DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (8)
ငါ့နာမည်က ဖန့်ကျစ်
အစောက လေထုရဲ့ ကြောက်ရွံ့မှုဟာ ကူကယ်ရာမဲ့ပုံစံမျိုး ဖြစ်သွားတော့သည်။
စာရင်းစာအုပ်တွေ အကုန်လုံးကို ကုဒ်စကားလုံးတွေနဲ့ ရေးထားတာပဲ ဖြစ်သည်။ အရာအားလုံးက သူ့ကို ကုဒ်စကားလုံးတွေ အကုန်လုံးထဲ ပါ၀င်စေခဲ့တဲ့ "စပါးမျက်လုံးသဲဝါ" နဲ့ ဆင်တူပေသည်။ စာရင်းစာအုပ်ထဲက လျှို့ဝှက်စကားလုံး အမျိုးမျိုးသည် အဆုံးမဲ့စီးကြောင်းထဲက ထွက်ပေါ်လာခဲ့သလိုပင်။
၎င်းကို ဂရုမစိုက်ပါက သူသည် ရိုက်ချိုးခံထားသော ကိုယ်ခံပညာဝတ္ထု သို့မဟုတ် ချိုးဖဲ့ခံထားရသော ခြေသည်းလက်သည်းတွေလို့ ထင်ရလိမ့်မည်။ ဒီကုဒ်စကားလုံးများကိုတော့ ဝူရှဲ နားလည်နိုင်ပါသည်။ နောက်ဆုံးတော့ ဝူရှဲဆိုတာဟာ ဦးလေးသုံးလက်အောက်တွင် စျေးကွက်ငယ်တစ်ခု ဖွင့်ထားသော သူဌေးတစ်ဦး မဟုတ်ပါလား။
ဒါပေမဲ့ စာရင်းစာအုပ်ထဲက ပမာဏများစွာကို ကြည့်လိုက်တော့ ဝူရှဲခမျာ ရှက်လည်းမရှက်နိုင် ဖြစ်သွားတော့သည်။ သူ့ဆိုင်သေးသေးလေးရဲ့ အလှည့်အပြောင်းကြောင့် သူသာ တတိယဦးလေးရဲ့တူ မဟုတ်ရင် အရိုက်ခံရမှာ သေချာပေသည်။
စာရင်းစာအုပ်ကို လုံးလုံးနားလည်နိုင်သော်လည်း ၎င်းတို့ထဲက ပြဿနာများကိုတော့ မမြင်နိုင်ချေ။ သူတို့ဟာ အစတုန်းက စာရင်းစာအုပ်ကို လွှဲမပေးဝံ့သောကြောင့် အကောင့်များကို ဟန်ချက်ညီနေအောင် လုပ်ထားခဲ့မှန်း သိသာသည်။ ဦးလေးသုံးဆိုလျှင် အသေးအမွှား လှည့်ကွက်ထဲက အသေးစိတ်အရာများကိုပင် မြင်နိုင်လောက်ပေမယ့် သူ့မှာတော့ အဲ့လို အရည်အချင်းမရှိ၍ အချို့နေရာများတွင်သာ မှန်းဆနိုင်သည်။
ဥပမာ အကောင့်စာအု ပ်တစ်အုပ်လုံးရှိ မှင်က အသစ်ဖြစ်နေတာ သိသာတာကြောင့် ညတွင်းချင်းပင် အမြန်ထုတ်လိုက်တာ ဖြစ်ရပါမည်။ အတွင်းမှ စာရွက်သည် အလွန်ဟောင်းနွမ်းနေသော်လည်း အဖုံးက အသစ်ဖြစ်ပါက စာရင်းဟောင်းကို ပြန်လည် ပြုပြင်ထားတာ ဖြစ်ရပါမည်။
ဒီအရာတွေ အားလုံးက ဝူရှဲ့ လုပ်ခဲ့ဖူးပြီးသား အရာတွေ ဖြစ်သည်။ ဒါပေမယ့် သူက သူဌေးငယ်လေးဖြစ်လို့ ဦးလေးသုံးရဲ့ ဘေလ်စုဆောင်းသူဟာ သူ့ကို ဘာမှမလုပ်ဝံ့ချေ။ ဦးလေးသုံးရဲ့ မတော်တဆမှု သတင်းကို ကြားသိရပြီးနောက် အောက်ခြေလူများက သူတို့ဘာသာသူတို့ ငွေများစုခဲ့ကြသည်။ ယခု ၎င်းတို့သည် ယာယီအကောင့်အတုများ ပြုလုပ်နေကြတာကြောင့် ယနေ့လို ပြဿနာများ ဖြစ်လာကြခဲ့ရသည်။
