(25) အမှတ်တရ
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (7)

Chapter (25)

အမှတ်တရ



တစ်ချိန်တည်းမှာပဲ ရှို့ရှို့ရဲ့ မျက်နှာက အရောင်ပြောင်းသွားတာကို မြင်လိုက်ရပြီး ဖက်တီးကို အေးစက်စွာ ကြည့်နေခဲ့တယ်။ သူမ ဘယ်လိုလုပ်ရမလဲဆိုတာ မသိလို့ ရပ်နေတာလားဟု တွေးရင်း တုန်လှုပ်သွားပေမယ့် ရုတ်တရက် သူမဆီက "ဖမ်းလိုက်" ဆိုတဲ့ အသံက ထွက်လာ၏။ သို့သော် ယောက်ျားတစ်ယောက်ရဲ့ အသံပဲ ဖြစ်နေသည်။ 


ဝူရှဲခမျာ အံ့သြဖို့တော့ အချိန်မရှိခဲ့ပေ။ ခဏကြာတော့ လူသုံးယောက်က သူတို့ဘက်ကို ရိုက်နှက်တော့မလို ပြေးချလာလေပြီ။ ၎င်းတို့က သူတို့ဆီ အပြေးအလွှား သွားမယ့်အစား သူတို့အိပ်ယာခင်းထားတဲ့ နံဘေးကို ပြေးသွားကြ၏။ 


အဲဒီ့မှာ ကျောက်စိမ်းတံဆိပ်တုံး ချထားတာကို ဝူရှဲ သဘောပေါက်သွားသည်။ ထိုအချိန်၌ မျက်နှာသေက ချက်ချင်း တုံ့ပြန်ပြီး ကျောက်စိမ်းတံဆိပ်တုံးကို ပြေးယူကာ ဝူရှဲဘက် ထုတ်ပစ်လိုက်သည်။ ဝူရှဲ အမိအရ ဖမ်းယူထားပေမယ့် အခန်းက ကျဉ်းလွန်းပြီး အကွာအဝေးက နီးလွန်းတော့ ပုန်းမနေနိုင်ပေ။ 


လှည့်ကြည့်လိုက်တော့ လူသုံးယောက်က သူ့ဆီကို ပြေးလာနေကြပြီ။ ဝူရှဲ ခဏအတွင်းမှာပဲ အမြန်ပြေးဆင်းသွားပေမယ့် မမှီတော့ပေ။ ကံကောင်းထောက်မစွာပဲ နောက်ဆုံးမိနစ်မှာ ကျောက်စိမ်းတံဆိပ်တုံးကို ဖက်တီးဆီ ပစ်ချ​ပေးလိုက်နိုင်သည်။


ဖက်တီးက အဲဒါအတွက် ပြင်ဆင်ထားပြီးသားပါ။ ဒါပေမဲ့ အဲ့လူတွေက ဝူရှဲမြေပေါ် ခုန်မချခင်မှာပဲ ဖက်တီးဆီကို ပြေးသွားကြပြီ။ ဝူရှဲ ခုန်ချပြီး ခြေသလုံးတွေကို ပွေ့ဖက်ထားချင်ပေမယ့် ခြေထောက်တစ်ဖက်မှ မပွေ့ဖက်မိချေ။ ဖက်တီးနောက်သို့ လှမ်းကြည့်လိုက်ရာ သူလည်း နံရံကို ကပ်နေမိကာ ဆုတ်ခွာရန် နည်းလမ်းမရှိကြောင်း မြင်လိုက်ရသဖြင့် ချက်ခြင်း ပြောလိုက်သည်။


“ငါ့ဆီကို ပစ်​ပေးလိုက်!!”  


