Chapter 57.1 (Arc 6 )
ကျိုးရှုမှာ ကျယ်ပြောလှတဲ့ အာကာသပြင်ကြီးထဲ တစ်ဖန် ပြန်ရောက်ရှိ လို့လာလေသည်။ ဒီတစ်ကြိမ်မှာတော့ ကျိုးရှု ထိုလူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ထိုမျက်နှာကို သူ ရင်းနှီးနေသည်၊ သိပ်ကိုမှ ရင်းနှီးသည်ပင်၊ သူက ဘယ်သူများလဲ။
ဘယ်သူများလဲ။
ဟုတ်သား၊ သူက ကျိုးရှု စစ်အကြံပေးအဖြစ် ရာထူး တိုးခံရတုန်းက ဆုတံဆိပ် ချီးမြင့်ပေးတဲ့ ကြယ်စင်စု ရေတပ် ဗိုလ်ချုပ်ကြီး မဟုတ်ပါသလော။
သူကဘာလို့ ဒီအာကာသကြီးထဲ ရောက်နေတာပါလိမ့်။ ဘာလို့အချိန်တိုင်း သူ့ပုံရိပ်ကရော ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါလိမ့်။
ဖြစ်နိုင်တာက၊ သူက ကမ္ဘာပျက်ပြီးနောက်မှာ သူ့ချစ်သူရဲ့နောက်ကို လိုက်နေခဲ့တာများလား။
သူဟာ "ငြိမ်းချမ်းစွာမသေစေရ" စနစ်ထဲတွင် ကနဦးမှာတည်းက ကူးပြောင်းရုံကလွဲပြီး ရွေးချယ်စရာမရှိကာ ပိတ်မိနေခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးကလဲ သူ့လိုအခြေအနေထဲ ရောက်နေသည်ဆိုမှာ ဖြစ်နိုင်ချေရှိသည်။
ဗိုလ်ချုပ်ကြီးက တစ်ခြားစနစ်တွေထဲများ ပိတ်မိနေတာများလား။ ကမ္ဘာတိုင်းမှာ ဇာတ်ကောင်တစ်ယောက်ယောက်များအဖြစ်များ နေနေတာလား။ အဲလိုမဟုတ်ရင် ဒီလောက် ကမ္ဘာအများကြီးထဲကို သူ့စိတ်တိုင်းကျ ကူးပြောင်းလို့ရမှာမဟုတ်လောက်ဘူးမလား။ ဘယ်လိုများဖြစ်နိုင်တာလဲ။
မှားနေပြီ!
ကျိုးရှု ရုတ်တရက် အေးခဲသွားသည်။ ဗိုလ်ချုပ်ကြီးနာမည်က ဘာပါလိမ့်။ သူဘာလို့မမှတ်မိရတာလဲ။
ကျိုးရှုတစ်ယောက် သူ့မှတ်ဉာဏ်ထဲမှာ တောက်လျှောက်လိုက်ရှာနေပေမယ့် ဘာလို့များ ဗိုလ်ချုပ်ကြီးရဲ့ နာမည်ကို မမှတ်မိနိုင်ရတာလဲ။
အာကာသပြင်ကျယ်ကြီးထဲတွင် ကျိုးရှုမှာ ဘုန်းတော်ကြီးတစ်ပါးလို ငြိမ်သက်နေလျက်။ သူဟာကမ္ဘာပေါင်းရာနဲ့ချီကာ ဖြတ်သန်းဖူးပြီး ကမ္ဘာတိုင်းကို သေချာမှတ်မိသည်။ ဒါနဲ့များ သူ့ရဲ့တကယ့်မူလကမ္ဘာကို ဘာလို့များမမှတ်နိုင်ရတာပါလိမ့်။