မနေ့ညက သူတို့အတွက် အိပ်မပျော်တဲ့ည ဖြစ်မယ်။ ဘာကြောင့်မှန်း မသိပေမယ့် ရုတ်တရက် ကြည်နူးလာသလို ခံစားလာရ၏။ အကောင့်စာအုပ်တွေကို ကြည့်လိုက်တော့ စာရင်းစာအုပ်တွေထဲမှာ ထူးဆန်းတာတစ်ခု တွေ့လိုက်ရသည်။
အဲဒါကတော့ အကောင့်စာအုပ် အားလုံးရဲ့ အောက်ခြေမှာ ငါးဖမ်းသမားက လွှဲပေးတဲ့ အကောင့်စာအုပ် (ဒါမှမဟုတ် ဖန့်ကျစ် လုယူလိုက်တဲ့ စာအုပ်)ပဲ ဖြစ်သည်။ ၎င်းက ဖုန်းစာအုပ်လို ပုံစံမျိုးပင်။
ဖုန်းစာအုပ်ပုံစံကို အကောင့်စာအုပ် တစ်အုပ်ပဲလို့ အစတုန်းက ထင်ခဲ့ပေမယ့် ဖွင့်ကြည့်လိုက်တော့ ဖုန်းစာအုပ်ထဲမှာ ဖုန်းနံပါတ် အမျိုးမျိုးသာ ရှိပြီး စာရင်းလုံးဝ မရှိတာကို တွေ့ခဲ့ရသည်။ ဝူရှဲလည်း သူအရင် ထင်ခဲ့တာတွေက မှားနေပြီဆိုတာ မြန်မြန်ပဲ သတိဝင်လိုက်သည်။
ငါးဖမ်းသမားက အကောင့်စာအုပ် ယူလာတယ်ဆိုတာ ဖန့်ကျစ် မသိခဲ့ချေ။ ဖန့်ကျစ်အစောက ပြောခဲ့တဲ့စကားက လှည့်ကွက်တစ်ခုသာ ဖြစ်လေ၏။
တစ်နည်းဆိုရသော် ဖန့်ကျစ်သည် သူ့အိတ်ကပ်ထဲမှ စာအုပ်ကို မြင်ပြီး တတ်နိုင်သမျှ မြန်မြန်လုယူကာ ရှောင်ဟွားအား စာရင်းအာအုပ်ဟု လိမ်ညာကာ ချက်ချင်း လွှဲပေးခဲ့သည်။ ရှောင်ဟွားကလည်း ၎င်းသည် စာရင်းစာအုပ် ဖြစ်ကြောင်း ချက်ချင်း လိမ်ညာခဲ့ပြီး အခြားလူများကလည်း ၎င်းကို မြင်သောအခါ ငါးဖမ်းသမားသည် စာရင်းစာအုပ်ကို ယူလာတယ်လို့ ထင်သွားကြသည်။
စာအုပ်က အရမ်းကြမ်းပေမယ့် ဦးလေးသုံး အရင်ကသူ့ကို ပြောထားဖူးတာနဲ့ လုံးဝ မတူချေ။ ဒါက တားမြစ်ထားတယ်လို့ ဆိုလိုတာပါပဲ။ ပုန်ကန်မှုဟာ မယုံနိုင်စရာပဲလို့ ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။ ငါးဖမ်းသမားက တုံ့ပြန်လိုက်တာနဲ့ တခြားလူတွေကလည်း စာရင်းစာအုပ်တွေ အားလုံးကို လွှဲပြောင်းပေးခဲ့ပြီး တံငါသည်ရဲ့ အစီအစဉ်ကလည်း ပျက်စီးသွား၏။
အစောက ဝူရှဲဟာ အားသာချက် တစ်ခုရဖို့ ချန်ဖီအားစစ်ကို အသုံးချခဲ့ပေမယ့် သူ့ရဲ့လက်ရှိ စစ်မှန်တဲ့စွမ်းရည်က ဒီစာရင်းဇယားတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ငွေစုဆောင်းတဲ့ အပေါ်မှာ မူတည်နေပါသေးသည်။ ဒါက ဦးလေးသုံးရဲ့ စရိုက်ကို လွန်စွာမှ လွဲချော်စေမည့် အလေ့အထ မဟုတ်ပါလား။