ဖက်တီးကလည်း “ငါ့ဖင်ကြီးကိုပဲ ပစ်!” ဟု ကျိန်ဆဲလိုက်ပြီး ကျောက်စိမ်းတံဆိပ်တုံးကို ကောက်ကိုင်ကာ အနီးဆုံးလူကို မြေပြင်ပေါ်သို့ ခေါက်ချလိုက်သည်။ ကျန်လူနှစ်ယောက်က သူ့အပေါ်ကို တုတ်နဲ့ ရိုက်ဖို့ ကြိုးစားတော့ ဖက်တီးက သူတို့သုံးယောက်က နံရံဘက်ကို တွန်းတိုက်ပစ်ကာ ကျောက်စိမ်းတံဆိပ်ကို မျက်နှာသေ လက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။ 


မဖြစ်နိုင်ဘူး ဆိုတာကို လူသုံးယောက်က သဘောပေါက်သွားကြကာ ဖက်တီးကို လူနှစ်ယောက်နဲ့ ထားခဲ့ပြီး 'ထိုရှို့ရှို့' က ကျန်တစ်ယောက်နဲ့ မျက်နှာသေဆီကို ပြေးသွားပြန်သည်။ ဝူရှဲလည်း ရှို့ရှို့ကို ဖမ်းထားဖို့ လုပ်သော်လည်း ထိုလူက ပျော့​ပြောင်းလွန်းကာ သူ့မှာအရိုးမရှိသလိုပဲ သူ့လက်နှစ်ဖက်ကြားက ရုန်းထွက်သွားသည်။ 


ထို့နောက် သူ့နှာတံပေါ် လက်နောက်ပြန် တံတောင်ဖြင့် ထိုးလိုက်တာကြောင့် ဝူရှဲ ချက်ချင်းရှုံးသွားပေမယ့် နောက်ဆုံးအခိုက်မှာ သူ့ကို ​ပြန်ချေပဖို့ အခွင့်အရေး ရသွားသည်။ အားကုန်သုံးကာ ထိုရှို့ရှို့အား ထိုးချလိုက်သည်။ ထိုရှို့ရှို့က တုန်တုန်ယင်ယင်နဲ့ မြေပြင်ပေါ်ကို ပြုတ်ကျမသွားဘဲ ရုတ်တရက် သူ့အင်္ကျီလက်အောက်ကနေသာ ဓားမြှောင်တစ်လက်ကို ထုတ်လိုက်လေသည်။ 


အဲဒါကို အစကတည်းက သူ့လက်ထဲမှာ ကိုင်ထားပုံပါပဲ။ ဝူရှဲလည်း မျက်နှာသေကို သတိထားရန် ချက်ချင်း အော်ပြောသော်လည်း မျက်နှာသေမှာ နဂိုအနေအထား မဟုတ်တော့တာကို သူမြင်လိုက်ရသည်။ သူက တစ်ချိန်တည်းမှာပင် အရိပ်တစ်ခုက လျှပ်စီးလက်သလို လေထုထဲမှ ဆင်းသက်လာပြီး ရန်သူကို ဒူးတစ်ဖက်ဖြင့် ချက်ချင်း တွန်းထုတ်လိုက်သည်။


ဖက်တီးဘက်မှာလည်း သေတော့မလို အချင်းချင်း ရန်ဖြစ်ပေမဲ့ အရှုံးမပေးကြပေ။ တကယ့် ရက်စက်တဲ့ စရိုက်က ဒီရှို့ရှို့ပုံစံထားတဲ့ ကောင်လေးမှန်း ဝူရှဲ သိသည်။ ဒါကြောင့် သူ ဖက်တီးကို ပြေးမကူညီတော့ဘဲ မျက်နှာသေနဲ့အတူ အဲဒီ​ကောင်လေးကို နှိမ်နင်းဖို့ ကြိုးစားတော့၏။ 


"ရှို့ရှို့" သည် မြေပြင်မှထကာ ရုတ်တရက် ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ဆန့်ထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးလာပြီး ပခုံးများလည်း ပိုကျယ်လာကာ အရပ်ကလည်း ပိုမြင့်လာ၏။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဆုတ်ဖြဲပစ်လိုက်သည်။


အဲဒါကို မြင်လိုက်တာနဲ့ ပန်းရောင် ရှပ်အင်္ကျီနဲ့လူကို ချက်ချင်း မှတ်မိသွားသည်။ သူက ရယ်ရခက် ငိုရခက် ပုံစံဖြင့် စကားပြောလာသည်။ 


"အရိုးကျုံ့လိုက်နဲ့ အကြိမ်ပေါင်းများစွာ အရိုက်ခံထားရသလိုပဲ... လိမ်ချင်လို့တော့ မဟုတ်ဘူး!" 


