(18)အရင်ယူဆချက်များကို ဖျက်
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (18) 

အရင်ယူဆချက်များကို ဖျက်



"ကျေးဇူးပြုပြီး အကြံလေးပေးပါဦး သခင်သုံး!"


"ရှင်းရှင်းပြောရရင် ကျန်းမိသားစုက မိသားစုကြီးတစ်ခုပဲ... တခြားပြည်နယ်တွေမှာ ရှိနေရမှာ ဒါမှမဟုတ် ပါးနိုင်ရွာ အပြင်မှာ ရှိနေသင့်တာ... ကျန်းမိသားစုထဲက တစ်ယောက်ယောက် သေဆုံးသွားရင် သင်္ဂြိုဟ်ရမယ့် ဓလေ့ကြောင့် မိသားစုဝင်တွေကို ပါးနိုင်ကို ပို့မယ်ဆိုရင် အစည်းအဝေး တစ်ခု မလွဲမသွေ ရှိနေမှာပဲ... ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်... တစ်ခုက အပြင်လူ အရေအတွက်က အရမ်းနည်းတယ် ကျန်းအိမ်တော်ဟောင်းထဲ မဝင်နိုင်ဘူး... အဲဒီတော့ အလောင်းကို တောင်ပေါ်မှာ လျှို့ဝှက်ထုပ်ပိုးပြီး မြှုပ်နှံထားလိုက်တယ်...နောက်တစ်ခု ခေါင်းတလားဖြစ်ဖြစ် အလောင်းက ဖြစ်ဖြစ် အရမ်းလေးတယ်... ဒါကြောင့် အပြင်လူ အရေအတွက်က အတော်လေး များမှ အသုဘ အခမ်းအနားက ဖြစ်မြောက်လိမ့်မယ်” ဝူရှဲက စီးကရက်ကို မီးညှိရင်း။ 


“ဒီနက်နဲတဲ့ တောင်ကြီးမှာ ရိက္ခာတွေ အများကြီး ယူရတယ်... လူနှစ်ယောက်၊ သုံးယောက်နဲ့တောင် အလောင်းကို တောင်ပေါ်အထိ သယ်ရတာ လက်တွေ့မကျဘူး... ဒုတိယဖြစ်နိုင်ခြေကလည်း အများကြီးပဲ ဒါပေမဲ့ ဒီလက္ခဏာတွေ အားလုံးက ရှေးဟောင်း သုတေသနအဖွဲ့ရဲ့ အသွင်အပြင်နဲ့ အရမ်းဆင်တူ​​နေတာကို သတိထားမိလား?" 


ဖန့်ကျစ်က သူ့ပေါင်ကို ပုတ်ပြီး နားလည်သွားကြောင်း အချက်ပြလိုက်သည်။ 


"ဒါဆို အဲဒီနှစ်ကလူတွေက ရှေးဟောင်း သုတေသနအဖွဲ့ လုံးဝ မဟုတ်ဘူးလို့ ပြောနေတာလား...အဲ့ရှေးဟောင်း သုတေသနအဖွဲ့က ကျန်းမိသားစုဝင်ရဲ့ အသုဘ အခမ်းအနားအတွက် ကျန်းအိမ်တော်ကို ရောက်လာကြတဲ့ ကျန်းမိသားစုဝင်တွေပေါ့"


ဝူရှဲ: "ရှေးဟောင်း သုတေသနအဖွဲ့ရဲ့ နာမည်ကြောင့် ငါတို့ လျှောက်တွေးနေခဲ့တာ... ရှေးဟောင်း သုတေသန အဖွဲ့ဆိုရင် တစ်ခုခု တူးထုတ်မိလိမ့်မယ်လို့ အမြဲတမ်း တွေးခဲ့တယ် ဒါပေမယ့် သူတို့ဒီကိုလာတဲ့ အခါတုန်းက ဘာမှမတူးကြဘူး ဆိုရင်ရော...."