ဝူရှဲလည်း သူ့အကြံက မှန်သလား မသိပေမယ့် အခု ပြဿနာရှိရမယ့် စာအုပ်တချို့ကို ရွေးပြီး ပြဖို့ ပြင်ဆင်နေရမည်။ သို့သော် ပထမအဆင့်သည် စာရင်းစာအုပ်ကို ထုတ်ယူရန်မဟုတ်ဘဲ ပြင်းထန်သော မကျေနပ်မှုများကို ဖော်ပြရန် ဖြစ်သည်။
ဒါရိုက်တာဖန့်ကျစ်ရဲ့ စီစဉ်မှုတွင် ဤအဆင့်တွင် သူ့ဦးလေးသုံးသည် ဤနေရာ၌ မရှိသောအခါတွင် ဦးလေးသုံးရဲ့ အလုပ်တွေကို တာဝန်ယူခဲ့ရသော ဖန့်ကျစ်အား အပြစ်တင်ရန်အတွက် ပြာခွက်နှင့် လှမ်းရိုက်ရမည် ဖြစ်သည်။ ဝူရှဲလည်း စာအုပ်တွေကို ကြည့်လိုက်ကာ ရုတ်တရက် ပိတ်ပြီး စားပွဲပေါ်က ပစ်ချလိုက်၏။
အခန်းက တိတ်ဆိတ်နေပြီ ဖြစ်သော်လည်း အားလုံးက ရုတ်တရက် လှည့်ကြည့်လိုက်တော့ ဦးလေးသုံးဟာ စားပွဲပေါ်မှ ပြာခွက်ကို ကောက်ကိုင်လိုက်ပြီး ဖန့်ကျစ်ကို ပစ်ပေါက်လိုက်သည်။
ဇာတ်ညွှန်းအရ ဖန့်ကျစ်က ပြာခွက်ကို ချက်ချင်းကောက်လိုက်ပြီး ချက်ချင်း ထရပ်လိုက်မည်။ မေးခွန်းမေးရမယ့် သူများရဲ့ မျက်နှာကို တစ်ယောက်ပြီး တစ်ယောက်ကြည့်ကာ စာရင်းကို အလျင်မြန်ဆုံး ဖြတ်လိမ့်မည်။ ကျန်တဲ့အပိုင်းကိုတော့ ရှောင်ဟွားနဲ့ ဖန့်ကျစ်တို့ကပဲ ဂရုစိုက်ပေးလိမ့်မည်။
အစီအစဥ် ကောင်းမွန်ပါက ဦးလေးသုံးနှင့် ဒီနယ်ကယ် ဝေးကွာနေချိန်တွင် လွဲချော်ခဲ့သော ငွေတစ်ဝက်ကို အခြေခံအားဖြင့် ပြန်ပေးရမည်ဟု ဖန့်ကျစ်က တွက်ချက်ထားသည်။
ဤအဆင့်ပြီးပါက ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် ဝူရှဲမား မည်သူတစ်ဦး တစ်ယောက်မှ မဖော်ထုတ်နိုင်သရွေ့ "သခင်သုံး ပြန်လာပါပြီ" ဟူသော ကိစ္စက ပြီးသွားပြီမလို့ အနာဂတ်တွင် ဝူရှဲ မကြာခဏ သရုပ်ပြသနေရန် မလိုအပ်တော့ပေ။ မိမိက ဟန်ကျိုးသို့ ပြန်သွားရန်သာ လိုအပ်ပြီး ဖန့်ကျစ်ကလည်း ဒီအခြေအနေကို ဖြည်းညှင်းစွာ တည်ဆောက်လာနိုင်လိမ့်မည်။
လက်ရှိ အခြေအနေကို သုံးသပ်ကြည့်လျှင် အရေးကြီးဆုံး အချက်နှစ်ချက်ထဲက တစ်ချက်မှာ ဝူရှဲသည် မိမိကိုယ်ကို မဖော်ထုတ်မိဖို့ပင်။ အခြားသူများက ကျိုးကြောင်းဆီလျော်ကြောင်း ခံစားရပြီး သခင်သုံးက တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ မထင်မိစေရန်၊ ဒုတိယအချက်က ဤအဆင့်များကို မြန်မြန်ဆန်ဆန်နှင့် ကျိုးကြောင်းဆီလျော်စွာ ပြီးမြောက်စေရန် ဖြစ်သည်။
ဤလူများသည် သခင်သုံးနောက်ကို ဆယ်စုနှစ်များစွာ လိုက်ခဲ့ကြတာကြောင့် သူ့ကို ကြောက်ရွံ့လေ့ရှိကြသည်။ အခုက အဓိကပွဲက အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုပေါ်မှာ မူတည်နေပြီ ဖြစ်သည်။
