့မောင်လေးကိုသာ ကာကွယ်ပေးချင်သည်။
မူရင်းဇာတ်လမ်းမှာတုန်းက ကျိုးရှုက ဘာလဲသိတာတောင် ကျိုးကျင်းက ဆက်ပြီးချစ်ပေးကြင်နာပေးခဲ့တာကို ကျိုးရှု သိထားသည်။ သို့သော်ငြား သူက တိအာဖြစ်တာမလို့ လူအများစုဟာ ကျိုးရှုကို ချောင်ထိုးကာ ဖိနှိပ်ခဲ့ကြသည်။ နောက်ဆုံးမှာမူ သူလဲ ရှက်ကာ အားနည်းလာသည်ပင်။
သူယုံကြည်ခဲ့တဲ့ တစ်ဦးတည်းသော လူကတော့ တင်းကျောက်လင်သာ။ တင်းကျောက်လင်က သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ သူထင်ခဲ့မိသည်။ ဒါပေမယ့် တင်းကျောက်လင် သူ့ကို ခါချသွားတဲ့အခါမှာတော့ တင်းကျောက်လင် သူတော်ကောင်းယောင်ဆောင်ထားတဲ့အပေါ် ခါးသီးစွာ မုန်းတီးနေခဲ့သည်။
မူလကျိုးရှုသည် အမုန်းတရားများပြည့်နှက်စွာဖြင့် တင်းကျောက်လင်ကို သေနတ်နဲ့ ချိန်ခဲ့၏။ သို့သော်ငြား နောက်ဆုံးမှာတော့ တင်းကျောက်လင်ရဲ့ ယောင်္ကျားလက်ထဲမှာ အသက်ပျောက်ခဲ့ရသည်သာ။
အကြောင်းမရှိဘဲနဲ့တော့ သစ္စာမဖောက်နိုင်။ တင်းကျောက်လင်ကို မြို့နယ်အစိုးရက ဝူမင်တိလို့ခေါ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ ချိတ်ပေးခဲ့ပေမယ့် အဲဒီအချိန်တုန်းက တင်းကျောက်လင်မှာ စွင်းချင်ရှဆိုသည့် မိန်းကလေးတစ်ယောက်ကို ချစ်နေခဲ့တာဖြစ်သည်။
စွင်းချင်ရှကို ဝူမင်တိရဲ့ မိသားစုကနေ ငယ်ငယ်တည်းက ပြုစုပျိုးထောင်ဖို့ ခေါ်သွားခဲ့သည်။ အပြင်လူတွေမှာတော့ သူဟာ ဝူမင်တိရဲ့ ညီမလေးလို့ထင်ကြပေမယ့် ဝူမင်တိမှာတော့ သူ့ညီမလေးကို သဘောကျနေခဲ့သည်။
ဝူမင်တိ မသိခဲ့တဲ့ အချက်မှာ သူမရဲ့ အဖေသေဆုံးတာက ဝူမင်တိရဲ့ အဖေလက်ချက်ကြောင့်ဆိုတာကို စွင်းချင်ရှ တစ်ယောက် သိနေခဲ့သည်ဆိုတာပါဘဲ။ လက်စားချေဖို့အတွက် ဝူအိမ်တော်မှာ သူနေခဲ့သည်ပင်။
ဝူမင်တိနဲ့ တင်းကျောက်လင်တို့ကို အတင်းအကျပ် လက်ထပ်ခိုင်းပြီးတဲ့နောက်မှာ ဝူမင်တိ စစ်တပ်ထဲ ပြန်သွားတုန်း တင်းကျောက်လင်က စွင်းချင်ရှရဲ့ အကြံအစည်ကို သိသွားခဲ့သည်။
အဲဒါကြောင့် စိတ်ရှုပ်နေတဲ့ စွင်းချင်ရှဟာ တင်းကျောက်လင်ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ငါးစာအနေနဲ့ အသုံးချပြီး တင်းကျောက်လင်ကို နှုတ်ပိတ်စေခဲ့သည်။
သို့သော်ငြား တင်းကျောက်လင်မှာ တွေဝေခြင်းမရှိဘဲ ကျိုးရှုကို ပစ်ပယ်ပြီး စစ်တပ်ဆီသွားကာ ဝူမင်တိအား ဇာတ်လမ်းအစအဆုံးကို ပြောပြခဲ့လေတော့သည်။