ရှောင်ဟွားကလည်း ခေါင်းညိတ်လိုက်ပြီး "သူတို့ ဈာပနအခမ်းအနားကို တက်နေကြတာပေါ့"


ဝူရှဲ: "ဒါပေမဲ့ ဟော့မိသားစုက သူတို့ထဲမှာ ပါနေတယ်....သူမက ကျန်းမိသားစုကလား"


ရှောင်ဟွား: "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူး... အဲဒါကို အစကနေ တွေးကြည့်ရအောင်....ရှေးဟောင်း သုတေသနအဖွဲ့က အရမ်း အဆင့်အတန်းမြင့်ပြီး နိုင်ငံခြားတပ်ဖွဲ့တစ်ဖွဲ့ရဲ့ ဖိအားပေးတာကို ခံခဲ့ရတယ်ဆိုပြီး ငါတို့သိထားတယ်လေ...."


ဝူရှဲ: “ပွဲစီစဉ်သူက တရုတ်နိုင်ငံသား... အဲ့လူက သူ့သေဆုံးမှုကို အတုလုပ်ပြီး နိုင်ငံခြားသား ဖြစ်နေပြီလို့ လူတစ်ယောက်က ပြောခဲ့တယ်”


ရှောင်ဟွားက ဆက်ပြောသည် - "ပထမတော့ သူတို့အားလုံး ကျန်းမိသားစုရဲ့ ရှေးဟောင်း အဆောက်အဦကို ဒီမှာ ရှာပြီး အဲဒီ့ထဲက တစ်ခုခုကို ယူသွားတယ်လို့ ထင်ခဲ့တာမလား... တစ်ခုတည်းသော သဲလွန်စကတော့ အဲဒီသံတုံးတွေပဲ။"


ဝူရှဲ - "အခုတော့ သူတို့က ပစ္စည်းတွေ မထုတ်ဘဲ ပစ္စည်းတွေ ပို့နေတယ်လို့ ငါတို့အားလုံး သိသွားပြီ... အထဲကို ပစ္စည်းတွေ ပို့နေတယ်။ အဲဒီထဲမှာ ဟော့လင် ပါတယ်...ဟော့လင်က ကျန်းမျိုးရိုး မဟုတ်ပေမယ့် မိသားစုကြီးက လာတာ...အဲ့ဈာပန​ပွဲမှာ မျိုးရိုးနမည် အမျိုးမျိုးရှိတဲ့ မျိုးနွယ်စုတွေ အများကြီးရှိနေမှာမို့ ဟော့လင်ကလည်း သူတို့အထဲမှာ ရှိနေတာ သဘာဝကျတယ်..." 


ဝူရှဲနဲ့ ရှောင်ဟွား တစ်ချိန်တည်းတွင် တိတ်ဆိတ်သွားသည်။ ဝူရှဲ စိတ်သည် တွေးတော ရှုပ်ထွေး​နေခြင်း မဟုတ်ဘဲ အလွန်ရှင်းလင်း ပြတ်သားသော အတွေးတစ်ခု ပေါ်လာတာပဲ ဖြစ်သည်။ အချိန်အတော် ကြာပြီးနောက် ဖန့်ကျစ်ဆီက အသံတစ်သံ ထွက်လာသည်။ 


"သောက်ကျိုးနည်း... ရူးရူးမိုက်မိုက်တွေ မပြောပါတော့နဲ့ ... ဒါကို စိတ်မဝင်စားပါဘူး မင်းတို့ရဲ့ထင်ကြေးတွေ မှန်ရင် ဘယ်သူတွေ ဘာပို့လိုက်တာလဲ ပြောပြတော့!"


