(20) သမိုင်းတစ်လျှောက် အကြီးဆုံး သင်္ချိုင်းဖောက်ခြင်း (၁)
Viewers 14k

Chapter (20) Volume 7

သမိုင်းတစ်လျှောက် အကြီးဆုံး သင်္ချိုင်းဖောက်ခြင်း (၁)



ဟော့ရှို့ရှို့: "အဘိုးကြီးနာမည်က ကျင်းဝမ့်ထောင်တဲ့... တစ်ခုခု မှတ်မိသေးလား"


ရွှေသွားတွေနဲ့ အဘိုးအိုရဲ့ ပုံရိပ်က ဝူရှဲမှတ်ဥာဏ်ထဲမှာ အရမ်းနက်ရှိုင်းပါသည်။ ဘာလို့လဲဆိုတော့ ဒီအရာတွေထဲကို ဆွဲသွင်းသွားတဲ့ သူဟာ အဲဒီရွှေသွားတွေနဲ့ အဖိုးအိုတစ်ယောက်မို့လို့ပါပဲ။


သူမ ဒီလိုပြောပြီးတာနဲ့ ဝူရှဲ ရင်တုန်သွားသည်။ တစ်ကမ္ဘာလုံးမှာ တိုက်ဆိုင်တာတွေ ဆိုတာက အများကြီး မရှိနိုင်ပါဘူး။ သူမ တွေ့တဲ့ ရွှေသွားတွေနဲ့ ကျင်းဝမ့်ထောင်က ဝူရှန်းဆိုင်ကို လာရှာတဲ့ သူလို့ ဆိုလိုတာလား။ ဒါဆိုရင် ရွှေသွားက သူမနဲ့ ဝူရှဲရဲ့ အတွေ့အကြုံများကြားက ပထမဆုံးသော လမ်းဆုံ ဖြစ်ပေမည်။ 


အဘိုးကြီးရဲ့ နာမည်က ကျင်းဝမ့်ထောင်လို့ နံဘေးက စတိုးဆိုင်ပိုင်ရှင်က ပြောခဲ့တာကို သွားသတိရမိသည်။ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ အဲဒီလူအိုကို ဝူရှဲ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါ။ တကယ်တော့ အစက ထိုလူအကြောင်း စုံစမ်းကြည့်ချင်ခဲ့ပေမယ့် အဲဒီတုန်းက အတွေ့အကြုံ နည်းမှု​နဲ့ဆို အဆက်အစပ် မရှိသလောက်ပါပဲ။


ဒီအဘိုးကြီးက သူ့အတွေ့အကြုံထဲက ဥပမာပင်။ ဝူရှဲမှာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရည်အချင်းတွေ ရှိပေမယ့် အဘိုးကြီးရဲ့ အသွင်အပြင်ကိုတောင် မမှတ်မိနိုင်သလို သူ့အကြောင်းကို စဉ်းစားဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အသေးစိတ် အချက်အလက်လည်း မရှိတာကြောင့် သူ့အသွင်အပြင်က မတော်တဆ တွေ့တဲ့လူပဲလို့သာ အမြဲတွေးခဲ့သည်။ 


အဲ့လူ​ကြီး အဖိုးကိုတွေ့ဖို့ လာတုန်းက သူ့ကို လောင်းယန်က မိတ်ဆက်ပေးခဲ့တာ ​ဖြစ်ပြီး ပိုးထည်ကို သူငယ်ချင်းတစ်ယောက်က တူးခဲ့တာလို့ပဲ ပြောခဲ့၏။ ဒီစကားတွေနဲ့ ဖြစ်သလို ကြုံလာရတဲ့ မရေမတွက်နိုင်တဲ့ ဒုက္ခတွေက မတော်တဆ ဖြစ်ပုံမပေါ်ပေမယ့် ထူးဆန်းတာက နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက ထိုလူကြီးနဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောရင် သိပ်တော့ မဖြစ်နိုင်ချေ။ 