သူ့မှတ်ဉာဏ်တွေထဲမှာ ပျောက်နေတာတွေရှိတယ်ဆိုတာ ကျိုးရှူသတိပြုလိုက်သည်။ သူ့အသက်ငါးနှစ်တုန်းက မှတ်ဉာဏ်တွေ ရာထူးတိုးပြီးနောက်ပိုင်း မှတ်ဉာဏ်တွေနဲ့ အမျိုးမျိုးသော သင်ယူမှုအတွေ့အကြုံတွေရဲ့ မှတ်ဉာဏ်တွေရှိပေမယ့် ဘာလို့များ အရေးပါတဲ့လူတွေရဲ့ မှတ်ဉာဏ် တစိုးတစတောင် မရှိရတာလဲ။
ပြောရရင် မိဘနဲ့ မောင်နှမတွေ ဒါမှမဟုတ် မိတ်ဆွေကောင်းတွေရဲ့ မှတ်ဉာဏ်တွေလိုပေါ့။ သူ့မှာအဲ့ဒီမှတ်ဉာဏ်တွေ တခုမှရှိမနေ၊ အထူးသဖြင့် အသက်ဆယ်နှစ်ကနေ နှစ်ဆယ်ကာလကြားက မှတ်ဉာဏ်တွေသာ။ သူ့မှတ်ဉာဏ်တွေထဲမှာ ပျောက်ဆုံးနေတဲ့အပိုင်းတွေ အများကြီးရှိနေသည်ပင်။
သူ့အမြင်မှာ စပြီးလမ်းကြောင်းလွဲသွားပါတော့၏။ ကျိုးရှုမှာ သူ့ရဲ့ရှုပ်ထွေးနေတဲ့မှတ်ဉာဏ်တွေအထဲမှာမှ သဲလွန်စတစ်ခုလောက် ရှာချင်ပေမယ့် သူဘယ်လောက်ဘဲရှာရှာ ဘာကိုမှရှာမတွေ့ပါချေ။
သူအေးစက်စက် ရီလိုက်မိ၏။ ဒီတစ်ခေါက်မှာတော့ တကယ်ပျော်စရာကောင်းကြောင်း သူခံစားလိုက်ရလေသည်။ သူ့မှတ်ဉာဏ်တွေမှာ ပြဿနာရှိတယ်ဆိုမှတော့ တစ်ယောက်ယောက်က သူ့ကိုစနစ်ထဲ ရည်ရွယ်ချက်ရှိရှိ ထည့်ခဲ့တယ်လို့ ဆိုရမည်။
ဒါကြောင့်ဘဲ ကျိုးရှုမှာ ဒီစနစ်ထဲကနေ သေချာပေါက်လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားလိုက်၏။ သို့သော်ငြား ကျိုးရှုမှာ လွတ်လမ်းရှာဖို့နည်းလမ်းကို ဖြည်းဖြည်းချင်း ရှာဖို့လိုသည်။
ဒီမှာရှိနေတဲ့ ဗိုလ်ချုပ်ကြီးရဲ့ ရုပ်သွင်က မပြောင်းလဲသွားတာကို ကျိုးရှုမြင်လိုက်သည်။ ဆိုလိုတာက လက်ရှိအချိန်ရဲ့ ရွေ့လျားမှုနှုန်းက သူဖြတ်သန်းဖူးတဲ့ ကမ္ဘာတွေနဲ့ မတူဘူးဆိုတာပါဘဲ။ ဥပမာဆိုရလျှင် ကျိုးရှုဟာ ကူးပြောင်းသွားတဲ့ကမ္ဘာထဲမှာ ရာစုနှစ်လောက်နေခဲ့ပေမယ့် တကယ့်ကမ္ဘာမှာကျတော့ တစ်ရက်နှစ်ရက်လောက်သာ ရှိလိမ့်မည်ဟု ကျိုးရှု ခန့်မှန်းလိုက်သည်။
ထပ်ပြောရရင် ထိုပုံရိပ်ဟာ တစ်ဖြည်းဖြည်းရှင်းလင်းလာသည်နှင့် ရပ်သွားတဲ့အချိန်ဟာလဲ ပိုကြာလာတယ်ဆိုတာကို ကျိုးရှုသတိပြုမိသည်။ သူထိုပုံရိပ်ကို စတွေ့တုန်းက ပုံရိပ်ဟာ 0.01စက္ကန့်လောက် ရပ်သွားသည်။ ဒီတစ်ခေါက်မှာတော့ 0.1စက္ကန့်လောက် ရပ်သွားသည်ကို ကျိုးရှူမြင်လိုက်ရ၏။ နောက်တစ်ခါဆို ဒီထက်လဲ ပိုကြာကြာသွားနိုင်သည်ပင်။
