(9) ရေတွင်းများ
Viewers 1k

ဆယ်နှစ်တာသဘောတူညီချက်

DaoMuBiJi

Author - Nan Pai San Shu

Chapter (9) 

ရေတွင်းများ 



ခမ်ကျန်းခမျာ ဤအံ့မခန်းမြင်ကွင်းကို မြင်လိုက်ရသောအခါ အတော်ကြာတဲ့အထိ စကားမပြောနိုင်ခဲ့။


ရှောင်ဟွားက အဓိပ္ပာယ်များစွာရှိသော အကြည့်ဖြင့် ဝူရှဲကို စိုက်ကြည့်နေသည်။ ဒီတောထဲမှာ ရှေးဟောင်းရေတွင်းတွေ တစ်နေရာတည်းမှာ စုပြီး ပေါ်လာတာ တကယ့်ကို ထူးဆန်းပါ၏။


ရှောင်ဟွား :"ပူရှန်းဝမ့်နူမျိုးနွယ်စုက ဒီမှာ ပုန်းနေခဲ့တယ် ဆိုရင်တောင် သူတို့ တစ်နှစ်ပတ်လုံး မြေအောက်မှာ ပုန်းနေမှာတော့ မဟုတ်ဘူး.... အေးချမ်းတဲ့ နေ့ရက်တွေမှာ မျိုးနွယ်စုက လူတွေ မြေပြင်ပေါ် ပြောင်းရွှေ့နေမှာပဲ... ရေရဖို့ ရေတွင်းတူးဖို့ တကယ် လိုအပ်ကြမှာပဲ...."


"ဒါက ရေရဖို့ ရေတွင်းတူးရတာကို စွဲလမ်းနေတာလား... တစ်ပြည်လုံး တူးထားတဲ့ ရေတွင်းတွေက အများကြီးပဲ"


ဝူရှဲဆိုရင်း သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ ရေတွင်းတွေက တစ်ရာထက် မနည်းကြောင်း တိတ်တဆိတ် ရေတွက်နေခဲ့သည်။


ခမ်ကျန်း: "ရေတွင်းတူးပြီး ရေတွေ အကုန် ခပ်ယူပြီးမှ နောက်တစ်ခု ထပ်တူး​ကြတာများလား..." 


"မြေအောက်ရေသည် ဝက်ဆီးအိမ်မဟုတ်၊ 


ဝူရှဲသည် ရေတွင်းတစ်ခုသို့ ရောက်ရှိလာပြီး ရွှေပုပ်ဖာစေ့ နွယ်ကြီးအား ဆွဲထုတ်ကာ ၎င်းပေါ်ရှိ အမွှေးအမျှင်တွေကို ဖြတ်၍ အဖုံးခံနေရသော ရေတွင်းကို ဖော်ထုတ်ပစ်ခဲ့သည်။ ရေတွင်းထဲသို့ လှေကားထစ်များစွာ တွားသွား ဆင်းသွားကြသည်။ ရေတွင်းက မနက်ပေ။ အောက်ဘက်မှာ သစ်ရွက်ခြောက်တွေပဲ ရှိကာ ရေလည်းမရှိ။


I pad ပေါ်ရှိ GPS အချက်ပြချက်ကို ထပ်ကြည့်လိုက်သည်။ ငါးများက ဤနေရာတွင်သာ ရှိနေသေး၏။ ကြွေကျနေတဲ့ အရွက်အောက်မှာ ရေရှိ​နေတာလား။


ခမ်ကျန်းလည်း သိချင်လာသဖြင့် အုတ်ခဲတစ်လုံးကို ရှာပြီး ပစ်ချလိုက်သည်။ အုတ်ခဲသည် ကြွေကျထားသော အရွက်များပေါ်တွင် ခိုင်မြဲစွာ ကျသွား၏။ 


ထိုရေတွင်းသည် သာမာန်ကျောက်တွင်း တစ်ခုဖြစ်သည်။ ကျိုးပဲ့နေသော ကျောက်တုံးများဖြင့် ဝန်းရံထားပြီး ၎င်းပေါ်တွင် ရေညှိများရှိသည်။ ဝူရှဲ ရေတွင်းပေါ် တက်ပြီး ခုန်ဆင်းကြည့်ချင်ပေမယ့် ရှောင်ဟွားက သူ့ကို လှမ်းတားသည်။ 


"မင်းအရမ်း တိုက်ချင်​နေတာလား" ရှောင်ဟွားက မျက်မှောင်ကြုတ်ကာ ဝူရှဲကိုကြည့်နေ၏။ 


"မင်း ဒီမှာ လာသေတာလား"


ခမ်ကျန်းကလည်း ခေါင်းညိတ်ပြသည်။ 


"ဟုတ်တယ် သူဌေး... ကျနော်ပဲ သွားသေလိုက်မယ်.... ပြီးမှပဲ အပြစ်ပေးပါ" 


ပြောပြီးတော့ သူက ခုန်ဆင်းသွားတော့သည်။ 


ကြွေကျနေသော သစ်ရွက်ခြောက်များသည် နက်ရှိုင်းလွန်းသဖြင့် သူ ဆင်းလိုက်သည်နှင့် သူ့ခြေကျင်းဝတ်အထိ ရောက်သွားသည်။ ကြွေကျနေသော သစ်ရွက်ခြောက်များကို ကန်ထုတ်လိုက်ရာ ရေတွင်းအောက်ခြေက သစ်ရွက်များအောက်တွင် အိုးများစွာကို တွေ့လိုက်ရ​လေသည်။ အများစုမှာတော့ ကွဲသွားကြပါပြီ။ 