ဒါပေမဲ့ သူ့ပုံပန်းသဏ္ဌာန်က မတော်တဆ ရောက်လာတာလား၊ မလွှဲမရှောင်သာလား၊ အစီအစဉ် ချထားတာလား၊ ကံကြမ္မာ အလှည့်အပြောင်းကြောင့်လား ဆိုတာ မပြောနိုင်ပေမယ့် အဲဒီနေ့က သူ ဆိုင်ထဲကို ဝင်လာခဲ့တာနဲ့ ဝူရှဲမှာလည်း ဘယ်လိုမှ နောက်ပြန်ဆုတ်လို့ မရတော့ချေ။ 


ဝူရှဲ သူမကို ခေါင်းညိတ်​ပြပြီး မေးလိုက်သည်။


"သူက တစ်ခုခု သိထားတာလား" 


ဟော့ရှို့ရှို့က ခေါင်းခါလိုက်ပြီး "သူက ဖြူစင်တယ် သန့်တယ်... ဘာမှ မသိတော့ဘူး ဒါပေမဲ့ စာကို ဖြေတဲ့သူက သူဆိုတာ အမှန်ပဲ။ သူနဲ့ အဖွားက စီးပွားရေး ဆက်ဆံရေးပဲ ရှိတာ... နောက်ပိုင်း တစ်ခါကျတော့ သူက လောဘကြီးလာတယ် အဲဒါကလည်း တစ်ခုခုနဲ့ ပတ်သက်နေတယ် ဒါပေမဲ့ ညီမအဖွားက အဲဒါကို ချက်ချင်းသိပြီး သူနဲ့ ပူးပေါင်းတာကို ရပ်လိုက်တာ..." 


ထိုအခိုက်တွင် သိလိုက်ရသော ဟော့ရှို့ရှို့လည်း အလွန်အံ့သြသွားသည်။ မေးရမှာက ကျင်းဝမ့်ထောင်လည်း စာကိုမြင်ပြီးနောက် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာပါပဲ။ ကျင်းဝမ့်ထောင်ဟာ ဟော့မိသားစု၏ စွမ်းအားကို ကောင်းစွာ သိရှိထားသူမို့ ဟော့ရှို့ရှို့က သူ့နေရာမှာ စာရင်းရှင်းဖို့ လာတာလား သို့မဟုတ် တစ်ခုခုကို စူးစမ်းဖို့ လာတာလား တွေးနေမှာပင်။ 


သို့သော် ဟော့ရှို့ရှို့က အလွန်စိတ်ရှည်သည်းခံပြီး နေ့တိုင်းနီးပါး သူ့ဆိုင်သို့ သွားသည်။ အဲဒါက ကျင်းဝမ့်ထောင်အား စိတ်ရှုပ်ပြီး သတ်သေချင်စိတ် ပေါက်တဲ့အထိပင်။


ထိုနှစ်အကုန်တွင် ကျင်းဝမ့်ထောင် ကံဆိုးလေ၏။ သူ၏ နိုင်ငံခြား တင်ပို့မှုတွင် မထင်ရှားသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဟန့်ပါးဓားတစ်လတ် ပါသွားသည်။ ၎င်းဓားသည် မူလက သေးငယ်သော်လည်း ကျောက်စိမ်း တစ်ခုတည်းကပင် တန်ဖိုးကြီးလွန်းသဖြင့် နိုင်ငံတော်က သူ့​ခေါင်းကိုပင် ချက်ချင်း ဖယ်ရှားပစ်နိုင်သည်။


ထိုအချိန်တွင် ဟော့ရှို့ရှို့က အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး သူမမိသားစု အဆက်အသွယ်များဖြင့် ကျင်းဝမ့်ထောင်အတွက် လိုင်းတစ်ခု ထူထောင်ကာ သူ့ဆိုင်ကို ကယ်တင်နိုင်ခဲ့သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် တစ်ညတွင် ထိုလူက ဟော့ရှို့ရှို့ထံ ဖုန်းဆက်လာ၏။ 


သူ ရယူခဲ့တဲ့ သဘောတူညီချက်ဟာ သာမာန်သဘောတူညီချက် မဟုတ်တော့ဘဲ တရုတ်သင်္ချိုင်း ဂူဖောက်မှု သမိုင်းမှာ အကြီးမားဆုံး ဂူဖောက်မှု ဖြစ်သွားခဲ့တယ်လို့ ဆိုပေသည်။ 


