(5)မီးရထား
Viewers 1k

ဆယ်နှစ်တာသဘောတူညီချက်

DaoMuBiJi

Author - Nan Pai San Shu

Chapter (5) 

မီးရထား



ဝူရှဲလည်း ရှောင်ဟွား၏ အကြည့်သွားရာနောက်ကို လိုက်ကြည့်လိုက်သည်။ သူတို့ဟာ တောင်စောင်းမှာ ရပ်နေခဲ့တာ ဖြစ်ပြီး တစ်ဖက်ခြမ်းရှိ မြင့်မားတဲ့ တောင်တန်းကြီးကို သူတို့ဆီကနေ လှမ်းမြင်နိုင်သည်။ ယခင်က သစ်တောခြံဖြစ်သောကြောင့် ဤနေရာအနီးတစ်ဝိုက်တွင် သစ်ပင်များကို တစ်ကြိမ်ခန့် ခုတ်လှဲပြီးလောက်ပြီ။


ယခု စိုက်ပျိုးထားသည့် သစ်ပင်များ အားလုံးမှာ သက်တမ်းမပြည့်သေးသော သစ်ပင်ငယ်များပင် ဖြစ်သည်။ ဒါပေမယ့် ဒီတောင်ကြီးက ကြီးကြီးမားမား မဟုတ်သလို ထူးထူးခြားခြားလည်း ဘာမှမရှိပါ။ ထိုအခိုက် ရှောင်ဟွား ညွှန်ပြချင်တဲ့ တောင်ကြီးကို ဝူရှဲ တွေ့လိုက်ပါသည်။


သူ့ရှေ့က တောင်ကြီးရဲ့အနောက် အဝေးမှာ တောင်ကြီးတစ်ခုရှိသည်။ ထိုတောင်ကြီးသည် တိမ်များကြားထဲတွင် ဝှက်ထားသလို တောင်ထိပ်ပေါ်ရှိ နှင်းများကို မြင်ရသည်။


အဲဒီတောင်ကြီးကတော့ သူတို့နဲ့ တော်တော်ဝေးပါသည်။ ဆိုရိုးစကားအတိုင်းဆို တောင်ကို ကြည့်လျှင် အသေပြေးရလိမ့်မည်။ ဤတောင်သည် အလွန်ဝေးကွာလှသည်ဖြစ်၍ တကယ့်အကွာအဝေးသည် ပို၍ပင် ပုံကြီးချဲ့ရနိုင်သည်။ တောင်၏ပုံသဏ္ဍာန်သည် တံဆိပ်တစ်ခုနှင့် အလွန်တူသောကြောင့် ရှောင်ဟွားရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။


"ဒီတောင်က ငါတို့သွားမယ့် တောင်နဲ့ အတူတူပဲလား"


အကယ်၍ ဤတောင်သည် သူတော်စင်သုံးပါး နှင်းတောင် အနီး သို့မဟုတ် တူညီသောတောင်တန်းပေါ်တွင် ရှိပါက ဤပုံသဏ္ဌာန်က တိုက်ဆိုင်မှု မဟုတ်နိုင်တော့ပေ။


ရှောင်ဟွားက သူ့လက်ကိုင်ဖုန်းဖြင့် တောင်ကြီးအား ဓာတ်ပုံရိုက်ပြီး မြောင်ရွှယ်တုံးကိုလည်း ဘာတောင်လဲလို့ မေးမြန်းခဲ့သည်။ မြောင်ရွှယ်တုံးက ခေါင်းခါယမ်းသည်။ 


"အခုခေတ် လူငယ်တွေက အပြင်ကိုပဲ ကြည့်နေကြတယ်... အိမ်မှာဆို တောင်တွေကို ဘယ်သူက ဂရုစိုက်လို့လဲ... နောက်ပြီး ဒီမှာ ဒီလိုတောင်တွေ အများကြီးရှိတယ် မင်းတို့သိချင်ရင် မုဆိုးဟောင်းတွေကို မေးရမယ် ဒါပေမယ့် အခုသွားရှာဖို့တော့ မဖြစ်နိုင်သေးဘူး"


ဆယ်နှစ်အတွင်း ဘာတွေပြောင်းလဲနိုင်မလဲ။ အဲဒီနေရာတွေကို ဝင်လိုက်တဲ့အခါ အသက် ၈၉ နှစ်ကနေ ၉၀ ကျော်တဲ့ မုဆိုးဟောင်းတွေကို တွေ့နိုင်ပါသေးရဲ့လား။ တချို့ကို တွေ့ရတတ်တယ်။ ဆယ်နှစ်ကြာတော့ မုဆိုးလို့ ခေါ်တဲ့ သက်ကြီးမုဆိုးတွေ မရှိနိုင်ဘူး ဆိုတာတော့ ဝူရှဲ နားလည်နေခဲ့သည်။ 