အကြောင်းကြောင်းကြောင့် ထိုအရိပ်ဟာ စနစ်ကနေ လွတ်မြောက်နိုင်ဖို့အတွက် သော့ချက်ဖြစ်ရမည်ဟု ကျိုးရှုယုံကြည်ထားလိုက်တော့၏။
အဲဒါကြောင့် ကျိုးရှုမှာ နောက်ကမ္ဘာတစ်ခုထဲ မြန်မြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ အဲဒီနောက်မှာ သူဗိုလ်ချုပ်ကြီးကို ဒီအာကာသထဲမှာ မြင်တွေ့ရပေလိမ့်မည်။
နိုအာကြယ်၏ အဆင့်မြင့်ဆုံးဗိုလ်ချုပ်ကြီးမှာ မျက်လုံးများပွင့်လာ၏။ သူလက်ချောင်းတွေကို လှုပ်ကြည့်တော့ လှုပ်လို့ရမှန်း သိလိုက်ရ၏။ ဒါတကယ်ကို တိုးတက်လာတာပါဘဲလား။
ဗိုလ်ချုပ်ကြီးက ထလိုက်ပေမယ့် သူ့နောက်ကျောနဲ့ ခါးမှာ ခွန်အားရှိမနေ။
သူ့အကြည့်တွေမှာ မှောင်မိုက်ပြီး အေးစက်လာသည်။ ကျိုးရှုအတွက် သူပြန်သက်သာလာဖို့ လိုနေသည်။
ဖြည်းဖြည်းချင်းပင် ဗိုလ်ချုပ်ကြီးဟာ မျက်လုံးများကို မှိတ်လိုက်တော့၏။
..........
ကျိုးရှုမျက်လုံးတွေကို ဖွင့်လိုက်သည်။ ခေါင်းနည်းနည်းမူးနေပြီးနောက်မှာ သူ့အိပ်ရာဘေးတွင် လူတွေဝိုင်းနေတာကို တွေ့လိုက်ရ၏။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ အလိုမကျမှုနှင့် စိတ်ပျက်မှုတို့ ပြည့်နှက်နေ၏။
ကျိုးရှုအနည်းငယ် လန့်သွားမိသည်။ ဒီလူတွေဟာ သူ့မိသားစုဝင်တွေ ဖြစ်ရမည်လို့ ခန့်မှန်းလိုက်၏။ ဒါပေမယ့် သူကူးပြောင်းဖူးတဲ့ ကမ္ဘာတွေထဲက သူ့မိသားစုဝင်တွေအကုန်လုံးက လူကောင်းတွေသာ။ ဒီလို စိတ်ပျက်တဲ့ အကြည့်မျိုးတွေကို ရုတ်တရက် မြင်လိုက်ရတော့ ကျိုးရှု ဒါကိုစက္ကန့်ပိုင်းလောက် နေသားကျမနေ။
မိသားစုဝင်တွေမှာ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားသည်။ နူးညံ့ပြီး အားနည်းပုံပေါက်တဲ့ ကောင်လေးတစ်ယောက်သာ ကျန်ခဲ့တော့၏။ ထိုကောင်လေးရဲ့ ပါးစပ်ထောင့်နားမှာ မှဲ့နီလေးရှိနေသည်ပင်။
"ရှောင်ရှု မင်းအဆင်ပြေရဲ့လား"