မနေ့ညက အကြိမ်ကြိမ် လေ့ကျင့်ခဲ့ပြီး ဝူရှဲရဲ့ လက်ရည်တိကျမှုက အရမ်းကောင်းနေပြီ။ မျက်ထောင့်ကနေ ဖန့်ကျစ်ကို ကြည့်လိုက်ပြီး ပြာခွက်ကို ဖမ်းဖို့ သူ့ခန္ဒာကိုယ်ထဲက စွမ်းအင်တွေကို ထုတ်လွှတ်လိုက်တော့သည်။
သို့သော် မထင်မှတ်ဘဲ တစ်ခုခု ဖြစ်သွားခဲ့သည်။
ပြာခွက်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျကာ အပိုင်းပိုင်း ကွဲအက်သွားပြီး ဖန့်ကျစ်ကိုပါ ထိမှန်သွားသည်။ ထိုအချိန်တွင် ဖန့်ကျစ်ရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းလာပြီး ကုလားထိုင်မှ မြေပြင်ပေါ်သို့ လဲကျသွားကာ တစ်ပြိုင်နက် သွေးနံ့များကလည်း သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။
လူအုပ်ကြီးက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဝူရှဲလည်း ချက်ချင်း မတ်တတ် ထရပ်လိုက်ဖို့ ပြင်၏။ ရှောင်ဟွား အချိန်ကိုက် ဖြတ်လျှောက်လာပြီး ဝူရှဲ့ကို တစ်ချက် လှမ်းကြည့်သည်။
သူဘာကိုဆိုလိုလဲ ဝူရှဲ နားလည်သည်။ ဒါကြောင့် စိတ်ရှုပ်မသွားအောင် ထိန်းထားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘဲ ရှောင်ဟွားကိုသာ အရင်ပြေးခိုင်းလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အောက်မှ လူများကလည်း ပေါက်ကွဲပြီး အားလုံး ပြေးလွှားကုန်ကြသည်။
ဖန့်ကျစ်က သွေးနံ့ကို ဖုံးကွယ်ဖို့ ဆေးလိပ်ထိုင်သောက်နေခဲ့တာပဲ ဖြစ်မည်။ ဒါဆို အခုနက ငါးဖမ်းသမားကို လိမ်ချိုးလိုက်တဲ့အခါတုန်းက ဒဏ်ရာက ပွင့်သွားတာဖြစ်မယ်။
တကယ် မသေချင်စေဘူး။
ဝူရှဲ လက်သီးတွေကို တိတ်တိတ်လေး ဆုပ်ပြီး အရမ်းနောင်တ ရသွားသည်။ မိမိသူ့ကို ထပ်မရှာသင့်ချေ။ အခုသူ ဒီကနေ ထွက်သွားဖို့ မလွယ်တော့တာကြောင့် အကောင်းဆုံး ကြိုးစားနေဖို့သာ ရှိတော့သည်။
ရှောင်ဟွားက ဖန့်ကျစ်ရဲ့ သွေးခုန်နှုန်းကို စစ်ဆေးပြီး ဖန့်ကျစ်ကို ချက်ချင်းကူညီကာ တံခါးဘက်သို့ လှမ်းအော်၍ သူ့လူများကို ခေါ်ဆောင်သွားခိုင်းခဲ့သည်။ ရှောင်ဟွားက အကြိမ်အနည်းငယ် ရှင်းပြရန် ထွက်သွားပြီးနောက် ပြန်ရောက်လာတဲ့အခါ သူ့ဝတ်စုံမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။