ဝူရှဲ ခေါင်းအသာ ခါရင်း သူ့အတွေးကို ပြောလာသည်။ 


"ကျန်း ဆိုတာက ​​ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး မျိုးရိုးအမည်ပဲ... သခင်ကျန်းတဖော်များ ဖြစ်နိုင်လား"


ရှောင်ဟွား: "ဒါကို ကောက်ချက်တစ်ခုအနေနဲ့ သုံးကြည့်ရအောင် အဲဒီခေတ်က နာမည်တစ်ခုပြောင်းဖို့က လွယ်လွန်းတယ်.. ဂိုဏ်းကိုးဂိုဏ်းမှာရှိတဲ့ လူတိုင်းမှာ အနည်းဆုံး နာမည်ပြောင် တစ်ဒါဇင်လောက် ရှိတယ်.. သူတို့အုပ်စုရဲ့ နောက်ဆုံးနာမည်တွေက သူတို့ရဲ့ နာမည်အရင်းတွေ မဟုတ်ကြဘူး... သခင်ကျန်းတဖော်က ကျန်းမိသားစုတွေနဲ့ ဆက်နွယ်မှုရှိတယ် ဒါပေမဲ့ သူ့အပေါ်နားလည်မှုအရတော့ မဖြစ်နိုင်လောက်ဘူး....အဘွားကြီး ပြောပုံအရဆို အန်တီဟော့လင်ကလည်း အဲ့လောက် လျှို့ဝှက်ဆန်းကြယ်မနေဘူး... ကျန်းတဖော်ကို သင်္ဂြိုဟ်ခဲ့မယ်ဆိုရင် အဘွားကြီးက ဟော့လင်ကို သွားခိုင်းမယ့်အစား လူကိုယ်တိုင် ရောက်လာလိမ့်မယ်... သူမက အရမ်းထူးချွန်တဲ့ အငယ်တန်း တစ်ယောက်..."


ဝူရှဲ ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ဟွားက အလွန်ဆွဲဆောင်မှုရှိစွာ ဆက်ပြော၏။ 


"ဒါ့အပြင်... ထပ်ပြောရမယ့် ဖြစ်နိုင်ချေ အရမ်းမြင့်မားတဲ့ အချက်ရှိသေးတယ်... 'သပိတ်ငှက်ရဲ့ အသိုက်ကို သိမ်းပိုက်ခြင်း' ဆိုတဲ့ စကားပုံကို ကြားဖူးလား ... အထဲကို အပို့ခံလိုက်ရတဲ့လူက ကျန်းမိသားစုမှ ဆင်းသက်လာသူ မဟုတ်ဘူး... ကျန်းမိသားစု ရှေးဟောင်း အဆောက်အအုံမှာ သူတို့မသိတဲ့ ထူးဆန်းတဲ့ လုပ်ဆောင်ချက်တွေ ရှိနေတာကြောင့် သူတို့က အလောင်းကို အထဲကို ပို့ပေးလိုက်တယ်...ဒါက အစောက သခင်သုံးရဲ့ မေးခွန်းကို တခြားလမ်းကြောင်းကနေ ရှင်းပြပေးနိုင်တဲ့ အချက်ပံ...


"ဟော့လင်က ဈာပနအခမ်းအနားမှာ ဘာ​ကြောင့်​​ ရှိနေတာလဲ"


"ရှေးဟောင်း သင်္ချိုင်းတစ်ခုရဲ့ အကြောင်းအရာတွေကို ထုတ်ယူရတာနဲ့ ယှဉ်ရင် အလောင်းကို ပို့ဖို့က ပိုခက်ခဲနိုင်တယ်... ဂိုဏ်းကိုးဂိုဏ်းရဲ့ ပူးတွဲသင်္ချိုင်း လုယက်မှုနောက်ကွယ်က တပ်ဖွဲ့ဝင်တွေက ၁၉၇၉ ခုနှစ်တုန်းက ရှေးဟောင်း သုတေသနအဖွဲ့ရဲ့ နောက်ကွယ်က တပ်ဖွဲ့ဝင်တွေပဲ ဆိုပါဆို့... အဲ့နှစ်တုန်းက အရင်ကဖြစ်ခဲ့သလို ဖြစ်မှာပဲ ...သင်္ချိုင်းဖောက်တာက ရိုးရှင်းတဲ့ ဖျက်ဆီးမှုတော့ မဟုတ်ဘူး.... ရှေးဟောင်းသင်္ချိုင်းတစ်ခုထဲ ဝင်တာက ခရုခွံ ကိုယ့်ကိုကိုယ် ထည့်ပိတ်လိုက်ရသလိုပဲ... ဒီကိစ္စက အဖွဲ့အတွက် လိုအပ်ချက်​တွေ ပိုမြင့်မားတယ်... မျိုးဆက်သစ် ဟော့လင်တို့ ဒီနေရာရောက်အောင် ခေါ်လာတာက အဆန်း​တော့ မဟုတ်ဘူး.."