ကျိုးရှု ထထိုင်လိုက်ကာ လည်ချောင်း ရှင်းလိုက်သည်။
"အမ်း"
"ဒါဆိုတော်သေးတာပေါ့ အရမ်းကြီးလဲ စိတ်မပျက်သွားပါနဲ့နော်။ တိအာ ဖြစ်ရတာက အဲလောက်လဲမဆိုးပါဘူး။ မင်းရည်းစားရနိုင်ပါတယ်"
ကျိုးရှု အေးခဲသွားလျက်။ "တိအာ"ဆိုတာဘာကြီးလဲ။
သူ့လက်ချောင်းတွေ လှုပ်လာသည်။ ဒီကမ္ဘာကြီးရဲ့ အကြောင်းတွေရော မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေရော ကျိုးရှုရဲ့ ဦးနှောက်ထဲသို့ ဝင်ရောက်လာပါတော့၏။
ဒီကမ္ဘာကြီးမှာ ယောင်္ကျား၊ မိန်းမ၊ ကောနဲ့ တိအာဆိုပြီး လူတန်းစားလေးမျိုးရှိကြောင်း သိလိုက်ရသည်။
ယောင်္ကျားတွေက ဒီကမ္ဘာရဲ့အုပ်ချုပ်သူတွေ ဖြစ်ကြသည်။ သူတို့တွေက အရပ်ရှည်ကာ ကြွက်သားများရှိပြီး လူဦးရေ၏ ထက်ဝက်ခန့်ရှိကြသည်။
နောက်လူတန်းစားက ကောတွေပင်။ သူတို့ရဲ့ မျိုးပွားနှုန်းအားကောင်းမှုကြောင့် မိန်းမတွေထက် ပိုအဆင့်မြင့်သည်။ လူဦးရေရဲ့ 20%လောက် ရှိကြသည်။
သူတို့နောက်မှာတော့ မိန်းမတွေရှိသည်။ မိန်းမတွေဟာ ကလေးမွေးပေးနိုင်ပေမယ့် လုပ်ရည်ကိုင်ရည်သိပ်မရှိကြ။ သူတို့ကတော့ လူဦးရေရဲ့ တစ်ခြား20%လောက် ရှိကြသည်။
နောက်ဆုံးမှာရှိနေတာကတော့ တိအာတွေပါဘဲ။ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ကော တွေနှင့် တူကြသည်။ သူတို့တွေဟာ အရပ်လဲသိပ်မရှည်ကြသလို ခွန်အားလဲသိပ်မရှိကြပေ။ တိအာအများစုဟာ ရုပ်ရည်အလွန်တကာမှ ချောမောလှသော်လည်း အကျိုးမရှိကြ။ ဘာလို့ဆို သူတို့တွေဟာကောတွေလို ကိုယ်ဝန်မဆောင်နိုင်ကြလို့သာ။
တိအာအရေအတွက်က အနည်းဆုံးဖြစ်ပြီး လူဦးရေ၏ 5%ခန့်သာ ရှိကြသည်။
တိအာတွေမှာ ထူးထူးခြားခြား အရည်အချင်းတွေဘာမှမရှိတာကြောင့် အနိုင်ကျင့်ခံရတတ်ကြသည်။ တိအာတွေက စစ်တပ်ထဲဝင်ဖို့ အားမရှိတာကြောင့်ရယ် လက်ထပ်ဖို့အတွက် ကိုယ်ဝန်မဆောင်နိုင်တာရယ်ကြောင့် နောက်ဆုံးမှာ လူ့အဖွဲ့အစည်းထဲတွင် အဆင့်အနိမ့်ဆုံးတွေအဖြစ် လျှော့ချခံခဲ့ရသည်။