ခမ်ကျန်းက အတော်လေး သာမန်ဆန်စွာ လှန်​ကြည့်ပြီး လွှင့်တင်​ပေးလိုက်သည်။ တစ်ခါတည်း ကြည့်ရုံနဲ့ ဝူရှဲ မှတ်မိလိုက်သည်။ ဒါက မျောက်ခေါင်း စပျစ်ရည်အိုးမျိုးဖြစ်ကယ အရင်က သင်္ချိုင်းမှာ တော်တော်များများ တွေ့ဖူးပါသည်။ 


သုန်းရှလူမျိုးတွေက ဒီလိုအရက်မျိုးကို ကြိုက်တတ်ကြသည်။ ဤရေတွင်းများအားလုံးကို အရက် အအေးခံရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ပါ့မလား။ ဤနေရာတွင် နှင်းဖုံးနေသော တောင်ပေါ်က ရေများ ရှိသဖြင့် အေးခဲလှတာတော့ မမှားချေ။ 


"သောက်ကျိုးနည်းကို အာရုံစိုက်ထားစမ်းပါ!" 


ရှောင်ဟွားက ရေတွင်းခေါင်းများကို ကြည့်ကာ ငြူစူနေသော မျက်နှာထား အနည်းငယ်ကို ပြသလာခဲ့သည်။


ဝူရှဲ: "မင်းဟာက ဘူဇွာကင်ဆာသည်ကြီး အတိုင်းပဲ"


"နွေရာသီမှာ အေးတဲ့အရက်တွေ သောက်တာလိုမျိုး ပျော်ရွှင်မှုလေးတွေကို လိုက်စားရတာ မမှားပါဘူး... ဒီလိုတောင်ကြီးမှာ ဒီလိုအရာတွေ တွေ့ရတာက ခံနိုင်ရည်ရှိဖို့ အရမ်းခက်ခဲတယ်ကွ!"


ရှောင်ဟွားသည် ပုလင်းကို အနံ့ခံနေသလိုမျိုး ဝိုင်အမွှေးအကြိုင်ကို အနံ့ခံ​ကြည့်ချင်သည်။ ခမ်ကျန်းက အိုးကို လှန်​​ကြည့်ပြီးနောက် ဆက်သွား၏။ အောက်ဖက်မှာ သဲတွေကတော့ ခြောက်သွားပါ​ပြီ။ ဤနေရာတွင် ရေတွင်းထဲက ရေသည် နှစ်ရာနှင့်ချီ၍ ရှိခဲ့ပြီမို့ ခြောက်သွေ့နေခဲ့သည်။


နွယ်ပင်တွေ ဖုံးထားသော ရေတွင်းများကို တစ်ခုပြီးတစ်ခု ခုတ်ထစ် ဖော်ထုတ်ကာ တစ်ချိန်လုံး တူညီသော အခြေအနေများကိုသာ တွေ့ခဲ့ရသည်။ ရေတွင်းတောအလယ်ကို လျှောက်သွားတော့ မြင်ကွင်းက ရုတ်တရက် ကြည်လင်လာ၏။ သစ်ပင်များ ပျောက်ကွယ်သွားကာ ခြောက်သွေ့သော မြစ်ကြမ်းပြင်ကြီး ဖြစ်လာသည်။


ထိုင်ချလိုက်ပြီး မြေကြီးကို ထိ​ကြည့်လိုက်သည်။ မြစ်ရေဟာ နှစ်ဘယ်လောက်ကြာကြာ ခြောက်သွေ့နေခဲ့လဲ ဘယ်သူမှ မသိနိုင်ချေ။ တစ်ဖက်ခြမ်းရှိ သစ်တောဟာ ထူထပ်သော်လည်း မြစ်ကြမ်းပြင်တွင် ကျောက်စရစ်များနှင့် ချုံပုတ်များက ပြည့်နေသည်။


ဝူရှဲပတ်​ဝန်းကျင်​မှာတော့ အ​မှောင်​ထုက အလွန်​နိမ့်​ကျလာခဲ့သဖြင့် လေက ပိုအေးစက်လာသည်။


"ငါးခူက ဒီလောက်ခြောက်တဲ့ နေရာမှာ တွားသွားလို့ရလား"


ဝူရှဲ: "ဘယ်ရမလဲ..."


အဲ့လိုသာဆို ငါးခူက​တော့ နတ်ဖြစ်နိုင်သည်ဟု တွေးကာ အတွင်းကျကျ ကျိန်ဆဲလိုက်​သေးသည်။ 


ခမ်ကျန်း ခေါင်းကုတ်ပြီး : "ဟေး... ဒီအချက်ပြမှုတွေက ဘာလဲ..... ဒီငါးခူတွေ ဘယ်မှာလဲ... ဘယ်နေရာမှာမှ ရေမရှိပါဘူး"


ရှောင်ဟွားက သူ့မေးစေ့ကို ပွတ်သပ်ရင်း ရုတ်တရက် တွေးတောလိုက်သည်။ 


"မဟုတ်​သေးဘူး... ဧကန္တ ဒီလိုဖြစ်နိုင်လား"


ဝူရှဲ ရှောင်ဟွားကို လှည့်ကြည့်လိုက်သည်။ 


ရှောင်ဟွား: "အဲဒီငါးတွေကို တစ်ခုခုက စားနေတာများလား"