ဝူရှဲ ခေါင်းပေါ်က ချွေးတွေကို သုတ်လိုက်မိသည်။ ဒါက လုံးဝ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုလို့ ပြောရမလား။ 


ရှောင်ဟွား: "ဟုတ်တယ် ငါတို့ အခုက မှန်းဆနေကြတာ... အဖြစ်မှန်က ဘာလဲဆိုတာ ဆုံးဖြတ်ဖို့ အထဲကို ဝင်ရမှာပေါ့... အမှန်တရားက ဘယ်လိုပဲ ဖြစ်နေပါစေ အဲဒါက ငါ့ရဲ့ နောင်တော်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ သိသာတယ်... ငါတို့ရဲ့အရင်မျိုးဆက် လူအတော်များများက ဘာလို့ ရုတ်တရက် လက်ဆေးပြီး ဒီလိုလုပ်ငန်းကြီးတွေကို စွန့်လွှတ်ချင်ကြတာလဲ အခုမှ ရုတ်တရက် သဘောပေါက်သွားတယ်... ဘယ်သူကမှ သူတို့ သားသမီးမြေးတွေကို အဓမ္မလုပ်ခိုင်းချင်မှာ မဟုတ်ဘူး... ပင်ပန်းလွန်းတယ်..." 


သူဟာ ဂိုဏ်းကိုးဂိုဏ်းထဲ မိသားစုများစွာအကြောင်း ပြောနေမှန်း သိတာမို့ ဝူရှဲ ဝင်ပြောလိုက်သည်။ 


"ဒါပေမဲ့ အမွေဆက်ခံတဲ့ မိသားစုတွေ အများကြီးမရှိဘူး ဟုတ်တယ်မလား"


ရှောင်ဟွား: "ကျဆုံးသွားတဲ့ မိသားစုတွေက သူတို့ရဲ့ အခြေအနေကို သိသွား​ကြတယ်လေ...ဒီစက်ဝိုင်းထဲမှာ ပိတ်မိနေပြီး သူတို့ကိုယ်သူတို့ မရုန်းထွက်နိုင်တဲ့ ဆင်းရဲသား လူယုတ်မာတွေနဲ့ နှိုင်းယှဉ်ရင် လူကြီးမင်းဝူကတော့ ဆေးကြောဖို့ အဆင်သင့် ပြင်ဆင်ထားနိုင်ပါတယ်...ငါ့အဘိုး ရှဲ့ကျိုယဲက ဂိုဏ်းကိုးဂိုဏ်းမှာ ပါရမီရှင်တစ်ယောက်လို့ အမြဲပြောလေ့ရှိပေမယ့် သတ္တိအရတော့ ဝူလောင်ကုံလောက်တော့ မတော်ပါဘူး..."


ဒါက တကယ်ပဲလား။ ရှောင်ဟွား ပြောတာကို နားထောင်ပြီး ရုတ်တရက် စိတ်ထဲ လှုံ့ဆော်မှုတစ်ခု ပေါ်လာခဲ့သည်။ 


မိမိ၊ ရှောင်ဟွားနဲ့ တခြားသူတွေကို အများကြီး ထည့်မပြောခဲ့ရင်တောင် ရှဲ့လျန်းဟွမ်နဲ့ ဦးလေးသုံးဟာ သူတို့ရဲ့ဖခင်၊ မိမိတို့ အဘိုးက သူတို့ရဲ့ အပြစ်မကင်းစင်မှုကို တမင်တကာ ဖြူစင်အောင် ဆေးကြောလိုက်တာလို့ အမြဲတမ်း ထင်ခဲ့သည်။ ဒါပေမယ့် သူက ဒါကိုပြောပြီးတဲ့အခါ ဝူရှဲခမျာ မိမိ ရိုးရိုးရှင်းရှင်းပဲ တွေးနေမိကြောင်း နားလည်သွား​စေခဲ့သည်။ 