ကောနဲ့တိအာ တွေမှာ မွေးလာကတည်းက မီးခိုးရောင်မှဲ့လေးပါလာကြသည်။ အသက်ဆယ့်နှစ်နှစ်ဝန်းကျင် လူပျိုဖော်ဝင်လာစချိန်ဆို ထိုမှဲ့က အနီရောင်ပြောင်းသွားသည်။ တိအာရဲ့ မှဲ့ဆိုအပြာရောင်ပြောင်းပြီး ကောရဲ့မှဲ့ဆို အနီရောင်ဖြစ်လာသည်။
ကျိုးရှုနိုးလာတဲ့အချိန်တုန်းက သူ့မိသားစုမှာ သူ့မှဲ့အပြာရောင်ပြောင်းသွားသည်ကို သိသွားတဲ့အချိန်ပင်။
အဲဒါကြောင့်ဘဲ သူတို့စိတ်ပျက်သွားကြသည်သာ။ သို့သော်ငြား မိသားစုဆိုတာ ကိုယ်ဘယ်သူဘဲဖြစ်နေပါစေ လက်ခံပြီး အားပေးရမည်မဟုတ်ပါလား။
ကြည့်ရတာ ဒီကမ္ဘာမှာမိသားစုတွေက အဲလိုမဟုတ်ဘူးထင်ပါရဲ့။
ကျိုးရှုတစ်ယောက် အေးစက်စက် ရီလျက်။ သူ့မျက်လုံးထောင့်က မှဲ့ပြာလေးကို လက်နဲ့လှမ်းထိလိုက်သည်။ သူတွေးမိတာက သူတိအာဖြစ်တော့ရော ဘာဖြစ်သလဲ။ ထုံးစံအတိုင်းပင် ဘဝကို တောက်တောက်ပပဖြတ်သန်းဖို့ ဒီအားနည်းတဲ့ ခန္ဓာကိုယ်ကို သုံးရမည်ပင်။ အဲဒီအပြင်ကိုမှ သူကလေးမွေးစရာလဲ လိုမနေ၊ ဒါကကို အကောင်းဆုံးဖြစ်သည်။
"ရှောင်ရှု မင်းအဆင်ပြေလို့တော်သေးတာပေါ့။ စိတ်မကောင်းမဖြစ်နဲ့တော့နော် အစ်ကို့အိမ်မှာ ထမင်းသွားစားကြမလား"
ကျိုးရှုက လူငယ်လေးအသံကြားတော့ ထိုအသံလာရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးတဲ့နောက်မှာ ဒီကောင်လေးဟာ ဒီကမ္ဘာရဲ့အဓိကဇာတ်ကောင် တင်းကျောက်လင်မှန်း ကျိုးရှုနားလည်လိုက်ပါတော့၏။
မှဲ့နီရဲ့ အနေအထားကိုကြည့်ရရင် သူဘဲဖြစ်ရမည်။ အဲဒါကြောင့် ကျိုးရှုမှာ သူနဲ့အရမ်းရင်းရင်းနှီးနှီးမနေဖို့သာ စဉ်းစားလိုက်တော့သည်။
"တော်ပါပြီ ကျေးဇူးပါ အစ်ကိုအရင်သွားတော့လေ ကျွန်တော်ခဏလောက် အိပ်ချင်သေးလို့"
"အင်းအင်း ကောင်းကောင်းအနားယူလိုက်။ အစ်ကိုက မင်းတိအာဖြစ်တယ်ဆိုရင်တောင် ဂရုစိုက်ပေးမှာပါ"
တင်းကျောက်လင် ထွက်သွားတော့သည်။ ကျိုးရှု အိပ်ယာပေါ်က ထကြည့်လိုက်တော့ သူ့မိဘတွေက ခြံထဲမှာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါနေတာကို မြင်လိုက်ရသည်။ သူတို့ပြောနေတာကိုလဲ အတိုင်းသားကြားနေရသည်။ အခုမှဘဲ ကျိုးရှုဟာ ဒီကမ္ဘာထဲမှာ တိအာတွေ၏ အဆင့်ဘယ်လောက်နိမ့်မှန်း အမှန်တကယ်နားလည်လိုက်တော့၏။ ပြောရရင် ထင်ထားတာထက်ကို ပိုဆိုးလှသည်။