သူ့အခြေနေကို ကြည့်ရင်း ဝူရှဲခမျာ အေးစက်စက် ချွေးတွေ ထွက်ကျလာတော့သည်။ အရိုးတွေ ကျုံ့သွားတာတဲ့လား။ အရင်က မျက်နှာသေ ထိပ်ပြောင်သူ ဟန်ဆောင်နေချိန်၌ ဤအရာကို တစ်ကြိမ် ပြုလုပ်ဖူးသည်။ တစ်ချိန်တည်းမှာပင် လှေကားပေါ်မှ ခြေသံများစွာကို ကြားလိုက်ရသဖြင့် ချက်ချင်း ပြန်လှည့်ကြည့်လိုက်သည်။ 


ဖက်တီး: "အပြင်မှာ အထောက်အပံ့တွေ ရှိသေးတယ်ကွ! မင်းတို့အရင်သွား... သူတို့အသိုက်ထဲမှာ ပိတ်မိနေလို့ မဖြစ်ဘူး!" 


ဝူရှဲလည်း ပန်းရောင်ကောင်လေးကို ပြင်းပြင်းထန်ထန်ကြည့်ရင်း အမြန်နောက်ဆုတ်လိုက်သည်။ ထုပ်တန်းပေါ်ကို ပြေးတက်ရမလားလို့ တွေးနေပေမယ့် ဓားမြှောင်ကို နောက်ပြန်ဆွဲပြီး ကိုင်ထားတဲ့ ထိုပန်းရောင်လူသားက လူနှစ်ယောက်ကို လက်ပြလိုက်၏။ ဖက်တီးကို ချုပ်ထားတဲ့ ကောင်လေးများကလည်း လက်ကိုဖွင့်ပြီး လွှတ်လိုက်သည်။ သုံးယောက်သား ထပြီး ပါးစပ်နဲ့ နှာခေါင်းသွေးများကို သုတ်လိုက်ကြလေသည်။ 


ထိုအချိန်တွင် တံခါးက တွန်းဖွင့်ခံလိုက်ရပြီ။ ဝူရှဲတို့ လှည့်ကြည့်လိုက်တော့ အဘွားဟော့နဲ့ ဟော့ရှို့ရှို့က ရှေ့တစ်ယောက်၊ နောက်တစ်ယောက် လမ်းလျှောက်နေတာကို တွေ့လိုက်ရသည်။ သူတို့ရဲ့ အမူအရာတွေက လုံးဝကို အံ့သြသွားပုံ မပေါ်တဲ့အပြင် နံစော်နေတဲ့ ကောင်မလေးက သူတို့ကို လျှာ​တောင် ထုတ်ပြနေသေးသည်။ 


ပန်းရောင်ရှပ်အင်္ကျီက သူ့အဆစ်တွေကို ပွတ်သပ်ရင်း ပြုံးပြပြီး ဝူရှဲပုခုံးကို ပုတ်လိုက်သည်။ ထို့နောက် အဘွားကြီးဟော့ဘက်သို့ ခေါင်းညိတ်ပြ၏။


"အရည်အချင်း ရှိတယ်! မင်းမျက်လုံးတွေက မဆိုးဘူး!"  


ထိုလူက မျက်နှာသေဘက် ညွှန်ပြရင်း ဆက်ပြော၏။


"အဲ့ကောင်ကိုတော့ ငါပိုင်တယ်"