သူတို့မှာ အချိန်ရှိရင် တစ်ပတ်လောက် လမ်းလျှောက်ပြီး ကြည့်လို့ရပါသည်။ ဒီတောင်နဲ့ နီးရင် ပိုရှင်းရှင်းလင်းလင်း မြင်နိုင်လောက်ပါပြီ။ 


တူးနေတဲ့ တစ်ဖက်၌ မြေမျက်နှာပြင်ကို ဂေါ်ပြားနဲ့ တူးပြီးနောက် တစ်မီတာကျော်မှာ ကျိုးပဲ့နေတဲ့ ထင်းစတွေ ပေါ်လာသည်။ သစ်သားအညစ်အကြေးတွေက ပုပ်ပွနေပြီး မြေဆီလွှာတွေနဲ့ပါ ရောထွေးနေပါပြီ။ သစ်သားသည် ဆွေးမြေ့နေသော်လည်း တူးထုတ်ရန် အလွန် ခက်ခဲသော အစိတ်အပိုင်းများ ရံဖန်ရံခါ ကြုံတွေ့ရတတ်သေးသည်။


ခဏကြာတော့ ထိုလူတွေလည်း မောဟိုက်လာသည်။ အစကတော့ အလွန်သန်မာသော မြို့သူမြို့သားများဟု ယူဆထားခဲ့သော်လည်း သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ အလုပ်က သူတို့စိတ်ကူးထက် ကျော်လွန်နေသေးသည်။


မှောင်သွားတဲ့အထိ တူးခဲ့ပေမယ့် အရမ်းညစ်ပတ်တဲ့ တွင်းကြီးတစ်ခုကိုပဲ တွေ့ခဲ့ရသည်။ စဥ်းစားကြည့်ရင် ချင်ရှီဟွမ်သည် နောက်ဆုံးနည်းလမ်း ဖြစ်သည့် ဂူဗိမာန်တစ်ခုတူးရန် လူပေါင်း ၇သိန်း ကိုပင် အသုံးပြုခဲ့ရသည်။ 


သူတို့သည် တခြားအဖွဲ့တစ်ဖွဲ့ကို ခေါ်ပြီး ပထမအဖွဲ့ရဲ့ အလုပ်ကို အစားဝင်စေသည်။ ဤနေရာတွင် အိပ်ရန် တဲများကို ရွှေ့ကာ မီးပုံလုပ်ကြသည်။ တစ်ဖက်တွင် တစ်စုံတစ်ယောက်သည် ရွှေဆန်ခါရန် ဆန်ခါတစ်ချပ်ကို သုံးနေသည်။ 


တစ်ဖက်မှာလည်း သစ်သားနှင့် ရွှေကို ဖောက်သကဲ့သို့ အလုပ်လုပ်နေသူများလည်း ရှိသေးသည်။ ခြောက်မီတာခန့် တူးပြီးနောက် အောက်ထပ်တွင် ထင်းမရှိတော့ပေ။ မနက်မိုးလင်းတော့ တစ်စုံတစ်ယောက်က ဝူရှဲရဲ့ အိပ်ရာအိတ်ကို လာလှုပ်နိုးလာသဖြင့် ဝူရှဲလည်း ဘာတွေ့လဲလို့ ပြန်မေးလိုက်သည်။ 


စိုစွတ်နေသေးတဲ့ နောက်ထပ် မြှားခေါင်းပါပဲ။ အခုနလေးတင်ကမှ ဖယ်ထုတ်ခဲ့တာ ဖြစ်မည်။ နေရောင်အောက်မှာ သေချာ ယူကြည့်လိုက်တော့ အဘိုးရဲ့ ပြာပုံထဲက တစ်ခုနဲ့ အတူတူပင်။ 


သစ်တောစိုက်ခင်း တစ်ခုလုံး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တူးပြီးပြီ။ အဆိုပါမြှားခေါင်းကို ကနဦးတူးဖော်ထားတဲ့ ​​နေရာမှ ဆယ်မီတာအကွာ မြေအောက်၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထင်းရှူးပင် များစွာကို တူးဆွခဲ့မိသေးသည်။ 


ဖက်တီး: "အနည်းဆုံးတော့ မြှားတွေနဲ့ ထိမိတဲ့ အပင်တွေ အများကြီး ရှိတယ်ဆိုတာ ငါတို့ သိလိုက်ရပြီပဲ... ဒီနေရာက မူလသစ်ပင်တွေရဲ့ အရေအတွက်အရဆို ငါတို့ ရှာဖွေရမယ့် ဧရိယာကို အနည်းဆုံး တစ်ဝက်လောက် လျှော့ချပြီးပြီ... ရှာဖွေမှုကို နှစ် ၂၀၀ အတွင်းတော့ အပြီးသတ်နိုင်မှာပါ... သခင်ဖက်တီး ငါ အခုကစပြီး နေ့တိုင်း ထိုက်ကျိသိုင်း လေ့ကျင့်တော့မှာ.... အဲဒါပြီးရင် မင်းကို အနှစ် ၃၀ ကြာ ရင်ဆိုင်နိုင်လိမ့်မယ်... ကျန်သေးတဲ့ နေ့တွေအတွက် ကြိုးစားထား!"