"သူကတိအာတဲ့ အချစ်ရယ် ကျွန်တော်တို့သူ့ကို ဒီနှစ်တွေလုံးလုံးကျွေးမွေးထားခဲ့တာ ဘာမှအရာမထင်တော့ဘူး။ ဘာလို့များသူကတိအာဖြစ်နေရတာလဲ။ အချစ်ရယ် တကယ်ပါဘဲ"
"ဟန်နီ ငါတို့သူ့ကိုတိအာဂေဟာဆီ ရောင်းလိုက်ကြမလား။ ငါတို့ကုန်ခဲ့တာတွေ အဖတ်တော့ထင်တာပေါ့"
"ဘာမှအဆင်ပြေမလာရင်တော့ ဒါကိုဘဲ ကျွန်တော်တို့လုပ်စရာရှိတော့တာပေါ့"
"ငါတို့အရမ်းများ ရက်စက်ရာကျနေလား။ ဒီလိုမှမဟုတ်ရင် ဒီအကြောင်းကိုမေ့ပြီး ဆက်မွေးထားလဲရတယ်။ တိအာဂေဟာက ကလေးတွေအကုန်လုံးက အသက်သုံးဆယ်ထိဘဲ နေနိုင်ကြတာမလား"
"ဒါပေမယ့် သူ့ကိုဆက်မွေးထားဖို့ကလဲ ဘာမှအသုံးမဝင်ဘူးလေ"
ကြည့်ရတာ ဒီကမ္ဘာမှာရှိတဲ့တိအာတွေက မွေးရင်မွေး မမွေးရင်ရောင်းစားပစ်ကြပုံဘဲ။ ဒါကလဲ ကြယ်စင်စုကမ္ဘာများလား။ အဓိပ္ပာယ်မရှိလိုက်တာ။
ကျိုးရှုမှာ သူ့နဂိုမူလ ကြယ်စင်စုကမ္ဘာအကြောင်း တွေးမိပြီး ခေါင်းခါလိုက်သည်။ သူ့မှတ်ဉာဏ်တွေချို့ယွင်းနေသော်ငြား သူနေခဲ့တဲ့ ကမ္ဘာမှာတော့ ဒီလိုပြဿနာတွေမရှိမှန်း သေချာသိသည်ပင်။
မှန်ကိုယူကာ ကျိုးရှု သူ့မျက်နှာသူပြန်ကြည့်သည်။ မှန်ထဲမှာ အလွန်တရာမှ ဆွဲဆောင်မှုရှိလှသည့် မျက်နှာဟာပေါ်နေကာ ဒီကမ္ဘာရဲ့ စံနှုန်းနဲ့ ကိုက်ညီပြီး တိအာတွေမှာရှိတဲ့ လှပသည့်မျက်နှာမျိုးရှိသည်။
သူ့အရပ်ဟာ 1.6မီတာလောက်သာ ရှိမည်ဟု ကျိုးရှုခန့်မှန်းလိုက်မိသည်။ သို့သော်ငြား ကောနဲ့တိအာတွေဟာ ဒီအရပ်ကိုရောက်တာနဲ့ ဆက်မရှည်တော့ပုံရ၏။
ထားလိုက်ပါတော့၊ သူ့မှာနေဖို့အတွက် နှစ်တွေကျန်သေးသည်ဘဲ။ ကျိုးရှုဒီခန္ဓာကိုယ်နှင့် နေသားကျအောင် လုပ်ရပေအုန်းမည်။
သို့သော် လက်ရှိမှာ သူ့ကိုယ်သူကာကွယ်ဖို့ လိုနေသည်ပင်။ တိအာဂေဟာက နေရာကောင်းတစ်ခုမဟုတ်တာကို သိလိုက်ရတာကြောင့် သူဒီအေးစက်စက်အိမ်ကြီးမှာ နေမှရပေလိမ့်မည်။
ကျိုးရှုအောက်ထပ်ကို ငြိမ်ငြိမ်လေးဆင်းလာတော့ သူ့မိဘတွေမှာ လန့်သွားပုံရသည်။ သူ့မျက်နှာထားကိုပြင်ကာ တိုးတိုးလေးခေါ်လိုက်၏။