ပထမဆုံးအနေနဲ့ ဝူမိသားစုမှာ ညီအကိုနှစ်ယောက် ကျန်ရှိသေးသည်။ ဝူရှဲ အဖေက လုံးဝသန့်သည်။ ဒုတိယဦးလေးက ဂူဖောက်လောကမှာ ခြေတဝက်နဲ့ အပြင်လောကမှာ ခြေတဝက်ရှိ၏။ ဦးလေးသုံးကသာ အရာအားလုံးကို အမွေဆက်ခံသူ ဖြစ်သည်။ သို့သော် အဘိုးက သူ့ကိုကိုယ်တိုင် သင်ကြားခဲ့ပြီး မိမိကတော့ အဘိုးဆီက အများကြီး မသင်ယူခဲ့ချေ။ 


ဒီဖွဲ့စည်းပုံက အမှန်တကယ်ပဲ သဘာဝအတိုင်း ဖွဲ့စည်းထားတာလား။ ဦးလေးသုံးရော ဒုတိယဦးလေးရော သားသမီးတွေ မရှိကြပေ။ လုံးဝအပြစ်ကင်းစင်တဲ့ ဝူရှဲအဖေကပဲ ဝူရှဲကို မွေးထုတ်ခဲ့တာလို့ ပြောရမည်။ ရှောင်ဟွား ပြောတဲ့အတိုင်းဆိုလျှင် ဤသည်မှာ အသံတိတ်သဘောတူညီချက်သာ ဖြစ်သည်။


ဦးလေးသုံးသည် ဤလုပ်ငန်းခွင်ထဲ ဝင်လာပြီး အရာအားလုံးကို ထမ်းရွက်ပေးသူ ဖြစ်သည်။ ဦးလေးနှစ်က နောက်ကွယ်ကနေ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။ ဤနည်းဖြင့် ဦးလေးသုံးတို့ မျိုးဆက်တွင် လျှို့ဝှက်ဆန်းကြယ်သော ဖိအားများ မရှိတော့ပေ။ 


ကြီးကျယ်ခမ်းနားတဲ့ နောက်မျိုးဆက်ကျရင် လျှို့ဝှက်ဆန်းကြယ်တဲ့ ဖိအားကလည်း သိပ်ကြီးတော့မှာ မဟုတ်။ ဦးလေးသုံးရော၊ ဦးလေးနှစိရော၊ ဝူရှဲမျိုးဆက်မှာရော ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဖိအားတွေနဲ့ ဝူမိသားစုရဲ့ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ပစ်လိုက်သည်။ 


ဒီဖြစ်စဉ်က တော်တော်လေး ဖြစ်နိုင်တယ်လို့ ထင်ရသည်။ ဝူရှဲ ဆေးလိပ်ရှည်တစ်လိပ်ကို ယူလိုက်ပြီး “ဦးလေးသုံး... ဦးလေးအပေါ် မိသားစု ဝန်တွေ လွှဲပေးခဲ့မိတယ်... တောင်းပန်ပါတယ်” လို့ စိတ်ထဲကနေသာ ပြောလိုက်သည်။ 


အဲဒီအချိန်မှာ ယွင်ချိုင်က သူတို့ကို ထမင်းစားဖို့ ဖိတ်ခေါ်နေတာကြောင့် ရှောင်ဟွားက လက်ဝေ့ယမ်းလိုက်သည်။ 


"စကားပြောမနေတော့ဘူး... အားလုံးက နာရီအနည်းငယ် အတွင်းမှာပဲ ပေါ်လာလိမ့်မယ်... အဆင်မပြေရင် ဘာတွေဖြစ်နေလဲ မြေအောက်က အကြီးအကဲတွေကို သွားမေးကြည့်လိုက်တာပေါ့"