ဝူရှဲ သူ့ကို မျက်စိမှိတ်ပြီး အမျိုးမျိုးသော ထင်းရှူးပုံးခွံ လက်တစ်ဆုပ်စာနှင့် အခြောက်လှန်းထားသော ကျောက်တုံးလေးများကို ဖမ်းကိုင်လိုက်သည်။ အဲဒီတုန်းက သစ်ခုတ်ထားတဲ့လမ်းကြောင်းကိုသာ သိရင် ဧရိယာက ကျဉ်းမြောင်းသွားနိုင်သည်။ အဆင်မပြေရင် မူလလမ်းကြောင်း အတိုင်းသာ ပြန်သွားနိုင်ပါသည်။ ဘယ်လမ်းကြောင်းလဲဆိုတာ ဝူရှဲလည်း ယောင်ဝါးဝါး မမှတ်မိတော့ပေမယ့် အခုထွက်ရမှာ ဆိုတော့ နှင်းတွေကျပြီဆိုတာနဲ့ ခွဲခြားလို့မရတဲ့ မြေမျက်နှာသွင်ပြင်က အရမ်းပြောင်းလဲသွားလိမ့်မည်။ 


"မီးရထား...."


ရှောင်ဟွားက ရုတ်​တရက်​​ ဝင်ထောက်လာ၏။ ဝူရှဲတို့ သူ့ကို လှည့်ကြည့်လိုက်တော့ ရှောင်ဟွားက ပြောပြသည်။ 


“သစ်ခုတ်တဲ့ လမ်းကြောင်းတွေ အားလုံး မီးရထားလမ်း ရှိတတ်တယ်... မီးရထား စစ်သားတွေက အရှေ့မှာ သံလမ်းတွေ ဆောက်ပြီး အနောက်က ဆောက်လုပ်ရေး တပ်ဖွဲ့တွေ လိုက်ခုတ်တယ်... ထင်းတွေ အကုန်လုံး မီးရထားလေးတွေနဲ့ သယ်ကြတာ...”


ဤနေရာတွင် မီးရထားငယ်သည် သာမာန်စက်ခေါင်းထက် များစွာသေးငယ်သော အထူးသယ်ယူပို့ဆောင်ရေး အတွက် အထူးအသုံးပြုသော စက်ခေါင်းကို ရည်ညွှန်းပါသည်။ ခမ်ကျန်းရဲ့ အမိန့်အရ ယောက်ျားလေးတွေဟာလည်း သူတို့ရဲ့ ဂီယာကို ချလိုက်ပြီး ချုံပုတ်တွေထဲမှာ သံလမ်းတွေကို စရှာပါတော့၏။


မကြာခင်မှာပဲ သံလမ်းတွေကို တွေ့ကြသည်။ သံချေးတက်နေပေမယ့် သစ်သားတွေကတော့ ရှိနေတုန်းပါပဲ။ သစ်သားများအောက်တွင် ကျောက်စရစ်ခဲများလည်း ရှိ​သေးသည်။ ပေါင်းပင်များလည်း ရှိပေမယ့် ကျောက်စရစ်များ ဖြစ်​နေသောကြောင့် အနည်းငယ်ကျဲပါသည်။


သံလမ်းများသည် ရင်ပြင်ကိုဖြတ်၍ တစ်ဖက်ခြမ်းတွင် အမိုးမရှိဘဲ ပျက်စီးနေသော အုတ်အိမ်တစ်ခုဆီသို့ ဦးတည်သွား​နေခဲ့သည်။ တစ်ဖက်တွင်မူ ဝမ်မောင် ပြေးသွားသည့် လမ်းကြောင်းဆီသို့ တိုးဝင်သွားသည်။


"ဘာလုပ်ကြမလဲ?" 


ခမ်ကျန်းက မေးလာသည်။ ဝူရှဲလည်း သက်ပြင်းချလိုက်ပြီး ရှောင်ဟွားကိုပဲ မေးလိုက်တော့သည်။ 


"မင်းက ချမ်းသာတဲ့ ဘိုးဘေးပဲ.... မီးရထား ဘယ်မှာဝယ်ရမလဲ သိလား?"