T/N-ကျိုးရှုအဖေနှစ်ယောက်လုံးက ယောင်္ကျားတွေမလို့ ကျိုးရှုက သူ့ရဲ့ကောအဖေကို ပါးပါးလို့ခေါ်ပါတယ်
"အဖေ၊ ကျွန်တော်ခုကစလို့ အဖေ့စကားကို နားထောင်ပြီး အိမ်အလုပ်တွေလဲ ကူလုပ်ပေးပါ့မယ်။ ကျွန်တော့်ကို မရောင်းလိုက်ပါနဲ့။ ကျွန်တော်အသက်18နှစ်ပြည့်တဲ့အခါကျရင် အလုပ်ရှာပါ့မယ်။ အဲဒီအခါကျရင် ကျွန်တော့်ကိုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်မယ်လို့ မျှော်လင့်ပါရဲ့"
ကျိုးရှုရဲ့မိဘတွေမှာ အံ့ဩကုန်ကြသည်။ ကျိုးရှုသူတို့ပြောနေတာကို ကြားသွားလိမ့်မယ်လို့ မထင်ထားကြပေ။ ခဏလောက်ရှက်နေပြီးတဲ့နောက်မှာ ပြုံးပြီးပြောလာသည်။
"ရှောင်းရှုရယ် အဖေတို့ မင်းကို ဘယ်လိုလုပ်ရောင်းရက်မှာတုန်း။ စိတ်မပူနဲ့နော် အဖေအဲ့လိုမလုပ်ပါဘူး"
"ကျေးဇူးတင်ပါတယ် အဖေ"
"အဟမ်း ရှောင်းရှု အရမ်းစိတ်မပူပါနဲ့။ မင်းကတိအာဆိုရင်တောင် ပါးပါးတို့ မင်းကို စွန့်ပစ်မှာမဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် ပါးပါး"
"သားရယ် ဘာလို့ပါးပါးတို့ကို ကျေးဇူးတင်နေရတာတုန်း"
"ကျွန်တော်မှားသွားပါတယ်"
ကျိုးရှုရဲ့ ကြောက်ရွံ့နေသည့် အမူအရာကြောင့် နှစ်ယောက်သား စိတ်မကောင်းဖြစ်သွားကြသည်။ ပြန်တွေးကြည့်ရရင် ကျိုးရှုဟာ မွေးကတည်းက ချစ်စရာကောင်းတာကြောင့် သူတို့တွေသဲသဲလှုပ်ခဲ့ကြသည်ပင်။ သူတိအာဖြစ်တာကြောင့်နဲ့ဘဲ သူတို့ဘယ်လိုများ သူ့ကိုရောင်းနိုင်ရပါ့မလဲ။
တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်လုံးဆုံးဖြတ်ချက်ချလိုက်ကြသည်။ ကျိုးရှုကို သူတို့ဆက်စောင့်ရှောက်ထားနိုင်တာကြောင့် ကျိုးရှုအကြံပေးသည့်အတိုင်းသာ လိုက်နာလိုက်ကြမည်။ သူအသက်18ပြည့်မှသာလျှင် သူတို့ပြန်တိုင်ပင်ကြယုံသာ။
"ဒါဆို အဖေ ပါးပါး ကျွန်တော်ကျောင်းတက်လို့ရသေးလား"