စွင်းချင်ရှရဲ့အစီအစဉ်မှာ ဘူးပေါ်သလို ပေါ်သွားခဲ့ရ၏။ သူဒေါသတကြီးဖြင့် ကျိုးရှုရဲ့ လက်ချောင်းခြောက်ချောင်းကို ဖြတ်ခဲ့သည်။ အဲဒီအချိန်တုန်းက ကျိုးရှုမှာ ပီယာနို ဆရာတစ်ယောက် ဖြစ်နေကာ သိပ်ကျွမ်းကျင်တာတော့ မဟုတ်သော်ငြား အသက်မွေးဝမ်းကြောင်းတော့ ပြုနိုင်သေးသည်ပင်။
ကျိုးရှုတစ်ယောက် လက်ချောင်းခြောက်ချောင်း ဆုံးရှုံးကာ လွတ်လာပြီးတဲ့နောက်မှာတော့ သူအမှန်တရားကို သိလိုက်ရသည်။ သူစွင်းချင်ရှနဲ့ တင်းကျောက်လင်ကို ရွံမုန်းပေမယ့် တင်းကျောက်လင်မှာတော့ သူ့မှာတခြားနည်းလမ်းမရှိလို့ပါဟု ပြောခဲ့သည်။
ဒါပေမယ့် သူ့မှာဘာလို့ တခြားနည်းလမ်း မရှိရမည်နည်း။ စွင်းချင်ရှက ကျိုးရှုကို ထိခိုက်စေဖို့ ဘယ်တော့မှ စိတ်မကူးခဲ့ပေ။ တင်းကျောက်လင်သာ ဘာမှထုတ်မပြောခဲ့ရင် သူကျိုးရှုကို လွှတ်ပေးမှာပင်။ သူက ဝူမင်တိကို လက်တုံ့ ပြန်ချင်ရုံသာ။
သို့သော်ငြား တင်းကျောက်လင်က တွေဝေခြင်းတောင် မရှိခဲ့။ စွင်းမင်ရှုကို ဖယ်ထုတ်ချင်တာကြောင့် သူ ဝူမင်တိကို ရွေးခဲ့သည်။ သူ အဲတာကို မပြောခဲ့ပေမယ့် ကျိုးရှုကတော့ လုံးဝကို နားလည်လိုက်သည်။ တစ်ကိုယ်ကောင်း မဆန်ခဲ့တာက ဘယ်သူလဲ။
စွင်းချင်ရှ အကြောင်းသာ မသိသွားဘူးဆိုရင် တင်းကျောက်လင်လဲ ဝူမင်တိဘက် လိုက်မည်မဟုတ်။ စွင်းချင်ရှုရဲ့ အကြံအစည်ပေါ်သွားတဲ့အခါမှာတော့ ဝူမင်တိရဲ့ အကြည့်တွေမှာ အင်ပါယာကပေးတဲ့ လက်တွဲဖော်ဖြစ်သူ တင်းကျောက်လင်ဆီမှာသာ ရောက်နေခဲ့သည်
မူလကျိုးရှုက သေနတ်ဖြင့် တင်းကျောက်လင်ကို ချိန်ခဲ့သည်။ သို့သော်ငြား သေနတ်မှာ လွတ်ကျသွားပြီး တင်းကျောက်လင်ရဲ့ ယောင်္ကျားဖြစ်သူ ဝူမင်တိ ပစ်သတ်တာကြောင့် ကျိုးရှု သေခဲ့ရသည်။
ကျိုးရှုတစ်ယောက် စားနေရင်း ပြုံးမိသည်။ သူ တင်းကျောက်လက်နဲ့ ဝူမင်တိကို ဘယ်လိုလုပ်ရပါ့။ ဟုတ်သား၊ တင်းကျောက်လင်က ခဏနေရင် ရောက်လာတော့မည်ပဲ။
ကျိုးရှု တွေးတဲ့အတိုင်းပင် တင်းကျောက်လင် ရောက်လာလေသည်။
"အန်ကယ်တို့၊ ရှောင်းရှု၊ အစ်မကျင်းကျင်းတို့ပါလား။ ကောင်းလိုက်တာ အားလုံးရှိနေကြတာပဲ"
"ဘာကိစ္စရှိလို့လဲ"
"ဘာမှမဟုတ်ပါဘူး။ နေ့လည်တုန်းက ရှောင်းရှုကို သူများတွေ အနိုင်ကျင့်ကြတယ်ဆို။ ကျွန်တော်သွားကြည့်တော့ ရန်ပွဲတောင်ပြီးနေပြီ။ အဲ့တာကြောင့် ရှောင်းရှု အဆင်ပြေရဲ့လား သိချင်လို့ ကျွန်တော်လာကြည့်တာ"
ကျိုးရှု ပြုံးလိုက်သည်။ တင်းကျောက်လင်က ဒီအရွယ်လေးနဲ့တောင် အလွန်ပါးနပ်လွန်းနေသည်။ သူကရန်ပွဲရဲ့ အဓိကအချက်ကိုမှ ရှောင်ပြီးမေး၏။ ဥပမာပြောရလျှင် ကျိုးရှုက ဘယ်လိုလုပ် ရန်စခံရတာလဲဆိုတာမျိုးပေါ့။ တင်းကျောက်လင်က ဒီအချက်ကို ကျော်သွားခဲ့သည်။