ဒီမြင်ကွင်းကြောင့် တခြားလူတွေအားလုံး ထိတ်လန့်သွားကာ ဘယ်သူမှ ဝူရှဲအနားကို မကပ်လာရဲတော့ပေ။ ဝူရှဲလည်း အစကတော့ ငါးဖမ်းသမားက ဒီအချိန်မှာ တိုက်ခိုက်လာလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူက လုံးဝ တုံ့ပြန်လာခြင်း မရှိပါဘူး။ ဒါပေမယ့် ဝူရှဲကတော့ သူ့ကိုကြည့်ရင်း သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်နေခဲ့၏။ သက်လတ်ပိုင်း အမျိုးသမီးလည်း ငါးဖမ်းသမားကို ကြည့်နေကာ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှောင်ဟွားကို မျက်လုံးတွေနဲ့ ဘယ်လိုလဲ? လို့ မေးလိုက်တော့ သူက ဝူရှဲနောက်ကို လျှောက်လာပြီး ခေါင်းငုံ့ပြီး နားရွက်နား ကပ်ပြောလာသည်။
"ဒဏ်ရာက ကွဲသွားပြီ... စိတ်မပူနဲ့ ငါ့လူတွေက သူ့ကို ဆေးရုံပို့လိုက်ပြီ မင်းအလုပ်တွေ မြန်မြန်ပြီးပြီဆိုရင် သူနဲ့ ပြန်တွေ့ဖို့ သွားလို့ရတယ်”
ရှောင်ဟွားက ပြောပြီး တစ်ချိန်တည်းမှာ ဝူရှဲပုခုံးကို ပုတ်ခဲ့လိုက်သည်။ 'ဆက်သွား' ဆိုတဲ့ အဓိပ္ပာယ်ပင်။
တစ်ခုခု မှားသွားတဲ့အခါ လူတွေမှာ ရွေးချယ်စရာများစွာ ရှိလာတတ်သည်။ တစ်ခုက ဆက်လုပ်ဖို့၊ တစ်ခုက ချက်ချင်းထွက်သွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ ရှောင်ဟွားဟာ အခြေအနေ သုံးခုအတွက် အရိပ်အမြွက်အဖြစ် သူ့လုပ်ဆောင်ချက်တွေကို အသုံးပြုသွားမှာပဲ ဖြစ်သည်။
ဝူရှဲလည်း ယခင်အစီအစဉ်ကို တွေးပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ ဖန့်ကျစ်ကို လျစ်လျူရှုပြီး ပြဿနာကို ဆက်ရှင်းနေရင် ဦးလေးသုံးရဲ့ စရိုက်နဲ့ ကွက်တိ ဖြစ်သွားမှာပါပဲ။ မဟုတ်ဘဲ ချက်ချင်း ထွက်သွားရင် ဦးလေးသုံးက သူ့နှလုံးသားထဲမှာ ယုံကြည်မှုမရှိဘူးလို့ လူတွေကို ခံစားသွားရစေနိုင်သည်။
ဝူရှဲ အဲဒါကို တွေးကြည့်တော့ အကောင့်စာအုပ်တွေကို ချက်ချင်း ရိုက်ချပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ စားပွဲကို လက်ညိုးနဲ့ တတောက်တောက် ခေါက်သံတွေ ထွက်လာအောင် ကစားလိုက်သည်။
ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်နေကြတဲ့ လူတွေအားလုံးက ဝူရှဲကို အာရုံစိုက်လာကြသည်။ ဝူရှဲ မတ်တပ်ထရပ်ပြီး အေးစက်စွာ ရယ်မောကာ ပထမအကောင့်စာအုပ်ကို ထုတ်ကာ ရုတ်တရက် ချွေးအေးအေးတွေ ထွက်ကျလာတဲ့ အဲဒီလူရဲ့ မျက်နှာကို ပစ်ပေါက်လိုက်တော့သည်။