"တက်လို့ရတာပေါ့ ရှောင်ရှုရယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ကျိုးရှုပြောပြီးတာနဲ့ အခန်းထဲသို့ပြန်လာလိုက်သည်။ သူ့အဖေနဲ့ပါးပါးမှာတော့ တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြပြန်သည်။ ကျိုးရှု၏ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကိုကြားတော့ နှစ်ယောက်သားရင်ဘတ်အောင့်သလို ခံစားလိုက်ရသည်ပင်။
ကျိုးရှု၏အဖေမှာ အင်ပါယာစစ်တပ်ထဲတွင် ရာထူးရှိပြီး ယောင်္ကျားတစ်ယောက်ဖြစ်သည်။ ကျိုးရှုပါးပါးမှာတော့ ကောတစ်ယောက်ပင်။ သူတို့မှာသားသမီးလေးယောက်ရှိပြီး ကျိုးရှုရဲ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုမှာ နှစ်ယောက်လုံး ယောင်္ကျားတွေဖြစ်ကာ ကျိုးရန်နှင့်ကျိုးပင်းလို့ ခေါ်သည်။ သူ့မှာကျိုးကျင်းဆိုသည့် အစ်မတစ်ယောက်လဲရှိကာ ကျိုးရှုမှာတော့ သားသမီးလေးယောက်ထဲမှာ အငယ်ဆုံးသာ။
လက်ရှိမှာတော့ ကျိုးရန်နှင့်ကျိုးပင်းမှာ အင်ပါယာစစ်ကျောင်းကြီးတွင် ပညာသင်နေကြသည်။ နှစ်ယောက်လုံးမှာ အလွန်ထူးချွန်ကြပြီး ကောတွေက သူတို့နှစ်ယောက်ကို လိုချင်ကြ၏။
ဒီကမ္ဘာမှာတော့ ကောတွေဟာ အိမ်ထောင်ပြုရဖို့လိုသည်။ အင်ပါယာရဲ့နောက်မျိုးဆက်တွေ ထွက်ပေါ်လာဖို့အတွက် သူတို့အိမ်ထောင်ပြုကြရသည်။ ဘာလို့ဆိုရင် ယောင်္ကျားအရေအတွက်မှာလဲ များပြားတာကြောင့် ကိုယ်ဝန်ဆောင်နိုင်သည့် ကောတွေမှာ လူကြိုက်များပြီး အသက်အရွယ်ရလာသည်နှင့် အိမ်ထောင်ပြုကြရသည်ပင်။ တကယ်လို့ အိမ်ထောင်မပြုနိုင်ပါက အသက်နှစ်ဆယ်ရောက်လျှင် မြို့နယ်အစိုးရက ကောတွေအတွက် အိမ်ထောင်ဘက်ရှာပေးပြီး ကလေးမြန်မြန်ယူစေချင်ကြသည်။
ကျိုးရှု၏အစ်မ ကျိုးကျင်းမှာတော့ လက်တွဲဖော်ရှိပြီးသားပင်။ သူကအင်ပါယာစစ်တပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရာထူးကလဲ အတော်မြင့်သည်။ ကျိုးကျင်းမှာလဲ ကျိုးရှုအပေါ် သဲသဲလှုပ်ချစ်သည်ပင်။
ကျိုးရှုရဲ့ ပါးစပ်ထောင့်မှာ အနည်းငယ်ကွေးတက်သွားလျက် သူ့အစ်ကိုနှစ်ယောက်နှင့် ရင်းရင်းနှီးနှီးနေဖို့ ဆုံးဖြတ်လိုက်တော့၏။ သူတို့တွေက နောင်ကျရင် အသုံးဝင်လာနိုင်သည်။