ထိုအချိန်က ဟော့မိသားစု၏ နည်းလမ်းများအရ ဟော့မိသားစုကို အခွင့်ကောင်းယူဝံ့သူ မရှိပေ။ အခွင့်ကောင်း ယူရဲပါက လက်တုံ့ပြန်တာ ခံရလိမ့်မည်။ ကျင်းဝမ့်ထောင် ဖွင့်ထုတ်ပြောပြလာဖို့ အဆင်သင့် ဖြစ်လာရသည့် အကြောင်းရင်းမှာ ဤအဖြစ်အပျက်ပြီးနောက် ဟော့မိသားစုနှင့် အခြားပါတီများစွာဟာ ဒဏ်ရာတွေ ရသွားတာကြောင့် ဘာကိုမှ လိုက်ရှာဖို့ ခွန်အားတွေ မရှိကြတော့တာကြောင့်ပဲ ဖြစ်ပေသည်။ 


ဒီလူတွေကို ပေးဆောင်ခဲ့တဲ့ အမှတ်ရစရာတွေက တကယ်ကို ကြောက်စရာ ကောင်းလွန်းလို့ပဲ ဖြစ်ပေလိမ့်မည်။ ဖက်တီးက ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပလာကာ ထိုင်မရထမရဖြင့် မနေနိုင်ဘဲ မေးလေသည်။


“ကြွားလုံးထုတ်လိုက်တာ! အကြီးမားဆုံး ဂူဖောက်မှုက ထလီမုမြစ်ဝှမ်းကို သွားခဲ့တဲ့ ငါတို့ရဲ့ ခရီးစဥ်ပဲ မဟုတ်ဘူးလား”  


ဟော့ရှို့ရှို့က ခေါင်းခါလိုက်သည်။


"ဒါကို ဂူဖောက်တယ်လို့ အစ်ကိုထင်​နေတာမလား.. တကယ်တော့ မဟုတ်ဘူး ဒီသဘောတူညီချက်က သင်္ချိုင်း​ဖောက်မှုလို့ ခေါ်တဲ့ အယူအဆကို ကျော်လွန်သွားပြီ"


ဖက်တီးက "အိုး"ဟု သံရှည်ဆွဲရင်း စကားရပ်လိုက်သည်။ အဲဒါက ဂူဖောက်လောကရဲ့ အယူအဆကို ကျော်လွန်သွားတဲ့အတွက် "ကြီး" လို့ ခေါ်တဲ့ အတိုင်းအတာအထိ ဖြစ်သွားပေမည်။ 


ဝူရှဲ: "ဒါက အဲ့အယူအဆကို ကျော်လွန်သွားပြီပေါ့... သူတို့ဖောက်ခဲ့တာက မြေကြီးထဲမှာ မြှုပ်ထားတဲ့ သင်္ချိုင်းတစ်ခု မဟုတ်ဘဲ ကောင်းကင်မှာ ပျံနေတဲ့ တစ်ခုခုများ ဖြစ်နိုင်လား"


ဟော့ရှို့ရှို့က "ဒါတော့ သေချာပေါက် မဖြစ်နိုင်ဘူးပေါ့...ဖြစ်ခဲ့တာတွေ အားလုံးက လက်တွေ့ကို အခြေခံရှိတာလေ!" 


ဖက်တီး: “ပြောပါ အစ်မကြီးရယ် ဒီသဘောတူညီချက်ကို အရမ်းထူးခြားစေတာက ဘာလဲ”


ဟော့ရှို့ရှို့ ပြောခါနီးမှာပဲ မျက်နှာသေက ဝင်ဖြတ်လိုက်လေ၏။ 


"သူတို့ အဲ့အုတ်ဂူကို ဝင်ဖောက်ရတဲ့ ရည်ရွယ်ချက်က ပိုက်ဆံအတွက် မဟုတ်ဘူး... အသက်ရှင်နေတဲ့ တခြားလူအတွက်ပဲ"